~Extra~
ညနေက ကြည်နူးနေချိန်လူမိသွားတာမို့ ကလေးကရှက်နေကာ ထမင်းသာငုံ့စားနေသည်။
ရှေ့မှာထိုင်နေတဲ့ ချန်းယောလ်ကိုမော့လို့ပင်မကြည့်။"ဟွန်း"
"ဗျာ"
"ကိုယ့်ထဲဟင်းထည့်ပေးအုံးလေ"
"ထည့်စားလေဦးချန်းကလဲ
မှီရဲ့သားနဲ့""ဟွန်းထည့်ပေးတာစားချင်လို့လေ"
"ဦးချန်းနော် အရင်ကတော့ ထမင်းစားတဲ့အချိန်
ဟွန်းရှိနေတာတောင်မကြိုက်ဘဲနဲ့""ဟွန်းရယ် အဲ့ဒါတွေပြန်မပြောပါနဲ့လား
ကိုယ် ကလေးကိုအရမ်းအားနာရလို့""ဟွန်းက စတာပါ
စိတ်မကောင်းမဖြစ်နဲ့နော် ဟွန်းကဟင်းတွေထည့်ပေးမယ်"ဆယ်ဟွန်းနေရာကထလိုက်ပြီး ဦးချန်းဘက်သွားကာ
ဟင်းတွေတစ်ခုပြီးတစ်ခုထည့်ပေးလိုက်သည်။"ဦးချန်း အများကြီးစားနော်
ဦးချန်းစားစေချင်လို့ ညနေစာ ဟွန်ူကိုယ်တိုင်ကြိုးစားချက်ထားတာ""သိပါတယ်ဗျာ ဟွန်းလေးကိုယ့်ကိုအရမ်းချစ်တယ်ဆိုတာ ဒါနဲ့ဒေါ်ကြီးကို မနေ့ထဲကမတွေ့ဘူး
ဘယ်သွားတာလဲ""ပြန်သွားပြီဦးချန်းရဲ့
ဒေါ်ကြီးကအသက်ကြီးနေပြီလေ
နောက်မှ အိမ်အကူထပ်ရှာရမလားလို့""မရှာပါနဲ့လား
အိမ်မှာလူတွေများရင် ကလေးရှက်နေလိမ့်မယ်""လူများတာနဲ့ရှက်တာ ဘာဆိုင်လို့လဲဦးချန်းရဲ့"
"ဆိုင်တယ်လေ ဒီလိုမျိုးတွေဆို
လူတွေရှိရင်မကောင်းဘူး"မတ်တပ်လေးရပ်နေသည့် ကလေးကိုလက်ဆွဲလိုက်တော့ ချန်းယောလ်ပေါင်ပေါ်ကွက်တိကျလာသည်။
"အမလေး…… ဦးချန်း"
ဆယ်ဟွန်းအမြန်ထဖို့ပြင်ပေမဲ့ ခါးကိုအပိုင်စီးထားသည့်
ဦးချန်းလက်တွေကြောင့် ထလို့မရတော့။"ဒါမျိုးကိုပြောတာ
လူတွေရှိရင် ကလေးကရှက်နေမှာလေ""ဟာ ဦးချန်းကလဲ
ဖယ်တော့ ထမင်းစားနေတုန်းရှိသေး"
YOU ARE READING
သခင့်ရဲ့ကျေးကျွန်/သခင့်ရဲ့ကျေးကျွန်(Completed)
Fanfiction✨ဦးချန်းကိုချစ်တယ်✨ဦးချန်းကိုချစ်တယ်✨(4.2.2021)