NYAN'S

By HaeBoom

58.2K 6.9K 1K

Own Characters More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပ်ိုင်း(၃၃)အဆက်
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)

အပိုင်း(၂၇)

1.3K 179 23
By HaeBoom

ဒီနေ့  ဆေးရုံနားရက်လည်းဖြစ်တာကြောင့် နေမြင့်တဲ့အထိ အိပ်လိုက်မိတာ နိုးလာတော့ ၈နာရီခွဲနေပြီဖြစ်သည်။ ဘေးကိုလှည့်ကြည့်မိတော့ ဉာဏ်က ငြိမ်ငြိမ်လေးအိပ်နေတုန်းပဲရှိသေးတာမလို့ နိုးသွားမည်စိုး၍
ကုတင်ပေါ်က ခပ်ဖွဖွလေးဆင်းလိုက်ပြီး အိမ်ရှေ့ခန်းထွက်လာတော့ စည်သူက အဖြူ နက်ပြာ ယူနီဖောင်းအပြည့်အစုံဖြင့် ကျောင်းသွားဖို့ ပြင်နေသည်။

" အော် နိုးပြီလား အခုပဲ လာနိုးတော့မလို့"

"အင်း ဘာလိုလို့လဲ"

ရေကို ဖန်ခွက်ထဲထည့်နေရင်းမေးတော့ စည်သူက ရေခဲသေတ္တာကိုဖွင့်ပြီး တစ်ခုခုရှာနေသလိူကြည့်နေရင်း
ပြန်ဖြေသည်။

"ဒီနေ့ presentation ရှိတယ် အဲ့တာ ကားယူသွားမလို့"

" ယူသွားလေ ဆီလည်း မနေ့ကမှ ထည့်ထားတာ ယူသွား မုန့်ဖိုးလိုသေးလား"

" ရတယ် ရှိသေးတယ်  ကြည့်စမ်း ချိုချဉ်တွေတောင် ဝယ်ထည့်လို့ပါလား"

မနေ့က ဉာဏ်ယူလာတဲ့ သံဗူးအပြားလေးနဲ့ ချိုချဉ်ဘူးကို စည်သူက ကိုင်ကြည့်ရင်း လှမ်းစသည်။ စလည်းစချင်စရာပါ အရင်ကဆို အိမ်က ရေခဲသေတ္တာက ဟင်းချက်စရာနည်းနည်းနဲ့ ရေဘူးတွေသာ ပြည့်နေတာမျိုးဖြစ်သည်။ အခုတောင် ဉာဏ်လာနေမည့်တပတ်စာ ရေခဲသေတ္တာထဲ စည်ကားနေတော့ စည်သူတို့ အကြိုက်
စနောက်နေတော့သည်။

"မနက်စာ ဘာစားထားလဲ"

" ထမင်းတွေ့လို့ ကြော်စားထားတယ်
ကျန်တော့မကျန်တော့ဘူး ထမင်းပေါင်းအိုးလည်း နှိပ်ထားပြီးပြီ "

" အင်း အင်း ညနေ ဘယ်အချိန်ပြန်ရောက်မှာလဲ
အိမ်မှာ တစ်ခုခုလုပ်စားကြရအောင်
သုန်လေးတို့ကောခေါ်ခဲ့"

" ၆နာရီလောက်ဆိုပြန်ရောက်လောက်တယ်
ဖုန်းဆက်လိုက်မယ်လေ ဒါရောလား"

လက်မကို ပါးစပ်နားတော့ကာ လုပ်ပြလာတဲ့ စည်သူကြောင့်

"သောက်ချင်လို့လား ဆေးခန်းကနေအပြန်ဝင်ဝယ်
လိုက်မယ် ဉာဏ်လည်း ရှိနေတော့ သောက်ချင်သောက်လေ အိမ်မှာပဲ အကုန်လုံးခေါ်လိုက်တော့"

" အိုကေ အိုကေ သွားပြီ"

စည်သူထွက်သွားပြီးမှ မျက်နာသစ်သွားတိုက်ဖို့ အခန်းထဲပြန်ဝင်လာတော့ ဉာဏ်က မနိုးသေးတာကြောင့် အဝတ်တစ်စုံယူကာ ရေချိုးခန်းထဲဝင်လိုက်သည်။

ရေချိုးခန်းထဲရောက်တော့ မှန်ပေါ်ကပြုံးနေတဲ့ ကိုယ့်မျက်နာကို ပြန်ကြည့်ရင်း ဟိုးအစကနေ ပြန်တွေးနေမိသည်။ ဘယ်သူကထင်မှာလဲ သူအခုလိုကောင်လေးတစ်ယောက်ကို ရည်းစားတော်ရမယ်လို့။ အဲ့လိုပဲ ဉာဏ်ကရော ဘာလို့ ဒီအထိရူးရူးမိုက်မိုက်တိုးဝင်လာရသလဲ။

ကိုယ်ကတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေနိုင်ပြီဆိုပြီး ရှေ့ဆက်ဖို့ သိပ်မထိတ်လန့်ပေမယ့် ဉာဏ်ကတော့ အခုမှ ကျောင်းပြီးလို့ ဘဝကိုစရမည့်သူမလို့
ဘာမှတော့ အများကြီး မျှော်လင့်ထားလို့ဖြစ်မယ်မထင်ဘူး။ ဒီလိုပြောလို့လည်း အယုံအကြည်ကင်းမဲ့နေတာမျိုးလည်း မဟုတ်ပြန်ဘူး။

ငယ်သေးတဲ့ ဉာဏ်က
စိတ်ကစားနေတာလို့ပြောလာခဲ့ရင် ဘာမှမတတ်နိုင်ပဲ
လက်လွှတ်ပေးလိုက်ရမယ့်အဖြစ်ကို မလိုလားတာပါ။
ဉာဏ့်ကို တကယ့်ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုလည်းသိအောင်ပြချင်တယ် ပြီးတော့ ကိုယ့်ဘေးမှာ
ဉာဏ်ကိုယ်တိုင်က တစ်ဘဝလုံး လိုလိုလားလားနဲ့
ရှိပေးစေချင်တယ်ဆိုတဲ့အထိ ဉာဏ်ကိုယ့်အပေါ် သက်ဝင်လာဖို့ အများကြီးကြိုးစားရမယ်။တစ်နည်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု
နားလည်မှုတွေ တည်ဆောက်ရမယ်ပေါ့။

က်ိုယ်ကတစ်ခုခုဆို အတွင်းကျကျလေ့လာပြီးအသေးစိတ်ကအစ ပြင်ဆင်တတ်တဲ့အကျင့်တစ်ခုရှိတယ်။ အခုလည်း အမှန်တိုင်းပြောရရင် ဉာဏ်ကိုယ့်ဘေးဆီရောက်လာတယ်ဆိုတဲ့ ဖြစ်စဉ်မှာ ကိုယ်လေ့လာခဲ့တာတွေကော ပြင်ဆင်ခဲ့တာတွေကော အများကြီးပဲ။ ရင်ခုန်သံချိုချိုလေးတွေဖြစ်တိုင်း အချစ်လို့သတ်မှတ်ခဲ့ဖူးတဲ့ အရွယ်ကို အသက်အားဖြင့်ကျော်လွန်လာခဲ့ပြီမို့ အဲ့ဒီ့ရင်ခုန်သံချိုချိုလေးတွေကြားကပဲ ကိုယ်ဉာဏ့်ကို တော်တော်လေ့လာခဲ့တယ်။

စိတ်ပိုင်းဆ်ိုင်ရာ အများကြီးပြင်ဆင်ခဲ့တာမို့ မမျှော်လင့်ဘဲ တစ်ခုခုဆိုတာများကြုံလာခဲ့ရင် ဉာဏ့်ကိုအများကြီးဖေးမနိုင်မယ်လို့ ထင်တယ်။ အစစအရာရာ အများကြီးပြင်ဆင်နေရင်းကပဲ ဉာဏ်က ဆုတောင်းကောင်းခဲ့ပုံရတယ်။ ကိုယ်တကယ်သဘောမကျဘဲ မနေနိုင်လောက်အောင် တွယ်ကပ်တတ်တယ်။

ဖုန်းထဲက အသံလေးနဲ့တင် တစ်နေကုန်အမောတွေပြေစေတဲ့အထိ ဉာဏ်က စွမ်းဆောင်နိုင်တယ်။ ပြောစကားနားထောင်နေသလိုလိုနဲ့ ပြန်ပြီး ဂျစ်ကန်ကန်လုပ်တတ်တာလည်း ဉာဏ်ရဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်ပုံရတယ်။
မိသားစုထဲက အချစ်ခံရတဲ့ အငယ်ဆုံးလေးပီပီ
နောက်ဆုံးမှာ သူ့ကိုချစ်ရင် အလျော့ပေးရမယ်ဆိုတဲ့
ပုံစံမျိုး။ စည်သူလည်း အဲ့လ််ိုtypeမျိုးဆိုပေမယ့်
ဉာဏ်ကကျ သွေးသားမတော်စပ်ပါပဲ အသည်းတယားယားနဲ့ ဖြစ်ရသည်။

ဒေါက် ဒေါက်

"အစ်ကို ရေချိုးနေတာလား"

အတွေးလွန်နေတုန်း တံခါးခေါက်သံနဲ့အတူ ဉာဏ်ရဲ့အမေးကိုပါကြားလိုက်ရသည်။

"အင်း ကိုယ်ပြီးတော့မှာ"

" ဟုတ်"

ခပ်မြန်မြန်ရေချိုးပြီးတာနဲ့ တစ်ခါတည်း အဝတ်ပါလဲပြီး ရေချိုးခန်းထဲကထွက်တော့ ဉာဏ်က ကုတင်ပေါ်မှာ ဖုန်းကိုကြည့်ပြီး ဘာကိုသဘောကျသည်မသိ ရယ်နေသည်။

" ဉာဏ် ကိုယ်ပြီးပြီ"

" အင်း"

ပြန်သာဖြေလာတာ အခုထိ ဖုန်းဆီက အကြည့်ကမခွါသေးတာကြောင့် အနားကိုတိုးကပ်သွားလိုက်သည်။

"ဘာတွေ သဘောကျနေတာလဲ"

" ဒီမှာလေ အားဝေတို့ ပို့ထားတဲ့ပုံတွေ ရယ်နေရတယ်"

ဖုန်းမျက်နာပြင်လေးကို ကိုယ့်ဖက်ထိုးပြရင်း ဉာဏ်က
အရယ်လည်းမပျက်ပါ။  ပုံတွေက တကယ်လည်းရယ်ရပါသည် ။ သူငယ်ချင်းတွေအုပ်စုလိုက် ပေါက်တက်ကရလုပ်နေတာတွေ Snap ပုံတွေဖြစ်သည်။

" ဘာလို့ မလိုက်သွားဘဲ ကိုယ့်ဆီကို လာတာလဲ
သူငယ်ချင်းတွေနဲ့ အမှတ်တရလေး ဖြစ်ရမှာကို"

"ဘော်ဒါအရင်းဆိုလို့ အားဝေနဲ့ စိုင်းဟတ်ပဲ ရှိတာ
သူတို့နဲ့က ဘယ်အချိန်သွားသွားရပါတယ်ဗျာ
တခြားလူတွေကျ မေးထူးခေါ်ပြောပဲ အဲ့လိုလူတွေနဲ့က
ဘာအမှတ်တရမှမရှိလည်း ဝမ်းနည်းမနေပါဘူး"

" ဟုတ်ပါပြီ ဆရာလေးရယ်
ရေသွားချိုးတော့ ကိုယ်ဗိုက်ဆာပြီ"

" အင်း  ရွှတ် မွှေးနေတာပဲ"

နားထင်နေရာကို ထိအောင်မနမ်းပဲ ဖြတ်ကနဲ ကပ်လာကာ အနံ့ရှုသွားတဲ့ ဉာဏ်က တကယ်ကိုမနိုင်ဘူး။ မနေ့ညကလည်း မအိပ်မချင်း ဟိုနမ်းဒီနမ်းနဲ့ ။

ထမင်းကတော့ စည်သူချက်သွားလို့ရှိပေမယ့်
မနက်စာဘာစားရင်ကောင်းမလဲ စဉ်းစားရင်း ဝရံတာမှာမေးထောက်ကာ ဟိုဟိုသည်သည်ငေးနေမိသည်။
ကိုယ်ကတော့ သိပ်ဂျီးမများပေမယ့် ဉာဏ်ကတော့အဲ့သလိုမဟုတ် သိပ်ဂျီးများသည်။ အရည်နဲ့အဖတ်တွဲစားရတဲ့ မုန့်ဟင်းခါး၊ကြာဇံဟင်း၊ အုန်းနို့ခေါက်ဆွဲသကဲ့သို့ စားစရာများ ဉာဏ်ဟာ လုံးဝမစားပါ။ နန်းကြီးသုပ်တော့ ကြိုက်ပါသည်တဲ့။  ဒါပေမယ့် ခေါက်ဆွဲပြုတ်တော့စားပြန်တယ်။ ကြက်ဥဆိုလည်း ကြော်တာကလွဲ အပြုတ်၊ဟင်းချက်ရင် လုံးဝမစားသူတဲ့။

အတည်တကျမတွဲခင်ကာလက ဉာဏ်ကိုယ်တိုင်ပြောပြချက်များအပြင် အောက်ထပ်က အန်တီက အစားအသောက်တစ်ခုလုပ်စားတိုင်း ဉာဏ်အကြောင်း အမြဲပါသည်။ "သားငယ်လေးက အစားဂျီးများလွန်းလို့ ငယ်ငယ်တည်းက ဂရုစိုက်ရတယ် သားကြီးကျတော့ ဘာနဲ့ပဲဖြစ်ဖြစ် စားတတ်တော့ စိတ်မပူရဘူး"စသော စကားများ အမြဲပြောကာ ဉာဏ်က ဘာကြိုက်တယ် မကြိုက်ဘူးဆိုတာ အမြဲဖောက်သည်ချသည်။

"မပူဘူးလား အပြင်မှာနေပူနေတာကို"

အပူကြောက်တဲ့ တောင်ကြီးသားလေးက တံခါးပေါက်ကနေ ခေါင်းလေးပဲထွက်ကာ မျက်ခုံးတို့ တွန့်ကုတ်ရင်း မေးလာသည်။ ခပ်ဖွဖွရယ်ကာ အိမ်ထဲပြန်ဝင်လာတော့ သေချာခြောက်ပုံမရသေးတဲ့ ဆံပင်တွေကို ဉာဏ်ကလက်နဲ့ခါနေသည်။

" ဘာစားကြမလဲ"

" ကော်ဖီ"

" အိုကေ ကော်ဖီနဲ့ မနေ့ကဝယ်လာတဲ့ ပေါင်မုန့်ကို ကင်ပြီး Nutella နဲ့စားကြတာပေါ့ "

ဘေးကနေ လိုက်လာတဲ့ ဉာဏ်ရဲ့ ခြေဖမိုးဝါဝင်းဝင်းလေးဟာ အမွေးအိတ်လေးတွေနဲ့ ကြည့်ကောင်းသည်။
အမြဲတမ်းခြေအိတ်ဝတ်တတ်လို့ထင်ပါရဲ့ ဖိနပ်သဲကြိုးရာလေးတောင် ရှိမနေပါ။ ကိုယ်ခြေဖမိုးကတော့  သဲကြ်ိုးရာ အဖြူလေးက ပိုထင်းနေသည်။

အိမ်ပြောင်းကာစ စည်သူနဲ့ Oceanမှာ ပန်းကန်တွေ အိုးတွေ မီးဖိုချောင်သုံးပစ္စည်းတွေသွားဝယ်ရင်း လက်တည့်စမ်းဖို့ဝယ်လာတဲ့ Toaster လေးရှိနေတော့ အဆင်ပြေသွားသည်။ မနက်စာကို ပေါင်မုန့်သိပ်မစားတတ်တဲ့ တူဝရီးနှစ်ယောက်က ဝယ်လာပြီးကတည်းက
နှစ်ခါလားပဲ သုံးရသေးသည်။

ကိုယ်ပေါင်မုန့်ကင်နေတုန်း ဉာဏ်က ကော်ဖီဖျော်နေသည်။ ၁၅မိနစ်လောက်နဲ့ ပြင်ဆင်ပြီး အတူတူထိုင်စားရင်း
ပြောဖြစ်တဲ့အကြောင်းအရာကလည်း ဟိုရောက်ဒီရောက်။ ဒီည အိမ်မှာလူစုပြီး မုန့်လုပ်စားကြမည့်အကြောင်း
ပြောတော့ ဉာဏ်က ပျော်နေပုံရသည်။

"  မိုးကုတ်က တော်တော်ဝေးတယ်မလား"

"မရောက်ဖူးဘူးလား"

"မရောက်ဖူးဘူး"

"နောက်ကျ ကိုယ်ခေါ်သွားမယ်လေ"

"အိုကေ နောက်နှစ်ပြန်ရင် ခေါ်သွား"

"ဉာဏ် မြန်မာမှာ ရှိနေသေးရင်ပေါ့"

" Diploma က ဒီမှာပဲ ယူလည်းရတာပဲ"

" Diploma တစ်ခုတည်းအတွက် နိုင်ငံခြားထွက်ခိုင်တာမဟုတ်ဘူး ဟိုရောက်ရင် ၂၄နာရီအတွင်း စက္ကန့်တိုင်းကို ဉာဏ်က manageလုပ်ရမယ် response လုပ်ရမယ် ပြီးရင် financial ပိုင်း လူမှုဆက်ဆံရေးပိုင်း အကုန်လုံး သူစိမ်းတွေနဲ့ဆက်ဆံတဲ့အခါ တိကျစေ့စပ်မှုရှိရမယ် ဒါတွေကိုပါတစ်ခါတည်း သင်ယူလာရမှာလေ တစ်ဆင်ခံအသိကနေ ကိုယ်တိုင်အသိဖြစ်လာအောင် လက်တွေ့လုပ်ကြည့်ရတယ်တဲ့"

"အစ်ကိုကရော ဘာလို့ မသွားတာလဲ"

"တကယ်တော့ ကိုယ်က ဆရာဝန်ကို ပိုက်ဆံကြောင့်လုပ်တာလည်းမဟုတ်ဘူး ဝါသနာအရမ်းပါလို့လုပ်တာလည်းမဟုတ်ဘူး ကိုယ်တို့နိုင်ငံမှာ အကြပ်အတည်းဆိုတာ ဘဝလားလ်ို့မေးရလောက်အောင်
ခက်ခဲတဲ့ဘဝတွေရှိနေတယ် သူတို့အတွက်အားကိုးစရာဆိုတာ ပြည်သူ့ဆေးရုံတွေကလွဲ တခြားရှားပါးလွန်းနေတယ်မလား  ဒါတောင် စည်သူကျောင်းမပြီးသေးလို့
ကိုယ်နယ်ဘက်တွေပြောင်းလျှောက်ဖို့တွေးနေတာ မဟုတ်လည်း NGOဘက်ပေါ့"

" အနာဂတ်မှာ ကျွန်တော့်ကို ဘာအဖြစ်မြင်ချင်လဲ"

" ဉာဏ်ဖြစ်ချင်တဲ့ဘဝမှာ ဉာဏ်ပျော်နေတာမျိုးပေါ့"

"အစ်ကိုကရော"

"အင်း ကိုယ်လား
ကိုယ်က အသက်၄၀လောက်ရောက်ရင် 
ရပ်ကွက်လေးတစ်ခုမှာ ခြံလေးတစ်ကွက်လောက်ဝယ်ပြီး
ဆေးခန်းလေးဆောက်မယ် သူနာပြူအကူ၂ယောက်လောက်ငှါးပြီး တစ်နိုင်တစ်ပိုင်ဆေးခန်းလေးဖွင့်မယ်
၁၀နှစ်အောက် ကလေးငယ်တွေ ပြီးတော့
အသက်၆၀နှင့်အထက်တွေကို ကုသစရိတ်ဆေးဖိုးဝါးခ
မယူပဲ ကုသပေးမယ် ဒီလောက်ပါပဲ"

" ဒါနဲ့ ကျွန်တော်ကရော"

"ဟမ် ဘာကိုလဲ"

"ကျွန်တော်က အဲ့အချိန် ဘာလုပ်နေလဲ"

အစက သဘောမပေါက်ပေမယ့် ဆိုလိုရင်းကို သဘောပေါက်သွားတော့ မအောင့်နိုင်ပဲ ရယ်မိတော့တယ်။

" ကိုယ်ပြောပြီးပြီလေ ဉာဏ်ဖြစ်ချင်တဲ့ဘဝမှာပေါ့"

"ကျွန်တော်က ဓာတ်ပုံဆရာဖြစ်ချင်တာ
Natgeo( National Geographic )က photographers တွေလိုမျိူး Challenging တော့ ဖြစ်ပေမယ့် သူတို့က ကမ္ဘာကြီးကို အမြင်ရဆုံးလူတွေလ်ု့ထင်တယ်"

"  အင်း environmental protection တွေပါ ဆောင်းပါးတွေရေးပြီး ပြန်ဖြန့်ဝေလို့ရတာပေါ့ environmental ပိုင်း journalism ပိုင်းတွေလေ့လာရမယ်ထင်တယ် တကယ် သဘောကျတဲ့အလုပ်ဆို ကိုယ်က  အားပေးပါတယ်"

" ဒါပေမယ့် ခွဲနေရမှာလေ"

" က်ိုယ်တို့ခွဲရလည်း ခနပဲပေါ့ ဉာဏ်ရဲ့"

အဲ့သလိုပြောတော့ ဉာဏ်က နှာခေါင်းရှုံ့ကာ စကားလမ်းကြောင်းလွဲပစ်လိုက်တယ်။

ဉာဏ်ကို ဒီထက် ရင့်ကျက်စေချင်တယ် ၊
ကိုယ့်ဘဝက်ိုယ် ရပ်တည်စေချင်တယ် 
အဲ့လိုကောင်းမွန်တဲ့အရာတွေဖြစ်လာဖို့ ကိုယ်က
ဘေးကနေ အတူတူဖေးမပြီး
ကြိုးစားပေးမယ် ။ ဒါကိုယ့်ဖက်က မင်းအပေါ်ထားတဲ့
စေတနာတွေပဲ ။

မနက်စာစားပြီး နေ့လည်စာကိုမှာစားကြမယ်ဆိုတော့
ဘာမှထွေထွေထူးထူးလုပ်စရာမရှိ၍ တီဗီရှေ့ထိုင်ဖြစ်ကြသည်။ ဉာဏ်ရဲ့ အမေက ဖုန်းခေါ်လာတာကြောင့် ဉာဏ်ရဲ့ မဟုတ်တာတွေ စီကာပတ်ကုံးပြောနေတာကို ဘေးကနေ ပြုံးရင်း နားထောင်နေလိုက်သည်။ နောက်တစ်ခါဆို ဒီလိုမလုပ်ဖို့ ဆုံးမဖို့အတွက်ပါ စိတ်ထဲတေးထားလိုက်သည်။
ကိုယ့်ဆီလာတာကကိစ္စမဟုတ်ပေမယ့် တခြားနေရာသာဆို စိတ်ပူနေရမှာ ။

နေ့လည်စာကို Food Pandaနဲ့ မှာကာ အခန်းထဲမှာပဲ
စားသောက်ကြပြီး ဉာဏ်က ဂိမ်းဆော့နေ၍ အခန်းထဲဝင်ကာ စာအုပ်ဖတ်နေလိုက်သည်။ ၃နာရီလောက်ဆေးခန်းသွားထိုင်ရမည်ကို ကြိုပြောထားတာကြောင့် ဉာဏ်က အိမ်မှာစောင့်ရင်း ကျန်ခဲ့မယ်ဆ်ိုသည်။

" ဉာဏ်ကိုယ်သွားတော့မယ် ခနပဲ ၅နာရီကျော်လောက်ပြန်ရောက်မယ်"

" အင်း ဘာလုပ်ထားပေးရမလဲ ညနေစားသောက်ဖို့အတွက်"

"မလုပ်ထားနဲ့ ဉာဏ် လူစုံမှ အတူတူလုပ်ကြမယ်
ကိုယ်သွားပြီနော်"

"အင်း"

"ဘယ်သူလာလာ တံခါးမဖွင့်ပေးနဲ့နော်"

လွယ်အိတ်ထဲ ပစ္စည်းကိရိယာတွေ စုံလား ခေါင်းငုံ့ကာစစ်ဆေးနေတုန်း ပါးတစ်ဖက်ပေါ်က ခပ်နွေးနွေးအထိအတွေ့။ အလန့်တကြားမော့ကြည့်မိတော့ သွားချွန်ချွန်တွေပေါ်လာအောင် ရယ်ပြပြန်သည်။

" စိတ်ချပါ"

" ဟုတ်ပါပြီ သွားပြီ"

Taxiပေါ်ရောက်တဲ့အထိ ပါးပေါ်က ခပ်နွေးနွေးဓာတ်လေးက မပျောက်သေးတာမို့ ပြုံးရပြန်သည်။
—————————

အစ်ကိုထွက်သွားပြီး ဘာမှလုပ်စရာမရှိတာနဲ့ကုတင်ပေါ်လှဲပြီး လေယာဉ်လက်မှတ်ဝယ်မလို့လုပ်နေရာကနေ
ဟိုတွေးဒီတွေးနဲ့ အိပ်ပျော်သွားလိုက်တာ မျက်နှာပေါ်က ယွစိစိအထိအတွေ့ကြောင့် နိုးလာတော့သည်။
မျက်လုံးဖွင့်မကြည့်ရသေးခင် ရနေတဲ့ ကိုယ်သင်းနံ့ကြည်ကြည်လေးကြောင့် ဘယ်သူလဲဆိုတာသိလိုက်သည်။

"ပြန်လာပြီလား"

အမေးနဲ့အတူ အစ်ကိုပေါင်ပေါ် ခေါင်းရွေ့ပစ်လိုက်တော့
အစ်ကိုက ဆက်ခနဲလန့်သွားပုံရသည်။ အခုထိ အစ်ကိုက
သူနဲ့ထိတွေ့ရတာ သိပ်အသားကျသေးပုံမပေါ်ဘူး။ အသားကျသွားအောင် များများထိတွေ့ပေးရမယ်။

" အင်း ပြန်လာပြီ ညနေရောက်နေပြီ ထတော့
နေလို့မကောင်းဘဲ နေမယ်"

"အင်း သဘက်ခါပြန်ဖို့ လေယာဉ်လက်မှတ် ဝယ်မလို့
လုပ်ရင်း အိပ်ပျော်သွားတာ"

" flight နဲ့ ပြန်မှာလား"

" အင်း"

" တစ်ခုခုလိုရင် ကိုယ့်ကိုပြောနော်
အခုတော့ထ အစားအသောက်တွေ
ပြင်ဆင်ရအုန်းမယ်"

၆နာရီခွဲလောက်ရောက်တော့ ကိုစည်သူတို့ပြန်ရောက်လာသည်။ မသုန်လည်း ခုနနေတော့ အဝတ်အစားလဲကာ
ပြန်တက်လာသည်။ ကြီးကြီးမေက မသုန်ကိုဆို ဒီအခန်းကို မသင့်တော်ဘူးဆိုတာ မတွေးမိအောင် စိတ်ချသည်။

ဝယ်လာတဲ့ Jager ပုလင်းကို ကိုစည်သူက ကိုလာတွေ sharkတွေနဲ့ရောပေးနေပြီး ကိုယ်ကတော့ အစ်ကိုနဲ့အတူအစားအသောက်တွေ့ အိမ်ရှေ့ခန်းသယ်ပေးနေရသည်။သိပ်တော့ထွေထွေထူးထူးမဟုတ်  ကြက်သားကြော်ရယ် ခုနကအစ်ကိုဆေးခန်းကအပြန်ဝင်ဝယ်လာတဲ့
ငါးမာလာရယ် အကင်တစ်ချို့ရယ် အာလူးကြော်တွေရယ်ပါပဲ။

" မသောက်တော့ဘူး မနက်ဖြန် dutyရှိလို့"

ကိုစည်သူကမ်းလာတဲ့ ခွက်ကို  အစ်ကိုကခေါင်းခါပြတော့ လှည့်ကြည့်မိသည်။ ထမင်းကို ပန်းကန်လုံးနဲ့ထည့်ပြီး ကိုယ့်ဘေးဝင်ထိုင်ကာ ဟိုဟာနည်းနည်း ဒါနည်းနည်းသာ
စားနေသည်။ ပြီးတော့ အကုန်လုံးအတွက် ငါးအရိုးထွင်ပေးနေပြန်သည်။ တူကိုကျွမ်းကျွမ်းကျင်ကျင်ကိုင်ပြီး
သေချာ အရိုးထွင်ထားတဲ့ အသားတစ်ချို့ကို ပန်းကန်အလွတ်ထဲ ထည့်ပေးနေသည်။

ကိုယ်တိုင်လည်း အများကြီးမသောက်ရသေးပေမယ့် ပူပူထူထူဖြစ်လာတော့ ဘာမှမဟုတ်ပဲနဲ့ကို အစ်ကို့ကို
ခနခန လှည့်ကြည့်နေမိသည်။ စကားဝိုင်းကို ကိုစည်သူက ဦးဆောင်နေပြီးမသုန်ကတော့ ဘေးကနေ အတင်းဝင်ပြောကာ၊ တစ်ခါတစ်ခါစကားဝိုင်းထဲ "သိလား ဦးလေး"ဆိုပြီး အစချီကာ အခေါ်ခံရလျှင် ကျွန်တော် ဆရာဝန်ကြီးသည် ခေါင်းတငြိမ့်ငြိမ့်နဲ့ အရယ်တလိုင်း။

" မူးပြီလား"

ကိုယ့်ကိုလှည့်ကြည့်လာကာ မျက်ခုံးလေးပင့်ကာမေးလာတော့လည်း ခပ်ပြုံးပြုံး။ ကြမ်းပြင်ပေါ်ဘေးကပ်ထိုင်နေရင်းကနေ တဖြေးဖြေး တိုးကပ်သထက် တိုးကပ်ပစ်လိုက်တော့ အစ်ကိုက ပုခုံးပေါ်ခပ်ဖွဖွလေး မှီချလာသည်။ မနေနိုင်စွာ ငုံ့ကြည့်မိတော့ ကိုယ့်ကိုမှီကာ အရှေ့က စကားပြောနေတာကို နားထာင်နေသည်။ ဒီအတိုင်းဆို အစ်ကိုဘေးမှာရှိရင် မူးပစ်လို့မရဘူးဘဲ ။မြင်ကွင်းထဲက အစ်ကိုက ရူးလောက်အောင်ပဲ။

အပေါ်စီးကမြင်နေရတဲ့ မျက်ခွံလေးတွေ မျက်တောင်လေးတွေ နှာဖျားလေးတွေတောင် ကြည့်ကောင်းတယ်။
တစ်ခါတလေ အစ်ကိုကို ပိုင်ဆိုင်ဖို့ဆို အများကြီးကြိုးစားပြီး အများကြီးဖြတ်သန်းရမယ်ဆိုတာသိပေမယ့် အဲ့ဒီ့အချိန် အစ်ကို့ကို အခုလိုလေးငြိမ်းချမ်းအောင် ထားနိုင်ပါ့မလား တွေးမိရင် ကိုယ့်ဘာသာကိုတောင် စိတ်ပူရတယ်။

စားပြီးသောက်ပြီးတော့ ၈နာရီကျော်သာရှိသေးပေမယ့်
"စည်သူ သုန်လေးကို လိုက်ပို့လိုက်အုန်း"ဆိုတဲ့ စကားနောက် ကိုစည်သူနှင့်မသုန်ထွက်သွားတော့ သိမ်းဆည်းရသူက
သူကိုယ်တိုင်ပဲဖြစ်သည်။ ဘေးကနေ ကြည့်မနေနိုင်စွာ သိမ်းကူနေတော့လည်း ဘာမှမပြော။

"မနက်မှ ဆေးရင် ကိုယ်ဆေးရုံနောက်ကျမှာ"

ဖန်ခွက်၄လုံးနှင့်အတူ ပန်းကန်အချ်ို့ကို ဘေစင်မှာ ဆေးကြောနေတော့ နောက်ကနေမြင်နေရတဲ့ ကျောပြင်လေးက တလှုပ်လှုပ်။

" ဉာဏ်"

အတင့်ရဲစွာ နောက်ကနေ သိုင်းဖက်ကာ ပုခုံးပေါ်မျက်နာအပ်လိုက်တော့ တုန်ယင်စွာ ထွက်လာတဲ့ အသံလေး။

"ဖက်ထားချင်လို့"

" မူးနေတာပဲ အမူးပြေချင်လား ဉာဏ်"

"ဟင့်အင်း"

" ဟား ဟား ဘာပုံစံလဲ ဒါက"

အစ်ကိုက ပေါ့ပေါ့ပါးပါးရယ်နေပေမယ့်
အခုမှ emotional အရမ်းဖြစ်နေတဲ့ ကိုယ့်ဘာသာကို
လည်း နားမလည်နိုင်တော့ ။ နှစ်ယောက်လုံးအတူတူ
သဘောတူစွာ လက်တွဲနေကြပေမယ့် တစ်ယောက်တည်း
စိတ်ကူးယဉ်နေရသလို၊မျှော်လင့်နေရသလို ပြီးတော့
တစ်ယောက်တည်း မခွဲမခွါရက်ဖြစ်နေရသလိုပဲ။

" မျက်နာသစ်မလား"

" အင်း"

မျက်နာသစ် အဝတ်အစားလဲပြီး ပြန်ထွက်လာတော့ အစ်ကိုက ကိုစည်သူလည်းပြန်ရောက်လာပြီမို့ တံခါးတွေ သော့ပြန်ခတ်နေသည်ထင် အခန်းထဲမရှိပြန်ဘူး။ ကုတင်ပေါ်တက်လှဲပြီး ဖုန်းကိုသာ ကြည့်နေလိုက်သည်။

" ဩော  ပြီးပြီလား နေလို့အဆင်ပြေလား ဉာဏ်"

" အင်း"

" အင်း အင်း ကိုယ် အဝတ်အစားလဲအုန်းမယ်"

ညအိပ်ဝတ်တစ်စုံယူကာ ရေချိုခန်းထဲဝင်သွားပြီး ခနအကြာ ပြန်ထွက်လာသည်။ ပြီးတော့ မနက်သူယူသွားမည့် အိတ်ကိုစစ်ဆေးပြီးမှ ကုတင်ပေါ်ရောက်လာသည်။
ဖုန်းကိုလက်ကချပြီး သူ့ဘက်လှည့်လိုက်တော့ နားထင်နေရာကို လက်မနဲ့အသာလာပွတ်သည်။

" ဉာဏ် အိပ်တော့မလို့လား"

" ဟင့်အင်း"

အဖြေနှင့်အတူ အစ်ကိုရင်ခွင်ထဲ ငုံ့ချကာ တိုးဝင်ပစ်လိုက်တော့ လန့်သွားပုံရတယ် ကိုယ့်မျက်နာကို အတင်းငုံ့ကြည့်လာသည်။

" ဘာဖြစ်လို့လဲ"

" ဟင့်အင်း"

" ဘာဖြစ်လို့လဲ ကိုယ့်ကိုပြောလေ"

" တကယ်တော့ ကျွန်တော် ဘာမှမဖြစ်ရလည်း
ရတယ်ထင်တယ် အစ်ကိုက ဘယ်လိုမှ မနေပေမယ့် တစ်နေ့လုံး အဲ့ဒီအကြောင်းကို တွေးမိနေပြီး
အရမ်းစိတ်ပင်ပန်းတယ် အစ်ကိုက အတူတူရှိနေဖို့ကို
တကယ်မတွေးထားဘူးလေ"

" ဉာဏ်ရယ် ဘာလို့ အဲ့သလိုတွေးရတာလဲ
ကိုယ်က ဖြစ်သင့်တာကိုပြောတာပါ ဉာဏ်ဖြစ်ချင်တာတွေကို ဖြစ်စေချင်တာပါ  ဉာဏ်က ကိုယ်နဲ့ ဘယ်အထိအဝေးကိုသွားနိုင်မှာမလိူ့လဲ ကိုယ်က မလိုက်လာတော့ဘူးတဲ့လား ပြီးတော့ ဒါကသေချာပေါက်ဖြစ်လာမယ်လို့လည်း
တွက်လို့မရဘူးလေ ကိုယ်ပြောထားပြီးသားရော ဉာဏ်ကိုယ့်ကိူချစ်နေသ၍ ကိုယ်တို့အတူတူဖြစ်နေပြီးသားဆိုတာ
အင်း ဘာပဲဖြစ်ဖြစ်ပါ ကိုယ့်ကြောင့် ဒီနေ့ ဉာဏ်စိတ်ညစ်ရတယ်မလား ကိုယ်တောင်းပန်တယ်နော်"

" အင်း ကျွန်တော်လုပ်မည့်အရာမှန်သမျှ အစ်ကိုသိရမှာမို့ အစ်ကိုကပဲ ရင့်ကျက်ပြီး ကျွန်တော့်ကို ကလေးလို့မတွေးနဲ့"

" ဟား ဟား မတွေးပါဘူးဗျာ ဉာဏ်က ကလေးမဟုတ်တာ
ကိုယ်သိတယ်လေ"

"မရယ်နဲ့"

" ဪ ဘဝကလည်းကွာ ကောင်လေးက မူးတိုင်းအရစ်ခံရမယ့်ဘဝပါလား"

"အစ်ကိုနော်"

"ဟား ဟား"

နားရွက်တွေကို ခပ်ဖွဖွလာကိုက်တာကို စိတ်ဆိုးချင်ယောင်ဆောင်တော့လည်း တခစ်ခစ်ရယ်နေသေးတယ်။ တစ်ခါတစ်လေ ကျွန်တော့်ဆရာဝန်ကြီးကလည်း အဆိုးလေးပါပဲ။ ပြောမနိုင်ဆိုမနိုင်ပဲ  စိတ်ဆိုးနေလည်း ကလေးတစ်ယောက်ကို ထိုင်ကြည့်ပြီးရယ်နေသလ်ိုကို ရယ်နေတာ။

——////———////———-////———

ဒီေန႔ ေဆး႐ုံနားရက္လည္းျဖစ္တာေၾကာင့္ ေနျမင့္တဲ့အထိ အိပ္လိုက္မိတာ နိုးလာေတာ့ ၈နာရီခြဲေနၿပီျဖစ္သည္။ ေဘးကိုလွည့္ၾကည့္မိေတာ့ ဉာဏ္က ၿငိမ္ၿငိမ္ေလးအိပ္ေနတုန္းပဲရွိေသးတာမလို႔ နိုးသြားမည္စိုး၍
ကုတင္ေပၚက ခပ္ဖြဖြေလးဆင္းလိုက္ၿပီး အိမ္ေရွ႕ခန္းထြက္လာေတာ့ စည္သူက အျဖဴ နက္ျပာ ယူနီေဖာင္းအျပည့္အစုံျဖင့္ ေက်ာင္းသြားဖို႔ ျပင္ေနသည္။

" ေအာ္ နိုးၿပီလား အခုပဲ လာနိုးေတာ့မလို႔"

"အင္း ဘာလိုလို႔လဲ"

ေရကို ဖန္ခြက္ထဲထည့္ေနရင္းေမးေတာ့ စည္သူက ေရခဲေသတၱာကိုဖြင့္ၿပီး တစ္ခုခုရွာေနသလိူၾကည့္ေနရင္း
ျပန္ေျဖသည္။

"ဒီေန႔ presentation ရွိတယ္ အဲ့တာ ကားယူသြားမလို႔"

" ယူသြားေလ ဆီလည္း မေန႔ကမွ ထည့္ထားတာ ယူသြား မုန့္ဖိုးလိုေသးလား"

" ရတယ္ ရွိေသးတယ္  ၾကည့္စမ္း ခ်ိဳခ်ဥ္ေတြေတာင္ ဝယ္ထည့္လို႔ပါလား"

မေန႔က ဉာဏ္ယူလာတဲ့ သံဗူးအျပားေလးနဲ႔ ခ်ိဳခ်ဥ္ဘူးကို စည္သူက ကိုင္ၾကည့္ရင္း လွမ္းစသည္။ စလည္းစခ်င္စရာပါ အရင္ကဆို အိမ္က ေရခဲေသတၱာက ဟင္းခ်က္စရာနည္းနည္းနဲ႔ ေရဘူးေတြသာ ျပည့္ေနတာမ်ိဳးျဖစ္သည္။ အခုေတာင္ ဉာဏ္လာေနမည့္တပတ္စာ ေရခဲေသတၱာထဲ စည္ကားေနေတာ့ စည္သူတို႔ အႀကိဳက္
စေနာက္ေနေတာ့သည္။

"မနက္စာ ဘာစားထားလဲ"

" ထမင္းေတြ႕လို႔ ေၾကာ္စားထားတယ္
က်န္ေတာ့မက်န္ေတာ့ဘူး ထမင္းေပါင္းအိုးလည္း ႏွိပ္ထားၿပီးၿပီ "

" အင္း အင္း ညေန ဘယ္အခ်ိန္ျပန္ေရာက္မွာလဲ
အိမ္မွာ တစ္ခုခုလုပ္စားၾကရေအာင္
သုန္ေလးတို႔ေကာေခၚခဲ့"

" ၆နာရီေလာက္ဆိုျပန္ေရာက္ေလာက္တယ္
ဖုန္းဆက္လိုက္မယ္ေလ ဒါေရာလား"

လက္မကို ပါးစပ္နားေတာ့ကာ လုပ္ျပလာတဲ့ စည္သူေၾကာင့္

"ေသာက္ခ်င္လို႔လား ေဆးခန္းကေနအျပန္ဝင္ဝယ္
လိုက္မယ္ ဉာဏ္လည္း ရွိေနေတာ့ ေသာက္ခ်င္ေသာက္ေလ အိမ္မွာပဲ အကုန္လုံးေခၚလိုက္ေတာ့"

" အိုေက အိုေက သြားၿပီ"

စည္သူထြက္သြားၿပီးမွ မ်က္နာသစ္သြားတိုက္ဖို႔ အခန္းထဲျပန္ဝင္လာေတာ့ ဉာဏ္က မနိုးေသးတာေၾကာင့္ အဝတ္တစ္စုံယူကာ ေရခ်ိဳးခန္းထဲဝင္လိုက္သည္။

ေရခ်ိဳးခန္းထဲေရာက္ေတာ့ မွန္ေပၚကျပဳံးေနတဲ့ ကိုယ့္မ်က္နာကို ျပန္ၾကည့္ရင္း ဟိုးအစကေန ျပန္ေတြးေနမိသည္။ ဘယ္သူကထင္မွာလဲ သူအခုလိုေကာင္ေလးတစ္ေယာက္ကို ရည္းစားေတာ္ရမယ္လို႔။ အဲ့လိုပဲ ဉာဏ္ကေရာ ဘာလို႔ ဒီအထိ႐ူး႐ူးမိုက္မိုက္တိုးဝင္လာရသလဲ။

ကိုယ္ကေတာ့ ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္ေနနိုင္ၿပီဆိုၿပီး ေရွ႕ဆက္ဖို႔ သိပ္မထိတ္လန့္ေပမယ့္ ဉာဏ္ကေတာ့ အခုမွ ေက်ာင္းၿပီးလို႔ ဘဝကိုစရမည့္သူမလို႔
ဘာမွေတာ့ အမ်ားႀကီး ေမၽွာ္လင့္ထားလို႔ျဖစ္မယ္မထင္ဘူး။ ဒီလိုေျပာလို႔လည္း အယုံအၾကည္ကင္းမဲ့ေနတာမ်ိဳးလည္း မဟုတ္ျပန္ဘူး။

ငယ္ေသးတဲ့ ဉာဏ္က
စိတ္ကစားေနတာလို႔ေျပာလာခဲ့ရင္ ဘာမွမတတ္နိုင္ပဲ
လက္လႊတ္ေပးလိုက္ရမယ့္အျဖစ္ကို မလိုလားတာပါ။
ဉာဏ့္ကို တကယ့္ခ်စ္ျခင္းေမတၱာဆိုတာ ဘယ္လိုလည္းသိေအာင္ျပခ်င္တယ္ ၿပီးေတာ့ ကိုယ့္ေဘးမွာ
ဉာဏ္ကိုယ္တိုင္က တစ္ဘဝလုံး လိုလိုလားလားနဲ႔
ရွိေပးေစခ်င္တယ္ဆိုတဲ့အထိ ဉာဏ္ကိုယ့္အေပၚ သက္ဝင္လာဖို႔ အမ်ားႀကီးႀကိဳးစားရမယ္။တစ္နည္းအားျဖင့္ တစ္ေယာက္နဲ႔တစ္ေယာက္ ယုံၾကည္မွု
နားလည္မွုေတြ တည္ေဆာက္ရမယ္ေပါ့။

က္ိုယ္ကတစ္ခုခုဆို အတြင္းက်က်ေလ့လာၿပီးအေသးစိတ္ကအစ ျပင္ဆင္တတ္တဲ့အက်င့္တစ္ခုရွိတယ္။ အခုလည္း အမွန္တိုင္းေျပာရရင္ ဉာဏ္ကိုယ့္ေဘးဆီေရာက္လာတယ္ဆိုတဲ့ ျဖစ္စဥ္မွာ ကိုယ္ေလ့လာခဲ့တာေတြေကာ ျပင္ဆင္ခဲ့တာေတြေကာ အမ်ားႀကီးပဲ။ ရင္ခုန္သံခ်ိဳခ်ိဳေလးေတြျဖစ္တိုင္း အခ်စ္လို႔သတ္မွတ္ခဲ့ဖူးတဲ့ အရြယ္ကို အသက္အားျဖင့္ေက်ာ္လြန္လာခဲ့ၿပီမို႔ အဲ့ဒီ့ရင္ခုန္သံခ်ိဳခ်ိဳေလးေတြၾကားကပဲ ကိုယ္ဉာဏ့္ကို ေတာ္ေတာ္ေလ့လာခဲ့တယ္။

စိတ္ပိုင္းဆ္ိုင္ရာ အမ်ားႀကီးျပင္ဆင္ခဲ့တာမို႔ မေမၽွာ္လင့္ဘဲ တစ္ခုခုဆိုတာမ်ားၾကဳံလာခဲ့ရင္ ဉာဏ့္ကိုအမ်ားႀကီးေဖးမနိုင္မယ္လို႔ ထင္တယ္။ အစစအရာရာ အမ်ားႀကီးျပင္ဆင္ေနရင္းကပဲ ဉာဏ္က ဆုေတာင္းေကာင္းခဲ့ပုံရတယ္။ ကိုယ္တကယ္သေဘာမက်ဘဲ မေနနိုင္ေလာက္ေအာင္ တြယ္ကပ္တတ္တယ္။

ဖုန္းထဲက အသံေလးနဲ႔တင္ တစ္ေနကုန္အေမာေတြေျပေစတဲ့အထိ ဉာဏ္က စြမ္းေဆာင္နိုင္တယ္။ ေျပာစကားနားေထာင္ေနသလိုလိုနဲ႔ ျပန္ၿပီး ဂ်စ္ကန္ကန္လုပ္တတ္တာလည္း ဉာဏ္ရဲ့ ဆြဲေဆာင္မွုတစ္ခုျဖစ္ပုံရတယ္။
မိသားစုထဲက အခ်စ္ခံရတဲ့ အငယ္ဆုံးေလးပီပီ
ေနာက္ဆုံးမွာ သူ႔ကိုခ်စ္ရင္ အေလ်ာ့ေပးရမယ္ဆိုတဲ့
ပုံစံမ်ိဳး။ စည္သူလည္း အဲ့လ္္ိုtypeမ်ိဳးဆိုေပမယ့္
ဉာဏ္ကက် ေသြးသားမေတာ္စပ္ပါပဲ အသည္းတယားယားနဲ႔ ျဖစ္ရသည္။

ေဒါက္ ေဒါက္

"အစ္ကို ေရခ်ိဳးေနတာလား"

အေတြးလြန္ေနတုန္း တံခါးေခါက္သံနဲ႔အတူ ဉာဏ္ရဲ့အေမးကိုပါၾကားလိုက္ရသည္။

"အင္း ကိုယ္ၿပီးေတာ့မွာ"

" ဟုတ္"

ခပ္ျမန္ျမန္ေရခ်ိဳးၿပီးတာနဲ႔ တစ္ခါတည္း အဝတ္ပါလဲၿပီး ေရခ်ိဳးခန္းထဲကထြက္ေတာ့ ဉာဏ္က ကုတင္ေပၚမွာ ဖုန္းကိုၾကည့္ၿပီး ဘာကိုသေဘာက်သည္မသိ ရယ္ေနသည္။

" ဉာဏ္ ကိုယ္ၿပီးၿပီ"

" အင္း"

ျပန္သာေျဖလာတာ အခုထိ ဖုန္းဆီက အၾကည့္ကမခြါေသးတာေၾကာင့္ အနားကိုတိုးကပ္သြားလိုက္သည္။

"ဘာေတြ သေဘာက်ေနတာလဲ"

" ဒီမွာေလ အားေဝတို႔ ပို႔ထားတဲ့ပုံေတြ ရယ္ေနရတယ္"

ဖုန္းမ်က္နာျပင္ေလးကို ကိုယ့္ဖက္ထိုးျပရင္း ဉာဏ္က
အရယ္လည္းမပ်က္ပါ။  ပုံေတြက တကယ္လည္းရယ္ရပါသည္ ။ သူငယ္ခ်င္းေတြအုပ္စုလိုက္ ေပါက္တက္ကရလုပ္ေနတာေတြ Snap ပုံေတြျဖစ္သည္။

" ဘာလို႔ မလိုက္သြားဘဲ ကိုယ့္ဆီကို လာတာလဲ
သူငယ္ခ်င္းေတြနဲ႔ အမွတ္တရေလး ျဖစ္ရမွာကို"

"ေဘာ္ဒါအရင္းဆိုလို႔ အားေဝနဲ႔ စိုင္းဟတ္ပဲ ရွိတာ
သူတို႔နဲ႔က ဘယ္အခ်ိန္သြားသြားရပါတယ္ဗ်ာ
တျခားလူေတြက် ေမးထူးေခၚေျပာပဲ အဲ့လိုလူေတြနဲ႔က
ဘာအမွတ္တရမွမရွိလည္း ဝမ္းနည္းမေနပါဘူး"

" ဟုတ္ပါၿပီ ဆရာေလးရယ္
ေရသြားခ်ိဳးေတာ့ ကိုယ္ဗိုက္ဆာၿပီ"

" အင္း  ရႊတ္ ေမႊးေနတာပဲ"

နားထင္ေနရာကို ထိေအာင္မနမ္းပဲ ျဖတ္ကနဲ ကပ္လာကာ အနံ႔ရွုသြားတဲ့ ဉာဏ္က တကယ္ကိုမနိုင္ဘူး။ မေန႔ညကလည္း မအိပ္မခ်င္း ဟိုနမ္းဒီနမ္းနဲ႔ ။

ထမင္းကေတာ့ စည္သူခ်က္သြားလို႔ရွိေပမယ့္
မနက္စာဘာစားရင္ေကာင္းမလဲ စဥ္းစားရင္း ဝရံတာမွာေမးေထာက္ကာ ဟိုဟိုသည္သည္ေငးေနမိသည္။
ကိုယ္ကေတာ့ သိပ္ဂ်ီးမမ်ားေပမယ့္ ဉာဏ္ကေတာ့အဲ့သလိုမဟုတ္ သိပ္ဂ်ီးမ်ားသည္။ အရည္နဲ႔အဖတ္တြဲစားရတဲ့ မုန့္ဟင္းခါး၊ၾကာဇံဟင္း၊ အုန္းနို႔ေခါက္ဆြဲသကဲ့သို႔ စားစရာမ်ား ဉာဏ္ဟာ လုံးဝမစားပါ။ နန္းႀကီးသုပ္ေတာ့ ႀကိဳက္ပါသည္တဲ့။  ဒါေပမယ့္ ေခါက္ဆြဲျပဳတ္ေတာ့စားျပန္တယ္။ ၾကက္ဥဆိုလည္း ေၾကာ္တာကလြဲ အျပဳတ္၊ဟင္းခ်က္ရင္ လုံးဝမစားသူတဲ့။

အတည္တက်မတြဲခင္ကာလက ဉာဏ္ကိုယ္တိုင္ေျပာျပခ်က္မ်ားအျပင္ ေအာက္ထပ္က အန္တီက အစားအေသာက္တစ္ခုလုပ္စားတိုင္း ဉာဏ္အေၾကာင္း အျမဲပါသည္။ "သားငယ္ေလးက အစားဂ်ီးမ်ားလြန္းလို႔ ငယ္ငယ္တည္းက ဂ႐ုစိုက္ရတယ္ သားႀကီးက်ေတာ့ ဘာနဲ႔ပဲျဖစ္ျဖစ္ စားတတ္ေတာ့ စိတ္မပူရဘူး"စေသာ စကားမ်ား အျမဲေျပာကာ ဉာဏ္က ဘာႀကိဳက္တယ္ မႀကိဳက္ဘူးဆိုတာ အျမဲေဖာက္သည္ခ်သည္။

"မပူဘူးလား အျပင္မွာေနပူေနတာကို"

အပူေၾကာက္တဲ့ ေတာင္ႀကီးသားေလးက တံခါးေပါက္ကေန ေခါင္းေလးပဲထြက္ကာ မ်က္ခုံးတို႔ တြန့္ကုတ္ရင္း ေမးလာသည္။ ခပ္ဖြဖြရယ္ကာ အိမ္ထဲျပန္ဝင္လာေတာ့ ေသခ်ာေျခာက္ပုံမရေသးတဲ့ ဆံပင္ေတြကို ဉာဏ္ကလက္နဲ႔ခါေနသည္။

" ဘာစားၾကမလဲ"

" ေကာ္ဖီ"

" အိုေက ေကာ္ဖီနဲ႔ မေန႔ကဝယ္လာတဲ့ ေပါင္မုန့္ကို ကင္ၿပီး Nutella နဲ႔စားၾကတာေပါ့ "

ေဘးကေန လိုက္လာတဲ့ ဉာဏ္ရဲ့ ေျခဖမိုးဝါဝင္းဝင္းေလးဟာ အေမြးအိတ္ေလးေတြနဲ႔ ၾကည့္ေကာင္းသည္။
အျမဲတမ္းေျခအိတ္ဝတ္တတ္လို႔ထင္ပါရဲ့ ဖိနပ္သဲႀကိဳးရာေလးေတာင္ ရွိမေနပါ။ ကိုယ္ေျခဖမိုးကေတာ့  သဲၾက္ိုးရာ အျဖဴေလးက ပိုထင္းေနသည္။

အိမ္ေျပာင္းကာစ စည္သူနဲ႔ Oceanမွာ ပန္းကန္ေတြ အိုးေတြ မီးဖိုေခ်ာင္သုံးပစၥည္းေတြသြားဝယ္ရင္း လက္တည့္စမ္းဖို႔ဝယ္လာတဲ့ Toaster ေလးရွိေနေတာ့ အဆင္ေျပသြားသည္။ မနက္စာကို ေပါင္မုန့္သိပ္မစားတတ္တဲ့ တူဝရီးႏွစ္ေယာက္က ဝယ္လာၿပီးကတည္းက
ႏွစ္ခါလားပဲ သုံးရေသးသည္။

ကိုယ္ေပါင္မုန့္ကင္ေနတုန္း ဉာဏ္က ေကာ္ဖီေဖ်ာ္ေနသည္။ ၁၅မိနစ္ေလာက္နဲ႔ ျပင္ဆင္ၿပီး အတူတူထိုင္စားရင္း
ေျပာျဖစ္တဲ့အေၾကာင္းအရာကလည္း ဟိုေရာက္ဒီေရာက္။ ဒီည အိမ္မွာလူစုၿပီး မုန့္လုပ္စားၾကမည့္အေၾကာင္း
ေျပာေတာ့ ဉာဏ္က ေပ်ာ္ေနပုံရသည္။

"  မိုးကုတ္က ေတာ္ေတာ္ေဝးတယ္မလား"

"မေရာက္ဖူးဘူးလား"

"မေရာက္ဖူးဘူး"

"ေနာက္က် ကိုယ္ေခၚသြားမယ္ေလ"

"အိုေက ေနာက္ႏွစ္ျပန္ရင္ ေခၚသြား"

"ဉာဏ္ ျမန္မာမွာ ရွိေနေသးရင္ေပါ့"

" Diploma က ဒီမွာပဲ ယူလည္းရတာပဲ"

" Diploma တစ္ခုတည္းအတြက္ နိုင္ငံျခားထြက္ခိုင္တာမဟုတ္ဘူး ဟိုေရာက္ရင္ ၂၄နာရီအတြင္း စကၠန့္တိုင္းကို ဉာဏ္က manageလုပ္ရမယ္ response လုပ္ရမယ္ ၿပီးရင္ financial ပိုင္း လူမွုဆက္ဆံေရးပိုင္း အကုန္လုံး သူစိမ္းေတြနဲ႔ဆက္ဆံတဲ့အခါ တိက်ေစ့စပ္မွုရွိရမယ္ ဒါေတြကိုပါတစ္ခါတည္း သင္ယူလာရမွာေလ တစ္ဆင္ခံအသိကေန ကိုယ္တိုင္အသိျဖစ္လာေအာင္ လက္ေတြ႕လုပ္ၾကည့္ရတယ္တဲ့"

"အစ္ကိုကေရာ ဘာလို႔ မသြားတာလဲ"

"တကယ္ေတာ့ ကိုယ္က ဆရာဝန္ကို ပိုက္ဆံေၾကာင့္လုပ္တာလည္းမဟုတ္ဘူး ဝါသနာအရမ္းပါလို႔လုပ္တာလည္းမဟုတ္ဘူး ကိုယ္တို႔နိုင္ငံမွာ အၾကပ္အတည္းဆိုတာ ဘဝလားလ္ို႔ေမးရေလာက္ေအာင္
ခက္ခဲတဲ့ဘဝေတြရွိေနတယ္ သူတို႔အတြက္အားကိုးစရာဆိုတာ ျပည္သူ႔ေဆး႐ုံေတြကလြဲ တျခားရွားပါးလြန္းေနတယ္မလား  ဒါေတာင္ စည္သူေက်ာင္းမၿပီးေသးလို႔
ကိုယ္နယ္ဘက္ေတြေျပာင္းေလၽွာက္ဖို႔ေတြးေနတာ မဟုတ္လည္း NGOဘက္ေပါ့"

" အနာဂတ္မွာ ကၽြန္ေတာ့္ကို ဘာအျဖစ္ျမင္ခ်င္လဲ"

" ဉာဏ္ျဖစ္ခ်င္တဲ့ဘဝမွာ ဉာဏ္ေပ်ာ္ေနတာမ်ိဳးေပါ့"

"အစ္ကိုကေရာ"

"အင္း ကိုယ္လား
ကိုယ္က အသက္၄၀ေလာက္ေရာက္ရင္ 
ရပ္ကြက္ေလးတစ္ခုမွာ ၿခံေလးတစ္ကြက္ေလာက္ဝယ္ၿပီး
ေဆးခန္းေလးေဆာက္မယ္ သူနာျပဴအကူ၂ေယာက္ေလာက္ငွါးၿပီး တစ္နိုင္တစ္ပိုင္ေဆးခန္းေလးဖြင့္မယ္
၁၀ႏွစ္ေအာက္ ကေလးငယ္ေတြ ၿပီးေတာ့
အသက္၆၀ႏွင့္အထက္ေတြကို ကုသစရိတ္ေဆးဖိုးဝါးခ
မယူပဲ ကုသေပးမယ္ ဒီေလာက္ပါပဲ"

" ဒါနဲ႔ ကၽြန္ေတာ္ကေရာ"

"ဟမ္ ဘာကိုလဲ"

"ကၽြန္ေတာ္က အဲ့အခ်ိန္ ဘာလုပ္ေနလဲ"

အစက သေဘာမေပါက္ေပမယ့္ ဆိုလိုရင္းကို သေဘာေပါက္သြားေတာ့ မေအာင့္နိုင္ပဲ ရယ္မိေတာ့တယ္။

" ကိုယ္ေျပာၿပီးၿပီေလ ဉာဏ္ျဖစ္ခ်င္တဲ့ဘဝမွာေပါ့"

"ကၽြန္ေတာ္က ဓာတ္ပုံဆရာျဖစ္ခ်င္တာ
Natgeo( National Geographic )က photographers ေတြလိုမ်ိဴး Challenging ေတာ့ ျဖစ္ေပမယ့္ သူတို႔က ကမၻာႀကီးကို အျမင္ရဆုံးလူေတြလ္ု႔ထင္တယ္"

"  အင္း environmental protection ေတြပါ ေဆာင္းပါးေတြေရးၿပီး ျပန္ျဖန့္ေဝလို႔ရတာေပါ့ environmental ပိုင္း journalism ပိုင္းေတြေလ့လာရမယ္ထင္တယ္ တကယ္ သေဘာက်တဲ့အလုပ္ဆို ကိုယ္က  အားေပးပါတယ္"

" ဒါေပမယ့္ ခြဲေနရမွာေလ"

" က္ိုယ္တို႔ခြဲရလည္း ခနပဲေပါ့ ဉာဏ္ရဲ့"

အဲ့သလိုေျပာေတာ့ ဉာဏ္က ႏွာေခါင္းရွုံ႔ကာ စကားလမ္းေၾကာင္းလြဲပစ္လိုက္တယ္။

ဉာဏ္ကို ဒီထက္ ရင့္က်က္ေစခ်င္တယ္ ၊
ကိုယ့္ဘဝက္ိုယ္ ရပ္တည္ေစခ်င္တယ္ 
အဲ့လိုေကာင္းမြန္တဲ့အရာေတြျဖစ္လာဖို႔ ကိုယ္က
ေဘးကေန အတူတူေဖးမၿပီး
ႀကိဳးစားေပးမယ္ ။ ဒါကိုယ့္ဖက္က မင္းအေပၚထားတဲ့
ေစတနာေတြပဲ ။

မနက္စာစားၿပီး ေန႔လည္စာကိုမွာစားၾကမယ္ဆိုေတာ့
ဘာမွေထြေထြထူးထူးလုပ္စရာမရွိ၍ တီဗီေရွ႕ထိုင္ျဖစ္ၾကသည္။ ဉာဏ္ရဲ့ အေမက ဖုန္းေခၚလာတာေၾကာင့္ ဉာဏ္ရဲ့ မဟုတ္တာေတြ စီကာပတ္ကုံးေျပာေနတာကို ေဘးကေန ျပဳံးရင္း နားေထာင္ေနလိုက္သည္။ ေနာက္တစ္ခါဆို ဒီလိုမလုပ္ဖို႔ ဆုံးမဖို႔အတြက္ပါ စိတ္ထဲေတးထားလိုက္သည္။
ကိုယ့္ဆီလာတာကကိစၥမဟုတ္ေပမယ့္ တျခားေနရာသာဆို စိတ္ပူေနရမွာ ။

ေန႔လည္စာကို Food Pandaနဲ႔ မွာကာ အခန္းထဲမွာပဲ
စားေသာက္ၾကၿပီး ဉာဏ္က ဂိမ္းေဆာ့ေန၍ အခန္းထဲဝင္ကာ စာအုပ္ဖတ္ေနလိုက္သည္။ ၃နာရီေလာက္ေဆးခန္းသြားထိုင္ရမည္ကို ႀကိဳေျပာထားတာေၾကာင့္ ဉာဏ္က အိမ္မွာေစာင့္ရင္း က်န္ခဲ့မယ္ဆ္ိုသည္။

" ဉာဏ္ကိုယ္သြားေတာ့မယ္ ခနပဲ ၅နာရီေက်ာ္ေလာက္ျပန္ေရာက္မယ္"

" အင္း ဘာလုပ္ထားေပးရမလဲ ညေနစားေသာက္ဖို႔အတြက္"

"မလုပ္ထားနဲ႔ ဉာဏ္ လူစုံမွ အတူတူလုပ္ၾကမယ္
ကိုယ္သြားၿပီေနာ္"

"အင္း"

"ဘယ္သူလာလာ တံခါးမဖြင့္ေပးနဲ႔ေနာ္"

လြယ္အိတ္ထဲ ပစၥည္းကိရိယာေတြ စုံလား ေခါင္းငုံ႔ကာစစ္ေဆးေနတုန္း ပါးတစ္ဖက္ေပၚက ခပ္ေႏြးေႏြးအထိအေတြ႕။ အလန့္တၾကားေမာ့ၾကည့္မိေတာ့ သြားခၽြန္ခၽြန္ေတြေပၚလာေအာင္ ရယ္ျပျပန္သည္။

" စိတ္ခ်ပါ"

" ဟုတ္ပါၿပီ သြားၿပီ"

Taxiေပၚေရာက္တဲ့အထိ ပါးေပၚက ခပ္ေႏြးေႏြးဓာတ္ေလးက မေပ်ာက္ေသးတာမို႔ ျပဳံးရျပန္သည္။
—————————

အစ္ကိုထြက္သြားၿပီး ဘာမွလုပ္စရာမရွိတာနဲ႔ကုတင္ေပၚလွဲၿပီး ေလယာဥ္လက္မွတ္ဝယ္မလို႔လုပ္ေနရာကေန
ဟိုေတြးဒီေတြးနဲ႔ အိပ္ေပ်ာ္သြားလိုက္တာ မ်က္ႏွာေပၚက ယြစိစိအထိအေတြ႕ေၾကာင့္ နိုးလာေတာ့သည္။
မ်က္လုံးဖြင့္မၾကည့္ရေသးခင္ ရေနတဲ့ ကိုယ္သင္းနံ႔ၾကည္ၾကည္ေလးေၾကာင့္ ဘယ္သူလဲဆိုတာသိလိုက္သည္။

"ျပန္လာၿပီလား"

အေမးနဲ႔အတူ အစ္ကိုေပါင္ေပၚ ေခါင္းေရြ႕ပစ္လိုက္ေတာ့
အစ္ကိုက ဆက္ခနဲလန့္သြားပုံရသည္။ အခုထိ အစ္ကိုက
သူနဲ႔ထိေတြ႕ရတာ သိပ္အသားက်ေသးပုံမေပၚဘူး။ အသားက်သြားေအာင္ မ်ားမ်ားထိေတြ႕ေပးရမယ္။

" အင္း ျပန္လာၿပီ ညေနေရာက္ေနၿပီ ထေတာ့
ေနလို႔မေကာင္းဘဲ ေနမယ္"

"အင္း သဘက္ခါျပန္ဖို႔ ေလယာဥ္လက္မွတ္ ဝယ္မလို႔
လုပ္ရင္း အိပ္ေပ်ာ္သြားတာ"

" flight နဲ႔ ျပန္မွာလား"

" အင္း"

" တစ္ခုခုလိုရင္ ကိုယ့္ကိုေျပာေနာ္
အခုေတာ့ထ အစားအေသာက္ေတြ
ျပင္ဆင္ရအုန္းမယ္"

၆နာရီခြဲေလာက္ေရာက္ေတာ့ ကိုစည္သူတို႔ျပန္ေရာက္လာသည္။ မသုန္လည္း ခုနေနေတာ့ အဝတ္အစားလဲကာ
ျပန္တက္လာသည္။ ႀကီးႀကီးေမက မသုန္ကိုဆို ဒီအခန္းကို မသင့္ေတာ္ဘူးဆိုတာ မေတြးမိေအာင္ စိတ္ခ်သည္။

ဝယ္လာတဲ့ Jager ပုလင္းကို ကိုစည္သူက ကိုလာေတြ sharkေတြနဲ႔ေရာေပးေနၿပီး ကိုယ္ကေတာ့ အစ္ကိုနဲ႔အတူအစားအေသာက္ေတြ႕ အိမ္ေရွ႕ခန္းသယ္ေပးေနရသည္။သိပ္ေတာ့ေထြေထြထူးထူးမဟုတ္  ၾကက္သားေၾကာ္ရယ္ ခုနကအစ္ကိုေဆးခန္းကအျပန္ဝင္ဝယ္လာတဲ့
ငါးမာလာရယ္ အကင္တစ္ခ်ိဳ႕ရယ္ အာလူးေၾကာ္ေတြရယ္ပါပဲ။

" မေသာက္ေတာ့ဘူး မနက္ျဖန္ dutyရွိလို႔"

ကိုစည္သူကမ္းလာတဲ့ ခြက္ကို  အစ္ကိုကေခါင္းခါျပေတာ့ လွည့္ၾကည့္မိသည္။ ထမင္းကို ပန္းကန္လုံးနဲ႔ထည့္ၿပီး ကိုယ့္ေဘးဝင္ထိုင္ကာ ဟိုဟာနည္းနည္း ဒါနည္းနည္းသာ
စားေနသည္။ ၿပီးေတာ့ အကုန္လုံးအတြက္ ငါးအရိုးထြင္ေပးေနျပန္သည္။ တူကိုကၽြမ္းကၽြမ္းက်င္က်င္ကိုင္ၿပီး
ေသခ်ာ အရိုးထြင္ထားတဲ့ အသားတစ္ခ်ိဳ႕ကို ပန္းကန္အလြတ္ထဲ ထည့္ေပးေနသည္။

ကိုယ္တိုင္လည္း အမ်ားႀကီးမေသာက္ရေသးေပမယ့္ ပူပူထူထူျဖစ္လာေတာ့ ဘာမွမဟုတ္ပဲနဲ႔ကို အစ္ကို႔ကို
ခနခန လွည့္ၾကည့္ေနမိသည္။ စကားဝိုင္းကို ကိုစည္သူက ဦးေဆာင္ေနၿပီးမသုန္ကေတာ့ ေဘးကေန အတင္းဝင္ေျပာကာ၊ တစ္ခါတစ္ခါစကားဝိုင္းထဲ "သိလား ဦးေလး"ဆိုၿပီး အစခ်ီကာ အေခၚခံရလၽွင္ ကၽြန္ေတာ္ ဆရာဝန္ႀကီးသည္ ေခါင္းတၿငိမ့္ၿငိမ့္နဲ႔ အရယ္တလိုင္း။

" မူးၿပီလား"

ကိုယ့္ကိုလွည့္ၾကည့္လာကာ မ်က္ခုံးေလးပင့္ကာေမးလာေတာ့လည္း ခပ္ျပဳံးျပဳံး။ ၾကမ္းျပင္ေပၚေဘးကပ္ထိုင္ေနရင္းကေန တေျဖးေျဖး တိုးကပ္သထက္ တိုးကပ္ပစ္လိုက္ေတာ့ အစ္ကိုက ပုခုံးေပၚခပ္ဖြဖြေလး မွီခ်လာသည္။ မေနနိုင္စြာ ငုံ႔ၾကည့္မိေတာ့ ကိုယ့္ကိုမွီကာ အေရွ႕က စကားေျပာေနတာကို နားထာင္ေနသည္။ ဒီအတိုင္းဆို အစ္ကိုေဘးမွာရွိရင္ မူးပစ္လို႔မရဘူးဘဲ ။ျမင္ကြင္းထဲက အစ္ကိုက ႐ူးေလာက္ေအာင္ပဲ။

အေပၚစီးကျမင္ေနရတဲ့ မ်က္ခြံေလးေတြ မ်က္ေတာင္ေလးေတြ ႏွာဖ်ားေလးေတြေတာင္ ၾကည့္ေကာင္းတယ္။
တစ္ခါတေလ အစ္ကိုကို ပိုင္ဆိုင္ဖို႔ဆို အမ်ားႀကီးႀကိဳးစားၿပီး အမ်ားႀကီးျဖတ္သန္းရမယ္ဆိုတာသိေပမယ့္ အဲ့ဒီ့အခ်ိန္ အစ္ကို႔ကို အခုလိုေလးၿငိမ္းခ်မ္းေအာင္ ထားနိုင္ပါ့မလား ေတြးမိရင္ ကိုယ့္ဘာသာကိုေတာင္ စိတ္ပူရတယ္။

စားၿပီးေသာက္ၿပီးေတာ့ ၈နာရီေက်ာ္သာရွိေသးေပမယ့္
"စည္သူ သုန္ေလးကို လိုက္ပို႔လိုက္အုန္း"ဆိုတဲ့ စကားေနာက္ ကိုစည္သူႏွင့္မသုန္ထြက္သြားေတာ့ သိမ္းဆည္းရသူက
သူကိုယ္တိုင္ပဲျဖစ္သည္။ ေဘးကေန ၾကည့္မေနနိုင္စြာ သိမ္းကူေနေတာ့လည္း ဘာမွမေျပာ။

"မနက္မွ ေဆးရင္ ကိုယ္ေဆး႐ုံေနာက္က်မွာ"

ဖန္ခြက္၄လုံးႏွင့္အတူ ပန္းကန္အခ်္ို႔ကို ေဘစင္မွာ ေဆးေၾကာေနေတာ့ ေနာက္ကေနျမင္ေနရတဲ့ ေက်ာျပင္ေလးက တလွုပ္လွုပ္။

" ဉာဏ္"

အတင့္ရဲစြာ ေနာက္ကေန သိုင္းဖက္ကာ ပုခုံးေပၚမ်က္နာအပ္လိုက္ေတာ့ တုန္ယင္စြာ ထြက္လာတဲ့ အသံေလး။

"ဖက္ထားခ်င္လို႔"

" မူးေနတာပဲ အမူးေျပခ်င္လား ဉာဏ္"

"ဟင့္အင္း"

" ဟား ဟား ဘာပုံစံလဲ ဒါက"

အစ္ကိုက ေပါ့ေပါ့ပါးပါးရယ္ေနေပမယ့္
အခုမွ emotional အရမ္းျဖစ္ေနတဲ့ ကိုယ့္ဘာသာကို
လည္း နားမလည္နိုင္ေတာ့ ။ ႏွစ္ေယာက္လုံးအတူတူ
သေဘာတူစြာ လက္တြဲေနၾကေပမယ့္ တစ္ေယာက္တည္း
စိတ္ကူးယဥ္ေနရသလို၊ေမၽွာ္လင့္ေနရသလို ၿပီးေတာ့
တစ္ေယာက္တည္း မခြဲမခြါရက္ျဖစ္ေနရသလိုပဲ။

" မ်က္နာသစ္မလား"

" အင္း"

မ်က္နာသစ္ အဝတ္အစားလဲၿပီး ျပန္ထြက္လာေတာ့ အစ္ကိုက ကိုစည္သူလည္းျပန္ေရာက္လာၿပီမို႔ တံခါးေတြ ေသာ့ျပန္ခတ္ေနသည္ထင္ အခန္းထဲမရွိျပန္ဘူး။ ကုတင္ေပၚတက္လွဲၿပီး ဖုန္းကိုသာ ၾကည့္ေနလိုက္သည္။

" ေဩာ  ၿပီးၿပီလား ေနလို႔အဆင္ေျပလား ဉာဏ္"

" အင္း"

" အင္း အင္း ကိုယ္ အဝတ္အစားလဲအုန္းမယ္"

ညအိပ္ဝတ္တစ္စုံယူကာ ေရခ်ိဳခန္းထဲဝင္သြားၿပီး ခနအၾကာ ျပန္ထြက္လာသည္။ ၿပီးေတာ့ မနက္သူယူသြားမည့္ အိတ္ကိုစစ္ေဆးၿပီးမွ ကုတင္ေပၚေရာက္လာသည္။
ဖုန္းကိုလက္ကခ်ၿပီး သူ႔ဘက္လွည့္လိုက္ေတာ့ နားထင္ေနရာကို လက္မနဲ႔အသာလာပြတ္သည္။

" ဉာဏ္ အိပ္ေတာ့မလို႔လား"

" ဟင့္အင္း"

အေျဖႏွင့္အတူ အစ္ကိုရင္ခြင္ထဲ ငုံ႔ခ်ကာ တိုးဝင္ပစ္လိုက္ေတာ့ လန့္သြားပုံရတယ္ ကိုယ့္မ်က္နာကို အတင္းငုံ႔ၾကည့္လာသည္။

" ဘာျဖစ္လို႔လဲ"

" ဟင့္အင္း"

" ဘာျဖစ္လို႔လဲ ကိုယ့္ကိုေျပာေလ"

" တကယ္ေတာ့ ကၽြန္ေတာ္ ဘာမွမျဖစ္ရလည္း
ရတယ္ထင္တယ္ အစ္ကိုက ဘယ္လိုမွ မေနေပမယ့္ တစ္ေန႔လုံး အဲ့ဒီအေၾကာင္းကို ေတြးမိေနၿပီး
အရမ္းစိတ္ပင္ပန္းတယ္ အစ္ကိုက အတူတူရွိေနဖို႔ကို
တကယ္မေတြးထားဘူးေလ"

" ဉာဏ္ရယ္ ဘာလို႔ အဲ့သလိုေတြးရတာလဲ
ကိုယ္က ျဖစ္သင့္တာကိုေျပာတာပါ ဉာဏ္ျဖစ္ခ်င္တာေတြကို ျဖစ္ေစခ်င္တာပါ  ဉာဏ္က ကိုယ္နဲ႔ ဘယ္အထိအေဝးကိုသြားနိုင္မွာမလိူ႔လဲ ကိုယ္က မလိုက္လာေတာ့ဘူးတဲ့လား ၿပီးေတာ့ ဒါကေသခ်ာေပါက္ျဖစ္လာမယ္လို႔လည္း
တြက္လို႔မရဘူးေလ ကိုယ္ေျပာထားၿပီးသားေရာ ဉာဏ္ကိုယ့္ကိူခ်စ္ေနသ၍ ကိုယ္တို႔အတူတူျဖစ္ေနၿပီးသားဆိုတာ
အင္း ဘာပဲျဖစ္ျဖစ္ပါ ကိုယ့္ေၾကာင့္ ဒီေန႔ ဉာဏ္စိတ္ညစ္ရတယ္မလား ကိုယ္ေတာင္းပန္တယ္ေနာ္"

" အင္း ကၽြန္ေတာ္လုပ္မည့္အရာမွန္သမၽွ အစ္ကိုသိရမွာမို႔ အစ္ကိုကပဲ ရင့္က်က္ၿပီး ကၽြန္ေတာ့္ကို ကေလးလို႔မေတြးနဲ႔"

" ဟား ဟား မေတြးပါဘူးဗ်ာ ဉာဏ္က ကေလးမဟုတ္တာ
ကိုယ္သိတယ္ေလ"

"မရယ္နဲ႔"

" ဪ ဘဝကလည္းကြာ ေကာင္ေလးက မူးတိုင္းအရစ္ခံရမယ့္ဘဝပါလား"

"အစ္ကိုေနာ္"

"ဟား ဟား"

နားရြက္ေတြကို ခပ္ဖြဖြလာကိုက္တာကို စိတ္ဆိုးခ်င္ေယာင္ေဆာင္ေတာ့လည္း တခစ္ခစ္ရယ္ေနေသးတယ္။ တစ္ခါတစ္ေလ ကၽြန္ေတာ့္ဆရာဝန္ႀကီးကလည္း အဆိုးေလးပါပဲ။ ေျပာမနိုင္ဆိုမနိုင္ပဲ  စိတ္ဆိုးေနလည္း ကေလးတစ္ေယာက္ကို ထိုင္ၾကည့္ၿပီးရယ္ေနသလ္ိုကို ရယ္ေနတာ။

——////———////———-////———

Continue Reading

You'll Also Like

83.4K 10.7K 71
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel
3.4M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
587K 57.7K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
242K 6.5K 66
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."