#Uni
အိပ်ရာကနိုးလာလို့ ဘေးကိုကြည့်လိုက်တော့ ဘေးမှာ မကခုထိမနိုးသေး...မှောက်ရက်လေးအိပ်နေတဲ့မက ချစ်စရာကောင်းနေပြန်ပြီကွာ...ညကကိုယ်အရမ်းရက်စက်ခဲ့တယ်မလား စိတ်လွတ်သွားလို့ရယ်
မအနားတိုးရင်း မျက်နှာမှာ ကျနေတဲ့ ဆံပင်လေးတွေသပ်လိုက်တော့ မမျက်နှာလေးက နီရဲနေပြီး ချွေးတွေနဲ့ ချွေးသုတ်ပေးမလိုလုပ်ရင်း မအသားလေးကိုထိမိတော့
"ပူခြစ်နေတာပဲ... မ ဖျားနေပြီ..''
ထထိုင်လိုက်ပြီး မကို ရေဘတ်တိုက်ပေးမလို့ စောင်ဖယ်လိုက်တော့
"ဘုရား ဘုရား...မ... မကျောတစ်ခုလုံး ''
ဟုတ်တယ်...ညက လူကိုဒေါသထွက်စေမဲ့စကားတွေပဲပြောလို့ စိတ်မထိန်းနိုင်ဘဲ ဗီဒိုထဲကနေ ခါးပတ်တစ်ခုသွားယူပြီး ရိုက်ခဲ့မိတာကို...
အစက ဒီတိုင်း ခြောက်ရုံသက်သက်ပေမဲ့ မက ရိုက်လေမဟုတ်တာပိုပြောလေဖြစ်တော့ အသိစိတ်မဲဲ့တဲ့အထိရိုက်ခဲ့မိတယ်
ညကတော့ ကိုယ့်အာရုံနဲ့ကိုယ်ဆိုတော့ မရဲ့ချစ်တယ်ဆိုတဲ့စကားသာ ကြားရဖို့အတွက်တာဆူနေပြီး စိတ်လွတ်နေခဲ့ပေမဲ့
ခုမှသေချာကြည့်တော့ မ ကျောပြင်တစ်ခုလုံးက ခါးပတ်ရာတွေနဲ့ မြင်မကောင်းအောင်ဖြစ်ပြီး အခင်းတွေရောစောင်တွေမှာပါ သွေးတွေပေလို့... ခါးပတ်နဲ့ရိုက်ထားတဲ့ဒဏ်ရာတွေကလဲ သွေးတွေစို့နေပြီး မြင်မကောင်း...
လက်ကလဲ ကုတင်နဲ့ ခုထိအချည်ခံထားရတော့ အဖြူရောင်စွပ်ကျယ်လေးမှာလဲ သွေးတွေနဲ့ လက်လဲပွန်းသွားပုံရတယ်...အောက်ပိုင်းကိုကြည့်လိုက်တော့ အောက်ခံဘောင်းဘီလေးသာကျန်တော့တယ်ပြောရမယ်
အတွင်းဘက်ပေါင်သားတွေကလဲ နီရဲပြီး ပွန်းပဲ့နေတာပါလား...ကုတင်အောက်မှာလဲ သွေးတွေပေနေတဲ့ ခါးပတ်ရယ် အဝတ်စတွေရယ်...ညကအတော်လက်လွန်ခဲ့ပြီ
"ငါ...ငါ ဘာတွေများလုပ်ခဲ့မိပါလိမ့်..''
ညက မကိုဒီတိုင်းမချော့ရဲလို့ ရဲဆေးတင်တဲ့အနေနဲ့ ဖေဖေရဲ့အရက်ပုလင်းကိုယူပြီး တစ်ခွက်လောက်သောက်လိုက်မိတာ ခုတော့အမှားကြီးမှားခဲ့ပြီ...မကိုသိပ်ချစ်တယ်ဆိုပြီး မကြည့်ရဲလောက်အောင် နှိပ်စက်ခဲ့တာမလား
"မတော့ မုန်းနေတော့မှာပဲ ''
ဘာမှမလုပ်တတ်မကိုင်တတ်ဖြစ်နေတုန်း အတွေးထဲ မကြီးကို မြင်ယောင်လာလို့ ထပြီးသွားမလို့လုပ်ပေမဲ့ သတိရပြီး အောက်ကိုငုံ့ကြည့်လိုက်တော့ ဘာမှမဝတ်ရသေး...
ကုတင်အောက်က ဘောင်းဘီကိုယူဝတ်ပြီး အပေါ်ပိုင်းဗလာနဲ့ အောက်ထပ်က မကြီးဆီပြေးဆင်းပြီး အခန်းတံခါးကိုခေါက်ရင်း နှိုးရတယ်...တော်သေးတာပေါ့ အိမ်ဖော်တွေမလာသေးသလို ယောဂဆရာလဲမလာသေးလို့
"ဘာလဲ အစောကြီးလာနှိုး...''
"မကြီး လိုက်ခဲ့မှရမယ်..''
ပြောပြီး လက်ကနေကိုင်ရင်း အပေါ်ထပ်ကိုခေါ်သွားလိုက်တယ်...မျက်စိမှိတ်လိုက်ဖွင့်လိုက်နဲ့အိပ်ချင်မူးတူး ဖြစ်နေတဲ့မကြီးက ကိုယ့်အခန်းထဲက မကိုလဲမြင်ရော
"အမလေး...ဘုရား...ဘာ ဘာကြီးလဲ..''
မျက်လုံးပြူးပြီး ဖင်ထိုင်ရက် ပြုတ်ကျသွားပါလေရော
"အဲ့တာ မ...ညက ကျွန်တော်မူးနေပြီး လက်လွန်သွားတာ အခု မဒီလိုဖြစ်နေတာပဲ''
မကြီးက မယုံနိုင်သလို ကိုယ့်ကိုမော့ကြည့်ရင်း ထိုင်နေရာကနေ ကုန်းထပြီးတော့ မအနားကိုသွားပြီး
"မိချီ...ဟဲ့ မိချီ ''
မကြီးက ကုတင်ပေါ်တက်ပြီး မရဲ့ဒဏ်ရာတွေကို ကြည့်နေတုန်း မယုံနိုင်သလိုဖြစ်နေပြီး သွေးတွေကိုမြင်မိတော့ မေ့လဲမလို့တောင်ဖြစ်တော့မဲ့ မကြီးကို နောက်ကထိန်းပေးလိုက်ရင်း
"မကြီး...အဆင်ပြေ..''
"လွှတ်စမ်း မုဒိန်းကောင်...လူသတ်သမားရဲ့..''
မကြီးက လူကိုတွန်းထုတ်ပြီး မကိုအသာလှုပ်နှိုးနေတယ်
"မိချီ ထပါအုံး...ဟဲ့...အသိရှိသေးတယ်မလားလို့ အဟင့်ဟင့်...သူငယ်ချင်းမိချီ...နင်အသက်ရှိသေးတယ်မလား...ကြည့်ပါအုံး ငါ့သူငယ်ချင်း...''
မကြီးက မကိုကြည့်ရင်း မျက်ရည်တွေကျနေပြန်ရော...မကြီးရဲ့မျက်ရည်တွေက မရဲ့ကျောပေါ်က ဒဏ်ရာတွေပေါ်ကျသွားတော့
"အား...အဟင့်...စပ်တယ်...ကလေး...နာတယ်...ရပ်..''
လို့သာယောင်နေပြီး မကသတိပြန်လစ်သွားပြန်ရော
"မ...''
မအနားလာမလို့လုပ်တော့ မကြီးက လက်နဲ့ကာရင်း
"မလာနဲ့... ငါ့သူငယ်ချင်းနား...''
"မကြီး..''
"ဆေးရုံကား ခေါ်..''
"မရဘူး...မကြီး...''
မကြီးက ကုတင်ပေါ်ကနေ ထလိုက်ရင်း
"နင်ထောင်ကျမှာစိုးလို့လား...ဘာလဲ နင်က မုဒိန်းကောင် မိန်းမတစ်ယောက်ကို ခုလိုလုပ်တဲ့သူမှန်း တလောကလုံးသိမှာစိုးလို့လား..''
"မဟုတ်ဘူး...မှားနေပြီ..''
"....''
"မကြီး တွေးကြည့်...မကိုဆေးရုံခေါ်သွားလို့ သတင်းထောက်တွေသိရင် မကိုကျွန်တော်ကrapeလုပ်ပြီး ခုလိုဖြစ်တာလို့သတင်းရေးမှာ...''
"မဟုတ်လို့လား...''
"မဟုတ်ဘူး.... ''
"......''
"မကြီး...မကခုလိုပုံစံဖြစ်နေပေမဲ့ ကျွန်တော် မနဲ့ဟိုကိစ္စထိမဖြစ်သေးဘူး...''
"....''
"နောက်သတင်းထဲပါလာခဲ့ရင် အထိခိုက်ဆုံးက မပဲလေ...တကယ်လို့ မကကျွန်တော်ကိုမုန်းသွားလို့မပတ်သက်ချင်တော့ရင် မကသူ့ဘဝမှာဖျက်မရတဲ့အမဲစက်ကြီးနဲ့ ရှင်သန်သွားရမှာ ''
"......''
".......''
မကြီးကတွေးနေရင်းကနေ သက်ပြင်းချပြီး
"သွား...အဝတ်စသန့်သန့်တစ်ခုရယ် ရေနွေးစပ်ထားတဲ့ရေဗလုံရယ် ယူလာခဲ့..''
မကြီးပြောတာတွေကိုယူလာပြီး အနားချပေးလိုက်ရင်း
"အဝတ်တွေသွားယူရမလား..''
"တကိုယ်လုံး ဒဏ်ရာတွေနဲ့ကို အဝတ်ဘယ်လိုဝတ်မလဲ ''
ဟုတ်ပါတယ်...မကျောကုန်းကဒဏ်ရာတွေကြောင့် အင်္ကျီဝတ်လို့မရလောက်ဘူး...ပေါင်ကလဲပွန်းနေလို့ ဘောင်းဘီကဝတ်မရ...
"သွား...ရေချိုးခန်းထဲကနေ သိုးမွှေးသဘက်ယူလာခဲ့...''
ယူလာပေးတော့ မကြီးက သဘက်ကိုဖြန့်လိုက်ပြီး သဘက်အလယ်လောက်ကနေ မကိုယ်ကိုအုပ်လိုက်ရင်း အောက်ခံဘောင်းဘီကို ချွတ်လေရဲ့
"အင်...အဟင့်. "
မကနာလို့ထင်တယ်...ငြီးနေရင်း ပြန်အိပ်သွားတာကြောင့် မျက်နှာလေးမဲ့ပြီး မကိုကြည့်နေတော့
"ခုမှသေမလိုမျက်နှာမလုပ်နဲ့... ခုလိုငါ့သူငယ်ချင်းဖြစ်ရတာ နင့်ကြောင့်...''
ဘောင်းဘီကို ကုတင်အောက်ပစ်ချလိုက်ပြီး
"ဟဲ့... မိချီ ပေါင်တွေကလဲပွန်းနေတာလား...ပေါင်လာဖြဲပေး...''
"မကြီးဘာသာ လုပ်...''
"ညကငါ့ကိုခေါ်ပြီး ခုလိုဖြစ်အောင်လုပ်ခိုင်းလို့လား...အမြန်လာ အနာထဲပိုးဝင်နေမယ်..''
တုန်ရီနေတဲ့လက်တွေနဲ့ မရဲ့ပေါင်လေးကိုစေ့နေရာကနေ ဘေးဘက်ကိုကားအောင်ဆွဲလိုက်ပေမဲ့ မကြီးက
"ဘာလို့ အဲ့လက်တွေကတုန်နေရတာလဲ... ညတုန်းကကျ အဲ့လိုကြောက်နေရင် ငါ့သူငယ်ချင်း ခုလိုဖြစ်မှာမဟုတ်ဘူး..''
"ဒါတော့ မကြီးသူငယ်ချင်းကလဲ မခံချင်အောင်ပြောတာကို..''
ပြောတော့ ပေါင်ကိုရေဘက်တိုက်ပေးနေတဲ့အဝတ်နဲ့ လူကိုလာပစ်ပြီး
"လူစိတ်မရှိအောင် နှိပ်စက်ထားပြီး ငါ့သူငယ်ချင်းကိုအပြစ်လာမတင်နဲ့ ''
ကိုယ့်အမှားနဲ့ကိုယ်ဆိုတော့ငြိမ်ခံနေရတာပေါ့လေ
"အဝတ်ပြန်ကောက်ပေး..''
မကြီးက ရေဘတ်တိုက်ပေးပြီးတော့ ကုတင်နားမှာရပ်ကြည့်နေတဲ့ကိုယ့်ဘက်လှည့်ရင်း
"မိချီကို ချီလိုက်..''
"ဟမ်...''
"မကြားဘူးလား...''
"ဟို ဒီတိုင်း...ဘာမှမဝတ်ထားတာကို...''
"ညတုန်းက အဝတ်တွေချွတ်တာ နင်မလား..''
"အဲ့တုန်းကမူးနေလို့...''
"ဒါဆိုသွားသောက်လေ...''
"ဟင့်အင်း... မကိုနာကျင်အောင်လုပ်မိတာ အဲ့အရက်ကြောင့် သေတောင်မသောက်တော့ဘူး..''
"အပိုတွေ...အမြန်လုပ်ဟာ တော်ကြာ အလုပ်သမားတွေလာတော့မယ်..''
တစ်ယောက်ယောက် မြင်သွားရင်မလွယ်တာမို့ မကိုပခုံးကနေ ဆွဲမလိုက်တော့
"အင့်...''
ပက်လက်လေး ကိုယ့်ရင်ခွင်ထဲမှာ မေ့နေတဲ့မမျက်နှာလေးကို မြင်တော့ရင်ထဲနာမိတယ်...
မကြီးက အရှေ့ဘက်ကို သဘက်နဲ့ပက်လိုက်ပြီး
"ခန ချီထား...''
မကြီးက အိပ်ယာခင်းတွေရော စောင်ကိုပါ ကုတင်အောက်ပစ်ချလိုက်ပြီး အိမ်စေတွေလာရင် မရိပ်မိအောင် ပြန်ပြင်နေတယ်... အိပ်ရာခင်းကတော့ အထူမလို့တော်သေးတယ်...အောက်ကအခံကိုသွေးတွေမပေတါကြောင့်
"လာ မိချီအခန်းသွားမယ်..''
မအခန်းထဲကိုဝင်လိုက်ပြီး မကုတင်ကစောင်လေးကို မကြီးကဖယ်ရင်း
"မှောက်ရက်ဖြစ်အောင်ချ...မဟုတ်ရင် ဒဏ်ရာတွေထိပြီး နာလိမ့်မယ်...''
"....''
"ခနနေအုန်း...ငါ နင့်အခန်းက အမှိုက်တွေသွားရှင်းလိုက်အုံးမယ်..''
".....''
"ဟဲ့...သူ့ကိုပတ်ထားတဲ့သဘက်ကို ချွတ်ပေးပြီး ဒီတိုင်းထား...ဆေးထည့်ရအောင်လို့ ''
အဲတော့ မကိုဝတ်ထားတဲ့သဘက်လေးကို ဖွဖွလေးဖယ်လိုက်တော့ မကနည်းနည်းလှုပ်လာပြီး ငြီးပေမဲ့ မျက်စိကမဖွင့်... ထပ်အိပ်သွားပြန်ပြီ
ဘယ်လိုပြောပြော...မမျက်နှာလေးကိုသာ ကြည့်ရဲပေမဲ့ အောက်ဘက်ကိုတော့ မကြည့်ရဲ ...ခုနကချီထားတုန်းကလဲ မကိုယ်လုံးလေးကိုမကြည့်ရဲခဲ့ဘူး
"တောင်းပန်ပါတယ်...မရယ် မုန်းတော့မမုန်းပါနဲ့နော်..''
မနှုတ်ခမ်းလေးကိုဖွဖွလေးနမ်းလိုက်တော့...
"ငါ့သူငယ်ချင်းက မေ့နေတာနော်..''
မကြီးက ဆေးဗူးကြီးကိုင်လာရင်း
"ဖယ်စမ်း...''
အဲ့လိုနဲ့ မကို ဆေးထည့်ပြီးတော့ မကြီးက
"နင့်အိပ်ရာခင်းရော သက်သေအားလုံး ငါဆီမှာ... တကယ်လို့ ငါ့သူငယ်ချင်းတစ်ခုခုဖြစ်ရင် နင့်ကိုငါကိုယ်တိုင် တရားစွဲပစ်မယ်..''
မကြီးရုပ်ကအတည်လုပ်မဲ့ရုပ်...
"မကြီး...''
"အမြန်သွားတော့ ခနနေ အကိုမိုးယံလာတော့မှာ...နင်အမြန်ပြင်..''
"မအနားမှာ...''
"နင်နေလို့မရဘူး ခန့်...အကိုမိုးယံက နင်နဲ့မိချီကို သံသယဝင်နေတာ ဒါကြောင့် နင်ကအလုပ်သွား...ငါကမိချီကို ဂရုစိုက်ပေးမယ်...နောက်အကိုမိုးယံကိုလဲ ဖုန်းဆက်ပြီး အဆင်ပြေသလို ငါပြောထားပေးမယ်..''
".....''
"နင်အလုပ်သွား...ပြန်လာမှ မိချီအခြေအနေကိုကြည့်လို့ရတယ်လေ အဲ့ချိန်ကျ သူလဲနိုးလာလောက်ပြီ... အဲ့တော့မှ တောင်းပန်ပေါ့ဟာ..''
မကြီးပြောသလိုပဲ အလုပ်သွားရပေမဲ့ စိတ်ကမပါ...အချိန်အမြန်ကုန်ပါစေပဲ ဆုတောင်းနေမိလို့လားမသိ...အချိန်တွေက ကုန်တာနှေးလိုက်တာများ...ညနေလဲကျရော အလုပ်သမားတွေကို အမြန်အလုပ်ဆင်းခိုင်းလိုက်တယ်... ကိုယ့်ဘာသာကားမောင်းနေတာဆိုတော့ အမြန်သာမောင်းပြီး အိမ်ကိုရောက်တော့ မကြီးက
"ခန့်...မစောဘူးလား..''
"မကြီး ဘာလို့ အောက်ဆင်းနေတာလဲ... မအနားမနေဘူးလား..''
ပြောလိုက်တော့ မကြီးက ပန်ကန်ကိုမြှောက်ပြရင်း
"နင့် မအတွက် ဆန်ပြုတ်လာလုပ်နေတာ သူသတိရနေပြီ...ဒါပေမဲ့ ပေါင်တွေပွန်းနေတာရော ကျောကုန်းကဒဏ်ရာအရှိန်ကြောင့် လှဲနေသေးတယ်..''
ပြောနေရင်း မကြီးကအပေါ်တက်မလို လုပ်တော့...
"မကြီး...ငါ..ငါလိုက်တွေ့လို့ဖြစ်ပါ့မလား..''
မကြီးက နောက်လှည့်လာပြီး...
"ငါ ဘယ်သိမလဲ ဒါပေမဲ့ နင်တော်တော်လွန်တယ်..သူ့ကြည့်ရတာ စိတ်ထိခိုက်သွားပုံပဲ နေ့လည်လောက်ကသတိရပေမဲ့ ဘာစကားမှမပြောဘူး...ငိုပဲငိုနေတာ..''
"အဲ့လောက်တောင်...''
"ပြောရတာမကောင်းပေမဲ့ သူနင့်ကိုမုန်းသွားလောက်ပြီ..''
"မကြီး....''
"ဘာလို့... လာအော်တာလဲ...''
"Sorry... နည်းနည်းစိတ်တိုသွားလို့..''
ပြောလိုက်တော့ စိတ်ပျက်သလိုကြည့်ပြီး အပေါ်ထပ်တက်မလိုလုပ်နေတဲ့မကြီး အနားသွားရင်း ကိုင်လာတဲ့အိတ်ကို လှေကားခြေရင်းမှာ ချ...ဆန်ပြုတ်ပန်ကန်လေးကိုဆွဲယူလိုက်ပြီးတော့
"မကြီးပင်ပန်းနေလောက်ရောပေါ့ ပေး...မကို ကျွန်တော် သွားပြုစုပေးမယ်...မကြီးနားတော့နော်..''
ပြောတော့ မကြီးကစိတ်မချတဲ့ပုံနဲ့..
"နင်ဖြစ်မှာမဟုတ်ဘူး...မိချီက စိတ်ကြီးတယ်ဟ...နင်အခုတော်တော်လွန်ထားတော့ နင့်ကိုမသတ်ရင်ကံကောင်း ''
"သတ်လဲသေလိုက်မယ်ဗျာ...ပေးပါ...မဟုတ်ရင် မအနားကပ်လို့ရမှာမဟုတ်ဘူး..''
"ဟဲ့...နေအုံး နောက်ပြီး သူအဝတ်မဝတ်ထားရသေးဘူးဟ... သူ့အနာတွေက ယောင်နေလို့ အရောင်ကျအောင်စောင့်ရမယ်လေ... အဲ့ဒါကြောင့် မနက်ဖြန်လောက်မှ အဝတ်ဝတ်လို့ရမှာ..''
"မ...အဲ့လောက်တောင်လား..''
"အေး...တကယ်ဟယ် နင်လဲ မယုံနိုင်ဘူး...အဲ့လောက်လုပ်မယ်လို့...''
"နောက်မှပြောတာပေါ့...မဗိုက်ဆာနေလောက်ပြီ...ဆေးလဲအပတ်လည်အောင်တိုက်ရမှာဆိုတော့ သွားတော့မယ်..''
"ကံကောင်းပါစေဟာ..''
သာမန်ဆို မိချီကိုအရမ်းအလိုလိုက်သလို အသားနာအောင်မလုပ်တတ်မှန်း ကိုယ့်မောင်အကြောင်းသိပြီးသား...တကယ်အရက်ဝင်တာနဲ့ ခုလိုပုံစံမဟုတ်တော့တာတော့ တကယ်အံ့သြတယ်
အရင်ကမူးရင်အိပ်သွားတတ်ပေမဲ့ ခုမိချီကို သဝန်တိုတာရော စိတ်မချတာပါ ရောပြီး ခုလိုကြောက်စရာလုပ်ရက်ကိုလုပ်နိုင်တာနေမယ်
သြော်...အချစ်ဆိုတာထူးဆန်ပါလားနော်...တချို့က အချစ်နဲ့တွေ့ရင် နူးညံ့သွားသလောက် တချို့က အချစ်နဲ့တွေ့ရင် နတ်ဆိုးတစ်ကောင်လို ပြောင်းလဲသွားတတ်ပါလား
💖💖💖💖💖💖💖💖💖
#Zawgyi
အစက ဒီတိုင်း ခြောက်ရုံသက်သက်ပေမဲ့ မက ရိုက်လေမဟုတ်တာပိုပြောလေဖြစ်တော့ အသိစိတ်မဲ့တဲ့အထိရိုက်ခဲ့မိတယ်
"ဘာလဲ အစောကြီးလာနှိုး...''
"မကြီး လိုက်ခဲ့မှရမယ်..''
"မိချီ...ဟဲ့ မိချီ ''
"မကြီး...အဆင်ပြေ..''
"မ...''
"မကြီး..''
"ဆေးရုံကား ခေါ်..''
"မရဘူး...မကြီး...''
"မဟုတ်ဘူး...မှားနေပြီ..''
"....''
"မဟုတ်လို့လား...''
"မဟုတ်ဘူး.... ''
"......''
"....''
"......''
".......''
"အဝတ်တွေသွားယူရမလား..''
"အင်...အဟင့်. "
"မကြီးဘာသာ လုပ်...''
"အဝတ်ပြန်ကောက်ပေး..''
"မိချီကို ချီလိုက်..''
"ဟမ်...''
"မကြားဘူးလား...''
"အဲ့တုန်းကမူးနေလို့...''
"ဒါဆိုသွားသောက်လေ...''
"အင့်...''
"ခန ချီထား...''
"လာ မိချီအခန်းသွားမယ်..''
"....''
".....''
"ဖယ်စမ်း...''
"မကြီး...''
"မအနားမှာ...''
".....''
"ခန့်...မစောဘူးလား..''
"အဲ့လောက်တောင်...''
"မကြီး....''
"ဘာလို့... လာအော်တာလဲ...''
"မ...အဲ့လောက်တောင်လား..''
"ကံကောင်းပါစေဟာ..''