အခန်း ၃၂ ) ဗိုလ်ကျမခံရတာသေချာလား
သို့သော်လည်း အိပ်ရာထလိုက်ရကာ အိမ်သန့်ရှင်းရေးတချို့လုပ်ပြီး အိမ်နားကစျေးကိုသွားလိုက်သည်။ ရှချင်းဝေအတွက် ငါးဟင်းချိုလေးချက်ပေးဖို့ငါးတစ်ကောင်ဝယ်လိုက်သည်။
ဆန်ပြုတ်တစ်အိုးစာနဲ့ အရန်ဟင်းပွဲနှစ်ပွဲကိုလည်း ပြင်လိုက်သည်။
အားလုံးကို အပူခံဘူးတွေထဲထည့်ပြီးလိုက်မှ ဆေးရုံသို့ ထွက်ခဲ့လိုက်၏။
***
“ အမေ ”
ဆေးရုံခန်းထဲဝင်လိုက်တာနှင့် နိုးနေပြီဖြစ်သော ရှချင်းဝေကို တွေ့လိုက်ရကာ..
“ မန်မန် ”
လုမန်ကိုမြင်လိုက်သည်နှင့်ပဲ ရှချင်းဝေမျက်နှာချက်ချင်းပြုံးရွှင်သွားသည်။
မနေ့က တိတ်တဆိတ် ကြည့်ခဲ့ပြီးပြီ ဖြစ်ပေမယ့် အခု ကျန်းကျန်းမာမာနဲ့ အသံလေးပါ ကြားလိုက်ရတော့ လုမန်မှာ မျက်ရည်တွေမထိန်းနိုင်။
အခု ရှချင်းဝေမျက်နှာက ဖြူဖျော့နေသေးကာ ခန္ဓာကိုယ်က ပိန်လွန်းလှသည်။
အနည်းဆုံးတော့ အသက်ရှင်နေပါသေးသည်။
သက်ရှိထင်ရှားရှိနေ၍ တော်ပါသေးသည်။ အသက်ရှင်နေတုန်းမို့ မျှော်လင့်ချက်ရှိပါသည်။
“ ဘာဖြစ်တာလဲ သမီး ဘာလို့ငိုနေတာလဲ ”
လုမန်မျက်ရည်ဝဲတာမြင်တော့ ရှချင်းဝေက စိတ်ပူကာ ခုတင်ပေါ်ကဆင်းဖို့ပြင်လိုက်သည်။
“ လုမိသားစုက သမီးကို ဆိုးဆိုးရွားရွားတွေ ဆက်ဆံလို့လား ”
“ မဟုတ်ပါဘူး ”
လုမန် ရှေ့သို့အမြန်လှမ်းသွားလိုက်ကာ ရှချင်းဝေပခုံးကို ထိန်းကိုင်လိုက်သည်။
ရှချင်းဝေက ဆေးရုံဝတ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်သည်။ ဆေးရုံတစ်ရုံလုံး ပိုးသတ်ဆေးနံ့တွေ ပြည့်နေသည့်တိုင် ရှချင်းဝေရဲ့ခန္ဓာကိုယ်ကနေ သူမမေမေသာ ပိုင်ဆိုင်သည့် ကိုယ်သင်းနံ့ကို သူမ ရနေပါသေးသည်။
“ အမေ့ကို လွမ်းလို့ပါ ”
လုမန် ရှချင်းဝေကို ဖက်ကာ ရင်ခွင်ထဲထွေးပွေ့ထားလိုက်သည်။
“ မိုက်လိုက်တဲ့ကလေး။ အမေကဒီမှာရှိတာပဲကို။ ဟိုရက်ကပဲ သမီး အမေ့ဆီလာသွားတာ မဟုတ်ဘူးလား ” ရှချင်းဝေက ပြုံးပြီး ပြောလိုက်သည်။
လုမန်အတွက်တော့ ရှချင်းဝေကို မတွေ့ရတာ ရှစ်နှစ်ရှိပြီ ဖြစ်သည်။
ရှချင်းဝေအတွက်တော့ ရက်ပိုင်းလေးပေါ့။
ရှချင်းဝေက လုမန်ဆံပင်တွေကို ဖွဖွသပ်ပေးလိုက်ကာ စိုးရိမ်မှုအပြည့်ဖြင့်...
“ ဗိုလ်ကျမခံရတာ သေချာလား သမီး . .
အမေ့ကိုပြောပါ မျိုသိပ်မထားနဲ့ ”
လုမန်က လာတွေ့တိုင်းမှာ အဆင်ပြေသလို အမြဲတမ်း ပြုံးရွှင်နေခဲ့တာချည်းပင်။
ပြီးရင်တော့ လုမိသားစုမှာ အဆင်ပြေပြီး ဘယ်သူမှ ဗိုလ်ကျ အနိုင်ကျင့်တာမျိုး မရှိကြောင်း ပြောသည်။
သို့ပေမယ့် ရှချင်းဝေ သိပါသည်။
လုမန်က သူမစိတ်မကောင်းဖြစ်မှာကို စိုးရိမ်နေရှာတာ. . .
တကယ်ဆို တစ်ချိန်က ချစ်ခဲ့ဖူးတဲ့ ယောက်ျားက ကိုယ့်သားသမီးကို ဗိုလ်ကျအနိုင်ကျင့်နေတာ ဘယ်သူက သည်းခံနိုင်မှာတဲ့လဲ။
ဒါပေမယ့် လုမန် မပြောတာကြောင့် သူမ မသိဘူးလို့တော့ မထင်လိုက်နဲ့ . .
သူမအရှေ့မှာ လုမန် အဆင်ပြေသလို တည်ငြိမ်ဟန်ဆောင်ပြရင် ရှချင်းဝေ ပိုစိုးရိမ်ရသည်။
ဒါပေမယ့် လုမန်ကြောင့်မို့ပဲ သူမမှာ သိလျက်နှင့် မသိချင်ယောင်ဆောင်ရတာပါ။
ထို့ကြောင့် ဤသားအမိသည် အချင်းချင်း ညာနေကြသည်။
“ မဟုတ်ပါဘူး.. အခု သူတို့ သမီးကို ဗိုလ်ကျလို့မရပါဘူး .. အမေ့ကိုလွမ်းလို့ ဝမ်းနည်းမိတာပါ ”
“ မိုက်လိုက်တဲ့ကလေး ”
သို့သော်လည်း လုမန် အနားမှာရှိနေ၍ ရှချင်းဝေ ဝမ်းသာသည်။
လုမန်က ခံစားချက်တွေကို အမြဲတမ်း ဖုံးကွယ်ထားတတ်ကာ ဖြစ်လာသမျှကို ရင်ဆိုင်ကျော်လွှားခဲ့ရတာကြောင့် ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ရင့်ကျက်သည်။
ဘာပဲခံစားရပါစေ အမြဲ မျိုသိပ်တတ်ကာ ခံစားချက်တွေကို ဖော်ပြရာတွင်ညံ့သည်။ စိတ်ရင်းကောင်းပေမယ့် နှုတ်က စကားနည်း၏။
ဘယ်လိုပဲဖြစ်ဖြစ် လုမန်က သူမသမီးပဲမို့ လုမန်အကြောင်း သူမကောင်းကောင်းသိပါသည်။
ကလေးက အမေကို ချစ်ပေမယ့် တခြားကလေးတွေလို ရင်ခွင်ထဲတိုးပြီး ဆိုးနွဲ့နေတာမျိုး မရှိ။ တစ်ခါတလေ ဖက်တောင် မဖက်ပေ။
အမေကို အကောင်းဆုံးတွေပဲ ပေးခဲ့သည်။
သို့ပေမယ့် လုမန်ပခုံးပေါ်မှာ ထမ်းထားရတဲ့ ဝန်ထုပ် လေးနေမယ်မှန်း ရှချင်းဝေသိသည်။
လုချီယွမ် , ရှချင်းယန် နဲ့ လုချီဗိုလ်ကျတာအပြင် သူမကပါ မကျန်းမာတာမို့ ဒီဝန်တွေအားလုံးက ကလေး ပခုံးပေါ်မှာချည်းတင်သည်။
ထို့ကြောင့် အံကိုကြိတ်ပြီး ဒါတွေအားလုံးကို ခါးစည်းခံထားရတဲ့ကလေးတစ်ယောက်ဟာ ဆိုးနွဲ့ချင်စိတ် ဘယ်ရှိပါတော့မလဲ...
သူမလေး မြန်မြန် အရွယ်ရောက်လာစေဖို့ ဘဝကပဲ သင်ကြားပေးသွားတာ...
ဒါတွေတွေးလိုက်ရုံနဲ့ ရှချင်းဝေမှာ မျက်ရည်တွေဝေ့လာကာ လုမန်ကျောလေးကို ဖွဖွပွတ်သပ်ပေးလိုက်သည်။
“ သမီး စဥ်းစားနေတာတွေကို အမေ သိပါတယ်။ လုမိသားစုမှာ ဘာတွေဖြစ်လို့ပဲဖြစ်ဖြစ်. . အလုပ်မှာ စိတ်ညစ်စရာတွေနဲ့ကြုံလို့ပဲဖြစ်ဖြစ်. . အမေ့ကို ပြောပြလို့ရပါတယ် သမီး . . ဒီအမေက လက်ရှိမှာ ကျန်းမာရေးမကောင်းလို့ သမီးလေးကို အကူအညီသိပ်မပေးနိုင်ပေမယ့် သမီးစိတ်ထဲပေါ့သွားရအောင် သမီးရင်ဖွင့်တာတွေကိုတော့ နားထောင်ပေးနိုင်ပါသေးတယ် ”
“ တကယ် ဘာမှမဖြစ်တာပါ
ဒီတိုင်း အများကြီး လွမ်းမိသွားလို့... ”
လုမန် ခေါင်းခါကာ နှာတစ်ချက်ရှုပ်လိုက်ပြီးမှ စိတ်ငြိမ်သွားသည်။ ပြီးတော့ ရှချင်းဝေကို လွှတ်ပေးလိုက်ကာ ...
“ အိမ်ကနေ မနက်စာပြင်လာတယ်. . အမေ မစားရသေးဘူးမလား ”
===================================
Zawgyi
အခန္း ၃၂ ) ဗိုလ္က်မခံရတာေသခ်ာလား
သို႔ေသာ္လည္း အိပ္ရာထလိုက္ရကာ အိမ္သန္႔ရွင္းေရးတခ်ိဳ႕လုပ္ၿပီး အိမ္နားကေစ်းကိုသြားလိုက္သည္။ ရွခ်င္းေဝအတြက္ ငါးဟင္းခ်ိဳေလးခ်က္ေပးဖို႔ငါးတစ္ေကာင္ဝယ္လိုက္သည္။
ဆန္ျပဳတ္တစ္အိုးစာနဲ႔ အရန္ဟင္းပြဲႏွစ္ပြဲကိုလည္း ျပင္လိုက္သည္။
အားလံုးကို အပူခံဘူးေတြထဲထည့္ၿပီးလိုက္မွ ေဆးရံုသို႔ ထြက္ခဲ့လိုက္၏။
***
“ အေမ ”
ေဆးရံုခန္းထဲဝင္လိုက္တာႏွင့္ ႏိုးေနၿပီျဖစ္ေသာ ရွခ်င္းေဝကို ေတြ့လိုက္ရကာ..
“ မန္မန္ ”
လုမန္ကိုျမင္လိုက္သည္ႏွင့္ပဲ ရွခ်င္းေဝမ်က္ႏွာခ်က္ခ်င္းၿပံဳးရႊင္သြားသည္။
မေန့က တိတ္တဆိတ္ ၾကည့္ခဲ့ၿပီးၿပီ ျဖစ္ေပမယ့္ အခု က်န္းက်န္းမာမာနဲ႔ အသံေလးပါ ၾကားလိုက္ရေတာ့ လုမန္မွာ မ်က္ရည္ေတြမထိန္းႏိုင္။
အခု ရွခ်င္းေဝမ်က္ႏွာက ျဖဴေဖ်ာ့ေနေသးကာ ခႏၶာကိုယ္က ပိန္လြန္းလွသည္။
အနည္းဆံုးေတာ့ အသက္ရွင္ေနပါေသးသည္။
သက္ရိွထင္ရွားရိွေန၍ ေတာ္ပါေသးသည္။ အသက္ရွင္ေနတုန္းမို႔ ေမ်ွာ္လင့္ခ်က္ရိွပါသည္။
“ ဘာျဖစ္တာလဲ သမီး ဘာလို႔ငိုေနတာလဲ ”
လုမန္မ်က္ရည္ဝဲတာျမင္ေတာ့ ရွခ်င္းေဝက စိတ္ပူကာ ခုတင္ေပၚကဆင္းဖို႔ျပင္လိုက္သည္။
“ လုမိသားစုက သမီးကို ဆိုးဆိုးရြားရြားေတြ ဆက္ဆံလို႔လား ”
“ မဟုတ္ပါဘူး ”
လုမန္ ေရ႔ွသို႔အျမန္လွမ္းသြားလိုက္ကာ ရွခ်င္းေဝပခံုးကို ထိန္းကိုင္လိုက္သည္။
ရွခ်င္းေဝက ေဆးရံုဝတ္စံုကို ဝတ္ဆင္ထားဆဲ ျဖစ္သည္။ ေဆးရံုတစ္ရံုလံုး ပိုးသတ္ေဆးနံ႔ေတြ ျပည့္ေနသည့္တိုင္ ရွခ်င္းေဝရဲ့ခႏၶာကိုယ္ကေန သူမေမေမသာ ပိုင္ဆိုင္သည့္ ကိုယ္သင္းနံ႔ကို သူမ ရေနပါေသးသည္။
“ အေမ့ကို လြမ္းလို႔ပါ ”
လုမန္ ရွခ်င္းေဝကို ဖက္ကာ ရင္ခြင္ထဲေထြးေပြ့ထားလိုက္သည္။
“ မိုက္လိုက္တဲ့ကေလး။ အေမကဒီမွာရိွတာပဲကို။ ဟိုရက္ကပဲ သမီး အေမ့ဆီလာသြားတာ မဟုတ္ဘူးလား ” ရွခ်င္းေဝက ၿပံဳးၿပီး ေျပာလိုက္သည္။
လုမန္အတြက္ေတာ့ ရွခ်င္းေဝကို မေတြ့ရတာ ရွစ္ႏွစ္ရိွၿပီ ျဖစ္သည္။
ရွခ်င္းေဝအတြက္ေတာ့ ရက္ပိုင္းေလးေပါ့။
ရွခ်င္းေဝက လုမန္ဆံပင္ေတြကို ဖြဖြသပ္ေပးလိုက္ကာ စိုးရိမ္မႈအျပည့္ျဖင့္...
“ ဗိုလ္က်မခံရတာ ေသခ်ာလား သမီး . .
အေမ့ကိုေျပာပါ မ်ိဳသိပ္မထားနဲ႔ ”
လုမန္က လာေတြ့တိုင္းမွာ အဆင္ေျပသလို အၿမဲတမ္း ၿပံဳးရႊင္ေနခဲ့တာခ်ည္းပင္။
ၿပီးရင္ေတာ့ လုမိသားစုမွာ အဆင္ေျပၿပီး ဘယ္သူမွ ဗိုလ္က် အႏိုင္က်င့္တာမ်ိဳး မရိွေၾကာင္း ေျပာသည္။
သို႔ေပမယ့္ ရွခ်င္းေဝ သိပါသည္။
လုမန္က သူမစိတ္မေကာင္းျဖစ္မွာကို စိုးရိမ္ေနရွာတာ. . .
တကယ္ဆို တစ္ခ်ိန္က ခ်စ္ခဲ့ဖူးတဲ့ ေယာက္်ားက ကိုယ့္သားသမီးကို ဗိုလ္က်အႏိုင္က်င့္ေနတာ ဘယ္သူက သည္းခံႏိုင္မွာတဲ့လဲ။
ဒါေပမယ့္ လုမန္ မေျပာတာေၾကာင့္ သူမ မသိဘူးလို႔ေတာ့ မထင္လိုက္နဲ႔ . .
သူမအေရ႔ွမွာ လုမန္ အဆင္ေျပသလို တည္ၿငိမ္ဟန္ေဆာင္ျပရင္ ရွခ်င္းေဝ ပိုစိုးရိမ္ရသည္။
ဒါေပမယ့္ လုမန္ေၾကာင့္မို႔ပဲ သူမမွာ သိလ်က္ႏွင့္ မသိခ်င္ေယာင္ေဆာင္ရတာပါ။
ထို႔ေၾကာင့္ ဤသားအမိသည္ အခ်င္းခ်င္း ညာေနၾကသည္။
“ မဟုတ္ပါဘူး.. အခု သူတို႔ သမီးကို ဗိုလ္က်လို႔မရပါဘူး .. အေမ့ကိုလြမ္းလို႔ ဝမ္းနည္းမိတာပါ ”
“ မိုက္လိုက္တဲ့ကေလး ”
သို႔ေသာ္လည္း လုမန္ အနားမွာရိွေန၍ ရွခ်င္းေဝ ဝမ္းသာသည္။
လုမန္က ခံစားခ်က္ေတြကို အၿမဲတမ္း ဖံုးကြယ္ထားတတ္ကာ ျဖစ္လာသမ်ွကို ရင္ဆိုင္ေက်ာ္လႊားခဲ့ရတာေၾကာင့္ ငယ္ငယ္ရြယ္ရြယ္ေလးနဲ႔ ရင့္က်က္သည္။
ဘာပဲခံစားရပါေစ အၿမဲ မ်ိဳသိပ္တတ္ကာ ခံစားခ်က္ေတြကို ေဖာ္ျပရာတြင္ညံ့သည္။ စိတ္ရင္းေကာင္းေပမယ့္ ႏႈတ္က စကားနည္း၏။
ဘယ္လိုပဲျဖစ္ျဖစ္ လုမန္က သူမသမီးပဲမို႔ လုမန္အေၾကာင္း သူမေကာင္းေကာင္းသိပါသည္။
ကေလးက အေမကို ခ်စ္ေပမယ့္ တျခားကေလးေတြလို ရင္ခြင္ထဲတိုးၿပီး ဆိုးႏြဲ႔ေနတာမ်ိဳး မရိွ။ တစ္ခါတေလ ဖက္ေတာင္ မဖက္ေပ။
အေမကို အေကာင္းဆံုးေတြပဲ ေပးခဲ့သည္။
သို႔ေပမယ့္ လုမန္ပခံုးေပၚမွာ ထမ္းထားရတဲ့ ဝန္ထုပ္ ေလးေနမယ္မွန္း ရွခ်င္းေဝသိသည္။
လုခ်ီယြမ္ , ရွခ်င္းယန္ နဲ႔ လုခ်ီဗိုလ္က်တာအျပင္ သူမကပါ မက်န္းမာတာမို႔ ဒီဝန္ေတြအားလံုးက ကေလး ပခံုးေပၚမွာခ်ည္းတင္သည္။
ထို႔ေၾကာင့္ အံကိုႀကိတ္ၿပီး ဒါေတြအားလံုးကို ခါးစည္းခံထားရတဲ့ကေလးတစ္ေယာက္ဟာ ဆိုးႏြဲ႔ခ်င္စိတ္ ဘယ္ရိွပါေတာ့မလဲ...
သူမေလး ျမန္ျမန္ အရြယ္ေရာက္လာေစဖို႔ ဘဝကပဲ သင္ၾကားေပးသြားတာ...
ဒါေတြေတြးလိုက္ရံုနဲ႔ ရွခ်င္းေဝမွာ မ်က္ရည္ေတြေဝ့လာကာ လုမန္ေက်ာေလးကို ဖြဖြပြတ္သပ္ေပးလိုက္သည္။
“ သမီး စဥ္းစားေနတာေတြကို အေမ သိပါတယ္။ လုမိသားစုမွာ ဘာေတျြဖစ္လို႔ပဲျဖစ္ျဖစ္. . အလုပ္မွာ စိတ္ညစ္စရာေတြနဲ႔ႀကံဳလို႔ပဲျဖစ္ျဖစ္. . အေမ့ကို ေျပာျပလို႔ရပါတယ္ သမီး . . ဒီအေမက လက္ရိွမွာ က်န္းမာေရးမေကာင္းလို႔ သမီးေလးကို အကူအညီသိပ္မေပးႏိုင္ေပမယ့္ သမီးစိတ္ထဲေပါ့သြားရေအာင္ သမီးရင္ဖြင့္တာေတြကိုေတာ့ နားေထာင္ေပးႏိုင္ပါေသးတယ္ ”
“ တကယ္ ဘာမွမျဖစ္တာပါ
ဒီတိုင္း အမ်ားႀကီး လြမ္းမိသြားလို႔... ”
လုမန္ ေခါင္းခါကာ ႏွာတစ္ခ်က္ရႈပ္လိုက္ၿပီးမွ စိတ္ၿငိမ္သြားသည္။ ၿပီးေတာ့ ရွခ်င္းေဝကို လႊတ္ေပးလိုက္ကာ ...
“ အိမ္ကေန မနက္စာျပင္လာတယ္. . အေမ မစားရေသးဘူးမလား ”
===================================