#Uni
"မကြီး ကူညီစမ်းပါဟာ..''
"ဘာလို့ ငါ့ကိုအပူလာကပ်နေရတာလဲ...ငါအလုပ်လုပ်နေတယ်..''
"ငါ အဲလစ်ကိုအပြတ်ပြောလိုက်ပြီ ''
ပြောလိုက်တော့ ဖတ်နေတဲ့စာရွက်ကို ချပြီး ဘာဆက်ပြောမလဲ...နားထောင်လာတဲ့မကြီးကို ဖြစ်သမျှပြောပြလိုက်တော့ လက်ခုပ်တီးပြီး မျက်ရည်ကျအောင်တောင် ရယ်ပါလေရော...ဘာလဲ အဲ့လောက်ရယ်စရာပါလို့လား
"ကျေနပ်လိုက်တယ်ဟယ်... အဲ့တုန်းက ငါရှိနေသင့်တာ အဲ့မိန်းမ ဘယ်လောက်တောင်ရယ်စရာပုံဖြစ်နေလိုက်မလဲ ''
"ရယ်လို့ပြီးရင် မနဲ့ပြေလည်အောင်လုပ်ပေး ''
မကြီးက ရယ်နေရာကနေ ချက်ချင်းတည်သွားပြီး
"ဘာတွေလာပြောနေတာလဲ နင်တို့ကိစ္စနင်တို့ဘာသာရှင်း ''
"လုပ်ပါဟာ... မကြီးကလဲ...''
"တော်ပြီ... ခန့်ထည်ဝါ မောင်လေး ဒီအမက ဝင်ကိုမပါချင်ပါဘူးနော်..''
"မကြီး...''
"ကလေးလိုလာလုပ်မနေနဲ့ နင်ခုပြန်ရင်ပြန် မပြန်ရင် အေးဆေးနေ... မဟုတ်လို့ကတော့ လုံခြုံရေးခေါ်ပြီးဆွဲထုတ်ခိုင်းရမလား ကြိုက်တာပြော ''
ခုဆို ဘာအလုပ်မှလဲမလုပ်နိုင်သလို မိချီကိုဘယ်လိုချော့ရမလဲသာ ဆိုဖာပေါ်ထိုင်ရင်းတွေးနေတဲ့ မောင်ဖြစ်သူကို မသိမသာခိုးကြည့်ရင်း တိတ်တိတ်လေးသာရယ်နေမိတယ်...ငါသိတာကြောင့် နင်မိချီကိုပဲ ရွေးမယ်ဆိုတာ
---------------------------------------
"ဒယ်ဒီ...''
ရုံးခန်းထဲ ဘာမပြောညာမပြောဝင်လာတဲ့သမီးဖြစ်သူကိုကြည့်မိတော့ သွေးတောင်ဆောင့်တက်သွားသလိုပဲ
မျက်နှာတစ်ခုလုံးလဲရစရာမရှိ...ငိုထားလို့နဲ့ထင်တယ် လိုင်နာမဲမဲကြီးတွေက မျက်ရည်တွေလိုပါးပေါ်မှာ အကြောင်းလိုက်ကြီး... နှုတ်ခမ်းနီတွေကလဲ နှုတ်ခမ်းဘေးနားတွေမှာ ပါပေကျံနေပြီး ဆံပင်တွေကလဲပွရှုပ်နေပါလား
ဖိနပ်တစ်ဖက်ကို လက်က ကိုင်ပြီးတောင် ငိုလာတာများ...ခြေထောက်ကိုကြည့်လိုက်တော့ ဖိနပ်ကမပါ..ခုပုံစံက အဲလစ်ရော ဟုတ်ရဲ့လား..
"My daughter ဘာဖြစ်လာတာလဲ ''
ပြောတော့ ဖိနပ်ကိုပစ်ချလိုက်ပြီး ပြေးဖက်ပါလေရော
"ဒယ်ဒီ သူ... အဟင့် သူဟိုမိန်းမကိုရွေးသွားပြီ... နောက်သူကပြောသေးတယ် စေ့စပ်ထားတာကိုလဲဖျက်တယ်တဲ့ ခုသူ...သူ...ဗြဲ...''
"Oh ,don't cry.. my daughter ''
"အဟင်..အစ် အစ် ဗြဲ...ဒယ်ဒီ ''
"အိုကွယ်... ဘာလို့ရှိုက်ကြီးတငင်ငိုနေရတာလဲ ဖေဖေ့ကိုယုံစမ်းပါ သားခန့်က သမီးအတွက်ပဲ ''
"ဒါဆို ဟိုမိန်းမကို ဒယ်ဒီ..အစ် အစ် ရှင်း...ရှင်းပစ်လိုက်..''
ငိုတာများလို့ ရှိုက်သံတွေတောင်ထွက်လာရင်း သမီးဖြစ်သူဆီက ခုလိုစကားမျိုးကိုကြားတော့
"ယောင်းမဖြစ်လာမဲ့သူကိုအဲ့လိုမပြောရဘူးလေ....သူကလဲ တစ်နေ့ ဖေဖေတို့မိသားစုဝင်ဖြစ်လာမှာ...''
နားမလည်သလိုကြည့်လာတဲ့သမီးဖြစ်သူကို ရင်ခွင်ထဲထည့်ဖက်ပြီး ချော့ရတာပေါ့... သမီးလေးကခုထိမရင့်ကျက်သေးဘူးကို...
"သား အဲ့ကောင်မလေးကို ချစ်နေတာလား..''
"ချစ်တာထပ်ပိုတယ်...သူ့စကားက ကျွန်တော်အတွက်အမိန့်လိုပဲ..''
"ငါ့သားတောင်အရွယ်ရောက်လာပြီကို..''
လေဆိပ်ကိုလိုက်ပို့ရင်း သားဖြစ်သူက လေယာဥ်ပေါ်မတက်ခင်နောက်ဆုံးပြောလိုက်တဲ့စကားက
"ဖေဖေ ချီကို ကာကွယ်ပေးပါနော် ကတိပေးပါ... တစ်ခုခု ဖေဖေသည်းမခံချင်စရာရှိလာခဲ့မယ်ဆိုရင်တောင် ချီကို ကာကွယ်ပေးပါ..''
"အကြောင်းပြချက်ကဘာလဲသား..''
"သူက သားဘဝအတွက် အရေးပါတဲ့လူတစ်ယောက်ဖြစ်သလို ကျွန်တော်ကာကွယ်ပေးချင်တဲ့လူသားတစ်ယောက်ဖြစ်နေလို့..''
သိတယ်သား... အဲ့ကောင်မလေးပုံစံက မင်းအမေနဲ့သိပ်ဆင်တယ်...အပြစ်ကင်းတဲ့ပုံစံအပြုံးလေးတွေ နားလည်မှုရှိတဲ့အတွေးလေးတွေ...
မဟုတ်မခံချင်စိတ်တွေရော သူများအပေါ်ကူညီချင်စိတ်လေးတွေပါ အရမ်းတူလွန်းတယ်... ဖေဖေက အဲ့တာကိုတန်ဖိုးမထားခဲ့လို့ မင်းအမေကိုဆုံးရှုံးခဲ့ရပေမဲ့
ငါ့သား မင်းကတော့အဲ့လိုမဖြစ်စေရဘူး...သမီးချီက အရမ်းတော်တဲ့သူဖြစ်လာမှာသိနေသလို... အဲ့လိုပဲ သားခန့်ကလဲ တကယ်တော်တဲ့သူ အတ္တဆန်တယ်ပဲပြောပြော...အကောင်းဆုံးလူသားတွေက ဖေဖေသမီး သားတို့နဲ့သာ ထိုက်တန်တာပါ
သိပ်ဆိုးတဲ့သားလေးကို လိမ္မာအောင် ခနလေးအတွင်းလုပ်နိုင်တဲ့သမီးချီက ငါ့သားအတွက်ပဲဖြစ်စေရမယ်
အဲ့လိုပဲ သိပ်ထက်မြက်တဲ့သားခန့်ကလဲ ကိုယ့်သမီးအတွက်ပဲ ဒါမှသမီးနောင်ရေးကိုစိတ်ချရမှာ...အမြင့်ကိုပျံသန်းသွားတဲ့လေယာဥ်ပျံကြီးကိုကြည့်ပြီး
"စိတ်ချငါ့သား... သမီးချီက ငါ့သားအတွက်ပဲဖြစ်ရမယ် ဖေဖေက အဲ့လိုဖြစ်အောင်လုပ်ပေးမှာ...''
ခုလဲ သမီးချီက လွယ်သူမဟုတ်ပြန်ဘူး သူ့ရဲ့ တမူထူးခြားတဲ့ပုံစံစိတ်နေစိတ်ထားကြောင့် သားလိုမျိုး သူမအပေါ်စွဲလမ်းတဲ့လူတစ်ယောက်ပေါ်လာပြန်ပြီ
ပြောရမယ်ဆိုရင် သမီးချီက ပင့်ကူအိမ်နဲ့အသွင်တူတယ်... ဘာမှမဟုတ်ဘူးလို့ ထင်ရပေမဲ့ သူ့အနားသွားရင် လုံးဝပြန်လမ်းမရှိတော့ဘူး တွေးနေတုန်း သမီးဖြစ်သူက
"ထည်ဝါသာ ဟိုမိန်းမနဲ့လက်ထပ်လိုက်ရင် သမီးသေမှာ ''
ရင်ခွင်ထဲကနေ သမီးဖြစ်သူက အသံတိုးတိုးလေး ပြောလာတော့... ကျောပြင်လေးကိုပုတ်ပေးပြီး
"အဲ့လိုဖြစ်စရာလား...ဖေဖေက သူတို့ကို လွယ်လွယ်နဲ့လက်မလွှတ်ပါဘူးကွယ်..''
သမီးချီအကြောင်း လူလွှတ်ပြီး စုံစမ်းခိုင်းသလို တစ်နေ့လုံးဘာလုပ်တယ်ဆိုတာကအစစုံစမ်းစေပြီး သားခန့်နဲ့ အဲလစ် နိုင်ငံခြားတူတူသွားတာရော... သားခန့်မိဘတွေဆီသွားတဲ့ပုံ လျှောက်လည်တဲ့ပုံတွေကိုပါ တမင် ပို့ပေးခဲ့ပေမဲ့
ကိုယ်တွေးသလို ဖြစ်ခံနီးမှ ပျက်သွားရတယ်လို့... မိဘစကားနားထောင်ပြီး ရင့်ကျက်တယ်လို့ထင်ရတဲ့ သားခန့်က သမီးချီကို ရွေးသွားခဲ့တယ်လေ ဒီတစ်နည်းမရလဲ နောက်နည်းပေါ့
"ကစားပွဲကပျော်စရာကောင်းလာပြီ..''
တိုးတိုးလေးပြောရင်းရယ်လိုက်တယ်...သူဘာတွေတွေးနေသလဲဆိုတာ ဘယ်သူမှမသိနိုင်ပေမဲ့ သူ့အပြုံးတွေကတော့ လုံးဝ လူယုတ်မာအပြုံးလို့ ပြောရမယ်
သူ့ရဲ့နောက်ကျောက စားပွဲခုံပေါ်မှာလဲ ချီချီနဲ့ ဆရာလေချိုသွေးတို့ပုံတွေက စားပွဲတစ်ခုလုံးပြန့်ကျဲနေပါလေရောလား
------------------------------------------
"ဆရာ ခုသင်တန်းချိန်မရှိတော့ဘူးမလား...''
"အင်းဘာလို့လဲ ''
"အန်တီဆီသွားရအောင်လေ ဟိုနေ့က မွေးနေ့လက်ဆောင်မပါသွားဘူးမလား..အဲ့တာ ဒီနေ့ ပေးမလို့ယူလာတယ်..''
ဟုတ်တယ် လွန်ခဲ့တဲ့၁ပတ်လောက်က ဆရာက သူ့အမေဆီခေါ်သွားတယ်လေ...အဲ့နေ့ကအဲ့အန်တီမွေးနေ့ကိုး...
"အထဲဝင်လေ..လာ ''
ပုံစံတွေပြောင်းပြီး လာမဲ့လာတော့ ဆေးရုံတဲ့လား... အခန်းထဲဝင်လိုက်တော့ အသက်နည်းနည်းကြီးကြီး အန်တီတစ်ယောက်က ဆေးပိုက်တွေ စက်ကိရိယာတွေတပ်ထားပြီး ကုတင်ပေါ်မှာမေ့နေပုံပဲ
"ဒါ ကိုယ့်မေမေလေ...ချောတယ်မလား..''
"ဟင်...အင်း...''
"မေမေ သားလာတယ်... happy birthday ပါနော်မေမေ..''
အဲ့အန်တီနားသွားလိုက်ပြီး ဆရာက နှဖူးလေးကိုနမ်းလိုက်တယ်...ဆရာ့အမေကမသေသေးဘူးလား
ဆရာက ယူလာတဲ့ကိတ်မုန့်လေးကို အဖုံးဖွင့်...ကုတင်ပေါ် စားပွဲသေးသေးလေးကိုချလိုက်ရင်း အဲ့အပေါ်ကိုကိတ်မုန့်တင်လိုက်ပြီးနောက် happy birthdayသီချင်းစဆိုပြီး ဆရာက
"မေမေ ဆုတောင်းနော်...သားမေမေ့အစားမီးမှုတ်ပေးမယ်..''
ဆရာကမီးမှုတ်ပြီးတော့ ကိတ်မုန့်လေးကိုခွဲပြီး ကိုယ့်အတွက်ရယ် သူ့အတွက်ရယ် ထည့်လိုက်တာကြောင့် စားနေရင်း
"ကိုယ့်မေမေက သိပ်ချောတယ်မလား..''
"အင်း...''
"သိလား...လွန်ခဲ့တဲ့၁၀နှစ်ကမေမေက ကိုမာဝင်ပြီး ၄နှစ်လောက်ကျ သတိပြန်ရလာတယ် ဒါပေမဲ့ အာရုံကြောတွေကပျက်ဆီးစဖြစ်နေတော့ ၁လကိုတစ်ခါလောက်ပဲ လူကောင်းလိုနေရပေမဲ့ အဲ့တစ်ရက်ပြီးရင်...ကုတင်ပေါ်မှာ သတိမေ့နေတတ်တယ်..''
".....''
"အဲ့ကတည်းက ဆရာဝန်တွေကလက်လျော့ဖို့ပြောပေမဲ့ ကိုယ်လက်မလျော့ခဲ့ဘူး... ကိုယ့်မှာ မိသားစုဆိုလို့ မေမေပဲရှိတော့တာကို... ဒါကြောင့် အလုပ်ပိုကြိုးစားခဲ့တယ်..''
ကိတ်မုန့်လေးစားရင်း နားထောင်နေတုန်း ဘာသံမှဆက်မကြားတော့လို့ ဆရာ့ကို ကြည့်လိုက်တော့... မျက်ရည်တွေ ကျနေပြီး ကိုယ့်ကိုမြင်တော့ ခေါင်းငုံ့လိုက်ရင်း
"ဒါပေမဲ့ လွန်ခဲ့တဲ့သုံးနှစ်လောက်မှာ မေမေမနိုးလာတော့ဘူး...မေမေ့ရဲ့အာရုံကြောတချို့က ပျက်ဆီးသွားပြီလေ... တချို့အာရုံကြောအနည်းငယ်ကသာအလုပ်လုပ်တော့တယ်...ပြောရရင် အသက်သာရှူနေပေမဲ့ သေသူနဲ့မခြားဘူးတဲ့...''
"......''
"ဆရာဝန်တွေကပြောတယ်...ခုလိုလုပ်နေတာမပင်ပန်းဘူးလားတဲ့ မေမေကိုလွတ်မြောက်ခွင့်ပေးလိုက်ပါတဲ့ ဘယ်လိုလုပ်ရမလဲ ကိုယ့်မှာ မေမေပဲရှိတာကို အနည်းဆုံးတော့ ''
"......''
"သတိရတိုင်း မေမေဆီလာတွေ့နိုင်တာပေါ့...ကိုယ်အရမ်းအတ္တကြီးသွားလား..''
"....''
"မေမေဘက်ကကြည့်ရင် ဘယ်တရားမလဲနော်...မေမေဆီလာတိုင်း မေမေ့ကိုအားနာရပေမဲ့ လက်မလွှတ်နိုင်ဘူး...''
မုန့်ဇွန်းလေးကိုချလိုက်ပြီး ထလိုက်ပြီးတော့ ဆရာ့နားသွားရင်း ခေါင်းလေးကိုကိုင်လိုက်တော့ ခါးကိုလာဖက်တယ်
ဆရာကလူကြီးဆန်တယ်ဆိုပေမဲ့ ငယ်ငယ်လေးနဲ့လောကဓံကို တော်တော်ခံခဲ့ရတာပဲ...ကိုယ်တွေမိဘဆီကပ်ချွဲနေတဲ့အရွယ်မှာ အဖေကိုဆုံးရှုံးခဲ့ရပြီး အမေကျပြန်တော့လဲ မသေရုံတမယ်... အလုပ်တွေလဲလုပ်ခဲ့ရတယ်မလား
"ငိုလိုက်... အကျယ်ကြီးအော်ငို...အားရအောင်ငိုလိုက်...ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ငိုချင်သလောက်ငို... ရင်ထဲရှိသမျှပြောပြီး ငိုချပစ်..''
ပြောလိုက်ပြီး ခေါင်းလေးပွတ်ပေးလိုက်တော့
ခါးကိုတင်းအောင်ဖက်လိုက်ပြီး
"မေမေ...သတိရတယ် မေမေ့ကိုသတိရတယ် ကြောက်တယ်...သားကြောက်တယ် ဘယ်လိုလုပ်မလဲ... မေမေပါမရှိရင် ဘယ်လိုလုပ်ရမလဲ.....''
အဲ့နေ့ကဆရာအကျယ်ကြီးအော်ငိုခဲ့တယ်... ပတ်ဝန်းကျင်ကိုတောင်ဂရုမစိုက်ဘဲ အော်ငိုခဲ့တယ်လေ အခန်းထဲ လူနာအခြေအနေလာကြည့်တဲ့ဆရာရော လူနာစောင့်သူနာပြုမလေးတို့တောင်
အခန်းဝမှာ ငြိမ်ငြိမ်ကလေးရပ်နေတာကိုတောင်သတိမထားမိလောက်အောင်ငိုခဲ့တယ်...ဆေးရုံတစ်ခုလုံးကလဲ ဆရာ့အကြောင်းသိတော့ တချို့ဆို ဆရာ့ကိုကြည့်ပြီး မျက်ရည်တွေတောင်ခိုးသုတ်တဲ့သူရှိသေး...
ပင်ပန်းခဲ့မှာပေါ့ဆရာရယ် ဘယ်လောက်တောင်မြိုသိမ့်ထားရမလဲ..ဘယ်လောက်အားတင်းထားရမလဲနော်
အဲ့နေ့က ခြေထောက်တွေတောင် တောင့်ပါတယ်ဆို...ဒါပေမဲ့ဆရာပုံစံက နည်းနည်းပိုအဆင်ပြေလာတယ်နဲ့တူပါတယ်လေ...စကားတွေလဲနည်းနည်းပိုပြောလာသလို လူတွေနဲ့လဲ နည်းနည်းအခေါ်အပြောရှိလာတာကြောင့်
"အင်း သွားကြတာပေါ့... ချာတိတ် အတွေးလွန်နေပြန်ပြီ..''
"သြော်...ဟုတ် ဆရာ..''
ဆရာ့အမေဆီရောက်တော့ ၁ပတ်လောက် ကြိုးစားပြီး ထိုးထားတဲ့အသဲပုံသိုးမွှေးကလစ်လေး ပန်ပေးလိုက်ပြီး
"လှသွားပြီ...အရင်ကထက်တောင်ပိုချောသွားတယ်နော် ဆရာ..''
"ကိုယ့်မေမေတော့ စိတ်ညစ်နေတော့မှာပဲကွာ ထိုးထားတာကလဲ ကလေးတောင်ထိုးခိုင်းရင်ပိုလှမှာ..''
"ဆရာနော်...''
"သြော်... ဆရာတို့အတွဲတောင် ရောက်လာပြီကို...''
"ဟမ်..''
"ဟို ဆရာမလေး... မဟုတ် အဲ့ ''
သူနာပြုမလေးက အခန်းထဲဝင်လာပြီး ပြီတီတီရုပ်နဲ့
"ရှက်မနေပါနဲ့ ဆရာဘယ်တုန်းက မိန်းကလေးသူငယ်ချင်းခေါ်လာဖူးလို့လဲ... ဒီကညီမလေး... ဆရာကလူကောင်းပါကွယ် ညီမကံကောင်းတယ်သိလား..''
"ဟို အမ မှားနေပြီ..ဆရာနဲ့ချီက ''
"ချာတိတ် ပြန်မယ်...မိုးချုပ်တော့မယ်လေ...ဆရာမလေး ပြန်ပြီနော် မေမေ့ကိုဂရုစိုက်ပေးပါအုံး ''
သူနာပြုလေးကို ချာတိတ်ကမဟုတ်ကြောင်း ငြင်းတော့မယ်...နောက်ကိုယ့်ကို အကိုလိုသာသဘောထားကြောင်း အများကြီးပြောတော့မှာမို့
မချစ်ဘူးဆိုတာသိပေမဲ့ ချာတိတ်ပါးစပ်ကပြောလာမှာတော့မကြားချင်...ဒါကြောင့် ပခုံးကနေဖက်ပြီး အတင်းအပြင်ကိုခေါ်သွားတာတောင်
ချာတိတ်က နောက်လှည့်ပြီး ပြောမလိုလုပ်တော့ ကိုယ်ကပါးစပ်ကိုလက်နဲ့ပိတ်လိုက်တာတောင် ဝူးဝူးဝါးဝါးနဲ့ပြောနေသေး...ခုတော့ကားပေါ်တလျှောက် စိတ်ကောက်နေပါလေရဲ့
"ချာတိတ် ရေခဲမုန့်စားမလား..''
"မစားဘူး..''
"တခြားဘာစားချင်လဲ..''
"မစားဘူး မိုးချုပ်နေပြီလေ...အမြန်မောင်း..''
"ကိုယ့်ကိုစိတ်ကောက်နေတာလား..''
"သိရင်ဘာလို့မေးလဲ...''
"အဲ့လောက်တောင် ကိုယ်နဲ့ဘာမှမဟုတ်ဘူးဆိုတာ သိပ်ပြောချင်နေတာလား... အထင်လွဲခံရမှာတောင်ကြောက်နေတယ်ပေါ့လေ..''
"အမ်...ဘာတွေပြောနေတာလဲ ချီက အန်တီကိုမနှုတ်ဆက်လိုက်ရလို့ စိတ်ဆိုးနေတာ..''
"ဘယ်လို..''
"ဟုတ်တယ်လေ ပြန်မယ်ဆိုလို့ အန်တီကိုနှုတ်ဆက်မလို့ကို... အတင်းလူကိုအခန်းအပြင်ဆွဲခေါ်သွားပြီးတော့...နောက်လှည့်ပြီး နှုတ်ဆက်ဖို့တောင် ပါးစပ်လာပိတ်တယ်လေ...အဲ့တာကြောင့် စိတ်ဆိုးတာ ချီမှန်တယ်...''
".....''
"ကိုယ့်အပြစ်ကိုယ်သိတယ်မလား...နောက်တစ်ခါဆို ကြိမ်လုံးနဲ့ရိုက်ပစ်မယ် ''
"ဟား... ကြောက်ရအောင်ကိုယ်က ကလေးလား..''
ချာတိတ်ရယ်... မေမေ့အပေါ်လဲအရမ်းကောင်းသလို ကိုယ့်ကိုလဲ ရယ်အောင်လုပ်နိုင်ပါလားကွာ... ချာတိတ်သာအနားရှိရင် မေမေတောင် ချာတိတ်ရဲ့ဂရုစိုက်မှုတွေကြောင့် ပြန်နိုးချင်လာမှာ သေချာတယ်
တကယ် ဂျိုကာလေးလို တခါတလေ ဟာသလေးတွေပြောတတ်သလို တခါတလေကျ ကလေးလေးလိုလဲ ချစ်စရာကောင်းပြန်ရော...တခါတလေကျ လူကြီးလို ဆုံးမတတ်တဲ့ကောင်မလေး အင်း... မင်းကိုသာပိုင်ဆိုင်ရမယ်ဆို ကိုယ်အသက်ရှည်ရှည်နေနိုင်ပြီး ပျော်သာပျော်နေမှာ...ကိုယ့်ရဲ့ အသက်ရှည်ဆေးလေး
💖💖💖💖💖💖💖💖💖💖
#Zawgyi
"မႀကီး ကူညီစမ္းပါဟာ..''
"ဘာလို႔ ငါ့ကိုအပူလာကပ္ေနရတာလဲ...ငါအလုပ္လုပ္ေနတယ္..''
"ငါ အဲလစ္ကိုအျပတ္ေျပာလိုက္ၿပီ ''
ေျပာလိုက္ေတာ့ ဖတ္ေနတဲ့စာ႐ြက္ကို ခ်ၿပီး ဘာဆက္ေျပာမလဲ...နားေထာင္လာတဲ့မႀကီးကို ျဖစ္သမွ်ေျပာျပလိုက္ေတာ့ လက္ခုပ္တီးၿပီး မ်က္ရည္က်ေအာင္ေတာင္ ရယ္ပါေလေရာ...ဘာလဲ အဲ့ေလာက္ရယ္စရာပါလို႔လား
"ေက်နပ္လိုက္တယ္ဟယ္... အဲ့တုန္းက ငါရွိေနသင့္တာ အဲ့မိန္းမ ဘယ္ေလာက္ေတာင္ရယ္စရာပုံျဖစ္ေနလိုက္မလဲ ''
"ရယ္လို႔ၿပီးရင္ မနဲ႕ေျပလည္ေအာင္လုပ္ေပး ''
မႀကီးက ရယ္ေနရာကေန ခ်က္ခ်င္းတည္သြားၿပီး
"ဘာေတြလာေျပာေနတာလဲ နင္တို႔ကိစၥနင္တို႔ဘာသာရွင္း ''
"လုပ္ပါဟာ... မႀကီးကလဲ...''
"ေတာ္ၿပီ... ခန့္ထည္ဝါ ေမာင္ေလး ဒီအမက ဝင္ကိုမပါခ်င္ပါဘူးေနာ္..''
"မႀကီး...''
"ကေလးလိုလာလုပ္မေနနဲ႕ နင္ခုျပန္ရင္ျပန္ မျပန္ရင္ ေအးေဆးေန... မဟုတ္လို႔ကေတာ့ လုံၿခဳံေရးေခၚၿပီးဆြဲထုတ္ခိုင္းရမလား ႀကိဳက္တာေျပာ ''
ခုဆို ဘာအလုပ္မွလဲမလုပ္နိုင္သလို မိခ်ီကိုဘယ္လိုေခ်ာ့ရမလဲသာ ဆိုဖာေပၚထိုင္ရင္းေတြးေနတဲ့ ေမာင္ျဖစ္သူကို မသိမသာခိုးၾကည့္ရင္း တိတ္တိတ္ေလးသာရယ္ေနမိတယ္...ငါသိတာေၾကာင့္ နင္မိခ်ီကိုပဲ ေ႐ြးမယ္ဆိုတာ
---------------------------------------
"ဒယ္ဒီ...''
႐ုံးခန္းထဲ ဘာမေျပာညာမေျပာဝင္လာတဲ့သမီးျဖစ္သူကိုၾကည့္မိေတာ့ ေသြးေတာင္ေဆာင့္တက္သြားသလိုပဲ
မ်က္ႏွာတစ္ခုလုံးလဲရစရာမရွိ...ငိုထားလို႔နဲ႕ထင္တယ္ လိုင္နာမဲမဲႀကီးေတြက မ်က္ရည္ေတြလိုပါးေပၚမွာ အေၾကာင္းလိုက္ႀကီး... ႏႈတ္ခမ္းနီေတြကလဲ ႏႈတ္ခမ္းေဘးနားေတြမွာ ပါေပက်ံေနၿပီး ဆံပင္ေတြကလဲပြရႈပ္ေနပါလား
ဖိနပ္တစ္ဖက္ကို လက္က ကိုင္ၿပီးေတာင္ ငိုလာတာမ်ား...ေျခေထာက္ကိုၾကည့္လိုက္ေတာ့ ဖိနပ္ကမပါ..ခုပုံစံက အဲလစ္ေရာ ဟုတ္ရဲ႕လား..
"My daughter ဘာျဖစ္လာတာလဲ ''
ေျပာေတာ့ ဖိနပ္ကိုပစ္ခ်လိဳက္ၿပီး ေျပးဖက္ပါေလေရာ
"ဒယ္ဒီ သူ... အဟင့္ သူဟိုမိန္းမကိုေ႐ြးသြားၿပီ... ေနာက္သူကေျပာေသးတယ္ ေစ့စပ္ထားတာကိုလဲဖ်က္တယ္တဲ့ ခုသူ...သူ...ၿဗဲ...''
"Oh ,don't cry.. my daughter ''
"အဟင္..အစ္ အစ္ ၿဗဲ...ဒယ္ဒီ ''
"အိုကြယ္... ဘာလို႔ရွိုက္ႀကီးတငင္ငိုေနရတာလဲ ေဖေဖ့ကိုယုံစမ္းပါ သားခန့္က သမီးအတြက္ပဲ ''
"ဒါဆို ဟိုမိန္းမကို ဒယ္ဒီ..အစ္ အစ္ ရွင္း...ရွင္းပစ္လိုက္..''
ငိုတာမ်ားလို႔ ရွိုက္သံေတြေတာင္ထြက္လာရင္း သမီးျဖစ္သူဆီက ခုလိုစကားမ်ိဳးကိုၾကားေတာ့
"ေယာင္းမျဖစ္လာမဲ့သူကိုအဲ့လိုမေျပာရဘူးေလ....သူကလဲ တစ္ေန႕ ေဖေဖတို႔မိသားစုဝင္ျဖစ္လာမွာ...''
နားမလည္သလိုၾကည့္လာတဲ့သမီးျဖစ္သူကို ရင္ခြင္ထဲထည့္ဖက္ၿပီး ေခ်ာ့ရတာေပါ့... သမီးေလးကခုထိမရင့္က်က္ေသးဘူးကို...
"သား အဲ့ေကာင္မေလးကို ခ်စ္ေနတာလား..''
"ခ်စ္တာထပ္ပိုတယ္...သူ႕စကားက ကြၽန္ေတာ္အတြက္အမိန့္လိုပဲ..''
"ငါ့သားေတာင္အ႐ြယ္ေရာက္လာၿပီကို..''
ေလဆိပ္ကိုလိုက္ပို႔ရင္း သားျဖစ္သူက ေလယာဥ္ေပၚမတက္ခင္ေနာက္ဆုံးေျပာလိုက္တဲ့စကားက
"ေဖေဖ ခ်ီကို ကာကြယ္ေပးပါေနာ္ ကတိေပးပါ... တစ္ခုခု ေဖေဖသည္းမခံခ်င္စရာရွိလာခဲ့မယ္ဆိုရင္ေတာင္ ခ်ီကို ကာကြယ္ေပးပါ..''
"အေၾကာင္းျပခ်က္ကဘာလဲသား..''
"သူက သားဘဝအတြက္ အေရးပါတဲ့လူတစ္ေယာက္ျဖစ္သလို ကြၽန္ေတာ္ကာကြယ္ေပးခ်င္တဲ့လူသားတစ္ေယာက္ျဖစ္ေနလို႔..''
သိတယ္သား... အဲ့ေကာင္မေလးပုံစံက မင္းအေမနဲ႕သိပ္ဆင္တယ္...အျပစ္ကင္းတဲ့ပုံစံအၿပဳံးေလးေတြ နားလည္မႈရွိတဲ့အေတြးေလးေတြ...
မဟုတ္မခံခ်င္စိတ္ေတြေရာ သူမ်ားအေပၚကူညီခ်င္စိတ္ေလးေတြပါ အရမ္းတူလြန္းတယ္... ေဖေဖက အဲ့တာကိုတန္ဖိုးမထားခဲ့လို႔ မင္းအေမကိုဆုံးရႈံးခဲ့ရေပမဲ့
ငါ့သား မင္းကေတာ့အဲ့လိုမျဖစ္ေစရဘူး...သမီးခ်ီက အရမ္းေတာ္တဲ့သူျဖစ္လာမွာသိေနသလို... အဲ့လိုပဲ သားခန့္ကလဲ တကယ္ေတာ္တဲ့သူ အတၱဆန္တယ္ပဲေျပာေျပာ...အေကာင္းဆုံးလူသားေတြက ေဖေဖသမီး သားတို႔နဲ႕သာ ထိုက္တန္တာပါ
သိပ္ဆိုးတဲ့သားေလးကို လိမၼာေအာင္ ခနေလးအတြင္းလုပ္နိုင္တဲ့သမီးခ်ီက ငါ့သားအတြက္ပဲျဖစ္ေစရမယ္
အဲ့လိုပဲ သိပ္ထက္ျမက္တဲ့သားခန့္ကလဲ ကိုယ့္သမီးအတြက္ပဲ ဒါမွသမီးေနာင္ေရးကိုစိတ္ခ်ရမွာ...အျမင့္ကိုပ်ံသန္းသြားတဲ့ေလယာဥ္ပ်ံႀကီးကိုၾကည့္ၿပီး
"စိတ္ခ်ငါ့သား... သမီးခ်ီက ငါ့သားအတြက္ပဲျဖစ္ရမယ္ ေဖေဖက အဲ့လိုျဖစ္ေအာင္လုပ္ေပးမွာ...''
ခုလဲ သမီးခ်ီက လြယ္သူမဟုတ္ျပန္ဘူး သူ႕ရဲ႕ တမူထူးျခားတဲ့ပုံစံစိတ္ေနစိတ္ထားေၾကာင့္ သားလိုမ်ိဳး သူမအေပၚစြဲလမ္းတဲ့လူတစ္ေယာက္ေပၚလာျပန္ၿပီ
ေျပာရမယ္ဆိုရင္ သမီးခ်ီက ပင့္ကူအိမ္နဲ႕အသြင္တူတယ္... ဘာမွမဟုတ္ဘူးလို႔ ထင္ရေပမဲ့ သူ႕အနားသြားရင္ လုံးဝျပန္လမ္းမရွိေတာ့ဘူး ေတြးေနတုန္း သမီးျဖစ္သူက
"ထည္ဝါသာ ဟိုမိန္းမနဲ႕လက္ထပ္လိုက္ရင္ သမီးေသမွာ ''
ရင္ခြင္ထဲကေန သမီးျဖစ္သူက အသံတိုးတိုးေလး ေျပာလာေတာ့... ေက်ာျပင္ေလးကိုပုတ္ေပးၿပီး
"အဲ့လိုျဖစ္စရာလား...ေဖေဖက သူတို႔ကို လြယ္လြယ္နဲ႕လက္မလႊတ္ပါဘူးကြယ္..''
သမီးခ်ီအေၾကာင္း လူလႊတ္ၿပီး စုံစမ္းခိုင္းသလို တစ္ေန႕လုံးဘာလုပ္တယ္ဆိုတာကအစစုံစမ္းေစၿပီး သားခန့္နဲ႕ အဲလစ္ နိုင္ငံျခားတူတူသြားတာေရာ... သားခန့္မိဘေတြဆီသြားတဲ့ပုံ ေလွ်ာက္လည္တဲ့ပုံေတြကိုပါ တမင္ ပို႔ေပးခဲ့ေပမဲ့
ကိုယ္ေတြးသလို ျဖစ္ခံနီးမွ ပ်က္သြားရတယ္လို႔... မိဘစကားနားေထာင္ၿပီး ရင့္က်က္တယ္လို႔ထင္ရတဲ့ သားခန့္က သမီးခ်ီကို ေ႐ြးသြားခဲ့တယ္ေလ ဒီတစ္နည္းမရလဲ ေနာက္နည္းေပါ့
"ကစားပြဲကေပ်ာ္စရာေကာင္းလာၿပီ..''
တိုးတိုးေလးေျပာရင္းရယ္လိုက္တယ္...သူဘာေတြေတြးေနသလဲဆိုတာ ဘယ္သူမွမသိနိုင္ေပမဲ့ သူ႕အၿပဳံးေတြကေတာ့ လုံးဝ လူယုတ္မာအၿပဳံးလို႔ ေျပာရမယ္
သူ႕ရဲ႕ေနာက္ေက်ာက စားပြဲခုံေပၚမွာလဲ ခ်ီခ်ီနဲ႕ ဆရာေလခ်ိဳေသြးတို႔ပုံေတြက စားပြဲတစ္ခုလုံးျပန့္က်ဲေနပါေလေရာလား
------------------------------------------
"ဆရာ ခုသင္တန္းခ်ိန္မရွိေတာ့ဘူးမလား...''
"အင္းဘာလို႔လဲ ''
"အန္တီဆီသြားရေအာင္ေလ ဟိုေန႕က ေမြးေန႕လက္ေဆာင္မပါသြားဘူးမလား..အဲ့တာ ဒီေန႕ ေပးမလို႔ယူလာတယ္..''
ဟုတ္တယ္ လြန္ခဲ့တဲ့၁ပတ္ေလာက္က ဆရာက သူ႕အေမဆီေခၚသြားတယ္ေလ...အဲ့ေန႕ကအဲ့အန္တီေမြးေန႕ကိုး...
"အထဲဝင္ေလ..လာ ''
ပုံစံေတြေျပာင္းၿပီး လာမဲ့လာေတာ့ ေဆး႐ုံတဲ့လား... အခန္းထဲဝင္လိုက္ေတာ့ အသက္နည္းနည္းႀကီးႀကီး အန္တီတစ္ေယာက္က ေဆးပိုက္ေတြ စက္ကိရိယာေတြတပ္ထားၿပီး ကုတင္ေပၚမွာေမ့ေနပုံပဲ
"ဒါ ကိုယ့္ေမေမေလ...ေခ်ာတယ္မလား..''
"ဟင္...အင္း...''
"ေမေမ သားလာတယ္... happy birthday ပါေနာ္ေမေမ..''
အဲ့အန္တီနားသြားလိုက္ၿပီး ဆရာက ႏွဖူးေလးကိုနမ္းလိုက္တယ္...ဆရာ့အေမကမေသေသးဘူးလား
ဆရာက ယူလာတဲ့ကိတ္မုန့္ေလးကို အဖုံးဖြင့္...ကုတင္ေပၚ စားပြဲေသးေသးေလးကိုခ်လိဳက္ရင္း အဲ့အေပၚကိုကိတ္မုန့္တင္လိုက္ၿပီးေနာက္ happy birthdayသီခ်င္းစဆိုၿပီး ဆရာက
"ေမေမ ဆုေတာင္းေနာ္...သားေမေမ့အစားမီးမႈတ္ေပးမယ္..''
ဆရာကမီးမႈတ္ၿပီးေတာ့ ကိတ္မုန့္ေလးကိုခြဲၿပီး ကိုယ့္အတြက္ရယ္ သူ႕အတြက္ရယ္ ထည့္လိုက္တာေၾကာင့္ စားေနရင္း
"ကိုယ့္ေမေမက သိပ္ေခ်ာတယ္မလား..''
"အင္း...''
"သိလား...လြန္ခဲ့တဲ့၁၀ႏွစ္ကေမေမက ကိုမာဝင္ၿပီး ၄ႏွစ္ေလာက္က် သတိျပန္ရလာတယ္ ဒါေပမဲ့ အာ႐ုံေၾကာေတြကပ်က္ဆီးစျဖစ္ေနေတာ့ ၁လကိုတစ္ခါေလာက္ပဲ လူေကာင္းလိုေနရေပမဲ့ အဲ့တစ္ရက္ၿပီးရင္...ကုတင္ေပၚမွာ သတိေမ့ေနတတ္တယ္..''
".....''
"အဲ့ကတည္းက ဆရာဝန္ေတြကလက္ေလ်ာ့ဖို႔ေျပာေပမဲ့ ကိုယ္လက္မေလ်ာ့ခဲ့ဘူး... ကိုယ့္မွာ မိသားစုဆိုလို႔ ေမေမပဲရွိေတာ့တာကို... ဒါေၾကာင့္ အလုပ္ပိုႀကိဳးစားခဲ့တယ္..''
ကိတ္မုန့္ေလးစားရင္း နားေထာင္ေနတုန္း ဘာသံမွဆက္မၾကားေတာ့လို႔ ဆရာ့ကို ၾကည့္လိုက္ေတာ့... မ်က္ရည္ေတြ က်ေနၿပီး ကိုယ့္ကိုျမင္ေတာ့ ေခါင္းငုံ႕လိုက္ရင္း
"ဒါေပမဲ့ လြန္ခဲ့တဲ့သုံးႏွစ္ေလာက္မွာ ေမေမမနိုးလာေတာ့ဘူး...ေမေမ့ရဲ႕အာ႐ုံေၾကာတခ်ိဳ႕က ပ်က္ဆီးသြားၿပီေလ... တခ်ိဳ႕အာ႐ုံေၾကာအနည္းငယ္ကသာအလုပ္လုပ္ေတာ့တယ္...ေျပာရရင္ အသက္သာရႉေနေပမဲ့ ေသသူနဲ႕မျခားဘူးတဲ့...''
"......''
"ဆရာဝန္ေတြကေျပာတယ္...ခုလိုလုပ္ေနတာမပင္ပန္းဘူးလားတဲ့ ေမေမကိုလြတ္ေျမာက္ခြင့္ေပးလိုက္ပါတဲ့ ဘယ္လိုလုပ္ရမလဲ ကိုယ့္မွာ ေမေမပဲရွိတာကို အနည္းဆုံးေတာ့ ''
"......''
"သတိရတိုင္း ေမေမဆီလာေတြ႕နိုင္တာေပါ့...ကိုယ္အရမ္းအတၱႀကီးသြားလား..''
"....''
"ေမေမဘက္ကၾကည့္ရင္ ဘယ္တရားမလဲေနာ္...ေမေမဆီလာတိုင္း ေမေမ့ကိုအားနာရေပမဲ့ လက္မလႊတ္နိုင္ဘူး...''
မုန့္ဇြန္းေလးကိုခ်လိဳက္ၿပီး ထလိုက္ၿပီးေတာ့ ဆရာ့နားသြားရင္း ေခါင္းေလးကိုကိုင္လိုက္ေတာ့ ခါးကိုလာဖက္တယ္
ဆရာကလူႀကီးဆန္တယ္ဆိုေပမဲ့ ငယ္ငယ္ေလးနဲ႕ေလာကဓံကို ေတာ္ေတာ္ခံခဲ့ရတာပဲ...ကိုယ္ေတြမိဘဆီကပ္ခြၽဲေနတဲ့အ႐ြယ္မွာ အေဖကိုဆုံးရႈံးခဲ့ရၿပီး အေမက်ျပန္ေတာ့လဲ မေသ႐ုံတမယ္... အလုပ္ေတြလဲလုပ္ခဲ့ရတယ္မလား
"ငိုလိုက္... အက်ယ္ႀကီးေအာ္ငို...အားရေအာင္ငိုလိုက္...ဘယ္သူ႕ကိုမွဂ႐ုမစိုက္ဘဲ ငိုခ်င္သေလာက္ငို... ရင္ထဲရွိသမွ်ေျပာၿပီး ငိုခ်ပစ္..''
ေျပာလိုက္ၿပီး ေခါင္းေလးပြတ္ေပးလိုက္ေတာ့
ခါးကိုတင္းေအာင္ဖက္လိုက္ၿပီး
"ေမေမ...သတိရတယ္ ေမေမ့ကိုသတိရတယ္ ေၾကာက္တယ္...သားေၾကာက္တယ္ ဘယ္လိုလုပ္မလဲ... ေမေမပါမရွိရင္ ဘယ္လိုလုပ္ရမလဲ.....''
အဲ့ေန႕ကဆရာအက်ယ္ႀကီးေအာ္ငိုခဲ့တယ္... ပတ္ဝန္းက်င္ကိုေတာင္ဂ႐ုမစိုက္ဘဲ ေအာ္ငိုခဲ့တယ္ေလ အခန္းထဲ လူနာအေျခအေနလာၾကည့္တဲ့ဆရာေရာ လူနာေစာင့္သူနာျပဳမေလးတို႔ေတာင္
အခန္းဝမွာ ၿငိမ္ၿငိမ္ကေလးရပ္ေနတာကိုေတာင္သတိမထားမိေလာက္ေအာင္ငိုခဲ့တယ္...ေဆး႐ုံတစ္ခုလုံးကလဲ ဆရာ့အေၾကာင္းသိေတာ့ တခ်ိဳ႕ဆို ဆရာ့ကိုၾကည့္ၿပီး မ်က္ရည္ေတြေတာင္ခိုးသုတ္တဲ့သူရွိေသး...
ပင္ပန္းခဲ့မွာေပါ့ဆရာရယ္ ဘယ္ေလာက္ေတာင္ၿမိဳသိမ့္ထားရမလဲ..ဘယ္ေလာက္အားတင္းထားရမလဲေနာ္
အဲ့ေန႕က ေျခေထာက္ေတြေတာင္ ေတာင့္ပါတယ္ဆို...ဒါေပမဲ့ဆရာပုံစံက နည္းနည္းပိုအဆင္ေျပလာတယ္နဲ႕တူပါတယ္ေလ...စကားေတြလဲနည္းနည္းပိုေျပာလာသလို လူေတြနဲ႕လဲ နည္းနည္းအေခၚအေျပာရွိလာတာေၾကာင့္
"အင္း သြားၾကတာေပါ့... ခ်ာတိတ္ အေတြးလြန္ေနျပန္ၿပီ..''
"ေၾသာ္...ဟုတ္ ဆရာ..''
ဆရာ့အေမဆီေရာက္ေတာ့ ၁ပတ္ေလာက္ ႀကိဳးစားၿပီး ထိုးထားတဲ့အသဲပုံသိုးေမႊးကလစ္ေလး ပန္ေပးလိုက္ၿပီး
"လွသြားၿပီ...အရင္ကထက္ေတာင္ပိုေခ်ာသြားတယ္ေနာ္ ဆရာ..''
"ကိုယ့္ေမေမေတာ့ စိတ္ညစ္ေနေတာ့မွာပဲကြာ ထိုးထားတာကလဲ ကေလးေတာင္ထိုးခိုင္းရင္ပိုလွမွာ..''
"ဆရာေနာ္...''
"ေၾသာ္... ဆရာတို႔အတြဲေတာင္ ေရာက္လာၿပီကို...''
"ဟမ္..''
"ဟို ဆရာမေလး... မဟုတ္ အဲ့ ''
သူနာျပဳမေလးက အခန္းထဲဝင္လာၿပီး ၿပီတီတီ႐ုပ္နဲ႕
"ရွက္မေနပါနဲ႕ ဆရာဘယ္တုန္းက မိန္းကေလးသူငယ္ခ်င္းေခၚလာဖူးလို႔လဲ... ဒီကညီမေလး... ဆရာကလူေကာင္းပါကြယ္ ညီမကံေကာင္းတယ္သိလား..''
"ဟို အမ မွားေနၿပီ..ဆရာနဲ႕ခ်ီက ''
"ခ်ာတိတ္ ျပန္မယ္...မိုးခ်ဳပ္ေတာ့မယ္ေလ...ဆရာမေလး ျပန္ၿပီေနာ္ ေမေမ့ကိုဂ႐ုစိုက္ေပးပါအုံး ''
သူနာျပဳေလးကို ခ်ာတိတ္ကမဟုတ္ေၾကာင္း ျငင္းေတာ့မယ္...ေနာက္ကိုယ့္ကို အကိုလိုသာသေဘာထားေၾကာင္း အမ်ားႀကီးေျပာေတာ့မွာမို႔
မခ်စ္ဘူးဆိုတာသိေပမဲ့ ခ်ာတိတ္ပါးစပ္ကေျပာလာမွာေတာ့မၾကားခ်င္...ဒါေၾကာင့္ ပခုံးကေနဖက္ၿပီး အတင္းအျပင္ကိုေခၚသြားတာေတာင္
ခ်ာတိတ္က ေနာက္လွည့္ၿပီး ေျပာမလိုလုပ္ေတာ့ ကိုယ္ကပါးစပ္ကိုလက္နဲ႕ပိတ္လိုက္တာေတာင္ ဝူးဝူးဝါးဝါးနဲ႕ေျပာေနေသး...ခုေတာ့ကားေပၚတေလွ်ာက္ စိတ္ေကာက္ေနပါေလရဲ႕
"ခ်ာတိတ္ ေရခဲမုန့္စားမလား..''
"မစားဘူး..''
"တျခားဘာစားခ်င္လဲ..''
"မစားဘူး မိုးခ်ဳပ္ေနၿပီေလ...အျမန္ေမာင္း..''
"ကိုယ့္ကိုစိတ္ေကာက္ေနတာလား..''
"သိရင္ဘာလို႔ေမးလဲ...''
"အဲ့ေလာက္ေတာင္ ကိုယ္နဲ႕ဘာမွမဟုတ္ဘူးဆိုတာ သိပ္ေျပာခ်င္ေနတာလား... အထင္လြဲခံရမွာေတာင္ေၾကာက္ေနတယ္ေပါ့ေလ..''
"အမ္...ဘာေတြေျပာေနတာလဲ ခ်ီက အန္တီကိုမႏႈတ္ဆက္လိုက္ရလို႔ စိတ္ဆိုးေနတာ..''
"ဘယ္လို..''
"ဟုတ္တယ္ေလ ျပန္မယ္ဆိုလို႔ အန္တီကိုႏႈတ္ဆက္မလို႔ကို... အတင္းလူကိုအခန္းအျပင္ဆြဲေခၚသြားၿပီးေတာ့...ေနာက္လွည့္ၿပီး ႏႈတ္ဆက္ဖို႔ေတာင္ ပါးစပ္လာပိတ္တယ္ေလ...အဲ့တာေၾကာင့္ စိတ္ဆိုးတာ ခ်ီမွန္တယ္...''
".....''
"ကိုယ့္အျပစ္ကိုယ္သိတယ္မလား...ေနာက္တစ္ခါဆို ႀကိမ္လုံးနဲ႕ရိုက္ပစ္မယ္ ''
"ဟား... ေၾကာက္ရေအာင္ကိုယ္က ကေလးလား..''
ခ်ာတိတ္ရယ္... ေမေမ့အေပၚလဲအရမ္းေကာင္းသလို ကိုယ့္ကိုလဲ ရယ္ေအာင္လုပ္နိုင္ပါလားကြာ... ခ်ာတိတ္သာအနားရွိရင္ ေမေမေတာင္ ခ်ာတိတ္ရဲ႕ဂ႐ုစိုက္မႈေတြေၾကာင့္ ျပန္နိုးခ်င္လာမွာ ေသခ်ာတယ္
တကယ္ ဂ်ိဳကာေလးလို တခါတေလ ဟာသေလးေတြေျပာတတ္သလို တခါတေလက် ကေလးေလးလိုလဲ ခ်စ္စရာေကာင္းျပန္ေရာ...တခါတေလက် လူႀကီးလို ဆုံးမတတ္တဲ့ေကာင္မေလး အင္း... မင္းကိုသာပိုင္ဆိုင္ရမယ္ဆို ကိုယ္အသက္ရွည္ရွည္ေနနိုင္ၿပီး ေပ်ာ္သာေပ်ာ္ေနမွာ...ကိုယ့္ရဲ႕ အသက္ရွည္ေဆးေလး