Enjoy Being A Villain [ Compl...

By Coffee614

33.4K 2.9K 146

Alternative Title ဗီလိန်အဖြစ်မွေ့လျော်ခြင်း _ ဗီလိန်အဖြစ်မွေ့လျော်ခြင်း ***This fiction is own creation*** More

Part 1 Episode 1
Part 1 Episode 2
Part 1 Episode 3
Part 2 Episode 1
Part 2 Episode 2
Part 2 Episode 3
Part 3 Episode 1
Part 3 Episode 2
Part 4 Episode 2
Part 4 Episode 3
Part 5 Episode 1
Part 5 Episode 2
Part 6 Episode 1
Part 6 Episode 2
Part 6 Episode 3
Part 6 Episode 4
Part 7 Episode 1
Part 7 Episode 2
Part 7 Episode 3
Part 8 Episode 1
Part 8 Episode 2
Part 9 Episode 1
Part 9 Episode 2 Final
Part 1 Ep 1 ZG
Part 1 EP2 ZG
Part 1 Ep 3 ZG
Part 2 Ep 1 ZG
Part 2 EP 2 ZG
Part 2 EP 3 ZG
Part 3 Ep 1 ZG
Part 3 EP 2 ZG
Part 4 EP 1 ZG
Part 4 EP 2 ZG
Part 4 EP 3 ZG
Part 5 EP 1 ZG
Part 5 EP 2 ZG
Part 6 EP 1 ZG
Part 6 EP 2 ZG
Part 6 EP 3 ZG
Part 6 EP 4 ZG
Part 7 EP 1 ZG
Part 7 EP 2 ZG
Part 7 EP 3 ZG
Part 8 EP 1 ZG
Part 8 EP 2 ZG
Part 9 EP 1 ZG
Part 9 EP 2 Final ZG
Season 2
Thank you so much
Oh My God! Who is she ?

Part 4 Episode 1

802 106 5
By Coffee614


Metal နဲ့ Non Metal တွေမှာ ဘယ်အရာက ပိုပြီးတန်ဖိုးရှိတာလဲ။

Metal နဲ့ Non metal တွေဟာ ဂုဏ်သတ္တိလည်းမတူသလို ၊ ဖွဲ့စည်းတည်ဆောက်ပုံချင်းလည်း မတူပါဘူး။

လူတွေဟာ metal နဲ့ non metal ဆိုရင် ဘာကိုရွေးမလဲ။ ဘာကြောင့်လဲ။

ယောကျ်ားလေးတွေကရော ဘယ်လိုမိန်းကလေးကိုသဘောကျကြတာလဲ။

xxx

လူဆိုတဲ့ သတ္တဝါဟာ ကိုယ့်အကြောင်းကိုယ်သာ စိတ်မဝင်စားကြတာသူများအကြောင်းဆိုရင်တော့ အင်မတန် စိတ်ဝင်စားကြသူများဖြစ်သည်။
အခုလည်း စာသင်နှစ် တစ်ဝက်ရောက်မှ K ဆိုတဲ့ကောင်မလေး တစ်ယောက် ကျောင်းပြောင်းလာ တာကို တစ်ခန်းလုံးကစိတ်ဝင်စားနေကြသည်။ K ဟာ အတော်လေးကို ချောတဲ့သူတစ်ယောက်ဖြစ်ပြီး ကျောင်းအုပ် ဆရာမကြီးနဲ့ ဆွေမျိုး မကင်းသူ တစ်ယောက်ဖြစ်သည်ဟုလည်းကြားသိရသည်။

ထိုအရာတွေထက် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက K ဟာ ဆောင်းကဗျာရဲ့ ငယ်သူငယ်ချင်းဖြစ်နေခြင်းဖြစ်သည်။ ထို့အပြင် K ဟာကျောင်းကိုပြောင်းလာလာချင်းပင် သက္ကနှင့်အလွန် ရင်းနှီးနေခြင်းဖြစ်သည်။ ကျောင်းရဲ့ နောက်ထပ် သုံးပွင့်ဆိုင် ဇာတ်လမ်းများ ပေါ်လာလေမလားဆိုပြီး အကုန်လုံးက စိတ်ဝင်စားနေကြခြင်းဖြစ်သည်။

" မေကြီး ... အဂျစ် ! "

မေ  lab ခန်းထဲမှာထိုင်ရင်း နောက်အပတ် ကျောင်းပွဲ အတွက် power pointပြင်တုန်းမှာ ပုံပြင်ကလှမ်းခေါ်လိုက်သည်။

" အေး ဘာခိုင်းစရာရှိလို့လဲ "

" ခုနက ငါမေ့ခဲ့လို့ စတို ခန်းထဲမှာ Test tube လေးသွားယူခဲ့ပေးပါလား "

" အမ် ..  နင်လိုက်ခဲ့ပါလား"

" ငါပုံစံကို တစ်ချက်ရှိုး "

ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်တွေလက်ကို ထိမှာစိုးလို့ လက်အိတ်ကြီးစွပ်ထားပြီး မျက်နှာမှာလည်း Food colouring တွေက ပေနေသည်။ နဖူးစပ်ကနေလည်း ချွေးတွေပြန်နေပြီး ဆံပင်စည်းထားတာလည်းဖရိုဖရဲမို့ ခေါ်သွားလို့မဖြစ်တဲ့အနေအထား။

" တစ်ခြားသူရော "

"  ဆောင်းနဲ့ ဝင့်လွှာက ပြဇာတ်ကျင့်တဲ့အထဲမှာ ။ ရှင်းက ခက်နဲ့ English club ထဲမှာ။  Lab ထဲမှာ ငါနဲ့နင်ပဲရှိတာ သွားပေးပါဟယ် Please ! ဟိုမှာ သရဲမခြောက် ပါဘူး။ စတိုခန်းရှေ့မှာ ခုနကတောင် လက်ရွေးစင်တွေဘောလုံးကန်နေသေးတယ် "

အခုအခြေအနေက နောက်အပတ် စျေးရောင်းပွဲနှင့်ပညာရေးပြပွဲအတွက်အကုန်လုံး အလုပ်များနေတဲ့အနေအထားဖြစ်သည်။

" အေးပါ ~အေးပါ ဒါဆိုလည်း ပြီးတာပဲ "

မေ စတိုခန်းမှာ test tube တွေသွားယူနေတုန်း
ပုံပြင်သစ် ဘေစင်မှာ Conical flask နဲ့ ဘီကာခွက် တချို့ကိုဆေးရင်း စောင့်နေလိုက်သည်။

" ပုံပြင် ! ပုံပြင် "

သွားယူတာ ဘယ်လောက်မှမကြာပဲ အပြေးအလွှားပြန်ရောက်လာလေသည်။

" ဟဲ့ အပြေးအလွှားနဲ့ဘာဖြစ်ခဲ့တာတုန်း သရဲခြောက်ခံရလို့လား "

" သရဲတောင် ဒီလောင်မ​​လန့်ဘူး အခုသရဲထပ်ဆိုးတာနဲ့ တိုးလာလို့ "

" ဘယ်လို "

" စတိုခန်းထဲမှာဟာ သက္ကသျှံပေါ်ကို K ကတက်ထိုင်နေတာ ၊ လက်ကလည်း လည်ပင်းမှာချိတ်ထားတာ "

" အော် ! လက်စသတ်တော့ နင်ကအတွဲချောင်းလာတာကို "

" ဟဲ့ ..  ငါချောင်းတာ မဟုတ်ဘူး နင်အတင်းသွားခိုင်းတာလေ "

" အေးပါဟယ် ငါ့အမှား "

" ဟဲ့ ဒါနဲ့ နင်နည်းနည်းလေးမှမအံ့သြဘူးလား။ "

" ခုနကတည်းက က အဲ့ ၂ယောက်ရှိနေတာပဲ ငါဒီလောက်ထိဖြစ်မယ်မထင်လို့ နင့်ကိုသွားခိုင်းတာ "

" နင်ငါ့ကို ဆေးထိုးတာပဲ ~~~ ဒါနဲ့လေ ငါက သက္ကကို ဆောင်းနဲ့သဘောတူထားတာ ဟာ ။ နင်သိတဲ့အတိုင်း ဆောင်းကလည်း ကြိုက်ချင်ချင်လေ"

" အေး "

" ဟဲ့ ဒါနဲ့ ငါတို့ Test tube တွေ ဘယ်လိုလုပ်မလဲ"

" သွားယူမှာပေါ့ "

" ဒါမဲ့ ..  ဟို ၂ယောက်က "

" အဲ့စတိုခန်းသူတို့ပိုင်လို့လား ၊ ကဲပါသွားရအောင်
ငါလည်းလိုက်ခဲ့မယ် "

××××

" ဟဲ့ ဟိုမှာ နမ်းပါနမ်းနေကြပြီလားမသိဘူး "

စတိုခန်းရှေ့ရောက်တဲ့အခါမှာ မေ ကချောင်းကြည့်ပြီးပြောသည်။

" ဒုန်း "

" အ "

" အား "

ဒုန်း ဟူသောအသံသည် ပုံပြင်သစ်က မေ့ကို ပိတ်ထားတဲ့တံခါးပေါ်ကို တွန်းထုတ်လိုက်လို့ဖြစ်ပေါ်လာသောအသံ ... ။

အ ဟူသော အသံက မေ တံခါးနဲ့ တိုက်ခံလိုက်ရလို့ အော်သော အသံ... ။

အားဟူသောအသံသည် မေ အခန်းထဲ ဝင်လာသောအခါ သက္ကက ပေါင်ပေါ်က K ကို တွန်းချလိုက်လို့ K အော်သော အသံဖြစ်သည်။

" ဟယ် Sorry "

ဘာမှမသိသလို ကလေးရုပ်နဲ့ တောင်းပန်လာသော ပုံပြင်သစ်။

သက္ကက အခုမှပဲ ကြမ်းပြင်ပေါ်က K ကို ဆွဲထူနေလေသည်။

မေ့ ကို အင်္ကျီတွေဘာတွေခါပေးပြီး ပုံပြင်က ဆက်ပြောသည်။

" Sorry ငါတို့က တီချယ် ခိုင်းလို့ Test tube တွေလာယူတာ မေက အခန်းဝမှာပဲ ကြာနေပြီး မဝင်ရဲဖြစ်နေလို့ ငါက စိတ်တိုတာနဲ့ တွန်းထုတ်လိုက်တာ
Sorry နော် Sorry "

" အော် ...  အင်း ရတယ် ယူလေ ယူ "

ကြောင်အမ်းအမ်း ဖြစ်နေသော သက္ကသျှံရဲ့အသံ။ K ကလည်း ပုံပြင်တို့ကိုမသိသလိုနဲ့ မျက်နှာကို ဟိုဖက်လှည့်ထားသည်။

မေ ကတော့ Test tube တွေယူကာ ပုံပြင် ကို မျက်စောင်းထိုးကာ ထွက်သွားတော့သည်။ ပုံပြင်သစ်လည်းလိုက်ထွက်လာပြီး တံခါးပေါက်အရောက်မှ သက္ကကို စကားလှည့်ပြောလာသည်။

" အာ .... ငါ သွားတော့မယ်နော် လုပ်စရာရှိတာဆက်လုပ် "

နှစ်ယောက်လုံးဟာ ချက်ချင်း  မျက်နှာတွေ ရဲလာကြသည်။

" project ကိုပြောတာပါ နင်တို့ နှစ်ယောက်လုံး သမိုင်း club က မဟုတ်လား။ "

" အော်အင်း "

" ဒါဆို ဆက်လုပ်လေ~  နင်တို့ ကို  ငါတံခါးပိတ်သွားပေးမယ်နော် "

အပြင်ရောက်တာနဲ့ ပုံပြင်သစ်ဟာ မေ့ရဲ့ အဆဲအဆိုတွေကို တရစပ် ခံရတော့သည်။

"ဘာဂါနဲ့ မာလာရှမ်းကောကျွေးမယ် မေရာ ..  ငါ့ကို ဆဲ မနေနဲ့တော့ "

" ပုံပြင် ဒါနဲ့လေ သက္ကသျှံ က ဘာလို့ ဆောင်းထက် K ကိုရွေးတယ်လို့ထင်လဲ ~ တကယ်ဆို ဆောင်းက ပိုချောတာ မဟုတ်ဘူးလား  "

" အင်း ~ K က နုညံ့တော့ ပုံသွင်းလို့လွယ်လို့နေမယ် "

xxxx

" ဟဲ့ မေ ဒီတစ်ခါ နင့် Project က ဘာအကြောင်းလဲ "

ဆောင်းကဗျာက မေ့ကို မေးသည်။

" အာ ..   metal နဲ့ non metal တွေရဲ့ Differences တွေနဲ့ Usage တွေအကြောင်း "

" အော် "

"  နင်တို့ metal နဲ့ non metal တွေဆို ဘယ်ဟာကို ပိုသဘောကျလဲ "

ရုတ်တရတ် ပုံပြင်သစ်က စကားဝိုင်းထဲဝင်လာပြီး မေးခွန်းတစ်ခုမေးသည်။

" ငါကတော့ metal ထင်တာပဲ လူတွေက ငွေတွေ ရွှေတို့ ပလက်တီနမ်တို့ကိုပဲ တန်ဖိုးထားဝတ်ကြတာလေ "

မေက စဥ်းစဥ်းစားစားပြောလိုက်သည်။

" ဟုတ်တယ် Non metal တွေထက် Metal တွေက တောက်တောက်ပြောင်ပြောင် ရှိသလားလို့ "

ဆောင်းကဗျာကလည်းဝင်ဖြေသည်။

" ငါကတော့ Non metal တွေကိုလည်းသဘောကျတယ် စိန်တို့ဘာတို့လည်းရှိတာပဲလေ"

" အေးနော့ တစ်မျိုးစီပေါ့ "

ပုံပြင်သစ်အတွေးကို မေ က ထောက်ခံလိုက်သည်။

xxxx

Metal ရော Non metal တွေရောဟာ သူ့နေရာနဲ့သူ အသုံးဝင်ပါတယ်။ သူ့နေရာနဲ့သူလူတွေကိုအကျိုးပြုကြပါတယ်။

ဒါပေမဲ့ အများအားဖြင့်လူတွေဟာ Non metal တွေထက် Metal တွေကိုပဲ ပိုသဘောကျလေ့ရှိကြပါတယ်။

ဒါဟာ အပေါ်ယံအားဖြင့်သတ်မှတ်ရရင် Metal တွေရဲ့ metallic luster (တောက်ပြောင်မှု ) ကြောင့်လို့ထင်ရပေမဲ့ တကယ်တမ်းတော့မဟုတ်ပါဘူး။

Metal တွေဟာ​ပျော့ပြောင်းတော့ လိုသလိုပုံသွင်းလို့ရနိုင်ပြီး Non metal တွေဟာ ကြွပ်ဆပ် မာကျောတော့ လိုသလို ပုံသွင်းဖို့ရာမဖြစ်နိုင်လို့ပါ။

ယောကျ်ားလေးတွေ ဟာလည်း ထူးချွန်ထက်မြက်ပြီး လှပတဲ့ အမျိုးသမီးထက် သူတို့ပုံသွင်းလို့ရတဲ့ မိန်းကလေးတွေကိုပဲ နှစ်သက်ကြပါတယ်။

Continue Reading

You'll Also Like

400K 42.6K 43
The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For background photo of Fiction cover, Fully cred...
Cry-Baby By Criss

Teen Fiction

3.2M 103K 30
I wiped my eyes once again to see deep piercing green ones looking down at me. More tears came as I saw the root of my anger, and I stood up pushing...
93.2K 7.9K 22
Villain Girl Arc-1နဲ့ Arc-2ကိုwallထဲမှာရှာဖတ်လို့ရပါတယ်။ ဒါကArc-3ပါနော်။ အဆက်​လေးကိုအားပေးကြပြဦး။ Own Creation Unicode only
25.6K 1.9K 23
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *