သခင့္ရဲ႕ေက်းက်ြန္/သခင့်ရဲ့ကျေ...

By pkchan1998

63.8K 4K 425

✨ဦးခ်န္းကိုခ်စ္တယ္✨ဦးချန်းကိုချစ်တယ်✨(4.2.2021) More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part 11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30 Final
Extra-Part 2
Extra-Part 3
Extra Part 4
Extra Part 5
Extra Part 6
Extra Part 7
Extra Part 8
Extra Part 9
Extra The End

Extra-Part 1

1.4K 71 12
By pkchan1998

Extra~

ဦးခ်န္းျမင္ခ်င္တဲ႔ ပံုစံအတိုင္းျဖစ္ေအာင္ ဆယ္ဟြန္းၾကိဳးစားခဲ႔သည္။
ယံုၾကည္ခ်က္ေလးသည္ မေျပာင္းလဲခဲ့။
တစ္ေန႔ဦးခ်န္းက ဆယ္ဟြန္းရွိတဲ႔ေနရာကို ျပန္လာမွာပါ။
ဦးခ်န္းပိုင္ဆိုင္သည့္ Lucky Oneဟိုတယ္ၾကီးကိုတာဝန္ယူနိုင္ဖို႔အတြက္ ဆယ္ဟြန္းၾကိဳးစားခဲ႔သည္။
ကေလးသာသာေလးဆိုေပမဲ႔ ဆယ္ဟြန္းရင့္က်တ္လာခဲ႔သည္။ ရင့္က်တ္လာတဲ႔အထဲမွာ ဦးခ်န္းကိုခ်စ္တဲ႔ အခ်စ္ေတာ့မပါခဲ့။
ထိုအခ်စ္ကေတာ့ အျမဲကေလးဆန္ေနဆဲပါ………။
အားလပ္ခ်ိန္တိုင္းကို ဦးခ်န္းအခန္းထဲမွာ ပံုေတြဆြဲရင္း ကုန္ဆံုးေလ့ရွိသလို ျခံထဲက ႏွင္းဆီပင္မ်ားၾကားမွာလဲ ကုန္ဆံုးေလ့ရွိသည္။
ႏွင္းဆီမ်ားကဆယ္ဟြန္းရဲ႕အေဖာ္ေပါ့ေလ။

7 ႏွစ္ၾကာျပီးေနာက္………

"ဟြန္းေလးညည့္နက္ေနျပီ မအိပ္ေသးဘူးလား မနက္က်လဲ ဟိုတယ္ကိုသြားရမွာနဲ႔ အိပ္ေတာ့ေလ"

"ဟုတ္ကဲ႔ေဒၚၾကီး…"

ဦးခ်န္း ခြဲသြားကတည္းက ဦးခ်န္းအခန္းထဲမွာသာ ဆယ္ဟြန္းေနေတာ့သည္။ ဦးခ်န္းရဲ႕ အေငြ႔အသက္ေလးမ်ားႏွင့္ အသက္ဆက္သည္။ ညစဥ္တိုင္း အိပ္မက္ထဲမွာ ဦးခ်န္းကိုရွာေဖြသည္။ မည္သို႔ပဲ ရွာေဖြေနပါေစ ဦးခ်န္းကိုေတာ့ ရွာလို႔ မေတြ႔ခဲ့။ တစ္ေန႔ေန႔ေတာ့ ဆယ္ဟြန္းအိပ္မက္ထဲကို ဦးခ်န္းေရာက္လာမွာပါ။

"ဟြန္းေလး ထေတာ့ေလ အလုပ္ေနာက္က်ေနလိမ့္မယ္ မနက္7နာရီေက်ာ္ေနျပီ"

"အာ ဟုတ္လား"

ခုတင္ေပၚကေန ေျပးဆင္းကာ ေရခ်ိဳးခန္းစီဦးတည္ခဲ႔သည္။ ဒီေန႔ဟိုတယ္မွာ အစည္းအေဝးရွိသည္။ ေနာက္က်လို႔မျဖစ္။ အတန္းပညာ မတတ္ေပမဲ႔ ဆယ္ဟြန္းဟိုတယ္လုပ္ငန္းကို နိုင္နင္းစြာလုပ္ကိုင္နိုင္ခဲ႔သည္။ ဦးခ်န္းသင္ေပးခဲ႔တဲ႔ ပညာက အသံုးဝင္ခဲ႔သည္။

ဦးခ်န္းသိရင္ဆယ္ဟြန္းကို "မင္းေတာ္တယ္"လို႔မ်ားခ်ီးက်ဴ းေလမလား။ ဦးခ်န္းျပဳမူေနက် ပံုစံအတိုင္း မနက္စာမစားခင္ ေကာ္ဖီအရင္ေသာက္သည္။ ျပီးမွမနက္စာစားသည္။ ေပ်ာ္ေအာင္ေနသည္။ ဆယ္ဟြန္းအနားမွာ ဦးခ်န္းရွိတယ္လို႔ပဲ မွတ္ယူထားသည္။ လတိုင္းအပန္းေျဖစံအိမ္ကိုသြားသည္။

ေရကူးကန္ထဲမွာ တစ္ေယာက္ထဲေဆာ့သည္။ ဆယ္ဟြန္းအရင္လို ေရမေၾကာက္ေတာ့ဘူး။ အဲ႔ဒါဦးခ်န္းသိရဲ႕လား။ ျမင္းလဲေကာင္းေကာင္းစီးတက္ေနျပီ။ အပန္းေျဖစံအိမ္က ေခြးၾကီးေတြနဲ႔လဲ ရင္းနီးေနပါျပီ။ ေခြးေတြကို ဆယ္ဟြန္း မေၾကာက္တက္ေတာ့ဘူး။
ကားလဲက်ြမ္းက်ြမ္းက်င္က်င္ ေမာင္းတက္ေနပါျပီ။ ဟိုတယ္ကိုလဲ ဦးခ်န္းလိုပဲ ကိုယ္တိုင္ကားေမာင္းသြားသည္။ အရာရာကိုေျပာင္းလဲနိုင္ခဲ႔သည္။ ဆယ္ဟြန္းေျပာင္းလဲသြားတာေတြ ဦးခ်န္းကို ျမင္ေစခ်င္လိုက္တာ။

အျမန္ျပန္လာခဲ့ပါေတာ့လား ဦးခ်န္းရယ္။
ဟြန္းေမ်ွာ္ရတာ ေမာလွပါျပီ။ လြတ္လပ္စြာပ်ံသန္းေနတဲ့ ငွက္ကေလးကို လာေရာက္ဖမ္းခ်ဳပ္ပါေတာ့လား ဦးခ်န္းရယ္။ အေဖာ္မဲ့စြာ တစ္ကိုယ္ထဲမပ်ံသန္းခ်င္ေတာ့ဘူး။
ဆယ္ဟြန္းတစ္ေယာက္ထဲ အရမ္းပင္ပန္းေနျပီ အရွင္သခင္။
~°~°~°~°~°~

ခ်န္းေယာလ္အျပင္ေလာကသို႔ ျပန္လည္ေျခခ်ခဲ႔သည္။ အမွားေတြအတြက္ ေပးဆပ္ခဲ႔ေပမဲ႔ တစ္ေယာက္ေသာသူအေပၚ မွားခဲ႔သည့္အမွားေတြကေတာ့ မေက်ေသးဟုခံစားရသည္။
ဘဝက အေတာင္က်ိဳးတဲ႔ငွက္လိုပင္။ လွပတဲ႔ကိုယ္ထည္တစ္ခုကို ေဖေဖနဲ႔ေမေမဖန္တီးေပးခဲ႔သည္။
ခ်န္းေယာလ္ရဲ႕ လက္ဝဲလက္ယာအေတာင္မ်ားသည္ ေဖေဖနဲ႔ေမေမသာ။ ထိုအေတာင္ႏွစ္ဖက္ က်ိဳးပ်က္သြားေလေတာ့ မည္သို႔ပ်ံသန္းရေတာ့မည္နည္း။
ကိုယ္တိုင္ဖန္တီးေပးခဲ႔တဲ့ ငွက္ကေလးေရာ ဘယ္စီသို႔မ်ားပ်ံသန္းေနျပီလဲ။

မိုးေကာင္းကင္တခြင္မွာ သူေလးေပ်ာ္ရႊင္စြာပ်ံသန္းေနျပီလား။ လြတ္လပ္စြာပ်ံသန္းပါငွက္ကေလးရယ္။ မင္းဘဝကို ကိုယ္ဘယ္ေတာ့မွ ဒုကၡမေပးေတာ့ပါဘူး။ မင္းကိုဘယ္ေတာ့မွ ထိမ္းခ်ဳပ္မထားေတာ့ပါဘူး ငွက္ကေလးရယ္။
ဘဝတစ္ေလ်ွာက္မုန္းတီးခဲ႔သူ Mr.Ohလဲ ေထာင္ထဲမွာပဲဆံုးသြားသည္။ သူ႔ရဲ႕ေနာက္ဆံုးေနဝင္ခ်ိန္ကို သူသိပ္ခ်စ္တဲ႔ သူ႔သားလာခဲ႔တယ္လို႔ေတာ့ ၾကားပါသည္။ ခ်န္းေယာလ္ကိုေတြ႔ဖို႔ ကေလးကေတာင္းဆိုခဲ႔ေပမဲ႔ ရင္မဆိုင္ရဲတာမို႔ ကေလးနဲ႔မေတြ႔ဘဲ ေနခဲ႔သည္။

ထိုကေလးနဲ႔ ေဝးကြာခဲ႔သည္မွာ ႏွစ္မ်ားစြာ ၾကာရွိခဲ႔သည္။ ခ်န္းေယာလ္အေမရိကားကို အျပီးထြက္သြားဖို႔ ဆံုးျဖတ္ထားသည္။ မသြားခင္ ကေလးကိုေတာင္းပန္ကာ ခြင့္လြတ္မႈေတာ့ ရသြားခ်င္ေသးသည္။ ႏွလံုးသားက ေစခိုင္းေနေတာ့လဲ ကေလးရွိရာ ေရာက္လာခဲ႔ရသည္။ ကေလးရဲ႕အမုန္းေတြကိုရင္ဆိုင္ရမွာကိုေတာ့ ခ်န္းေယာလ္ေၾကာက္ေနခဲ့သည္။ ကေလးကစိတ္ခ်ိဳ႕ယြင္းျပီး မုန္းတယ္လို႔ေျပာတာေတာင္ ခံနိုင္ရည္မရွိခဲ႔တာ အခုခ်ိန္မွာ ျပတ္သားစြာေျပာမည့္ စကားေတြကိုေရာ ခ်န္းေယာလ္ခံနိုင္ရည္ရွိပါ့မလား။

ခ်န္းေယာလ္ေနခဲ႔သည့္ အိမ္ေရွ႕သို႔ေရာက္လာခဲ႔သည္။ ျခံဝင္းအတြင္းတြင္ နီရဲေသာႏွင္းဆီပန္းမ်ားက ေနရာယူလ်ွက္။ ဒါသည္ပင္ ကေလးဟာရဲရင့္ျပတ္သားေနသည့္အဓိပၸာယ္။ အိမ္မွာတျခားေျပာင္းလဲသြားတာဘာမွမရွိ။ ခ်န္းေယာလ္အိမ္ထဲဝင္ဖို႔ မဝံ႔မရဲျဖစ္ေနမိသည္။ ကေလရဲ႕အမုန္းမ်က္လံုးေတြကို ဘယ္လိုရင္ဆိုင္ရမလဲ။

"တီ……တီ……"

ျခံေရွ႕မွာရပ္ေနမိခိုက္ ေနာက္ပါးစီမွ ကားဟြန္းသံေၾကာင့္ သတိဝင္လာခဲ႔သည္။

အိမ္ကိုမ်က္ႏွာမူကာရပ္ေနသည့္ လူတစ္ေယာက္ရဲ႕ ေက်ာျပင္ကိုၾကည့္ကာ ဆယ္ဟြန္းမ်က္ရည္ေတြဝဲတက္လာသည္။

ႏွစ္ေတြဘယ္ေလာက္ၾကာၾကာ ထိုေက်ာျပင္ကိုမွတ္မိေနေသးသည္။ ကုန္ကုန္ေျပာရရင္ ဦးခ်န္းနဲ႔ပတ္သက္ရင္ အရိပ္ကိုေတာင္ ဆယ္ဟြန္းခြဲျခားနိုင္လိ္မ့္အံုးမည္။

"တီ……တီ……"

ကားဟြန္းကိုထပ္ႏွိပ္လိုက္သည္။ ထိုသူကေဘးေရွာင္ေပးျပီး ဆယ္ဟြန္းရဲ႕ဆန္က်င္ဘက္သို႔ ဦးတည္သြားေနသည္။ ေက်ာခိုင္းသြားသူ၏ မ်က္ႏွာကို မျမင္လိုက္ရေသးေပမဲ့ ဆယ္ဟြန္းႏွလံုးသားသံဇဥ္မ်ား အဆက္မပ်က္ထြက္ေပၚေနရသည္။
ခ်စ္ရသည့္ဦးခ်န္း။ ျပန္လာျပီေပါ့ေလ။ ေနာက္ဆံုးေတာ့ ဆယ္ဟြန္းစီကိုဦးခ်န္းေရာက္လာခဲ႔ျပီေပါ့။ ကားေပၚမွေျပးဆင္းကာ ထြက္ခြာသြားသူ၏ ေနာက္သို႔ ေျပးလိုက္ခဲ့သည္။

"ဦးခ်န္း"

တစ္ေလာကလံုးမွာ ဒီနာမည္ကိုေခၚတာ ဘယ္သူမ်ာရွိအံုးမလဲ။ ကေလးတစ္ေယာက္ထဲကသာ ဦးခ်န္း လို႔ေခၚသည္။ တမ္းတခဲ႔သည္ေခၚသံေလးကို ၾကားေပမဲ႔ ခ်န္းေယာလ္လွည့္မၾကည့္ျဖစ္။

"ဦးခ်န္းရယ္……"

ခ်န္းေယာလ္ကိုေနာက္ေက်ာက သိုင္းဖက္လာသည့္လက္တစ္စံု။ ခါးေပၚမွေႏြးေထြးသည့္ လက္ကေလးအားဆုပ္ကိုင္ထားလိုက္သည္။

"ဘယ္အခ်ိန္ထိ ထြက္သြားဖို႔ ဆံုးျဖတ္ထားတာလဲ ဘယ္အခ်ိန္ထိ ဟြန္းကိုေစာင့္ခိုင္းအံုးမွာလဲ"

"ကေလးရယ္……"
ခ်န္းေယာလ္ထိုမ်ွသာစကားေျပာနိုင္သည္။ စကားလံုးမ်ားေပ်ာက္ရွေနဆဲ။

"ထပ္ျပီးထြက္မသြားပါနဲ႔ေတာ့ ဟြန္းကိုထားမသြားပါနဲ႔ေတာ့ ပင္ပန္းေနျပီ ဦးခ်န္းကို ေစာင့္ေမ်ွာ္ေနရတာ ဟြန္းအရမ္းပင္ပန္းလို႔ပါ ဦးခ်န္းမရွိဘဲ ရွင္သန္ဖို႔ အားအင္ေတြမရွိေတာ့ဘူး ဟြန္းကိုသနားေသာအားျဖင့္ အနားမွာရွိေနေပးပါ ဦးခ်န္းရယ္"

မေမ်ွာ္လင့္ထားသည့္ စကားမ်ားကို ကေလးကေျပာေနသည္။ ကေလးစီက ရႈိက္သံေလးမ်ားပင္ ထြက္လာသည္အထိ။ ေနာက္သို႔ျပန္လွည့္ရင္း ကိုယ္ေလးကိုသိမ္းဖက္ထားလိုက္သည္။

ကေလးငယ္ရဲ႕ေခါင္းေလးကို နမ္းရႈိက္မိသည္။ ကေလးအမ်ားၾကီးေျပာင္းလဲသြားခဲ႔ပါျပီ။ ခ်န္းေယာလ္ရင္ခြင္ကိုမ်က္ႏွာအပ္ကာ တအိအိငိုရိႈက္ေနသည့္ ကေလး။ လက္သီးဖြဖြေလးမ်ားနဲ႔ထုရင္း ခ်န္းေယာလ္ကိုအျပစ္ေတြေပးေနသည္။

"ကေလးရယ္ ကိုယ္ေတာင္းပန္ပါတယ္ ကိုယ္မွားခဲ႔ပါတယ္ ကိုယ္မင္းအေပၚမတရားခဲ႔ဘူး"

"ဟင့္အင္း မေျပာပါနဲ႔ အဲ႔ဒါေတြမေျပာပါနဲ႔ေနာ္"

ဖက္ထားသည့္ ကိုယ္ေလးကို ဆြဲခြာလိုက္သည္။
ကေလးကေတာ့ခ်န္းေယာလ္ကို လႊတ္မေပးဘဲျပန္ဖက္ထားသည္။

"ဟြန္းကိုဖက္ထားပါေနာ္ ဦးခ်န္းကိုလြမ္းလို႔ပါ ဦးခ်န္းရင္ခြင္ထဲမွာ ဟြန္းေနခ်င္လို႔ပါ ေနခြင့္ျပဳပါ ဦးခ်န္ူထပ္ျပီး ထြက္သြားမွာ ေၾကာက္လို႔ပါ ဒီရင္ခြင္ထဲကေန ဟြန္းမထြက္ပါရေစနဲ႔။

"ဟြန္းရယ္………"

အခ်ိန္မ်ားစြာၾကာေအာင္ တမ္းတခဲ႔သည့္ ရင္ခြင္ဝယ္ ဆယ္ဟြန္းေမွးစက္ခဲ႔သည္။ ႏွစ္ဦးသား စကားမဆုိျဖစ္ေပမဲ႔ ႏွလံုးသားႏွစ္ခုကေတာ့ သံဇဥ္ခ်င္းဖလွယ္ေနၾကသည္။

ဆယ္ဟြန္းေက်နပ္စြာျပံဳးလိုက္မိသည္။ ဦးခ်န္းကို ဘယ္ေသာအခါမွ အနားကထြက္သြားခြင့္မျပဳနိုင္ေတာ့။ ဦးခ်န္းလက္ကိုဆြဲျပီး ဆယ္ဟြန္းရဲ႕ႏွင္းဆီပင္မ်ားၾကား ေရာက္လာခဲ႔သည္။

"ဦးခ်န္း"

"ဟင္……"

"ဦးခ်န္းကိုခ်စ္တယ္"

"ကေလးရယ္ ကိုယ္ေတာင္းပန္ပါတယ္"

လက္ညိွဳးေလးနဲ႔ ခ်န္းေယာလ္ႏႈတ္ခမ္းကိုလာပိတ္သည္။

"ဦးခ်န္းကလဲ အဲ႔လိုမေျပာရဘူးေလ ဦးလဲ ဟြန္းကိုခ်စ္ပါတယ္လို႔ ေျပာရမွာ ဦးခ်န္းေျပာဖို႔ခက္ခဲေနရင္ မေျပာပါနဲ႔ ဟြန္း နားလည္တယ္"

ေျပာျပီး ဦးခ်န္းႏႈတ္ခမ္းကို ေျခဖ်ားေထာက္ျပီးနမ္းလိုက္သည္။ ဟိုတုန္းကနမ္းခဲ႔ရသလိုပဲ ဦးခ်န္းႏႈတ္ခမ္းေတြကခ်ိဳေနဆဲ။

"အဟြင္း……ဟြင္း……"

ခ်န္းေယာလ္ျပံဳးလိုက္မိသည္။ ကေလးကို ရင့္က်တ္ေနျပီထင္ေပမဲ႔ အရင္လို ကေလးဆန္ေနတုန္း။

"ကိုယ့္စကားကို ဘာလို႔နားမေထာင္တာလဲ"

"ဦးခ်န္းကိုေစာင့္ေနမပါနဲ႔လို႔ ေျပာခဲ႔တယ္ ဟြန္းကေစာင့္ေနခဲ႔တယ္ အဲ႔ဒါကိုဦးခ်န္းစိတ္ဆိုးလား"

"အင္း"

"ဟြန္းကေလအျမဲတမ္း ဦးခ်န္းရဲ႕အမိန္႔ေတြကို နာခံခဲ႔တယ္ ဦးခ်န္းက ေစာင့္မေနပါနဲ႔လ႔ို ေျပာတာကိုေတာ့ မနာခံနိုင္ခဲ႔ဘူး တခါေလာက္ေတာ့ ဦးခ်န္းအမိန္႔ကို လြန္ဆန္ခ်င္မိတယ္"

"ကိုယ့္ကိုအရမ္းခ်စ္တာပဲလား ကေလး"

"ဟုတ္ ဦးခ်န္းကို အရမ္းခ်စ္တယ္ ဒီကမာၻေျမတစ္ခုလံုးမွာ ဟြန္းအခ်စ္ဆံုးလူသားက ဦးခ်န္းပဲ"

"ကိုယ့္ကိုမုန္းလိုက္ဖို႔ ၾကိဳးစားမၾကည့္ဘူးလား"

"ဘာအတြက္မုန္းဖို႔ၾကိဳးစားရမွာလဲဦးခ်န္း"

"ကိုယ္က ကေလးအေပၚ မေကာင္းခဲ့တဲ့လူေလ ကေလးကမုန္းသင့္တာေပါ့"

"ဘယ္သူကေျပာလဲ ဦးခ်န္းက ဟြန္္းအေပၚမေကာင္းတဲ့လူလို႔ ဦးခ်န္းက ဟြန္ူကိုနာက်င္ေအာင္လုပ္တယ္ စိတ္ဆင္းရဲေအာင္လုပ္တယ္ ဒါေပမဲ့ ဟြန္းအဲ့ဒါေတြကို မနာက်င္ဘူး မမုန္းဘူး ဦးခ်န္းကိုလဲမမုန္းဘူး မုန္းဖို႔လဲမၾကိဳးစားဘူး တေန႔ထက္ တေန႔ ဦးခ်န္းကို ပိုခ်စ္မိေနခဲ့တာ ဦးခ်န္းက မခ်စ္ပါဘူးဆိုတာ သိရက္နဲ႔ေတာင္ ဟြန္းကဆက္ခ်စ္ေနခဲ့တာ"

ကေလးေလး စကားေတြတက္ေနလိုက္တာ။ ဘယ္သူမ်ားသင္ေပးသြားပါလိမ့္။ ခ်န္းေယာလ္ကေတာ့မ်က္ႏွာေလးကိုသာ ေငးၾကည့္ေနမိသည္။

"ဦးခ်န္းကို မုန္းဖို႔အတြက္ ၾကိဳးစားခိုင္းမဲ့အစား ဟြန္းကိုခ်စ္ဖို႔ ဦးခ်န္းနည္းနည္းေလာက္ ၾကိဳးစားၾကည့္ပါလား ဟြန္းကိုတကယ္ပဲမခ်စ္နိုင္ဘူးလား နည္းနည္းေလးေတာင္ ျပန္ခ်စ္မေပးႏိုင္ဘူးလား အခုထိ ခ်စ္ဖို႔ ခက္ခဲေနတုန္းလား"

"ဟင့္အင္း မဟုတ္ဘူး"

"အဲ့ဒါဆိုေျပာေလ ဦးခ်န္းေျပာေလ ဟြန္းကိုခ်စ္တယ္လို႔"

"မေျပာပါရေစနဲ႔ကေလးရယ္……"

"ဦးခ်န္းက ဟြန္းကိုတကယ္ပဲမခ်စ္နိုင္လို႔လားဟင္"

မ်က္ႏွာငယ္ေလးနဲ႔ေမးသည္။ မခ်စ္ဘူးလို႔ ေျပာတိုင္းျဖစ္သြားသည့္ မ်က္ႏွာေလးကလဲ အရင္အတိုင္းမေျပာင္းလဲ။

"ကေလးရယ္ ခ်စ္တယ္ဆိုတာ ပါးစပ္က ထုတ္ေျပာမွမဟုတ္ပါဘူး ကေလးျမင္ေအာင္ၾကည့္နိုင္ရင္ ကိုယ့္ရင္ထဲမွာ ကေလးအတြက္ အခ်စ္ေတြအျပည့္ပါ ဘယ္သူမွယွဥ္လို႔ မရနိုင္တဲ့ အခ်စ္ေတြ အမ်ားၾကီးပါ"

ကေလးမ်က္ႏွာေလးက လမင္းေလးလို ဝင္းထိန္သြားသည္။

"ဟြန္းသိပါတယ္ ဟြန္းကို ဘယ္ေလာက္ထိခ်စ္လဲဆိုတာ မေျပာလဲ ေက်နပ္ပါတယ္ ဦးခ်န္းရဲ႕ ႏွလံုးသားထဲမွာ ဟြန္းတစ္ေယာက္ထဲ ရွိေနတာမို႔လား ဒါေလးေတာ့ေျဖေပးေနာ္"

ခ်န္းေယာလ္ ကေလးနွဖူးကို ျမတ္နိုးစြာနမ္းလိုက္သည္။ ဒီေကာင္ေလး ေပ်ာ္သြားမယ္ဆိုတာ ခံစားမိသည္။

"ေဟာဒီအနမ္းတစ္ပြင့္က ေလာကၾကီးမွာ ကေလးအတြက္ ပထမဆံုးပဲ ကိုယ့္ႏွလံုးသားထဲမွာေရာ ကိုယ့္ဘဝထဲမွာေရာ ကေလးတစ္ေယာက္ပဲရွိတယ္"

ေပ်ာ္လိုက္တာ။ ဆယ္ဟြန္းေပ်ာ္လြန္းလို႔ ေန႔ခင္းေၾကာင္ေတာင္ ၾကယ္ေတြလေတြပါျမင္ေနမိသည္။ ဦးခ်န္းလည္ပင္းကို သိုင္းဖက္လိုက္သည္။ ထံုးစံအတိုင္း ဦးခ်န္းကို အနိုင္က်င့္ေတာ့မည္ေလ။

"ဟြန္းရဲ႕ပိုင္ဆိုင္သူၾကီးေရ…ဟြန္းအနားမွာ တစ္သက္လံုးခစားပါေတာ့"

"ဟုတ္ကဲ့ပါဗ်ာ ဒီက ဟြန္းေလး အမိန္႔ကို က်ေနာ္မ်ိဳးက လိုက္နာပါ့မယ္ ဟြန္းငယ္ေလး စိတ္တိုင္းက် ဘာပဲလုပ္လုပ္ ကိုယ္ကခြင့္ျပဳပါတယ္ဗ်"

"စိတ္ခ်ပါဦးခ်န္း အခုကစျပီး ဟြန္းကပဲ ဦးခ်န္းကိုနိုင္စားေတာ့မွာ အဲ႔ဒါ ဟြန္းအတြက္ ဦးခ်န္းရဲ႕ ေပးဆပ္ျခင္းလို႔ပဲမွတ္ယူထားလိုက္"

ႏွစ္ဦးသားၾကည္ႏူးစြာ ရယ္ေမာလိုက္ၾကသည္။ ရယ္သံလြင္လြင္ေလးမ်ားသည္ ေလထုနဲ႔အတူစီးေမ်ာလို႔ေနသည္။

အနားကႏွင္းဆီနီမ်ားထက္ ဟြန္းကေလးက ပိုလွေနသည္။ ထြန္းလင္းေနသည့္ ေနမင္းၾကီးထက္ ဟြန္းကေလးမ်က္ႏွာေလးက ပိုေတာက္ပေနသည္။ ႏွင္းဆီဖူးေလးသဖြယ္ နီေထြးေနသည့္ ႏႈတ္ခမ္းေလးကို  ခ်န္းေယာလ္မက္ေမာစြာနမ္းမိသည္။

ကေလးဆိုးေလးကေတာ့ ညဳတုတုလုပ္ကာ ခ်န္းေယာလ္ကိုက်ီဇယ္ေနသည္။ အမွားေတြအတြက္ ဒီကေလးေလးကို တစ္သက္လံုးေပးဆပ္ရင္း ခ်စ္သြားေတာ့မည္။ ကေလးရဲ႕ျဖစ္တည္မႈတိုင္းမွာ ကိုယ္ရွိေနပါ့မယ္။ ကေလးရဲ႕ လက္ကိုဘယ္ေတာ့မွ မလြတ္ေတာ့ဘူး။ ထာဝရဆုပ္ကိုင္ထားပါ့မယ္။

ပတ္ခ်န္းေယာလ္ဆိုတဲ့ ကိုယ္ရဲ႕ ဘဝတစ္ခုလံုးကိုကေလးအတြက္ ေပးအပ္ထားေတာ့မွာမို႔ ကေလးေလး ေက်နပ္ပါေစ။။
~°~°~°~°~°~°~
Extraမွာ နည္းနည္းRoမယ္ေနာ္😅
T.b.c

#HoneyChan

Extra~

ဦးချန်းမြင်ချင်တဲ့ ပုံစံအတိုင်းဖြစ်အောင် ဆယ်ဟွန်းကြိုးစားခဲ့သည်။
ယုံကြည်ချက်လေးသည် မပြောင်းလဲခဲ့။
တစ်နေ့ဦးချန်းက ဆယ်ဟွန်းရှိတဲ့နေရာကို ပြန်လာမှာပါ။
ဦးချန်းပိုင်ဆိုင်သည့် Lucky Oneဟိုတယ်ကြီးကိုတာဝန်ယူနိုင်ဖို့အတွက် ဆယ်ဟွန်းကြိုးစားခဲ့သည်။
ကလေးသာသာလေးဆိုပေမဲ့ ဆယ်ဟွန်းရင့်ကျတ်လာခဲ့သည်။ ရင့်ကျတ်လာတဲ့အထဲမှာ ဦးချန်းကိုချစ်တဲ့ အချစ်တော့မပါခဲ့။
ထိုအချစ်ကတော့ အမြဲကလေးဆန်နေဆဲပါ………။
အားလပ်ချိန်တိုင်းကို ဦးချန်းအခန်းထဲမှာ ပုံတွေဆွဲရင်း ကုန်ဆုံးလေ့ရှိသလို ခြံထဲက နှင်းဆီပင်များကြားမှာလဲ ကုန်ဆုံးလေ့ရှိသည်။
နှင်းဆီများကဆယ်ဟွန်းရဲ့အဖော်ပေါ့လေ။

7 နှစ်ကြာပြီးနောက်………

"ဟွန်းလေးညည့်နက်နေပြီ မအိပ်သေးဘူးလား မနက်ကျလဲ ဟိုတယ်ကိုသွားရမှာနဲ့ အိပ်တော့လေ"

"ဟုတ်ကဲ့ဒေါ်ကြီး…"

ဦးချန်း ခွဲသွားကတည်းက ဦးချန်းအခန်းထဲမှာသာ ဆယ်ဟွန်းနေတော့သည်။ ဦးချန်းရဲ့ အငွေ့အသက်လေးများနှင့် အသက်ဆက်သည်။ ညစဉ်တိုင်း အိပ်မက်ထဲမှာ ဦးချန်းကိုရှာဖွေသည်။ မည်သို့ပဲ ရှာဖွေနေပါစေ ဦးချန်းကိုတော့ ရှာလို့ မတွေ့ခဲ့။ တစ်နေ့နေ့တော့ ဆယ်ဟွန်းအိပ်မက်ထဲကို ဦးချန်းရောက်လာမှာပါ။

"ဟွန်းလေး ထတော့လေ အလုပ်နောက်ကျနေလိမ့်မယ် မနက်7နာရီကျော်နေပြီ"

"အာ ဟုတ်လား"

ခုတင်ပေါ်ကနေ ပြေးဆင်းကာ ရေချိုးခန်းစီဦးတည်ခဲ့သည်။ ဒီနေ့ဟိုတယ်မှာ အစည်းအဝေးရှိသည်။ နောက်ကျလို့မဖြစ်။ အတန်းပညာ မတတ်ပေမဲ့ ဆယ်ဟွန်းဟိုတယ်လုပ်ငန်းကို နိုင်နင်းစွာလုပ်ကိုင်နိုင်ခဲ့သည်။ ဦးချန်းသင်ပေးခဲ့တဲ့ ပညာက အသုံးဝင်ခဲ့သည်။

ဦးချန်းသိရင်ဆယ်ဟွန်းကို "မင်းတော်တယ်"လို့များချီးကျူ းလေမလား။ ဦးချန်းပြုမူနေကျ ပုံစံအတိုင်း မနက်စာမစားခင် ကော်ဖီအရင်သောက်သည်။ ပြီးမှမနက်စာစားသည်။ ပျော်အောင်နေသည်။ ဆယ်ဟွန်းအနားမှာ ဦးချန်းရှိတယ်လို့ပဲ မှတ်ယူထားသည်။ လတိုင်းအပန်းဖြေစံအိမ်ကိုသွားသည်။

ရေကူးကန်ထဲမှာ တစ်ယောက်ထဲဆော့သည်။ ဆယ်ဟွန်းအရင်လို ရေမကြောက်တော့ဘူး။ အဲ့ဒါဦးချန်းသိရဲ့လား။ မြင်းလဲကောင်းကောင်းစီးတက်နေပြီ။ အပန်းဖြေစံအိမ်က ခွေးကြီးတွေနဲ့လဲ ရင်းနီးနေပါပြီ။ ခွေးတွေကို ဆယ်ဟွန်း မကြောက်တက်တော့ဘူး။
ကားလဲကျွမ်းကျွမ်းကျင်ကျင် မောင်းတက်နေပါပြီ။ ဟိုတယ်ကိုလဲ ဦးချန်းလိုပဲ ကိုယ်တိုင်ကားမောင်းသွားသည်။ အရာရာကိုပြောင်းလဲနိုင်ခဲ့သည်။ ဆယ်ဟွန်းပြောင်းလဲသွားတာတွေ ဦးချန်းကို မြင်စေချင်လိုက်တာ။

အမြန်ပြန်လာခဲ့ပါတော့လား ဦးချန်းရယ်။
ဟွန်းမျှော်ရတာ မောလှပါပြီ။ လွတ်လပ်စွာပျံသန်းနေတဲ့ ငှက်ကလေးကို လာရောက်ဖမ်းချုပ်ပါတော့လား ဦးချန်းရယ်။ အဖော်မဲ့စွာ တစ်ကိုယ်ထဲမပျံသန်းချင်တော့ဘူး။
ဆယ်ဟွန်းတစ်ယောက်ထဲ အရမ်းပင်ပန်းနေပြီ အရှင်သခင်။
~°~°~°~°~°~

ချန်းယောလ်အပြင်လောကသို့ ပြန်လည်ခြေချခဲ့သည်။ အမှားတွေအတွက် ပေးဆပ်ခဲ့ပေမဲ့ တစ်ယောက်သောသူအပေါ် မှားခဲ့သည့်အမှားတွေကတော့ မကျေသေးဟုခံစားရသည်။
ဘဝက အတောင်ကျိုးတဲ့ငှက်လိုပင်။ လှပတဲ့ကိုယ်ထည်တစ်ခုကို ဖေဖေနဲ့မေမေဖန်တီးပေးခဲ့သည်။
ချန်းယောလ်ရဲ့ လက်ဝဲလက်ယာအတောင်များသည် ဖေဖေနဲ့မေမေသာ။ ထိုအတောင်နှစ်ဖက် ကျိုးပျက်သွားလေတော့ မည်သို့ပျံသန်းရတော့မည်နည်း။
ကိုယ်တိုင်ဖန်တီးပေးခဲ့တဲ့ ငှက်ကလေးရော ဘယ်စီသို့များပျံသန်းနေပြီလဲ။

မိုးကောင်းကင်တခွင်မှာ သူလေးပျော်ရွှင်စွာပျံသန်းနေပြီလား။ လွတ်လပ်စွာပျံသန်းပါငှက်ကလေးရယ်။ မင်းဘဝကို ကိုယ်ဘယ်တော့မှ ဒုက္ခမပေးတော့ပါဘူး။ မင်းကိုဘယ်တော့မှ ထိမ်းချုပ်မထားတော့ပါဘူး ငှက်ကလေးရယ်။
ဘဝတစ်လျှောက်မုန်းတီးခဲ့သူ Mr.Ohလဲ ထောင်ထဲမှာပဲဆုံးသွားသည်။ သူ့ရဲ့နောက်ဆုံးနေဝင်ချိန်ကို သူသိပ်ချစ်တဲ့ သူ့သားလာခဲ့တယ်လို့တော့ ကြားပါသည်။ ချန်းယောလ်ကိုတွေ့ဖို့ ကလေးကတောင်းဆိုခဲ့ပေမဲ့ ရင်မဆိုင်ရဲတာမို့ ကလေးနဲ့မတွေ့ဘဲ နေခဲ့သည်။

ထိုကလေးနဲ့ ဝေးကွာခဲ့သည်မှာ နှစ်များစွာ ကြာရှိခဲ့သည်။ ချန်းယောလ်အမေရိကားကို အပြီးထွက်သွားဖို့ ဆုံးဖြတ်ထားသည်။ မသွားခင် ကလေးကိုတောင်းပန်ကာ ခွင့်လွတ်မှုတော့ ရသွားချင်သေးသည်။ နှလုံးသားက စေခိုင်းနေတော့လဲ ကလေးရှိရာ ရောက်လာခဲ့ရသည်။ ကလေးရဲ့အမုန်းတွေကိုရင်ဆိုင်ရမှာကိုတော့ ချန်းယောလ်ကြောက်နေခဲ့သည်။ ကလေးကစိတ်ချို့ယွင်းပြီး မုန်းတယ်လို့ပြောတာတောင် ခံနိုင်ရည်မရှိခဲ့တာ အခုချိန်မှာ ပြတ်သားစွာပြောမည့် စကားတွေကိုရော ချန်းယောလ်ခံနိုင်ရည်ရှိပါ့မလား။

ချန်းယောလ်နေခဲ့သည့် အိမ်ရှေ့သို့ရောက်လာခဲ့သည်။ ခြံဝင်းအတွင်းတွင် နီရဲသောနှင်းဆီပန်းများက နေရာယူလျှက်။ ဒါသည်ပင် ကလေးဟာရဲရင့်ပြတ်သားနေသည့်အဓိပ္ပာယ်။ အိမ်မှာတခြားပြောင်းလဲသွားတာဘာမှမရှိ။ ချန်းယောလ်အိမ်ထဲဝင်ဖို့ မဝံ့မရဲဖြစ်နေမိသည်။ ကလေရဲ့အမုန်းမျက်လုံးတွေကို ဘယ်လိုရင်ဆိုင်ရမလဲ။

"တီ……တီ……"

ခြံရှေ့မှာရပ်နေမိခိုက် နောက်ပါးစီမှ ကားဟွန်းသံကြောင့် သတိဝင်လာခဲ့သည်။

အိမ်ကိုမျက်နှာမူကာရပ်နေသည့် လူတစ်ယောက်ရဲ့ ကျောပြင်ကိုကြည့်ကာ ဆယ်ဟွန်းမျက်ရည်တွေဝဲတက်လာသည်။

နှစ်တွေဘယ်လောက်ကြာကြာ ထိုကျောပြင်ကိုမှတ်မိနေသေးသည်။ ကုန်ကုန်ပြောရရင် ဦးချန်းနဲ့ပတ်သက်ရင် အရိပ်ကိုတောင် ဆယ်ဟွန်းခွဲခြားနိုင်လိမ့်အုံးမည်။

"တီ……တီ……"

ကားဟွန်းကိုထပ်နှိပ်လိုက်သည်။ ထိုသူကဘေးရှောင်ပေးပြီး ဆယ်ဟွန်းရဲ့ဆန်ကျင်ဘက်သို့ ဦးတည်သွားနေသည်။ ကျောခိုင်းသွားသူ၏ မျက်နှာကို မမြင်လိုက်ရသေးပေမဲ့ ဆယ်ဟွန်းနှလုံးသားသံဇဉ်များ အဆက်မပျက်ထွက်ပေါ်နေရသည်။
ချစ်ရသည့်ဦးချန်း။ ပြန်လာပြီပေါ့လေ။ နောက်ဆုံးတော့ ဆယ်ဟွန်းစီကိုဦးချန်းရောက်လာခဲ့ပြီပေါ့။ ကားပေါ်မှပြေးဆင်းကာ ထွက်ခွာသွားသူ၏ နောက်သို့ ပြေးလိုက်ခဲ့သည်။

"ဦးချန်း"

တစ်လောကလုံးမှာ ဒီနာမည်ကိုခေါ်တာ ဘယ်သူမျာရှိအုံးမလဲ။ ကလေးတစ်ယောက်ထဲကသာ ဦးချန်း လို့ခေါ်သည်။ တမ်းတခဲ့သည်ခေါ်သံလေးကို ကြားပေမဲ့ ချန်းယောလ်လှည့်မကြည့်ဖြစ်။

"ဦးချန်းရယ်……"

ချန်းယောလ်ကိုနောက်ကျောက သိုင်းဖက်လာသည့်လက်တစ်စုံ။ ခါးပေါ်မှနွေးထွေးသည့် လက်ကလေးအားဆုပ်ကိုင်ထားလိုက်သည်။

"ဘယ်အချိန်ထိ ထွက်သွားဖို့ ဆုံးဖြတ်ထားတာလဲ ဘယ်အချိန်ထိ ဟွန်းကိုစောင့်ခိုင်းအုံးမှာလဲ"

"ကလေးရယ်……"
ချန်းယောလ်ထိုမျှသာစကားပြောနိုင်သည်။ စကားလုံးများပျောက်ရှနေဆဲ။

"ထပ်ပြီးထွက်မသွားပါနဲ့တော့ ဟွန်းကိုထားမသွားပါနဲ့တော့ ပင်ပန်းနေပြီ ဦးချန်းကို စောင့်မျှော်နေရတာ ဟွန်းအရမ်းပင်ပန်းလို့ပါ ဦးချန်းမရှိဘဲ ရှင်သန်ဖို့ အားအင်တွေမရှိတော့ဘူး ဟွန်းကိုသနားသောအားဖြင့် အနားမှာရှိနေပေးပါ ဦးချန်းရယ်"

မမျှော်လင့်ထားသည့် စကားများကို ကလေးကပြောနေသည်။ ကလေးစီက ရှိုက်သံလေးများပင် ထွက်လာသည်အထိ။ နောက်သို့ပြန်လှည့်ရင်း ကိုယ်လေးကိုသိမ်းဖက်ထားလိုက်သည်။

ကလေးငယ်ရဲ့ခေါင်းလေးကို နမ်းရှိုက်မိသည်။ ကလေးအများကြီးပြောင်းလဲသွားခဲ့ပါပြီ။ ချန်းယောလ်ရင်ခွင်ကိုမျက်နှာအပ်ကာ တအိအိငိုရှိုက်နေသည့် ကလေး။ လက်သီးဖွဖွလေးများနဲ့ထုရင်း ချန်းယောလ်ကိုအပြစ်တွေပေးနေသည်။

"ကလေးရယ် ကိုယ်တောင်းပန်ပါတယ် ကိုယ်မှားခဲ့ပါတယ် ကိုယ်မင်းအပေါ်မတရားခဲ့ဘူး"

"ဟင့်အင်း မပြောပါနဲ့ အဲ့ဒါတွေမပြောပါနဲ့နော်"

ဖက်ထားသည့် ကိုယ်လေးကို ဆွဲခွာလိုက်သည်။
ကလေးကတော့ချန်းယောလ်ကို လွှတ်မပေးဘဲပြန်ဖက်ထားသည်။

"ဟွန်းကိုဖက်ထားပါနော် ဦးချန်းကိုလွမ်းလို့ပါ ဦးချန်းရင်ခွင်ထဲမှာ ဟွန်းနေချင်လို့ပါ နေခွင့်ပြုပါ ဦးချန်ူထပ်ပြီး ထွက်သွားမှာ ကြောက်လို့ပါ ဒီရင်ခွင်ထဲကနေ ဟွန်းမထွက်ပါရစေနဲ့။

"ဟွန်းရယ်………"

အချိန်များစွာကြာအောင် တမ်းတခဲ့သည့် ရင်ခွင်ဝယ် ဆယ်ဟွန်းမှေးစက်ခဲ့သည်။ နှစ်ဦးသား စကားမဆိုဖြစ်ပေမဲ့ နှလုံးသားနှစ်ခုကတော့ သံဇဉ်ချင်းဖလှယ်နေကြသည်။

ဆယ်ဟွန်းကျေနပ်စွာပြုံးလိုက်မိသည်။ ဦးချန်းကို ဘယ်သောအခါမှ အနားကထွက်သွားခွင့်မပြုနိုင်တော့။ ဦးချန်းလက်ကိုဆွဲပြီး ဆယ်ဟွန်းရဲ့နှင်းဆီပင်များကြား ရောက်လာခဲ့သည်။

"ဦးချန်း"

"ဟင်……"

"ဦးချန်းကိုချစ်တယ်"

"ကလေးရယ် ကိုယ်တောင်းပန်ပါတယ်"

လက်ညှိုးလေးနဲ့ ချန်းယောလ်နှုတ်ခမ်းကိုလာပိတ်သည်။

"ဦးချန်းကလဲ အဲ့လိုမပြောရဘူးလေ ဦးလဲ ဟွန်းကိုချစ်ပါတယ်လို့ ပြောရမှာ ဦးချန်းပြောဖို့ခက်ခဲနေရင် မပြောပါနဲ့ ဟွန်း နားလည်တယ်"

ပြောပြီး ဦးချန်းနှုတ်ခမ်းကို ခြေဖျားထောက်ပြီးနမ်းလိုက်သည်။ ဟိုတုန်းကနမ်းခဲ့ရသလိုပဲ ဦးချန်းနှုတ်ခမ်းတွေကချိုနေဆဲ။

"အဟွင်း……ဟွင်း……"

ချန်းယောလ်ပြုံးလိုက်မိသည်။ ကလေးကို ရင့်ကျတ်နေပြီထင်ပေမဲ့ အရင်လို ကလေးဆန်နေတုန်း။

"ကိုယ့်စကားကို ဘာလို့နားမထောင်တာလဲ"

"ဦးချန်းကိုစောင့်နေမပါနဲ့လို့ ပြောခဲ့တယ် ဟွန်းကစောင့်နေခဲ့တယ် အဲ့ဒါကိုဦးချန်းစိတ်ဆိုးလား"

"အင်း"

"ဟွန်းကလေအမြဲတမ်း ဦးချန်းရဲ့အမိန့်တွေကို နာခံခဲ့တယ် ဦးချန်းက စောင့်မနေပါနဲ့လ့ို ပြောတာကိုတော့ မနာခံနိုင်ခဲ့ဘူး တခါလောက်တော့ ဦးချန်းအမိန့်ကို လွန်ဆန်ချင်မိတယ်"

"ကိုယ့်ကိုအရမ်းချစ်တာပဲလား ကလေး"

"ဟုတ် ဦးချန်းကို အရမ်းချစ်တယ် ဒီကမ္ဘာမြေတစ်ခုလုံးမှာ ဟွန်းအချစ်ဆုံးလူသားက ဦးချန်းပဲ"

"ကိုယ့်ကိုမုန်းလိုက်ဖို့ ကြိုးစားမကြည့်ဘူးလား"

"ဘာအတွက်မုန်းဖို့ကြိုးစားရမှာလဲဦးချန်း"

"ကိုယ်က ကလေးအပေါ် မကောင်းခဲ့တဲ့လူလေ ကလေးကမုန်းသင့်တာပေါ့"

"ဘယ်သူကပြောလဲ ဦးချန်းက ဟွန်းအပေါ်မကောင်းတဲ့လူလို့ ဦးချန်းက ဟွန်ူကိုနာကျင်အောင်လုပ်တယ် စိတ်ဆင်းရဲအောင်လုပ်တယ် ဒါပေမဲ့ ဟွန်းအဲ့ဒါတွေကို မနာကျင်ဘူး မမုန်းဘူး ဦးချန်းကိုလဲမမုန်းဘူး မုန်းဖို့လဲမကြိုးစားဘူး တနေ့ထက် တနေ့ ဦးချန်းကို ပိုချစ်မိနေခဲ့တာ ဦးချန်းက မချစ်ပါဘူးဆိုတာ သိရက်နဲ့တောင် ဟွန်းကဆက်ချစ်နေခဲ့တာ"

ကလေးလေး စကားတွေတက်နေလိုက်တာ။ ဘယ်သူများသင်ပေးသွားပါလိမ့်။ ချန်းယောလ်ကတော့မျက်နှာလေးကိုသာ ငေးကြည့်နေမိသည်။

"ဦးချန်းကို မုန်းဖို့အတွက် ကြိုးစားခိုင်းမဲ့အစား ဟွန်းကိုချစ်ဖို့ ဦးချန်းနည်းနည်းလောက် ကြိုးစားကြည့်ပါလား ဟွန်းကိုတကယ်ပဲမချစ်နိုင်ဘူးလား နည်းနည်းလေးတောင် ပြန်ချစ်မပေးနိုင်ဘူးလား အခုထိ ချစ်ဖို့ ခက်ခဲနေတုန်းလား"

"ဟင့်အင်း မဟုတ်ဘူး"

"အဲ့ဒါဆိုပြောလေ ဦးချန်းပြောလေ ဟွန်းကိုချစ်တယ်လို့"

"မပြောပါရစေနဲ့ကလေးရယ်……"

"ဦးချန်းက ဟွန်းကိုတကယ်ပဲမချစ်နိုင်လို့လားဟင်"

မျက်နှာငယ်လေးနဲ့မေးသည်။ မချစ်ဘူးလို့ ပြောတိုင်းဖြစ်သွားသည့် မျက်နှာလေးကလဲ အရင်အတိုင်းမပြောင်းလဲ။

"ကလေးရယ် ချစ်တယ်ဆိုတာ ပါးစပ်က ထုတ်ပြောမှမဟုတ်ပါဘူး ကလေးမြင်အောင်ကြည့်နိုင်ရင် ကိုယ့်ရင်ထဲမှာ ကလေးအတွက် အချစ်တွေအပြည့်ပါ ဘယ်သူမှယှဉ်လို့ မရနိုင်တဲ့ အချစ်တွေ အများကြီးပါ"

ကလေးမျက်နှာလေးက လမင်းလေးလို ဝင်းထိန်သွားသည်။

"ဟွန်းသိပါတယ် ဟွန်းကို ဘယ်လောက်ထိချစ်လဲဆိုတာ မပြောလဲ ကျေနပ်ပါတယ် ဦးချန်းရဲ့ နှလုံးသားထဲမှာ ဟွန်းတစ်ယောက်ထဲ ရှိနေတာမို့လား ဒါလေးတော့ဖြေပေးနော်"

ချန်းယောလ် ကလေးနှဖူးကို မြတ်နိုးစွာနမ်းလိုက်သည်။ ဒီကောင်လေး ပျော်သွားမယ်ဆိုတာ ခံစားမိသည်။

"ဟောဒီအနမ်းတစ်ပွင့်က လောကကြီးမှာ ကလေးအတွက် ပထမဆုံးပဲ ကိုယ့်နှလုံးသားထဲမှာရော ကိုယ့်ဘဝထဲမှာရော ကလေးတစ်ယောက်ပဲရှိတယ်"

ပျော်လိုက်တာ။ ဆယ်ဟွန်းပျော်လွန်းလို့ နေ့ခင်းကြောင်တောင် ကြယ်တွေလတွေပါမြင်နေမိသည်။ ဦးချန်းလည်ပင်းကို သိုင်းဖက်လိုက်သည်။ ထုံးစံအတိုင်း ဦးချန်းကို အနိုင်ကျင့်တော့မည်လေ။

"ဟွန်းရဲ့ပိုင်ဆိုင်သူကြီးရေ…ဟွန်းအနားမှာ တစ်သက်လုံးခစားပါတော့"

"ဟုတ်ကဲ့ပါဗျာ ဒီက ဟွန်းလေး အမိန့်ကို ကျနော်မျိုးက လိုက်နာပါ့မယ် ဟွန်းငယ်လေး စိတ်တိုင်းကျ ဘာပဲလုပ်လုပ် ကိုယ်ကခွင့်ပြုပါတယ်ဗျ"

"စိတ်ချပါဦးချန်း အခုကစပြီး ဟွန်းကပဲ ဦးချန်းကိုနိုင်စားတော့မှာ အဲ့ဒါ ဟွန်းအတွက် ဦးချန်းရဲ့ ပေးဆပ်ခြင်းလို့ပဲမှတ်ယူထားလိုက်"

နှစ်ဦးသားကြည်နူးစွာ ရယ်မောလိုက်ကြသည်။ ရယ်သံလွင်လွင်လေးများသည် လေထုနဲ့အတူစီးမျောလို့နေသည်။

အနားကနှင်းဆီနီများထက် ဟွန်းကလေးက ပိုလှနေသည်။ ထွန်းလင်းနေသည့် နေမင်းကြီးထက် ဟွန်းကလေးမျက်နှာလေးက ပိုတောက်ပနေသည်။ နှင်းဆီဖူးလေးသဖွယ် နီထွေးနေသည့် နှုတ်ခမ်းလေးကို  ချန်းယောလ်မက်မောစွာနမ်းမိသည်။

ကလေးဆိုးလေးကတော့ ညုတုတုလုပ်ကာ ချန်းယောလ်ကိုကျီဇယ်နေသည်။ အမှားတွေအတွက် ဒီကလေးလေးကို တစ်သက်လုံးပေးဆပ်ရင်း ချစ်သွားတော့မည်။ ကလေးရဲ့ဖြစ်တည်မှုတိုင်းမှာ ကိုယ်ရှိနေပါ့မယ်။ ကလေးရဲ့ လက်ကိုဘယ်တော့မှ မလွတ်တော့ဘူး။ ထာဝရဆုပ်ကိုင်ထားပါ့မယ်။

ပတ်ချန်းယောလ်ဆိုတဲ့ ကိုယ်ရဲ့ ဘဝတစ်ခုလုံးကိုကလေးအတွက် ပေးအပ်ထားတော့မှာမို့ ကလေးလေး ကျေနပ်ပါစေ။။
~°~°~°~°~°~°~
Extraမှာ နည်းနည်းRoမယ်နော်😅
T.b.c

#HoneyChan

Continue Reading

You'll Also Like

8.1M 479K 149
သက်မဲ့ DOLL မဟုတ်တဲ့မင်းက အထီးကျန်တဲ့ ကိုယ့်ဘဝအတွက် တောက်ပတဲ့ ကြယ်လေးပါ ... (Zawgyi + Unicode )
43.8K 3.1K 72
ဖတ်ကြည့်နော်😉😉
100K 10.1K 25
"သားကိုဘယ္တုန္းကမွအလိုမလိုက္တဲ့ Daddy"
63.8K 4K 40
✨ဦးခ်န္းကိုခ်စ္တယ္✨ဦးချန်းကိုချစ်တယ်✨(4.2.2021)