Extra Part 9

977 58 13
                                    

~Extra~

မင်္ဂလာပွဲသည် သတို့သားပေါက်စအိပ်ပျော်နေရက်နှင့်ပြီးဆုံးသွားသည်ကိုတော့ ဆယ်ဟွန်းမသိလိုက်။
ဆိုလ်းမြို့တွင်နာမည်ကြီးနေသည်မှာ
စနိုးဝှိုက်ကဲ့သို့သောကောင်လေးနှင့် လက်ထပ်လိုက်သည့် Lucky One ဟိုတယ်ပိုင်ရှင် ပတ်ချန်းယောလ်ဟူ၍ဖြစ်သည်။

အဖြူရောင်ဝတ်စုံလေးနှင့် အိပ်ပျော်နေတဲ့ အရုပ်လေးကို ကားပေါ်တင်ပြီး ခါးပတ်ပတ်ပေးလိုက်သည်။
ထို့နောက် ချန်းယောလ်ရဲ့ကားလေးသည် အိမ်နှင့်ဝေးရာကို တဖြေးဖြေးထွက်ခွာလာခဲ့သည်။
ယခုအစီအစဉ်သည် ဟန်းနီးမွန်းခရီးစဉ်ဖြစ်သည်။
ညနေစောင်းနေပြီဖြစ်သည်အထိ
မင်္ဂလာမဆောင်ခင်တစ်ရက်က မူးကာအိပ်ပျော်နေသော ကလေးပေါက်သည် ယနေ့မင်္ဂလာဆောင်ပြီး ဟန်းနီးမွန်းထွက်လာသည်အထိမနိုးသေး။

မြို့ပြင်ရောက်သည်နှင့် ညနေဆည်းဆာနှင့်အတူ လေကတဖြူးဖြူး။
လေနုအေးတွေက ဆယ်ဟွန်းကိုပိုပြီးအိပ်ပျော်အောင်ချော့မြူ နေသလားထင်ရသည်။
ချန်းယောလ်ကတော့ ချစ်ရလွန်းသည့် အိပ်ပုတ်သတို့သားလေးကို ငဲ့ကြည့်ကာ ပြုံးနေမိသည်။
ဒီကောင်လေး တကယ်ပိုင်ဆိုင်ရပြီပဲ။

"အင်း …… ဟင့်……ဝှါး……"

"အိပ်ရေးဝလား အိပ်ပုတ်လေး"

"အင်း …… ဟင် မေ့နေတာ ဒီနေ့မင်္ဂလာပွဲလေ
မဖြစ်ဘူး အိပ်ယာထနောက်ကျနေပြီ"

မျက်လုံးမပွင့်တပွင့်နှင့် ထင်ရာတွေပြောကာ
လက်ကားယားခြေကားယားဖြစ်နေသည်။
အိပ်ယာကထတာတဲ့လေ ခါးပတ်ကြောင့် ထမရမှ မျက်လုံးဖွင့်ကြည့်သည်။

"အင်…… ဒါဘယ်ရောက်နေတာလဲ
ဟင် ဦးချန်း"

"မြို့ပြင်ရောက်နေပြီ"

"မြို့ပြင်ဘာလာလုပ်တာလဲ"

"ဟန်းနီးမွန်း ထွက်လာတာ"

"အမ်…  မင်္ဂလာပွဲမလုပ်ရသေးဘူးလေ
ဟန်းနီးမွန်းကထွက်ပြီလား"

"မင်္ဂလာပွဲကပြီးပြီလေ အခုကဟန်းနီးမွန်း"

"ပြီးပြီ ဘယ်တုန်းကလဲ ဟွနဘာမှမပြင်ရသေးဘူးလေ ဦးချန်းဘယ်သူနဲ့မင်္ဂလာဆောင်လိုက်တာလဲ"

သခင့်ရဲ့ကျေးကျွန်/သခင့်ရဲ့ကျေးကျွန်(Completed)Where stories live. Discover now