ဗီလိန်ရဲ့ လမ်းပြကြယ်

By CrystalKyi

783K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... More

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၃၇)

5.8K 1K 18
By CrystalKyi

Unicode
ဒုတိယတစ်ကြိမ်စာမေးပွဲက ၁၀ရက်တောင်လိုသေးတယ်။ ပုံမှန်ဆိုရင် စာမေးပွဲအတွက် မေးခွန်းတွေကို ဆရာ ဆရာမတွေက ကိုယ်တိုင်ထုတ်ကြရတယ်။ ဒါပေမဲ့ အတန်းလဲစရော အတန်းပိုင်ဆရာက အားလုံးကို သတင်းဆိုးတစ်ခု ပြောလိုက်တယ်။

" ဒီတစ်ကြိမ်မှာတော့ ဆရာတို့က Sမြို့က အမှတ်(XX) အထက်တန်းကျောင်းကနေ စာမေးပွဲ မေးခွန်းတွေကို ဝယ်လိုက်တယ်။ အားလုံးပဲ အမှတ် XX အထက်တန်းကျောင်းကိုသိကြတယ်မလား။ "

အဲ့စကားကို ကြားလိုက်ရတော့ တစ်တန်းလုံး စတင်အော်ဟစ်ငိုကြွေးကြတော့တယ်။

ဒီအထက်တန်းပထမနှစ်မှာ XXအထက်တန်းကျောင်းဆိုတာကို မကြားဖူးတဲ့သူမရှိဘူး။

ပြည်နယ်တစ်ခုချင်းစီရဲ့ ထိပ်ဆုံးကျောင်းတွေ အားလုံးထဲမှာမှ မြောက်ပိုင်း ပြည်နယ်မှာရှိတဲ့ ကျင်းဟွာတက္ကသိုလ်ကို တက်ခွင့်ရတဲ့ ကျောင်းသားတစ်ဝက်လောက်က XXအထက်တန်းကျောင်းကပဲ။

သူတို့ကျောင်းက စာမေးပွဲမေးခွန်းကိုအဲ့ဒီ့ကျောင်းကနေ ဝယ်ထားတယ်ဆိုတာ သူတို့သိလိုက်ရတော့ ဒီတစ်ခေါက်လပတ်စာမေးပွဲက အရမ်းအရမ်းကို ခက်မယ်ဆိုတာ အားလုံးက ချက်ချင်းနားလည်လိုက်ကြတယ်။

တစ်ခန်းလုံးက စငိုကြတော့တယ်။ ဒါပေမဲ့ တော်တော်လေးပျော်နေကြတဲ့ တစ်ချို့ ကျောင်းသားတွေလဲရှိတာပေါ့။ ဥပမာပြောရရင် ဖေးနင်တို့ ချန်ယောင်းရန်တို့ လိုကျောင်းသားတွေပေါ့။

မေးခွန်းကခက်တယ်ဆိုရင် ကွာဟချက်က ပိုများလာမှာလေ။ အထူးသဖြင့် maths, physics, english တို့လို အမှတ်များများ သယ်နိုင်ဖို့ လွယ်တဲ့ ဘာသာရပ်တွေမှာပေါ့။ စာတော်တဲ့ကျောင်းသားတွေအတွက်ကတော့ ဒါက အားသာချက်တစ်ခုပဲ။

ဒါ့အပြင် ဒီကျောင်းရဲ့ စာမေးပွဲတွေက အမှတ်ပေးပုံထူးခြားတယ်။ ဘာသာရပ်တိုင်းကို အမှတ် ၁၀၀ အစား အမှတ် ၁၅၀ ပေးထားတယ်။ ဒီလိုလုပ်ထားတာက တက္ကသိုလ်၀င်ခွင့်စာမေးပွဲရဲ့ အမှတ်ပေး စည်းမျည်းကို ကြိုပြီးတော့ နားလည်ထားရအောင်ဖြစ်တယ်။

တစ်ခြားကျောင်းရဲ့ အမှတ်၁၀၀တန် မေးခွန်းကို ယူပြီးတော့ အမှတ်၁၅၀ပြည့်အောင်လို့ မေးခွန်းတစ်ခုချင်းစီကို အမှတ်တွေ ပြောင်းလိုက်တယ်။ တစ်ကယ်လို့ ဒီလိုနည်းလမ်းအတိုင်းသာ လုပ်မယ်ဆိုရင် မေးခွန်းတစ်ခုချင်းစီရဲ့ အမှတ်က ပိုပိုများလာပြီး ကွာခြားချက်ကလည်း ပိုပိုကြီးလာမယ်။

ချောင်လန် တုန်လှုပ်လာတယ်။

သေချာတာပေါ့၊ သူမ တုန်လှုပ်သွားတယ်။

သူမက physics မဆိုးပါဘူး။ အတန်းထဲမှာဆိုရင် top 5 လောက်ထိ သတ်မှတ်လို့ရတယ်။ ဒါပေမယ့် သူမက ချန်ယောင်းရန်တို့ ဖေးနင်တို့လောက်တော့ မတော်ဘူး။

ချောင်လန်က ချန်ယောင်းရန်ကို မရှုံးချင်ဘူး။

နောက် ၁၀ ရက် အတွင်းမှာ ချောင်လန်က ပိုပြီးတော့ စာကြိုးစားလာတယ်။ ပြီးတော့ စာကောင်းကောင်း ပိုပြီး လေ့လာနိုင်အောင် အတွက်လည်း လှည့်ကွက်သေးသေးလေးတွေကို သုံးနေတယ်။ ဥပမာပြောရရင် english စာချိန်မှာ သူမက physics ကြည့်ဖို့အတွက် အချိန်နည်းနည်းလေး ချန်ထားတယ်။

သူ့ english စာအမှတ် မကောင်းလို့ သူမကို အတူတူ စာလုပ်မလားလို့ မေးတဲ့ ဖေးနင်က english စာချိန်မှာ physics လုပ်နေတဲ့ ချောင်းလန်ကို မြင်တော့ ငိုတောင် ငိုချင်သွားတယ်။

ဘာလို့ ဘ၀ကြီးက မမျှတရတာလဲ။ သူက ဒီလောက်တောင် စာလုပ်နေတာပဲကို အခုထိ english စာကို လိုက်မမီသေးဘူး။

ချောင်လန်က သူမေးတာကို ခဏလေးပဲ စဥ်းစားလိုက်ပြီး ငြင်းလိုက်တယ်။ " မရပါဘူး၊ နင့် english စာက အရမ်းဆိုးတာကို "

ဖေးနင် : ............

ထားလိုက်ပါတော့။ ငါဆက်မပြောတော့ဘူး။

ချောင်လန်က ပြုံးလိုက်ပြီး သူမစာအုပ်ကိုပဲ ဆက်ဖတ်နေတယ်။ နောက်ထပ်ဘာမှ ထပ်မပြောတော့ဘူး။

သူမက အဲ့ည ချောင်မိသားစုကို ပြန်ရောက်လာတော့ အမေချောင်က နောက်ဆုံးတော့ သူမကို ထပ်ပြီး သည်းမခံနိုင်တော့ဘူး။ ချောင်လန်က ညတိုင်း ညတိုင်း ၁၂ နာရီထိ အိမ်ပြန်မလာရအောင် တစ်နေကုန် ဘာတွေ လုပ်နေတာလဲဆိုတာ သူမ လုံး၀ မသိနိုင်ဘဲ ဖြစ်နေတယ်။

" နင် တစ်နေကုန် ဘာတွေ လုပ်နေတာလဲ? တစ်ကယ်လို့ နင်ဘာမှ မပြောခဲ့ရင် ငါ ကျောင်းသွားပြီး နင့်ဆရာမကို သွားမေးမှာနော် "

ချောင်လန် မျက်မှောင်ကြုံ့လိုက်ပြီး " အလုပ်လုပ်နေတာ "

အလုပ်လုပ်နေတယ် .....?

အမေချောင်က ခဏလောက် ကြောင်သွားတယ်။ " နင်က ဘာလို့ အလုပ်လုပ်တာလဲ "

လိုရမယ်ရ ချောင်လန်က အကြောင်းပြချက်ကို စိတ်ထဲမှာ စဥ်းစားလိုက်တယ်။ သူမက အမေချောင်ကို အပြုံးလေးနဲ့ ကြည့်လိုက်ပြီး " အမေနဲ့ ဒုတိယအစ်မပဲ သမီးကို အပြင်ထွက်ပြီး လူတွေနဲ့ တွေ့ဆုံစေချင်တာ မဟုတ်ဘူးလား။ "

" အဲ့ဒါဆိုလို့ရှိရင်လည်း လုပ်ချင်တာသာ လုပ်တော့။ ဒါနဲ့ ဘာလို့ အဲ့စာအုပ်တွေကို ဖတ်နေသေးတာတုန်း။ ဒီအတိုင်း ကျောင်းထွက်လိုက်ပါ့လား။ " အမေချောင်က ပျော်ရွှင်စွာနဲ့ ပြောလိုက်တယ်။ ပြီးတော့မှ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ပြောလက်စကို ရပ်လိုက်တယ်။

အိမ်မှာ နောက်ဆုံးမှ စာတော်တဲ့ ကျောင်းသားတစ်ယောက် ရှိလာခဲ့တာ။ အရင်တစ်ခေါက်တုန်းက ချောင်လန်က အဆင့်တစ် ရခဲ့တာ ကြောင့် အမေချောင်က အဖွားချောင်နဲ့ အန်တီချောင်တို့ရှေ့မှာ မျက်နှာ နည်းနည်းရခဲ့တာ။ ဒါပေမယ့် အခုတော့ သူမကိုယ်တိုင် ချောင်လန့်ကို ကျောင်းမတက်ဖို့ ပြောနေမိတယ်။ နှမြောစရာ ကောင်းလိုက်တာလို့ သူမ ခံစားနေရတယ်။

တစ်ကယ်လို့ ချောင်လန်သာ ကျောင်းမသွားဘူးဆိုရင် သူမ ထုတ်ကြွားစရာ ဘာမှရှိတော့မှာ မဟုတ်ဘူး။

ဒါကို တွေးမိတော့ အမေချောင်က နည်းနည်း စိတ်တိုသွားတယ်။ ဘာလို့ သူမသားက စာကောင်းကောင်း လိုက်မလုပ်နိုင် ရတာလဲ။ သူမသားသာ အဆင့် ကောင်းကောင်းရရင် သိပ်ကောင်းမှာပဲ။

" တစ်ကယ်တမ်း ကျောင်းထုတ်ဖို့ မလိုပါဘူး။ ကျောင်းစာကိုပဲ အဓိက ထားလုပ်သင့်တယ်။ " ဘာပဲဖြစ်ဖြစ် ဒုတိအစ်မချောင်က ချောင်လန့်ကို တစ်ယောက်ယောက်နဲ့ တွေ့ခိုင်းဖို့ ပြောပေမယ့် အမေချောင်က အဲ့အတွေးကို ကောင်းတယ်လို့ သိပ်မထင်ဘူး။

ချောင်လန်က အမေချောင်ကို သာသာလေးပြုံးပြီး ကြည့်လိုက်တယ် " သမီးသိပါတယ် "

လာမယ့် ရက်အနည်းငယ်မှာ သူမက ချမှတ်ထားတဲ့ စာကျက်တဲ့ အချိန်ဇယားအတိုင်း နေ့တိုင်းနေ့ ကြိုးကြိုးစားစားလုပ်တော့တယ်။ အချိန်က မြန်မြန်ပဲ ကုန်သွားတယ်။ အချိန်ကုန်တာ အရမ်းမြန်လွန်းလို့ သူမက အချိန်မလောက်မှာ အရမ်းကြောက်နေမိတယ်။

ဒုတိယ လပတ်စာမေးပွဲက ဒီအပတ် ကြာသပတေးနေ့နဲ့ သောကြာနေ့လို့ သတ်မှတ်ထားတယ်။ စာမေးပွဲ ၂ရက် ပြီးသွားတဲ့ အချိန်မှာ ဆရာတွေက စာစစ်ဖို့ ပိတ်ရက်တွေမှာ အချိန်ပို ဆင်းကြရတယ်။ ပြီးတော့ အမှတ်တွေကို ကျောင်းသားတွေ တနင်္လာနေ့ ကျောင်းလာတဲ့အချိန်ကျရင် အမှတ်တွေကို ထုတ်ပေးသွားမှာ ဖြစ်တယ်။

ဒီဖြစ်စဥ်တစ်ခုလုံးက အရမ်းကို ပြင်းထန်ပြီး စိတ်လှုပ်ရှားစရာကောင်းတယ်။

ဗုဒ္ဓဟူးနေ့မှာ အတန်းတိုင်းက စာမေးပွဲအချိန်စာရင်းတွေကို ထုတ်ပြန်ပြီး တံခါးတွေမှာ ကပ်ထားလိုက်တယ်။ ပြီးတော့ စားပွဲခုံတွေ အကုန်လုံးကို ခွဲထားတယ်။ စာမေးပွဲ ခုံနံပါတ်တွေကို စားပွဲရဲ့ ထောင့်တွေမှာ ကပ်ထားတယ်။ ပြီးတော့ ကျောင်းသားတစ်ယောက်ချင်းစီကို စာမေးပွဲဝင်ခွင့်ကဒ်ပြားဆိုတဲ့ ဟာကြီးကို ပေးတယ်။

အဲ့တာက တစ်ကယ်တော့ ကဒ်ပြားတောင် မဟုတ်ဘူး။ ဒီအတိုင်း စာရွက်လေးတစ်ခုပဲ။

ကျောင်းသားတွေက စာမေးပွဲခန်း တူလားဆိုတာ သိရအောင်လို တစ်ယောက်နဲ့ တစ်ယောက် စုပြုံပြီးတော့ ကြည့်နေကြတယ်။ သူတို့အချင်းချင်း စကားတွေ ပြောနေကြတယ်။ တစ်ခါတလေ ရယ်သံတွေကို ကြားညှပ်ကြားညှပ် ကြားနေရတယ်။

စာမေးပွဲအတွင်းမှာ မနက်ခင်း self-study ချိန် မရှိဘူး။ ပြီးတော့ မနက်ခင်းပိုင်း လေ့ကျင့်ခန်းလည်း လုပ်စရာမလိုဘူး။ စာမေးပွဲက မနက် ၈နာရီမှာ စတင်တယ်။ အဲ့တာကြောင့် ကျောင်းသားတွေက မနက် ၈နာရီ မတိုင်ခင် စာမေးပွဲခန်းထဲ ကြိုရောက်ဖို့လိုတယ်။

သူတို့က မနက်စာအတွက် ပြေးလွှားမနေကြဘဲ ကျောင်းသားအများစုက စာသင်ခန်းတွေထဲကို စောစောရောက်လာကြတယ်။ ချောင်လန်ရောက်လာတာ နည်းနည်းနောက်ကျနေတယ်။ ၇နာရီခွဲမှာ စာသင်ခန်းထဲကို ဝင်လာတော့ စာသင်ခန်းထဲက ကျောင်းသားတွေက သူမကို မှတ်မိကြတယ်။ တစ်ချို့ဆို အဲ့တာက ချောင်လန်လေ လို့ တီးတိုးပြောနေကြတယ်။

ချောင်လန်က စာအုပ်ကို စားပွဲပေါ်တင်လိုက်တယ်။ ပြီးတော့ စာသင်ခန်းအပြင်ဘက်ကို ထွက်သွားပြီး အောက်ထပ်ကို ဆင်းသွားတယ်။

သူမက မနက်ခင်း နေရောင်ခြည်ထဲမှာ ရပ်နေပြီး အဝေးတစ်နေရာကိုကြည့်နေတယ်။ ဖြတ်သွားတဲ့ အတန်းဖော်တစ်ယောက်က သူမကို ဘာလုပ်နေတာလဲလို့ မေးတော့ ချောင်လန်က ပြန်ဖြေလိုက်တယ်။ " တစ်ယောက်ယောက်ကို စောင့်နေတာ "

တစ်ယောက်ယောက်ကို စောင့်နေတယ် ?

ဘယ်သူ့ကို စောင့်နေတာလဲ ?

သူက မေးတော့မလို့ လုပ်နေတဲ့အချိန်မှာပဲ ရုတ်တရက် ချောင်လန်က ပြုံးလိုက်ပြီး လှေကားကနေဆင်းကာ အပြင်ကို ဦးတည်သွားတာကို တွေ့လိုက်ရတယ်။

အတန်းဖော်က လှည့်ကြည့်လိုက်တော့ အခု သူ ထင်ယောင်ထင်မှားတွေ ဖြစ်နေတာလားလို့တောင် ခံစားလိုက်ရတယ်။

အဲ့လိုမဟုတ်ရင် ဘာလို့ စာမေးပွဲနေ့မှာ ထန်းမော့ကို သူမြင်နေရမှာလဲ?

ဒါပေမယ့် ထွက်ကြည့်လိုက်တော့ သူ့ရှေ့က မြင်ကွင်းက တစ်ကယ့်အစစ်ကြီး ဖြစ်နေတယ်။ wheelchair ပေါ်မှာ ထိုင်နေတာကလည်း တစ်ကယ့်အစစ်ပဲ။ ပြီးတော့ ခုနတုန်းက တစ်ယောက်ယောက်ကို စောင့်နေတာလို့ ပြောတဲ့ ချောင်လန်လည်း အဲ့ဒီဘက်ကို လျှောက်သွားတယ်။

Zawgyi
ဒုတိယတစ္ႀကိမ္စာေမးပြဲက ၁၀ရက္ေတာင္လိုေသးတယ္။ ပုံမွန္ဆိုရင္ စာေမးပြဲအတြက္ ေမးခြန္းေတြကို ဆရာ ဆရာမေတြက ကိုယ္တိုင္ထုတ္ၾကရတယ္။ ဒါေပမဲ့ အတန္းလဲစေရာ အတန္းပိုင္ဆရာက အားလုံးကို သတင္းဆိုးတစ္ခု ေျပာလိုက္တယ္။

" ဒီတစ္ႀကိမ္မွာေတာ့ ဆရာတို႔က Sၿမိဳ႕က အမွတ္(XX) အထက္တန္းေက်ာင္းကေန စာေမးပြဲ ေမးခြန္းေတြကို ဝယ္လိုက္တယ္။ အားလုံးပဲ အမွတ္ XX အထက္တန္းေက်ာင္းကိုသိၾကတယ္မလား။ "

အဲ့စကားကို ၾကားလိုက္ရေတာ့ တစ္တန္းလုံး စတင္ေအာ္ဟစ္ငိုေႂကြးၾကေတာ့တယ္။

ဒီအထက္တန္းပထမႏွစ္မွာ XXအထက္တန္းေက်ာင္းဆိုတာကို မၾကားဖူးတဲ့သူမရွိဘူး။

ျပည္နယ္တစ္ခုခ်င္းစီရဲ႕ ထိပ္ဆုံးေက်ာင္းေတြ အားလုံးထဲမွာမွ ေျမာက္ပိုင္း ျပည္နယ္မွာရွိတဲ့ က်င္းဟြာတကၠသိုလ္ကို တက္ခြင့္ရတဲ့ ေက်ာင္းသားတစ္ဝက္ေလာက္က XXအထက္တန္းေက်ာင္းကပဲ။

သူတို႔ေက်ာင္းက စာေမးပြဲေမးခြန္းကိုအဲ့ဒီ့ေက်ာင္းကေန ဝယ္ထားတယ္ဆိုတာ သူတို႔သိလိုက္ရေတာ့ ဒီတစ္ေခါက္လပတ္စာေမးပြဲက အရမ္းအရမ္းကို ခက္မယ္ဆိုတာ အားလုံးက ခ်က္ခ်င္းနားလည္လိုက္ၾကတယ္။

တစ္ခန္းလုံးက စငိုၾကေတာ့တယ္။ ဒါေပမဲ့ ေတာ္ေတာ္ေလးေပ်ာ္ေနၾကတဲ့ တစ္ခ်ိဳ႕ ေက်ာင္းသားေတြလဲရွိတာေပါ့။ ဥပမာေျပာရရင္ ေဖးနင္တို႔ ခ်န္ေယာင္းရန္တို႔ လိုေက်ာင္းသားေတြေပါ့။

ေမးခြန္းကခက္တယ္ဆိုရင္ ကြာဟခ်က္က ပိုမ်ားလာမွာေလ။ အထူးသျဖင့္ maths, physics, english တို႔လို အမွတ္မ်ားမ်ား သယ္ႏိုင္ဖို႔ လြယ္တဲ့ ဘာသာရပ္ေတြမွာေပါ့။ စာေတာ္တဲ့ေက်ာင္းသားေတြအတြက္ကေတာ့ ဒါက အားသာခ်က္တစ္ခုပဲ။

ဒါ့အျပင္ ဒီေက်ာင္းရဲ႕ စာေမးပြဲေတြက အမွတ္ေပးပုံထူးျခားတယ္။ ဘာသာရပ္တိုင္းကို အမွတ္ ၁၀၀ အစား အမွတ္ ၁၅၀ ေပးထားတယ္။ ဒီလိုလုပ္ထားတာက တကၠသိုလ္၀င္ခြင့္စာေမးပြဲရဲ႕ အမွတ္ေပး စည္းမ်ည္းကို ႀကိဳၿပီးေတာ့ နားလည္ထားရေအာင္ျဖစ္တယ္။

တစ္ျခားေက်ာင္းရဲ႕ အမွတ္၁၀၀တန္ ေမးခြန္းကို ယူၿပီးေတာ့ အမွတ္၁၅၀ျပည့္ေအာင္လို႔ ေမးခြန္းတစ္ခုခ်င္းစီကို အမွတ္ေတြ ေျပာင္းလိုက္တယ္။ တစ္ကယ္လို႔ ဒီလိုနည္းလမ္းအတိုင္းသာ လုပ္မယ္ဆိုရင္ ေမးခြန္းတစ္ခုခ်င္းစီရဲ႕ အမွတ္က ပိုပိုမ်ားလာၿပီး ကြာျခားခ်က္ကလည္း ပိုပိုႀကီးလာမယ္။

ေခ်ာင္လန္ တုန္လႈပ္လာတယ္။

ေသခ်ာတာေပါ့၊ သူမ တုန္လႈပ္သြားတယ္။

သူမက physics မဆိုးပါဘူး။ အတန္းထဲမွာဆိုရင္ top 5 ေလာက္ထိ သတ္မွတ္လို႔ရတယ္။ ဒါေပမယ့္ သူမက ခ်န္ေယာင္းရန္တို႔ ေဖးနင္တို႔ေလာက္ေတာ့ မေတာ္ဘူး။

ေခ်ာင္လန္က ခ်န္ေယာင္းရန္ကို မရႈံးခ်င္ဘူး။

ေနာက္ ၁၀ ရက္ အတြင္းမွာ ေခ်ာင္လန္က ပိုၿပီးေတာ့ စာႀကိဳးစားလာတယ္။ ၿပီးေတာ့ စာေကာင္းေကာင္း ပိုၿပီး ေလ့လာႏိုင္ေအာင္ အတြက္လည္း လွည့္ကြက္ေသးေသးေလးေတြကို သုံးေနတယ္။ ဥပမာေျပာရရင္ english စာခ်ိန္မွာ သူမက physics ၾကည့္ဖို႔အတြက္ အခ်ိန္နည္းနည္းေလး ခ်န္ထားတယ္။

သူ႔ english စာအမွတ္ မေကာင္းလို႔ သူမကို အတူတူ စာလုပ္မလားလို႔ ေမးတဲ့ ေဖးနင္က english စာခ်ိန္မွာ physics လုပ္ေနတဲ့ ေခ်ာင္းလန္ကို ျမင္ေတာ့ ငိုေတာင္ ငိုခ်င္သြားတယ္။

ဘာလို႔ ဘ၀ႀကီးက မမွ်တရတာလဲ။ သူက ဒီေလာက္ေတာင္ စာလုပ္ေနတာပဲကို အခုထိ english စာကို လိုက္မမီေသးဘူး။

ေခ်ာင္လန္က သူေမးတာကို ခဏေလးပဲ စဥ္းစားလိုက္ၿပီး ျငင္းလိုက္တယ္။ " မရပါဘူး၊ နင့္ english စာက အရမ္းဆိုးတာကို "

ေဖးနင္ : ............

ထားလိုက္ပါေတာ့။ ငါဆက္မေျပာေတာ့ဘူး။

ေခ်ာင္လန္က ၿပဳံးလိုက္ၿပီး သူမစာအုပ္ကိုပဲ ဆက္ဖတ္ေနတယ္။ ေနာက္ထပ္ဘာမွ ထပ္မေျပာေတာ့ဘူး။

သူမက အဲ့ည ေခ်ာင္မိသားစုကို ျပန္ေရာက္လာေတာ့ အေမေခ်ာင္က ေနာက္ဆုံးေတာ့ သူမကို ထပ္ၿပီး သည္းမခံႏိုင္ေတာ့ဘူး။ ေခ်ာင္လန္က ညတိုင္း ညတိုင္း ၁၂ နာရီထိ အိမ္ျပန္မလာရေအာင္ တစ္ေနကုန္ ဘာေတြ လုပ္ေနတာလဲဆိုတာ သူမ လုံး၀ မသိႏိုင္ဘဲ ျဖစ္ေနတယ္။

" နင္ တစ္ေနကုန္ ဘာေတြ လုပ္ေနတာလဲ? တစ္ကယ္လို႔ နင္ဘာမွ မေျပာခဲ့ရင္ ငါ ေက်ာင္းသြားၿပီး နင့္ဆရာမကို သြားေမးမွာေနာ္ "

ေခ်ာင္လန္ မ်က္ေမွာင္ႀကဳံ႕လိုက္ၿပီး " အလုပ္လုပ္ေနတာ "

အလုပ္လုပ္ေနတယ္ .....?

အေမေခ်ာင္က ခဏေလာက္ ေၾကာင္သြားတယ္။ " နင္က ဘာလို႔ အလုပ္လုပ္တာလဲ "

လိုရမယ္ရ ေခ်ာင္လန္က အေၾကာင္းျပခ်က္ကို စိတ္ထဲမွာ စဥ္းစားလိုက္တယ္။ သူမက အေမေခ်ာင္ကို အၿပဳံးေလးနဲ႔ ၾကည့္လိုက္ၿပီး " အေမနဲ႔ ဒုတိယအစ္မပဲ သမီးကို အျပင္ထြက္ၿပီး လူေတြနဲ႔ ေတြ႕ဆုံေစခ်င္တာ မဟုတ္ဘူးလား။ "

" အဲ့ဒါဆိုလို႔ရွိရင္လည္း လုပ္ခ်င္တာသာ လုပ္ေတာ့။ ဒါနဲ႔ ဘာလို႔ အဲ့စာအုပ္ေတြကို ဖတ္ေနေသးတာတုန္း။ ဒီအတိုင္း ေက်ာင္းထြက္လိုက္ပါ့လား။ " အေမေခ်ာင္က ေပ်ာ္႐ႊင္စြာနဲ႔ ေျပာလိုက္တယ္။ ၿပီးေတာ့မွ ႐ုတ္တရက္ တစ္ခုခုကို သတိရသြားၿပီး ေျပာလက္စကို ရပ္လိုက္တယ္။

အိမ္မွာ ေနာက္ဆုံးမွ စာေတာ္တဲ့ ေက်ာင္းသားတစ္ေယာက္ ရွိလာခဲ့တာ။ အရင္တစ္ေခါက္တုန္းက ေခ်ာင္လန္က အဆင့္တစ္ ရခဲ့တာ ေၾကာင့္ အေမေခ်ာင္က အဖြားေခ်ာင္နဲ႔ အန္တီေခ်ာင္တို႔ေရွ႕မွာ မ်က္ႏွာ နည္းနည္းရခဲ့တာ။ ဒါေပမယ့္ အခုေတာ့ သူမကိုယ္တိုင္ ေခ်ာင္လန္႔ကို ေက်ာင္းမတက္ဖို႔ ေျပာေနမိတယ္။ ႏွေျမာစရာ ေကာင္းလိုက္တာလို႔ သူမ ခံစားေနရတယ္။

တစ္ကယ္လို႔ ေခ်ာင္လန္သာ ေက်ာင္းမသြားဘူးဆိုရင္ သူမ ထုတ္ႂကြားစရာ ဘာမွရွိေတာ့မွာ မဟုတ္ဘူး။

ဒါကို ေတြးမိေတာ့ အေမေခ်ာင္က နည္းနည္း စိတ္တိုသြားတယ္။ ဘာလို႔ သူမသားက စာေကာင္းေကာင္း လိုက္မလုပ္ႏိုင္ ရတာလဲ။ သူမသားသာ အဆင့္ ေကာင္းေကာင္းရရင္ သိပ္ေကာင္းမွာပဲ။

" တစ္ကယ္တမ္း ေက်ာင္းထုတ္ဖို႔ မလိုပါဘူး။ ေက်ာင္းစာကိုပဲ အဓိက ထားလုပ္သင့္တယ္။ " ဘာပဲျဖစ္ျဖစ္ ဒုတိအစ္မေခ်ာင္က ေခ်ာင္လန္႔ကို တစ္ေယာက္ေယာက္နဲ႔ ေတြ႕ခိုင္းဖို႔ ေျပာေပမယ့္ အေမေခ်ာင္က အဲ့အေတြးကို ေကာင္းတယ္လို႔ သိပ္မထင္ဘူး။

ေခ်ာင္လန္က အေမေခ်ာင္ကို သာသာေလးၿပဳံးၿပီး ၾကည့္လိုက္တယ္ " သမီးသိပါတယ္ "

လာမယ့္ ရက္အနည္းငယ္မွာ သူမက ခ်မွတ္ထားတဲ့ စာက်က္တဲ့ အခ်ိန္ဇယားအတိုင္း ေန႔တိုင္းေန႔ ႀကိဳးႀကိဳးစားစားလုပ္ေတာ့တယ္။ အခ်ိန္က ျမန္ျမန္ပဲ ကုန္သြားတယ္။ အခ်ိန္ကုန္တာ အရမ္းျမန္လြန္းလို႔ သူမက အခ်ိန္မေလာက္မွာ အရမ္းေၾကာက္ေနမိတယ္။

ဒုတိယ လပတ္စာေမးပြဲက ဒီအပတ္ ၾကာသပေတးေန႔နဲ႔ ေသာၾကာေန႔လို႔ သတ္မွတ္ထားတယ္။ စာေမးပြဲ ၂ရက္ ၿပီးသြားတဲ့ အခ်ိန္မွာ ဆရာေတြက စာစစ္ဖို႔ ပိတ္ရက္ေတြမွာ အခ်ိန္ပို ဆင္းၾကရတယ္။ ၿပီးေတာ့ အမွတ္ေတြကို ေက်ာင္းသားေတြ တနလၤာေန႔ ေက်ာင္းလာတဲ့အခ်ိန္က်ရင္ အမွတ္ေတြကို ထုတ္ေပးသြားမွာ ျဖစ္တယ္။

ဒီျဖစ္စဥ္တစ္ခုလုံးက အရမ္းကို ျပင္းထန္ၿပီး စိတ္လႈပ္ရွားစရာေကာင္းတယ္။

ဗုဒၶဟူးေန႔မွာ အတန္းတိုင္းက စာေမးပြဲအခ်ိန္စာရင္းေတြကို ထုတ္ျပန္ၿပီး တံခါးေတြမွာ ကပ္ထားလိုက္တယ္။ ၿပီးေတာ့ စားပြဲခုံေတြ အကုန္လုံးကို ခြဲထားတယ္။ စာေမးပြဲ ခုံနံပါတ္ေတြကို စားပြဲရဲ႕ ေထာင့္ေတြမွာ ကပ္ထားတယ္။ ၿပီးေတာ့ ေက်ာင္းသားတစ္ေယာက္ခ်င္းစီကို စာေမးပြဲ၀င္ခြင့္ကပ္ျပားဆိုတဲ့ ဟာႀကီးကို ေပးတယ္။

အဲ့တာက တစ္ကယ္ေတာ့ ကပ္ျပားေတာင္ မဟုတ္ဘူး။ ဒီအတိုင္း စာ႐ြက္ေလးတစ္ခုပဲ။

ေက်ာင္းသားေတြက စာေမးပြဲခန္း တူလားဆိုတာ သိရေအာင္လို တစ္ေယာက္နဲ႔ တစ္ေယာက္ စုၿပဳံၿပီးေတာ့ ၾကည့္ေနၾကတယ္။ သူတို႔အခ်င္းခ်င္း စကားေတြ ေျပာေနၾကတယ္။ တစ္ခါတေလ ရယ္သံေတြကို ၾကားညႇပ္ၾကားညႇပ္ ၾကားေနရတယ္။

စာေမးပြဲအတြင္းမွာ မနက္ခင္း self-study ခ်ိန္ မရွိဘူး။ ၿပီးေတာ့ မနက္ခင္းပိုင္း ေလ့က်င့္ခန္းလည္း လုပ္စရာမလိုဘူး။ စာေမးပြဲက မနက္ ၈နာရီမွာ စတင္တယ္။ အဲ့တာေၾကာင့္ ေက်ာင္းသားေတြက မနက္ ၈နာရီ မတိုင္ခင္ စာေမးပြဲခန္းထဲ ႀကိဳေရာက္ဖို႔လိုတယ္။

သူတို႔က မနက္စာအတြက္ ေျပးလႊားမေနၾကဘဲ ေက်ာင္းသားအမ်ားစုက စာသင္ခန္းေတြထဲကို ေစာေစာေရာက္လာၾကတယ္။ ေခ်ာင္လန္ေရာက္လာတာ နည္းနည္းေနာက္က်ေနတယ္။ ၇နာရီခြဲမွာ စာသင္ခန္းထဲကို ဝင္လာေတာ့ စာသင္ခန္းထဲက ေက်ာင္းသားေတြက သူမကို မွတ္မိၾကတယ္။ တစ္ခ်ိဳ႕ဆို အဲ့တာက ေခ်ာင္လန္ေလ လို႔ တီးတိုးေျပာေနၾကတယ္။

ေခ်ာင္လန္က စာအုပ္ကို စားပြဲေပၚတင္လိုက္တယ္။ ၿပီးေတာ့ စာသင္ခန္းအျပင္ဘက္ကို ထြက္သြားၿပီး ေအာက္ထပ္ကို ဆင္းသြားတယ္။

သူမက မနက္ခင္း ေနေရာင္ျခည္ထဲမွာ ရပ္ေနၿပီး အေဝးတစ္ေနရာကိုၾကည့္ေနတယ္။ ျဖတ္သြားတဲ့ အတန္းေဖာ္တစ္ေယာက္က သူမကို ဘာလုပ္ေနတာလဲလို႔ ေမးေတာ့ ေခ်ာင္လန္က ျပန္ေျဖလိုက္တယ္။ " တစ္ေယာက္ေယာက္ကို ေစာင့္ေနတာ "

တစ္ေယာက္ေယာက္ကို ေစာင့္ေနတယ္ ?

ဘယ္သူ႔ကို ေစာင့္ေနတာလဲ ?

သူက ေမးေတာ့မလို႔ လုပ္ေနတဲ့အခ်ိန္မွာပဲ ႐ုတ္တရက္ ေခ်ာင္လန္က ၿပဳံးလိုက္ၿပီး ေလွကားကေနဆင္းကာ အျပင္ကို ဦးတည္သြားတာကို ေတြ႕လိုက္ရတယ္။

အတန္းေဖာ္က လွည့္ၾကည့္လိုက္ေတာ့ အခု သူ ထင္ေယာင္ထင္မွားေတြ ျဖစ္ေနတာလားလို႔ေတာင္ ခံစားလိုက္ရတယ္။

အဲ့လိုမဟုတ္ရင္ ဘာလို႔ စာေမးပြဲေန႔မွာ ထန္းေမာ့ကို သူျမင္ေနရမွာလဲ?

ဒါေပမယ့္ ထြက္ၾကည့္လိုက္ေတာ့ သူ႔ေရွ႕က ျမင္ကြင္းက တစ္ကယ့္အစစ္ႀကီး ျဖစ္ေနတယ္။ wheelchair ေပၚမွာ ထိုင္ေနတာကလည္း တစ္ကယ့္အစစ္ပဲ။ ၿပီးေတာ့ ခုနတုန္းက တစ္ေယာက္ေယာက္ကို ေစာင့္ေနတာလို႔ ေျပာတဲ့ ေခ်ာင္လန္လည္း အဲ့ဒီဘက္ကို ေလွ်ာက္သြားတယ္။

Continue Reading

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...