Unicode
သူထိုင်ခုံကနေ တိတ်ဆိတ်စွာ ထွက်လာပြီး ပြဇာတ်ရုံဝင်ပေါက်ဆီကို လျှောက်သွားလိုက်တယ်။ သူမ ရောက်ဖို့ နီးလာတော့ ပြဇာတ်ရုံရဲ့ ခရမ်းပြာရောင်မီးရောင်အောက်မှာ သူမရင်းနှီးနေတဲ့ ဆယ်ကျော်သက်ကောင်လေးက wheelchair ပေါ်မှာ ထိုင်နေတာကို တွေ့လိုက်ရတယ်။
ချောင်လန်က နည်းနည်းကြောင်သွားပြီး အရှိန်မြင့်လိုက်ကာ ပြေးလာလိုက်တယ်။
" နင်ပြောတော့ မလာနိုင်ဘူးဆို " ချောင်လန်က အရမ်းအံ့ဩနေတယ်။ " ရုတ်တရက်ကြီးဘာလို့လာတာလဲ။ ဦးလေးချန်က နင့်ကို လိုက်ပို့တာလား။ "
ပြောလို့လဲပြီးရော ဦးလေးချန်က သူတို့နဲ့ ၁၀မီတာလောက်အကွာမှာ ရပ်နေတာကို တွေ့လိုက်ရတယ်။ သူက သူမကို ပြန်ကြည့်လိုက်ပြီး ပြုံးပြလိုက်တယ်။
ချောင်လန်ကလဲ ဦးလေးချန်ကို ပြန်ပြုံးပြလိုက်ပြီး ထန်းမော့ကို ပြန်ကြည့်လိုက်တယ်။ ပြီးတော့ သူ့ကို မေးလိုက်တယ်။ " တစ်ခုခုများဖြစ်လို့လား "
ဦးလေးချန်ကအဲ့နေရာမှာရှိနေတယ်ဆိုတော့ သေချာပေါက် ထန်းမော့က ပွဲလာကြည့်တာတော့ မဖြစ်နိုင်ဘူး။ သူမကို ရှာရတာ အရေးတကြီးကိစ္စတစ်ခုခုရှိလို့ပဲ ဖြစ်ရမယ်။
ထန်းမော့က စကားမပြောဘူး။ သူက ချောင်လန့်ကို မော့ကြည့်လိုက်တယ်။ ပြီးတော့ သူမဆံပင်ပေါ်မှာ တလက်လက်တောက်ပနေတဲ့ သမင်ဦးချိုလေးကို ကြည့်လိုက်တယ်။ ရုတ်တရက် အရောင်လက်နေတဲ့ သမင်ဦးချိုက အရမ်းချစ်ဖို့ကောင်းတာပဲလို့ ထန်းမော့ တွေးလိုက်မိတယ်။ သူ့ကို ကြည့်နေတဲ့ ချောင်လန့် မျက်လုံးလေးတွေကလဲ အရမ်းလှတာပဲ။
ထန်းမော့က လူတွေရဲ့ ရုပ်ရည်ကို အာရုံထားခဲတယ်။ လူအများစုက သူတို့လှလား မလှဘူးလားဆိုတာကို အရမ်းစိတ်ဝင်စားကြတယ်။ ဒါပေမဲ့ သူကတော့ အဲ့တာကို ဘယ်တုန်းကမှအာရုံမထားခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့ အရင်နဲ့မတူတဲ့ ချောင်လန့်ကိုမြင်တော့ သူ့စိတ်ထဲမှာ စကားလုံး၄လုံးက မပေါ်လာဘဲ မနေနိုင်ဘူး။
ကြည့်လို့ကောင်းတယ်။
သူ သူမကို အကြာကြီး ကြည့်နေမိတယ်။ ခဏကြာသွားတော့မှ သူက အိတ်ကပ်ထဲကနေ ဘူးသေးသေးလေးကို ထုတ်လိုက်ပြီး ချောင်လန့်ကို ပေးလိုက်တယ်။ " နင့်အတွက်လက်ဆောင် "
ချောင်လန် အံ့ဩသွားတယ်။ " နင် ငါ့ကို မနက်ဖြန်မှ ပေးလဲရတာပဲကို။ ဘာလို့ ဒီထိ လာရတာလဲ။ "
" မနက်ဖြန်က ခရစ်စမတ်အကြိုနေ့မှ မဟုတ်တာ " ထန်းမော့က သူမကို ကြည့်နေတုန်းပဲ။
ချောင်လန်က ပြုံးလိုက်တယ်။ ပြီးတော့ ဘူးလေးကို ယူလိုက်ပြီး တိုးတိုးလေးပြောလိုက်တယ်။ " ကျေးဇူးပဲ "
ကောင်လေးက သူမခေါင်းပေါ်က သမင်ဦးချိုလေးကို နောက်တစ်ခါထပ်ကြည့်လိုက်ပြီး အကြည့်ကို ပြန်ရုတ်လိုက်တယ်။
ချောင်လန်က ပြဇာတ်ရုံထဲကနေ ထွက်လာပြီး ဦးလေးချန်က ထန်းမော့ wheelchair ကိုတွန်းကာ ဝေးသထက်ဝေးဝေးရောက်သွားတာကို ကြည့်နေခဲ့တယ်။ သူမ သူ့ကို မမြင်ရတော့ဘူးဆိုမှ သူမလက်ထဲက ဘူးသေးသေးလေးကို ဖွင့်ကြည့်လိုက်တယ်။
ကျောက်စိမ်းကနေထွင်းထားတဲ့ အနုစိတ်တဲ့ ပန်းသီးပုံစံ ဆွဲသီးလေး
အဲ့တာက ထန်းမော့ သူမကို ခရစ်စမတ်အကြိုအနေနဲ့ ပေးတဲ့ လက်ဆောင်လေ.....
ချောင်လန် ငါနင့်ကို အေးချမ်းပြီး ပျော်ရွှင်ဖို့ ဆုတောင်းပေးပါတယ်။
ခရစ်စမတ်ပါတီက semester အဆုံးက နောက်ဆုံးစာမေးပွဲတွေက ယူဆောင်လာတဲ့ တင်းအားတွေ ဖိအားတွေကို အနည်းငယ် လျော့ကျသွားစေနိုင်ခဲ့တယ်။ ပါတီပြီးတဲ့အချိန်ည၁၀နာရီကျတော့မှ အားလုံးက သူတို့ထိုင်ခုံတွေကို စာသင်ခန်းတွေဆီပြန်ရွေ့ပြီး ဒီနေ့ညရဲ့ performance တွေအကြောင်းပြောကြတယ်။ နာမည်ကြီးတဲ့ အတန်းဖော်တွေအကြောင်းပေါ့။
ချောင်လန်က စိတ်မသက်သာစွာနဲ့ပဲ သူမအိတ်ကပ်ကို ထိလိုက်တယ်။ ပြီးတော့ လူအုပ်ကြီးကို သေချာသတိထားပြီး ရှောင်သွားလိုက်တယ်။
သူမက ထန်းမော့ကို ပန်းသီးလေးတစ်လုံးပဲပေးခဲ့တာ။ ထန်းမော့ကလဲ သူမကို ပန်းသီးပြန်ပေးတာပါပဲ။ ချောင်လန် လက်ထဲကိုင်ထားရင်တောင် လက်ကိုပူစေနိုင်တဲ့ ပန်းသီးပေါ့။
ချောင်လန်က သူမထိုင်ခုံကို သယ်ရင်းလျှောက်လာခဲ့တယ်။ ဘာလုပ်ရမယ်မှန်းမသိပဲနဲ့ပေါ့။ သူမ ထန်းမော့ပေါ်မှာ အကြွေးတွေများနေပြီဆိုတဲ့အတွေးက တစ်ဖြည်းဖြည်းနဲ့ မထင်မရှားဖြစ်လာတယ်။
သူမညအိမ်ပြန်ရောက်တော့ သူမအခန်းတံခါးကပွင့်နေပြီး အမေချောင်ရဲ့ အော်သံကိုကြားလိုက်ရတယ်။ " တစ်ချိန်လုံး အခန်းတံခါးကို သော့ခတ်ထားတာပဲ။ အရှက်ရစရာပစ္စည်းတစ်ခုခု ဖွက်ထားသလိုမျိုးပဲ။ "
ချောင်လန်က အစတုန်းကတော့ ကျောက်စိမ်းဆွဲသီးလေးကို သူမအခန်းထဲမှာဖွက်ထားချင်တာ။ ဒါပေမဲ့ အခုလို ရှုပ်ပွနေတဲ့ အခန်းကို တွေ့လိုက်ရတော့ သူမအဲ့စိတ်ကူးကို ခေါင်းထဲကနေ ချက်ချင်း ထုတ်ပစ်လိုက်တယ်။
ဘူးလေးကို ကျောင်းလွယ်အိတ်ရဲ့ ဟိုးအောက်ဆုံးနေရာ မမြင်နိုင်ဆုံးနေရာမှာ သေသေချာချာလေးထားလိုက်ပြီး ကျောင်းလွယ်အိတ်ဇစ်ကို ပိတ်လိုက်တယ်။ ပြီးတော့ သူမ အိပ်ယာဘေးက စားပွဲပေါ်မှာ လွယ်အိတ်ကို တင်လိုက်တယ်။
သူမနောက်နေ့မှာ ကျောင်းကိုလာခဲ့တယ်။ ဒီနေ့က တရားဝင်ခရစ်စမတ်နေ့ပဲ။ ကျောင်းသားတွေက အခုထိ အားလပ်ရက်တွေကြောင့် အပျော်မပျက်ကြသေးဘူး။ ဒီလိုအငွေ့အသက်က နှစ်သစ်ကူးကျောင်းပိတ်ရက်မပြီးခင်အထိ နည်းနည်းလေးမှ လျော့သွားမှာမဟုတ်ဘူး။
အထူးသဖြင့် ပထမနှစ်တွေပေါ့။
မနက်ခင်းအစော self study ချိန်က တရုတ်စာကိုကြည့်ရတာဖြစ်တယ်။ ဆရာက စားပွဲခုံဘေးမှာ မတ်တပ်ရပ်ပြီး ကျောင်းသားတွေကို စိတ်ရောကိုယ်ပါ ပညာပေးနေတယ်။ ဒီsemester ရဲ့ နောက်ဆုံးစာမေးပွဲ ရောက်ဖို့ ၁၀ရက်လောက်ပဲကျန်တော့တယ်။ ကျောင်းသားတွေက သူတို့သိပါတယ် လို့ ပြောကြပြီး လိမ်လိမ်မာမာနဲ့ ခေါင်းငုံ့လိုက်ကြတယ်။ ဒါပေမဲ့ အတန်းပိုင်ဆရာထွက်သွားတာနဲ့ စကားပြောနေကြတဲ့ လူတွေက စကားဆက်ပြောကြတယ်။ ပြီးတော့ တစ်ချို့က ဖုန်းခိုးထုတ်ပြီး ဆော့နေကြတယ်။
အထက်တန်းကျောင်းက ကျောင်းသားတွေ အတန်းချိန်အတွင်းမှာ ကိုယ်ပိုင်လက်ကိုင်ဖုန်းတွေကို အသုံးပြုဖို့ ခွင့်ပြုမထားဘူး။ ဒါပေမဲ့ စည်းကမ်းတွေရှိတဲ့အချိန်မှာ အဲ့တာကို ချိုးဖာက်တာတွေလဲရှိတာပေါ့။ အတန်းထဲက ကျောင်းသားတစ်ဝက်ကျော်ကျော်လောက်က သူတို့နဲ့အတူ လက်ကိုင်ဖုန်းတွေကို ဆောင်ထားကြတုန်းပဲ။ ပြီးတော့ နေ့တိုင်းနေ့ အတန်းပိုင်ဆရာရယ် ကြီးကြပ်ရေးမှူးတို့နဲ့ တူတူပုန်းတမ်းဆော့နေကြတယ်။
မနေ့ညခရစစမတ်အကြိုနေ့ညလဲပြီးရော တစ်ညလုံးနှင်းတွေကျခဲ့လို့ မနက်ခင်းမှာ ကျောင်းတစ်ခုလုံး နှင်းတွေနဲ့ ဖုံးလွှမ်းနေတယ်။
မနက်အစော self study ချိန်ပြီးတော့ အောင့်မထားနိုင်တော့တဲ့ ကျောင်းသားတွေက စာသင်ခန်းထဲကနေ ပြေးထွက်သွားကြပြီး နှင်းဘောလုံးတွေလုပ်ပြီး ပစ်တမ်းဆော့ကြတယ်။ အထူးသဖြင့် ပထမထပ်က အခန်း၁၃ပေါ့။ သူတို့အခန်းက တံခါးပေါက်နဲ့ အရမ်းနီးတာပဲလေ။
စာသင်ခန်းထဲက ကျောင်းသားတွေရဲ့ ၇၀ ၈၀ ရာခိုင်နှုန်းလောက်က အပြင်ဘက်ကို ပြေးထွက်သွားကြတယ်။ အနည်းငယ်လောက်ပဲ သူတို့နေရာမှာ ကျန်ခဲ့ကြတယ်။ တစ်ချို့က စာဖတ်နေကြတယ်။ တစ်ချို့က ဖုန်းဆော့နေကြတယ်။ ချောင်လန်က ပုံမှန်လိုပဲ လေ့ကျင့်ခန်းစာအုပ်ကို ထုတ်လိုက်ပြီး ဒီနေ့ သင်ခန်းစာကို စလုပ်နေတယ်။ သူမက ထန်းမော့ ဝင်လာတော့ နှုတ်ဆက်တာတောင် ခေါင်းမမော့လာခဲ့ဘူး။
ဆောင်းတွင်းကြီးမှာ စာသင်ခန်းအပြင်ဘက်က အရမ်းအေးနေတယ်။ ချောင်လန်က အနွေးထည်အထူကြီးကို ဝတ်ထားတယ်။ ဒါပေမဲ့ ထန်းမော့ကတော့ အရင်လိုပဲ ပါးပါးလေးပဲ ဝတ်လာတယ်။ သူက အခုမှ စာသင်ခန်းအပြင်ဘက်ကနေ ဝင်လာခဲ့တာ။ သူထိုင်တဲ့နေရာလဲရောက်ရော သူ့ဆီကနေ လာတဲ့ လေအေးတွေကို ချောင်လန်တောင် ခံစားလို့ရနေတယ်။
ချောင်လန်က wheelchairပေါ်က သူ့လက်တွေကို ကြည့်လိုက်တယ်။ လက်အိတ်လဲမဝတ်ထားဘူး။ သူ့ရဲ့ အစတုန်းကမှ ဖြူဖျော့နေတဲ့ လက်တွေက အရင်ကထက်တောင် ပိုဖြူနေတဲ့ပုံပေါ်နေတယ်။
ထန်းမော့လဲ ခေါင်းမော့ကြည့်လိုက်ရော ချောင်လန်က သူ့လက်ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။ သူလက်ကို အလိုလို နောက်ဆုတ်လိုက်မိတယ်။ ဒါပေမဲ့ သူ ချောင်လန်မေးတာကို ကြားလိုက်ရတယ်။ " ဒီလိုဝတ်လာတာ နင်မအေးဘူးလား "
ထန်းမော့က ရိုးသားစွာနဲ့ပဲ ခေါင်းကို ခါလိုက်တယ်။ " မအေးပါဘူး "
သူတစ်ကယ်ကို မအေးဘူး။ သူက နေရောင်တို့ လေတိုက်တာတို့ကို အရမ်း sensitive ဖြစ်တယ်ဆိုပေမဲ့ အပူနဲ့ အအေးကိုတော့ တအား sensitive မဖြစ်ဘူး။ ဦးလေးချန်က အမြဲသူ့ကို အနွေးထည်အထူတွေဝတ်စေချင်တယ်။ ဒါပေမဲ့ အနွေးထည်အထူကြီးတွေက သူ့ကို ရစ်ပတ်ထားသလိုခံစားရတယ်။ ပြီးတော့ အဝတ်ထူထူတွေက သူ့အရေပြားကို ဖိထားသလိုပဲ။ ဒီခံစားချက်မျိုးကို သူလက်ခံနိုင်ဘူး ခဲယဥ်းတယ်။
ဒါပေမဲ့ သူ့လက်ချောင်းတွေကတော့ ခဲလို့ တောင့်နေတယ်။
သူက စကားပြောရင် အကျင့်အတိုင်းဘဲ တစ်ဖက်လူကို စိုက်ကြည့်လေ့ရှိတယ်။ ဒါကြောင့်မလို့ လူတော်တော်များများက သူ့ကို ထူးဆန်းတယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ ဒါကတစ်ခုခုမှားနေတယ်လို့ ချောင်လန်ကတော့ ဘယ်တော့မှ မတွေးမိဘူး။ ထန်းမော့က ချောင်လန့်ကို စကားပြောနေရင်းနဲ့ပဲ သူမကို ကြည့်နေခဲ့တယ်။ သူ့မျက်လုံးတွေက မနေနိုင်ဘဲ ချောင်လန့် လည်ပင်းပေါ်ကို ရောက်သွားတယ်။
ဘာမှ ဝတ်မထားဘူး။ အဲ့မှာ ဘာမှ ရှိမနေဘူး။
ရုတ်တရက် ထန်းမော့ စကားပြောတာ ရပ်သွားတယ်။
ချောင်လန်က သူ့ရဲ့ အကြည့်ကြောင့် ကြောင်သွားတယ်။ ထန်းမော့ ကြည့်နေတဲ့ နေရာကိုလိုက်ကြည့်လိုက်တော့ ထန်းမော့က သူမလည်ပင်းကို ကြည့်နေတာမှန်း တွေ့လိုက်ရတယ်။ ၂စက္ကန့်လောက် စဥ်းစားပြီးတော့ သူမက အမြန်ရှင်းပြလိုက်တယ်။ " ငါက ကျကွဲမှာစိုးလို့ အဲ့တာကြောင့်မလို့ မဝတ်ထားတာ "
ကျောင်းလွယ်အိတ်ကို ဖွင့်လိုက်ပြီး အောက်ဆုံးမှာရောက်နေတဲ့ ဘူသေးသေးလေးကို သေချာဂရုတစိုက်လေး ယူလိုက်တယ်။
ဘူးလေးကို ဖွင့်လိုက်တယ်။ ကတီပါ ဘူးသေးသေးလေးထဲမှာ တောက်ပပြီး အနုစိတ်တဲ့ ကျောက်စိမ်း ဆွဲသီးလေးက ရှိနေတယ်။
ချောင်လန် သူမလွယ်အိတ်ထဲကနေ ဘူးကို ထုတ်လိုက်တာကို ထန်းမော့ကကြည့်နေခဲ့တယ်။ ပြီးတော့ ကျောက်စိမ်းဆွဲသီးလေးကို အကြာကြီး စိုက်ကြည့်နေတယ်။ နောက်တော့မှ ဘူးကို လှမ်းယူလိုက်တယ်။
သူက ကျောက်စိမ်းဆွဲသီးကို ဆွဲထုတ်လိုက်ပြီး ဘူးအောက်က အနီရောင်ကြိုးလေးကို ဖြုတ်လိုက်တယ်။ ပြီးတော့မှ ချောင်လန့်ကို ပြန်ပေးလိုက်တယ်။
ချောင်လန်က ကြောင်သွားပြီး အမြန်ရင်းပြလိုက်တယ်။ " ငါက နေ့တိုင်းနေ့ အလုပ်သွားရမှာ။ မတော်တဆ အဲ့တာက ပြုတ်ကျပြီး ကွဲသွားလိမ့်မယ်။ "
" ရပါတယ် " ထန်းမော့က အခုထိ လက်မြှောက်ထားတုန်းပဲ။ ပြီးတော့ အရှေ့ကို နည်းနည်းတိုးပေးလိုက်တယ်။ " ဝတ်ထား "
ချောင်လန်က ကျောက်စိမ်းဆွဲသီးလေးကို ကိုင်ထားတဲ့ ကောင်လေးရဲ့ လက်တွေကို အကြာကြီး စိုက်ကြည့်လိုက်တယ်။ ပြီးတော့ သူ့မျက်နှာကို စိုက်ကြည့်လိုက်တယ်။ နောက်ဆုံးမှ သူမ သူ့လက်ထဲက ဆွဲသီးကို ယူလိုက်ပြီး အနီရောင်ကြိုးလေးကို သူမလည်ပင်းမှာ ဆွဲလိုက်တယ်။
ကောင်လေးရဲ့ စိုးရိမ်ပူပန်နေတဲ့ စိတ်ကချက်ချင်းပဲ ပုံမှန်ပြန်ဖြစ်သွားတယ်။ သူက ရယ်ချင်တယ်။ ဒါပေမဲ့ ဘယ်လိုရယ်ရမလဲဆိုတာ သူမသိဘူး။ အဲ့တာကြောင့် သူ့ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက အနည်းငယ်ထူးဆန်းတဲ့ တွန့်ချိုးမှု ဖြစ်သွားတယ်။
ချောင်လန်က ဝတ်မလာခဲ့ဘူးလေ။ အဲ့တော့ ထန်းမော့က ချောင်လန် မကြိုက်လို့လားဆိုပြီး မစိုးရိမ်ဘဲ မနေနိုင်ဘူး။
ချောင်လန်က အနီရောင်ကြိုးကို သူမလက်နဲ့ လည်ပင်းနောက်မှာ ချည်နေတယ်။ ဒါပေမဲ့ သူမ ကြိုးကို တင်းတင်းချည်မရဘဲဖြစ်နေတယ်။ သူမက အရမ်းသတိထားပြီလုပ်နေတယ်။ သူမသေချာမချည်လိုက်မိလို့ရှိရင် ပြုတ်ကျသွားမှာကို စိုးရိမ်နေတယ်။
သူမ မော့ပြီး စာသင်ခန်းကို လှည့်ကြည့်လိုက်တော့ ၅ယောက်၆ယောက်လောက်ပဲ ကျန်တော့တာကို တွေ့လိုက်ရတယ်။ အနီးဆုံးလူက အနေအေးလို့ အပြင်ထွက်ပြီးသွားမဆော့တဲ့ ဖေးနင်ပဲဖြစ်တယ်။ ခဏလောက် တုံ့ဆိုင်းပြီးသွားတော့ သူမပြောလိုက်တယ်။ " ငါအိမ်ပြန်ရောက်တော့မှ ဆွဲလိုက်ရင်ရော "
ထန်းမော့က သူမကို ဆက်ကြည့်နေပြီး ဘာမှမပြောခဲ့ဘူး။
ချောင်လန်ကလဲ ရွေးချယ်စရာမရှိတော့ဘဲ သူမခေါင်းကိုလှည့်လိုက်ပြီး ထန်းမော့ကို ပြောလိုက်တယ်။ " အဲ့တာဆို နင်ငါ့ကို ကူချည်ပေးလေ။ ငါ့ဘာငါချည်တာမရလို့။ "
အစတုန်းက ထန်းမော့နှလုံးက တည်ငြိမ်နေတာ။ ဒါပေမဲ့ သူမစကားတွေကိုလဲ ကြားလိုက်ရော သူအချိန်အတော်ကြာ မတုံ့ပြန်နိုင်ဘဲဖြစ်သွားတယ်။
ကူ.. ကူ ဘာကိုကူလုပ်..... သူက ချောင်လန့်ကို ကြိုးကူချည်ပေးရမယ်??
သူ့လက်ချောင်းတွေက အနည်းငယ်တုန်ရီသွားတယ်။ ပြီးတော့မှ တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ လက်ကို ပြန်ရုတ်လိုက်တယ်။
သူမလုပ်ရဲဘူး။
Zawgyi
သူထိုင္ခုံကေန တိတ္ဆိတ္စြာ ထြက္လာၿပီး ျပဇာတ္႐ုံဝင္ေပါက္ဆီကို ေလွ်ာက္သြားလိုက္တယ္။ သူမ ေရာက္ဖို႔ နီးလာေတာ့ ျပဇာတ္႐ုံရဲ႕ ခရမ္းျပာေရာင္မီးေရာင္ေအာက္မွာ သူမရင္းႏွီးေနတဲ့ ဆယ္ေက်ာ္သက္ေကာင္ေလးက wheelchair ေပၚမွာ ထိုင္ေနတာကို ေတြ႕လိုက္ရတယ္။
ေခ်ာင္လန္က နည္းနည္းေၾကာင္သြားၿပီး အရွိန္ျမင့္လိုက္ကာ ေျပးလာလိုက္တယ္။
" နင္ေျပာေတာ့ မလာႏိုင္ဘူးဆို " ေခ်ာင္လန္က အရမ္းအံ့ဩေနတယ္။ " ႐ုတ္တရက္ႀကီးဘာလို႔လာတာလဲ။ ဦးေလးခ်န္က နင့္ကို လိုက္ပို႔တာလား။ "
ေျပာလို႔လဲၿပီးေရာ ဦးေလးခ်န္က သူတို႔နဲ႔ ၁၀မီတာေလာက္အကြာမွာ ရပ္ေနတာကို ေတြ႕လိုက္ရတယ္။ သူက သူမကို ျပန္ၾကည့္လိုက္ၿပီး ၿပဳံးျပလိုက္တယ္။
ေခ်ာင္လန္ကလဲ ဦးေလးခ်န္ကို ျပန္ၿပဳံးျပလိုက္ၿပီး ထန္းေမာ့ကို ျပန္ၾကည့္လိုက္တယ္။ ၿပီးေတာ့ သူ႔ကို ေမးလိုက္တယ္။ " တစ္ခုခုမ်ားျဖစ္လို႔လား "
ဦးေလးခ်န္ကအဲ့ေနရာမွာရွိေနတယ္ဆိုေတာ့ ေသခ်ာေပါက္ ထန္းေမာ့က ပြဲလာၾကည့္တာေတာ့ မျဖစ္ႏိုင္ဘူး။ သူမကို ရွာရတာ အေရးတႀကီးကိစၥတစ္ခုခုရွိလို႔ပဲ ျဖစ္ရမယ္။
ထန္းေမာ့က စကားမေျပာဘူး။ သူက ေခ်ာင္လန္႔ကို ေမာ့ၾကည့္လိုက္တယ္။ ၿပီးေတာ့ သူမဆံပင္ေပၚမွာ တလက္လက္ေတာက္ပေနတဲ့ သမင္ဦးခ်ိဳေလးကို ၾကည့္လိုက္တယ္။ ႐ုတ္တရက္ အေရာင္လက္ေနတဲ့ သမင္ဦးခ်ိဳက အရမ္းခ်စ္ဖို႔ေကာင္းတာပဲလို႔ ထန္းေမာ့ ေတြးလိုက္မိတယ္။ သူ႔ကို ၾကည့္ေနတဲ့ ေခ်ာင္လန္႔ မ်က္လုံးေလးေတြကလဲ အရမ္းလတာပဲ။
ထန္းေမာ့က လူေတြရဲ႕ ႐ုပ္ရည္ကို အာ႐ုံထားခဲတယ္။ လူအမ်ားစုက သူတို႔လွလား မလွဘူးလားဆိုတာကို အရမ္းစိတ္ဝင္စားၾကတယ္။ ဒါေပမဲ့ သူကေတာ့ အဲ့တာကို ဘယ္တုန္းကမွအာ႐ုံမထားခဲ့ဘူး။ ဒါေပမဲ့ ဒီေန႔ အရင္နဲ႔မတူတဲ့ ေခ်ာင္လန္႔ကိုျမင္ေတာ့ သူ႔စိတ္ထဲမွာ စကားလုံး၄လုံးက မေပၚလာဘဲ မေနႏိုင္ဘူး။
ၾကည့္လို႔ေကာင္းတယ္။
သူ သူမကို အၾကာႀကီး ၾကည့္ေနမိတယ္။ ခဏၾကာသြားေတာ့မွ သူက အိတ္ကပ္ထဲကေန ဘူးေသးေသးေလးကို ထုတ္လိုက္ၿပီး ေခ်ာင္လန္႔ကို ေပးလိုက္တယ္။ " နင့္အတြက္လက္ေဆာင္ "
ေခ်ာင္လန္ အံ့ဩသြားတယ္။ " နင္ ငါ့ကို မနက္ျဖန္မွ ေပးလဲရတာပဲကို။ ဘာလို႔ ဒီထိ လာရတာလဲ။ "
" မနက္ျဖန္က ခရစ္စမတ္အႀကိဳေန႔မွ မဟုတ္တာ " ထန္းေမာ့က သူမကို ၾကည့္ေနတုန္းပဲ။
ေခ်ာင္လန္က ၿပဳံးလိုက္တယ္။ ၿပီးေတာ့ ဘူးေလးကို ယူလိုက္ၿပီး တိုးတိုးေလးေျပာလိုက္တယ္။ " ေက်းဇူးပဲ "
ေကာင္ေလးက သူမေခါင္းေပၚက သမင္ဦးခ်ိဳေလးကို ေနာက္တစ္ခါထပ္ၾကည့္လိုက္ၿပီး အၾကည့္ကို ျပန္႐ုတ္လိုက္တယ္။
ေခ်ာင္လန္က ျပဇာတ္႐ုံထဲကေန ထြက္လာၿပီး ဦးေလးခ်န္က ထန္းေမာ့ wheelchair ကိုတြန္းကာ ေဝးသထက္ေဝးေဝးေရာက္သြားတာကို ၾကည့္ေနခဲ့တယ္။ သူမ သူ႔ကို မျမင္ရေတာ့ဘူးဆိုမွ သူမလက္ထဲက ဘူးေသးေသးေလးကို ဖြင့္ၾကည့္လိုက္တယ္။
ေက်ာက္စိမ္းကေနထြင္းထားတဲ့ အႏုစိတ္တဲ့ ပန္းသီးပုံစံ ဆြဲသီးေလး
အဲ့တာက ထန္းေမာ့ သူမကို ခရစ္စမတ္အႀကိဳအေနနဲ႔ ေပးတဲ့ လက္ေဆာင္ေလ.....
ေခ်ာင္လန္ ငါနင့္ကို ေအးခ်မ္းၿပီး ေပ်ာ္႐ႊင္ဖို႔ ဆုေတာင္းေပးပါတယ္။
ခရစ္စမတ္ပါတီက semester အဆုံးက ေနာက္ဆုံးစာေမးပြဲေတြက ယူေဆာင္လာတဲ့ တင္းအားေတြ ဖိအားေတြကို အနည္းငယ္ ေလ်ာ့က်သြားေစႏိုင္ခဲ့တယ္။ ပါတီၿပီးတဲ့အခ်ိန္ည၁၀နာရီက်ေတာ့မွ အားလုံးက သူတို႔ထိုင္ခုံေတြကို စာသင္ခန္းေတြဆီျပန္ေ႐ြ႕ၿပီး ဒီေန႔ညရဲ႕ performance ေတြအေၾကာင္းေျပာၾကတယ္။ နာမည္ႀကီးတဲ့ အတန္းေဖာ္ေတြအေၾကာင္းေပါ့။
ေခ်ာင္လန္က စိတ္မသက္သာစြာနဲ႔ပဲ သူမအိတ္ကပ္ကို ထိလိုက္တယ္။ ၿပီးေတာ့ လူအုပ္ႀကီးကို ေသခ်ာသတိထားၿပီး ေရွာင္သြားလိုက္တယ္။
သူမက ထန္းေမာ့ကို ပန္းသီးေလးတစ္လုံးပဲေပးခဲ့တာ။ ထန္းေမာ့ကလဲ သူမကို ပန္းသီးျပန္ေပးတာပါပဲ။ ေခ်ာင္လန္ လက္ထဲကိုင္ထားရင္ေတာင္ လက္ကိုပူေစႏိုင္တဲ့ ပန္းသီးေပါ့။
ေခ်ာင္လန္က သူမထိုင္ခုံကို သယ္ရင္းေလွ်ာက္လာခဲ့တယ္။ ဘာလုပ္ရမယ္မွန္းမသိပဲနဲ႔ေပါ့။ သူမ ထန္းေမာ့ေပၚမွာ အေႂကြးေတြမ်ားေနၿပီဆိုတဲ့အေတြးက တစ္ျဖည္းျဖည္းနဲ႔ မထင္မရွားျဖစ္လာတယ္။
သူမညအိမ္ျပန္ေရာက္ေတာ့ သူမအခန္းတံခါးကပြင့္ေနၿပီး အေမေခ်ာင္ရဲ႕ ေအာ္သံကိုၾကားလိုက္ရတယ္။ " တစ္ခ်ိန္လုံး အခန္းတံခါးကို ေသာ့ခတ္ထားတာပဲ။ အရွက္ရစရာပစၥည္းတစ္ခုခု ဖြက္ထားသလိုမ်ိဳးပဲ။ "
ေခ်ာင္လန္က အစတုန္းကေတာ့ ေက်ာက္စိမ္းဆြဲသီးေလးကို သူမအခန္းထဲမွာဖြက္ထားခ်င္တာ။ ဒါေပမဲ့ အခုလို ရႈပ္ပြေနတဲ့ အခန္းကို ေတြ႕လိုက္ရေတာ့ သူမအဲ့စိတ္ကူးကို ေခါင္းထဲကေန ခ်က္ခ်င္း ထုတ္ပစ္လိုက္တယ္။
ဘူးေလးကို ေက်ာင္းလြယ္အိတ္ရဲ႕ ဟိုးေအာက္ဆုံးေနရာ မျမင္ႏိုင္ဆုံးေနရာမွာ ေသေသခ်ာခ်ာေလးထားလိုက္ၿပီး ေက်ာင္းလြယ္အိတ္ဇစ္ကို ပိတ္လိုက္တယ္။ ၿပီးေတာ့ သူမ အိပ္ယာေဘးက စားပြဲေပၚမွာ လြယ္အိတ္ကို တင္လိုက္တယ္။
သူမေနာက္ေန႔မွာ ေက်ာင္းကိုလာခဲ့တယ္။ ဒီေန႔က တရားဝင္ခရစ္စမတ္ေန႔ပဲ။ ေက်ာင္းသားေတြက အခုထိ အားလပ္ရက္ေတြေၾကာင့္ အေပ်ာ္မပ်က္ၾကေသးဘူး။ ဒီလိုအေငြ႕အသက္က ႏွစ္သစ္ကူးေက်ာင္းပိတ္ရက္မၿပီးခင္အထိ နည္းနည္းေလးမွ ေလ်ာ့သြားမွာမဟုတ္ဘူး။
အထူးသျဖင့္ ပထမႏွစ္ေတြေပါ့။
မနက္ခင္းအေစာ self study ခ်ိန္က တ႐ုတ္စာကိုၾကည့္ရတာျဖစ္တယ္။ ဆရာက စားပြဲခုံေဘးမွာ မတ္တပ္ရပ္ၿပီး ေက်ာင္းသားေတြကို စိတ္ေရာကိုယ္ပါ ပညာေပးေနတယ္။ ဒီsemester ရဲ႕ ေနာက္ဆုံးစာေမးပြဲ ေရာက္ဖို႔ ၁၀ရက္ေလာက္ပဲက်န္ေတာ့တယ္။ ေက်ာင္းသားေတြက သူတို႔သိပါတယ္ လို႔ ေျပာၾကၿပီး လိမ္လိမ္မာမာနဲ႔ ေခါင္းငုံ႔လိုက္ၾကတယ္။ ဒါေပမဲ့ အတန္းပိုင္ဆရာထြက္သြားတာနဲ႔ စကားေျပာေနၾကတဲ့ လူေတြက စကားဆက္ေျပာၾကတယ္။ ၿပီးေတာ့ တစ္ခ်ိဳ႕က ဖုန္းခိုးထုတ္ၿပီး ေဆာ့ေနၾကတယ္။
အထက္တန္းေက်ာင္းက ေက်ာင္းသားေတြ အတန္းခ်ိန္အတြင္းမွာ ကိုယ္ပိုင္လက္ကိုင္ဖုန္းေတြကို အသုံးျပဳဖို႔ ခြင့္ျပဳမထားဘူး။ ဒါေပမဲ့ စည္းကမ္းေတြရွိတဲ့အခ်ိန္မွာ အဲ့တာကို ခ်ိဳးဖာက္တာေတြလဲရွိတာေပါ့။ အတန္းထဲက ေက်ာင္းသားတစ္ဝက္ေက်ာ္ေက်ာ္ေလာက္က သူတို႔နဲ႔အတူ လက္ကိုင္ဖုန္းေတြကို ေဆာင္ထားၾကတုန္းပဲ။ ၿပီးေတာ့ ေန႔တိုင္းေန႔ အတန္းပိုင္ဆရာရယ္ ႀကီးၾကပ္ေရးမႉးတို႔နဲ႔ တူတူပုန္းတမ္းေဆာ့ေနၾကတယ္။
မေန႔ညခရစစမတ္အႀကိဳေန႔ညလဲၿပီးေရာ တစ္ညလုံးနင္းေတြက်ခဲ့လို႔ မနက္ခင္းမွာ ေက်ာင္းတစ္ခုလုံး ႏွင္းေတြနဲ႔ ဖုံးလြမ္းေနတယ္။
မနက္အေစာ self study ခ်ိန္ၿပီးေတာ့ ေအာင့္မထားႏိုင္ေတာ့တဲ့ ေက်ာင္းသားေတြက စာသင္ခန္းထဲကေန ေျပးထြက္သြားၾကၿပီး ႏွင္းေဘာလုံးေတြလုပ္ၿပီး ပစ္တမ္းေဆာ့ၾကတယ္။ အထူးသျဖင့္ ပထမထပ္က အခန္း၁၃ေပါ့။ သူတို႔အခန္းက တံခါးေပါက္နဲ႔ အရမ္းနီးတာပဲေလ။
စာသင္ခန္းထဲက ေက်ာင္းသားေတြရဲ႕ ၇၀ ၈၀ ရာခိုင္ႏႈန္းေလာက္က အျပင္ဘက္ကို ေျပးထြက္သြားၾကတယ္။ အနည္းငယ္ေလာက္ပဲ သူတို႔ေနရာမွာ က်န္ခဲ့ၾကတယ္။ တစ္ခ်ိဳ႕က စာဖတ္ေနၾကတယ္။ တစ္ခ်ိဳ႕က ဖုန္းေဆာ့ေနၾကတယ္။ ေခ်ာင္လန္က ပုံမွန္လိုပဲ ေလ့က်င့္ခန္းစာအုပ္ကို ထုတ္လိုက္ၿပီး ဒီေန႔ သင္ခန္းစာကို စလုပ္ေနတယ္။ သူမက ထန္းေမာ့ ဝင္လာေတာ့ ႏႈတ္ဆက္တာေတာင္ ေခါင္းမေမာ့လာခဲ့ဘူး။
ေဆာင္းတြင္းႀကီးမွာ စာသင္ခန္းအျပင္ဘက္က အရမ္းေအးေနတယ္။ ေခ်ာင္လန္က အေႏြးထည္အထူႀကီးကို ဝတ္ထားတယ္။ ဒါေပမဲ့ ထန္းေမာ့ကေတာ့ အရင္လိုပဲ ပါးပါးေလးပဲ ဝတ္လာတယ္။ သူက အခုမွ စာသင္ခန္းအျပင္ဘက္ကေန ဝင္လာခဲ့တာ။ သူထိုင္တဲ့ေနရာလဲေရာက္ေရာ သူ႔ဆီကေန လာတဲ့ ေလေအးေတြကို ေခ်ာင္လန္ေတာင္ ခံစားလို႔ရေနတယ္။
ေခ်ာင္လန္က wheelchairေပၚက သူ႔လက္ေတြကို ၾကည့္လိုက္တယ္။ လက္အိတ္လဲမဝတ္ထားဘူး။ သူ႔ရဲ႕ အစတုန္းကမွ ျဖဴေဖ်ာ့ေနတဲ့ လက္ေတြက အရင္ကထက္ေတာင္ ပိုျဖဴေနတဲ့ပုံေပၚေနတယ္။
ထန္းေမာ့လဲ ေခါင္းေမာ့ၾကည့္လိုက္ေရာ ေခ်ာင္လန္က သူ႔လက္ကို စိုက္ၾကည့္ေနတာကို ေတြ႕လိုက္ရတယ္။ သူလက္ကို အလိုလို ေနာက္ဆုတ္လိုက္မိတယ္။ ဒါေပမဲ့ သူ ေခ်ာင္လန္ေမးတာကို ၾကားလိုက္ရတယ္။ " ဒီလိုဝတ္လာတာ နင္မေအးဘူးလား "
ထန္းေမာ့က ႐ိုးသားစြာနဲ႔ပဲ ေခါင္းကို ခါလိုက္တယ္။ " မေအးပါဘူး "
သူတစ္ကယ္ကို မေအးဘူး။ သူက ေနေရာင္တို႔ ေလတိုက္တာတို႔ကို အရမ္း sensitive ျဖစ္တယ္ဆိုေပမဲ့ အပူနဲ႔ အေအးကိုေတာ့ တအား sensitive မျဖစ္ဘူး။ ဦးေလးခ်န္က အၿမဲသူ႔ကို အေႏြးထည္အထူေတြဝတ္ေစခ်င္တယ္။ ဒါေပမဲ့ အေႏြးထည္အထူႀကီးေတြက သူ႔ကို ရစ္ပတ္ထားသလိုခံစားရတယ္။ ၿပီးေတာ့ အဝတ္ထူထူေတြက သူ႔အေရျပားကို ဖိထားသလိုပဲ။ ဒီခံစားခ်က္မ်ိဳးကို သူလက္ခံႏိုင္ဘူး ခဲယဥ္းတယ္။
ဒါေပမဲ့ သူ႔လက္ေခ်ာင္းေတြကေတာ့ ခဲလို႔ ေတာင့္ေနတယ္။
သူက စကားေျပာရင္ အက်င့္အတိုင္းဘဲ တစ္ဖက္လူကို စိုက္ၾကည့္ေလ့ရွိတယ္။ ဒါေၾကာင့္မလို႔ လူေတာ္ေတာ္မ်ားမ်ားက သူ႔ကို ထူးဆန္းတယ္လို႔ ထင္ၾကတယ္။ ဒါေပမဲ့ ဒါကတစ္ခုခုမွားေနတယ္လို႔ ေခ်ာင္လန္ကေတာ့ ဘယ္ေတာ့မွ မေတြးမိဘူး။ ထန္းေမာ့က ေခ်ာင္လန္႔ကို စကားေျပာေနရင္းနဲ႔ပဲ သူမကို ၾကည့္ေနခဲ့တယ္။ သူ႔မ်က္လုံးေတြက မေနႏိုင္ဘဲ ေခ်ာင္လန္႔ လည္ပင္းေပၚကို ေရာက္သြားတယ္။
ဘာမွ ဝတ္မထားဘူး။ အဲ့မာ ဘာမွ ရွိမေနဘူး။
႐ုတ္တရက္ ထန္းေမာ့ စကားေျပာတာ ရပ္သြားတယ္။
ေခ်ာင္လန္က သူ႔ရဲ႕ အၾကည့္ေၾကာင့္ ေၾကာင္သြားတယ္။ ထန္းေမာ့ ၾကည့္ေနတဲ့ ေနရာကိုလိုက္ၾကည့္လိုက္ေတာ့ ထန္းေမာ့က သူမလည္ပင္းကို ၾကည့္ေနတာမန္း ေတြ႕လိုက္ရတယ္။ ၂စကၠန္႔ေလာက္ စဥ္းစားၿပီးေတာ့ သူမက အျမန္ရွင္းျပလိုက္တယ္။ " ငါက က်ကြဲမွာစိုးလို႔ အဲ့တာေၾကာင့္မလို႔ မဝတ္ထားတာ "
ေက်ာင္းလြယ္အိတ္ကို ဖြင့္လိုက္ၿပီး ေအာက္ဆုံးမွာေရာက္ေနတဲ့ ဘူေသးေသးေလးကို ေသခ်ာဂ႐ုတစိုက္ေလး ယူလိုက္တယ္။
ဘူးေလးကို ဖြင့္လိုက္တယ္။ ကတီပါ ဘူးေသးေသးေလးထဲမွာ ေတာက္ပၿပီး အႏုစိတ္တဲ့ ေက်ာက္စိမ္း ဆြဲသီးေလးက ရွိေနတယ္။
ေခ်ာင္လန္ သူမလြယ္အိတ္ထဲကေန ဘူးကို ထုတ္လိုက္တာကို ထန္းေမာ့ကၾကည့္ေနခဲ့တယ္။ ၿပီးေတာ့ ေက်ာက္စိမ္းဆြဲသီးေလးကို အၾကာႀကီး စိုက္ၾကည့္ေနတယ္။ ေနာက္ေတာ့မွ ဘူးကို လွမ္းယူလိုက္တယ္။
သူက ေက်ာက္စိမ္းဆြဲသီးကို ဆြဲထုတ္လိုက္ၿပီး ဘူးေအာက္က အနီေရာင္ႀကိဳးေလးကို ျဖဳတ္လိုက္တယ္။ ၿပီးေတာ့မွ ေခ်ာင္လန္႔ကို ျပန္ေပးလိုက္တယ္။
ေခ်ာင္လန္က ေၾကာင္သြားၿပီး အျမန္ရင္းျပလိုက္တယ္။ " ငါက ေန႔တိုင္းေန႔ အလုပ္သြားရမာ။ မေတာ္တဆ အဲ့တာက ျပဳတ္က်ၿပီး ကြဲသြားလိမ့္မယ္။ "
" ရပါတယ္ " ထန္းေမာ့က အခုထိ လက္ေျမာက္ထားတုန္းပဲ။ ၿပီးေတာ့ အေရွ႕ကို နည္းနည္းတိုးေပးလိုက္တယ္။ " ဝတ္ထား "
ေခ်ာင္လန္က ေက်ာက္စိမ္းဆြဲသီးေလးကို ကိုင္ထားတဲ့ ေကာင္ေလးရဲ႕ လက္ေတြကို အၾကာႀကီး စိုက္ၾကည့္လိုက္တယ္။ ၿပီးေတာ့ သူ႔မ်က္ႏွာကို စိုက္ၾကည့္လိုက္တယ္။ ေနာက္ဆုံးမွ သူမ သူ႔လက္ထဲက ဆြဲသီးကို ယူလိုက္ၿပီး အနီေရာင္ႀကိဳးေလးကို သူမလည္ပင္းမွာ ဆြဲလိုက္တယ္။
ေကာင္ေလးရဲ႕ စိုးရိမ္ပူပန္ေနတဲ့ စိတ္ကခ်က္ခ်င္းပဲ ပုံမွန္ျပန္ျဖစ္သြားတယ္။ သူက ရယ္ခ်င္တယ္။ ဒါေပမဲ့ ဘယ္လိုရယ္ရမလဲဆိုတာ သူမသိဘူး။ အဲ့တာေၾကာင့္ သူ႔ရဲ႕ ႏႈတ္ခမ္းေထာင့္စြန္းေတြက အနည္းငယ္ထူးဆန္းတဲ့ တြန္႔ခ်ိဳးမႈ ျဖစ္သြားတယ္။
ေခ်ာင္လန္က ဝတ္မလာခဲ့ဘူးေလ။ အဲ့ေတာ့ ထန္းေမာ့က ေခ်ာင္လန္ မႀကိဳက္လို႔လားဆိုၿပီး မစိုးရိမ္ဘဲ မေနႏိုင္ဘူး။
ေခ်ာင္လန္က အနီေရာင္ႀကိဳးကို သူမလက္နဲ႔ လည္ပင္းေနာက္မွာ ခ်ည္ေနတယ္။ ဒါေပမဲ့ သူမ ႀကိဳးကို တင္းတင္းခ်ည္မရဘဲျဖစ္ေနတယ္။ သူမက အရမ္းသတိထားၿပီလုပ္ေနတယ္။ သူမေသခ်ာမခ်ည္လိုက္မိလို႔ရွိရင္ ျပဳတ္က်သြားမွာကို စိုးရိမ္ေနတယ္။
သူမ ေမာ့ၿပီး စာသင္ခန္းကို လွည့္ၾကည့္လိုက္ေတာ့ ၅ေယာက္၆ေယာက္ေလာက္ပဲ က်န္ေတာ့တာကို ေတြ႕လိုက္ရတယ္။ အနီးဆုံးလူက အေနေအးလို႔ အျပင္ထြက္ၿပီးသြားမေဆာ့တဲ့ ေဖးနင္ပဲျဖစ္တယ္။ ခဏေလာက္ တုံ႔ဆိုင္းၿပီးသြားေတာ့ သူမေျပာလိုက္တယ္။ " ငါအိမ္ျပန္ေရာက္ေတာ့မွ ဆြဲလိုက္ရင္ေရာ "
ထန္းေမာ့က သူမကို ဆက္ၾကည့္ေနၿပီး ဘာမွမေျပာခဲ့ဘူး။
ေခ်ာင္လန္ကလဲ ေ႐ြးခ်ယ္စရာမရွိေတာ့ဘဲ သူမေခါင္းကိုလွည့္လိုက္ၿပီး ထန္းေမာ့ကို ေျပာလိုက္တယ္။ " အဲ့တာဆို နင္ငါ့ကို ကူခ်ည္ေပးေလ။ ငါ့ဘာငါခ်ည္တာမရလို႔။ "
အစတုန္းက ထန္းေမာ့ႏွလုံးက တည္ၿငိမ္ေနတာ။ ဒါေပမဲ့ သူမစကားေတြကိုလဲ ၾကားလိုက္ေရာ သူအခ်ိန္အေတာ္ၾကာ မတုံ႔ျပန္ႏိုင္ဘဲျဖစ္သြားတယ္။
ကူ.. ကူ ဘာကိုကူလုပ္..... သူက ေခ်ာင္လန္႔ကို ႀကိဳးကူခ်ည္ေပးရမယ္??
သူ႔လက္ေခ်ာင္းေတြက အနည္းငယ္တုန္ရီသြားတယ္။ ၿပီးေတာ့မွ တုံ႔ဆိုင္းတုံ႔ဆိုင္းနဲ႔ လက္ကို ျပန္႐ုတ္လိုက္တယ္။
သူမလုပ္ရဲဘူး။