Enjoy Being A Villain [ Compl...

By Coffee614

33.4K 2.9K 146

Alternative Title ဗီလိန်အဖြစ်မွေ့လျော်ခြင်း _ ဗီလိန်အဖြစ်မွေ့လျော်ခြင်း ***This fiction is own creation*** More

Part 1 Episode 1
Part 1 Episode 2
Part 1 Episode 3
Part 2 Episode 1
Part 2 Episode 2
Part 2 Episode 3
Part 3 Episode 1
Part 3 Episode 2
Part 4 Episode 1
Part 4 Episode 2
Part 4 Episode 3
Part 5 Episode 2
Part 6 Episode 1
Part 6 Episode 2
Part 6 Episode 3
Part 6 Episode 4
Part 7 Episode 1
Part 7 Episode 2
Part 7 Episode 3
Part 8 Episode 1
Part 8 Episode 2
Part 9 Episode 1
Part 9 Episode 2 Final
Part 1 Ep 1 ZG
Part 1 EP2 ZG
Part 1 Ep 3 ZG
Part 2 Ep 1 ZG
Part 2 EP 2 ZG
Part 2 EP 3 ZG
Part 3 Ep 1 ZG
Part 3 EP 2 ZG
Part 4 EP 1 ZG
Part 4 EP 2 ZG
Part 4 EP 3 ZG
Part 5 EP 1 ZG
Part 5 EP 2 ZG
Part 6 EP 1 ZG
Part 6 EP 2 ZG
Part 6 EP 3 ZG
Part 6 EP 4 ZG
Part 7 EP 1 ZG
Part 7 EP 2 ZG
Part 7 EP 3 ZG
Part 8 EP 1 ZG
Part 8 EP 2 ZG
Part 9 EP 1 ZG
Part 9 EP 2 Final ZG
Season 2
Thank you so much
Oh My God! Who is she ?

Part 5 Episode 1

739 87 2
By Coffee614

တစ်နှစ်မှာတစ်ခါပဲ ခရီးထွက်ဖို့အားလပ်ရက်ရတဲ့ အဖေနဲ့ ကလေးထွက်ဖို့ပြင်နေတဲ့ကလေးမလေးဟာ ခရီးသွားခါနီးမှာ လေယာဥ်မထွက်တဲ့အခါ သေလုမတတ်ငိုပါသတဲ့ ...

အမြဲမအားလပ်တဲ့ အမေက ကစားကွင်းလိုက်ပို့မယ်လို့ကတိပေးထားပြီး ကတိမတည်နိုင်တော့တဲ့အခါ ကလေးငယ်ဟာ အူလှိုက်သည်းလှိုက် ငိုပါ သတဲ့ ....

အလုပ်ရှုပ်ချစ်သူနဲ့ Movie date မယ့်ကောင်မလေးဟာ ရုပ်ရှင်ကြည့်ခါနီး မှာ ချစ်ရသူရောက်မလာလို့ ရင်ကွဲလုမတတ်ငိုပါသတဲ့ ...

xxxx

" မေ ကဘယ်သူ့ကိုကြိုက်နေတာလဲ "

" မေ က ဘောလုံးအသင်းထဲက တစ်ယောက်ကိုကြိုက်နေတာ ထင်တယ် "

" ဟုတ်တယ် team ထဲကမှန်းသေချာ ပေမဲ့ ဘယ်သူမှန်းမသိဘူး "

တိုးတိုးပြောသံတွေကိုကြားတဲ့အခါ မေ ခပ်ရေးရေးလေး ပြုံးလိုက်မိသည်။

" ပုံပြင် ..  ဘာလို့ ငါ့ကို ဘောလုံးအသင်းထဲက တစ်ယောက်ကိုကြိုက်နေတယ်လို့ထင်ကြတာလဲ"

" နင်ကနေ့တိုင်းသွားကြည့်တာကို "

" ငါတစ်ယောက်တည်းမှမဟုတ်တာ "

" တူလား ~ ဘောလုံးပွဲကြည့်တဲ့ မိန်းကလေး ၂ဖွဲ့ရှိတယ် အားကစားကို အစတည်းက စိတ်ဝင်စားတဲ့အဖွဲ့ရယ် ၊ Team ထဲက ကောင်တွေရဲ့ ရည်းစားတွေရယ် "

" ဒါဆိုနင်ကရော ~"

"ငါက နင်ခေါ်လို့သာ လိုက်ထိုင်နေတာ အဲ့ကောင်တွေကိုလိုက်မှမကြည့်တာ ~ သူတို့လည်း ခေါင်းပါတယ် ဒီလောက်တော့တွေးတတ်မှာပေါ့ "

" ငါက မကြိုက်ပါဘူး "

" တော် ~ တန် ~ တိတ် နင်ကြိုက်နေတဲ့သူ နာမည်ပြောပြရမလား "

" ဆိုစမ်းပါအုံး "

" စွမ် "

" ဟဲ့  ~ တိုးတိုး "

" အမလေး ဒါများ မရှိဘူးလို့ငြင်းချင်သေး "

" နင် ဘယ်လို သိ "

" အမလေးလေ မသိမှ အံ့သြဖို့ကောင်းတာ Locker ထဲမုန့်ထည့်ပေးရတာနဲ့ အအေးထည့်ပေးရတာနဲ့ ၊ အာကစားပွဲကြောင့် အတန်းပျက်ရင် စာတွေ မိတ္တူကူးပြီး ခုံအောက်ထဲ ထားပေးရတာနဲ့ "

" ဟဲ့ ~ တိုးတိုး "

" နင်လည်း Locker ထဲမုန့်သွားသွားထည့် မနေနဲ့ ယောကျာ်းဆိုတာ အိပ်နေတုန်းခိုးနမ်းရတာ ကြိုက်နေမှန်းသိရင် ရောင့်တက်တယ် "

" သားသမီး မဟုတိဘူးလား "

" လျှာမရှည်နဲ့ဟာ ယောကျာ်းဆို ယောကျာ်းလိုက်"

×××

" မင်းမသိနိုင်သော ~ မင်းနားမလည်သော မိန်းကလေးတို့သဘော ဖွင့်ပြောမယ့်စကားတွေကိုသာ တိတ်တိတ်ကလေးပဲ စောင့်မျှော်နေပါရစေ"

" ဟယ် မေက သီချင်းတွေဘာတွေဆိုလို့ပါလား "

ဆောင်းကမေ့သီချင်းသံကြားပြီး ပြောလိုက်သည်။

" ဆိုမှာပေါ့ ဖွင့်ပြောခံချင်နေတာလေ "

" ပုံပြင်သစ်! "

" ဘာလဲ "

" နင်လိုက်ဖွနေလိုက် "

" ဟိဟိ "

" ကလေးမ ! "

xxxx

" စွမ် ~ မင်း Locker ထဲမှာ အမြဲ ရိက္ခာက အပြည့်နော်  "

" အေးဟ ငါလည်းဘယ်သူလဲသိချင်နေတာ "

" တစ်ရက်လောက် စောင့်ဖမ်းမလား "

" သဘောပဲ ~ "

ဤသို့ဖြင့် ဘောလုံးအသင်း တစ်သင်းလုံး locker ခန်းမှာ မုန့်လာထည့်တာဘယ်သူလဲ စောင့်ဖမ်းဖို့ကြိုးပမ်းရတော့သည်။

×××
ကျောင်းဆင်းခါစဆို locker ခန်းမှာ လူမရှိတာကြောင့် မေ အအေးနဲ့ မုန့်ယူပြီး locker ခန်းဘက်ကို ထွက်လာခဲ့သည်။

ထုံးစံအတိုင်း 9 လို့ရေးထားတဲ့ locker ထဲ မုန့်ထည့်ပြီးပြန်မယ်အလုပ် ~

အနောက်ကနေ လူတစ်ယောက်နဲ့ တိုက်မိပြီး ဟေး ဆိုတဲ့ အော်သံတွေ ~

ဒါဘယ်လိုအခြေအနေကြီးလဲ။ ကယ်ကြပါအုံး~

" စွမ် ~ လား မေကြိုက်နေတဲ့သူက  စွမ်လို့ထင်မထားဘူး "

" အာဟား ! နောက်ဆုံးတော့တရားခံပေါ်ပြီ "

အကုန်လုံး တစ်ယောက်တစ်ပေါက်ဝိုင်းပြော နေကြပြီး စွမ်နဲ့ ​မေသာ ငြိမ်နေလျက်ရှိသည်။

" နေပါအုံး ၂၁ ရာစုမှာ မိန်းကလေးက ယောကျာ်းလေးကိုကြိုက်တာ ဆန်းလို့လား "

မေသည် ရှက်နေတာကတစ်ကြောင်း ဘာလုပ်ရမယ်မသိတာက တစ်ကြောင်းနဲ့အော်ချင်ရာ အော်ပြီ ထွက်လာခဲ့သည်။ အနည်းဆုံးတော့ ရှက်နေတဲ့ကြားက ပြောချင်ရာပြောခွင့်ခဲ့ရသည်။

xxxx

" အား ! ငါဘာလုပ်ရမလဲ လို့ ဘာလုပ်ရမလဲ "

Library ထဲမှာ မေတစ်ယောက် စာအုပ်နဲ့ မျက်နှာကိုအုပ်ကာ ထအော်နေလေသည်။

" ဘာမှလုပ်မနေနဲ့တော့ "

ဆောင်းကဗျာက စိတ်ပျက်လက်ပျက်ပြောသည်။

" မေကြီး စိတ်လျော့ပါဟယိ "

ရှင်းကလည်း မေ့ကို တတ်နိုင်သလောက်ဝင်ပြောပေးရှာသည်

" အား !!! "

" အော်မနေနဲ့ ~ ငါပြောသားပဲ ဖြစ်လာမှတော့ နည်းတောင်နည်းသေး "

ပုံပြင်က အေးအေးဆေးဆေး ပီကေဝါးရင်း ဆိုလာသည်။

" နင့်ဟာနင် ရှက်နေရင်လည်းနေခဲ့ ငါကတော့ အတန်းသွားတက်ပြီ "

ထိုစဥ် ခက်နဲ့ ဝင့်လွှာကပါ Library ထဲရောက်လာကြတာမို့ ပုံပြင်နဲ့ အဝင်အထွက်ဆုံသွားသေးသည်။

" မေ နင့်အကြောင်းတွေချည်းပဲ တစ်ခန်းလုံးပြောနေကြတာ  "

ဝင့်လွှာ က ပြောလိုက်သည်။

အား !! ဒီနေ့တော့ မေ ရှက်လို့ ရူးနိုင်သည်။

" ငါတို့ကျောင်းက ဒီလိုပါပဲ ပြီးရင်လည်းပြီးသွားမှာပါ "

ခက်က မေ့ကို အားပေးလိုက်သည်။

xxxx

နောက်နေ့ ပုံပြင်အခန်းထဲဝင်လာသောအခါ အရမ်းစောနေတာမို့ တစ်ခန်းလုံးမှာ စွမ်သာ စာထိုင်ကြည့်နေတာကို တွေ့လိုက်ရသည်။

" Hi "

ပုံပြင်ကစကားစပြော ပေမဲ့ စွမ်က လှည့်တောင်မကြည့် ။

" ငါတို့​ကျောင်းကလည်း စောက်ဘဝင်ရူးတွေများလိုက်တာ "

ပုံပြင်ဟာ စွမ် ရဲ့စာကြည့်စာပွဲပေါ် ဝုန်းခနဲ တက်ထိုင်လိုက်သည်။

" ဒီမှာ နင့်ကိုခေါ်နေတာ ကန်းနေလား "

" နင်ငါ့ကို နာမည်မှ တပ်မခေါ်တာ "

" ထားလိုက်တော့ ~ ဒါနဲ့ နင့်လက်ရေးကလှသားပဲ"

ပုံပြင်က စွမ် ဖတ်နေတဲ့ Notes ကိုကြည့်ရင်းပြောလိုက်သည်။

" ငါ့ဟာမဟုတ်ဘူး ကောင်မလေးတစ်ယောက်လာပေးထားတာ "

" ဘယ်သူလဲ "

" ငါမသိဘူး "

" ဘယ်သူမှန်းမသိဘဲနဲ့ ကောင်မလေးမှန်းဘယ်လိုသိနေတာလဲ "

" မိန်းကလေးလက်ရေးပဲလေ "

" အော် ~ "

ပုံပြင်သစ်သည် စွမ့်လက်ထဲက Note ကို ဆွဲယူကာဖြဲချလိုက်သည်။

" နင် ~ ဒါဘာလုပ်တာလဲ "

" နင်ဘယ်သူမှန်းသိအောင်ငါပြောပြမယ် ~ ဒီ Note က ငါ့ Note လေ ငါဖြဲတာ အပြစ်မရှိဘူးမလား "

" နင့် Note မှ မဟုတ်တာ "

" ဒါ ငါ့ဟာပဲလေ ငါ့ဟာမဟုတ်ဘူးဆိုတာသေချာနေရင် နင် Note ပိုင်ရှင်ကို သိနေလို့ပေါ့ "

" ဟာ ကွာ ...  "

" ဒီမှာ စွမ် နင်မှတ်ထားရမှာက ဘယ်ပစ္စည်းမှ Free to use မရှိဘူး။  Free to use ဆိုရင်တောင် အနည်းဆုံး ပေးတဲ့သူရဲ့ စေတနာကိုတော့ အသိအမှတ်ပြုသင့်တယ် "

Xxx

သူငယ်ချင်းတွေကလည်း မြောက်ပေး ၊ စွမ်ကိုယ်တိုင်ကလည်း မငြင်းနဲ့ မေနဲ့စွမ် ဟာ ရည်းစားမကျ ဘာမကျ အခြေအနေမှာ ရောက်နေသည်။ တွဲနေတာမဟုတ်ပေမဲ့လည်း အကုန်လုံးကတွဲမြင်နေသောအခြေအနေဖြစ်သည်။

" ဒီလိုဖြစ်သွားတာလဲ တစ်ခုတော့ကောင်းသား
အနည်းဆုံးတော့ စွမ်ငါ့ကိုမငြင်းဘူးလေ "

" အေး~ ငါ့အထင်သူလည်း နင့်ကိုသဘောကျတယ် ထင်တာပဲ "

ရှင်းကသူ့အမြင်ကိုပြောသည်။

ခက်နဲ့ ဆောင်းကဗျာကတော့ " မေ စိတ်ချမ်းသာရင်ပြီးရော " ဆိုတဲ့ မျက်နှာထားတွေနဲ့ဖြစ်သည်။

" သောက်ပိုတွေ ~ "

" နင်ဘာဖြစ်ချင်နေတာလဲ ပုံပြင်သစ် ! အခုတလော နင်ငါ့ကို ကန့်လန့်တွေချည်းပဲ "

ရုတ်တရတ်ငြိမ်နေရာကနေ မေဟာ ပုံပြင်သစ်ကိုရန်တွေ့တော့သည်။ ဒါမျိုးပြောနေတာ တစ်ခါလည်းမဟုတ် ~ နှစ်ခါလည်းမဟုတ် ။

" နေပါအုံး ~ ငါပြောတဲ့အထဲမှာ နင့်အကြောင်းပါလို့လား "

" ပုံပြင်သစ် ! "

ဆက်နေနေရင် မေ့အလွန်ဖြစ်မှာစိုး၍ မေ အခန်းထဲကနေ ထွက်လာခဲ့တော့သည်။

×××

" စွမ် ဆိုတဲ့ တစ်ယောက် "

" ဘာလဲ "

" နင် မေ့ကိုကြိုက်လား "

" အဲ့တာငါ့ကိစ္စ "

" နင်မေ့ကိုမကြိုက်ရင် ငြင်းလိုက်ပါလား "

" နေပါအုံး ငါမကြိုက်ဘူးလို့ မပြောမိသလိုပဲ" 

" ဒါဆို တွဲလိုက်ကြလေ "

" အဲ့တာငါ့ကိစ္စနော်..  မင်းဘာဖြစ်ချင်နေတာလဲ ပုံပြင်သစ်  "

" နင်သူ့ကိုမကြိုက်ပါဘူး "

" ငါ မကြိုက်ရင်တောင် မိန်းကလေးတစ်ယောက်ကို ဘယ်လိုငြင်းရမှာလဲ "

" ဟက် ... နင်သူ့ကို အားနာလို့မငြင်းတာလား ! တမင်မငြင်းတာလားတော့ နင့်ဟာနင်အသိဆုံးနေမှာပေါ့။ အနည်းဆုံးတော့ နင်သူ့ကို မျှော်လင့်ချက်ပေးတာတွေရပ်သင့်ပြီ "

" အဲ့တာ မင်းစောက်လုပ်မဟုတ်ဘူး "

xxx

ကလေးမလေးဟာ သေလုမတတ်ငိုတာဟာ လေယာဥ်  တစ်နှစ်လုံးမျှော်လင့်ထားရတဲ့ ခရီးဖြစ်တာကြောင့်ဖြစ်ပါတယ် ...

ကလေးငယ် အူလှိုက်သည်းလှိုက် ငိုနေတာကလည်း ကစားကွင်းသွားဖို့နေ့ရက်တွေက်ု လက်ချိုးရေတွက်ပြီး မျှော်လင့်ခဲ့ရလို့ဖြစ်ပါတယ် ...

ကောင်မလေး ရင်ကွဲလုမတတ်ငိုတာကလည်း MOVIE DATE အတွက်အများကြီး ပြင်ဆင်ခဲ့ပြီး မျှော်လင့်နေခဲ့လို့ပဲဖြစ်ပါတယ် ....

လူဆိုတာဟာ မျှော်လင့်ထားတဲ့ကိစ္စတွေ ဖြစ်မလာတဲ့အခါ ဝမ်းနည်းတတ်ကြပါတယ်။

ပစ္စည်းချင်းတူရင်တောင် အမြင့်က ပြုတ်ကျလာတဲ့ ပစ္စည်းဟာ အထိနာသလို ...

အမြင့်ဆုံးထားထားတဲ့မျှော်လင့်ချက်တွေ ဖြစ်မလာတဲ့အခါ ပိုပြီး ဝမ်းနည်းကြေကွဲဖို့​ကောင်းပါတယ်။

Continue Reading

You'll Also Like

1.1M 100K 142
Authors: Ka Pi Chu, Zhang Pei Wen Xue, Zhen Shai All credits to owner. Translated by Lilac🌺 ❗နာမည်တွေမှားနေပါတယ်၊ အချိန်မအားတာကြောင့်မပြင်ရသေးပါ။ သိ...
136K 11.4K 51
ဗီလိန် မဖြစ်ဖို့ကြိုးစားနေတဲ့ မိန်းကလေး...
2.5M 245K 64
This story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလိ...