#Uni
ပြုတ်ကျတယ်သာပြောတယ်...နာလဲမနာတဲ့အပြင် အောက်ပြုတ်ကျတော့လဲ မြေကြီးပေါ်ကျတာဆိုရင် မာတောင့်တောင့်ကြီးခံစားရမှာပေါ့...ခုဟာက ပျော့ပျော့အိအိကြီးပေါ် ပြုတ်ကျသလိုကြီး
တွေးနေတုန်း ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်နေရာကနေ လင်းထိန်သွားအောင် မီးတွေပွင့်လာတာကြောင့်
အမှောင်ထဲ ကျင့်သားရနေတဲ့ ကိုယ်က အလင်းရောင် စူးစူးတွေကို မြင်လိုက်ရတော့ မျက်လုံးတောင် ပြာသွားမိတယ်...ခုနကမှ အမြင့်ကနေကျလာတာဆိုတော့ နားတွေကလဲအူနေရော..
"ငါ...ငါ သေသွားပြီလား...နတ်ပြည်ရောက်လာတာလား...''
"ဟား... မသေပါဘူး မရဲ့..''
မျက်လုံးပိတ်ထားရင်း ကလေးအသံကြားလို့ ဖွင့်ကြည့်လိုက်တော့ ကလေးက အောက်မှာ လှဲနေရင်း လူကိုသဘောကျသလိုကြည့်နေတယ်...ကိုယ်က ကလေးအပေါ်မှာ ခွရက်ကြီး... ကလေးအပေါ်တက်ထိုင်ထားသလိုဖြစ်နေပြီး အောက်ကိုသေချာကြည့်လိုက်တော့...
ပျော့ပျော့အိ ကစားကွင်းမှာ ကလေးတွေဆော့တဲ့လေပူဖောင်းကြီးပေါ် ကျလာတာကို...ဒါကြောင့် ဘာမှမဖြစ်တာပေါ့..
"ရား...ကလေး...ဒါဆို..''
"ဟီး...မ ကျွန်တော်ကိုချစ်မချစ် စမ်းကြည့်တာ...''
"လိလို စမ်းရလား...အခန့်မသင့်ရင် နှလုံးရပ်သေလောက်တယ်ဟဲ့...ငါ့ကိုအဲ့လောက် မယုံရင် လာမချစ်နဲ့..''
ထမလိုလုပ်တော့ ကလေးက ထထိုင်လိုက်ရင်း လူကိုလာဖက်တာကြောင့် အတင်းရိုက်ထုတ်ပြီး တွန်းဖယ်နေပေမဲ့ လူကိုဖက်မြဲဖက်ထားရင်း...
"ချစ်လို့...မ ကိုအရမ်းချစ်လို့ပါဗျ...တောင်းပန်ပါတယ်...မ အရမ်းလန့်သွားမှာပေါ့...."
"အဟင့်...အဟင့်....ဗြဲ ''
"ဟာ မ ဘာလို့ငိုတာလဲ...''
"ကြောက်နေခဲ့တာ...''
"အင်းပေါ့ ...အမြင့်က ကျတာကို...''
"မဟုတ်ဘူး...ချီကြောင့် ကလေးက ရူးမလိုဖြစ်တဲ့အထိ ချီကို ချစ်မှာ ကြောက်နေခဲ့တာ..''
"....''
"ချီကို အရမ်းချစ်လို့ စိတ်ဒဏ်ရာရပြီး ခုလိုသတ်သေဖို့ထိ ရူးမိုက်ရလားဆိုပြီး ကလေး ချီကြောင့် တစ်ခုခုဖြစ်မှာကို အရမ်းကြောက်နေခဲ့တာ..''
"အဲ့လောက်တောင်လား...ချစ်လိုက်တာ မရယ်...''
"အင်း...ချီ ကလေးကို အရမ်းချစ်...အွတ်..အင့်..''
ကလေးကိုပြောနေရင်း ကလေးက လူကို အောက်လှိမ့်ချလိုက်ရင်း အပေါ်ကအုပ်မိုးပြီး နမ်းနေတာကြောင့် အစကတော့ လန့်သွားပြီး တွန်းထုတ်နေပေမဲ့ ခနနေတော့ ကလေးအနမ်းတွေကို ပြန်တုံ့ပြန်လိုက်တယ်...
ကလေးက နမ်းနေရင်း ကိုယ့်အင်္ကျီစထဲ လက်ထိုးထည့်လိုက်တော့ ကလေးကို ပခုံးကနေ သိုင်းဖက်လိုက်ပြီး အနမ်းတွေကို ပိုနီးကပ်စေတော့...
"ဟဲ့ ရပ်တော့...စိတ်ညစ်တယ်ဟယ် နင်တို့အိမ်များမှတ်နေတာလား...ခု အပြင်မှာဟဲ့ သတိလေးဘာလေးကပ်ပါအုံး...''
"....''
"ကိုမိုးယံ ပါးစပ်လေး ပြန်စိအုံး... သရေတွေကျနေပြီ ...နှာခေါင်းက မီးတောက်နေပြီ...မျက်လုံးကြီးကလဲ ကျွတ်ထွက်နေအုံးမယ်..''
"အွတ်...ကလေး...အင့်...''
"ပြွတ်...''
ကလေးနဲ့နမ်းနေရာကနေ ခွာလိုက်ရင်း အင်္ကျီတွေဘာတွေကို သေချာပြန်ဆွဲချလိုက်တဲ့အပြင် ကလေးကိုတွန်းလိုက်ပြီး အောက်ကိုဆင်းလာတုန်း
"အား...''
ခေါင်းခေါက်ခံလိုက်ရတဲ့ငါလေး...ရိုးရာမပျက်ပါဘူး...ဘယ်သူလုပ်တာလဲဆို ချစ်သူငယ်ချင်းကြီးပေါ့..
"နင့်လင်အိမ်များထင်နေလား...ငါသာမပြောရင် ဒီနေရာမှာတင် ကလေးဆယ်ယောက်လောက်ထိ မွေးနေလောက်ပြီ...''
"ချစ်ကလဲ..''
"...''
"ဒါနဲ့နေပါအုံး... ဒါဆို အကုန်လုံးက ပေါင်းကြံထားတာပေါ့..''
အကုန်လုံးကိုကြည့်လိုက်တော့ မသိသလိုအကြည့်လွှဲနေကြပြီး ကလေးကို ကြည့်ပြန်တော့လဲ ရယ်ပြနေပြန်ပြီ
"ကလေး တော်တော် ဆိုးတာပဲ အားလုံးနဲ့ပေါင်းကြံတာပေါ့လေ...''
"ဟို အဲ့တာ..''
"ပြောမနေနဲ့ လာ..နင့်ကိုအပြစ်ပေးရမယ်..''
ဆိုပြီး ချစ်က မျက်လုံးကို အဝတ်စထူထူကြီးတစ်ခုနဲ့ လာအုပ်ရင်း တစ်နေရာရာကိုခေါ်သွားတာကြောင့်
"ချစ်...ဘယ်...ဘယ်လဲ..''
"နင့်အပြစ်နဲ့ နင်ခံ...အသက်ကကြီးနေပြီ ဟိုကောင်က ခုန်ချပြောတိုင်း ခုန်ချရလား...နင့်အရွယ်က အချစ်ကိုရှေ့တန်းတင်ရမဲ့အရွယ်လား..''
"ချစ်က ချစ်မှမချစ်ဖူးတာ..''
"တိတ်စမ်း...ခု အေးဆေးနေ...ဘာလုပ်လုပ် ငြိမ်ငြိမ်သာနေ...''
ချစ်က လူကို တစ်နေရာရောက်တော့ အဝတ်တွေ ဆွဲချွတ်နေတာကြောင့်
"ရား...ချစ် ငါ့ကိုဘာလုပ်..''
"ငြိမ်ငြိမ်နေ...နင့်ကို သတ်နေတာမဟုတ်ဘူး...''
အဝတ်တွေကိုချွတ်လိုက်ပြီး တခြားအဝတ်တစ်ခုကိုဝတ်ပေးနေတါ ထင်တယ်...နောက် ဘေးမှာလဲ မိန်းကလေး တစ်ယောက်နှစ်ယောက်လောက်တော့ ရှိပုံပဲ
အဝတ်ဝတ်ပြီးတော့ ခုံတစ်ခုံမှာထိုင်ခိုင်းပြီး ဆံပင်ဖြီးနေသလို ခံစားရတဲ့အပြင် ခေါင်းပေါ်ကိုတစ်ခုခုတပ်လိုက်ပုံပဲ
"ချစ်...''
"ဘာမှမပြောဘဲ ခနငြိမ်ငြိမ်နေ မိချီရယ်..မဟုတ်လို့ ငါလက်ပါမိရင် အဆိုးမဆိုနဲ့နော်...''
ခနနေပြန်တော့ မျက်လုံးစီးထားတာကိုဖယ်နေရင်း ချစ်က
"မျက်လုံးဖွင့်ကြည့်ရင် သေပြီသာမှတ်နော်...''
ချစ်ပြောသလိုနေရတာပေါ့...သူငယ်ချင်းမို့ ညှာမယ်ထင်ရင် မှားမယ်...လူရင်းတွေဆို ချစ်က ပိုတောင်လုပ်ရက်သေးတယ်..
မျက်နှာကို ဟိုခြစ်ဒီခြစ်လုပ်နေတယ်လို့ခံစားရပြီး အတွေးထဲပေါ်လာတာ ကိုယ့်ပုံစံက ဇွန်ဘီပုံလား သရဲပုံလား...ဂျိုကာပုံလားပေါ့
ဟုတ်တယ်လေ...အလောင်းအစားလုပ်ထားပြီး ကိုယ်ရှူံးလို့ အပြစ်ပေးတါပဲနေမယ်...ယုတ်မာလိုက်ကြတာ လူကိုအရူးလုပ်ရက်ကြတယ်ပေါ့လေ
"လာ သွားမယ် ပြီးပြီ...''
လူကို လက်ကဆွဲရင်း တစ်နေရာရာကိုခေါ်ပြန်ပြီ...နောက်တစ်နေရာရာကိုရောက်တော့မှ..
"ဖိနပ်ချွတ်...''
ဖိနပ်ချွတ်လိုက်တော့ မြက်ခင်းပေါ် ရောက်နေတယ်ဆိုတာ ခြေထောက်ကနေ ခံစားမိပြီး အလိုလိုသိနေတယ်လေ
"မျက်လုံးဖွင့်လိုက်တော့..''
မျက်လုံးလေးဖွင့်ကြည့်လိုက်တော့ ကိုယ့်ရှေ့မှာ ချစ်က ရပ်နေပြီး ပြုံးနေတာပဲ... ချစ်ခုလို နှစ်နှစ်ခြိုက်ခြိုက် ပြုံးတာကရှားတယ်မလား
"နင် အရမ်းလှတယ် မိချီ...ငါ့သူငယ်ချင်းလေး..''
ချစ်ပြောလို့ ကိုယ့်ပုံကိုယ်ငုံ့ကြည့်မိတော့ မင်္ဂလာဆောင်တွေမှာ ဝတ်တဲ့ဂါဝန်ပုံစံကိုမှ ဒူးပေါ်ကားကားလေးနဲ့
"ချစ်...''
"သွား... အဲ့ကလေးနောက်လိုက်သွား..''
ချစ်က လက်မောင်းကနေ ဟိုကလေးလေးဆီတွန်းထုတ်လိုက်ပြီး အဲ့ကလေးလေးက လက်ကိုလာဆွဲရင်း တစ်နေရာရာကိုခေါ်သွားပုံပဲ.. နောက် အဖြူရောင်လိုက်ကာစကိုဖွင့်လိုက်တော့ ဖွင့်ဖွင့်ချင်းဆိုသလို နောက်ကလေးတစ်ယောက်က နှင်းဆီပန်းဖတ်လေးတွေကြဲလာပြီး
"Plaese...May I...''
အနားလာရင်း လက်ကလေးကို ကိုင်ဖို့ ခွင့်တောင်းတာမို့...လက်လေးကိုပေးလိုက်တော့ အဲ့ကလေးက လက်ကလေးကနေတွဲရင်း ဆက်လျှောက်နေပြန်ရော...ခုနက ကလေးလေးကတော့ လိုက်ကာနားလေးမှာရပ်ပြီး ကိုယ့်ကိုကြည့်နေတယ်
မြက်ခင်းပေါ်မှာ နှင်းဆီပွင့်ဖတ်လေးတွေဖြန့်ခင်းထားပြီး အရှေ့ကိုကြည့်မိတော့ လိုက်ကာကြီးတစ်ချပ်...ပြောရရင် လိုက်ကာက သာမန်မဟုတ်...idolချောချောလေးတစ်ယောက်ပုံ...
ခြေထောက်က ပန်းလေးတွေကိုနင်းရတယ်ဆိုတဲ့အသိနဲ့တင်ပျော်နေတာပါဆို...ခုအဆင်လေးပါမြင်ရတော့ပိုပျော်သွားရပြီ
အဆင်လေးအနားကပ်ရပ်လိုက်ရင်း တွဲလာတဲ့ကလေးလေးက လက်ကလေးကို ဖြုတ်ပြီး လိုက်ကာကို ဆွဲမပေးတော့ နောက်တစ်ယောက်က နှင်းဆီပန်းထပ်ကြဲပြန်ပြီလား
ဒါပေမဲ့ ခုနကအရောင်တော့မဟုတ်...နောက်တစ်ရောင်...အဲ့လိုနဲ့ တစ်ခါသွားလိုက် အဆင်တစ်ယောက်ပုံမြင်လိုက် လိုက်ကာဖယ်လိုက်နဲ့...နှင်းဆီတွေကလဲ တစ်ရောင်နဲ့တစ်ရောင်မတူသလို idolတွေကလဲမျိုးစုံပါပဲလား...ထိုင်း တရုတ် ကိုရီးယား အစုံအစုံ...
နောက်ဆုံးလိုက်ကာစဖယ်လိုက်တော့ ချစ်ကသူ့လက်လေးကို လှမ်းပေးလို့ကိုင်လိုက်ရင်း အရှေ့ကိုကြည့်မိတော့ ရှေ့မှာ လိုက်ကာစမဟုတ်ဘဲ တံခါးမကြီး...ချစ်က လက်ကိုသေချာပြင်ကိုင်စေပြီး သူကိုယ်တိုင် တံခါးကိုဖွင့်လိုက်တော့...
ခရစ်ယာန် ဘုရားကျောင်းကြီးထင်တယ်...လျှောက်လမ်းတစ်ခုလုံးလဲ အနီရောင်ကော်ဇော်ကြီးကိုခင်းထားတာကြောင့်
"လာလေ...နင် အရမ်းရင်ခုန်နေတာလား..''
"အင်း ချစ်...''
ချစ်က နူးနူးညံ့ညံ့လေးပြုံးပြရင်း အထဲကို ဖြည်းဖြည်းလေး တွဲခေါ်လာတယ်...တံခါးဝကနေ ဝင်တယ်ဆိုတာနဲ့တင် တံခါးအကွယ်ကနေ ကောင်လေးနဲ့ကောင်မလေးက ထွက်လာရင်း လမ်းတစ်လျှောက်ကို ပန်းတွေကြဲပေးနေသလို ကိုယ်တွေရှေ့ကနေ ဖြည်းဖြည်းလေးလျှောက်နေပြန်ရော
"ချစ် ငါ... ငါ ငိုချင်လာပြီ...''
ချစ်ဘက်လှည့်ပြောတော့ ချစ်က မျက်ရည်ဝဲနေပြီး လက်ကို တင်းတင်းလေး ဆုပ်ကိုင်လိုက်ရင်း..
"ခနထိန်းထားအုံး..''
ခုံတန်းလေးတွေကိုကျော်လာပြီး အရှေ့နားရောက်တော့ ကလေးနှစ်ယောက်က ပန်းတွေအကုန် ကိုယ့်အပေါ် ကြဲချရင်း ထွက်ပြေးသွားရုံရှိသေး မီးတွေအကုန်အမှောင်ချလိုက်တာကြောင့်
"ချစ်...မီး မီးပျက်သွားတာလား..''
ကိုင်ထားတဲ့ လက်ကလေးကို ချစ်ကဆွဲဖြုတ်လိုက်ပြီး အနောက်ကို ဆုတ်သွားရင်း..
"မိချီ မှန်ကြေးမုံကြီးရေ...ကမ္ဘာပေါ်မှာ ဘယ်သူက အလှဆုံးလဲ လို့ အော်ပြောလိုက်...''
"ချစ်...''
"ပြောမှာသာ ပြော...''
"မှန်ကြေးမုံကြီးရေ...ကမ္ဘာပေါ်မှာ ဘယ်သူကအလှဆုံးလဲ...''
အော်ပြောလိုက်ရုံရှိသေး... ချက်ချင်းဆိုသလို ပြဇာတ်တွေမှာသုံးတဲ့ စလိုက်မီးလေးက ကိုယ့်အပေါ်ထိုးချလိုက်ပြီး ကိုယ့်ရှေ့တည့်တည့်မှာ မှန်တစ်ချပ်...
မှန်ထဲမှာ ကိုယ့်ပုံလေးက သတိုးသမီးတစ်ယောက်လိုလှပနေပြီး အတော်ကြည့်ကောင်းတယ်...ဂါဝန်လေးကလဲ ကိုယ်နဲ့လုံးဝ အရမ်းလိုက်သလို သိပ်ကိုလှတာပဲ
"တကယ်ပဲ...ငါရော ဟုတ်ရဲ့လား..''
"မ....''
အသံလာရာကြည့်လိုက်တော့ စလိုက်မီးတစ်ခုက ကိုယ့်အရှေ့နားကို နောက်တစ်ခု ထွန်းလာပြီး ကလေးက အရှေ့မှာဒူးလေးထောက်ရင်း ပန်းသီးတစ်လုံးကို လက်တစ်ဖက်နဲ့ မြှောက်ပေးလါသလို
"မ...ကမ္ဘာပေါ်မှာ အချောဆုံးဖြစ်တဲ့မကိုလေ အချစ်ရဲ့အစဖြစ်တဲ့ အာဒံက ဧဝကို ပန်းသီးတစ်လုံးကျွေးပြီး အချစ်တွေဖန်တီးသလို...မနဲ့ကျွန်တော်လဲ အချစ်တွေ ဖန်တီးလို့ရမလား..''
အဲ့လိုပြောပြီးတာနဲ့ တပြိုင်နက် အခန်းတခန်းလုံး ပြန်လင်းထိန်သွားပြီး အဲ့အချိန်မှာပဲ...ခုံတန်းနားကနေ စန္ဒယားကို sisterတစ်ပါးကတီးနေရင်း
ကလေးလေးတွေကလဲ အမြင့်ကနေ အနိမ့် ပုံစံလေး စုရပ်နေရင်း Bruno Marsရဲ့ marry youသီချင်းလေးကို ညီညီညာညာလေး ဆိုလာပြန်တော့
"Don't say no,no,no,no-no
Just say yeah,yeah,yeah-yeah-yeah
And we'll go,go,go,go-go
If you're ready,like I'm ready ''
"ကလေး... ''
"ချစ်တယ်...မ...''
"အင်း...''
"ဟာ...လက်ခံလားပြောအုံးလေ...''
ဒူးထောက်ထားတဲ့ကလေး အနားသွားရင်း ဒူးထောက်ထိုင်ချလိုက်ရင်း ကလေးကိုဖက်လိုက်တော့... ကလေးက လူကိုထူလိုက်ရင်း ပန်းသီးလေးလာပေးလို့ သေချာကြည့်မိတော့ ပန်းသီးကအစစ်မဟုတ်ဘဲ ဗူးလေးတစ်ဗူးပါလား
"ဖွင့်ကြည့်လေ...''
ဖွင့်ကြည့်လိုက်တော့ အထဲမှာ စိန်လက်စွပ်လေး...လက်စွပ်လေးက စိန်ကိုမှ အသဲပုံဘောင်ကွပ်ထားတာပဲ
"အသဲပုံက မအတွက်...ရိုးရိုးက ကျွန်တော်အတွက် အတွင်းဘက်မှာ K+Cဆိုပြီးရေးထားတယ်...ကြိုက်ရဲ့လားမ...အမြန်လုပ်ရတာဆိုတော့...''
"အင်း...ကြိုက်တယ်...''
"ဘာလို့ငိုနေတာလဲ ''
"ဟီး... အဟင့်...ပျော်လို့...''
ရယ်ရင်း ငိုနေတဲ့ကိုယ့်ကိုကလေးက ပါးကမျက်ရည်တွေသုတ်ပေးရင်း
"ငိုမနေနဲ့...မိတ်ကပ်ပျက်သွားရင် သရဲရုပ်ကြီးဖြစ်နေအုံးမယ်...''
"ကလေးနော်...''
"Cause it's a beautiful night,we're looking for something Dumb to do
Hey baby,I think I wanna marry....you.......''
သီချင်းလေးဆုံးတော့ ကလေးလေးတွေက ကိုယ်တို့နှစ်ယောက်ကို နှင်းဆီပွင့်ဖတ်လေးတွေ ခေါင်းပေါ် ကြဲပေးပြီး အပြင်ကို ပြေးထွက်သွားကြတယ်...sister ကလဲ ဆုတောင်းပေးပြီး ကလေးတွေဆီလိုက်သွားတာကြောင့်
ကြမ်းပြင်ကို ငုံ့ကြည့်လိုက်တော့...ခုနကလိုပဲနှင်းဆီရောင်စုံလေးတွေ...ကလေးက လူကို မေးလေးကနေ ပင့်တင်လိုက်ရင်း
"မ သတိထားမိလား...''
"ဟင်...''
"စလာတုန်းကလေ...''
"....''
"မ အရောင်မတူတဲ့ နှင်းဆီလေးတွေကိုနင်းပြီး ဖြတ်လာတာမလား..''
"အင်း...''
"ဘယ်နှရောင်လဲမှတ်မိလား...''
"အာ....၆ရောင်လောက်ရှိမယ်ထင်တယ်..''
"အင်း...အဲ့တာက LGBTအလံမှာပါတဲ့အရောင်တွေလေ...မက LGBTထောက်ခံတဲ့သူမလား...အဲ့တော့ မနဲ့ကျွန်တော်ရဲ့ ဘဝကိုအစပြုချိန်မှာ...မရဲ့ဖြစ်တည်ချက်လေးကိုပါ ကျွန်တော်ချစ်တယ်..''
"....''
"မက fujoတစ်ယောက် ဖြစ်လို့ မကိုအချစ်မပေါ့သွားဘူး...လူကိုလင်ပေးစါးနေလဲ မကိုအပြစ်မမြင်ရက်ဘူး...ကျွန်တော်ရဲ့အချစ်တွေက မ fujo ဖြစ်ခြင်း မဖြစ်ခြင်းနဲ့မသက်ဆိုင်သလို မရဲ့ဖြစ်တည်မှုလေးကိုလဲ ကျွန်တော်ချစ်တယ်...''
"ကလေး...''
"မ လျှောက်လာတုန်းက...မအရမ်းကြိုက်တဲ့ idolပုံလေးတွေတွေ့လား...''
"အင်း...''
"အဲ့တာက မဘယ်လောက် idolတွေကြိုက်ကြိုက် အဆင်ဘယ်လောက်ငမ်းငမ်း...နောက်ဆုံး မအချစ်က ကျွန်တော်ဆီမှာပဲအဆုံးသတ်ရမယ်လို့ ဆိုလိုတာ...''
"ကလေး....''
"ခုကစ မကို ချစ်တဲ့အချစ်တွေကြောင့် အရမ်းသဝန်မတိုတော့သလို မကို အကြွင်းမဲ့ယုံပေးမယ်...မကို ကျွန်တော်က ပိုင်ဆိုင်ထားရတာကြောင့်...''
"....''
" မကို တွဲလာပေးတဲ့ကလေး ခုနှစ်ယောက်က လူပုလေး ခုနှစ်ယောက်ကို ကိုယ်စားပြုတယ်...နောက်မှန်ကြေးမုံကြီးနဲ့ မင်းသားလေးရော ပါတာဆိုတော့..''
"....''
"ငယ်ငယ်က ရုပ်ရှင်ကြည့်ပြီး snow whiteလေးဖြစ်ချင်တယ်ဆိုတဲ့ ငယ်ငယ်က စိတ်ကူးယဥ်ဆန်ဆန် မရဲ့အတွေးလေးကို အသက်သွင်းပေးတါ...''
"ကလေး....''
"ကျွန်တော်ရဲ့ ချစ်သူလေးက ကလေးဆန်ပြီး စိတ်ကူးယဥ်တတ်သလို အဆင်ငမ်းလွန်းတဲ့ fujoမလေးပါဗျာလို့ ပြောလိုက်သလိုပဲမလား...''
"....''
"နောက်ဆုံးပြောရရင် ဒီပန်းသီးလေးက snow whiteကို စုန်းမကြီးက အဆိပ်ခပ်ထားသလိုပဲနော်..''
"...''
"ဒီလက်စွပ်လေး ဝတ်လိုက်တာနဲ့ ကျွန်တော်ရဲ့အချစ်တွေက အဆိပ်လို မကိုကူးစက်သွားပြီး မအတွေးတွေရော...မအိမ်မက်ကနေ အနာဂတ်အထိပါ ကျွန်တော်ပဲရှိနေရမယ်...''
"အင်း...လက်ခံတယ်...ချီကို အမြန်ဝတ်ပေးလေ...''
ကလေးက ကိုယ့်ကို လက်စွပ်လေးဝတ်ပေးသလို ကိုယ်ကလဲ ပြန်ဝတ်ပေးလိုက်တော့... ကလေးက ပန်းသီးပုံဗူးလေးကို အောက်ပစ်ချလိုက်ရင်း ခါးကိုဖက်လာတာကြောင့် နမ်းမယ်ထင်ပြီး ကလေးအနားခေါင်းတိုးပေးလိုက်တာကို... ကလေးကဘာသဘောကျလို့လဲမသိ ရယ်နေလေပြီ
"ခနနေပါအုံး မရယ် မပြီးသေးဘူးလေ...''
ကိုမိုးယံနဲ့ချစ်က အနားရောက်လာပြီး ချစ်ကိုကြည့်လိုက်တော့ မျက်ရည်ဝဲတဲတဲလေးနဲ့ပီတီဖြစ်နေသလို ပြုံးရင်းကြည့်နေတယ်
ကိုမိုးယံကနေ ဖိနပ်လေးတစ်ရံယူလာပြီး ကလေးကိုပေးလိုက်တော့...ကလေးက ကိုယ့်ရှေ့ဒူးထောက်ထိုင်ချလိုက်ရင်း ခြေထောက်လေးကို ဆွဲယူလိုက်ရုံမက ဖိနပ်လေးကိုပါ ဝတ်ပေးနေသလို...ဝတ်ပြီးတာတောင် ခြေထောက်လေးကို စိုက်ကြည့်နေပြီး ခနကြာမှ ထလာရင်း
"ကျွန်တော်ရဲ့ စင်ဒရဲလားလေး...''
"ဟင်...''
"မ....သေချာနားထောင်နော်...''
"အင်း...''
"မေမေတို့ပြန်လာပြီ...''
"ဘယ်လို...''
"ညနေကမှ ကိုမိုးယံဖုန်းဆက်လို့ သိရတာ မေမေတို့က အဲလစ်နဲ့ကိစ္စကိုသိသွားပုံပဲ...ဒါကြောင့်ပြန်လာတာနေမယ်...''
အမှန်ပြောရရင် ကလေးတို့ကအရမ်းချမ်းသာတာမလား...ကိုယ့်လို သာမန်လူတန်းစားနဲ့ သဘောတူဖို့ဆိုတာက...ခေါင်းလေးငုံ့နေတဲ့ ကိုယ့်ကို ကလေးက မေးဖျားကနေ အပေါ်ပင့်တင်ရင်းခေါင်းမော့စေတယ်
"မ ...မကို ကျွန်တော်ကာကွယ်ပေးမယ်...ကတိတစ်ခုတော့ပေးပါ...ဘာတွေပဲဖြစ်လာဖြစ်လာ...ကျွန်တော်ကို လက်မလွှတ်ဘဲ မိဘတွေလက်ခံမဲ့အချိန်ထိကြိုးစားကြမယ်လို့...''
"ကလေး...တကယ် တကယ်လား..''.
"အင်း...ဒါကြောင့် ကျွန်တော်ပေးတဲ့ဖိနပ်လေးကိုစီးရင်း ဘယ်လောက်ပဲ ရှေ့ဆက်ရမဲ့လမ်းကကြမ်းပါစေ...ကျွန်တော် နဲ့အတူ ဆက်လျှောက်ပေးပါနော်..''
".....''
"အရမ်းပင်ပန်းရင်တောင် ကျွန်တော်ကို လက်မလွှတ်ပါနဲ့ ချစ်တယ် မ..''
"မလဲ တူတူပဲ....''
"ကဲ...နှစ်ယောက်သား နမ်းလို့ရပါပြီ...''
လို့ပြောလိုက်ရင်း ချစ်နဲ့ ကိုမိုးယံက လက်ခုပ်တီးပေးကြတယ်...ကလေးကို ကြည့်လိုက်ရင်း ကလေးအင်္ကျီကော်လံစကနေ ဆွဲယူလိုက်ပြီး ကလေးကိုနမ်းလိုက်တော့ ကလေးကလဲပြန်နမ်းလာခဲ့တယ်
ကိုယ်တွေအဖြစ်ကဆန်းသား...ကလေးကို သားတော်မယ်ဆိုတဲ့အတွေးနဲ့ အနားကပ်ရင်း လင်ပေးစါးမလို့လုပ်ရင်းကနေ ကိုယ့်ရဲ့ချစ်သူဖြစ်လာသလို
ကလေးရဲ့ချစ်တတ်ပုံကလဲဆန်းတယ်...သူများနဲ့လဲမတူတဲ့အပြင် လက်ထပ်ခွင့်တောင်းတာတောင် လူကိုတိုက်ပေါ်က ခုန်ချခိုင်းရုံမက အဲ့လိုမခုန်ခိုင်းခင်ကလဲ လူကို မသိရင် လမ်းခွဲတော့မလား...စိတ်ဆိုးနေလားမသဲကွဲအောင် စိတ်ဒုက္ခတွေပေးပြီးမှ
လူကိုမထင်ထားလောက်အောင် သူများနဲ့မတူအောင်ကို ချစ်ခွင့်ပန်ပြန်ရော...တကယ်လို့နေရာမှားပြီးပြုတ်ကျရင်ဘယ်လိုလုပ်မလဲဆိုတော့ ညနေကတည်းက အကုန်ပြင်ထားသလို အဲ့ခုန်ချမဲ့တစ်နေရာကိုသာ အပေါက်အဖြစ်ချန်ထားတာတဲ့...လူလည်လေးနော်
"မရယ် တောင်းပန်ပါတယ်...အမှန်ဆို ခုလိုအချိန်မှာ လူတွေအများကြီးနဲ့ ကြီးကြီးကျယ်ကျယ် လုပ်ပေးသင့်တာမလား...''
"ရှူး...ချီအတွက်အဲ့တာတွေမလိုဘူး...ကလေးရှိရင် ပြည့်စုံပြီ..''
"ချစ်တယ် မ...''
"မက ပိုချစ်...''
တိုက်ပေါ်ကနေ ခုန်ချလောက်တဲ့အထိ ရူးရူးမိုက်မိုက်ချစ်ခဲ့မိသလို တကယ်လို့ကလေးက ကိုယ့်ကြောင့် သဝန်တိုတာလက်လွန်ပြီး လူသတ်ခဲ့မယ်ဆိုရင်တောင် ကိုယ်က ကလေးနဲ့အတူ ပျော်ပျော်ကြီး အလောင်းဝိုင်းဖျောက်ပေးနိုင်လောက်တဲ့အထိ ကလေးအတွက်ဆို ရူးခါနေအောင်ကို ချစ်ရတာပါ
ဘယ်သူသိမလဲနော် ကလေးရဲ့မိဘတွေနဲ့ဘယ်လိုရင်ဆိုင်ရပြီး အဲလစ်နဲ့အဲလစ်အဖေတို့ကရော...ကိုယ်တွေကို ဘယ်လိုနှောက်ယှက်မလဲဆိုတာကို သိလဲမသိချင်ပါဘူး...ခုသိတာက...ကလေးရဲ့အချစ်တွေကို ဗဟိုပြုရင်း လှပတဲ့အချစ်တွေနဲ့သာ ရှေ့ဆက်သွားမယ်ဆိုတာကိုပဲ...ချစ်တာတစ်ခုထဲသိတော့တယ်
လှပတဲ့ညချမ်းလေးမှာ ကောင်လေးနဲ့ကောင်မလေးတို့က ချက်ကျောင်းကြီးထဲမှာ အနမ်းတွေမျှဝေရင်း...
ဘေးနားမှာတော့ အားကျသလိုကြည့်နေတဲ့အကိုမိုးယံနဲ့ သူငယ်ချင်းအတွက် ဝမ်းသာလွန်းလို့ ကျလာတဲ့မျက်ရည်တွေကိုခိုးသုတ်နေတဲ့ ရွှေစင်(ခေါ် )ချစ်တို့ရယ်
ကောင်းကင်ကြီးရဲ့နောက်တစ်နေရာဖြစ်တဲ့ ဆေးရုံတစ်နေရာမှာတော့ ကုတင်ပေါ်က အမေဖြစ်သူကို ကြည့်နေတဲ့ ဆရာလေချိုသွေးနဲ့ အတင်း မုန့်ခွန့်ကျွေးနေတဲ့ ကိုမိုးတိမ်
စာတွေ မအိပ်မနေ ကျက်နေရင်း တနေ့ ချီချီအနားပြန်လာဖို့အရေး ကြိုးစားနေတဲ့ ဂျက်ဆင်
သူတို့အားလုံးက ကောင်းကင်ကြီးရဲ့တမိုးအောက်ထဲမှာ ရှိတာချင်းတူပေမဲ့ ရှင်သန်ပုံခြင်းရော ခံစားချက်တွေကပါ မတူညီခဲ့ကြပါဘူး
သေချာတာကတော့ သူတို့ရဲ့အနာဂတ်ကဘယ်လိုဆက်ဖြစ်မယ်ဆိုတာကို ဘယ်သူမှမသိနိုင်ကြပါဘူး...အဘယ့်ကြောင့်ဆိုသော်
အချစ်ဆိုတာက ခန့်မှန်းလို့မရတဲ့အရာ ဖြစ် နေလို့သာ....
...............END..................
#Zawgyi
ျပဳတ္က်တယ္သာေျပာတယ္...နာလဲမနာတဲ့အျပင္ ေအာက္ျပဳတ္က်ေတာ့လဲ ေျမႀကီးေပၚက်တာဆိုရင္ မာေတာင့္ေတာင့္ႀကီးခံစားရမွာေပါ့...ခုဟာက ေပ်ာ့ေပ်ာ့အိအိႀကီးေပၚ ျပဳတ္က်သလိုႀကီး
ေတြးေနတုန္း ပတ္ဝန္းက်င္တစ္ခုလုံးက ေမွာင္ေနရာကေန လင္းထိန္သြားေအာင္ မီးေတြပြင့္လာတာေၾကာင့္
အေမွာင္ထဲ က်င့္သားရေနတဲ့ ကိုယ္က အလင္းေရာင္ စူးစူးေတြကို ျမင္လိုက္ရေတာ့ မ်က္လုံးေတာင္ ျပာသြားမိတယ္...ခုနကမွ အျမင့္ကေနက်လာတာဆိုေတာ့ နားေတြကလဲအူေနေရာ..
"ငါ...ငါ ေသသြားၿပီလား...နတ္ျပည္ေရာက္လာတာလား...''
"ဟား... မေသပါဘူး မရဲ႕..''
မ်က္လုံးပိတ္ထားရင္း ကေလးအသံၾကားလို႔ ဖြင့္ၾကည့္လိုက္ေတာ့ ကေလးက ေအာက္မွာ လွဲေနရင္း လူကိုသေဘာက်သလိုၾကည့္ေနတယ္...ကိုယ္က ကေလးအေပၚမွာ ခြရက္ႀကီး... ကေလးအေပၚတက္ထိုင္ထားသလိုျဖစ္ေနၿပီး ေအာက္ကိုေသခ်ာၾကည့္လိုက္ေတာ့...
ေပ်ာ့ေပ်ာ့အိ ကစားကြင္းမွာ ကေလးေတြေဆာ့တဲ့ေလပူေဖာင္းႀကီးေပၚ က်လာတာကို...ဒါေၾကာင့္ ဘာမွမျဖစ္တာေပါ့..
"ရား...ကေလး...ဒါဆို..''
"ဟီး...မ ကြၽန္ေတာ္ကိုခ်စ္မခ်စ္ စမ္းၾကည့္တာ...''
"လိလို စမ္းရလား...အခန့္မသင့္ရင္ ႏွလုံးရပ္ေသေလာက္တယ္ဟဲ့...ငါ့ကိုအဲ့ေလာက္ မယုံရင္ လာမခ်စ္နဲ႕..''
ထမလိုလုပ္ေတာ့ ကေလးက ထထိုင္လိုက္ရင္း လူကိုလာဖက္တာေၾကာင့္ အတင္းရိုက္ထုတ္ၿပီး တြန္းဖယ္ေနေပမဲ့ လူကိုဖက္ၿမဲဖက္ထားရင္း...
"ခ်စ္လို႔...မ ကိုအရမ္းခ်စ္လို႔ပါဗ်...ေတာင္းပန္ပါတယ္...မ အရမ္းလန့္သြားမွာေပါ့...."
"အဟင့္...အဟင့္....ၿဗဲ ''
"ဟာ မ ဘာလို႔ငိုတာလဲ...''
"ေၾကာက္ေနခဲ့တာ...''
"အင္းေပါ့ ...အျမင့္က က်တာကို...''
"မဟုတ္ဘူး...ခ်ီေၾကာင့္ ကေလးက ႐ူးမလိုျဖစ္တဲ့အထိ ခ်ီကို ခ်စ္မွာ ေၾကာက္ေနခဲ့တာ..''
"....''
"ခ်ီကို အရမ္းခ်စ္လို႔ စိတ္ဒဏ္ရာရၿပီး ခုလိုသတ္ေသဖို႔ထိ ႐ူးမိုက္ရလားဆိုၿပီး ကေလး ခ်ီေၾကာင့္ တစ္ခုခုျဖစ္မွာကို အရမ္းေၾကာက္ေနခဲ့တာ..''
"အဲ့ေလာက္ေတာင္လား...ခ်စ္လိုက္တာ မရယ္...''
"အင္း...ခ်ီ ကေလးကို အရမ္းခ်စ္...အြတ္..အင့္..''
ကေလးကိုေျပာေနရင္း ကေလးက လူကို ေအာက္လွိမ့္ခ်လိဳက္ရင္း အေပၚကအုပ္မိုးၿပီး နမ္းေနတာေၾကာင့္ အစကေတာ့ လန့္သြားၿပီး တြန္းထုတ္ေနေပမဲ့ ခနေနေတာ့ ကေလးအနမ္းေတြကို ျပန္တုံ႕ျပန္လိုက္တယ္...
ကေလးက နမ္းေနရင္း ကိုယ့္အကၤ်ီစထဲ လက္ထိုးထည့္လိုက္ေတာ့ ကေလးကို ပခုံးကေန သိုင္းဖက္လိုက္ၿပီး အနမ္းေတြကို ပိုနီးကပ္ေစေတာ့...
"ဟဲ့ ရပ္ေတာ့...စိတ္ညစ္တယ္ဟယ္ နင္တို႔အိမ္မ်ားမွတ္ေနတာလား...ခု အျပင္မွာဟဲ့ သတိေလးဘာေလးကပ္ပါအုံး...''
"....''
"ကိုမိုးယံ ပါးစပ္ေလး ျပန္စိအုံး... သေရေတြက်ေနၿပီ ...ႏွာေခါင္းက မီးေတာက္ေနၿပီ...မ်က္လုံးႀကီးကလဲ ကြၽတ္ထြက္ေနအုံးမယ္..''
"အြတ္...ကေလး...အင့္...''
"ႁပြတ္...''
ကေလးနဲ႕နမ္းေနရာကေန ခြာလိုက္ရင္း အကၤ်ီေတြဘာေတြကို ေသခ်ာျပန္ဆြဲခ်လိဳက္တဲ့အျပင္ ကေလးကိုတြန္းလိုက္ၿပီး ေအာက္ကိုဆင္းလာတုန္း
"အား...''
ေခါင္းေခါက္ခံလိုက္ရတဲ့ငါေလး...ရိုးရာမပ်က္ပါဘူး...ဘယ္သူလုပ္တာလဲဆို ခ်စ္သူငယ္ခ်င္းႀကီးေပါ့..
"နင့္လင္အိမ္မ်ားထင္ေနလား...ငါသာမေျပာရင္ ဒီေနရာမွာတင္ ကေလးဆယ္ေယာက္ေလာက္ထိ ေမြးေနေလာက္ၿပီ...''
"ခ်စ္ကလဲ..''
"...''
"ဒါနဲ႕ေနပါအုံး... ဒါဆို အကုန္လုံးက ေပါင္းႀကံထားတာေပါ့..''
အကုန္လုံးကိုၾကည့္လိုက္ေတာ့ မသိသလိုအၾကည့္လႊဲေနၾကၿပီး ကေလးကို ၾကည့္ျပန္ေတာ့လဲ ရယ္ျပေနျပန္ၿပီ
"ကေလး ေတာ္ေတာ္ ဆိုးတာပဲ အားလုံးနဲ႕ေပါင္းႀကံတာေပါ့ေလ...''
"ဟို အဲ့တာ..''
"ေျပာမေနနဲ႕ လာ..နင့္ကိုအျပစ္ေပးရမယ္..''
ဆိုၿပီး ခ်စ္က မ်က္လုံးကို အဝတ္စထူထူႀကီးတစ္ခုနဲ႕ လာအုပ္ရင္း တစ္ေနရာရာကိုေခၚသြားတာေၾကာင့္
"ခ်စ္...ဘယ္...ဘယ္လဲ..''
"နင့္အျပစ္နဲ႕ နင္ခံ...အသက္ကႀကီးေနၿပီ ဟိုေကာင္က ခုန္ခ်ေျပာတိုင္း ခုန္ခ်ရလား...နင့္အ႐ြယ္က အခ်စ္ကိုေရွ႕တန္းတင္ရမဲ့အ႐ြယ္လား..''
"ခ်စ္က ခ်စ္မွမခ်စ္ဖူးတာ..''
"တိတ္စမ္း...ခု ေအးေဆးေန...ဘာလုပ္လုပ္ ၿငိမ္ၿငိမ္သာေန...''
ခ်စ္က လူကို တစ္ေနရာေရာက္ေတာ့ အဝတ္ေတြ ဆြဲခြၽတ္ေနတာေၾကာင့္
"ရား...ခ်စ္ ငါ့ကိုဘာလုပ္..''
"ၿငိမ္ၿငိမ္ေန...နင့္ကို သတ္ေနတာမဟုတ္ဘူး...''
အဝတ္ေတြကိုခြၽတ္လိုက္ၿပီး တျခားအဝတ္တစ္ခုကိုဝတ္ေပးေနတါ ထင္တယ္...ေနာက္ ေဘးမွာလဲ မိန္းကေလး တစ္ေယာက္ႏွစ္ေယာက္ေလာက္ေတာ့ ရွိပုံပဲ
အဝတ္ဝတ္ၿပီးေတာ့ ခုံတစ္ခုံမွာထိုင္ခိုင္းၿပီး ဆံပင္ၿဖီးေနသလို ခံစားရတဲ့အျပင္ ေခါင္းေပၚကိုတစ္ခုခုတပ္လိုက္ပုံပဲ
"ခ်စ္...''
"ဘာမွမေျပာဘဲ ခနၿငိမ္ၿငိမ္ေန မိခ်ီရယ္..မဟုတ္လို႔ ငါလက္ပါမိရင္ အဆိုးမဆိုနဲ႕ေနာ္...''
ခနေနျပန္ေတာ့ မ်က္လုံးစီးထားတာကိုဖယ္ေနရင္း ခ်စ္က
"မ်က္လုံးဖြင့္ၾကည့္ရင္ ေသၿပီသာမွတ္ေနာ္...''
ခ်စ္ေျပာသလိုေနရတာေပါ့...သူငယ္ခ်င္းမို႔ ညွာမယ္ထင္ရင္ မွားမယ္...လူရင္းေတြဆို ခ်စ္က ပိုေတာင္လုပ္ရက္ေသးတယ္..
မ်က္ႏွာကို ဟိုျခစ္ဒီျခစ္လုပ္ေနတယ္လို႔ခံစားရၿပီး အေတြးထဲေပၚလာတာ ကိုယ့္ပုံစံက ဇြန္ဘီပုံလား သရဲပုံလား...ဂ်ိဳကာပုံလားေပါ့
ဟုတ္တယ္ေလ...အေလာင္းအစားလုပ္ထားၿပီး ကိုယ္ရႉံးလို႔ အျပစ္ေပးတါပဲေနမယ္...ယုတ္မာလိုက္ၾကတာ လူကိုအ႐ူးလုပ္ရက္ၾကတယ္ေပါ့ေလ
"လာ သြားမယ္ ၿပီးၿပီ...''
လူကို လက္ကဆြဲရင္း တစ္ေနရာရာကိုေခၚျပန္ၿပီ...ေနာက္တစ္ေနရာရာကိုေရာက္ေတာ့မွ..
"ဖိနပ္ခြၽတ္...''
ဖိနပ္ခြၽတ္လိုက္ေတာ့ ျမက္ခင္းေပၚ ေရာက္ေနတယ္ဆိုတာ ေျခေထာက္ကေန ခံစားမိၿပီး အလိုလိုသိေနတယ္ေလ
"မ်က္လုံးဖြင့္လိုက္ေတာ့..''
မ်က္လုံးေလးဖြင့္ၾကည့္လိုက္ေတာ့ ကိုယ့္ေရွ႕မွာ ခ်စ္က ရပ္ေနၿပီး ၿပဳံးေနတာပဲ... ခ်စ္ခုလို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပဳံးတာကရွားတယ္မလား
"နင္ အရမ္းလွတယ္ မိခ်ီ...ငါ့သူငယ္ခ်င္းေလး..''
ခ်စ္ေျပာလို႔ ကိုယ့္ပုံကိုယ္ငုံ႕ၾကည့္မိေတာ့ မဂၤလာေဆာင္ေတြမွာ ဝတ္တဲ့ဂါဝန္ပုံစံကိုမွ ဒူးေပၚကားကားေလးနဲ႕
"ခ်စ္...''
"သြား... အဲ့ကေလးေနာက္လိုက္သြား..''
ခ်စ္က လက္ေမာင္းကေန ဟိုကေလးေလးဆီတြန္းထုတ္လိုက္ၿပီး အဲ့ကေလးေလးက လက္ကိုလာဆြဲရင္း တစ္ေနရာရာကိုေခၚသြားပုံပဲ.. ေနာက္ အျဖဴေရာင္လိုက္ကာစကိုဖြင့္လိုက္ေတာ့ ဖြင့္ဖြင့္ခ်င္းဆိုသလို ေနာက္ကေလးတစ္ေယာက္က ႏွင္းဆီပန္းဖတ္ေလးေတြႀကဲလာၿပီး
"Plaese...May I...''
အနားလာရင္း လက္ကေလးကို ကိုင္ဖို႔ ခြင့္ေတာင္းတာမို႔...လက္ေလးကိုေပးလိုက္ေတာ့ အဲ့ကေလးက လက္ကေလးကေနတြဲရင္း ဆက္ေလွ်ာက္ေနျပန္ေရာ...ခုနက ကေလးေလးကေတာ့ လိုက္ကာနားေလးမွာရပ္ၿပီး ကိုယ့္ကိုၾကည့္ေနတယ္
ျမက္ခင္းေပၚမွာ ႏွင္းဆီပြင့္ဖတ္ေလးေတြျဖန့္ခင္းထားၿပီး အေရွ႕ကိုၾကည့္မိေတာ့ လိုက္ကာႀကီးတစ္ခ်ပ္...ေျပာရရင္ လိုက္ကာက သာမန္မဟုတ္...idolေခ်ာေခ်ာေလးတစ္ေယာက္ပုံ...
ေျခေထာက္က ပန္းေလးေတြကိုနင္းရတယ္ဆိုတဲ့အသိနဲ႕တင္ေပ်ာ္ေနတာပါဆို...ခုအဆင္ေလးပါျမင္ရေတာ့ပိုေပ်ာ္သြားရၿပီ
အဆင္ေလးအနားကပ္ရပ္လိုက္ရင္း တြဲလာတဲ့ကေလးေလးက လက္ကေလးကို ျဖဳတ္ၿပီး လိုက္ကာကို ဆြဲမေပးေတာ့ ေနာက္တစ္ေယာက္က ႏွင္းဆီပန္းထပ္ႀကဲျပန္ၿပီလား
ဒါေပမဲ့ ခုနကအေရာင္ေတာ့မဟုတ္...ေနာက္တစ္ေရာင္...အဲ့လိုနဲ႕ တစ္ခါသြားလိုက္ အဆင္တစ္ေယာက္ပုံျမင္လိုက္ လိုက္ကာဖယ္လိုက္နဲ႕...ႏွင္းဆီေတြကလဲ တစ္ေရာင္နဲ႕တစ္ေရာင္မတူသလို idolေတြကလဲမ်ိဳးစုံပါပဲလား...ထိုင္း တ႐ုတ္ ကိုရီးယား အစုံအစုံ...
ေနာက္ဆုံးလိုက္ကာစဖယ္လိုက္ေတာ့ ခ်စ္ကသူ႕လက္ေလးကို လွမ္းေပးလို႔ကိုင္လိုက္ရင္း အေရွ႕ကိုၾကည့္မိေတာ့ ေရွ႕မွာ လိုက္ကာစမဟုတ္ဘဲ တံခါးမႀကီး...ခ်စ္က လက္ကိုေသခ်ာျပင္ကိုင္ေစၿပီး သူကိုယ္တိုင္ တံခါးကိုဖြင့္လိုက္ေတာ့...
ခရစ္ယာန္ ဘုရားေက်ာင္းႀကီးထင္တယ္...ေလွ်ာက္လမ္းတစ္ခုလုံးလဲ အနီေရာင္ေကာ္ေဇာ္ႀကီးကိုခင္းထားတာေၾကာင့္
"လာေလ...နင္ အရမ္းရင္ခုန္ေနတာလား..''
"အင္း ခ်စ္...''
ခ်စ္က ႏူးႏူးညံ့ညံ့ေလးၿပဳံးျပရင္း အထဲကို ျဖည္းျဖည္းေလး တြဲေခၚလာတယ္...တံခါးဝကေန ဝင္တယ္ဆိုတာနဲ႕တင္ တံခါးအကြယ္ကေန ေကာင္ေလးနဲ႕ေကာင္မေလးက ထြက္လာရင္း လမ္းတစ္ေလွ်ာက္ကို ပန္းေတြႀကဲေပးေနသလို ကိုယ္ေတြေရွ႕ကေန ျဖည္းျဖည္းေလးေလွ်ာက္ေနျပန္ေရာ
"ခ်စ္ ငါ... ငါ ငိုခ်င္လာၿပီ...''
ခ်စ္ဘက္လွည့္ေျပာေတာ့ ခ်စ္က မ်က္ရည္ဝဲေနၿပီး လက္ကို တင္းတင္းေလး ဆုပ္ကိုင္လိုက္ရင္း..
"ခနထိန္းထားအုံး..''
ခုံတန္းေလးေတြကိုေက်ာ္လာၿပီး အေရွ႕နားေရာက္ေတာ့ ကေလးႏွစ္ေယာက္က ပန္းေတြအကုန္ ကိုယ့္အေပၚ ႀကဲခ်ရင္း ထြက္ေျပးသြား႐ုံရွိေသး မီးေတြအကုန္အေမွာင္ခ်လိဳက္တာေၾကာင့္
"ခ်စ္...မီး မီးပ်က္သြားတာလား..''
ကိုင္ထားတဲ့ လက္ကေလးကို ခ်စ္ကဆြဲျဖဳတ္လိုက္ၿပီး အေနာက္ကို ဆုတ္သြားရင္း..
"မိခ်ီ မွန္ေၾကးမုံႀကီးေရ...ကမာၻေပၚမွာ ဘယ္သူက အလွဆုံးလဲ လို႔ ေအာ္ေျပာလိုက္...''
"ခ်စ္...''
"ေျပာမွာသာ ေျပာ...''
"မွန္ေၾကးမုံႀကီးေရ...ကမာၻေပၚမွာ ဘယ္သူကအလွဆုံးလဲ...''
ေအာ္ေျပာလိုက္႐ုံရွိေသး... ခ်က္ခ်င္းဆိုသလို ျပဇာတ္ေတြမွာသုံးတဲ့ စလိုက္မီးေလးက ကိုယ့္အေပၚထိုးခ်လိဳက္ၿပီး ကိုယ့္ေရွ႕တည့္တည့္မွာ မွန္တစ္ခ်ပ္...
မွန္ထဲမွာ ကိုယ့္ပုံေလးက သတိုးသမီးတစ္ေယာက္လိုလွပေနၿပီး အေတာ္ၾကည့္ေကာင္းတယ္...ဂါဝန္ေလးကလဲ ကိုယ္နဲ႕လုံးဝ အရမ္းလိုက္သလို သိပ္ကိုလွတာပဲ
"တကယ္ပဲ...ငါေရာ ဟုတ္ရဲ႕လား..''
"မ....''
အသံလာရာၾကည့္လိုက္ေတာ့ စလိုက္မီးတစ္ခုက ကိုယ့္အေရွ႕နားကို ေနာက္တစ္ခု ထြန္းလာၿပီး ကေလးက အေရွ႕မွာဒူးေလးေထာက္ရင္း ပန္းသီးတစ္လုံးကို လက္တစ္ဖက္နဲ႕ ျမႇောက္ေပးလါသလို
"မ...ကမာၻေပၚမွာ အေခ်ာဆုံးျဖစ္တဲ့မကိုေလ အခ်စ္ရဲ႕အစျဖစ္တဲ့ အာဒံက ဧဝကို ပန္းသီးတစ္လုံးေကြၽးၿပီး အခ်စ္ေတြဖန္တီးသလို...မနဲ႕ကြၽန္ေတာ္လဲ အခ်စ္ေတြ ဖန္တီးလို႔ရမလား..''
အဲ့လိုေျပာၿပီးတာနဲ႕ တၿပိဳင္နက္ အခန္းတခန္းလုံး ျပန္လင္းထိန္သြားၿပီး အဲ့အခ်ိန္မွာပဲ...ခုံတန္းနားကေန စႏၵယားကို sisterတစ္ပါးကတီးေနရင္း
ကေလးေလးေတြကလဲ အျမင့္ကေန အနိမ့္ ပုံစံေလး စုရပ္ေနရင္း Bruno Marsရဲ႕ marry youသီခ်င္းေလးကို ညီညီညာညာေလး ဆိုလာျပန္ေတာ့
"Don't say no,no,no,no-no
Just say yeah,yeah,yeah-yeah-yeah
And we'll go,go,go,go-go
If you're ready,like I'm ready ''
"ကေလး... ''
"ခ်စ္တယ္...မ...''
"အင္း...''
"ဟာ...လက္ခံလားေျပာအုံးေလ...''
ဒူးေထာက္ထားတဲ့ကေလး အနားသြားရင္း ဒူးေထာက္ထိုင္ခ်လိဳက္ရင္း ကေလးကိုဖက္လိုက္ေတာ့... ကေလးက လူကိုထူလိုက္ရင္း ပန္းသီးေလးလာေပးလို႔ ေသခ်ာၾကည့္မိေတာ့ ပန္းသီးကအစစ္မဟုတ္ဘဲ ဗူးေလးတစ္ဗူးပါလား
"ဖြင့္ၾကည့္ေလ...''
ဖြင့္ၾကည့္လိုက္ေတာ့ အထဲမွာ စိန္လက္စြပ္ေလး...လက္စြပ္ေလးက စိန္ကိုမွ အသဲပုံေဘာင္ကြပ္ထားတာပဲ
"အသဲပုံက မအတြက္...ရိုးရိုးက ကြၽန္ေတာ္အတြက္ အတြင္းဘက္မွာ K+Cဆိုၿပီးေရးထားတယ္...ႀကိဳက္ရဲ႕လားမ...အျမန္လုပ္ရတာဆိုေတာ့...''
"အင္း...ႀကိဳက္တယ္...''
"ဘာလို႔ငိုေနတာလဲ ''
"ဟီး... အဟင့္...ေပ်ာ္လို႔...''
ရယ္ရင္း ငိုေနတဲ့ကိုယ့္ကိုကေလးက ပါးကမ်က္ရည္ေတြသုတ္ေပးရင္း
"ငိုမေနနဲ႕...မိတ္ကပ္ပ်က္သြားရင္ သရဲ႐ုပ္ႀကီးျဖစ္ေနအုံးမယ္...''
"ကေလးေနာ္...''
"Cause it's a beautiful night,we're looking for something Dumb to do
Hey baby,I think I wanna marry....you.......''
သီခ်င္းေလးဆုံးေတာ့ ကေလးေလးေတြက ကိုယ္တို႔ႏွစ္ေယာက္ကို ႏွင္းဆီပြင့္ဖတ္ေလးေတြ ေခါင္းေပၚ ႀကဲေပးၿပီး အျပင္ကို ေျပးထြက္သြားၾကတယ္...sister ကလဲ ဆုေတာင္းေပးၿပီး ကေလးေတြဆီလိုက္သြားတာေၾကာင့္
ၾကမ္းျပင္ကို ငုံ႕ၾကည့္လိုက္ေတာ့...ခုနကလိုပဲႏွင္းဆီေရာင္စုံေလးေတြ...ကေလးက လူကို ေမးေလးကေန ပင့္တင္လိုက္ရင္း
"မ သတိထားမိလား...''
"ဟင္...''
"စလာတုန္းကေလ...''
"....''
"မ အေရာင္မတူတဲ့ ႏွင္းဆီေလးေတြကိုနင္းၿပီး ျဖတ္လာတာမလား..''
"အင္း...''
"ဘယ္ႏွေရာင္လဲမွတ္မိလား...''
"အာ....၆ေရာင္ေလာက္ရွိမယ္ထင္တယ္..''
"အင္း...အဲ့တာက LGBTအလံမွာပါတဲ့အေရာင္ေတြေလ...မက LGBTေထာက္ခံတဲ့သူမလား...အဲ့ေတာ့ မနဲ႕ကြၽန္ေတာ္ရဲ႕ ဘဝကိုအစျပဳခ်ိန္မွာ...မရဲ႕ျဖစ္တည္ခ်က္ေလးကိုပါ ကြၽန္ေတာ္ခ်စ္တယ္..''
"....''
"မက fujoတစ္ေယာက္ ျဖစ္လို႔ မကိုအခ်စ္မေပါ့သြားဘူး...လူကိုလင္ေပးစါးေနလဲ မကိုအျပစ္မျမင္ရက္ဘူး...ကြၽန္ေတာ္ရဲ႕အခ်စ္ေတြက မ fujo ျဖစ္ျခင္း မျဖစ္ျခင္းနဲ႕မသက္ဆိုင္သလို မရဲ႕ျဖစ္တည္မႈေလးကိုလဲ ကြၽန္ေတာ္ခ်စ္တယ္...''
"ကေလး...''
"မ ေလွ်ာက္လာတုန္းက...မအရမ္းႀကိဳက္တဲ့ idolပုံေလးေတြေတြ႕လား...''
"အင္း...''
"အဲ့တာက မဘယ္ေလာက္ idolေတြႀကိဳက္ႀကိဳက္ အဆင္ဘယ္ေလာက္ငမ္းငမ္း...ေနာက္ဆုံး မအခ်စ္က ကြၽန္ေတာ္ဆီမွာပဲအဆုံးသတ္ရမယ္လို႔ ဆိုလိုတာ...''
"ကေလး....''
"ခုကစ မကို ခ်စ္တဲ့အခ်စ္ေတြေၾကာင့္ အရမ္းသဝန္မတိုေတာ့သလို မကို အႂကြင္းမဲ့ယုံေပးမယ္...မကို ကြၽန္ေတာ္က ပိုင္ဆိုင္ထားရတာေၾကာင့္...''
"....''
" မကို တြဲလာေပးတဲ့ကေလး ခုႏွစ္ေယာက္က လူပုေလး ခုႏွစ္ေယာက္ကို ကိုယ္စားျပဳတယ္...ေနာက္မွန္ေၾကးမုံႀကီးနဲ႕ မင္းသားေလးေရာ ပါတာဆိုေတာ့..''
"....''
"ငယ္ငယ္က ႐ုပ္ရွင္ၾကည့္ၿပီး snow whiteေလးျဖစ္ခ်င္တယ္ဆိုတဲ့ ငယ္ငယ္က စိတ္ကူးယဥ္ဆန္ဆန္ မရဲ႕အေတြးေလးကို အသက္သြင္းေပးတါ...''
"ကေလး....''
"ကြၽန္ေတာ္ရဲ႕ ခ်စ္သူေလးက ကေလးဆန္ၿပီး စိတ္ကူးယဥ္တတ္သလို အဆင္ငမ္းလြန္းတဲ့ fujoမေလးပါဗ်ာလို႔ ေျပာလိုက္သလိုပဲမလား...''
"....''
"ေနာက္ဆုံးေျပာရရင္ ဒီပန္းသီးေလးက snow whiteကို စုန္းမႀကီးက အဆိပ္ခပ္ထားသလိုပဲေနာ္..''
"...''
"ဒီလက္စြပ္ေလး ဝတ္လိုက္တာနဲ႕ ကြၽန္ေတာ္ရဲ႕အခ်စ္ေတြက အဆိပ္လို မကိုကူးစက္သြားၿပီး မအေတြးေတြေရာ...မအိမ္မက္ကေန အနာဂတ္အထိပါ ကြၽန္ေတာ္ပဲရွိေနရမယ္...''
"အင္း...လက္ခံတယ္...ခ်ီကို အျမန္ဝတ္ေပးေလ...''
ကေလးက ကိုယ့္ကို လက္စြပ္ေလးဝတ္ေပးသလို ကိုယ္ကလဲ ျပန္ဝတ္ေပးလိုက္ေတာ့... ကေလးက ပန္းသီးပုံဗူးေလးကို ေအာက္ပစ္ခ်လိဳက္ရင္း ခါးကိုဖက္လာတာေၾကာင့္ နမ္းမယ္ထင္ၿပီး ကေလးအနားေခါင္းတိုးေပးလိုက္တာကို... ကေလးကဘာသေဘာက်လိဳ႕လဲမသိ ရယ္ေနေလၿပီ
"ခနေနပါအုံး မရယ္ မၿပီးေသးဘူးေလ...''
ကိုမိုးယံနဲ႕ခ်စ္က အနားေရာက္လာၿပီး ခ်စ္ကိုၾကည့္လိုက္ေတာ့ မ်က္ရည္ဝဲတဲတဲေလးနဲ႕ပီတီျဖစ္ေနသလို ၿပဳံးရင္းၾကည့္ေနတယ္
ကိုမိုးယံကေန ဖိနပ္ေလးတစ္ရံယူလာၿပီး ကေလးကိုေပးလိုက္ေတာ့...ကေလးက ကိုယ့္ေရွ႕ဒူးေထာက္ထိုင္ခ်လိဳက္ရင္း ေျခေထာက္ေလးကို ဆြဲယူလိုက္႐ုံမက ဖိနပ္ေလးကိုပါ ဝတ္ေပးေနသလို...ဝတ္ၿပီးတာေတာင္ ေျခေထာက္ေလးကို စိုက္ၾကည့္ေနၿပီး ခနၾကာမွ ထလာရင္း
"ကြၽန္ေတာ္ရဲ႕ စင္ဒရဲလားေလး...''
"ဟင္...''
"မ....ေသခ်ာနားေထာင္ေနာ္...''
"အင္း...''
"ေမေမတို႔ျပန္လာၿပီ...''
"ဘယ္လို...''
"ညေနကမွ ကိုမိုးယံဖုန္းဆက္လို႔ သိရတာ ေမေမတို႔က အဲလစ္နဲ႕ကိစၥကိုသိသြားပုံပဲ...ဒါေၾကာင့္ျပန္လာတာေနမယ္...''
အမွန္ေျပာရရင္ ကေလးတို႔ကအရမ္းခ်မ္းသာတာမလား...ကိုယ့္လို သာမန္လူတန္းစားနဲ႕ သေဘာတူဖို႔ဆိုတာက...ေခါင္းေလးငုံ႕ေနတဲ့ ကိုယ့္ကို ကေလးက ေမးဖ်ားကေန အေပၚပင့္တင္ရင္းေခါင္းေမာ့ေစတယ္
"မ ...မကို ကြၽန္ေတာ္ကာကြယ္ေပးမယ္...ကတိတစ္ခုေတာ့ေပးပါ...ဘာေတြပဲျဖစ္လာျဖစ္လာ...ကြၽန္ေတာ္ကို လက္မလႊတ္ဘဲ မိဘေတြလက္ခံမဲ့အခ်ိန္ထိႀကိဳးစားၾကမယ္လို႔...''
"ကေလး...တကယ္ တကယ္လား..''.
"အင္း...ဒါေၾကာင့္ ကြၽန္ေတာ္ေပးတဲ့ဖိနပ္ေလးကိုစီးရင္း ဘယ္ေလာက္ပဲ ေရွ႕ဆက္ရမဲ့လမ္းကၾကမ္းပါေစ...ကြၽန္ေတာ္ နဲ႕အတူ ဆက္ေလွ်ာက္ေပးပါေနာ္..''
".....''
"အရမ္းပင္ပန္းရင္ေတာင္ ကြၽန္ေတာ္ကို လက္မလႊတ္ပါနဲ႕ ခ်စ္တယ္ မ..''
"မလဲ တူတူပဲ....''
"ကဲ...ႏွစ္ေယာက္သား နမ္းလို႔ရပါၿပီ...''
လို႔ေျပာလိုက္ရင္း ခ်စ္နဲ႕ ကိုမိုးယံက လက္ခုပ္တီးေပးၾကတယ္...ကေလးကို ၾကည့္လိုက္ရင္း ကေလးအကၤ်ီေကာ္လံစကေန ဆြဲယူလိုက္ၿပီး ကေလးကိုနမ္းလိုက္ေတာ့ ကေလးကလဲျပန္နမ္းလာခဲ့တယ္
ကိုယ္ေတြအျဖစ္ကဆန္းသား...ကေလးကို သားေတာ္မယ္ဆိုတဲ့အေတြးနဲ႕ အနားကပ္ရင္း လင္ေပးစါးမလို႔လုပ္ရင္းကေန ကိုယ့္ရဲ႕ခ်စ္သူျဖစ္လာသလို
ကေလးရဲ႕ခ်စ္တတ္ပုံကလဲဆန္းတယ္...သူမ်ားနဲ႕လဲမတူတဲ့အျပင္ လက္ထပ္ခြင့္ေတာင္းတာေတာင္ လူကိုတိုက္ေပၚက ခုန္ခ်ခိဳင္း႐ုံမက အဲ့လိုမခုန္ခိုင္းခင္ကလဲ လူကို မသိရင္ လမ္းခြဲေတာ့မလား...စိတ္ဆိုးေနလားမသဲကြဲေအာင္ စိတ္ဒုကၡေတြေပးၿပီးမွ
လူကိုမထင္ထားေလာက္ေအာင္ သူမ်ားနဲ႕မတူေအာင္ကို ခ်စ္ခြင့္ပန္ျပန္ေရာ...တကယ္လို႔ေနရာမွားၿပီးျပဳတ္က်ရင္ဘယ္လိုလုပ္မလဲဆိုေတာ့ ညေနကတည္းက အကုန္ျပင္ထားသလို အဲ့ခုန္ခ်မဲ့တစ္ေနရာကိုသာ အေပါက္အျဖစ္ခ်န္ထားတာတဲ့...လူလည္ေလးေနာ္
"မရယ္ ေတာင္းပန္ပါတယ္...အမွန္ဆို ခုလိုအခ်ိန္မွာ လူေတြအမ်ားႀကီးနဲ႕ ႀကီးႀကီးက်ယ္က်ယ္ လုပ္ေပးသင့္တာမလား...''
"ရႉး...ခ်ီအတြက္အဲ့တာေတြမလိုဘူး...ကေလးရွိရင္ ျပည့္စုံၿပီ..''
"ခ်စ္တယ္ မ...''
"မက ပိုခ်စ္...''
တိုက္ေပၚကေန ခုန္ခ်ေလာက္တဲ့အထိ ႐ူး႐ူးမိုက္မိုက္ခ်စ္ခဲ့မိသလို တကယ္လို႔ကေလးက ကိုယ့္ေၾကာင့္ သဝန္တိုတာလက္လြန္ၿပီး လူသတ္ခဲ့မယ္ဆိုရင္ေတာင္ ကိုယ္က ကေလးနဲ႕အတူ ေပ်ာ္ေပ်ာ္ႀကီး အေလာင္းဝိုင္းေဖ်ာက္ေပးနိုင္ေလာက္တဲ့အထိ ကေလးအတြက္ဆို ႐ူးခါေနေအာင္ကို ခ်စ္ရတာပါ
ဘယ္သူသိမလဲေနာ္ ကေလးရဲ႕မိဘေတြနဲ႕ဘယ္လိုရင္ဆိုင္ရၿပီး အဲလစ္နဲ႕အဲလစ္အေဖတို႔ကေရာ...ကိုယ္ေတြကို ဘယ္လိုေႏွာက္ယွက္မလဲဆိုတာကို သိလဲမသိခ်င္ပါဘူး...ခုသိတာက...ကေလးရဲ႕အခ်စ္ေတြကို ဗဟိုျပဳရင္း လွပတဲ့အခ်စ္ေတြနဲ႕သာ ေရွ႕ဆက္သြားမယ္ဆိုတာကိုပဲ...ခ်စ္တာတစ္ခုထဲသိေတာ့တယ္
လွပတဲ့ညခ်မ္းေလးမွာ ေကာင္ေလးနဲ႕ေကာင္မေလးတို႔က ခ်က္ေက်ာင္းႀကီးထဲမွာ အနမ္းေတြမွ်ေဝရင္း...
ေဘးနားမွာေတာ့ အားက်သလိုၾကည့္ေနတဲ့အကိုမိုးယံနဲ႕ သူငယ္ခ်င္းအတြက္ ဝမ္းသာလြန္းလို႔ က်လာတဲ့မ်က္ရည္ေတြကိုခိုးသုတ္ေနတဲ့ ေ႐ႊစင္(ေခၚ )ခ်စ္တို႔ရယ္
ေကာင္းကင္ႀကီးရဲ႕ေနာက္တစ္ေနရာျဖစ္တဲ့ ေဆး႐ုံတစ္ေနရာမွာေတာ့ ကုတင္ေပၚက အေမျဖစ္သူကို ၾကည့္ေနတဲ့ ဆရာေလခ်ိဳေသြးနဲ႕ အတင္း မုန့္ခြန့္ေကြၽးေနတဲ့ ကိုမိုးတိမ္
စာေတြ မအိပ္မေန က်က္ေနရင္း တေန႕ ခ်ီခ်ီအနားျပန္လာဖို႔အေရး ႀကိဳးစားေနတဲ့ ဂ်က္ဆင္
သူတို႔အားလုံးက ေကာင္းကင္ႀကီးရဲ႕တမိုးေအာက္ထဲမွာ ရွိတာခ်င္းတူေပမဲ့ ရွင္သန္ပုံျခင္းေရာ ခံစားခ်က္ေတြကပါ မတူညီခဲ့ၾကပါဘူး
ေသခ်ာတာကေတာ့ သူတို႔ရဲ႕အနာဂတ္ကဘယ္လိုဆက္ျဖစ္မယ္ဆိုတာကို ဘယ္သူမွမသိနိုင္ၾကပါဘူး...အဘယ့္ေၾကာင့္ဆိုေသာ္
အခ်စ္ဆိုတာက ခန့္မွန္းလို႔မရတဲ့အရာ ျဖစ္ ေနလို႔သာ....
...............END..................