#Uni
"ချစ်အလုပ်က ပြန်လာတာစောတယ်နော်..''
ချစ်အနားဝင်ထိုင်လိုက်တော့ ချစ်ကစာအုပ်ဖတ်နေရာကနေ ပိတ်လိုက်ပြီး ငါလေးခေါင်းကိုစာအုပ်နဲ့ ထုလိုက်ရင်း
"ဘယ်လောက်ထန်နေသလဲဆို...ခုမှအောက်ဆင်းလာရလား...အဲ့လိုကျ နင်တော်တော်ဇွဲကြီးတယ်နော်...''
"ချစ်ကလဲ ဘာတွေလာပြော...''
"ငါ့မှာတော့ စိုးရိမ်လိုက်ရတာ ညကတည်းကနေ မနက်အထိ... တံခါးကိုရိုက်ချိုးပြီး ဝင်လိုက်ရင် သူခိုးဝင်တယ်ဆိုပြီးတက်လာကြအုံးမယ် ''
".....''
"သော့အပိုသွားတောင်းရင်လဲ လိုက်လာလို့နင်တို့ကိုတွေ့သွားခဲ့ရင် ရှင်းရမှာနဲ့ အတွေးတွေများရင်း အခန်းပြင်မှာတောင် အိပ်ပျော်သွားရပေမဲ့ နင်တို့ကတော့ ဟူး...''
ချစ်ကပြောရင်းတန်းလန်းနဲ့ မီးဖိုချောင်ဘက်သွားနေတာကြောင့်
"ချစ် ဘယ်သွားမလို့လဲ...''
"လာမေးမနေနဲ့ သေချာထိုင်နေ...နင့်ဘေးကခေါင်းအုံးကိုတွေ့လား...အဲ့တာကိုဖင်ခုထိုင်..''
"အာ...အင်း...အင်း...''
ကြောင်တောင်တောင်နဲ့ ဘေးက ခေါင်းအုံးအသေးလေးကို ဖင်ခုထိုင်လိုက်တော့ မဆိုးဘူး အိအိလေး...ပြောရရင် အောက်ပိုင်းက နည်းနည်းနာနေတာရယ်...ဒါတောင် ကလေးက ရေနွေးနဲ့ စိမ်ခိုင်းထားလို့ နည်းနည်းသက်သာသွားတာ
ခနနေတော့ ချစ်က ရေတစ်ခွက်ရယ်...ဆေးထုပ်လေးတစ်ထုပ်ရယ်ယူလာပြီး အနားဝင်ထိုင်လိုက်ရင်း
"ရော့...ဆေးသောက်...''
"ချစ် ငါနေကောင်းတယ်လေ...''
ပြောရုံရှိသေး ခေါင်းခေါက်ခံလိုက်ရတယ် ချစ်ကမျက်စောင်းကြီးထိုးရင်း
"ဟာမရေ ဒါကအကိုက်အခဲပျောက်ဆေး...နင်တို့ ညကနေ ဒီချိန်ထိ ဟိုဟာ......ဖြစ်..''
ချစ်က ပြောနေရင်းကနေ ဆက်မပြောတော့သလို မျက်နှာကြီးကပေါက်ထွက်မတက် နီရဲနေတာကြောင့်
"ဟိုဟာ...ဟိုဟာကဘာလဲ ချစ်...''
"နင်တို့အိပ်ကြတာကိုပြောတာ...မနက်ကနိုးတော့ ငါ့မှာ စိုးရိမ်တကြီးသော့ရှာရင်း ဖွင့်မယ်လုပ်တော့ အသံတွေကြားလို့ ပြန်ပိတ်ပြီး ထွက်လာခဲ့ရတယ်...''
"အာ...အဲ့တာလား...ဟီး...''
"မြင်းလို တဟီးဟီးလုပ်မနေနဲ့...နင့်ကြောင့် ငါ အကိုမိုးယံကိုဘယ်လိုတောင်ပြောခဲ့ရလဲသိလား..''
"အမ်...''
"ငါ့မှာ တားဆေးနဲ့ အကိုက်အခဲပျောက်ဆေးဝယ်ခိုင်းတုန်းက လူကို သူ့ဘာသာတွေးချင်ရာတွေးပြီး ပြောနေလို့မနည်းရှင်းရသေးတယ်..''
"ဟုတ်လား...ဘာ....နင် အကိုမိုးယံကို...ချစ်ရယ်....ရှက်စရာကြီး....''
"အပိုပြောမနေနဲ့...ရော့ အခု အကိုက်အခဲပျောက်ဆေးသောက်...အရမ်းနာနေသေးလား...''
"အာ...နည်းနည်းပဲနာတော့တယ်...အစကတော့ တော်တော်နာတာဟ ဘယ်လိုပြောရမလဲ...ညကဖြစ်ခဲ့တာတွေကနေစပြောပြမယ်...အဲ့တုန်းကဟာ ကလေးကငါ့ကို...''
အရင်လို သူတို့ဖြစ်တာတွေကိုအစအဆုံး အကုန်မချန်ပြောပြမလို လုပ်နေတာကြောင့် မိချီကပါးစပ်ဟရင်း စကားစမလိုလုပ်တုန်း...ဆေးလုံးထိုးထည့်လိုက်ပြီး ရေတိုက်လိုက်တော့
"အဟွတ်....ဟွတ်...ဖြေးဖြေဟ...နင်ပြီးသေတော့မှာပဲ..''
"မကြီး...မကိုဘာတွေတိုက်နေတာလဲ...''
မိချီ ချောင်းတွေအသည်းအသန်ဆိုးနေတာကိုမြင်သွားတဲ့ မောင်ဖြစ်သူက အနောက်ကနေ ခေါက်ဆွဲပန်ကန်လေးကိုယူရင်း အပြေးလာလေရဲ့
"မပူနဲ့... နင့်ဟာမက အဖြစ်သည်းနေတာ...''
"ကလေး...ချစ်ကလေ ကိုယ့်ကိုဆေးခါးခါးကြီးတွေတိုက်တယ်..''
"ဟာ...ဟုတ်လား..''
"ပြီးတော့ ကောင်းကောင်းလဲမတိုက်ဘူး...လူကိုသေအောင်လုပ်တယ်...''
"ဟာ မကြီးရာ...မကိုလုပ်ရက်လိုက်တာ..''
"ရား နင်တို့လွန်ပြီ...ငါကစေတနာနဲ့ နင်ဟာမအတွက် ခေါင်းအုံးလဲဝယ်ပေးရတယ်...ဆေးတောင်ဝယ်ပေးထါးရတာကို...နင်တို့က%%%$^^$#$ ''
"ဟာကွာ...ဘယ်က စာကလေး တစ်ကောင်ရောက်နေတာလဲ...''
ကြည့်လိုက်တော့ ကိုမိုးယံက အထုပ်တွေနဲ့...
"ဘာလို့ပြန်လာတာလဲ...''
ခုနက rapရွတ်သလို ရန်တွေ့နေတဲ့မကြီးက ရပ်တည်သွားသလို အကိုမိုးယံကတော့ မကြီးနဲ့ မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်ရင်း..
"သတိရလို့လေ..''
"Wow....''
"အဟွတ် အဟွတ်...ကလေး...ရေ...ရေ...''
ရုတ်တရက်အကိုမိုးယံစကားကိုကြားလိုက်ရတော့ တံတွေးတောင်သီးသွားရတယ်...ကလေးကလူကိုရေလာတိုက်လို့သောက်နေရင်း ချစ်ကိုကြည့်မိတော့ ရုပ်ကြီးကရှက်နေသလို ဒေါသထွက်နေသလိုပုံစံကြီးနဲ့
"အာ..ကိုယ်က အကုန်လုံးကိုသတိရလို့လေ...နောက်ဒီနေ့က ရုံးပိတ်ရက်ဆိုတော့...''
"ဘယ်လို ဒီနေ့က ရုံးပိတ်ရက်လား..''
ကိုယ်ကပြောနေတုန်းရှိသေး ချစ်ကခေါင်းထပ်ခေါက်လိုက်ပြီး
"ခုမှသိရလား...နေ့လည်ကျော်လို့ ညနေတောင်ရောက်တော့မယ်...''
"မကြီး ဘာလို့တစ်ခုခုဆို...မကိုပဲ လက်ပါနေရတာလဲ...''
"ကလေး...ဗြဲ...ချစ်လုပ်တာ နာသွားပြီ..''
ခေါင်းလေးကိုပွတ်ရင်း ကလေးရင်ခွင်ထဲဝင်လိုက်တော့ ချစ်က မကြည်သလိုကြည့်ရင်း
"ဘာမဟုတ်တာကျ နာတယ်...ဟိုကောင်လုပ်တာကျ နာရကောင်းမှန်းမသိ...''
"မကြီး....''
"ဘာလဲ...''
"ချစ်စရာလေးကွာ...ကိုကိုညီမလေးက ခုလိုကျ အစွာလေးနော်...''
ကလေးရင်ခွင်ထဲ ဝင်ချွဲနေရင်းနဲ့ တောင် ကြောင်သွားပြီး အကိုမိုးယံကိုကြည့်နေမိတယ်...ကလေးလဲ ကိုယ့်လိုပါပဲ တောင့်တောင့်ကြီး အကိုမိုးယံကိုလှမ်းကြည့်နေပေမဲ့ ချစ်ကတော့
"ဂါး... အကိုမိုးယံ ခုထိအမူးမပြေသေးဘူးလား...''
"ဘယ်ကသာ...ကဲ မထူးဘူးကွာ...ကိုကိုက ညီမလေးကို စတွေ့ကတည်းက ချစ်ခဲ့ပေမဲ့ သာမန်ညီမလေးတစ်ယောက်လိုပဲ..''
"....''
"ဒါပေမဲ့ ကိုကို တဖြည်းဖြည်း ညီမလေးကို ချစ်တဲ့အချစ်ကအရောင်ပြောင်းလာတယ်...''
"....''
"အရမ်းချစ်လွန်းလို့ ခုလိုကြိုးစားခဲ့တယ်... ညီမလေးကို ချစ်လို့ ပိုင်ဆိုင်ချင်လို့...ခုလိုစကားတွေပြောနိုင်အောင် ကိုယ့်အိမ်မက်တင်မက လွတ်လပ်ခွင့်တွေ အားလုံးကိုစွန့်လွှတ်ခဲ့ရပေမဲ့ ကိုယ်နောင်တမရဘူး...ချစ်တယ်...''
"ဆာဒါငဲယော...ဂူမာဝေါယော...နောရီ...''
"တိတ်စမ်း...ငပိသံနဲ့ လာဆိုမနေနဲ့...''
"အဟင့်...ကလေး...''
"မကြီး လာပြီး ရှက်ရမ်းရမ်းမနေနဲ့...မ အသံလေးက ဒီလောက် နားထောင်လို့ကောင်းတာကို...ဆက်ဆို မ...''
"ဟဲ့ နင်တို့နှစ်ကောင်...ဒီမှာ ငါရည်းစားစကားအပြောခံရတာ...နင့်အမ ငါ့ကို ပြောနေတာဟ..''
"ပြောပါစေလေ ဘာဖြစ်တုန်း...ကိုမိုးယံက လူတော်တစ်ယောက်ဖြစ်တဲ့အပြင် အတွင်းသိအဆင်းသိပဲဟာ...မကြီးဘက်က နာတယ်ထင်လို့လား..''
ပြောလိုက်တော့ ရင်ခွင်ထဲက မကနေ ခေါင်းလေးထွက်လာရင်း နှုတ်ခမ်းဆူဆူလေးနဲ့
"ဟုတ်တယ်...အကိုမိုးယံက ဒီလောက်ချောပြီး မိုက်တာကို...ငါလေးဆို ချက်ချင်းအဖြေပေးပစ်မှာ...တောက်စ် နှာမြောလိုက်တာနော် လုံဝ... ငါ့အကြိုက်လေးကို...''
"မ.....''
"အာ...ကလေးကလဲ...''
"ဘာ ကလေးလဲ...''
"စတာကို...ကလေးက ခုထိ လူကိုမယုံသေးဘူးလား...''
စလာပြီ...အော်ရုံရှိသေး မ ကလဲမှားသေးတယ်...ခုကျ သူပဲလူကိုစိတ်ကောက်နေပြန်ပြီ...ကြည့်အုံး
"ခနလေးပါ...မင်းတို့ကလဲ အကို့ကိုလဲဦးစားပေးပါအုံးကွ...''
".....''
"....''
"ညီမလေး ကိုကိုအတွက် အဖြေက ဘာလဲ...''
"အကိုမိုးယံ...''
မကြီးကအော်လိုက်တာမို့...မက နားလေးကိုပိတ်လိုက်ပေမဲ့ ကိုယ်ကတော့ နားအူသွားတယ်...ဒါတောင် အကိုမိုးယံက ပြုံးပြုံးလေး ကြည့်နေလိုက်တာများ...မျက်လုံးထဲကတောင် ပျားရည်တွေ ထွက်ကျလောက်တယ်
"ချစ်...နည်းနည်းစိတ်လျော့.....''
"....''
"ကိုမိုးယံကလဲနော် ရည်းစားမထားဖူးမှန်းသိသာချက်...ခုလိုပြောပြီး ချက်ချင်းအဖြေတောင်းရလား..''
"မက ဘယ်နှယောက် ထားဖူးလို့ သိနေရတာတုန်း..''
"ကလေး...ပြောရင်း ထဖောက်ပြန်ပြီ...ပါးစပ်ပိတ်ထား..''
"ဟုတ်ပါပြီဗျာ...မ ပျော်ရင်ပြီးရော...''
ငါလေးဝင်ပြောမှ ကိုမိုးယံက အားနာသလိုလိုနဲ့ ချစ်ကိုကြည့်နေပေမဲ့ ချစ်ကတော့ အကိုမိုးယံကို တစ်စက်တောင်မကြည့်...
"ချစ်က အရမ်းစိတ်ကြီးတာကို ချီအသိဆုံး...ချစ်လက်မြန်ပုံနဲ့ဆို သာမန်လူလာပြောရင် အခုချိန် အသက်မထွက်ရင်တောင် ကံကောင်းပြီ...''
"ရား... ငါက အကြီးဆိုတော့ မလုပ်ချင်လို့ဟ...''
"ကိုယ့်ကို ငြင်းလိုက်တာလား...''
"သိသာလား...ညီမ အကို့ကိုမချစ်ဘူး..''
" ကိုကိုကတော့ချစ်တယ်လေ...''
"တော်ပြီ...ဆက်မပြောနဲ့...''
"ပြောချင်တယ်ဆိုရင်ရော..''
"အကိုမိုးယံ...''
"ဗျာ ဗျ...''
"စိတ်မမှန်တော့ဘူးလား...ဆေးသောက်...''
"အင်း...ရူးနေတာတော့ အမှန်ပဲ...အချစ်ရူးလေ...ညီမလေးကိုအရမ်းချစ်နေလို့တဲ့ ယဥ်ယဥ်လေးနဲ့ရူးနေတာ...''
"အလုပ်ပဲ သိတဲ့စက်ရုပ်ကြီးက ခုလိုပြောတာကြားရတော့ ကြက်သီးတောင်ထတယ်...''
"အဖြေသာပြန်ပေးလေ...ဒါဆို မပြောတော့ဘူး...အဲ့အစား အလုပ်နဲ့သက်သေပြမယ်''
"တော်ပြီ...ဗိုက်ဆာတယ်...ဘာဝယ်လာလဲ..''
"စကားလွှဲတာ...သိပ်သိသာတယ်နော်...''
"မိချီ နင်တို့ရော...ဘာစား..''
မိချီတို့ဘက် လှည့်ကြည့်လိုက်တော့ ခန့်က မိချီပါးစပ်ကို လက်နဲ့ပိတ်ထားပြီး မိချီက အတင်း ရုန်းနေလေရဲ့
"ဟဲ့ အဲ့တာ... ဘာလုပ်နေတာလဲ..''
ပြောလိုက်မှ ခန့်က မိချီကို ပါးစပ်ပိတ်ရာကနေ လွှတ်ပေးလိုက်တော့..
"ရား...ကလေး ဘာလို့ ပါးစပ်ပိတ်ထားရတာလဲ...ဒီမှာ ငါလေး ဝင်ပြောပေးမလို့ကို...''
"အဲ့လိုဝင်ပြောမှာစိုးလို့...သူများအတွဲတွေ သူတို့ဘာသာပြောပါစေပေါ့.. ''
"ဒါပေမဲ့ ချစ်က ငါလေး သူငယ်ချင်း..''
"မကြီးက ကျွန်တော် အမပါ...မရယ်...''
"ရား ကလေး...ငါလေးကလဲ ချစ်ကို ကလေးချစ်တာထက် ပိုချစ်သေး..''
"တိတ်စမ်း...နင်တို့ စကားများလွန်းတယ်...နောက်ကျ ရိုက်သတ်ချင်လောက်အောင် ချစ်ပြအုံးမယ်...တိတ်တော့..''
"အဲ့တာ ကလေးကြောင့်..''
"မ ကြောင့် လဲပါတယ်လေ...''
"ဟာ... ကလေးက ခုတော့ လူကိုအပြစ်တင်နေပြီပေါ့လေ...''
"မက အကန်တွေပဲပြောနေပြီးတော့...''
"တိတ်တော့...ဟိုကောင် နင်က အထုပ်တွေယူပြီး အကိုမိုးယံနဲ့ စားဖို့သွားပြင်..''
"ဘာလို့ ကျွန်တော်လဲ...''
"လျှာမရှည်နဲ့ သွားဆိုသွား...''
ခန့်တို့လဲသွားရော...မိချီကအနားကိုပိုတိုးလာရင်း
"ချစ်...နင် အကိုမိုးယံကို မကြိုက်ဘူးလား..''
"ငါ....ငါမသိဘူး...ထားလိုက် မိချီ...''
"ချစ်ကလဲ နင်စဥ်းစားကြည့်လေ...ချစ်တယ် မချစ်ဘူး...လွယ်လွယ်လေးကို ''
"ဒါနဲ့ နေပါအုံး နင်တို့ဘယ်လို ပြေလည်သွားရတာတုန်း...မနေ့ညကလေ ခန့်ကိုမြင်လိုက်ရတုန်းကဆို ငါလန့်တောင်လန့်တယ်..''
"အင်း...အဲ့တုန်းက ငါလေးဆို ကြောက်တောင် ကြောက်နေတာ...ဟီး...''
" မိချီ အမှန်ပြောရရင် ငါမကြိုက်ဘူး...ခန့်က နင်နဲ့ပတ်သတ်ရင် အရမ်း တဇွတ်ထိုးဆန်တယ်...ချစ်သူတွေကြားsexကိစ္စကိုမပြောလိုပေမဲ့...''
"....''
"နင် သတိထားသင့်တယ်...တကယ်လို့ နင်တို့လမ်းခွဲပြီးမှ နင်ဗိုက်ကြီးသွားရင်..''
"ချစ်ကလဲ...''
"ငါက ကြိုကာကွယ်လို့ရအောင်လို့ပြောတာ... ငါအနေနဲ့ အနေသာကြီးဆိုပေမဲ့ မိချီ နင်ကငါ့သူငယ်ချင်းပါ...ငါ့အတွက် နင်ကလဲ အရေးကြီးတယ်...''
"ချစ်.....''
ငိုမဲ့ငိုမဲ့ မျက်နှာလေးတွေနဲ့ လာဖက်တော့
"ရား...ဘာလို့ လာဖက်ရတာလဲ..''
"ချစ်က လူကိုပစ်ထားတယ်လို့ ထင်ရပေမဲ့ဂရုစိုက်တယ်...ဆေးလဲဝယ်တိုက်တယ်...ဒီခေါင်းအုံးအိအိလေးရော...ဗြဲ...ချစ်...ချစ်လိုက်တာ...မွ....''
နှုတ်ခမ်းကြီးထော်ပြီး ပါးကိုလာနမ်းမလိုလုပ်တာကြောင့် ခေါင်းကို တွန်းထားလိုက်တော့...
"ဟာ ချစ်ကလဲ မတွန်းထားနဲ့လေ...အာဘွားပေးမလို့ကို...လာ..မွမွ...''
"တော်တော့...''
ဆက်လုပ်နေရင် အကျွေးခံရတော့မှာ သိနေတာကြောင့်
"ဟုတ်ကဲ့...''
ငြိမ်ငြိမ်လေးပြန်ထိုင်လိုက်တုန်း ချစ်ကနေ...
" ဒါနဲ့ နင် ဟိုဆရာနဲ့ကိစ္စ...''
"မက အဲ့နေ့ကတည်းက ငြင်းခဲ့တာလေ...''
"ကလေး....''
"ဗိုက်ဆာနေပြီလား...ခေါက်ဆွဲတွေတောင် ပွကုန်ပြီ...မစားသေးဘူးလား...''
"ဟီး...ကလေး ခွန့်ကျွေးမှာကို စောင့်နေတာ..''
"အဲ့ဒါကြောင့် အမြန်လာခဲ့တာ..''
စားပွဲပေါ် လာချပေးတါတွေကို ကြည့်လိုက်တော့ ပီဇာနဲ့ ဟမ်ဘာကာရယ် ကြက်ကြော်တင်မက...အာလူးချောင်းကြော်နဲ့ ကိုကာကိုလာရယ် အတော်ဆုံနေတာကိုတောင် မိချီမက
" ဒါပဲလား...ဟို ဆိုဂျူလေးဖြစ်ဖြစ် Beerလေးဖြစ်ဖြစ်...အဲ့လိုမှ လိုက်...''
"မသောက်ရပါဘူး...မနော်..''
"ဆက်ပြောအုန်းလေ...ခန့် နင်ကရော ဘယ်လိုသိ..''
"မနက်ကျမှ မက ပြောပြလို့သိရတာ...''
".....''
"အဲ့နေ့က....''
-------------------------------------------
"တကယ်လို့များ..ကိုယ့်ကိုစောပြီးတွေ့ခဲ့ရင် အဲ့ကောင်လေးထက် ကိုယ့်ကိုရွေးမှာလားဟင်...''
"မဖြစ်နိုင်ဘူး ဆရာ...ကလေးကိုသာမတွေ့ခဲ့ရင် ဆရာ့ကိုလဲမတွေ့နိုင်သလို ချီကလဲ ခုလိုချီချီ ဖြစ်လာမှာမဟုတ်ဘူး...''
".....''
"သာမန် fujoမလေးအဖြစ်နဲ့ရှိရင်ရှိ...မဟုတ်ရင်တောင် ဘာအဖြစ်မှမရှိတဲ့လူတစ်ယောက်ဖြစ်နေမှာ...ခု ချီပြောင်းလဲသွားတာ ကလေးကြောင့်လေ...''
".....''
"ချီက အသုံးမကျပေမဲ့ ကလေးက ချီကို အပြစ်တောင်မမြင်ခဲ့ဘူးလေ...ဒီကိုလဲ ချီကို ကလေးကခေါ်လာသလို သူတို့သင်သလို သင်ပေးခဲ့တာကြောင့် ချီက အခုဆရာမြင်နေတဲ့ ချီချီဖြစ်လာတာ..''
"မင်း သူ့ကို သိပ်ချစ်တာပဲလား ''
"အင်း...ကလေးကလဲ ချီကို အရမ်းချစ်ပါတယ်...အဲ့တာကြောင့် ဒီဆွဲကြိုးလေးကို...''
"ယူထားလိုက်ပါ...မင်းအတွက်ရည်ရွယ်ထားတာပဲ..''
"တောင်းပန်ပါတယ် ဆရာ...ချီ...''
ပြောနေတုန်း လူကိုဆွဲဖက်လိုက်ပြီး...
"မလိုပါဘူး...မပြောပါနဲ့...တောင်းပန်စရာလဲမလိုဘူး...ကိုယ့်ကိုပြန်မချစ်နိုင်လဲရတယ်...အရင်လို ကိုယ့်နားမှာပဲ ဆက်နေပေးရင် ကျေနပ်ပြီ..''
"ချီ....ချီ...''
"မချစ်နိုင်ဘူးလို့ ငြင်းပြီးတာတောင်ကွာ... ခုဒီတောင်းဆိုချက်ပါ ငြင်းမယ်ဆို...ကိုယ်ခံနိုင်ရည်မရှိလောက်ဘူး...''
"အင်း...ချီ ဆရာကိုမချစ်နိုင်ပေမဲ့ အရင်လို ဆရာအနားနေပေးပါ့မယ်..''
"....''
"ဆရာ့ဆီမှာ တစ်နှစ်အလုပ်လုပ်မယ်ဆိုတဲ့ကတိလဲရှိသေးတယ်မလား...ချီက လွယ်လွယ်နဲ့ ကတိမဖျက်ပါဘူး..''
------------------------------------------
"တောက်စ် ပြောရင် ဒေါသထွက်တယ်...မကို ဖက်ထားတယ်ဆိုတဲ့အသိနဲ့တင် သွားထိုးပစ်ချင်တာ...''
"အဲ့တော့ နင်က အဲ့ကတည်းက ငြင်းလိုက်တာပေါ့..''
"အင်း....ကလေးကို ချီက အများကြီးချစ်...''
"မကိုလဲ ဟောဒီလောက်ကြီးချစ်...''
"ငါစိတ်ညစ်တယ်...ဒီသဲသဲကဲကဲတွေနဲ့...''
"ကိုယ်က အားကျတယ်...''
ဘေးမှာ လာကလူးနေတဲ့ အချစ်ငှက်တွေက တမျိုး...ကိုယ့်အရှေ့က လူကို အခွင့်ရတာနဲ့ စျေးဗန်းခင်းချင်နေတဲ့ စျေးသည်ကြီး ကိုမိုးယံကတစ်မျိုး...ဒီဟာတွေနဲ့တော့ ငါဘယ်လိုရှေ့ဆက်ရပါ့မလဲ
တွေးနေရင်း စားပွဲပေါ်တင်ထားတဲ့ ဖုန်းကနေ ဖုန်းဝင်လာလို့ ကိုင်လိုက်တော့..
"ဟယ်လို....''
ဖုန်းထဲက ကြားလိုက်ရတဲ့အသံကြောင့် ရင်ထဲ မီးတောင်ကြီးပေါက်ကွဲသွားသလိုပါပဲ...အပူဆိုတာ ကိုယ့်ဘာသာနေတာတောင် သူ့ဘာသာမရ ရအောင်လာတတ်တာမျိုးလား..ဒီနေ့လဲ အေးအေးဆေးဆေးနေနိုင်ပါ့မလားနော်
💖💖💖💖💖💖💖💖💖💖
#Zawgyi
"ခ်စ္အလုပ္က ျပန္လာတာေစာတယ္ေနာ္..''
ခ်စ္အနားဝင္ထိုင္လိုက္ေတာ့ ခ်စ္ကစာအုပ္ဖတ္ေနရာကေန ပိတ္လိုက္ၿပီး ငါေလးေခါင္းကိုစာအုပ္နဲ႕ ထုလိုက္ရင္း
"ဘယ္ေလာက္ထန္ေနသလဲဆို...ခုမွေအာက္ဆင္းလာရလား...အဲ့လိုက် နင္ေတာ္ေတာ္ဇြဲႀကီးတယ္ေနာ္...''
"ခ်စ္ကလဲ ဘာေတြလာေျပာ...''
"ငါ့မွာေတာ့ စိုးရိမ္လိုက္ရတာ ညကတည္းကေန မနက္အထိ... တံခါးကိုရိုက္ခ်ိဳးၿပီး ဝင္လိုက္ရင္ သူခိုးဝင္တယ္ဆိုၿပီးတက္လာၾကအုံးမယ္ ''
".....''
"ေသာ့အပိုသြားေတာင္းရင္လဲ လိုက္လာလို႔နင္တို႔ကိုေတြ႕သြားခဲ့ရင္ ရွင္းရမွာနဲ႕ အေတြးေတြမ်ားရင္း အခန္းျပင္မွာေတာင္ အိပ္ေပ်ာ္သြားရေပမဲ့ နင္တို႔ကေတာ့ ဟူး...''
ခ်စ္ကေျပာရင္းတန္းလန္းနဲ႕ မီးဖိုေခ်ာင္ဘက္သြားေနတာေၾကာင့္
"ခ်စ္ ဘယ္သြားမလို႔လဲ...''
"လာေမးမေနနဲ႕ ေသခ်ာထိုင္ေန...နင့္ေဘးကေခါင္းအုံးကိုေတြ႕လား...အဲ့တာကိုဖင္ခုထိုင္..''
"အာ...အင္း...အင္း...''
ေၾကာင္ေတာင္ေတာင္နဲ႕ ေဘးက ေခါင္းအုံးအေသးေလးကို ဖင္ခုထိုင္လိုက္ေတာ့ မဆိုးဘူး အိအိေလး...ေျပာရရင္ ေအာက္ပိုင္းက နည္းနည္းနာေနတာရယ္...ဒါေတာင္ ကေလးက ေရေႏြးနဲ႕ စိမ္ခိုင္းထားလို႔ နည္းနည္းသက္သာသြားတာ
ခနေနေတာ့ ခ်စ္က ေရတစ္ခြက္ရယ္...ေဆးထုပ္ေလးတစ္ထုပ္ရယ္ယူလာၿပီး အနားဝင္ထိုင္လိုက္ရင္း
"ေရာ့...ေဆးေသာက္...''
"ခ်စ္ ငါေနေကာင္းတယ္ေလ...''
ေျပာ႐ုံရွိေသး ေခါင္းေခါက္ခံလိုက္ရတယ္ ခ်စ္ကမ်က္ေစာင္းႀကီးထိုးရင္း
"ဟာမေရ ဒါကအကိုက္အခဲေပ်ာက္ေဆး...နင္တို႔ ညကေန ဒီခ်ိန္ထိ ဟိုဟာ......ျဖစ္..''
ခ်စ္က ေျပာေနရင္းကေန ဆက္မေျပာေတာ့သလို မ်က္ႏွာႀကီးကေပါက္ထြက္မတက္ နီရဲေနတာေၾကာင့္
"ဟိုဟာ...ဟိုဟာကဘာလဲ ခ်စ္...''
"နင္တို႔အိပ္ၾကတာကိုေျပာတာ...မနက္ကနိုးေတာ့ ငါ့မွာ စိုးရိမ္တႀကီးေသာ့ရွာရင္း ဖြင့္မယ္လုပ္ေတာ့ အသံေတြၾကားလို႔ ျပန္ပိတ္ၿပီး ထြက္လာခဲ့ရတယ္...''
"အာ...အဲ့တာလား...ဟီး...''
"ျမင္းလို တဟီးဟီးလုပ္မေနနဲ႕...နင့္ေၾကာင့္ ငါ အကိုမိုးယံကိုဘယ္လိုေတာင္ေျပာခဲ့ရလဲသိလား..''
"အမ္...''
"ငါ့မွာ တားေဆးနဲ႕ အကိုက္အခဲေပ်ာက္ေဆးဝယ္ခိုင္းတုန္းက လူကို သူ႕ဘာသာေတြးခ်င္ရာေတြးၿပီး ေျပာေနလို႔မနည္းရွင္းရေသးတယ္..''
"ဟုတ္လား...ဘာ....နင္ အကိုမိုးယံကို...ခ်စ္ရယ္....ရွက္စရာႀကီး....''
"အပိုေျပာမေနနဲ႕...ေရာ့ အခု အကိုက္အခဲေပ်ာက္ေဆးေသာက္...အရမ္းနာေနေသးလား...''
"အာ...နည္းနည္းပဲနာေတာ့တယ္...အစကေတာ့ ေတာ္ေတာ္နာတာဟ ဘယ္လိုေျပာရမလဲ...ညကျဖစ္ခဲ့တာေတြကေနစေျပာျပမယ္...အဲ့တုန္းကဟာ ကေလးကငါ့ကို...''
အရင္လို သူတို႔ျဖစ္တာေတြကိုအစအဆုံး အကုန္မခ်န္ေျပာျပမလို လုပ္ေနတာေၾကာင့္ မိခ်ီကပါးစပ္ဟရင္း စကားစမလိုလုပ္တုန္း...ေဆးလုံးထိုးထည့္လိုက္ၿပီး ေရတိုက္လိုက္ေတာ့
"အဟြတ္....ဟြတ္...ေျဖးေျဖဟ...နင္ၿပီးေသေတာ့မွာပဲ..''
"မႀကီး...မကိုဘာေတြတိုက္ေနတာလဲ...''
မိခ်ီ ေခ်ာင္းေတြအသည္းအသန္ဆိုးေနတာကိုျမင္သြားတဲ့ ေမာင္ျဖစ္သူက အေနာက္ကေန ေခါက္ဆြဲပန္ကန္ေလးကိုယူရင္း အေျပးလာေလရဲ႕
"မပူနဲ႕... နင့္ဟာမက အျဖစ္သည္းေနတာ...''
"ကေလး...ခ်စ္ကေလ ကိုယ့္ကိုေဆးခါးခါးႀကီးေတြတိုက္တယ္..''
"ဟာ...ဟုတ္လား..''
"ၿပီးေတာ့ ေကာင္းေကာင္းလဲမတိုက္ဘူး...လူကိုေသေအာင္လုပ္တယ္...''
"ဟာ မႀကီးရာ...မကိုလုပ္ရက္လိုက္တာ..''
"ရား နင္တို႔လြန္ၿပီ...ငါကေစတနာနဲ႕ နင္ဟာမအတြက္ ေခါင္းအုံးလဲဝယ္ေပးရတယ္...ေဆးေတာင္ဝယ္ေပးထါးရတာကို...နင္တို႔က%%%$^^$#$ ''
"ဟာကြာ...ဘယ္က စာကေလး တစ္ေကာင္ေရာက္ေနတာလဲ...''
ၾကည့္လိုက္ေတာ့ ကိုမိုးယံက အထုပ္ေတြနဲ႕...
"ဘာလို႔ျပန္လာတာလဲ...''
ခုနက rap႐ြတ္သလို ရန္ေတြ႕ေနတဲ့မႀကီးက ရပ္တည္သြားသလို အကိုမိုးယံကေတာ့ မႀကီးနဲ႕ မ်က္ႏွာခ်င္းဆိုင္ခုံမွာဝင္ထိုင္လိုက္ရင္း..
"သတိရလို႔ေလ..''
"Wow....''
"အဟြတ္ အဟြတ္...ကေလး...ေရ...ေရ...''
႐ုတ္တရက္အကိုမိုးယံစကားကိုၾကားလိုက္ရေတာ့ တံေတြးေတာင္သီးသြားရတယ္...ကေလးကလူကိုေရလာတိုက္လို႔ေသာက္ေနရင္း ခ်စ္ကိုၾကည့္မိေတာ့ ႐ုပ္ႀကီးကရွက္ေနသလို ေဒါသထြက္ေနသလိုပုံစံႀကီးနဲ႕
"အာ..ကိုယ္က အကုန္လုံးကိုသတိရလို႔ေလ...ေနာက္ဒီေန႕က ႐ုံးပိတ္ရက္ဆိုေတာ့...''
"ဘယ္လို ဒီေန႕က ႐ုံးပိတ္ရက္လား..''
ကိုယ္ကေျပာေနတုန္းရွိေသး ခ်စ္ကေခါင္းထပ္ေခါက္လိုက္ၿပီး
"ခုမွသိရလား...ေန႕လည္ေက်ာ္လို႔ ညေနေတာင္ေရာက္ေတာ့မယ္...''
"မႀကီး ဘာလို႔တစ္ခုခုဆို...မကိုပဲ လက္ပါေနရတာလဲ...''
"ကေလး...ၿဗဲ...ခ်စ္လုပ္တာ နာသြားၿပီ..''
ေခါင္းေလးကိုပြတ္ရင္း ကေလးရင္ခြင္ထဲဝင္လိုက္ေတာ့ ခ်စ္က မၾကည္သလိုၾကည့္ရင္း
"ဘာမဟုတ္တာက် နာတယ္...ဟိုေကာင္လုပ္တာက် နာရေကာင္းမွန္းမသိ...''
"မႀကီး....''
"ဘာလဲ...''
"ခ်စ္စရာေလးကြာ...ကိုကိုညီမေလးက ခုလိုက် အစြာေလးေနာ္...''
ကေလးရင္ခြင္ထဲ ဝင္ခြၽဲေနရင္းနဲ႕ ေတာင္ ေၾကာင္သြားၿပီး အကိုမိုးယံကိုၾကည့္ေနမိတယ္...ကေလးလဲ ကိုယ့္လိုပါပဲ ေတာင့္ေတာင့္ႀကီး အကိုမိုးယံကိုလွမ္းၾကည့္ေနေပမဲ့ ခ်စ္ကေတာ့
"ဂါး... အကိုမိုးယံ ခုထိအမူးမေျပေသးဘူးလား...''
"ဘယ္ကသာ...ကဲ မထူးဘူးကြာ...ကိုကိုက ညီမေလးကို စေတြ႕ကတည္းက ခ်စ္ခဲ့ေပမဲ့ သာမန္ညီမေလးတစ္ေယာက္လိုပဲ..''
"....''
"ဒါေပမဲ့ ကိုကို တျဖည္းျဖည္း ညီမေလးကို ခ်စ္တဲ့အခ်စ္ကအေရာင္ေျပာင္းလာတယ္...''
"....''
"အရမ္းခ်စ္လြန္းလို႔ ခုလိုႀကိဳးစားခဲ့တယ္... ညီမေလးကို ခ်စ္လို႔ ပိုင္ဆိုင္ခ်င္လို႔...ခုလိုစကားေတြေျပာနိုင္ေအာင္ ကိုယ့္အိမ္မက္တင္မက လြတ္လပ္ခြင့္ေတြ အားလုံးကိုစြန့္လႊတ္ခဲ့ရေပမဲ့ ကိုယ္ေနာင္တမရဘူး...ခ်စ္တယ္...''
"ဆာဒါငဲေယာ...ဂူမာေဝါေယာ...ေနာရီ...''
"တိတ္စမ္း...ငပိသံနဲ႕ လာဆိုမေနနဲ႕...''
"အဟင့္...ကေလး...''
"မႀကီး လာၿပီး ရွက္ရမ္းရမ္းမေနနဲ႕...မ အသံေလးက ဒီေလာက္ နားေထာင္လို႔ေကာင္းတာကို...ဆက္ဆို မ...''
"ဟဲ့ နင္တို႔ႏွစ္ေကာင္...ဒီမွာ ငါရည္းစားစကားအေျပာခံရတာ...နင့္အမ ငါ့ကို ေျပာေနတာဟ..''
"ေျပာပါေစေလ ဘာျဖစ္တုန္း...ကိုမိုးယံက လူေတာ္တစ္ေယာက္ျဖစ္တဲ့အျပင္ အတြင္းသိအဆင္းသိပဲဟာ...မႀကီးဘက္က နာတယ္ထင္လို႔လား..''
ေျပာလိုက္ေတာ့ ရင္ခြင္ထဲက မကေန ေခါင္းေလးထြက္လာရင္း ႏႈတ္ခမ္းဆူဆူေလးနဲ႕
"ဟုတ္တယ္...အကိုမိုးယံက ဒီေလာက္ေခ်ာၿပီး မိုက္တာကို...ငါေလးဆို ခ်က္ခ်င္းအေျဖေပးပစ္မွာ...ေတာက္စ္ ႏွာေျမာလိုက္တာေနာ္ လုံဝ... ငါ့အႀကိဳက္ေလးကို...''
"မ.....''
"အာ...ကေလးကလဲ...''
"ဘာ ကေလးလဲ...''
"စတာကို...ကေလးက ခုထိ လူကိုမယုံေသးဘူးလား...''
စလာၿပီ...ေအာ္႐ုံရွိေသး မ ကလဲမွားေသးတယ္...ခုက် သူပဲလူကိုစိတ္ေကာက္ေနျပန္ၿပီ...ၾကည့္အုံး
"ခနေလးပါ...မင္းတို႔ကလဲ အကို႔ကိုလဲဦးစားေပးပါအုံးကြ...''
".....''
"....''
"ညီမေလး ကိုကိုအတြက္ အေျဖက ဘာလဲ...''
"အကိုမိုးယံ...''
မႀကီးကေအာ္လိုက္တာမို႔...မက နားေလးကိုပိတ္လိုက္ေပမဲ့ ကိုယ္ကေတာ့ နားအူသြားတယ္...ဒါေတာင္ အကိုမိုးယံက ၿပဳံးၿပဳံးေလး ၾကည့္ေနလိုက္တာမ်ား...မ်က္လုံးထဲကေတာင္ ပ်ားရည္ေတြ ထြက္က်ေလာက္တယ္
"ခ်စ္...နည္းနည္းစိတ္ေလ်ာ့.....''
"....''
"ကိုမိုးယံကလဲေနာ္ ရည္းစားမထားဖူးမွန္းသိသာခ်က္...ခုလိုေျပာၿပီး ခ်က္ခ်င္းအေျဖေတာင္းရလား..''
"မက ဘယ္ႏွေယာက္ ထားဖူးလို႔ သိေနရတာတုန္း..''
"ကေလး...ေျပာရင္း ထေဖာက္ျပန္ၿပီ...ပါးစပ္ပိတ္ထား..''
"ဟုတ္ပါၿပီဗ်ာ...မ ေပ်ာ္ရင္ၿပီးေရာ...''
ငါေလးဝင္ေျပာမွ ကိုမိုးယံက အားနာသလိုလိုနဲ႕ ခ်စ္ကိုၾကည့္ေနေပမဲ့ ခ်စ္ကေတာ့ အကိုမိုးယံကို တစ္စက္ေတာင္မၾကည့္...
"ခ်စ္က အရမ္းစိတ္ႀကီးတာကို ခ်ီအသိဆုံး...ခ်စ္လက္ျမန္ပုံနဲ႕ဆို သာမန္လူလာေျပာရင္ အခုခ်ိန္ အသက္မထြက္ရင္ေတာင္ ကံေကာင္းၿပီ...''
"ရား... ငါက အႀကီးဆိုေတာ့ မလုပ္ခ်င္လို႔ဟ...''
"ကိုယ့္ကို ျငင္းလိုက္တာလား...''
"သိသာလား...ညီမ အကို႔ကိုမခ်စ္ဘူး..''
" ကိုကိုကေတာ့ခ်စ္တယ္ေလ...''
"ေတာ္ၿပီ...ဆက္မေျပာနဲ႕...''
"ေျပာခ်င္တယ္ဆိုရင္ေရာ..''
"အကိုမိုးယံ...''
"ဗ်ာ ဗ်...''
"စိတ္မမွန္ေတာ့ဘူးလား...ေဆးေသာက္...''
"အင္း...႐ူးေနတာေတာ့ အမွန္ပဲ...အခ်စ္႐ူးေလ...ညီမေလးကိုအရမ္းခ်စ္ေနလို႔တဲ့ ယဥ္ယဥ္ေလးနဲ႕႐ူးေနတာ...''
"အလုပ္ပဲ သိတဲ့စက္႐ုပ္ႀကီးက ခုလိုေျပာတာၾကားရေတာ့ ၾကက္သီးေတာင္ထတယ္...''
"အေျဖသာျပန္ေပးေလ...ဒါဆို မေျပာေတာ့ဘူး...အဲ့အစား အလုပ္နဲ႕သက္ေသျပမယ္''
"ေတာ္ၿပီ...ဗိုက္ဆာတယ္...ဘာဝယ္လာလဲ..''
"စကားလႊဲတာ...သိပ္သိသာတယ္ေနာ္...''
"မိခ်ီ နင္တို႔ေရာ...ဘာစား..''
မိခ်ီတို႔ဘက္ လွည့္ၾကည့္လိုက္ေတာ့ ခန့္က မိခ်ီပါးစပ္ကို လက္နဲ႕ပိတ္ထားၿပီး မိခ်ီက အတင္း ႐ုန္းေနေလရဲ႕
"ဟဲ့ အဲ့တာ... ဘာလုပ္ေနတာလဲ..''
ေျပာလိုက္မွ ခန့္က မိခ်ီကို ပါးစပ္ပိတ္ရာကေန လႊတ္ေပးလိုက္ေတာ့..
"ရား...ကေလး ဘာလို႔ ပါးစပ္ပိတ္ထားရတာလဲ...ဒီမွာ ငါေလး ဝင္ေျပာေပးမလို႔ကို...''
"အဲ့လိုဝင္ေျပာမွာစိုးလို႔...သူမ်ားအတြဲေတြ သူတို႔ဘာသာေျပာပါေစေပါ့.. ''
"ဒါေပမဲ့ ခ်စ္က ငါေလး သူငယ္ခ်င္း..''
"မႀကီးက ကြၽန္ေတာ္ အမပါ...မရယ္...''
"ရား ကေလး...ငါေလးကလဲ ခ်စ္ကို ကေလးခ်စ္တာထက္ ပိုခ်စ္ေသး..''
"တိတ္စမ္း...နင္တို႔ စကားမ်ားလြန္းတယ္...ေနာက္က် ရိုက္သတ္ခ်င္ေလာက္ေအာင္ ခ်စ္ျပအုံးမယ္...တိတ္ေတာ့..''
"အဲ့တာ ကေလးေၾကာင့္..''
"မ ေၾကာင့္ လဲပါတယ္ေလ...''
"ဟာ... ကေလးက ခုေတာ့ လူကိုအျပစ္တင္ေနၿပီေပါ့ေလ...''
"မက အကန္ေတြပဲေျပာေနၿပီးေတာ့...''
"တိတ္ေတာ့...ဟိုေကာင္ နင္က အထုပ္ေတြယူၿပီး အကိုမိုးယံနဲ႕ စားဖို႔သြားျပင္..''
"ဘာလို႔ ကြၽန္ေတာ္လဲ...''
"လွ်ာမရွည္နဲ႕ သြားဆိုသြား...''
ခန့္တို႔လဲသြားေရာ...မိခ်ီကအနားကိုပိုတိုးလာရင္း
"ခ်စ္...နင္ အကိုမိုးယံကို မႀကိဳက္ဘူးလား..''
"ငါ....ငါမသိဘူး...ထားလိုက္ မိခ်ီ...''
"ခ်စ္ကလဲ နင္စဥ္းစားၾကည့္ေလ...ခ်စ္တယ္ မခ်စ္ဘူး...လြယ္လြယ္ေလးကို ''
"ဒါနဲ႕ ေနပါအုံး နင္တို႔ဘယ္လို ေျပလည္သြားရတာတုန္း...မေန႕ညကေလ ခန့္ကိုျမင္လိုက္ရတုန္းကဆို ငါလန့္ေတာင္လန့္တယ္..''
"အင္း...အဲ့တုန္းက ငါေလးဆို ေၾကာက္ေတာင္ ေၾကာက္ေနတာ...ဟီး...''
" မိခ်ီ အမွန္ေျပာရရင္ ငါမႀကိဳက္ဘူး...ခန့္က နင္နဲ႕ပတ္သတ္ရင္ အရမ္း တဇြတ္ထိုးဆန္တယ္...ခ်စ္သူေတြၾကားsexကိစၥကိုမေျပာလိုေပမဲ့...''
"....''
"နင္ သတိထားသင့္တယ္...တကယ္လို႔ နင္တို႔လမ္းခြဲၿပီးမွ နင္ဗိုက္ႀကီးသြားရင္..''
"ခ်စ္ကလဲ...''
"ငါက ႀကိဳကာကြယ္လို႔ရေအာင္လို႔ေျပာတာ... ငါအေနနဲ႕ အေနသာႀကီးဆိုေပမဲ့ မိခ်ီ နင္ကငါ့သူငယ္ခ်င္းပါ...ငါ့အတြက္ နင္ကလဲ အေရးႀကီးတယ္...''
"ခ်စ္.....''
ငိုမဲ့ငိုမဲ့ မ်က္ႏွာေလးေတြနဲ႕ လာဖက္ေတာ့
"ရား...ဘာလို႔ လာဖက္ရတာလဲ..''
"ခ်စ္က လူကိုပစ္ထားတယ္လို႔ ထင္ရေပမဲ့ဂ႐ုစိုက္တယ္...ေဆးလဲဝယ္တိုက္တယ္...ဒီေခါင္းအုံးအိအိေလးေရာ...ၿဗဲ...ခ်စ္...ခ်စ္လိုက္တာ...မြ....''
ႏႈတ္ခမ္းႀကီးေထာ္ၿပီး ပါးကိုလာနမ္းမလိုလုပ္တာေၾကာင့္ ေခါင္းကို တြန္းထားလိုက္ေတာ့...
"ဟာ ခ်စ္ကလဲ မတြန္းထားနဲ႕ေလ...အာဘြားေပးမလို႔ကို...လာ..မြမြ...''
"ေတာ္ေတာ့...''
ဆက္လုပ္ေနရင္ အေကြၽးခံရေတာ့မွာ သိေနတာေၾကာင့္
"ဟုတ္ကဲ့...''
ၿငိမ္ၿငိမ္ေလးျပန္ထိုင္လိုက္တုန္း ခ်စ္ကေန...
" ဒါနဲ႕ နင္ ဟိုဆရာနဲ႕ကိစၥ...''
"မက အဲ့ေန႕ကတည္းက ျငင္းခဲ့တာေလ...''
"ကေလး....''
"ဗိုက္ဆာေနၿပီလား...ေခါက္ဆြဲေတြေတာင္ ပြကုန္ၿပီ...မစားေသးဘူးလား...''
"ဟီး...ကေလး ခြန့္ေကြၽးမွာကို ေစာင့္ေနတာ..''
"အဲ့ဒါေၾကာင့္ အျမန္လာခဲ့တာ..''
စားပြဲေပၚ လာခ်ေပးတါေတြကို ၾကည့္လိုက္ေတာ့ ပီဇာနဲ႕ ဟမ္ဘာကာရယ္ ၾကက္ေၾကာ္တင္မက...အာလူးေခ်ာင္းေၾကာ္နဲ႕ ကိုကာကိုလာရယ္ အေတာ္ဆုံေနတာကိုေတာင္ မိခ်ီမက
" ဒါပဲလား...ဟို ဆိုဂ်ဴေလးျဖစ္ျဖစ္ Beerေလးျဖစ္ျဖစ္...အဲ့လိုမွ လိုက္...''
"မေသာက္ရပါဘူး...မေနာ္..''
"ဆက္ေျပာအုန္းေလ...ခန့္ နင္ကေရာ ဘယ္လိုသိ..''
"မနက္က်မွ မက ေျပာျပလို႔သိရတာ...''
".....''
"အဲ့ေန႕က....''
-------------------------------------------
"တကယ္လို႔မ်ား..ကိုယ့္ကိုေစာၿပီးေတြ႕ခဲ့ရင္ အဲ့ေကာင္ေလးထက္ ကိုယ့္ကိုေ႐ြးမွာလားဟင္...''
"မျဖစ္နိုင္ဘူး ဆရာ...ကေလးကိုသာမေတြ႕ခဲ့ရင္ ဆရာ့ကိုလဲမေတြ႕နိုင္သလို ခ်ီကလဲ ခုလိုခ်ီခ်ီ ျဖစ္လာမွာမဟုတ္ဘူး...''
".....''
"သာမန္ fujoမေလးအျဖစ္နဲ႕ရွိရင္ရွိ...မဟုတ္ရင္ေတာင္ ဘာအျဖစ္မွမရွိတဲ့လူတစ္ေယာက္ျဖစ္ေနမွာ...ခု ခ်ီေျပာင္းလဲသြားတာ ကေလးေၾကာင့္ေလ...''
".....''
"ခ်ီက အသုံးမက်ေပမဲ့ ကေလးက ခ်ီကို အျပစ္ေတာင္မျမင္ခဲ့ဘူးေလ...ဒီကိုလဲ ခ်ီကို ကေလးကေခၚလာသလို သူတို႔သင္သလို သင္ေပးခဲ့တာေၾကာင့္ ခ်ီက အခုဆရာျမင္ေနတဲ့ ခ်ီခ်ီျဖစ္လာတာ..''
"မင္း သူ႕ကို သိပ္ခ်စ္တာပဲလား ''
"အင္း...ကေလးကလဲ ခ်ီကို အရမ္းခ်စ္ပါတယ္...အဲ့တာေၾကာင့္ ဒီဆြဲႀကိဳးေလးကို...''
"ယူထားလိုက္ပါ...မင္းအတြက္ရည္႐ြယ္ထားတာပဲ..''
"ေတာင္းပန္ပါတယ္ ဆရာ...ခ်ီ...''
ေျပာေနတုန္း လူကိုဆြဲဖက္လိုက္ၿပီး...
"မလိုပါဘူး...မေျပာပါနဲ႕...ေတာင္းပန္စရာလဲမလိုဘူး...ကိုယ့္ကိုျပန္မခ်စ္နိုင္လဲရတယ္...အရင္လို ကိုယ့္နားမွာပဲ ဆက္ေနေပးရင္ ေက်နပ္ၿပီ..''
"ခ်ီ....ခ်ီ...''
"မခ်စ္နိုင္ဘူးလို႔ ျငင္းၿပီးတာေတာင္ကြာ... ခုဒီေတာင္းဆိုခ်က္ပါ ျငင္းမယ္ဆို...ကိုယ္ခံနိုင္ရည္မရွိေလာက္ဘူး...''
"အင္း...ခ်ီ ဆရာကိုမခ်စ္နိုင္ေပမဲ့ အရင္လို ဆရာအနားေနေပးပါ့မယ္..''
"....''
"ဆရာ့ဆီမွာ တစ္ႏွစ္အလုပ္လုပ္မယ္ဆိုတဲ့ကတိလဲရွိေသးတယ္မလား...ခ်ီက လြယ္လြယ္နဲ႕ ကတိမဖ်က္ပါဘူး..''
------------------------------------------
"ေတာက္စ္ ေျပာရင္ ေဒါသထြက္တယ္...မကို ဖက္ထားတယ္ဆိုတဲ့အသိနဲ႕တင္ သြားထိုးပစ္ခ်င္တာ...''
"အဲ့ေတာ့ နင္က အဲ့ကတည္းက ျငင္းလိုက္တာေပါ့..''
"အင္း....ကေလးကို ခ်ီက အမ်ားႀကီးခ်စ္...''
"မကိုလဲ ေဟာဒီေလာက္ႀကီးခ်စ္...''
"ငါစိတ္ညစ္တယ္...ဒီသဲသဲကဲကဲေတြနဲ႕...''
"ကိုယ္က အားက်တယ္...''
ေဘးမွာ လာကလူးေနတဲ့ အခ်စ္ငွက္ေတြက တမ်ိဳး...ကိုယ့္အေရွ႕က လူကို အခြင့္ရတာနဲ႕ ေစ်းဗန္းခင္းခ်င္ေနတဲ့ ေစ်းသည္ႀကီး ကိုမိုးယံကတစ္မ်ိဳး...ဒီဟာေတြနဲ႕ေတာ့ ငါဘယ္လိုေရွ႕ဆက္ရပါ့မလဲ
ေတြးေနရင္း စားပြဲေပၚတင္ထားတဲ့ ဖုန္းကေန ဖုန္းဝင္လာလို႔ ကိုင္လိုက္ေတာ့..
"ဟယ္လို....''
ဖုန္းထဲက ၾကားလိုက္ရတဲ့အသံေၾကာင့္ ရင္ထဲ မီးေတာင္ႀကီးေပါက္ကြဲသြားသလိုပါပဲ...အပူဆိုတာ ကိုယ့္ဘာသာေနတာေတာင္ သူ႕ဘာသာမရ ရေအာင္လာတတ္တာမ်ိဳးလား..ဒီေန႕လဲ ေအးေအးေဆးေဆးေနနိုင္ပါ့မလားေနာ္