Enjoy Being A Villain [ Compl...

Coffee614 द्वारा

33.4K 2.9K 146

Alternative Title ဗီလိန်အဖြစ်မွေ့လျော်ခြင်း _ ဗီလိန်အဖြစ်မွေ့လျော်ခြင်း ***This fiction is own creation*** अधिक

Part 1 Episode 1
Part 1 Episode 2
Part 1 Episode 3
Part 2 Episode 1
Part 2 Episode 2
Part 2 Episode 3
Part 3 Episode 1
Part 3 Episode 2
Part 4 Episode 1
Part 4 Episode 3
Part 5 Episode 1
Part 5 Episode 2
Part 6 Episode 1
Part 6 Episode 2
Part 6 Episode 3
Part 6 Episode 4
Part 7 Episode 1
Part 7 Episode 2
Part 7 Episode 3
Part 8 Episode 1
Part 8 Episode 2
Part 9 Episode 1
Part 9 Episode 2 Final
Part 1 Ep 1 ZG
Part 1 EP2 ZG
Part 1 Ep 3 ZG
Part 2 Ep 1 ZG
Part 2 EP 2 ZG
Part 2 EP 3 ZG
Part 3 Ep 1 ZG
Part 3 EP 2 ZG
Part 4 EP 1 ZG
Part 4 EP 2 ZG
Part 4 EP 3 ZG
Part 5 EP 1 ZG
Part 5 EP 2 ZG
Part 6 EP 1 ZG
Part 6 EP 2 ZG
Part 6 EP 3 ZG
Part 6 EP 4 ZG
Part 7 EP 1 ZG
Part 7 EP 2 ZG
Part 7 EP 3 ZG
Part 8 EP 1 ZG
Part 8 EP 2 ZG
Part 9 EP 1 ZG
Part 9 EP 2 Final ZG
Season 2
Thank you so much
Oh My God! Who is she ?

Part 4 Episode 2

741 93 0
Coffee614 द्वारा

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ သက်ရှိ ၊ သက်မဲ့ တွေ ဟာ ဘယ်အချိန်မှာ အဖိုးအတန်ဆုံးဖြစ်ပြီး ဘယ်အချိန်မှာ အသုံးအဝင်ဆုံးဖြစ်မလဲ။

ဘာလို့လဲ ။

xxx

" ဟဲ့ ဆောင်း နင် သက္ကအကြောင်းသိပြီးပြီလား"

မေရဲ့အမေးကိုဆောင်းက နားမလည်သလိုကြည့်လိုက်သည်။

" ဟမ် ...  ဘာကိုလဲ "

" သက္ကနဲ့ K လေ "

" အော် သူတို့ ၂ယောက်က ခင်တယ်လေ "

" ဟဲ့ သူတို့ ၂ယောက်က ခင်ယုံတင်မဟုတ်ဘူး"

" ဘာရှိသေးလို့လဲ "

" ဟိုတစ်နေ့က ငါနဲ့ပုံပြင် သူတို့ ၂ယောက် စတိုခန်းထဲမှာ ချိန်တွေ့နေတာကိုတွေ့ခဲ့တာ "

ဆောင်းဟာ မျက်နှာလည်း အတော်လေးပျက်သွားပြီး ဒေါသထွက်သွားပုံပေါ်သည်။

" အင်း .... မေ ပြောတာ ဟုတ်တယ် "

အစက ငြိမ်နေတဲ့ပုံပြင်သစ်ဟာ အခုမှထပြောသည်။

" အဲ့နေ့က ငါနဲ့ မေ အခန်းထဲမဝင်ခင်က ဆို နမ်းနေတာ လားတောင်မသိဘူး ~ ပြီးတော့ K က ချောတယ်လေ။ မျက်လုံးမျက်ခုံး၊ နှာတံ ၊ အသားအရည် နောက်ဆုံး ကိုယ်လုံးကိုယ်ပေါက်က အစဘာမှပြောစရာမလိုဘူး "

ပုံပြင်သစ်က စာအုပ်ကနေမျက်လုံးမခွာပဲ ပြောနေသည်။ မေကတော့ ဆောင်းရဲ့ အရိပ်အကဲကြည့်နေသည်။ ဆောင်းကတော့ စိတ်တိုနေပုံပေါ်သည်။

" လွှတ်ပေးလိုက်ပေါ့ ~ နင်လည်း သက္ကကို မှမကြိုက်တာ "

" သက္ကက ငါ့ ကိုပဲ ချစ်တာ "

ဆောင်းကဗျာဟာ အားတင်းရင်းနဲ့ပြောလိုက် သည်။

" အင်း ~ နင့်ကို ချစ်မချစ်တော့ မသိဘူး ဟိုတစ်နေ့ကတော့ အခန်းထဲမှာဖြစ်ပျက်နေတာပဲ~ဟုတ်တယ်မလား မေ  "

" ဟမ် ~ အေး ဟုတ်တယ် ဟုတ်တယ် "

မေကတော့ ဆောင်းကဗျာ စိတ်တိုနေတာ သိတာကြောင့် ပုံပြင်သစ်ခြေထောက်ကို တက်နင်းထားသည် ။ သို့သော် ပုံပြင်သစ်က ပြောတာ မရပ်ချေ။

" တကယ်တော့လေ တွေးကြည့်ရင် K နဲ့ သက္ကက နတ်ဖက်တဲ့ စုံတွဲပဲ ~ K ကလည်း အရမ်းချမ်းသာ
အရမ်းချောပြီး သိပ်ကိုပြည့်စုံတာ။ စာမှာလည်း ထူးချွန်တယ်။ သက္ကကလည်း အားကစားမှာလည်း ထူးချွန်တယ် ပြီးတော့ စာလည်းတော်တယ် "

" နင်ကလည်း ဆောင်း ကလည်း စာလည်းတော်သလို ရုပ်လည်းချောပါတယ်ဟ "

မေ ဟာ အခြေအနေတွေ မတင်းမာအောင် ဝင်ထိန်းသည်။

" အင်း ~ ဒါပေမဲ့ ဆောင်းက သက္ကစိတ်ကို K လောက်နားလည်ပေးနိုင်မယ်မထင်ဘူး K နဲ့သက္ကက ကျောင်းရဲ့ New idol couple တောင်ဖြစ်နိုင်တယ် "

ဆောင်းကဗျာဟာ ဝုန်းခနဲထရပ်ပြီး ...

" ငါ့ Toilet သွားလိုက်အုံးမယ် "

ဆောင်းအခန်းပြင်ရောက်သွားတာနဲ့ မေဟာ ပုံပြင်သစ်ကိုရန်တွေ့ပါတော့သည်။

" ပုံပြင် ~ နင်ရှို့တာဟယ် ။ ဟိုကလေးမက ဒေါသအိုးမှန်းသိရဲ့သားနဲ့ "

" အေး သိတယ်လေ တမင်ပြောတာပဲဟာကို "

မေကတော့ မပြောချင်တော့ဘူး ဆိုသော မျက်လုံးများနှင့်သာ ကြည့်လျက် ~~~

xxx

" ဟ​ယ်တော့ ခုနကလေးတင် အခန်းထဲ ကထွက်သွားတာ အခုပဲ post တွေတက်လာပြီ "

" ဆောင်းလား "

" အေး ~ နင်မွှေလိုက်တာ အကျိုးထူးတယ်ထင်တယ် ။ အခု ဆောင်းက သက္ကကို အဖြေပေးလိုက်ပြီဆိုတဲ့ post တွေ ပလူကိုပျံနေတာပဲ "

" Mission complete ! "

xxx

ကျောင်းရဲ့ New idol couple ဆိုတဲ့ သတင်းက အခုတလော ရေပန်းအတော်စားနေသလို ၊
သက္ကသျှံ နဲ့ ဆောင်းကဗျာ တွဲနေတာကိုလည်း အကုန်လုံးသိသွားပြီဖြစ်သည်။

အခုလည်း တစ် WALL လုံး သူတို့နှစ်ယောက်အကြောင်းတွေချည်းပဲတက်နေသည်။ K ကို သက္က က နည်းနည်းလေးတောင်မချစ်ခဲ့ဘူးလား။

အတွေးတွေ တောင်တွေမြောက်တွေး တွေးနေတုန်း K ရဲ့ messanger ကို အကောင့်တစ်ခုက message ဝင်လာသည်။

" Hi မမ "

" မမ ကို သက္ကနဲ့ ဆောင်းကဗျာ ကတကယ်လားဟင် "

" မမတို့ကို ဟိုတလောက canteen မှာတွေ့ခဲ့တယ်ကိုသက်က မမနဲ့ ရေခဲမှုန့်တူတူစားနေတာ ။ မမတို့က အရမ်းလိုက်ဖက်တော့ ကိုသက်ကို မမနဲ့ပဲ တွဲမယ်ထင်နေတာ "

" နှမြောလိုက်တာ ကိုသက်က မမနဲ့မှလိုက်တာကို T ~T "

" ညီမလေး က မနေနိုင်တော့လို့လာပြောတာ အနှောက်အယှက်ဖြစ်သွားရင် Sorry နော်မမ "

Message တွေဟာ ဆက်တိုက်ဆိုသလို ဝင်ချလာသည်။ ဟုတ်တယ် ~ တကယ်က သက္က က K နဲ့ ပဲ လိုက်ဖက်တာ ။ ဆောင်းက သက္ကကိုမှ နားလည်မပေးနိုင်တာ။ သက္ကနဲ့ ဆောင်းနဲ့ကြိုက်တာ ဘာလုပ်ရမှာလဲ။ ခဏနေ ပြတ်မှာပဲ ဟာကို ။

လာပြောထားတဲ့ ညီမလေးကိုတော့ ~

" ရပါတယ် ညီမလေး "

လို့သာ Reply ပြန်ရင်း K ဟာ အိပ်မက်ထဲမှာ သက္ကနဲ့ တွေ့ဖို့ အိပ်ရာဝင်လိုက်တော့သည်။ K အတွက် သက္ကကို တကယ်လိုအပ်ပါသည်။ K အတွက် သက္ကဟာ အလိုအပ်ဆုံး လူသား ~

xxx

" ဆောင်း ~ သက္ကကနဲ့ K နဲ့က မပြတ်သေး
ဘူးလား "

" ဟမ် ဘာလို့လဲ "

" မသိပါဘူး K က I know I say goodbye baby
you said it too ဆိုတဲ့ စာသား ကို my day တင်ထားတာ အသည်းကွဲနေတဲ့ Emoji နဲ့ "

" အော် သူ့ဟာသူ Feel နေတာနေမှာပေါ့ "

" အေး ~ နေမှာပါ "

" ပုံပြင် ငါလေ သက္ကကို ဖြတ်လိုက်ရင် ကောင်းမလား "

" ဟမ် ~ ဘာလို့လဲ "

" မသိပါဘူးဟယ် ~ ရည်းစားဆိုတာကြီးကိုထားမိတာ မှားပြီလားလို့တောင်တွေးမိတယ်။ အရင်တုန်းကလိုမဟုတ်တော့သလိုပဲ ~ အရင်ကဆို လက်ဆောင်တွေ ၊ ပန်းစည်းတွေဆိုတာ မလိုချင်မှအဆုံး။ ပြီးရင် ဘယ်သူနဲ့ အီအီ ပြဿနာမရှိဘူး"

" သက္က က နင့်ကို လက်ဆောင်မပေးလို့လား "

" မတူဘူးလေဟာ တူမလား။ ငါက လက်ဆောင်လိုချင်တာမှမဟုတ်တာ အဓိကက အဲ့တာတွေကိုဘယ်သူတွေပေးထားတာလဲ ဆိုတာက ရင်ခုန်ဖို့ကောင်းတာ ပြီးရင် ငါ့ကိုချစ်တဲ့သူတွေ အများကြီးပါလားဆိုတဲ့ ခံစားချက်ရော ~ "

" အော်  ~ ဒါမဲ့ မဖြတ်ပါနဲ့လား "

" ပြီးရင် ငါလွတ်လွတ်လပ်လပ်မရှိတော့ဘူး
အရင်ကဆို အကန့်မရှိဘဲ အီလို့ရတယ် အခု အီလို့မရတော့ဘူး "

" ဒါဆို နင်ဘာလို့ သက္ကကိုပြန်ကြိုက်ခဲ့သေးလဲ "

" ဟမ်  ~ ငါ ..  ငါ K နဲ့သူနဲ့တွဲမှာမကြိုက်လို့ "

" နင့်စိတ်က ကောက်ရိုးပုံစောင့်တဲ့ မြေခွေးလိုပဲ"

" အေးဟုတ်တယ် ~ ဒါမဲ့ နင်ပြောလည်း ငါခံရမှာပဲ ငါအခုသူ့ကို မလိုချင်တော့ဘူးဟာ  "

" နင်ဖြတ်မှာလား "

" ဒါပေမဲ့ သူက အရမ်းကောင်းလွန်းတယ် ငါ့မှာဖြတ်ဖို့ reason မရှိဘူး "

" အခုနင့်ဆီပို့လိုက်တဲ့ပုံတွေကြည့်လိုက် "

စတိုခန်းထဲမှာ K က သက္ကသျှံပေါ်ထိုင်နေတဲ့ပုံတွေဖြစ်သည်။

" ဒါတွေက .... "

" နင်နဲ့မတွဲခင်တုန်းကပုံတွေပါ ~ ဘာပဲဖြစ်ဖြစ်
Have fun "

××××

တန်ဖိုးဟာ အခြေအနေပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။
ဆံပင်ဟာခေါင်းပေါ်မှာရှိနေတုန်းပဲအဖိုးတန်ပြီး ၊ ဟင်းခွက်ထဲရောက်သွားရင် တန်ဖိုးမဲ့ရုံမျှမက မနှစ်မြို့စရာကောင်းသည်အထိ ဖြစ်သွားပါတယ်။

တန်ဖိုးဟာ အချိန်ပေါ်မူတည်ပြီးလည်းကွဲပြားသွားပါတယ်။
ပုဂံခေတ်တုန်းက စွန့်ပစ်ခံရတဲ့ရုပ်ထုတွေဟာ
၂၁ရာစုပြတိုက်ထဲရောက်တဲ့အခါ တန်ဖိုးဖြတ်လို့မရသည်အထိ တန်ဖိုးတက်သွားပါတယ်။

တန်ဖိုးဟာ ပိုင်ရှင်ကတန်ဖိုးထားခြင်း ၊မထားခြင်းနဲ့လည်းသက်ဆိုင်ပါတယ်။
အရုပ်တွေဟာ ကလေးငယ်တွေနဲ့တွေ့ဆုံမှသာထွေးပွေ့ခံရမှာဖြစ်ပြီး ၊ ရင့်ကျတ်တဲ့လူတစ်ယောက်နဲ့ တွေ့ဆုံရရင် အဖတ်လုပ်ခံရမှာမဟုတ်ပါဘူး။

ဒါကြောင့်မို့ ကိုယ်နဲ့ကိုက်ညီတဲ့ အခြေအနေ နဲ့ ပိုင်ရှင်ဆီရောက်အောင် ကြိုစားအားထုတ်သင့်သလို ၊ ကိုယ်တန်ဖိုးရှိလာမယ့်အချိန်ကိုလည်းစောင့်ဆိုင်းသင့်ပါတယ်။

သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ လိုအပ်တဲ့သူလက်ထဲမှာရှိတဲ့အချိန်မှာ တန်ဖိုးအရှိဆုံးပါပဲ။
ဒေါ်လာတစ်ထောင်တန်တစ်ရွက်ဟာ Billioner တစ်ယောက်လက်ထဲမှာထက် ၊ ဆင်းရဲသားတစ်ယောက်လက်ထဲမှာ ပိုတန်ဖိုးရှိပါတယ်။

သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ ဘယ်အရာမဆို သက်ဆိုင်တဲ့သူလက်ထဲမှာရှိတဲ့အချိန်မှာ အသုံးအဝင်ဆုံးပါပဲ။
သေနတ်တစ်လက်ဟာ ဆရာဝန်တစ်ယောက်လက်ထဲမှာရှိတာထက် ၊ စစ်သားတစ်ယောက်လက်ထဲမှာ ရှိတဲ့အခါ ပိုအသုံးဝင်ပါတယ်။

ပိုင်ရှင်တွေဟာ " ကောက်ရိုးပုံစောင့်တဲ့မြေခွေး" နဲ့မတူချင်ရင် ကိုယ်မလိုအပ်တဲ့  အရာတွေကို တန်ဖိုးထားမယ့် ပိုင်ရှင်တွေဆီပို့ပေးဖို့တော့လိုပါလိမ့်မယ်။




पढ़ना जारी रखें

आपको ये भी पसंदे आएँगी

25.6K 1.9K 23
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
35.3K 2.9K 30
Translation work of Best Novels Collection Team- BNC Team U can search 'Best Novels Collection Team' on Fb💛
3.7K 238 52
❗Not Translation❗ Own Creation - @A_Hlyan_Satt Cover by @ahlyansatt 『လျို့ဝှက်ဆန်းကျယ်မှုများနှင့်ဟိုဂျူးတောအုပ်ကမ္ဘာ』 အလင်းလောကနဲ့ အမှောင်လောကဟာ အခ...
1.1M 100K 142
Authors: Ka Pi Chu, Zhang Pei Wen Xue, Zhen Shai All credits to owner. Translated by Lilac🌺 ❗နာမည်တွေမှားနေပါတယ်၊ အချိန်မအားတာကြောင့်မပြင်ရသေးပါ။ သိ...