In My Mind( Completed)

By PyitPyit9

69.4K 4K 20

ထားခဲ့ဖို့ကို ခဏခဏမ​တွေးပါနဲ့လား​ကောရယ်​... ထားခဲ့ဖို့ကို ခဏခဏမ​တွေးပါနဲ့လား​ကောရယ်​... More

Part(1)
Part(2)
Part(3)
Part(4)
Part(5)
Part(6)
Part(7)
Part(8)
Part(10)
Part(11)
Part(12)
Part (13)
Part(14)
Part(15)
Part(16)
Part(17)
Part(18)
Part(19)
Part(20)
Part(21)
Part(22)
Part(23)
Part(24)
Part(25)
Part(26)
Part(27)final
Hello

Part(9)

2K 140 0
By PyitPyit9

Zawgyi


သူမဟုတ်​တဲ့အတိုင်း။

နေ​နေပြန်​တာ။


.
.

.

.










ထွက်​​ပြေးမိ​တော့မှာ။

ကျန်​​နေတဲ့ hot potအရည်​နဲ့ အရွက်​ကိုပဲ ​အောင့်​သက်​သက်​နဲ့စားလိုက်​ရသည်​။



.

.

.
.

ဝမ်​ရိ​ပေါ်က ဒီရက်​ပိုင်းမှာ တက်​ကြွတဲ့ကြက်​ဖ​လေးလိုပဲ။



ရုံးမတူ​ပေမယ့်​ အတူတူပြန်​လို့ရ​အောင်​ဆိုပီး ရိ​ပေါ်က
မသိသလို ​နေတတ်​တယ်​။


.

.

.

.




လက်​ကလဲအငြိမ်​​နေတာမဟုတ်​ သူ့တကိုယ်​လုံးဟိုဟိုဒီဒီလိုက်​ထိ​နေတာ တခါခါဆိုနူတ်​ခမ်းနား​တောင်​ ​ရောက်​လာတတ်​​သေး။

ခမ်းတစ်​စုံရယ်



"ကျန့်​​ကော..."

လေး​လေးနက်​နက်​​ခေါ်​နေပုံက တခုခုကိုအ​လေးနက်​​ပြော​တော့မဲ့ပုံမ်ျိုး။





"ကျန့်​​ကောကို နဲနဲဖြစ်​ဖြစ်​​တော့...သ​ဘောကျလို့ရတယ်​မလား"


.........


Unicode

CEOဆိုပီး လူတိုင်းက​မော်​မကြည့်​ရဲ​ပေမယ့်​သူ့အနားမှာကျ​တော့​ခေါင်း​လေးငုံ့ပီး အနားမှာဂျီကျ​နေတဲ့ က​လေးတ​ယောက်​သာသာပါပဲ။

စကား​ပြောဖို့ဆိုပီး တက်​လာတဲ့ကျန်းချန်​က အခန်း​ရှေ့​မှာ
မတ်​တပ်​ကြီး ရပ်​နေတဲ့ ရိ​ပေါ်ကိုမြင်​တော့
သူ့ကိုစာလှမ်းပို့လာတယ်​'မင်းအခန်း​ရှေ့မှာ ရိ​ပေါ်​ရောက်​နေတယ်​တဲ့' ဒီလိုကျပြန်​တော့လဲ အပြစ်​လုပ်​ထားတာ
သူမဟုတ်​တဲ့အတိုင်း။

နဲနဲ​လေး အ​လျှော့​ပေးလိုက်​မိ​တော့ အခွင့်​အ​ရေးကို
ကျား​ချောင်း​ချောင်း​နေတဲ့ရိ​ပေါ်က အခန်းထဲမှာပဲ​ပေ​တေပီး
​နေ​နေပြန်​တာ။
တခြားလူရှိ​နေရင်​မအိပ်​တတ်​ပါဘူးဆို​တော့ အခန်းထဲကိုလှည့်​လှည့်​ကြည့်​နဲ့ ထွက်​သွား​မှပဲ သူ့မှာ အသက်​ရူ​ချောင်​တော့တယ်​။

တကယ်​လဲသူက တခြားသူရှိ​နေရင်​မအိပ်​တတ်​တာမို့
ထွက်​ခိုင်းခဲ့ခြင်းသာ...
သူ့အတွက်​တော့ ရိ​ပေါ်ကလဲ သူစိမ်းတ​စ်​ယောက်​ပါပဲ​လေ။
မ​ခေါ်သင့်​ဘဲ အနားမှာ​ခေါ်ထားရင်​
​နောက်​ဆုံးခံစားရမှာကကိုယ့်​တ​ယောက်​တည်း မဟုတ်​တာမို့ စွန့်​လွှတ်​ခြင်းကသာအသင့်​တော်​ဆုံးပါပဲ။

.
.

.

.

ရုံးပိတ်​ရက်​မှာ​ဈေးဝယ်​ထွက်​မယ်​လို့ဆိုလာတဲ့
ကျန့်​ကော​ကြောင့်​ရိ​ပေါ်ရဲ့ဒီမနက်​ခင်းက​တော့ ပြီးပြည့်​စုံ​နေပြန်​တယ်​။

​ဈေးဝယ်​သွားဖို့ ဆို​ပေမဲ့ မင်းသားရူံး​လောက်​အောင်​ပြင်​ဆင်​ထားတဲ့ ရိ​ပေါ်​ကြောင့်​ကျန်းချန်​က​တော့
အံ့သြ​နေတဲ့မျက်​လုံး​တွေနဲ့ ကြည့်​လို့​ရှောင်​ကျန်​က​တော့
မနိုင်​ဘူးဘူးဆိုတဲ့ပုံစံနဲ့ပဲ​ခေါင်းရမ်း​နေ​တော့တယ်​။

"ရိ​ပေါ် ကျန်းချန်​ကိုလဲ နဲနဲကူ​ပေးလိုက်​ပါအုံး"

"ကျွန်​တော့်​မှာလဲ အများကြီးသယ်​ထားရတာကို"

လက်​ထဲမှာ အိတ်​တလုံးပဲ ကိုင်​ထားပီး
အများကြီးလို့​ပြော​နေပြန်​တယ့်​ရိ​ပေါ်က ကျန်းချန်​ကို
ကူသယ့်​ပေးမယ့်​ပုံ မရှိဘူး။

၃​ယောက်​လုံးဆုံတုန်း အိမ်​မှာ hot potချက်​စားမလို့
​ဈေးထဲ​ရောက်​နေ​တော့ သူကအ​ရှေ့က​နေ ဝယ်​နေ​ပေမယ့်​
ရိ​ပေါ်က ကျန်းချန်​ဆီမှာပဲ အကုန်​လုံးပုံပစ်​ထား​တော့တာ။

ငါ့ကိုလဲ နဲနဲပါးပါးကူအုံး ဆိုတဲ့ပုံနဲ့ ကျန်းချန်​က
​ရှောင်​ကျန့်​ကို အကူညီ​တောင်းမယ်​လုပ်​တော့ ရိ​ပေါ်က
ကျန်းချန်​ရှေ့မှာ ပိတ်​ပိတ်​ရပ်​ပစ်​တယ်​။

​သေချာတာ တခုက​တော့ ကျန်းချန်​က​ရှောင်​ကျန့်​ဆီကို
​နောက်​ထပ် လာမလည်​တော့ဘူးဆိုတာပါပဲ။

ကျန်းချန်​မှာ လက်​ထပ်​ရမယ့်​မိန်းက​လေးရှိတယ်​လို့
​ရှောင်​ကျန့်က့ပြောပြထားတာ​တောင်​ကောနဲ့နီးနီးကပ်​ကပ်​နေလို့ အပြစ်​တော့​ပေးရမယ်​ဆိုပီး
ကျိမ်းထားတဲ့ ရိ​ပေါ်​ကြောင့်​ကျန်းချန်​ခမျာ အိမ်​ရောက်​ရောက်​ခြင်း အခန်းထဲက​တောင်​မထွက်​တော့ဘူး။

Marketတခုလုံး ပတ်​ပေးထားပီးရင်​တော့​တော်​လောက်​ပြီမဟုတ်​လား...
​နောက်​ထပ်​အပြစ်​ထပ်​ပေးမယ်​ဆို​ရင်​တော့ သူတကယ်​ကို
ထွက်​ပြေးမိ​တော့မှာ။

Hot potစားဖို့အားလုံးပြင်​ဆင်​ပီးမှပဲ ကျန်းချန်​က
အခန်းထဲက​နေထွက်​လာ​တော့တယ်​။
​ရှောင်​ကျန့်​ရှေ့မှာ​တော့​ပေါ်တင်​ကြီး အပြစ်​မ​ပေး​လောက်​ဘူးလို့ ထင်​ထားတဲ့ ကျန်းချန်​တ​စ်​ယောက်​
ကျန်​နေတဲ့ hot potအရည်​နဲ့ အရွက်​ကိုပဲ​အောင့်​သက်​သက်​နဲ့စားလ်ိုက်​ရသည်​။

အဲဒါလဲ ရိ​ပေါ်လက်​ချက်​မှန်းသိ​တော့ မနက်​တောင်​မ​စောင့်​နိုင်​တော့ဘဲ ချူံချင်​ကို တန်း​မောင်းပစ်​တော့သည်​။

ကျန်​ခဲ့တဲ့​ရှောင်​ကျန့်​ကိုလဲ​ပြောသွားသည်​က
'မင်းဟာ​လေးက လူမှဟုတ်​ရဲ့လား'တဲ့။

.

.

.
.

ဝမ်​ရိ​ပေါ်က ဒီရက်​ပိုင်းမှာ တက်​ကြွတဲ့ကြက်​ဖ​လေးလိူပဲ။

ရှီးချန်​ကောက​တောင်​ပြော​သေးတယ်​'မင်းဝမ်​ရိ​ပေါ်မှဟုတ်​ရဲ့လား'တဲ့​။

အလုပ်​ပေါ် ဂရူတစိုက်​ရှိတယ်​ဆို​ပေမယ့်​အလူပ်​လုပ်​တဲ့အချိန်​တိုင်း တက်​ကြွ​နေတာ​တော့ မဟုတ်​ဘူးရယ်​။

ရုံးမတူ​ပေမယ့်​အတူတူပြန်​လို့ရ​အောင်​ဆ်ိုပီး ရိ​ပေါ်က
​ရှောင်​ကျန့်​ရုံး​ရှေ့မှာ သွား​စောင့်​နေတတ်​တယ်။
ဝမ်​ကုမ္ပဏီက အိမ်​နဲ့ပိုနီးတယ်​ဆို​ပေမယ့်​ရှောင်​ကျန့်​ရှိတဲ့ရုံးကိုပဲ ရိ​ပေါ်က တမင်​တကာကိုပြန်​လှည့်​ပီး
​ရှောင်​ကျန့်​ရဲ့ မင်းအရင်​သွားနှင့်​ပါလား စကားကိုလဲ
မသိသလို​နေတတ်​တယ်​။

တကယ်​က အခုလို ကျန့်​ကောနဲ့သူ ရင်းရင်းနှီးနှီးဖြစ်​လာတာက ကျန်းချန်​ကောကို​ကျေးဇူးတင်​ရမယ်​။
ကျန်းချန်​ကောပြန်​သွားကတည်က သူ့နဲ့ကျန့်​ကောအဆင်​ပြေလာတာ ဒါ​ကြောင့်​လဲကျန်းချန်​ကောကို​ကျေးဇူးတင်​ကြောင်း
​ပြောလိုက်​ပါတယ် ...စိတ်​ထဲက​နေ။

.

.

.

.

"ရိ​ပေါ် မင်း​ကောင်း​ကောင်း​နေလို့မရဘူးလား"

"ကျွန်​တော်​လဲ​ကောင်း​ကောင်း​နေ​နေတာပဲ​လေ...​ကောကလဲ"

​ကောင်း​ကောင်း​နေ​နေတယ်​ပဲ​ပြောတာ...
ခန္ဓာကိုယ်​တဝက်​လောက်​က သူ့​အ​ပေါ်မှာ မှီထားတုန်း​။

ပိတ်​ရက်​လေးမှာ ဝါသနာအရ မကြာခဏပန်းချီဆွဲတတ်​တာမို့
​နေရာယူရုံပဲရှိ​သေး​ခွေး​ပေါက်​လေးလို အနားမှာတအီအီနဲ့
ဝမ်​ရိ​ပေါ်က တကယ့်​အချွှဲ​လေး။
လက်​ကလဲအငြိမ်​နေတာမဟုတ်​သူ့တကိုယ်​လုံးဟိုဟိုဒီဒီလိုက်​ထိ​နေတာ တခါခါဆိူနူတ်​ခမ်းနား​တောင်​ရောက်​လာတတ်​သေး။

​ဘေးတိုက်​မြင်​နေရတဲ့ နှာတံစင်းစင်း​လေးနှင့်​ခပ်​ပါးပါးနူတ်​
ခမ်းတစ်​စုံရယ်​
​သွေး​ကြောစိမ်းစိမ်း​လေး​တွေပါမြင်​နေရတဲ့ အိစက်​စက်​ပါးတစ်​ဖက်​ရယ်​က သူ့ရဲ့ထိန်းချူပ်​နိုင်​စွမ်း​တွေကို စပ်းသပ်​နေသည့်​အလား။

သူ့တကိုယ်​လုံးကို မျက်​လုံးထဲ ထည့်​မြုပ်​မတတ်​ကြည့်​နေတဲ့
ရိ​ပေါ်​ကြောင့်​ရှောင်​ကျန့်​က နဲနဲ​တော့အ​နေခက်​နေတယ်​။

မကြည့်​နဲ့​တော့လို့​ပြောလိုက်​ရင်​လဲ နီရဲ​နေတဲ့သူ့မျက်​နှာကို
ရိ​ပေါ်မြင်​သွားမှာ တကယ်​မလိုလား။

"ကျန့်​ကော..."

​လေး​လေးနက်​နက်​ခေါ်​နေပုံက တခုခုကိုအ​လေးနက်​ပြော​တော့မဲ့ပုံမ်ျိူး။

"ကျွန်​တော်​ပြောစရာရှိတယ်​"

"ဘာ​ပြောမလို့လဲ..​ပြော​လေ ရိ​ပေါ်"

အငြိမ်​မ​နေသည့်​မျက်​လုံး​တွေနဲ့ ထိုင်​ခုံတန်း​တွေကို ဆုပ်​လိုက်​
ဖြန့်​လိုက်​လုပ်​နေတဲ့ရိ​ပေါ်လက်​တွေကို
​ရှောင်​ကျန့်​က ခဏတာ​တွေ​တွေ​လေးကြည့်​နေမိတယ်​။

မျက်​လုံးချင်းဆုံးတဲ့အ​နေထားမှာ ရိ​ပေါ်က စကားစခဲ့တယ်​။

"ကျန့်​ကောကို နဲနဲဖြစ်​ဖြစ်​တော့...သ​ဘောကျလိူ့ရတယ်​မလား"

​မေးခွန်းမဟုတ်​သလို အ​ဖြေလဲမဟုတ်​ပြန်​တဲ့
​တောင်းဆိုချက်​မှာ ချစ်​တယ်​လို့မ​ပြောနိုင်​ခဲ့တာက
တချိန်​မှာ လက်လွှတ်​ပေးရမယ်​ဆိုတာ သိ​နေတာမို့ ..အင်း
ဆိုတဲ့ခွင့်​ပြုချင်​လေးနဲ့ပဲ သူက​ကျေနပ်​ချင်​သေးတာ။

.........

A/N​အကြံပြုချက်​လေး​တွေ​ပေးပါအူံး

Continue Reading

You'll Also Like

1.2M 48.4K 53
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
379K 11.5K 91
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
1M 18.7K 43
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
8.3K 121 2
မြတ်မြတ်နိုးနိုးနဲ့ အသက်တမျှ ချစ်ရသူလေးဟာ အမြဲတမ်း ထာဝရအတွက် စနေနာမ်လေးသာ ဖြစ်နေမှာပါ အချစ် #Wang Yibo ချစ်တာကိုခ...