Unicode
အခန်း ၂၈ ) လုမန်မျက်ရည်တွေချက်ချင်းလှိမ့်ဆင်းလာသည်
“ အင်း . . ဟုတ်တယ် . . လုဟန်လိရဲ့ကိစ္စနဲ့ပတ်သက်တဲ့ သက်သေတွေအကုန်ထွက်လာရင် သတင်းဦးတွေအားလုံးက လုချီ ကြားလူဖြစ်ရတဲ့အကြောင်းပဲဖြစ်နေလိမ့်မယ်။ ပြီးရင်တော့ . . မကောင်းသတင်းတွေ တစ်ခုပြီး တစ်ခု ဆက်ထွက်လာမယ်ပေါ့ ” လုမန် ပြောလိုက်သည်။
ထန်းကျိက သူ့ပေါင်သူဖြတ်ရိုက်ပစ်ကာ...
“ နင်က မယုံနိုင်စရာပဲ! ”
“ ရှောင်မန် နင်လက်ထောက်အလုပ်ကထွက်ပြီး ငါနဲ့အတူလက်တွဲအလုပ်လုပ်သင့်တယ်နော် . . နှစ်ခုလုံးက ပင်ပန်းရတဲ့အလုပ်တွေချည်းပဲ။ ဒါပေမဲ့ ငါ့အလုပ်က လက်ထောက်အလုပ်ထက် ဝင်ငွေပိုများတယ် ” ထန်းကျိက အကြံပေးလိုက်သည်။
လုမန် ရယ်မောပစ်လိုက်၏။
“ ငါလည်းလက်ထောက်အလုပ်ကနေနှုတ်ထွက်ဖို့စဥ်းစားပြီးသားပါ။ ဒါပေမဲ့ သတင်းထောက်တော့ မလုပ်နိုင်ဘူးဟယ်။ ငါ့အမေကို ပြုစုရဦးမှာဆိုတော့ ငါက နင့်လို သတင်းရဖို့ တစ်နေ့လုံး လျှောက်ပြေးမနေနိုင်ဘူး ညဘက်တွေလည်း ကင်းစောင့်မအိပ်နိုင်ဘူးရယ် ”
“ အဲဒါတော့ဟုတ်ပါတယ်လေ. . ဒါဖြင့်ရင် နင်က ဘာလုပ်မှာလဲ ”
လုမန် ခေါင်းခါပြလိုက်ကာ...
“ သေချာတော့မစဥ်းစားရသေးဘူးဟ။ လောလောဆယ်တော့ ငါ့အမေရဲ့ဆေးဖိုးဝါးခတွေ ကာမိအောင် အချိန်တစ်ခုလောက်အထိ လက်ထောက်အလုပ်လုပ်ရင်း ငွေစုလိုက်ဦးမယ်။ အဲဒါကြောင့် ဒီအတောအတွင်း ငါ မေမေ့ကို ပြုစုဖို့ပဲ အာရုံစိုက်ဦးမယ် ”
တကယ်တော့ လုမန်က ဖက်ရှင်ဒီဇိုင်နာဖြစ်ချင်သည် ဆိုသော်လည်း ကျောင်းနုတ်ခံခဲ့ရသည်။ ပြီးတော့ ခုချိန်မှ အိပ်မက်ကို ထပ်ရွေးချယ်ဖို့က သိပ်မလွယ်ဘူးမလား။
ရှချင်းဝေရဲ့ဆေးဖိုးဝါးခအတွက် ငွေရှာဖို့လိုအပ်နေတာမို့ ခုမှ ကျောင်းကိုပြန်သွားရင်လည်း လက်တွေ့မကျပေ။
သို့သော်လည်း လုချီယွမ် ဘယ်လိုလူစားမျိုးဖြစ်ကြောင်း ခုမှ သဲသဲကွဲကွဲ နားလည်လိုက်ရကာ သူသည် ရှချင်းဝေရဲ့ဆေးဖိုးဝါးခအတွက် လုံးဝ ငွေထုတ်ပေးမှာ မဟုတ် . . .
“ ငါလုချီရဲ့လက်ထောက်လုပ်လာခဲ့တာတော်တော်ကြာပြီ။ အဲ့အတောအတွင်းမှာ စတူဒီယိုတွေ အနုပညာရှင်စီမံခန့်ခွဲမှုကုမ္ပဏီတွေနဲ့ အဆက်အသွယ်ရှိလာခဲ့တယ်။ ဒါကြောင့်မို့လို့ သူတို့နဲ့လက်တွဲလို့ရမယ့် အလုပ်ကလေး ရှာလို့ရမလား စမ်းကြည့်ပါဦးမယ် ”
ထန်းကျိက ခေါင်းညိတ်၏။
“ ငါလည်း ကူရှာပေးပါ့မယ် ”
“ အေးပါ ”
“ ခဏနော် ”
ထန်းကျိက ပြောပြီး ကားပေါ်ကဆင်းသွားသည်။
ခဏအကြာတွင် ဆေးဆိုင်က ဆေးအိတ်တစ်အိတ်နှင့်အတူ သူက ပြန်ရောက်ချလာကာ..
“ နင့်မျက်နှာရောင်နေတယ်. . ဆေးလိမ်းလိုက် ”
လုမန် သူမမျက်နှာကို ဆေးလိမ်းပြီး ကြည့်လိုက်တော့ ထန်းကျိက အလုပ်ကို စိတ်ပြန်ရောက်လျက်ရှိသည်ကြောင့် သူမ ရယ်မိသွားကာ...
“ ဒါဆို. . မြန်မြန်ပြန်ပြီး သတင်းရေးတော့လေ။ ငါ့အနားမှာ နေပေးစရာ မလိုပါဘူး ”
“ အင်း! အင်း! ဒါဖြင့်ရင် ပြန်တော့မယ်နော် . . လိုအပ်တာရှိရင် ခေါ်လိုက်နော် . . ”
ထန်းကျိက ကားပေါ်ကဆင်းပြီး အနောက်မှာထိုးထားသော သူ့ကိုယ်ပိုင်ကားဆီလျှောက်သွားလိုက်သည်။
***
ထန်းကျိထွက်သွားတော့ လုမန် ဆေးရုံကိုသွားလိုက်ကာ...
ည ၁၁ နာရီ ထိုးပြီမို့ ဆေးရုံရဲ့လူနာဧည့်တွေ့ချိန် ကျော်သွားပြီ ဖြစ်သည်။
ထို့ကြောင့် သူနာပြုက လုမန်ကို ဝင်ခွင့်မပေး. . လုမန် ဆန္ဒစောစွာဖြင့် ပြောလိုက်သည်။
“ ကျွန်မက သူ့သမီးပါရှင် အပြင်ကနေ ကြည့်ရုံလေးပဲကြည့်မှာပါ ပြီးတာနဲ့ ထွက်သွားပါ့မယ် ဒီမှာ . . ဒါက ကျွန်မရဲ့မှတ်ပုံတင်ကဒ်ပါ ”
သူမဘဝကို တစ်ဖန်ပြန်စနေတာဖြစ်သော်လည်း ရှချင်းဝေနှင့်ပတ်သက်ပြီး လုမန် စိုးရိမ်သည်။
အရင်ဘဝမှာ မေမေ့ကို သူမ မတွေ့လိုက်ရပေ။ ဒါဟာ သူမရဲ့အကြီးမားဆုံးနှင့်အနာကျင်ရဆုံးသော နောင်တတရား. . .
လုချီယွမ်က ဖုန်းဆက်ခေါ်၍ နောက်ဆက်တွဲကိစ္စတွေကိုသာ မရှင်းရဘူးဆိုလျှင် ရှချင်းဝေကို ချက်ချင်းလာတွေ့မှာဖြစ်သည်။
ခုက လူနာဧည့်တွေ့ချိန် ကျော်သွားပြီ ဆိုပေမယ့် ရောင်ကိုင်းနေတဲ့ သူမမျက်နှာကို ရှချင်းဝေအား မမြင်စေချင်တာကြောင့် ဒါဟာ တော်ပါသေးသည်။
ရှချင်းဝေကိုမတွေ့ရတာ ရှစ်နှစ်ကြာပြီဖြစ်သည်။ မသေခင်အချိန်က သူမမေမေ ဘယ်လိုအခြေအနေရှိခဲ့သလဲ လုံးဝ မသိခဲ့ရကာ. . .
အခု မေမေနဲ့ တွေ့နိုင်တော့မယ်ဆိုတော့ လုမန် စိတ်လှုပ်ရှားကာ မျက်ရည်ဝဲလာသည်။
မျက်ရည်အဝဲသားနှင့် လုမန်ကိုကြည့်ပြီး သူနာပြုက ကရုဏာပိုကာ ပြောလိုက်သည်။
“ ဒါဆိုရင်လည်း သွားကြည့်ပါ ဒါပေမဲ့ ကျန်တဲ့လူနာတွေကို အနှောင့်အယှက်မဖြစ်ပါစေနဲ့နော် ”
လုမန် ဆရာမကို ကျေးဇူးတင်ပြီး ရှချင်းဝေအခန်းကိုသွားလိုက်သည်။
သို့သော်လည်း အထဲတော့ မဝင်ရဲပေ။ သူမရဲ့လက်ရှိပုံစံနဲ့ အထဲဝင်သွားရင် မေမေစိတ်ပူတာကလွဲလို့ ဘာရှိနိုင်ဦးမလဲ . .
ထို့ကြောင့် အခန်းအပြင်မှရပ်၍ ကြည့်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ယခုအချိန်ဆိုလျှင် ရှချင်းဝေမှာ အိပ်ပျော်နေပြီ ဖြစ်သည်။
လရောင်ကျရောက်လျက်ရှိသော ခုတင်ကလွဲ၍ အခန်းသည် အမှောင်အတိ ဖုံးလွှမ်းနေပေသည်။ ဖျော့တော့သော အလင်းရောင်က ခုတင်ပေါ်က လူတစ်ကိုယ်ပေါ်တွင် ကျရောက်လျက်ရှိကာ ရှချင်းဝေက ဘေးတစောင်းလှဲ၍ ငြိမ်းချမ်းစွာ အေးစက်လို့နေသည်။
၈ နှစ်ကြာပြီးတဲ့ နောက်ဆုံးမှာ သူမမေမေကို ထပ်တွေ့ခွင့်ရခဲ့ပြီ. . .
မျက်ရည်တွေဟာချက်ချင်းလှိမ့်ဆင်းလာလျက်. .
“ အမေ. . . ”
====================================
Zawgyi
အခန္း ၂၈ ) လုမန္မ်က္ရည္ေတြခ်က္ခ်င္းလိွမ့္ဆင္းလာသည္
“ အင္း . . ဟုတ္တယ္ . . လုဟန္လိရဲ့ကိစၥနဲ႔ပတ္သက္တဲ့ သက္ေသေတြအကုန္ထြက္လာရင္ သတင္းဦးေတြအားလံုးက လုခ်ီ ၾကားလူျဖစ္ရတဲ့အေၾကာင္းပဲျဖစ္ေနလိမ့္မယ္။ ၿပီးရင္ေတာ့ . . မေကာင္းသတင္းေတြ တစ္ခုၿပီး တစ္ခု ဆက္ထြက္လာမယ္ေပါ့ ” လုမန္ ေျပာလိုက္သည္။
ထန္းက်ိက သူ႔ေပါင္သူျဖတ္ရိုက္ပစ္ကာ...
“ နင္က မယံုႏိုင္စရာပဲ! ”
“ ေရွာင္မန္ နင္လက္ေထာက္အလုပ္ကထြက္ၿပီး ငါနဲ႔အတူလက္တြဲအလုပ္လုပ္သင့္တယ္ေနာ္ . . ႏွစ္ခုလံုးက ပင္ပန္းရတဲ့အလုပ္ေတြခ်ည္းပဲ။ ဒါေပမဲ့ ငါ့အလုပ္က လက္ေထာက္အလုပ္ထက္ ဝင္ေငြပိုမ်ားတယ္ ” ထန္းက်ိက အႀကံေပးလိုက္သည္။
လုမန္ ရယ္ေမာပစ္လိုက္၏။
“ ငါလည္းလက္ေထာက္အလုပ္ကေနႏႈတ္ထြက္ဖို႔စဥ္းစားၿပီးသားပါ။ ဒါေပမဲ့ သတင္းေထာက္ေတာ့ မလုပ္ႏိုင္ဘူးဟယ္။ ငါ့အေမကို ျပဳစုရဦးမွာဆိုေတာ့ ငါက နင့္လို သတင္းရဖို႔ တစ္ေန့လံုး ေလ်ွာက္ေျပးမေနႏိုင္ဘူး ညဘက္ေတြလည္း ကင္းေစာင့္မအိပ္ႏိုင္ဘူးရယ္ ”
“ အဲဒါေတာ့ဟုတ္ပါတယ္ေလ. . ဒါျဖင့္ရင္ နင္က ဘာလုပ္မွာလဲ ”
လုမန္ ေခါင္းခါျပလိုက္ကာ...
“ ေသခ်ာေတာ့မစဥ္းစားရေသးဘူးဟ။ ေလာေလာဆယ္ေတာ့ ငါ့အေမရဲ့ေဆးဖိုးဝါးခေတြ ကာမိေအာင္ အခ်ိန္တစ္ခုေလာက္အထိ လက္ေထာက္အလုပ္လုပ္ရင္း ေငြစုလိုက္ဦးမယ္။ အဲဒါေၾကာင့္ ဒီအေတာအတြင္း ငါ ေမေမ့ကို ျပဳစုဖို႔ပဲ အာရံုစိုက္ဦးမယ္ ”
တကယ္ေတာ့ လုမန္က ဖက္ရွင္ဒီဇိုင္နာျဖစ္ခ်င္သည္ ဆိုေသာ္လည္း ေက်ာင္းႏုတ္ခံခဲ့ရသည္။ ၿပီးေတာ့ ခုခ်ိန္မွ အိပ္မက္ကို ထပ္ေရြးခ်ယ္ဖို႔က သိပ္မလြယ္ဘူးမလား။
ရွခ်င္းေဝရဲ့ေဆးဖိုးဝါးခအတြက္ ေငြရွာဖို႔လိုအပ္ေနတာမို႔ ခုမွ ေက်ာင္းကိုျပန္သြားရင္လည္း လက္ေတြ့မက်ေပ။
သို႔ေသာ္လည္း လုခ်ီယြမ္ ဘယ္လိုလူစားမ်ိဳးျဖစ္ေၾကာင္း ခုမွ သဲသဲကြဲကြဲ နားလည္လိုက္ရကာ သူသည္ ရွခ်င္းေဝရဲ့ေဆးဖိုးဝါးခအတြက္ လံုးဝ ေငြထုတ္ေပးမွာ မဟုတ္ . . .
“ ငါလုခ်ီရဲ့လက္ေထာက္လုပ္လာခဲ့တာေတာ္ေတာ္ၾကာၿပီ။ အဲ့အေတာအတြင္းမွာ စတူဒီယိုေတြ အႏုပညာရွင္စီမံခန္႔ခြဲမႈကုမၸဏီေတြနဲ႔ အဆက္အသြယ္ရိွလာခဲ့တယ္။ ဒါေၾကာင့္မို႔လို႔ သူတို႔နဲ႔လက္တြဲလို႔ရမယ့္ အလုပ္ကေလး ရွာလို႔ရမလား စမ္းၾကည့္ပါဦးမယ္ ”
ထန္းက်ိက ေခါင္းညိတ္၏။
“ ငါလည္း ကူရွာေပးပါ့မယ္ ”
“ ေအးပါ ”
“ ခဏေနာ္ ”
ထန္းက်ိက ေျပာၿပီး ကားေပၚကဆင္းသြားသည္။
ခဏအၾကာတြင္ ေဆးဆိုင္က ေဆးအိတ္တစ္အိတ္ႏွင့္အတူ သူက ျပန္ေရာက္ခ်လာကာ..
“ နင့္မ်က္ႏွာေရာင္ေနတယ္. . ေဆးလိမ္းလိုက္ ”
လုမန္ သူမမ်က္ႏွာကို ေဆးလိမ္းၿပီး ၾကည့္လိုက္ေတာ့ ထန္းက်ိက အလုပ္ကို စိတ္ျပန္ေရာက္လ်က္ရိွသည္ေၾကာင့္ သူမ ရယ္မိသြားကာ...
“ ဒါဆို. . ျမန္ျမန္ျပန္ၿပီး သတင္းေရးေတာ့ေလ။ ငါ့အနားမွာ ေနေပးစရာ မလိုပါဘူး ”
“ အင္း! အင္း! ဒါျဖင့္ရင္ ျပန္ေတာ့မယ္ေနာ္ . . လိုအပ္တာရိွရင္ ေခၚလိုက္ေနာ္ . . ”
ထန္းက်ိက ကားေပၚကဆင္းၿပီး အေနာက္မွာထိုးထားေသာ သူ႔ကိုယ္ပိုင္ကားဆီေလ်ွာက္သြားလိုက္သည္။
***
ထန္းက်ိထြက္သြားေတာ့ လုမန္ ေဆးရံုကိုသြားလိုက္ကာ...
ည ၁၁ နာရီ ထိုးၿပီမို႔ ေဆးရံုရဲ့လူနာဧည့္ေတြ့ခ်ိန္ ေက်ာ္သြားၿပီ ျဖစ္သည္။
ထို႔ေၾကာင့္ သူနာျပဳက လုမန္ကို ဝင္ခြင့္မေပး. . လုမန္ ဆႏၵေစာစြာျဖင့္ ေျပာလိုက္သည္။
“ ကြၽန္မက သူ႔သမီးပါရွင္ အျပင္ကေန ၾကည့္ရံုေလးပဲၾကည့္မွာပါ ၿပီးတာနဲ႔ ထြက္သြားပါ့မယ္ ဒီမွာ . . ဒါက ကြၽန္မရဲ့မွတ္ပံုတင္ကဒ္ပါ ”
သူမဘဝကို တစ္ဖန္ျပန္စေနတာျဖစ္ေသာ္လည္း ရွခ်င္းေဝႏွင့္ပတ္သက္ၿပီး လုမန္ စိုးရိမ္သည္။
အရင္ဘဝမွာ ေမေမ့ကို သူမ မေတြ့လိုက္ရေပ။ ဒါဟာ သူမရဲ့အႀကီးမားဆံုးႏွင့္အနာက်င္ရဆံုးေသာ ေနာင္တတရား. . .
လုခ်ီယြမ္က ဖုန္းဆက္ေခၚ၍ ေနာက္ဆက္တြဲကိစၥေတြကိုသာ မရွင္းရဘူးဆိုလ်ွင္ ရွခ်င္းေဝကို ခ်က္ခ်င္းလာေတြ့မွာျဖစ္သည္။
ခုက လူနာဧည့္ေတြ့ခ်ိန္ ေက်ာ္သြားၿပီ ဆိုေပမယ့္ ေရာင္ကိုင္းေနတဲ့ သူမမ်က္ႏွာကို ရွခ်င္းေဝအား မျမင္ေစခ်င္တာေၾကာင့္ ဒါဟာ ေတာ္ပါေသးသည္။
ရွခ်င္းေဝကိုမေတြ့ရတာ ရွစ္ႏွစ္ၾကာၿပီျဖစ္သည္။ မေသခင္အခ်ိန္က သူမေမေမ ဘယ္လိုအေျခအေနရိွခဲ့သလဲ လံုးဝ မသိခဲ့ရကာ. . .
အခု ေမေမနဲ႔ ေတြ့ႏိုင္ေတာ့မယ္ဆိုေတာ့ လုမန္ စိတ္လႈပ္ရွားကာ မ်က္ရည္ဝဲလာသည္။
မ်က္ရည္အဝဲသားႏွင့္ လုမန္ကိုၾကည့္ၿပီး သူနာျပဳက ကရုဏာပိုကာ ေျပာလိုက္သည္။
“ ဒါဆိုရင္လည္း သြားၾကည့္ပါ ဒါေပမဲ့ က်န္တဲ့လူနာေတြကို အေနွာင့္အယွက္မျဖစ္ပါေစနဲ႔ေနာ္ ”
လုမန္ ဆရာမကို ေက်းဇူးတင္ၿပီး ရွခ်င္းေဝအခန္းကိုသြားလိုက္သည္။
သို႔ေသာ္လည္း အထဲေတာ့ မဝင္ရဲေပ။ သူမရဲ့လက္ရိွပံုစံနဲ႔ အထဲဝင္သြားရင္ ေမေမစိတ္ပူတာကလြဲလို႔ ဘာရိွႏိုင္ဦးမလဲ . .
ထို႔ေၾကာင့္ အခန္းအျပင္မွရပ္၍ ၾကည့္လိုက္သည္။
မည္သို႔ပင္ဆိုေစကာမူ ယခုအခ်ိန္ဆိုလ်ွင္ ရွခ်င္းေဝမွာ အိပ္ေပ်ာ္ေနၿပီ ျဖစ္သည္။
လေရာင္က်ေရာက္လ်က္ရိွေသာ ခုတင္ကလြဲ၍ အခန္းသည္ အေမွာင္အတိ ဖံုးလႊမ္းေနေပသည္။ ေဖ်ာ့ေတာ့ေသာ အလင္းေရာင္က ခုတင္ေပၚက လူတစ္ကိုယ္ေပၚတြင္ က်ေရာက္လ်က္ရိွကာ ရွခ်င္းေဝက ေဘးတေစာင္းလွဲ၍ ၿငိမ္းခ်မ္းစြာ ေအးစက္လို႔ေနသည္။
၈ ႏွစ္ၾကာၿပီးတဲ့ ေနာက္ဆံုးမွာ သူမေမေမကို ထပ္ေတြ့ခြင့္ရခဲ့ၿပီ. . .
မ်က္ရည္ေတြဟာခ်က္ခ်င္းလိွမ့္ဆင္းလာလ်က္. .
“ အေမ. . . ”
====================================