ဗီလိန်ရဲ့ လမ်းပြကြယ်

Von CrystalKyi

783K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... Mehr

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၃၁)

6.2K 1.1K 24
Von CrystalKyi

Unicode
ချောင်လန်က အရူးလိုမျိုး သဘောစွတ်ကောင်းတက်တဲ့သူမဟုတ်ဘူး။ ကလေးဘဝကထဲက ချောင်လန်က လူတွေကို လွယ်လွယ်နဲ့ မယုံကြည်တက်ဘူး။ ပြီးတော့ အဲ့တာက အရမ်းလဲသိသာတယ်။

ဒါပေမဲ့ ဒီကောင်မလေးက ဘာလို့ သူမနား လာလာကပ်ချင်နေရတာမှန်း သူမလုံးဝမသိတော့ဘူး။

PE ချိန်စတော့ ချောင်လန်က ဟောင်ရင်နဲ့ ထပ်တွေ့ပြန်တယ်။ ဟောင်ရင်က အခုထိ သူမကို ရင်းနှီးသလိုမျိုးလုပ်နေတုန်းပဲ။ သူမကို မြင်တော့ သူက လာနှုတ်ဆက်တယ်။

ဟောင်ရင်ရဲ့ သွားဖြူကြီးနဲ့ သူ့မျက်နှာပေါ်က အပြုံးကိုတွေ့တော့ ချောင်လန်က ဟောင်ရင် နှုတ်ဆက်တာကို hello ဆိုပြီး ပြန်နှုတ်ဆက်လိုက်ရတယ်။ ဒါပေမဲ့ သူမ ခေါင်းလှည့်ကြည့်လိုက်တော့ ထန်ချင်းနဲ့ ကောင်မလေးတစ်ချို့ အချင်းချင်းတွန်းထိုးနေကြတာကို တွေ့လိုက်ရတယ်။

" ချောင်လန် " ကောင်မလေးအဖွဲ့က ကြင်နာတက်တဲ့မျက်နှာထားတွေနဲ့ သူမကို နှုတ်ဆက်ကြတယ်။ ပြီးတော့မှ သူတို့က သူမရှေ့မှာရှိနေတဲ့ ကောင်လေးကို ကြည့်လိုက်ကြတယ်။ ပြီးတော့မှ အခုမှ သတိထားမိတဲ့ ပုံစံ ဟန်ဆောင်ကြတယ်။ " အာ.... နင်က အခန်း၅က ဟောင်ရင်မလား!!! "

ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ ဟောင်ရင်က ပြုံးပြလိုက်ပြီး အင်း ဟုတ်တယ် ဆိုပြီး ပြောလိုက်တယ်။ ပြီးတော့ သူတို့တွေက စပြီး စကားပြောကြတော့တာပဲ။

နောက်ဆုံးတော့ ချောင်လန် နားလည်သွားခဲ့ပြီ။ ဘာလို့ ထန်ချင်းက အခုတလော သူမကို စကားလာလာပြောနေရတာလဲဆိုတာပေါ့။

ဒါပေမဲ့ ဒါကြီးက လုံးဝကို ရှင်းပြလို့မရဘူးလေ။

သူမနဲ့ ဟောင်ရင်က တစ်ယောက်နဲ့ တစ်ယောက် သိရုံပဲ သိကြတာလေ။ သူတို့တွေ့ရင် ဒီတိုင်း နှုတ်ဆက်လိုက်တာပဲလေ။

ထန်ချင်းက ဟောင်ရင်ကို ပိတ်ရပ်ထားတယ်ဆိုတော့ ချောင်လန်တစ်ယောက် တိတ်တိတ်လေး လှည့်ထွက်သွားဖို့ အကောင်းဆုံးပဲ။ သူမ စာသင်ခန်းထဲပြန်ရောက်လာတော့ သူမ ထန်းမော့ကို နောက်တစ်ခါကြည့်လိုက်တယ်။

အခုမှ ထန်းမော့ဘာစာအုပ်ဖတ်နေတာလဲဆိုတာ ချောင်လန် မြင်ရတော့တယ်။ အမေရိကန် ရူပဗေဒပညာရှင်တစ်ယောက်ရေးထားတဲ့ Classical Electrodynamics ဆိုတဲ့ ရူပဗေဒစာအုပ်ပဲဖြစ်တယ်။

Acceleration(အရှိန်) ရဲ့ အခြေခံကို နားလည်ဖို့တောင်ခက်ခဲနေတဲ့ ချောင်လန့်အတွက် စာအုပ်ပေါ်က သင်္ကေတတွေ ပုံတွေက ဂရိစာတွေပဲ။

ထန်းမော့က အရမ်းတော်တယ်ဆိုတာ ချောင်လန်သိတယ်။ ဘာလို့လဲဆိုတော့ မူရင်းဝတ္ထုထဲမှာ ထန်းမော့မှာ သာမန်လူတွေထက်အများကြီးပိုသာတဲ့ မှတ်ဥာဏ်နဲ့ IQ ရှိတယ်လို့ စာရေးဆရာက ထပ်ခါထပ်ခါ ဖော်ပြထားခဲ့တယ်။ အမျိုးသားဇာတ်လိုက်ဖြစ်တဲ့ ချန်ယောင်းရန်တောင်မှ ထန်းမော့ထက် အများကြီး ပိုညံ့တယ်။

စာအုပ်က ပြောထားတယ် ထန်းမော့က ဥာဏ်ကြီးရှင်ပဲတဲ့။

အရင်တုန်းက ထန်းမော့ calculus စာအုပ်တွေ၊ Wuthering Heights ပြီးတော့ သမိုင်းစာအုပ်တွေအများကြီး ဖတ်နေတာကို ချောင်လန် မြင်ဖူးတယ်။ ဒါပေမဲ့ အခု ဒီစာအုပ်ကိုမြင်လိုက်တော့ သူမ လုံးဝနားမလည်နိုင်ဘူး။ နောက်ဆုံးတော့ သူတို့၂ယောက်ကြားက IQ ကွာဟချက်ကို သူမ ခံစားမိပြီ။

ချောင်လန် ရုတ်တရက် သိချင်လာတယ်။

" ထန်းမော့ " ချောင်လန်က သူ့ကို ခေါ်လိုက်တယ်။

ထန်းမော့က သူမကို လျစ်လျူရှုထားတယ်။

ရန်ဖြစ်တဲ့နေ့တုန်းက ဆေးထုတ်ကို လက်ခံရပြီးနောက် ပြီးတော့ နောက်ရက်အနည်းငယ်လောက်မှာ ဦးလေးချန်က ဟင်းပွဲတွေ ပါဆယ် လာလာမှာနေတာကို မြင်ရပြီးနောက်မှာ ထန်းမော့ စိတ်တိုနေတာမှန်း ချောင်လန် နားလည်လာတယ်။ ဒါပေမဲ့ သေချာတာကတော့ သူက သူမကို မမုန်းဘူးဆိုတာပဲ။

ထန်းမော့က သူမကို လျစ်လျူရှုထားတယ်။ ဒါပေမဲ့ ချောင်လန်က ဂရုမစိုက်ဘူး။ " ထန်းမော့ ငါတို့အခုသင်နေတဲ့ physics က နင့်အတွက်အရမ်းလွယ်လား "

ဒါပေါ့.

ထန်းမော့က ခေါင်းကို မော့လိုက်တယ်။ ပြီးတော့ ချောင်လန့်ကို ဘာအမူအရာမှမရှိဘဲ ကြည့်လိုက်တယ်။

သူက ၁၂နှစ်အရွယ်ကထဲက ဒါတွေကို ကိုယ့်ဘာသာကိုယ် သင်ယူလို့ပြီးနေပြီ။ နောက်ဆုံးအကြိမ်တုန်းက ချောင်လန် ဗလာချန်ထားခဲ့တဲ့မေးခွန်းကို သူတွေ့တော့ လက်နဲ့ ဘာမှချတွက်စရာတောင်မလိုပဲ ထန်းမော့က အဖြေမှန်ကို ရနိုင်ခဲ့တယ်။

ထန်းမော့က ဘာမှ ရှင်းရှင်းလင်းလင်းတော့ မပြောပေမဲ့ ချောင်လန်က အထင်သေးခံလိုက်ရတယ်လို့ ခံစားလိုက်ရတယ်။

ကြည့်ရတာ သူက အဲ့ဒါတွေကို တစ်ကယ်ရိုးရှင်းပြီး လွယ်ကူတယ်လို့ မြင်နေတဲ့ပုံပဲ။

မှန်တာပေါ့။

ချောင်လန် သက်ပြင်းချလိုက်တယ်။ လက်မောင်းကို ထိုင်ခုံပေါ်မှာ တင်လိုက်ပြီး မေးစေ့ကို လက်မောင်းပေါ်တင်လိုက်တယ်။ " နင်က တစ်ကယ်တော့ အရမ်းတော်တာပဲ။ ပြီးတော့ နင်က ငါတို့ထက်လဲ အများကြီး ပိုသိတယ်။ စာမေးပွဲမေးခွန်းတွေအကုန်လုံးကို ဘယ်လိုဖြေရမလဲဆိုတာလဲ သိတာပဲ။ အဲ့တာဆို ထန်းမော့ နင်ဘာလို့ စာမေးပွဲမဖြေတာလဲ။ "

အထက်တန်းကျောင်းသင်ခန်းစာတွေက ထန်းမော့အတွက်အရမ်း လွယ်လွန်းတယ်။ တစ်ကယ်လို့ သူသာ စာမေးပွဲဖြေမယ်ဆိုရင် သေချာပေါက်ကို အံ့ဩစရာကောင်းတဲ့ ရလဒ်တွေထွက်လာမှာပဲ။

ထန်းမော့က ချောင်လန့်ကိုကြည့်ပြီး နှုတ်ခမ်း​တွေကိုစေ့ထားတယ်။

PE ချိန်ပြီးသွားပြီးတော့ အားလုံးက အပြင်မှာ ရှိနေကြတဲ့အချိန်မှာ ချောင်လန်က အမြန်ခိုးပြန်လာတယ်။ အဲ့ကျမှ အတန်းထဲမှာ တစ်ခြားဘယ်သူမှ မရှိတော့တာကို မြင်တဲ့ အချိန်ကျမှ ထန်းမော့က စကားပြောလာတယ်။

" တစ်ကယ်လို့ နင်က အရမ်းကြီး တော်နေတယ်ဆိုရင် စာမေးပွဲဖြေစရာလိုပါတော့မလား "

အချိန်ခဏလောက်တော့ ထန်းမော့logic ကို ချောင်လန် နားမလည်နိုင်ဖြစ်သွားတယ်။ ထန်းမော့ဘာဆိုလိုတာလဲဆိုတာ သဘောပေါက်ဖို့ ချောင်လန် အချိန်အတော်ကြာကြာယူလိုက်ရတယ်။

ထန်းမော့က စာမေးပွဲတွေကို စိတ်မဝင်စားဘူး။ အားလုံးက အမှတ်များများလိုချင်ကြတယ်။ ဘာလို့လဲဆိုတော့ အမှတ်များများရရင် အထက်တန်းဒုတိယနှစ်မှာ ပိုကောင်းတဲ့ အတန်းကို ပြောင်းတက်လို့ရနိုင်လို့ပဲ။ ပိုကောင်းတဲ့ အတန်းကို ပြောင်းတက်ရတယ်ဆိုတာက ကျောင်းမှာ ကျောင်းသားကျောင်းသူတွေရဲ့ social status ကို မြင့်တက်စေတယ်လေ။ ဆိုလိုတာက သူတို့တွေက တစ်ခြားကျောင်းသူ ကျောင်းသားတွေရဲ့ လေးစားအားကျစရာ ပြယုဒ်ဖြစ်လာတာပေါ့။ ပြီးတော့ နောက်ကျရင်လဲ ပိုကောင်းတဲ့ တက္ကသိုလ်ကို တက်ခွင့်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်တယ်။

ဒါပေမဲ့ ထန်းမော့အတွက် စားမေးပွဲက ဘာဆွဲဆောင်မှုမှ ရှိမနေဘူး။ သူက သာမန်လူတွေက ဘာကိုလိုချင်တာလဲ ဒါမှမဟုတ် သူ့ကို သူတို့တွေကဘယ်လိုတွေးကြမလဲဆိုတာတွေကို ဂရုမစိုက်ဘူး။

ဒါပေမဲ့ ချောင်လန်ကတော့ ထန်းမော့က မတုံးဘူး မတုံးရုံတင်မကဘူး သူက အားလုံးစိတ်ကူးထားတာထက် အများကြီး ပိုပြီး တော်တယ်ဆိုတာ အားလုံးကို သိစေချင်တယ်။

သူမက ဆက်ပြောချင်နေသေးတယ်။ ဒါပေမဲ့ အဲ့အချိန်မှာ တစ်ယောက်ယောက်က စာသင်ခန်းထဲကို ဝင်လာတော့ ထန်းမော့က ဆက်ပြီးစကားမပြောတော့ဘဲ အရင်လို အေးစက်နေတဲ့အသံနဲ့ ပြောလိုက်တယ်။ " အရှေ့လှည့် "

ချောင်လန် : ...

သူ သူမကို လျစ်လျူရှုပြန်ပြီ။

ထန်ချင်းနဲ့ တစ်ခြားအတန်းဖော်တွေက အပြင်ကနေ ဝင်လာကြတယ်။ သူတို့ဝင်လာလာချင်းမှာပဲ ချောင်လန်က ထိုင်ခုံနောက်ကို မှီပြီး ထန်းမော့ကို လှည့်စကားပြောနေတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ ထန်းမော့က ချောင်လန့်ကို လုံးဝမမြင်သလိုမျိုး ခေါင်းကိုငုံ့ထားတယ်။

အခုတလော အားလုံးက ဒီမြင်ကွင်းကို အသားကျလာကြပြီ။ ဒါပေမဲ့ အသားကျတာကတစ်ခု နားလည်တာက တစ်ခုလေ။

ချောင်လန်က ဘာလို့ အရူးတစ်ယောက်ကို စကားပြောပြောနေတာမှန်း ဘယ်သူမှ နားမလည်နိုင်ကြဘူး။ သူက ရူးရုံတင်မကဘူး နည်းနည်းလဲ ကြောင်နေတာလေ။

ချင်းယန်က ဒီမြင်ကွင်းကို တွေ့တော့ သူ့ဘေးနားက ကောင်လေးကို လှည့်ပြောလိုက်တယ်။ " ချောင်လန်... ငါသူမကို တစ်ကယ်နားမလည်တော့ဘူး။ သူမ မကြောက်ဘူးလားမသိဘူး။ "

အားလုံးက ခေါင်းတွေကို ခါလိုက်ကြတယ်။

ထန်ချင်းက ဟောင်ရင်ကို စကားပြောချင်တဲ့ သူမရဲ့ ဆန္ဒပြည့်ဝသွားပြီဆိုတော့ အခုအချိန်မှာ အရမ်းပျော်နေတယ်။ ပြီးတော့ သူမက အခုတလော ချောင်လန်နဲ့ ရင်းနှီးနေပြီလို့ ခံစားနေရတာကြောင့် သူမက လျှောက်သွားပြီး တိုက်ရိုက်ပဲမေးလိုက်တယ်။ " ချောင်လန် နင်ဘာလို့ သူ့ကို စကားသွားပြောနေရပြန်တာလဲ "

ထန်းမော့လက်ချောင်းတွေ အနည်းငယ်တုန်ရီသွားတယ်။

ချောင်လန့်အပြုံးက ပျောက်သွားတယ်။

သနားစရာကောင်းတာက ထန်ချင်းက သူမရဲ့ တုံ့ပြန်မှုကို သတိမထားမိတာပဲ။ ပြီးတော့ သူမက တစ်ခြားအတန်းဖော်တွေရှေ့မှာ ကြွားချင်နေတော့ သူမက ဆက်ပြောလိုက်တယ်။ " နင်ကသာ သူ့ကို နေ့တိုင်းနေ့ စကားသွားသွားပြောနေတာ။ သူကမှ နားမှ နားမလည်တာပဲ။ "

အဲ့တာပြီးတော့ သူမက လက်ကိုမြှောက်လိုက်ပြီး ချောင်လန်ရဲ့ ပုခုံးကို ပုတ်လိုက်တယ်။ " သူနဲ့ တအားကြီးသွားကပ်မနေနဲ့။ သတိထားနော်။ သူက ဝက်ရူးပြန်ပြီး ရုတ်တရက် နင်ကို ရိုက်မိရင်ရိုက်မိလိမ့်မယ်။ "

ချောင်လန်က ထန်ချင်းရဲ့ လက်ကို ပုတ်ထုတ်လိုက်ပြီး ကြောက်စရာကောင်းတဲ့ အကြည့်နဲ့ ထန်ချင်းကို ကြည့်လိုက်တယ်။ " သူက နင့်ကို ရိုက်ဖူးလို့လား။ "

ထန်ချင်းနဲ့ ဘေးက ပွဲကြည့်နေကြတဲ့ ကျောင်းသားထုကြီး အားလုံး အေးခဲသွားကြတယ်။ ပြီးတော့ ထန်ချင်းမျက်နှာက တောင့်တင်းသွားတယ်။

သေချာပေါက် မရိုက်ဖူးဘူးပေါ့။

ဒါပေမဲ့ ထန်းမော့က အရူးလေ။ ပြီးတော့ သူက ရုတ်တရက် ထထဖောက်တာတွေရှိရင်ရှိမှာပေါ့။

" နင်ဘာကို ဆိုလိုတာလဲ " ထန်ချင်းက အံ့အားသင့်စွာပြောလိုက်တယ်။ " ငါက နင်ကောင်းဖို့ပြောနေတာ...... "

" နင်ငါ့ကို ကောင်းပေးဖို့မလိုပါဘူး " ချောင်လန်က ထန်ချင်းပြောနေတာကို တိုက်ရိုက်ဖြတ်ပြောလိုက်တယ်။

ချောင်လန်က ရုတ်တရက်ကြီး သူမကို ဘာလို့ ဒီလောက်ကြမ်းတမ်းလာရတာလဲဆိုတာ ထန်ချင်း နားကိုမလည်နိုင်ဘူး။ ဘာလို့ ရုတ်တရက်ကြီး ဒီလိုဖြစ်လာရတာလဲ။

ချောင်လန်က သူမကို လုံးလုံး မျက်နှာသာမပေးတာရယ် ပြီးတော့ အတန်းထဲက လူတွေက သူမကို ဘယ်လိုကြည့်နေကြတယ်ဆိုတာကို တွေ့လိုက်ရအပြီးမှာ ထန်ချင်းက မျက်နှာတွေအရမ်းပူလာပြီး ရှက်ရှက်နဲ့ပြောလိုက်တော့တယ်။ " နင်က နင့်ကို ဂရုစိုက်တဲ့လူကိုကျတော့ အရေးမစိုက်ဘူး။ နင့်ကို အဖတ်မလုပ်တဲ့ တစ်စုံတစ်ယောက်ကိုပဲ သွားပြီး အရေးလုပ်နေတယ်။ "

အဲ့လိုပြောပြီး သူမက လှည့်ပြန်သွားတယ်။

ထန်ချင်းနဲ့ အတူရှိနေတဲ့ ကောင်မလေးတွေကလဲ ချောင်လန့်ကို မကြည်ကြည့်နဲ့ ကြည့်လိုက်ကြတယ်။

ဘေးနားက လူတွေကလဲ သူတို့အရင်ပြောနေကြတာတွေကို ဆက်ပြောကြတော့တယ်။ ချန်ယောင်းရန်နဲ့ လီဖန်တို့က သူတို့ကို သိပ်မဝေးတဲ့အကွာအဝေးကနေ လှမ်းကြည့်နေတယ်။ သူတို့ဘာတွေတွေးနေတာလဲဆိုတာတော့ မသိနိုင်ဘူး။

ချောင်လန်က တစ်ခြားသူတွေရဲ့ အမြင်ကို လုံးဝ ဂရုမစိုက်ဘူး။ သူမက ခေါင်းကို ပြန်လှည့်လိုက်တော့ ခုနကအကောင်းအတိုင်းရှိနေတဲ့ ထန်းမော့ရဲ့ စာအုပ်က အခု ပြဲနေတာကို တွေ့လိုက်ရတယ်။

ချောင်လန်က အသက်ကိုအရှည်ကြီး ရှူလိုက်တယ်။

" ထန်းမော့ " ချောင်လန်က သူ့ကို တိုးတိုးလေးပြောလိုက်တယ်။ ပြီးတော့ သူ့ရဲ့ ဖျော့တော့နေတဲ့ မျက်နှာလေးပိုဖြူသွားတာကို ကြည့်ရင်း ဝမ်းနည်းစွာ သက်ပြင်းချလိုက်တယ်။ " နင်ကငါ့ကို လျစ်လျူရှုရင် ဘယ်သူကမှ ငါ့ကိုဂရုစိုက်တော့မှာမဟုတ်ဘူး။ "

Zawgyi
ေခ်ာင္လန္က အ႐ူးလိုမ်ိဳး သေဘာစြတ္ေကာင္းတက္တဲ့သူမဟုတ္ဘူး။ ကေလးဘဝကထဲက ေခ်ာင္လန္က လူေတြကို လြယ္လြယ္နဲ႔ မယုံၾကည္တက္ဘူး။ ၿပီးေတာ့ အဲ့တာက အရမ္းလဲသိသာတယ္။

ဒါေပမဲ့ ဒီေကာင္မေလးက ဘာလို႔ သူမနား လာလာကပ္ခ်င္ေနရတာမွန္း သူမလုံးဝမသိေတာ့ဘူး။

PE ခ်ိန္စေတာ့ ေခ်ာင္လန္က ေဟာင္ရင္နဲ႔ ထပ္ေတြ႕ျပန္တယ္။ ေဟာင္ရင္က အခုထိ သူမကို ရင္းႏွီးသလိုမ်ိဳးလုပ္ေနတုန္းပဲ။ သူမကို ျမင္ေတာ့ သူက လာႏႈတ္ဆက္တယ္။

ေဟာင္ရင္ရဲ႕ သြားျဖဴႀကီးနဲ႔ သူ႔မ်က္ႏွာေပၚက အၿပဳံးကိုေတြ႕ေတာ့ ေခ်ာင္လန္က ေဟာင္ရင္ ႏႈတ္ဆက္တာကို hello ဆိုၿပီး ျပန္ႏႈတ္ဆက္လိုက္ရတယ္။ ဒါေပမဲ့ သူမ ေခါင္းလွည့္ၾကည့္လိုက္ေတာ့ ထန္ခ်င္းနဲ႔ ေကာင္မေလးတစ္ခ်ိဳ႕ အခ်င္းခ်င္းတြန္းထိုးေနၾကတာကို ေတြ႕လိုက္ရတယ္။

" ေခ်ာင္လန္ " ေကာင္မေလးအဖြဲ႕က ၾကင္နာတက္တဲ့မ်က္ႏွာထားေတြနဲ႔ သူမကို ႏႈတ္ဆက္ၾကတယ္။ ၿပီးေတာ့မ သူတို႔က သူမေရွ႕မွာရိွေနတဲ့ ေကာင္ေလးကို ၾကည့္လိုက္ၾကတယ္။ ၿပီးေတာ့မွ အခုမွ သတိထားမိတဲ့ ပုံစံ ဟန္ေဆာင္ၾကတယ္။ " အာ. နင္က အခန္း၅က ေဟာင္ရင္မလား!!! "

ေပါင္းသင္းဆက္ဆံေရးေကာင္းတဲ့ ေဟာင္ရင္က ၿပဳံးျပလိုက္ၿပီး အင္း ဟုတ္တယ္ ဆိုၿပီး ေျပာလိုက္တယ္။ ၿပီးေတာ့ သူတို႔ေတြက စၿပီး စကားေျပာၾကေတာ့တာပဲ။

ေနာက္ဆုံးေတာ့ ေခ်ာင္လန္ နားလည္သြားခဲ့ၿပီ။ ဘာလို႔ ထန္ခ်င္းက အခုတေလာ သူမကို စကားလာလာေျပာေနရတာလဲဆိုတာေပါ့။

ဒါေပမဲ့ ဒါႀကီးက လုံးဝကို ရွင္းျပလို႔မရဘူးေလ။

သူမနဲ႔ ေဟာင္ရင္က တစ္ေယာက္နဲ႔ တစ္ေယာက္ သိ႐ုံပဲ သိၾကတာေလ။ သူတို႔ေတြ႕ရင္ ဒီတိုင္း ႏႈတ္ဆက္လိုက္တာပဲေလ။

ထန္ခ်င္းက ေဟာင္ရင္ကို ပိတ္ရပ္ထားတယ္ဆိုေတာ့ ေခ်ာင္လန္တစ္ေယာက္ တိတ္တိတ္ေလး လွည့္ထြက္သြားဖို႔ အေကာင္းဆုံးပဲ။ သူမ စာသင္ခန္းထဲျပန္ေရာက္လာေတာ့ သူမ ထန္းေမာ့ကို ေနာက္တစ္ခါၾကည့္လိုက္တယ္။

အခုမွ ထန္းေမာ့ဘာစာအုပ္ဖတ္ေနတာလဲဆိုတာ ေခ်ာင္လန္ ျမင္ရေတာ့တယ္။ အေမရိကန္ ႐ူပေဗဒပညာရွင္တစ္ေယာက္ေရးထားတဲ့ Classical Electrodynamics ဆိုတဲ့ ႐ူပေဗဒစာအုပ္ပဲျဖစ္တယ္။

Acceleration(အရွိန္) ရဲ႕ အေျခခံကို နားလည္ဖို႔ေတာင္ခက္ခဲေနတဲ့ ေခ်ာင္လန္႔အတြက္ စာအုပ္ေပၚက သေကၤတေတြ ပုံေတြက ဂရိစာေတြပဲ။

ထန္းေမာ့က အရမ္းေတာ္တယ္ဆိုတာ ေခ်ာင္လန္သိတယ္။ ဘာလို႔လဲဆိုေတာ့ မူရင္းဝတၳဳထဲမွာ ထန္းေမာ့မွာ သာမန္လူေတြထက္အမ်ားႀကီးပိုသာတဲ့ မွတ္ဥာဏ္နဲ႔ IQ ရိွတယ္လို႔ စာေရးဆရာက ထပ္ခါထပ္ခါ ေဖာ္ျပထားခဲ့တယ္။ အမ်ိဳးသားဇာတ္လိုက္ျဖစ္တဲ့ ခ်န္ေယာင္းရန္ေတာင္မွ ထန္းေမာ့ထက္ အမ်ားႀကီး ပို ညံ့တယ္။

စာအုပ္က ေျပာထားတယ္ ထန္းေမာ့က ဥာဏ္ႀကီးရွင္ပဲတဲ့။

အရင္တုန္းက ထန္းေမာ့ calculus စာအုပ္ေတြ၊ Wuthering Heights ၿပီးေတာ့ သမိုင္းစာအုပ္ေတြအမ်ားႀကီး ဖတ္ေနတာကို ေခ်ာင္လန္ ျမင္ဖူးတယ္။ ဒါေပမဲ့ အခု ဒီစာအုပ္ကိုျမင္လိုက္ေတာ့ သူမ လုံးဝနားမလည္ႏိုင္ဘူး။ ေနာက္ဆုံးေတာ့ သူတို႔၂ေယာက္ၾကားက IQ ကြာဟခ်က္ကို သူမ ခံစားမိၿပီ။

ေခ်ာင္လန္ ႐ုတ္တရက္ သိခ်င္လာတယ္။

" ထန္းေမာ့ " ေခ်ာင္လန္က သူ႔ကို ေခၚလိုက္တယ္။

ထန္းေမာ့က သူမကို လ်စ္လ်ဴရႈထားတယ္။

ရန္ျဖစ္တဲ့ေန႔တုန္းက ေဆးထုတ္ကို လက္ခံရၿပီးေနာက္ ၿပီးေတာ့ ေနာက္ရက္အနည္းငယ္ေလာက္မွာ ဦးေလးခ်န္က ဟင္းပြဲေတြ ပါဆယ္ လာလာမွာေနတာကို ျမင္ရၿပီးေနာက္မွာ ထန္းေမာ့ စိတ္တိုေနတာမန္း ေခ်ာင္လန္ နားလည္လာတယ္။ ဒါေပမဲ့ ေသခ်ာတာကေတာ့ သူက သူမကို မမုန္းဘူးဆိုတာပဲ။

ထန္းေမာ့က သူမကို လ်စ္လ်ဴရႈထားတယ္။ ဒါေပမဲ့ ေခ်ာင္လန္က ဂ႐ုမစိုက္ဘူး။ " ထန္းေမာ့ ငါတို႔အခုသင္ေနတဲ့ physics က နင့္အတြက္အရမ္းလြယ္လား "

ဒါေပါ့

ထန္းေမာ့က ေခါင္းကို ေမာ့လိုက္တယ္။ ၿပီးေတာ့ ေခ်ာင္လန္႔ကို ဘာအမူအရာမွမရိွဘဲ ၾကည့္လိုက္တယ္။

သူက ၁၂နစ္အ႐ြယ္ကထဲက ဒါေတြကို ကိုယ့္ဘာသာကိုယ္ သင္ယူလို႔ၿပီးေနၿပီ။ ေနာက္ဆုံးအႀကိမ္တုန္းက ေခ်ာင္လန္ ဗလာခ်န္ထားခဲ့တဲ့ေမးခြန္းကို သူေတြ႕ေတာ့ လက္နဲ႔ ဘာမွခ်တြက္စရာေတာင္မလိုပဲ ထန္းေမာ့က အေျဖမွန္ကို ရႏိုင္ခဲ့တယ္။

ထန္းေမာ့က ဘာမွ ရွင္းရွင္းလင္းလင္းေတာ့ မေျပာေပမဲ့ ေခ်ာင္လန္က အထင္ေသးခံလိုက္ရတယ္လို႔ ခံစားလိုက္ရတယ္။

ၾကည့္ရတာ သူက အဲ့ဒါေတြကို တစ္ကယ္႐ိုးရွင္းၿပီး လြယ္ကူတယ္လို႔ ျမင္ေနတဲ့ပုံပဲ။

မွန္တာေပါ့။

ေခ်ာင္လန္ သက္ျပင္းခ်လိုက္တယ္။ လက္ေမာင္းကို ထိုင္ခုံေပၚမွာ တင္လိုက္ၿပီး ေမးေစ့ကို လက္ေမာင္းေပၚတင္လိုက္တယ္။ " နင္က တစ္ကယ္ေတာ့ အရမ္းေတာ္တာပဲ။ ၿပီးေတာ့ နင္က ငါတို႔ထက္လဲ အမ်ားႀကီး ပိုသိတယ္။ စာေမးပြဲေမးခြန္းေတြအကုန္လုံးကို ဘယ္လိုေျဖရမလဲဆိုတာလဲ သိတာပဲ။ အဲ့တာဆို ထန္းေမာ့ နင္ဘာလို႔ စာေမးပြဲမေျဖတာလဲ။ "

အထက္တန္းေက်ာင္းသင္ခန္းစာေတြက ထန္းေမာ့အတြက္အရမ္း လြယ္လြန္းတယ္။ တစ္ကယ္လို႔ သူသာ စာေမးပြဲေျဖမယ္ဆိုရင္ ေသခ်ာေပါက္ကို အံ့ဩစရာေကာင္းတဲ့ ရလဒ္ေတြထြက္လာမွာပဲ။

ထန္းေမာ့က ေခ်ာင္လန္႔ကိုၾကည့္ၿပီး ႏႈတ္ခမ္း​ေတြကိုေစ့ထားတယ္။

PE ခ်ိန္ၿပီးသြားၿပီးေတာ့ အားလုံးက အျပင္မွာ ရိွေနၾကတဲ့အခ်ိန္မွာ ေခ်ာင္လန္က အျမန္ခိုးျပန္လာတယ္။ အဲ့က်မွ အတန္းထဲမွာ တစ္ျခားဘယ္သူမွ မရိွေတာ့တာကို ျမင္တဲ့ အခ်ိန္က်မွ ထန္းေမာ့က စကားေျပာလာတယ္။

" တစ္ကယ္လို႔ နင္က အရမ္းႀကီး ေတာ္ေနတယ္ဆိုရင္ စာေမးပြဲေျဖစရာလိုပါေတာ့မလား "

အခ်ိန္ခဏေလာက္ေတာ့ ထန္းေမာ့logic ကို ေခ်ာင္လန္ နားမလည္ႏိုင္ျဖစ္သြားတယ္။ ထန္းေမာ့ဘာဆိုလိုတာလဲဆိုတာ သေဘာေပါက္ဖို႔ ေခ်ာင္လန္ အခ်ိန္အေတာ္ၾကာၾကာယူလိုက္ရတယ္။

ထန္းေမာ့က စာေမးပြဲေတြကို စိတ္မဝင္စားဘူး။ အားလုံးက အမွတ္ မ်ားမ်ားလိုခ်င္ၾကတယ္။ ဘာလို႔လဲဆိုေတာ့ အမွတ္မ်ားမ်ားရရင္ အထက္တန္းဒုတိယႏွစ္မွာ ပိုေကာင္းတဲ့ အတန္းကို ေျပာင္းတက္လို႔ရႏိုင္လို႔ပဲ။ ပိုေကာင္းတဲ့ အတန္းကို ေျပာင္းတက္ရတယ္ဆိုတာက ေက်ာင္းမွာ ေက်ာင္းသားေက်ာင္းသူေတြရဲ႕ social status ကို ျမင့္တက္ေစတယ္ေလ။ ဆိုလိုတာက သူတို႔ေတြက တစ္ျခားေက်ာင္းသူ ေက်ာင္းသားေတြရဲ႕ ေလးစားအားက်စရာ ျပယုဒ္ျဖစ္လာတာေပါ့။ ၿပီးေတာ့ ေနာက္က်ရင္လဲ ပိုေကာင္းတဲ့ တကၠသိုလ္ကို တက္ခြင့္ရမယ္ဆိုတဲ့ အဓိပၸာယ္ပဲျဖစ္တယ္။

ဒါေပမဲ့ ထန္းေမာ့အတြက္ စားေမးပြဲက ဘာဆြဲေဆာင္မႈမွ ရွိမေနဘူး။ သူက သာမန္လူေတြက ဘာကိုလိုခ်င္တာလဲ ဒါမွမဟုတ္ သူ႔ကို သူတို႔ေတြကဘယ္လိုေတြးၾကမလဲဆိုတာေတြကို ဂ႐ုမစိုက္ဘူး။

ဒါေပမဲ့ ေခ်ာင္လန္ကေတာ့ ထန္းေမာ့က မတုံးဘူး မတုံး႐ုံတင္မကဘူး သူက အားလုံးစိတ္ကူးထားတာထက္ အမ်ားႀကီး ပိုၿပီး ေတာ္တယ္ဆိုတာ အားလုံးကို သိေစခ်င္တယ္။

သူမက ဆက္ေျပာခ်င္ေနေသးတယ္။ ဒါေပမဲ့ အဲ့အခ်ိန္မွာ တစ္ေယာက္ေယာက္က စာသင္ခန္းထဲကို ဝင္လာေတာ့ ထန္းေမာ့က ဆက္ၿပီးစကားမေျပာေတာ့ဘဲ အရင္လို ေအးစက္ေနတဲ့အသံနဲ႔ ေျပာလိုက္တယ္။ " အေရွ႕လွည့္ "

ေခ်ာင္လန္ :

သူ သူမကို လ်စ္လ်ဴရႈျပန္ၿပီ။

္ထန္ခ်င္းနဲ႔ တစ္ျခားအတန္းေဖာ္ေတြက အျပင္ကေန ဝင္လာၾကတယ္။ သူတို႔ဝင္လာလာခ်င္းမွာပဲ ေခ်ာင္လန္က ထိုင္ခုံေနာက္ကို မွီၿပီး ထန္းေမာ့ကို လွည့္စကားေျပာေနတာကို ေတြ႕လိုက္ရတယ္။ ဒါေပမဲ့ ထန္းေမာ့က ေခ်ာင္လန္႔ကို လုံးဝမျမင္သလိုမ်ိဳး ေခါင္းကိုငုံ႔ထားတယ္။

အခုတေလာ အားလုံးက ဒီျမင္ကြင္းကို အသားက်လာၾကၿပီ။ ဒါေပမဲ့ အသားက်တာကတစ္ခု နားလည္တာက တစ္ခုေလ။

ေခ်ာင္လန္က ဘာလို႔ အ႐ူးတစ္ေယာက္ကို စကားေျပာေျပာေနတာမွန္း ဘယ္သူမွ နားမလည္ႏိုင္ၾကဘူး။ သူက ႐ူး႐ုံတင္မကဘူး နည္းနည္းလဲ ေၾကာင္ေနတာေလ။

ခ်င္းယန္က ဒီျမင္ကြင္းကို ေတြ႕ေတာ့ သူ႔ေဘးနားက ေကာင္ေလးကို လွည့္ေျပာလိုက္တယ္။ " ေခ်ာင္လန္... ငါသူမကို တစ္ကယ္နားမလည္ေတာ့ဘူး။ သူမ မေၾကာက္ဘူးလားမသိဘူး။ "

အားလုံးက ေခါင္းေတြကို ခါလိုက္ၾကတယ္။

ထန္ခ်င္းက ေဟာင္ရင္ကို စကားေျပာခ်င္တဲ့ သူမရဲ႕ ဆႏၵျပည့္ဝသြားၿပီဆိုေတာ့ အခုအခ်ိန္မွာ အရမ္းေပ်ာ္ေနတယ္။ ၿပီးေတာ့ သူမက အခုတေလာ ေခ်ာင္လန္နဲ႔ ရင္းႏွီးေနၿပီလို႔ ခံစားေနရတာေၾကာင့္ သူမက ေလွ်ာက္သြားၿပီး တိုက္႐ိုက္ပဲေမးလိုက္တယ္။ " ေခ်ာင္လန္ နင္ဘာလို႔ သူ႔ကို စကားသြားေျပာေနရျပန္တာလဲ "

ထန္းေမာ့လက္ေခ်ာင္းေတြ အနည္းငယ္တုန္ရီသြားတယ္။

ေခ်ာင္လန္႔အၿပဳံးက ေပ်ာက္သြားတယ္။

သနားစရာေကာင္းတာက ထန္ခ်င္းက သူမရဲ႕ တုံ႔ျပန္မႈကို သတိမထားမိတာပဲ။ ၿပီးေတာ့ သူမက တစ္ျခားအတန္းေဖာ္ေတြေရွ႕မွာ ႂကြားခ်င္ေနေတာ့ သူမက ဆက္ေျပာလိုက္တယ္။ " နင္ကသာ သူ႔ကို ေန႔တိုင္းေန႔ စကားသြားသြားေျပာေနတာ။ သူကမွ နားမွ နားမလည္တာပဲ။ "

အဲ့တာၿပီးေတာ့ သူမက လက္ကိုေျမႇာက္လိုက္ၿပီး ေခ်ာင္လန္ရဲ႕ ပုခုံးကို ပုတ္လိုက္တယ္။ " သူနဲ႔ တအားႀကီးသြားကပ္မေနနဲ႔။ သတိထားေနာ္။ သူက ဝက္႐ူးျပန္ၿပီး ႐ုတ္တရက္ နင္ကို ႐ိုက္မိရင္႐ိုက္မိလိမ့္မယ္။ "

ေခ်ာင္လန္က ထန္ခ်င္းရဲ႕ လက္ကို ပုတ္ထုတ္လိုက္ၿပီး ေၾကာက္စရာေကာင္းတဲ့ အၾကည့္နဲ႔ ထန္ခ်င္းကို ၾကည့္လိုက္တယ္။ " သူက နင့္ကို ႐ိုက္ဖူးလို႔လား။ "

ထန္ခ်င္းနဲ႔ ေဘးက ပြဲၾကည့္ေနၾကတဲ့ ေက်ာင္းသားထုႀကီး အားလုံး ေအးခဲသြားၾကတယ္။ ၿပီးေတာ့ ထန္ခ်င္းမ်က္ႏွာက ေတာင့္တင္းသြားတယ္။

ေသခ်ာေပါက္ မ႐ိုက္ဖူးဘူးေပါ့။

ဒါေပမဲ့ ထန္းေမာ့က အ႐ူးေလ။ ၿပီးေတာ့ သူက ႐ုတ္တရက္ ထထေဖာက္တာေတြရွိရင္ရွိမွာေပါ့။

" နင္ဘာကို ဆိုလိုတာလဲ " ထန္ခ်င္းက အံ့အားသင့္စြာေျပာလိုက္တယ္။ " ငါက နင္ေကာင္းဖို႔ေျပာေနတာ...... "

" နင္ငါ့ကို ေကာင္းေပးဖို႔မလိုပါဘူး " ေခ်ာင္လန္က ထန္ခ်င္းေျပာေနတာကို တိုက္႐ိုက္ျဖတ္ေျပာလိုက္တယ္။

ေခ်ာင္လန္က ႐ုတ္တရက္ႀကီး သူမကို ဘာလို႔ ဒီေလာက္ၾကမ္းတမ္းလာရတာလဲဆိုတာ ထန္ခ်င္း နားကိုမလည္ႏိုင္ဘူး။ ဘာလို႔ ႐ုတ္တရက္ႀကီး ဒီလိုျဖစ္လာရတာလဲ။

ေခ်ာင္လန္က သူမကို လုံးလုံး မ်က္ႏွာသာမေပးတာရယ္ ၿပီးေတာ့ အတန္းထဲက လူေတြက သူမကို ဘယ္လိုၾကည့္ေနၾကတယ္ဆိုတာကို ေတြ႕လိုက္ရအၿပီးမွာ ထန္ခ်င္းက မ်က္ႏွာေတြအရမ္းပူလာၿပီး ရွက္ရွက္နဲ႔ေျပာလိုက္ေတာ့တယ္။ " နင္က နင့္ကို ဂ႐ုစိုက္တဲ့လူကိုက်ေတာ့ အေရးမစိုက္ဘူး။ နင့္ကို အဖတ္မလုပ္တဲ့ တစ္စုံတစ္ေယာက္ကိုပဲ သြားၿပီး အေရးလုပ္ေနတယ္။ "

အဲ့လိုေျပာၿပီး သူမက လွည့္ျပန္သြားတယ္။

ထန္ခ်င္းနဲ႔ အတူရွိေနတဲ့ ေကာင္မေလးေတြကလဲ ေခ်ာင္လန္႔ကို မၾကည္ၾကည့္နဲ႔ ၾကည့္လိုက္ၾကတယ္။

ေဘးနားက လူေတြကလဲ သူတို႔အရင္ေျပာေနၾကတာေတြကို ဆက္ေျပာၾကေတာ့တယ္။ ခ်န္ေယာင္းရန္နဲ႔ လီဖန္တို႔က သူတို႔ကို သိပ္မေဝးတဲ့အကြာအေဝးကေန လွမ္းၾကည့္ေနတယ္။ သူတို႔ဘာေတြေတြးေနတာလဲဆိုတာေတာ့ မသိႏိုင္ဘူး။

ေခ်ာင္လန္က တစ္ျခားသူေတြရဲ႕ အျမင္ကို လုံးဝ ဂ႐ုမစိုက္ဘူး။ သူမက ေခါင္းကို ျပန္လွည့္လိုက္ေတာ့ ခုနကအေကာင္းအတိုင္းရွိေနတဲ့ ထန္းေမာ့ရဲ႕ စာအုပ္က အခု ၿပဲေနတာကို ေတြ႕လိုက္ရတယ္။

ေခ်ာင္လန္က အသက္ကိုအရွည္ႀကီး ရႉလိုက္တယ္။

" ထန္းေမာ့ " ေခ်ာင္လန္က သူ႔ကို တိုးတိုးေလးေျပာလိုက္တယ္။ ၿပီးေတာ့ သူ႔ရဲ႕ ေဖ်ာ့ေတာ့ေနတဲ့ မ်က္ႏွာေလးပိုျဖဴသြားတာကို ၾကည့္ရင္း ဝမ္းနည္းစြာ သက္ျပင္းခ်လိုက္တယ္။ " နင္ကငါ့ကို လ်စ္လ်ဴရႈရင္ ဘယ္သူကမွ ငါ့ကိုဂ႐ုစိုက္ေတာ့မွာမဟုတ္ဘူး။ "

Weiterlesen

Das wird dir gefallen

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...