Extra Part 7

879 58 17
                                    

~Extra~

ဆယ်ဟွန်းကတော့ ဦးချန်းရင်ခွင်အောက်မှာရောက်နေတာတောင် မကြောက်မရွံ့ပြန်ကြည့်နေမိသည်။

ချစ်တယ်။
ဦးချန်းရဲ့မျက်လုံး မျက်ခုံး။
နှာတံ နှုတ်ခမ်း။
အမွှေးအမျှင်တချို့ရှိနေသည့် မေးရိုး။
အရာအားလုံးကိုချစ်တာ။

ဖိခံထားရသည့် လက်လေးကိုမရမကဆွဲထုတ်ကာ ဦးချန်းလည်ပင်းကို သိုင်းဖက်လိုက်ပြီး
မျက်နှာကို အနည်းငယ် ငုံ့စေလိုက်သည်။

အနီးဆုံးရှိလာသည့် နှုတ်ခမ်းတစ်စုံအား ဆယ်ဟွန်းဘက်ကစတင်ကာ နမ်းရှိုက်လိုက်သည်။

တစ်ပြန်ဦးဆောင်နေသည့် အနမ်းတွေနောက်စီးမျှောမိရင်း လက်ချောင်းတို့က ဦးချန်းကျောပြင်စီပွတ်သပ်နေမိတော့သည်။
ဦးချန်းအကျီ င်္ကြယ်သီးတို့ကို ဖြုတ်ဖို့လုပ်နေတုန်းပင် ဦးချန်းအပြုအမူတို့ ရပ်တန့်သွားသည်။

"ကလေး"

"ဟမ်"

"သွားအိပ်တော့လေ"

အနမ်းတချို့ကို ရပ်တန့်ကာ အိပ်စေအမိန့်ချသူဦးချန်း။
ခုတင်ပေါ်ကနေဆင်းကာ ထိုင်ခုံမှာသွားထိုင်တော့ ဆယ်ဟွန်းမှာသာ အူတူတူလေးရှိနေဆဲ။

"ဦးချန်း good night"

ကလေးထွက်သွားမှ ချန်းယောလ်လဲ သက်ပြင်းချနိုင်သည်။
ကလေးငယ်ရှက်သွားမယ်ဆိုတာသိသည်။
ဒီကောင်လေး ဘဝတစ်ခုလုံးကို ချန်းယောလ်အတွက်ပေးချင်သည်အထိ ချစ်တာကို သိသည်။
ချန်းယောလ်ကိုယ်တိုင်ကမရယူရက်တာပါ။
တန်ဖိုးထားရလွန်းတာကြောင့်
တရားဝင်မပိုင်ဆိုင်ရသေးဘဲ ချစ်ရသူလေးကို မငြိုးနွမ်းစေလိုပါ။

ချန်းယောလ်လဲယောကျာ်းတစ်ယောက်ပဲ။
ကိုယ့်ချစ်သုရမ္မက်ဆန်စွာရယူပစ်ချင်ခဲ့တာပေါ့။
ကလေးနဲ့အတူရှိတိုင်း ဖြစ်ပေါ်လာသည့်စိတ်ရိုင်းတွေကို မရမက ချိုးနှိမ်နေခဲ့ရသည်။

ခန္ဓာကိုယ်ရဲ့အလိုဆန္ဒထက် နှလုံးသားအလိုဆန္ဒကိုပဲ ချန်းယောလ် ဦးစားပေးရမည်။
တကယ်ချစ်တဲ့အခါ အသွေးအသားဆာလောင်မှုကို နှလုံးသားဆာလောင်မှုက သူ့အလိုလိုအနိုင်ယူသွားတာပဲလေ။

သခင့်ရဲ့ကျေးကျွန်/သခင့်ရဲ့ကျေးကျွန်(Completed)Where stories live. Discover now