Unicode
ချောင်လုက 'မိန်းမကောင်းလေး' (ရွဲ့ပြောတဲ့သဘော) ဆိုတော့ သူမက ဘယ်လို ရန်ပြန်ဖြစ်ရမလဲဆိုတာ မသိဘူး။ ချောင်လန့်ဆီကနေ စကားပိတ်ပြောခံလိုက်ရတော့ သူမက အေးစက်စွာနဲ့ နှာပဲ ပြန်ရှုံ့ပြနိုင်တယ်။ " နင် အခုတော့ ဘဝင်မြင့်နေလိုက်ဦးပေါ့။ ဒါပေမဲ့ စာမေးပွဲအမှတ်တွေထွက်လာရင် နင်ဘယ်လို ဘဝင်မြင့်ဦးမလဲဆိုတာ စောင့်ကြည့်တာပေါ့။ "
ချောင်လန်က မျက်လုံးတွေကို ပြူးလိုက်ပြီး လှောင်တဲ့အသံကြီးနဲ့ အံ့ဩတဲ့ပုံလုပ်လိုက်တယ်။ " ဘာလဲ။ နင်က အဆင့်၁နေရာကို challenge လုပ်တော့မလို့လား?? "
" နင်!! "
တစ်တန်းလုံးမှာ အဆင့်၁ရတာလေးနဲ့ လာပြီး ဘဝင်မြင့်ပြနေတယ်။
သူမက အဲ့အဆင့်၁ကို ကူးချခဲ့ပြီးမှ ရခဲ့တာကိုများ တစ်ကယ်ကြီး ပထမများ ဖြစ်သွားတယ်လို့ ထင်နေတာလားမသိဘူး။
ဒီတစ်ခေါက် စာမေးပွဲမေးခွန်းက XXအထက်တန်းကျောင်းကနေ ဝယ်ထားတာ။ ပြီးတော့ မေးခွန်းက လုံးဝ အသစ်ကြီး။ ဒီတစ်ခေါက်တော့ ချောင်လန် ကူးချနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။
ဒီတစ်ခေါက် ချောင်လန် အဆင့်ဘယ်လောက်ထိ ပြုတ်ကျသွားမလဲ ဆိုတာ မြင်ရဖို့ သူမ မစောင့်နိုင်တော့ဘူး။
ဒါကိုတွေးမိတော့ ချောင်လုက သူမရဲ့ ponytail လေးကို ယမ်းကာ အိမ်ကို ပြန်သွားခဲ့တယ်။
အိမ်ပြန်ရောက်တော့ ချောင်လန်က revision အကျဥ်းချုပ်လုပ်ပြီး ၁၀နာရီမှာပဲ အိပ်ယာဝင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် စာမေးပွဲရဲ့ အခက်ဆုံးအပိုင်းက ပြီးသွားပြီပဲ။ မနက်ဖြန်က ဒီနေ့ထက်ပိုပြီး ခက်မယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။
ဒုတိယနေ့မှာ ချောင်လန်က အားမနည်းတော့ဘူး။ အထူးသဖြင့် ပထဝီ၊ တရုတ်စာ၊ ပြီးတော့ အင်္ဂလိပ်စာလို ဘာသာတွေမှာ ချောင်လန်က အကုန်ပိုင်နေတယ်လေ။
နေ့လည်ခင်း နောက်ဆုံးစာမေးပွဲက တရုတ်စာပဲဖြစ်တယ်။ စာမေးပွဲချိန်က ၂နာရီခွဲတောင် ပေးထားတာဆိုတော့ စာမေးပွဲပြီးတော့ ညနေ ၆နာရီတောင် ရောက်သွားတယ်။
အချင်းချင်း အဖြေတွေတိုက်နေကြတဲ့ သူမ အတန်းဖော်တွေကို လျစ်လျူရှုလိုက်ပြီး ချောင်လန်က သူမ ကျောပိုးအိတ်ကို ကောက်ယူလိုက်ကာ အပြင်ကို ပြေးထွက်သွားခဲ့တယ်။ သူမက အနောက်တိုင်းစားသောက်ဆိုင်ကနေ ခွင့်တော့ယူလို့ရတယ်။ ဒါပေမဲ့ နောက်ကျလို့တော့မရဘူး။ တစ်ကယ်လို့ သူမ နောက်ကျမယ်ဆိုရင် ဒဏ်ကြေး ပေးရလိမ့်မယ်။
သူမ ကျောင်းအပေါက်ဝဆီပြေးသွားတော့ သူမဘေးကနေ ကားဟွန်းတီးသံကြားလိုက်ရတယ်။ ချောင်လန်က အလိုလို အနောက်ကို လှည့်ကြည့်လိုက်တယ်။
ဦးလေးချန်က ကားပြတင်းပေါက်ကို ဖြေးဖြေးချင်းချလိုက်ပြီး အပြုံးလေးနဲ့ ပြောလိုက်တယ်။ " သမီး စားသောက်ဆိုင်ကို သွားမှာမလား။ အတူတူ သွားရအောင်။ "
ချောင်လန်က ကားပြတင်းနောက်က အနောက်ခုံကို လှမ်းကြည့်လိုက်တော့ ထန်းမော့က အမှောင်ထဲမှာ ထိုင်နေတာကို တွေ့လိုက်တယ်။ သူမက အချိန်ကို တစ်ချက်ပြန်ကြည့်လိုက်ပြီး ကားတံခါးကို ဖွင့်လိုက်ကာ ကားထဲကို ဝင်လိုက်တယ်။
" ကျေးဇူးတင်ပါတယ် "
" ရပါတယ် " ဦးလေးချန်က ပြုံးလိုက်ပြီး ထန်းမော့ကို တစ်ချက်ကြည့်လိုက်တယ်။
အခုတလော ဦးလေးချန်က ပျော်နေတယ်။
ထန်းမော့ဘက်ကနေ အရင်စပြီး အထက်တန်းသင်ရိုး စာမေးပွဲကို ဖြေမယ်လို့ ပြောလာတယ်။ ဒါကို ကြားလိုက်ရတော့ ဦးလေးချန်က စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်တောင် ကျမလို ဖြစ်သွားတယ်။ ပြီးတော့မှ သူ ချောင်လန့်ကို စစ်ဆေးကြည့်တော့ ကောင်မလေးက မိသားစုနောက်ခံကသာ ဆင်းရဲတာ အဆင့်ကျတော့ အံ့ဩစရာကောင်းလောက်အောင် ကောင်းနေတယ်ဆိုတာကို သိလိုက်ရတယ်။
သူမရဲ့ မှတ်တမ်းတွေကို ဖတ်ပြီးတော့ ဦးလေးချန်မှာ မှန်းဆချက်နည်းနည်းရှိနေတယ်။ ဒါပေမဲ့ သူ ထန်းမော့ကို သွားမမေးရဲဘူး။
ဒါပေမဲ့လဲ သူမရဲ့ အခြေအနေတွေက ဦးလေးချန်ရဲ့ ချောင်လန့်အပေါ် မျက်နှာသာပေးမှုကို မထိခိုက်စေပါဘူး။
ဦးလေးချန်ရဲ့ ကားထဲမှာ ထိုင်ရတာ ချောင်လန့်အတွက် ဒါက ဒုတိယအကြိမ်ပဲ။ ဒါပေမဲ့ အရင်တစ်ခေါက်တုန်းက ကားထဲမှာ ထန်းမော့ မရှိဘူး။
ချောင်လန်က ဘေးကို လှည့်လိုက်ပြီး ထန်းမော့ကို တစ်ချက်ကြည့်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူမက အခုမှ စာမေးပွဲဖြေပြီးလာခဲ့တာဆိုတော့ ဒီတိုင်းပဲ သူ့ကို ဒီနေ့စာမေးပွဲက ဘယ်လိုလဲလို့ မေးလိုက်တယ်။
ချက်ချင်းကိုပဲ ထန်းမော့ နှုတ်ခမ်းတွေက တင်းတင်းစေ့သွားတယ်။
ချောင်လန် : ???
ဘာဖြစ်တာလဲ။ သူ စာမေးပွဲမှာ ကောင်းကောင်းမဖြေခဲ့လို့လား။
ထန်းမော့အတွက်တော့ လွယ်ကူတဲ့ စာမေးပွဲ မဟုတ်ခဲ့ဘူး။
နောက်ဆုံးစာမေးပွဲက တရုတ်စာလေ။
ထန်းမော့က အသက်၇နှစ်မှာ အမေရိကားကို သွားခဲ့တယ်။ ပြီးတော့ သူက အသက်၁၄နှစ် မတိုင်ခင်အထိ ပြန်မလာခဲ့ဘူး။ သူ့အမေနဲ့ ဦးလေးချန်တို့က သူ့ကို အမြဲ တရုတ်လိုပဲ ပြောတယ်ဆိုပေမဲ့ သူ့အရည်အချင်းက တရုတ်ပြည်မှာပဲ ကြီးလာတဲ့ ကလေးတွေလောက်တော့ မကောင်းဘူးပေါ့။
ဒါပေမဲ့ ကံကောင်းတာက ထန်းမော့က စာအရမ်းဖတ်တာပဲ။ သူက စာအုပ်တွေကို အင်္ဂလိပ်လိုရော တရုတ်လိုရော ၂မျိုးစလုံးဖတ်ခဲ့တယ်။ အဲ့တာကြောင့် သူက တအားကြီးတော့ မဆိုးပါဘူး။ ဒါ့အပြင် သူ့ရဲ့ အကျိုးအကြာင်း ဆက်စပ်နိုင်မှုနဲ့ သတိထားမှုက သာမန်လူတွေ မယှဥ်နိုင်ဘူးလေ။
အဲ့တာကြောင့် ထန်းမော့ကို စိတ်ညစ်စေတာက ပုံမန်စာမေးပွဲမဟုတ်ဘူး။ စာစီစာကုံးပဲဖြစ်တယ်။
စာစီစာကုံးက ရုပ်ပြမေးခွန်းကြီး ဖြစ်တယ်။
အဲ့တာက လူမှုဆက်ဆံရေး သဘောတရားတွေ ထင်ဟပ်နေတဲ့ ရိုးရိုးသာမန်ပုံပဲဖြစ်တယ်။ အဲ့ပုံက သာမန်လူ အဓိပ္ပာယ်ကောက်မယ်ဆိုရင်တော့ နားလည်ဖို့ အရမ်းလွယ်တယ်။
ဒါပေမဲ့ Asperger ရောဂါသည်တွေ အတွက်ကျတော့ ဒါက မဖြစ်နိုင်ဘူးဆိုတာ ရှင်းနေတာပဲ။
သူက အရာဝတ္ထုပစ္စည်းတွေရဲ့ တည်ရှိမှုနဲ့ ထိလို့ကိုင်လို့ရတဲ့ အရာတွေကိုပဲ မြင်နိုင်တာလေ။ ဘဝရဲ့ ဖုံးကွယ်ထားတဲ့ စိတ်ခံစားချက်တွေက ထန်းမော့ နားလည်နိုင်စွမ်းရဲ့ အပြင်ဘက်မှာ ရောက်နေတယ်။
သူ စာမေးပွဲဖြေပြီးတော့ လူတွေအများကြီးက စာစီစာကုံးအကြောင်းနဲ့ အဲ့အပေါ် သူတို့နားလည်မှုတွေအကြောင်းကို ပြောနေကြတာကို သူကြားခဲ့ရတယ်။ အဲ့တာကနေပြီး သူနားလည်တဲ့ အရာက မှားနေမှန်း သူ သိလိုက်ရတယ်။
ထန်းမော့က ချောင်လန့်မေးခွန်းကို ပြန်မဖြေခဲ့ဘူး။ အဲ့အစား သူမ နောက်ဆုံးစာစီစာကုံးမှာ ဘာဖြေခဲ့လဲလို့ မေးလိုက်တယ်။
ချောင်လန်က ခဏလောက်စဥ်းစားလိုက်ပြီး ပြောလိုက်တယ်။ " ကရုဏာ "
ထန်းမော့ တိတ်ဆိတ်သွားတယ်။ တစ်ခြားကျောင်းသားတွေလိုပဲ သူမပြောလိုက်တဲ့ အဖြေက သူရေးခဲ့တာနဲ့ လုံးဝကြီး ကွဲပြားနေတယ်။
ထန်းမော့က အရင်တုန်းက စာမေးပွဲမဖြေဖူးဘူး။ ဒါပေမဲ့ စာစီစာကုံးမှာ ခေါင်းစဥ်က လမ်းလွဲသွားမယ်ဆိုရင် အမှတ်တစ်ဝက် အနှုတ်ခံရမယ်ဆိုတာကို သိထားတယ်။
ဒါပေမဲ့လဲ သူဘာမှ မတက်နိုင်ဘူး။ သူက လုံးဝမှ မမြင်နိုင်တာ။ ပြီးတော့ သူက မြင်နိုင်တယ်ဆိုရင်တောင် ကရုဏာဆိုတာ ဘာမှန်း သူနားမလည်ဘူး။
သူ ကလေးတုန်းက ဘေးအိမ်က ကောင်မလေးတစ်ယောက် ဒန်းပေါ်ကနေ ပြုတ်ကျလို့ ငိုခဲ့တယ်။ ဒါပေမဲ့ သူက သူမဘေးမှာ ကျောက်ရုပ်ကြီးလိုပဲ ရပ်နေခဲ့တယ်။
အဲ့ကောင်မလေးကို လာချော့တဲ့ လူကြီးတွေက သူ့ကို လက်ညိုးထိုးပြီး ကရုဏာမရှိဘူးလို့ ပြောခဲ့တယ်။
အဲ့တာက သူ ကရုဏာဆိုတဲ့ စာလုံးနဲ့ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးတာပဲ။ ဒါပေမဲ့ သူအဲ့တာကို နားလဲမလည်ဘူး၊ အဲ့ခံစားချက်လဲ မဖြစ်ခဲ့ဘူး။ ကောင်မလေးက ဆက်တိုက်ငိုနေခဲ့ပေမဲ့ သူ ဘာဆိုဘာမှ မခံစားခဲ့ရဘူး။
အစကထဲက စိတ်ဓာတ်ကျနေပြီဖြစ်တဲ့ ထန်းမော့က ချောင်လန်လဲ ပြန်ဖြေပြီးရော စကားတစ်လုံးမှ ထပ်မပြောတော့ဘူး။
ချောင်လန်က အေးစက်နေတဲ့ လေထုကို ခံစားလိုက်ရတဲ့ အခါမှာ ထန်းမော့ကို အံ့အားသင့်စွာကြည့်လိုက်တော့ သူက သူမကို လျစ်လျူရှုနေတာမှန်းသိလိုက်ရတယ်။ သူမက ဦးလေးချန်ကို လှမ်းကြည့်ပြီးပဲ အကူအညီတောင်းနိုင်တော့တယ်။ ဒါပေမဲ့ ဦးလေးချန်က သက်ပြင်းပဲ ချလိုက်ပြီး ခေါင်းပြန်ယမ်းပြလိုက်တယ်။
နည်းလမ်းမရှိဘူး။ ထန်းမော့ ခံစားချက်တွေက လုံးဝကို ထိန်းချုပ်လို့မရဘူး။ ပြီးတော့ အခုလို ဒေါသမထွက် စိတ်မတိုတာကိုကပဲ ကြီးမားတဲ့ တိုးတက်မှုကြီး ဖြစ်နေပြီ။
သူမ အလုပ်ကို ရောက်ပြီး ထန်းမော့ အော်ဒါကို ယူပြီးတဲ့ အချိန်ထိတောင် ထန်းမော့ ဘာဖြစ်သွားတာလဲဆိုတာ ချောင်လန် မသိနိုင်သေးဘူး။ ဒါပေမဲ့ အဲ့တာက သူမနဲ့တော့ တစ်ခုခုပတ်သက်လောက်တယ် ဆိုတာကိုတော့ သူမ ခန့်မှန်းလိုက်မိတယ်။
ဦးလေးချန်က ကလေး၂ယောက်ကြားက နေရခက်နေတာကို မြင်နေရတယ်။ စားပြီးသွားတော့ သူက အကြောင်းတစ်ခု ရှာပြီး အပြင်ခဏထွက်သွားလိုက်တယ်။ ချောင်လန်က အနောက်ကို လှည့်ကြည့်လိုက်တော့ စားသောက်ဆိုင်ထဲမှာ လူနည်းနည်းလေးပဲရှိတာကို တွေ့လိုက်ရတယ်။ ပြီးတော့ ဧည့်ကြိုလဲ နေရာမှာ ရှိမနေဘူး။ အဲ့တာကြောင့် သူမက ထန်းမော့ကို စကားပြောလို့ရအောင် သာသာလေး ဆောင့်ကြောင့်ထိုင်လိုက်တယ်။
" နင် စာမေးပွဲမှာ ကောင်းကောင်းမဖြေခဲ့ရလို့လား။ နင်က ဒီလောက်တောင် တော်တာပဲဟာ။ နင်အဆင်ပြေမယ်ဆိုတာ ငါ သေချာပေါက်ပြောရဲတယ်။ "
ထန်းမော့က မျက်တောင်တွေကို အောက်စိုက်ချလိုက်တယ်။
လုံးဝကောင်းမှာ မဟုတ်ဘူးဆိုတာ သေချာပေါက်ပဲ။ အမှတ်၃၀က ပါသွားပြီကိုး။
သူ မလှုပ်တာကို ချောင်လန် မြင်လိုက်တယ်။ အဲ့တော့ စကားပဲဆက်ပြီး ပြောနိုင်တော့တယ်။ " ပြီးတော့ နင်စာမေးပွဲမှာ ကောင်းကောင်းမလုပ်ခဲ့လဲ ကိစ္စမရှိပါဘူးဟ။ ဘာပဲဖြစ်ဖြစ် ဒါက နင် ပထမဆုံးဖြေတဲ့ စာမေးပွဲပဲဟာကို..... "
တစ်ကယ်လို့ ငါက စာမေးပွဲမှာ အမှတ်မကောင်းဘူးဆိုရင် ငါနင်နဲ့ တစ်စားပွဲထဲ တူတူထိုင်လို့ရမှာ မဟုတ်ဘူးလေ။ ဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ။
သူ့ဆီက ဘာတုံ့ပြန်မှုမှ မပြတာကို တွေ့လိုက်ရတော့ ချောင်လန် သက်ပြင်းချလိုက်တယ်။ ပြီးတော့ ဖြူဖျော့နေတဲ့ မျက်နှာရှိတဲ့ ဆယ်ကျော်သက်ကောင်လေးကို မော့ကြည့်လိုက်တယ်။
အောက်ကနေကြည့်တာက ပုံမန်ဆိုရင် အရမ်း ဆွဲဆောင်မှုရှိတဲ့ ရှုထောင့်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီလိုကြည့်လိုက်တာတောင် ထန်းမော့က အရမ်းကို ဆွဲဆောင်မှုရှိတာပဲဆိုတာကို သူမ ရှာတွေ့သွားသေးတယ်။
သူ့ရဲ့ မျက်နှာအသွင်အပြင်က အရမ်းကို ထူးခြားပြောင်မြောက်တာပဲ။
သူ့မျက်နှာပေါ်က အသွင်အပြင်တိုင်းက ဒီတိုင်း အနေတော်ပဲ။ ကောင်လေးတစ်ယောက်ကို သိမ်မွေ့တယ်လို့ သုံးတာက သိပ်မတိကျပေမဲ့ ထန်းမော့ မျက်နှာ အသွင်အပြင်တွေက တစ်ကယ့်ကို အရမ်းသိမ်မွေ့နေတယ်။ သူက အမြဲတမ်းလိုလို သုန်မှုန်နေတာကတော့ နှမြောစရာပဲ။
သူက ဆံပင်ညှပ်ရတာကို မကြိုက်ဘူး။ အဲ့တော့ ဆံပင်က သူ့မျက်လုံးတွေကို လုံးဝဖုံးသွားတဲ့အထိ ရှည်နေတယ်။ သူ့ကို အခုကြည့်လိုက်မယ်ဆိုရင် သူက နေမကောင်းဖြစ်ပြီး ကြောက်စရာကောင်းနေတယ်လို့ပဲ လူတိုင်းက ထင်ကြမှာပဲ။
ဝင်နေပြီဖြစ်တဲ့ နေရဲ့ နူးညံ့ညင်သာတဲ့ လိမ္မော်ရောင် အလင်းရောင်လေးက ထန်းမော့ရဲ့ ဖြူဖျော့နေတဲ့ မျက်နှာပေါ်ကို ရောင်ပြန်ဟပ်နေတယ်။ အဲ့တာက သူ့မျက်နှာအသွင်အပြင်တွေကို အတော်သေး နူးညံ့သွားစေတယ်။ ထူပြီးရှည်လျားတဲ့ သူ့မျက်တောင်မွှေးတွေက သူ့မျက်ခွံအောက်မှာ အရိပ်လေးကျန်ခဲ့တယ်။ သူ့ရဲ့ ပယင်းရောင်မျက်လုံးလေးတွေက အလင်းရောင်အောက်မှာ ပိုပြီးတော့တောင် လှပနေတယ်။
ချောင်လန်က စိတ်အတွင်းဆုံးထဲကနေ သက်ပြင်းချလိုက်တယ်။ " ထန်းမော့ နင့်မျက်လုံးတွေက အရမ်းလှတာပဲ။ "
Zawgyi
ေခ်ာင္လုက 'မိန္းမေကာင္းေလး' (႐ြဲ႕ေျပာတဲ့သေဘာ) ဆိုေတာ့ သူမက ဘယ္လို ရန္ျပန္ျဖစ္ရမလဲဆိုတာ မသိဘူး။ ေခ်ာင္လန္႔ဆီကေန စကားပိတ္ေျပာခံလိုက္ရေတာ့ သူမက ေအးစက္စြာနဲ႔ ႏွာပဲ ျပန္ရႈံ႕ျပႏိုင္တယ္။ " နင္ အခုေတာ့ ဘဝင္ျမင့္ေနလိုက္ဦးေပါ့။ ဒါေပမဲ့ စာေမးပြဲအမွတ္ေတြထြက္လာရင္ နင္ဘယ္လို ဘဝင္ျမင့္ဦးမလဲဆိုတာ ေစာင့္ၾကည့္တာေပါ့။ "
ေခ်ာင္လန္က မ်က္လုံးေတြကို ျပဴးလိုက္ၿပီး ေလွာင္တဲ့အသံႀကီးနဲ႔ အံ့ဩတဲ့ပုံလုပ္လိုက္တယ္။ " ဘာလဲ။ နင္က အဆင့္၁ေနရာကို challenge လုပ္ေတာ့မလို႔လား?? "
" နင္!! "
တစ္တန္းလုံးမွာ အဆင့္၁ရတာေလးနဲ႔ လာၿပီး ဘဝင္ျမင့္ျပေနတယ္။
သူမက အဲ့အဆင့္၁ကို ကူးခ်ခဲ့ၿပီးမွ ရခဲ့တာကိုမ်ား တစ္ကယ္ႀကီး ပထမမ်ား ျဖစ္သြားတယ္လို႔ ထင္ေနတာလားမသိဘူး။
ဒီတစ္ေခါက္ စာေမးပြဲေမးခြန္းက XXအထက္တန္းေက်ာင္းကေန ဝယ္ထားတာ။ ၿပီးေတာ့ ေမးခြန္းက လုံးဝ အသစ္ႀကီး။ ဒီတစ္ေခါက္ေတာ့ ေခ်ာင္လန္ ကူးခ်ႏိုင္ဖို႔ဆိုတာ မျဖစ္ႏိုင္ေတာ့ဘူး။
ဒီတစ္ေခါက္ ေခ်ာင္လန္ အဆင့္ဘယ္ေလာက္ထိ ျပဳတ္က်သြားမလဲ ဆိုတာ ျမင္ရဖို႔ သူမ မေစာင့္ႏိုင္ေတာ့ဘူး။
ဒါကိုေတြးမိေတာ့ ေခ်ာင္လုက သူမရဲ႕ ponytail ေလးကို ယမ္းကာ အိမ္ကို ျပန္သြားခဲ့တယ္။
အိမ္ျပန္ေရာက္ေတာ့ ေခ်ာင္လန္က revision အက်ဥ္းခ်ဳပ္လုပ္ၿပီး ၁၀နာရီမွာပဲ အိပ္ယာဝင္ခဲ့တယ္။ ဘာပဲျဖစ္ျဖစ္ စာေမးပြဲရဲ႕ အခက္ဆုံးအပိုင္းက ၿပီးသြားၿပီပဲ။ မနက္ျဖန္က ဒီေန႔ထက္ပိုၿပီး ခက္မယ္ဆိုတာ လုံးဝမျဖစ္ႏိုင္ဘူး။
ဒုတိယေန႔မွာ ေခ်ာင္လန္က အားမနည္းေတာ့ဘူး။ အထူးသျဖင့္ ပထဝီ၊ တ႐ုတ္စာ၊ ၿပီးေတာ့ အဂၤလိပ္စာလို ဘာသာေတြမွာ ေခ်ာင္လန္က အကုန္ပိုင္ေနတယ္ေလ။
ေန႔လည္ခင္း ေနာက္ဆုံးစာေမးပြဲက တ႐ုတ္စာပဲျဖစ္တယ္။ စာေမးပြဲခ်ိန္က ၂နာရီခြဲေတာင္ ေပးထားတာဆိုေတာ့ စာေမးပြဲၿပီးေတာ့ ညေန ၆နာရီေတာင္ ေရာက္သြားတယ္။
အခ်င္းခ်င္း အေျဖေတြတိုက္ေနၾကတဲ့ သူမ အတန္းေဖာ္ေတြကို လ်စ္လ်ဴရႈလိုက္ၿပီး ေခ်ာင္လန္က သူမ ေက်ာပိုးအိတ္ကို ေကာက္ယူလိုက္ကာ အျပင္ကို ေျပးထြက္သြားခဲ့တယ္။ သူမက အေနာက္တိုင္းစားေသာက္ဆိုင္ကေန ခြင့္ေတာ့ယူလို႔ရတယ္။ ဒါေပမဲ့ ေနာက္က်လို႔ေတာ့မရဘူး။ တစ္ကယ္လို႔ သူမ ေနာက္က်မယ္ဆိုရင္ ဒဏ္ေၾကး ေပးရလိမ့္မယ္။
သူမ ေက်ာင္းအေပါက္ဝဆီေျပးသြားေတာ့ သူမေဘးကေန ကားဟြန္းတီးသံၾကားလိုက္ရတယ္။ ေခ်ာင္လန္က အလိုလို အေနာက္ကို လွည့္ၾကည့္လိုက္တယ္။
ဦးေလးခ်န္က ကားျပတင္းေပါက္ကို ေျဖးေျဖးခ်င္းခ်လိုက္ၿပီး အၿပဳံးေလးနဲ႔ ေျပာလိုက္တယ္။ " သမီး စားေသာက္ဆိုင္ကို သြားမွာ မလား။ အတူတူ သြားရေအာင္။ "
ေခ်ာင္လန္က ကားျပတင္းေနာက္က အေနာက္ခုံကို လွမ္းၾကည့္လိုက္ေတာ့ ထန္းေမာ့က အေမွာင္ထဲမွာ ထိုင္ေနတာကို ေတြ႕လိုက္တယ္။ သူမက အခ်ိန္ကို တစ္ခ်က္ျပန္ၾကည့္လိုက္ၿပီး ကားတံခါးကို ဖြင့္လိုက္ကာ ကားထဲကို ဝင္လိုက္တယ္။
" ေက်းဇူးတင္ပါတယ္ "
" ရပါတယ္ " ဦးေလးခ်န္က ၿပဳံးလိုက္ၿပီး ထန္းေမာ့ကို တစ္ခ်က္ၾကည့္လိုက္တယ္။
အခုတေလာ ဦးေလးခ်န္က ေပ်ာ္ေနတယ္။
ထန္းေမာ့ဘက္ကေန အရင္စၿပီး အထက္တန္းသင္႐ိုး စာေမးပြဲကို ေျဖမယ္လို႔ ေျပာလာတယ္။ ဒါကို ၾကားလိုက္ရေတာ့ ဦးေလးခ်န္က စိတ္လႈပ္ရွားလြန္းလို႔ မ်က္ရည္ေတာင္ က်မလို ျဖစ္သြားတယ္။ ၿပီးေတာ့မွ သူ ေခ်ာင္လန္႔ကို စစ္ေဆးၾကည့္ေတာ့ ေကာင္မေလးက မိသားစုေနာက္ခံကသာ ဆင္းရဲတာ အဆင့္က်ေတာ့ အံ့ဩစရာေကာင္းေလာက္ေအာင္ ေကာင္းေနတယ္ဆိုတာကို သိလိုက္ရတယ္။
သူမရဲ႕ မွတ္တမ္းေတြကို ဖတ္ၿပီးေတာ့ ဦးေလးခ်န္မွာ မန္းဆခ်က္နည္းနည္းရွိေနတယ္။ ဒါေပမဲ့ သူ ထန္းေမာ့ကို သြားမေမးရဲဘူး။
ဒါေပမဲ့လဲ သူမရဲ႕ အေျခအေနေတြက ဦးေလးခ်န္ရဲ႕ ေခ်ာင္လန္႔အေပၚ မ်က္ႏွာသာေပးမႈကို မထိခိုက္ေစပါဘူး။
ဦးေလးခ်န္ရဲ႕ ကားထဲမွာ ထိုင္ရတာ ေခ်ာင္လန္႔အတြက္ ဒါက ဒုတိယအႀကိမ္ပဲ။ ဒါေပမဲ့ အရင္တစ္ေခါက္တုန္းက ကားထဲမွာ ထန္းေမာ့ မရွိဘူး။
ေခ်ာင္လန္က ေဘးကို လွည့္လိုက္ၿပီး ထန္းေမာ့ကို တစ္ခ်က္ၾကည့္လိုက္တယ္။ ဘာပဲျဖစ္ျဖစ္ သူမက အခုမွ စာေမးပြဲေျဖၿပီးလာခဲ့တာဆိုေတာ့ ဒီတိုင္းပဲ သူ႔ကို ဒီေန႔စာေမးပြဲက ဘယ္လိုလဲလို႔ ေမးလိုက္တယ္။
ခ်က္ခ်င္းကိုပဲ ထန္းေမာ့ ႏႈတ္ခမ္းေတြက တင္းတင္းေစ့သြားတယ္။
ေခ်ာင္လန္ : ???
ဘာျဖစ္တာလဲ။ သူ စာေမးပြဲမႈ ေကာင္းေကာင္းမေျဖခဲ့လို႔လား။
ထန္းေမာ့အတြက္ေတာ့ လြယ္ကူတဲ့ စာေမးပြဲ မဟုတ္ခဲ့ဘူး။
ေနာက္ဆုံးစာေမးပြဲက တ႐ုတ္စာေလ။
ထန္းေမာ့က အသက္၇ႏွစ္မွာ အေမရိကားကို သြားခဲ့တယ္။ ၿပီးေတာ့ သူက အသက္၁၄ႏွစ္ မတိုင္ခင္အထိ ျပန္မလာခဲ့ဘူး။ သူ႔အေမနဲ႔ ဦးေလးခ်န္တို႔က သူ႔ကို အၿမဲ တ႐ုတ္လိုပဲ ေျပာတယ္ဆိုေပမဲ့ သူ႔အရည္အခ်င္းက တ႐ုတ္ျပည္မွာပဲ ႀကီးလာတဲ့ ကေလးေတြေလာက္ေတာ့ မေကာင္းဘူးေပါ့။
ဒါေပမဲ့ ကံေကာင္းတာက ထန္းေမာ့က စာအရမ္းဖတ္တာပဲ။ သူက စာအုပ္ေတြကို အဂၤလိပ္လိုေရာ တ႐ုတ္လိုေရာ ၂မ်ိဳးစလုံးဖတ္ခဲ့တယ္။ အဲ့တာေၾကာင့္ သူက တအားႀကီးေတာ့ မဆိုးပါဘူး။ ဒါ့အျပင္ သူ႔ရဲ႕ အက်ိဳးအၾကာင္း ဆက္စပ္ႏိုင္မႈနဲ႔ သတိထားမႈက သာမန္လူေတြ မယွဥ္ႏိုင္ဘူးေလ။
အဲ့တာေၾကာင့္ ထန္းေမာ့ကို စိတ္ညစ္ေစတာက ပုံမန္စာေမးပြဲမဟုတ္ဘူး။ စာစီစာကုံးပဲျဖစ္တယ္။
စာစီစာကုံးက ႐ုပ္ျပေမးခြန္းႀကီး ျဖစ္တယ္။
အဲ့တာက လူမႈဆက္ဆံေရး သေဘာတရားေတြ ထင္ဟပ္ေနတဲ့ ႐ိုး႐ိုးသာမန္ပုံပဲျဖစ္တယ္။ အဲ့ပုံက သာမန္လူ အဓိပၸာယ္ေကာက္မယ္ဆိုရင္ေတာ့ နားလည္ဖို႔ အရမ္းလြယ္တယ္။
ဒါေပမဲ့ Asperger ေရာဂါသည္ေတြ အတြက္က်ေတာ့ ဒါက မျဖစ္ႏိုင္ဘူးဆိုတာ ရွင္းေနတာပဲ။
သူက အရာဝတၳဳပစၥည္းေတြရဲ႕ တည္ရွိမႈနဲ႔ ထိလို႔ကိုင္လို႔ရတဲ့ အရာေတြကိုပဲ ျမင္ႏိုင္တာေလ။ ဘဝရဲ႕ ဖုံးကြယ္ထားတဲ့ စိတ္ခံစားခ်က္ေတြက ထန္းေမာ့ နားလည္ႏိုင္စြမ္းရဲ႕ အျပင္ဘက္မွာ ေရာက္ေနတယ္။
သူ စာေမးပြဲေျဖၿပီးေတာ့ လူေတြအမ်ားႀကီးက စာစီစာကုံးအေၾကာင္းနဲ႔ အဲ့အေပၚ သူတို႔နားလည္မႈေတြအေၾကာင္းကို ေျပာေနၾကတာကို သူၾကားခဲ့ရတယ္။ အဲ့တာကေနၿပီး သူနားလည္တဲ့ အရာက မွားေနမွန္း သူ သိလိုက္ရတယ္။
ထန္းေမာ့က ေခ်ာင္လန္႔ေမးခြန္းကို ျပန္မေျဖခဲ့ဘူး။ အဲ့အစား သူမ ေနာက္ဆုံးစာစီစာကုံးမွာ ဘာေျဖခဲ့လဲလို႔ ေမးလိုက္တယ္။
ေခ်ာင္လန္က ခဏေလာက္စဥ္းစားလိုက္ၿပီး ေျပာလိုက္တယ္။ " က႐ုဏာ "
ထန္းေမာ့ တိတ္ဆိတ္သြားတယ္။ တစ္ျခားေက်ာင္းသားေတြလိုပဲ သူမေျပာလိုက္တဲ့ အေျဖက သူေရးခဲ့တာနဲ႔ လုံးဝႀကီး ကြဲျပားေနတယ္။
ထန္းေမာ့က အရင္တုန္းက စာေမးပြဲမေျဖဖူးဘူး။ ဒါေပမဲ့ စာစီစာကုံးမွာ ေခါင္းစဥ္က လမ္းလြဲသြားမယ္ဆိုရင္ အမွတ္တစ္ဝက္ အႏႈတ္ခံရမယ္ဆိုတာကို သိထားတယ္။
ဒါေပမဲ့လဲ သူဘာမ မတက္ႏိုင္ဘူး။ သူက လုံးဝမွ မျမင္ႏိုင္တာ။ ၿပီးေတာ့ သူက ျမင္ႏိုင္တယ္ဆိုရင္ေတာင္ က႐ုဏာဆိုတာ ဘာမွန္း သူနားမလည္ဘူး။
သူ ကေလးတုန္းက ေဘးအိမ္က ေကာင္မေလးတစ္ေယာက္ ဒန္းေပၚကေန ျပဳတ္က်လို႔ ငိုခဲ့တယ္။ ဒါေပမဲ့ သူက သူမေဘးမွာ ေက်ာက္႐ုပ္ႀကီးလိုပဲ ရပ္ေနခဲ့တယ္။
အဲ့ေကာင္မေလးကို လာေခ်ာ့တဲ့ လူႀကီးေတြက သူ႔ကို လက္ညိဳးထိုးၿပီး က႐ုဏာမရွိဘူးလို႔ ေျပာခဲ့တယ္။
အဲ့တာက သူ က႐ုဏာဆိုတဲ့ စာလုံးနဲ႔ ပထမဆုံးအႀကိမ္ ႀကဳံေတြ႕ဖူးတာပဲ။ ဒါေပမဲ့ သူအဲ့တာကို နားလဲမလည္ဘူး၊ အဲ့ခံစားခ်က္လဲ မျဖစ္ခဲ့ဘူး။ ေကာင္မေလးက ဆက္တိုက္ငိုေနခဲ့ေပမဲ့ သူ ဘာဆိုဘာမွ မခံစားခဲ့ရဘူး။
အစကထဲက စိတ္ဓာတ္က်ေနၿပီျဖစ္တဲ့ ထန္းေမာ့က ေခ်ာင္လန္လဲ ျပန္ေျဖၿပီးေရာ စကားတစ္လုံးမွ ထပ္မေျပာေတာ့ဘူး။
ေခ်ာင္လန္က ေအးစက္ေနတဲ့ ေလထုကို ခံစားလိုက္ရတဲ့ အခါမွာ ထန္းေမာ့ကို အံ့အားသင့္စြာၾကည့္လိုက္ေတာ့ သူက သူမကို လ်စ္လ်ဴရႈေနတာမွန္းသိလိုက္ရတယ္။ သူမက ဦးေလးခ်န္ကို လွမ္းၾကည့္ၿပီးပဲ အကူအညီေတာင္းႏိုင္ေတာ့တယ္။ ဒါေပမဲ့ ဦးေလးခ်န္က သက္ျပင္းပဲ ခ်လိုက္ၿပီး ေခါင္းျပန္ယမ္းျပလိုက္တယ္။
နည္းလမ္းမရွိဘူး။ ထန္းေမာ့ ခံစားခ်က္ေတြက လုံးဝကို ထိန္းခ်ဳပ္လို႔မရဘူး။ ၿပီးေတာ့ အခုလို ေဒါသမထြက္ စိတ္မတိုတာကိုကပဲ ႀကီးမားတဲ့ တိုးတက္မႈႀကီး ျဖစ္ေနၿပီ။
သူမ အလုပ္ကို ေရာက္ၿပီး ထန္းေမာ့ ေအာ္ဒါကို ယူၿပီးတဲ့ အခ်ိန္ထိေတာင္ ထန္းေမာ့ ဘာျဖစ္သြားတာလဲဆိုတာ ေခ်ာင္လန္ မသိႏိုင္ေသးဘူး။ ဒါေပမဲ့ အဲ့တာက သူမနဲ႔ေတာ့ တစ္ခုခုပတ္သက္ေလာက္တယ္ ဆိုတာကိုေတာ့ သူမ ခန္႔မွန္းလိုက္မိတယ္။
ဦးေလးခ်န္က ကေလး၂ေယာက္ၾကားက ေနရခက္ေနတာကို ျမင္ေနရတယ္။ စားၿပီးသြားေတာ့ သူက အေၾကာင္းတစ္ခု ရွာၿပီး အျပင္ခဏထြက္သြားလိုက္တယ္။ ေခ်ာင္လန္က အေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ စားေသာက္ဆိုင္ထဲမွည လူနည္းနည္းေလးပဲရွိတာကို ေတြ႕လိုက္ရတယ္။ ၿပီးေတာ့ ဧည့္ႀကိဳလဲ ေနရာမွာ ရွိမေနဘူး။ အဲ့တာေၾကာင့္ သူမက ထန္းေမာ့ကို စကားေျပာလို႔ရေအာင္ သာသာေလး ေဆာင့္ေၾကာင့္ထိုင္လိုက္တယ္။
" နင္ စာေမးပြဲမွာ ေကာင္းေကာင္းမေျဖခဲ့ရလို႔လား။ နင္က ဒီေလာက္ေတာင္ ေတာ္တာပဲဟာ။ နင္အဆင္ေျပမယ္ဆိုတာ ငါ ေသခ်ာေပါက္ေျပာရဲတယ္။ "
ထန္းေမာ့က မ်က္ေတာင္ေတြကို ေအာက္စိုက္ခ်လိုက္တယ္။
လုံးဝေကာင္းမွာ မဟုတ္ဘူးဆိုတာ ေသခ်ာေပါက္ပဲ။ အမွတ္၃၀က ပါသြားၿပီကိုး။
သူ မလႈပ္တာကို ေခ်ာင္လန္ ျမင္လိုက္တယ္။ အဲ့ေတာ့ စကားပဲဆက္ၿပီး ေျပာႏိုင္ေတာ့တယ္။ " ၿပီးေတာ့ နင္စာေမးပြဲမွာ ေကာင္းေကာင္းမလုပ္ခဲ့လဲ ကိစၥမရွိပါဘူးဟ။ ဘာပဲျဖစ္ျဖစ္ ဒါက နင္ ပထမဆုံးေျဖတဲ့ စာေမးပြဲပဲဟာကို..... "
တစ္ကယ္လို႔ ငါက စာေမးပြဲမွာ အမွတ္မေကာင္းဘူးဆိုရင္ ငါနင္နဲ႔ တစ္စားပြဲထဲ တူတူထိုင္လို႔ရမွာ မဟုတ္ဘူးေလ။ ဘယ္လိုလုပ္ အဆင္ေျပႏိုင္မွာလဲ။
သူ႔ဆီက ဘာတုံ႔ျပန္မႈမွ မျပတာကို ေတြ႕လိုက္ရေတာ့ ေခ်ာင္လန္ သက္ျပင္းခ်လိုက္တယ္။ ၿပီးေတာ့ ျဖဴေဖ်ာ့ေနတဲ့ မ်က္ႏွာရွိတဲ့ ဆယ္ေက်ာ္သက္ေကာင္ေလးကို ေမာ့ၾကည့္လိုက္တယ္။
ေအာက္ကေနၾကည့္တာက ပုံမန္ဆိုရင္ အရမ္း ဆြဲေဆာင္မႈရွိတဲ့ ရႈေထာင့္ေတာ့ မဟုတ္ဘူး။ ဒါေပမဲ့ ဒီလိုၾကည့္လိုက္တာေတာင္ ထန္းေမာ့က အရမ္းကို ဆြဲေဆာင္မႈရွိတာပဲဆိုတာကို သူမ ရွာေတြ႕သြားေသးတယ္။
သူ႔ရဲ႕ မ်က္ႏွာအသြင္အျပင္က အရမ္းကို ထူးျခားေျပာင္ေျမာက္တာပဲ။
သူ႔မ်က္ႏွာေပၚက အသြင္အျပင္တိုင္းက ဒီတိုင္း အေနေတာ္ပဲ။ ေကာင္ေလးတစ္ေယာက္ကို သိမ္ေမြ႕တယ္လို႔ သုံးတာက သိပ္မတိက်ေပမဲ့ ထန္းေမာ့ မ်က္ႏွာ အသြင္အျပင္ေတြက တစ္ကယ့္ကို အရမ္းသိမ္ေမြ႕ေနတယ္။ သူက အၿမဲတမ္းလိုလို သုန္မႈန္ေနတာကေတာ့ ႏွေျမာစရာပဲ။
သူက ဆံပင္ညႇပ္ရတာကို မႀကိဳက္ဘူး။ အဲ့ေတာ့ ဆံပင္က သူ႔မ်က္လုံးေတြကို လုံးဝဖုံးသြားတဲ့အထိ ရွည္ေနတယ္။ သူ႔ကို အခုၾကည့္လိုက္မယ္ဆိုရင္ သူက ေနမေကာင္းျဖစ္ၿပီး ေၾကာက္စရာေကာင္းေနတယ္လို႔ပဲ လူတိုင္းက ထင္ၾကမွာပဲ။
ဝင္ေနၿပီျဖစ္တဲ့ ေနရဲ႕ ႏူးညံ့ညင္သာတဲ့ လိေမၼာ္ေရာင္ အလင္းေရာင္ေလးက ထန္းေမာ့ရဲ႕ ျဖဴေဖ်ာ့ေနတဲ့ မ်က္ႏွာေပၚကို ေရာင္ျပန္ဟပ္ေနတယ္။ အဲ့တာက သူ႔မ်က္ႏွာအသြင္အျပင္ေတြကို အေတာ္ေသး ႏူးညံ့သြားေစတယ္။ ထူၿပီးရွည္လ်ားတဲ့ သူ႔မ်က္ေတာင္ေမႊးေတြက သူ႔မ်က္ခြံ႕ေအာက္မွာ အရိပ္ေလးက်န္ခဲ့တယ္။ သူ႔ရဲ႕ ပယင္းေရာင္မ်က္လုံးေလးေတြက အလင္းေရာင္ေအာက္မွာ ပိုၿပီးေတာ့ေတာင္ လွပေနတယ္။
ေခ်ာင္လန္က စိတ္အတြင္းဆုံးထဲကေန သက္ျပင္းခ်လိုက္တယ္။ " ထန္းေမာ့ နင့္မ်က္လုံးေတြက အရမ္းလွတာပဲ။ "