#Uni
"ခန့် တစ်ပတ်တောင်ရှိပြီ...နင်တို့ပြန်မခေါ်ကြသေးဘူးလား..''
"....''
ကိုယ်မေးတာကိုမဖြေဘဲ မနက်စာသာဆက်စားနေတဲ့ ခန့်ကိုကြည့်ပြီး
"နင်တကယ် အဲလစ်ကိုရွေးမှာလား ''
"ကျွန်တော်အလုပ်သွားနှင့်မယ်..''
"ခန့်....''
ပြောတာတောင် ဆက်နားမထောင်တဲ့မောင်ဖြစ်သူကြောင့် မနက်စာတောင်ဆက်မစားချင်...မိချီမကလဲ မနက်အစောကြီးကတည်းကထွက်သွားပြီး ညနေပြန်လာရင်လဲ ဟိုကောင်ကနောက်ကျမှပြန်လာတတ်တယ်...ဒင်းတို့က မျက်နှာချင်းတောင်မဆိုင်မိကြ
ဟိုဆရာကလဲ ပေးထါးတဲ့ကတိအတိုင်း မိချီကိုလက်ထောက်အဖြစ်၁နှစ်လုပ်ထားပေးမယ် ပြောတာကိုခုမှ၁လ ကျော်ပဲရှိသေး...တကယ်လို့၁နှစ်မပြည့်ခင် ရည်းစားစကားပြောလိုက်ရင်
"စိတ်ပျက်လိုက်တာ...''
"အကို့ကိုလား...''
"ဟမ်...''
ကြည့်လိုက်တော့ အကိုမိုးယံ
"မဟုတ်ပါဘူး ''
"ဘာတွေတွေးနေတာလဲ... ဘာလဲ ဟိုနှစ်ယောက်ကအစောကြီးထားပြီး ထွက်သွားလို့လား..''
အကိုမိုးယံကလဲ မိချီတို့ကိုသံသယဝင်နေသလို စကားလာနှိုက်တတ်တာကြောင့်
"သိပ်စပ်စုတာပဲ... စိတ်ပျက်တဲ့အထဲ အကိုကထိပ်ဆုံးကပဲ သိရဲ့လား..''
မျက်စောင်းလေးထိုးပြီး ထွက်သွားပေမဲ့ ကျန်ခဲ့တဲ့မိုးယံမှာတော့ ရင်ဘတ်လေးကိုလက်နဲ့ဖိပြီး
"စိတ်ကောက်သွားတာလား...ချစ်ဖို့ကောင်းလိုက်တာကွာ..''
ခုလိုကလေးဆန်ဆန်ပုံစံမျိုးက ကလေးဘဝကသာမြင်ဖူးခဲ့ပေမဲ့ ဒီကလေးမကလူကြီးဆန်ဆန်လာတော့မမြင်ရတာ အတော်ကြာခဲ့ပြီမလား...ဒါပေမဲ့ခုထိ ချစ်စရာကောင်းနေတုန်းကွာ..
----------------------------------------------
"ချာတိတ်...အခုတလော အရမ်းငြိမ်နေသလားလို့ ''
".....''
"ချာတိတ်...''
"ဟင်...ခေါ်လားဆရာ ''
"မဟုတ်ဘူး...ပျင်းလို့ လိုက်ခေါ်နေတာ..''
"ဆရာကနောက်နေတာကို haha''
"တော်ပြီ...ရယ်နေပုံကိုက အသက်မပါချက်...မင်းဘာဖြစ်နေတာလဲ..''
".....''
"မဖြစ်တော့ဘူး...လာ သွားမယ်...''
"ဟင် ဘယ်ကို..''
"အမြန်လာ နောက်တစ်ချိန်က ၁နာရီကျော်လိုသေးတယ်မလား...အမြန်သွားမယ်..''
လက်ကိုအတင်းဆွဲပြီး ခေါ်လာတာက ရိုလာကိုစတာ စီးတဲ့ဆီ
"ဘာ ဘာလုပ်ဖို့ ဒီကို...''
ခုလဲလက်ကိုကိုင်ထားပြီး လက်မှတ်ဖြတ်ပြီးတော့ ရှေ့ဆုံးတန်းမှာထိုင်နေပြီး လက်ကိုတောင်တင်းတင်းကိုင်ထားဖို့ပြောသေး...
"မကြောက်နဲ့ ခုချိန်စိတ်ထဲရှိတာအော်ပစ်...ကြိုက်သလောက်အော်...စိတ်ထဲပေါ့သွားအောင်...''
စထွက်ကတည်းက ကိုယ်မအော်ခင် ဆရာကစအော်နေပြီ...အဲ့တော့ကိုယ်ပါလိုက်အော်ရင်းစီးလို့လဲပြီးရော...ဆရာ့ကိုလှည့်ကြည့်မိတော့ မျက်နှာကသွေးမရှိတဲ့ပုံစံနဲ့ ထတောင်မထနိုင်..
"ဆရာ အဆင်ပြေရဲ့လား..''
ပြောတော့ လူကိုလာကြည့်တယ်... နောက်ခါးပတ်ကိုဖြုတ်လိုက်ပြီးတော့ လာဖက်ပြန်ရော...တစ်ကိုယ်လုံးကတုန်နေပြီး ချွေးတွေလဲ တကိုယ်လုံးစိုရွှဲနေတာပဲ
ဆရာ့ကို မနည်းထူပြီး အောက်ကိုဆင်းရတာပေါ့...ထိုင်ခုံလေးမှာထိုင်စေပြီး ရေတစ်ဗူးလဲအမြန်သွားဝယ်ရသေးတယ်...နောက်ဆရာ့ကို ဖွင့်ပြီးပေးလိုက်တော့ တုန်နေတဲ့လက်တွေကြောင့် ရေတွေကပါးစပ်ထဲကိုမရောက်နိုင်
ဒါကြောင့်မနေနိုင်တဲ့ကိုယ်ကပဲ ရေဗူးလေးကိုကိုင်ပြီး နောက်လက်တစ်ဖက်က ပါးစပ်အောက်နားမှာ ရေဖိတ်မှာစိုးလို့ လက်လေးခံလိုက်ရင်း တိုက်ရတာပေါ့...နောက်မှဆရာက စိတ်ကိုငြိမ်အောင် အသက်ကိုဝအောင်ရှူပြီးမှ...
"ကျေးဇူး ''
"မဟုတ်တာ... ဆရာအဆင်ပြေလား..''
"အင်း...အဲ့လိုအမြင့်တွေကစီးရတဲ့ဟာတွေ စီးရင် ဖေဖေ့ကိုသတိရတယ်...သူလဲတံတားပေါ်က ခုန်ချတုန်း ဘယ်လောက်ကြောက်မလဲနော်..''
"...''
"နောက်မေမေ... ကိုယ့်ကိုတောင်ထားရက်နိုင်လောက်အောင် ဘယ်လောက် သောကတွေ များခဲ့မလဲ...နောက်ကိုယ်ပါသူတို့လိုဖြစ်ခဲ့ရင်''
"......''
"ဒါကြောင့် ဒီလိုဟာမျိုးတွေမစီးနိုင်တော့တာ အခုထိ..''
"အဲ့ဒါ ဘာလို့လာစီးသေးလဲ...''
"မင်းကြောင့်လေ...သေမလိုဖြစ်နေတဲ့မင်းရုပ်ကြီးကြောင့် ''
"အဲ့လိုဆိုလဲ ချီကိုပဲစီးခိုင်းပေါ့''
"တစ်ယောက်တည်းစီးခိုင်းဖို့စိတ်မချလို့ပေါ့ကွ ''
"....''
ဆရာကသူအရမ်းကြောက်တဲ့အရာကိုတောင် ကိုယ့်အတွက်နဲ့ စီးတယ်တဲ့လား
"ခုရော စိတ်ညစ်စရာတွေမရှိတော့ဘူးမလား..''
"....''
"ဟေ့ ဘာလို့မျက်ရည်ဝဲလာတာလဲ...ဟေ့ မငိုနဲ့လေ...''
ချော့ရမလားဆူရမလား မသိအောင်ဖြစ်နေတဲ့ဆရာ့လက်ကိုကိုင်လိုက်ပြီး
"ဆရာက ချီအပေါ်အရမ်းကောင်းတယ်... အကိုတစ်ယောက်လိုပဲ ချီကိုဆူပေမဲ့စားချင်တာဆိုလဲဝယ်ကျွေးတယ်...တကယ်ဂရုလဲစိုက်ပေးတယ်...ခုလဲကြည့်...အဟင့်...ဗြဲ ''
အကိုတဲ့လားကွာ...ကိုယ်ကအဲ့ထက်ပိုချင်တာကို ခုလိုလုပ်နေတာချစ်လို့... ချာတိတ်ကဒါတောင်မသိဘူးလား
"တိတ်...သင်တန်းချိန်နီးနေပြီ သွားကြမယ်..''
".....''
"အဲ့မှာ ထိုင်ငိုမနေနဲ့ ဟိုနားမှာ ရေခဲမုန််ဆိုင်ရှိတယ်...ဝယ်ကျွေးမယ် မဟုတ်ရင် ထားခဲ့မှာနော်..''
ပြောတော့ ငိုနေရာကနေ မျက်ရည်တွေသုတ်ပြီး ချက်ချင်းတောင်ထလာပြီး လူကိုလက်လာဆွဲရင်း ရေခဲမုန့်ဆိုင် ရှာပုံတော်ဖွင့်နေလေရဲ့
---------------------------------------------
"Boss ဒီမှာ ''
"အေး... ထားခဲ့ ''
စားပွဲပေါ်က စာအိတ်ကိုဖောက်ဖွင့်လိုက်တော့ ဓာတ်ပုံတွေ... ပုံတိုင်းမှာလဲ လူနှစ်ယောက်ပုံဆိုပေမဲ့ နေရာတွေကသာ ပြောင်းသွားတယ်... အဲ့လူတွေကတော့မပြောင်းသွားဘူး
"သိပ်ပျော်နေကြပုံပဲ ''
ပုံတွေကိုစားပွဲပေါ်ပစ်ချလိုက်ပြီး ထိုင်ခုံကိုမှန်သားတွေနဲ့ကာထားတဲ့ ပြတင်းပေါက်ဘက်လှည့်လိုက်ရင်း အပြင်ကိုကြည့်လိုက်မိတယ်...အရာရာကိုအပေါ်စီးကနေမြင်ရတာကလဲ သိပ်ကိုကောင်းပါလား
ဓာတ်ပုံလေးထဲမှာတော့ ခုနက ချီချီနဲ့ဆရာလေချိုသွေးတို့ပုံတွေက ကြည့်သူမဲ့... စားပွဲပေါ် မှာပဲ ဒီတိုင်းလေး...
---------------------------------------------
"ထည်ဝါ...တို့နဲ့ဒီဝတ်စုံလိုက်လား..''
"......''
"ထည်ဝါ....''
ခေါ်နေပေမဲ့ ထည်ဝါကအတွေးလွန်နေတာကြောင့် အနားကိုသွားပြီး ရင်ဘတ်လေးကိုပွတ်လိုက်ရင်း စွဲဆောင်မှုရှိတဲ့မျက်နှာပေးလေးနဲ့ကြည့်လိုက်တော့
"အင်း...လှပါတယ်..''
ချက်ချင်းဆိုသလို ရင်ဘတ်ကိုပွတ်နေတဲ့ ကိုယ့်လက်တွေကိုမသိမသာဖယ်လိုက်ပြီး ဆိုဖာပေါ်ထိုင်ရာကနေတောင် ထလိုက်တာကြောင့်
"ဘာတွေဖြစ်နေတာလဲ နောက်လဆိုရင်ပဲ စေ့စပ်ရတော့မှာကို...ထည်ဝါမေမေတို့နဲ့လဲတွေ့ပြီးပြီ...ဒီနေ့ ဒယ်ဒီဆီသွားရမှာမလား ''
ဟုတ်တယ်... လွန်ခဲ့တဲ့တစ်လက ဖေဖေတို့ဆီသွားခဲ့တာ အဲလစ်နဲ့ ဖောက်ပြန်တယ်ပြောပြော ခြံခုန်တယ်လို့ဆိုဆို..အဲလစ်က နောက်ခံရှိတော့ သူ့ကိုလဲမငြင်းသာဘူးမလား...
ဒါပေမဲ့ မ သိနေတယ်...မကြီးပြောသလားမသိပေမဲ့ မကရွေးရခက်နေတဲ့အချိန်မှာ ကိုယ့်ကိုအတွေးမများအောင် သူကပဲဆုံးဖြတ်ပေးသွားတယ်မလား
ခုအဲလစ်ကိုပဲရွေးချယ်ရတာပေါ့...ချစ်တယ် မကိုအရမ်းချစ်ခဲ့တာပါ ဒါပေမဲ့ မကိုရွေးဖို့ သတ္တိတွေအများကြီးလိုသေးတယ်
အဲလစ်အဖေနဲ့ ကိုယ့်မိဘတွေကြား မ ပင်ပန်းမှာစိုးတယ်...မကိုရွေးလိုက်တဲ့အခါ မဝန်ပိမှာစိုးတယ်...မ ကပဲ ကိုယ့်အတွက် ကြည့်ပေးခဲ့တါမဟုတ်ပါဘူး...
ကိုယ်ကလဲ မအတွက် ကြည့်နေပေးတတ်တဲ့ကောင်ပါ တကယ်လို့ မကိုတစ်ခုခုဒုက္ခပေးလါခဲ့ရင် မကာကွယ်ပေးနိုင်မှာကိုကြောက်တာလဲပါမယ်
"ထည်ဝါ ဘာတွေးနေတာလဲ ''
ပါးလေးကို သူမလက်နဲ့ဆွဲယူပြီး ကိုယ့်မျက်နှာနား လာကပ်မလိုလုပ်တဲ့အဲ့လစ်ကြောင့်
"အဲလစ် ခုရုံးခန်းထဲမှာနော်... အနေထိုင်ဆင်ခြင်သင့်တယ် ''
"ဘာဖြစ်လဲ... တို့ကမင်းရဲ့ဇနီးလောင်းလေ ဘယ်သူမြင်မှာကြောက်နေရတာလဲ ''
".....''
"အဲလစ်ကထည်ဝါဆိုတဲ့ မင်းကိုသိပ်ချစ်တယ်... ချစ်လို့ ရအောင်ယူမှာ ''
အတင်းလာဖက်ပြီး ရင်ခွင်ထဲ ဝင်နေတဲ့အဲလစ်ကြောင့် အတင်းရုန်းလိုက်တော့
"ခနလောက်ငြိမ်ပေးပါလား...ဘာလို့ တို့နဲ့ပတ်သက်ရင် အရမ်းသွေးအေးရတာလဲ ''
အဲ့လိုပြောပြန်တော့လဲ ဟုတ်သား... သူက ကိုယ့်ဇနီးလောင်းလေ ဖက်နေတာကိုမရုန်းတော့ဘဲ ငြိမ်လိုက်ပြီး ပြန်ဖက်လိုက်တော့ အတွေးထဲပေါ်လာတာ မ ရဲ့ပုံရိပ်တွေ...
မက ကလေးလို ရင်ခွင်ထဲဝင်ပြီး ချွဲခဲ့တာတွေ...ပြဿနာတွေလိုက်ရှာပြီးတိုင်း ကိုယ့်ဆီကိုသာပြေးလာတတ်ပြီး ရှင်းခိုင်းတာတွေ...လင်ပေးစါးနေလို့ဆူတိုင်း ငိုမဲ့ငိုမဲ့မျက်နှာလေးတွေကလဲမပါမဖြစ်...
အမြဲလိုလို အသည်းယားအောင် နှုတ်ခမ်းလေးကို ဆူသယောင်ယောင်ပုံစံလေးနဲ့ပြောတတ်သလို ရယ်လိုက်ရင် မျက်လုံးလေးတွေမှိတ်သွားတတ်တဲ့ မ အပြုံးလေး...
"ထည်ဝါ မင်းရင်ခုန်နေတာလား... ရင်ခုန်သံတွေ အကျယ်ကြီး... တို့ ကြားနေတယ်..''
"ဟင်...''
"လက်ပေး... ကြည့် အဲ့နားဖိပြီး အာရုံစိုက်ကြည့်... မင်းရင်တွေအရမ်းခုန်နေတယ်..''
အဲလစ်က မျက်နှာကြီးဖြီးနေရင်း အကျေနပ်ကြီးကျေနပ်နေပုံနဲ့ ကိုယ့်လယ်ကို ဘယ်ဘက်ရင်ဘတ်ပေါ်တင်ပေးလိုက်ပြီး ပြောလာလို့ သေချာ အာရုံစိုက်မိတော့
"ငါ ရင်တွေခုန်နေတာပဲ ''
ကိုယ့်အပြောကို လက်ခံတဲ့ပုံစံနဲ့ ခေါင်းပြုတ်မတက် အဲလစ်ကခေါင်းငြိမ့်ပြရင်း
"အဲ့တာ မင်း တို့ကိုချစ်နေပြီဆိုတဲ့သဘော...တို့အချစ်တွေက အသွားအပြန်ရှိလာပြီပေါ့..''
"ချစ်တယ်...အင်း ဟုတ်တယ် အရမ်းချစ်တယ်...''
"ဟုတ်တယ် ဟုတ်တယ်... တို့သိပ်ပျော်တာပဲကွယ်..''
ကိုယ့်ဘာသာပျော်နေတာကို အဲလစ်က
ပခုံးကို သူ့လက်တွေနဲ့ သိုင်းဖက်လာပြီး နှုတ်ခမ်းကိုလာနမ်းမလိုလုပ်တော့ အမြန်ခေါင်းကိုမော့လိုက်ပြီး သူမကို တွန်းထုတ်ပစ်လိုက်တာကြောင့်
"ထည်ဝါ..''
"ခုကစ ပြတ်ပြတ်သားသားပဲပြောတော့မယ်...အမအဲလစ် ငယ်ငယ်ကတည်းက ခုချိန်ထိ အမကို အမတစ်ယောက်ထက်မပိုခဲ့ဘူး..''
"ဘယ်လို....''
"တောင်းပန်ပါတယ်... စေ့စပ်မဲ့ကိစ္စကိုလဲ ကျွန်တော်ဘက်က အရင်ဖျက်သိမ်းတယ်...''
ပြောပြီး ထွက်သွားမလိုလုပ်တော့ တံခါးရှေ့လာပိတ်ရပ်တဲ့ အဲလစ်
"မသွားရဘူး... မင်းတို့ နဲ့ပဲ လက်ထပ်ရမှာ မင်းအတွက် တို့လောက်ပြည့်စုံတဲ့မိန်းမမျိုး မရှိတော့ဘူး...''
အဲ့အမက စိတ်လွတ်နေတဲ့ လူတစ်ယောက်လို ငိုပြီး လက်အုပ်ချီရင်း
"တောင်းပန်ပါတယ်...တို့ မင်းကိုချစ်တယ် အရမ်းချစ်တယ်...မင်းကိုပိုင်ဆိုင်ရမယ်ဆိုတဲ့အတွေးနဲ့ အခုထိ ကြိုးစားခဲ့တာတွေက မင်းရဲ့ဇနီးဖြစ်ချင်လို့ ''
"အဲလစ် ကျွန်တော်မှာချစ်သူရှိတယ်..''
"မသိချင်ဘူး...သတ်ပစ်မှာနော်...အဲ့မိန်းမကိုသတ်ပစ်ရမလား..''
အဲလစ်က တကယ်အရူးတစ်ယောက်လို့ဖြစ်နေပြီ... သူမရဲ့ မျက်လုံးတွေကလဲ ဂနာမငြိမ်သလို သူမပုံစံကြည့်ရတာ သိပ်ကိုပူလောင်ရတယ်
"လုပ်လေ မင်းလုပ်ခဲ့ရင် မင်းပြန်ပေးဆပ်ရမယ်ဆိုတာကို သိထားလိုက်...ကိုယ်ကတော့ သူ့ကိုကာကွယ်ပေးမှာ..''
"ထည်ဝါ သေချာပြီလား... မင့်ဘဝပျက်မယ်ဆိုရင်တောင် အဆင်ပြေတယ်ပေါ့..''
လာပါပြီ အဲ့ဟာတွေနဲ့ပဲ ချိန်းခြောက်နေကြတယ်... ပထမ အသက်ကိုချိန်းခြောက်မယ် မရရင် စည်းစိမ်တွေနဲ့ အပိုင်ချည်မယ်...လူတိုင်းကအဲ့လိုပဲ ဘောင်းဘီအိတ်ထဲကို လက်ထည့်လိုက်ပြီး အဲလစ်ကို ခပ်တည်တည်ကြည့်ရင်း
"မင်းမှာ အရည်အချင်းအဲ့လောက်ရှိရင် လုပ်လိုက်...ကိုယ်လဲအပျင်းပြေတာပေါ့..''
"ထည်ဝါ...အား...''
အစကတော့ ဒီတိုင်းလေးပြီးစေချင်ပေမဲ့ ခုက မကိုရန်လုပ်ချင်နေတာမလား...လောဘကြီးတဲ့လူတွေနဲ့မပတ်သက်ချင်ဘူး...တံခါးရှေ့ပိတ်ရပ်ထားတဲ့ အဲလစ်ကိုတွန်းဖယ်လိုက်တော့ ကြမ်းပြင်မှာ ခွေခွေလေးလဲနေပြီး မျက်ရည်တွေနဲ့လူကိုလာကြည့်တယ်
"အစကတည်းကပြောချင်တာ... အားနည်းချင်ယောင်မဆောင်ပါနဲ့ တကယ်လို့ မတစ်ခုခုဖြစ်ခဲ့ရင် ''
လဲနေတဲ့ သူမနားသွားပြီး အပေါ်စီးကနေ လည်ပင်းကို လက်တစ်ဖက်နဲ့ လည်လှီးသလိုလုပ်ပြပြီး ခပ်မိုက်မိုက်အပြုံးလေးပြုံးရင်း အပြင်ကိုထွက်သွားနေတုန်း နောက်ကနေ အဲလစ်က ဖိနပ်နဲ့ကောက်ပစ်တာခံလိုက်ရတယ်
"နောင်တရစေရမယ် နင်ငါ့ဆီပြန်လာစေရမယ်...အရူးကောင် နင်ရူးနေပြီ ''
ကံဆိုးတယ်ပြောရမလား... သူမဖိနပ်က ကိုယ့်ဘေးလာကျတော့ သူမကိုလှည့်ကြည့်ပြီး ဖိနပ်လေးကို ခေါင်းလေးငုံ့ရင်း ကြည့်နေလိုက်တယ်
သူမကတော့ ကျေနပ်တဲ့အပြုံးနဲ့ ဖိနပ်လာပေးမယ်ထင်နေပုံပဲ ဒါပေမဲ့ သူမအတွေးတွေကြာကြာမခံခဲ့ပါဘူး...ဘာလို့ဆို သူမဖိနပ်ကို ကိုယ်က အဝေးကြီးဆီရောက်အောင် ကန်ပစ်လိုက်တာကိုး..
"Nice ''
ဂိုးဝင်တဲ့ဘောလုံးသမားတစ်ယောက်လို အောင်ပွဲခံနေတုန်း
"ရား...အရူးကောင် နင်ရူးနေပြီ ဟဲ့ အရူးကောင်ရဲ့..''
"ဟားးးဟုတ်ပါ့ ရူးနေပြီ ကိုယ်က အချစ်ရူးလေ...မ ကိုသိပ်ချစ်နေလို့ရူးနေပြီ...''
အော်ပြောလိုက်တော့ အဲလစ်ကကြောင်ကြည့်နေပြန်ပြီ ခုလိုပုံစံကိုသူမတစ်ခါမှ မမြင်ဖူးတာကြောင့်
"သွားပါပြီခင်ဗျ..''
ကိုယ်ရှိန်သတ်လိုက်ရင်း သူမကိုခါးလေးကိုင်းပြီးနှုတ်ဆက်လိုက်တော့ သူမက ကြောင်နေရာကနေ အသံကျယ်ကြီးနဲ့မေတ္တာပို့ပါလေရော
မကြောင့် အခု ကျွန်တော်လူဆိုးဖြစ်နေရပြီ...ဒါကြောင့် မတာဝန်ယူရမယ်နော် ခုကျွန်တော်က မမျက်နှာကိုပဲကြည့်ပြီး မအတွက်သာအသက်ရှင်တော့မယ်...တစ်နေ့ထက်တစ်နေ့ မကိုပိုချစ်လာမဲ့ ဒီကောင်ကြီးက အခု မဆီလာနေပြီ...ချစ်တယ် မရယ်...
💖💖💖💖💖💖💖💖💖💖💖
#Zawgyi
"ခန့္ တစ္ပတ္ေတာင္ရွိၿပီ...နင္တို႔ျပန္မေခၚၾကေသးဘူးလား..''
"....''
ကိုယ္ေမးတာကိုမေျဖဘဲ မနက္စာသာဆက္စားေနတဲ့ ခန့္ကိုၾကည့္ၿပီး
"နင္တကယ္ အဲလစ္ကိုေ႐ြးမွာလား ''
"ကြၽန္ေတာ္အလုပ္သြားႏွင့္မယ္..''
"ခန့္....''
ေျပာတာေတာင္ ဆက္နားမေထာင္တဲ့ေမာင္ျဖစ္သူေၾကာင့္ မနက္စာေတာင္ဆက္မစားခ်င္...မိခ်ီမကလဲ မနက္အေစာႀကီးကတည္းကထြက္သြားၿပီး ညေနျပန္လာရင္လဲ ဟိုေကာင္ကေနာက္က်မွျပန္လာတတ္တယ္...ဒင္းတို႔က မ်က္ႏွာခ်င္းေတာင္မဆိုင္မိၾက
ဟိုဆရာကလဲ ေပးထါးတဲ့ကတိအတိုင္း မိခ်ီကိုလက္ေထာက္အျဖစ္၁ႏွစ္လုပ္ထားေပးမယ္ ေျပာတာကိုခုမွ၁လ ေက်ာ္ပဲရွိေသး...တကယ္လို႔၁ႏွစ္မျပည့္ခင္ ရည္းစားစကားေျပာလိုက္ရင္
"စိတ္ပ်က္လိုက္တာ...''
"အကို႔ကိုလား...''
"ဟမ္...''
ၾကည့္လိုက္ေတာ့ အကိုမိုးယံ
"မဟုတ္ပါဘူး ''
"ဘာေတြေတြးေနတာလဲ... ဘာလဲ ဟိုႏွစ္ေယာက္ကအေစာႀကီးထားၿပီး ထြက္သြားလို႔လား..''
အကိုမိုးယံကလဲ မိခ်ီတို႔ကိုသံသယဝင္ေနသလို စကားလာႏွိုက္တတ္တာေၾကာင့္
"သိပ္စပ္စုတာပဲ... စိတ္ပ်က္တဲ့အထဲ အကိုကထိပ္ဆုံးကပဲ သိရဲ႕လား..''
မ်က္ေစာင္းေလးထိုးၿပီး ထြက္သြားေပမဲ့ က်န္ခဲ့တဲ့မိုးယံမွာေတာ့ ရင္ဘတ္ေလးကိုလက္နဲ႕ဖိၿပီး
"စိတ္ေကာက္သြားတာလား...ခ်စ္ဖို႔ေကာင္းလိုက္တာကြာ..''
ခုလိုကေလးဆန္ဆန္ပုံစံမ်ိဳးက ကေလးဘဝကသာျမင္ဖူးခဲ့ေပမဲ့ ဒီကေလးမကလူႀကီးဆန္ဆန္လာေတာ့မျမင္ရတာ အေတာ္ၾကာခဲ့ၿပီမလား...ဒါေပမဲ့ခုထိ ခ်စ္စရာေကာင္းေနတုန္းကြာ..
----------------------------------------------
"ခ်ာတိတ္...အခုတေလာ အရမ္းၿငိမ္ေနသလားလို႔ ''
".....''
"ခ်ာတိတ္...''
"ဟင္...ေခၚလားဆရာ ''
"မဟုတ္ဘူး...ပ်င္းလို႔ လိုက္ေခၚေနတာ..''
"ဆရာကေနာက္ေနတာကို haha''
"ေတာ္ၿပီ...ရယ္ေနပုံကိုက အသက္မပါခ်က္...မင္းဘာျဖစ္ေနတာလဲ..''
".....''
"မျဖစ္ေတာ့ဘူး...လာ သြားမယ္...''
"ဟင္ ဘယ္ကို..''
"အျမန္လာ ေနာက္တစ္ခ်ိန္က ၁နာရီေက်ာ္လိုေသးတယ္မလား...အျမန္သြားမယ္..''
လက္ကိုအတင္းဆြဲၿပီး ေခၚလာတာက ရိုလာကိုစတာ စီးတဲ့ဆီ
"ဘာ ဘာလုပ္ဖို႔ ဒီကို...''
ခုလဲလက္ကိုကိုင္ထားၿပီး လက္မွတ္ျဖတ္ၿပီးေတာ့ ေရွ႕ဆုံးတန္းမွာထိုင္ေနၿပီး လက္ကိုေတာင္တင္းတင္းကိုင္ထားဖို႔ေျပာေသး...
"မေၾကာက္နဲ႕ ခုခ်ိန္စိတ္ထဲရွိတာေအာ္ပစ္...ႀကိဳက္သေလာက္ေအာ္...စိတ္ထဲေပါ့သြားေအာင္...''
စထြက္ကတည္းက ကိုယ္မေအာ္ခင္ ဆရာကစေအာ္ေနၿပီ...အဲ့ေတာ့ကိုယ္ပါလိုက္ေအာ္ရင္းစီးလို႔လဲၿပီးေရာ...ဆရာ့ကိုလွည့္ၾကည့္မိေတာ့ မ်က္ႏွာကေသြးမရွိတဲ့ပုံစံနဲ႕ ထေတာင္မထနိုင္..
"ဆရာ အဆင္ေျပရဲ႕လား..''
ေျပာေတာ့ လူကိုလာၾကည့္တယ္... ေနာက္ခါးပတ္ကိုျဖဳတ္လိုက္ၿပီးေတာ့ လာဖက္ျပန္ေရာ...တစ္ကိုယ္လုံးကတုန္ေနၿပီး ေခြၽးေတြလဲ တကိုယ္လုံးစို႐ႊဲေနတာပဲ
ဆရာ့ကို မနည္းထူၿပီး ေအာက္ကိုဆင္းရတာေပါ့...ထိုင္ခုံေလးမွာထိုင္ေစၿပီး ေရတစ္ဗူးလဲအျမန္သြားဝယ္ရေသးတယ္...ေနာက္ဆရာ့ကို ဖြင့္ၿပီးေပးလိုက္ေတာ့ တုန္ေနတဲ့လက္ေတြေၾကာင့္ ေရေတြကပါးစပ္ထဲကိုမေရာက္နိုင္
ဒါေၾကာင့္မေနနိုင္တဲ့ကိုယ္ကပဲ ေရဗူးေလးကိုကိုင္ၿပီး ေနာက္လက္တစ္ဖက္က ပါးစပ္ေအာက္နားမွာ ေရဖိတ္မွာစိုးလို႔ လက္ေလးခံလိုက္ရင္း တိုက္ရတာေပါ့...ေနာက္မွဆရာက စိတ္ကိုၿငိမ္ေအာင္ အသက္ကိုဝေအာင္ရႉၿပီးမွ...
"ေက်းဇူး ''
"မဟုတ္တာ... ဆရာအဆင္ေျပလား..''
"အင္း...အဲ့လိုအျမင့္ေတြကစီးရတဲ့ဟာေတြ စီးရင္ ေဖေဖ့ကိုသတိရတယ္...သူလဲတံတားေပၚက ခုန္ခ်တဳန္း ဘယ္ေလာက္ေၾကာက္မလဲေနာ္..''
"...''
"ေနာက္ေမေမ... ကိုယ့္ကိုေတာင္ထားရက္နိုင္ေလာက္ေအာင္ ဘယ္ေလာက္ ေသာကေတြ မ်ားခဲ့မလဲ...ေနာက္ကိုယ္ပါသူတို႔လိုျဖစ္ခဲ့ရင္''
"......''
"ဒါေၾကာင့္ ဒီလိုဟာမ်ိဳးေတြမစီးနိုင္ေတာ့တာ အခုထိ..''
"အဲ့ဒါ ဘာလို႔လာစီးေသးလဲ...''
"မင္းေၾကာင့္ေလ...ေသမလိုျဖစ္ေနတဲ့မင္း႐ုပ္ႀကီးေၾကာင့္ ''
"အဲ့လိုဆိုလဲ ခ်ီကိုပဲစီးခိုင္းေပါ့''
"တစ္ေယာက္တည္းစီးခိုင္းဖို႔စိတ္မခ်လိဳ႕ေပါ့ကြ ''
"....''
ဆရာကသူအရမ္းေၾကာက္တဲ့အရာကိုေတာင္ ကိုယ့္အတြက္နဲ႕ စီးတယ္တဲ့လား
"ခုေရာ စိတ္ညစ္စရာေတြမရွိေတာ့ဘူးမလား..''
"....''
"ေဟ့ ဘာလို႔မ်က္ရည္ဝဲလာတာလဲ...ေဟ့ မငိုနဲ႕ေလ...''
ေခ်ာ့ရမလားဆူရမလား မသိေအာင္ျဖစ္ေနတဲ့ဆရာ့လက္ကိုကိုင္လိုက္ၿပီး
"ဆရာက ခ်ီအေပၚအရမ္းေကာင္းတယ္... အကိုတစ္ေယာက္လိုပဲ ခ်ီကိုဆူေပမဲ့စားခ်င္တာဆိုလဲဝယ္ေကြၽးတယ္...တကယ္ဂ႐ုလဲစိုက္ေပးတယ္...ခုလဲၾကည့္...အဟင့္...ၿဗဲ ''
အကိုတဲ့လားကြာ...ကိုယ္ကအဲ့ထက္ပိုခ်င္တာကို ခုလိုလုပ္ေနတာခ်စ္လို႔... ခ်ာတိတ္ကဒါေတာင္မသိဘူးလား
"တိတ္...သင္တန္းခ်ိန္နီးေနၿပီ သြားၾကမယ္..''
".....''
"အဲ့မွာ ထိုင္ငိုမေနနဲ႕ ဟိုနားမွာ ေရခဲမုန္္ဆိုင္ရွိတယ္...ဝယ္ေကြၽးမယ္ မဟုတ္ရင္ ထားခဲ့မွာေနာ္..''
ေျပာေတာ့ ငိုေနရာကေန မ်က္ရည္ေတြသုတ္ၿပီး ခ်က္ခ်င္းေတာင္ထလာၿပီး လူကိုလက္လာဆြဲရင္း ေရခဲမုန့္ဆိုင္ ရွာပုံေတာ္ဖြင့္ေနေလရဲ႕
---------------------------------------------
"Boss ဒီမွာ ''
"ေအး... ထားခဲ့ ''
စားပြဲေပၚက စာအိတ္ကိုေဖာက္ဖြင့္လိုက္ေတာ့ ဓာတ္ပုံေတြ... ပုံတိုင္းမွာလဲ လူႏွစ္ေယာက္ပုံဆိုေပမဲ့ ေနရာေတြကသာ ေျပာင္းသြားတယ္... အဲ့လူေတြကေတာ့မေျပာင္းသြားဘူး
"သိပ္ေပ်ာ္ေနၾကပုံပဲ ''
ပုံေတြကိုစားပြဲေပၚပစ္ခ်လိဳက္ၿပီး ထိုင္ခုံကိုမွန္သားေတြနဲ႕ကာထားတဲ့ ျပတင္းေပါက္ဘက္လွည့္လိုက္ရင္း အျပင္ကိုၾကည့္လိုက္မိတယ္...အရာရာကိုအေပၚစီးကေနျမင္ရတာကလဲ သိပ္ကိုေကာင္းပါလား
ဓာတ္ပုံေလးထဲမွာေတာ့ ခုနက ခ်ီခ်ီနဲ႕ဆရာေလခ်ိဳေသြးတို႔ပုံေတြက ၾကည့္သူမဲ့... စားပြဲေပၚ မွာပဲ ဒီတိုင္းေလး...
---------------------------------------------
"ထည္ဝါ...တို႔နဲ႕ဒီဝတ္စုံလိုက္လား..''
"......''
"ထည္ဝါ....''
ေခၚေနေပမဲ့ ထည္ဝါကအေတြးလြန္ေနတာေၾကာင့္ အနားကိုသြားၿပီး ရင္ဘတ္ေလးကိုပြတ္လိုက္ရင္း စြဲေဆာင္မႈရွိတဲ့မ်က္ႏွာေပးေလးနဲ႕ၾကည့္လိုက္ေတာ့
"အင္း...လွပါတယ္..''
ခ်က္ခ်င္းဆိုသလို ရင္ဘတ္ကိုပြတ္ေနတဲ့ ကိုယ့္လက္ေတြကိုမသိမသာဖယ္လိုက္ၿပီး ဆိုဖာေပၚထိုင္ရာကေနေတာင္ ထလိုက္တာေၾကာင့္
"ဘာေတြျဖစ္ေနတာလဲ ေနာက္လဆိုရင္ပဲ ေစ့စပ္ရေတာ့မွာကို...ထည္ဝါေမေမတို႔နဲ႕လဲေတြ႕ၿပီးၿပီ...ဒီေန႕ ဒယ္ဒီဆီသြားရမွာမလား ''
ဟုတ္တယ္... လြန္ခဲ့တဲ့တစ္လက ေဖေဖတို႔ဆီသြားခဲ့တာ အဲလစ္နဲ႕ ေဖာက္ျပန္တယ္ေျပာေျပာ ၿခံခုန္တယ္လို႔ဆိုဆို..အဲလစ္က ေနာက္ခံရွိေတာ့ သူ႕ကိုလဲမျငင္းသာဘူးမလား...
ဒါေပမဲ့ မ သိေနတယ္...မႀကီးေျပာသလားမသိေပမဲ့ မကေ႐ြးရခက္ေနတဲ့အခ်ိန္မွာ ကိုယ့္ကိုအေတြးမမ်ားေအာင္ သူကပဲဆုံးျဖတ္ေပးသြားတယ္မလား
ခုအဲလစ္ကိုပဲေ႐ြးခ်ယ္ရတာေပါ့...ခ်စ္တယ္ မကိုအရမ္းခ်စ္ခဲ့တာပါ ဒါေပမဲ့ မကိုေ႐ြးဖို႔ သတၱိေတြအမ်ားႀကီးလိုေသးတယ္
အဲလစ္အေဖနဲ႕ ကိုယ့္မိဘေတြၾကား မ ပင္ပန္းမွာစိုးတယ္...မကိုေ႐ြးလိုက္တဲ့အခါ မဝန္ပိမွာစိုးတယ္...မ ကပဲ ကိုယ့္အတြက္ ၾကည့္ေပးခဲ့တါမဟုတ္ပါဘူး...
ကိုယ္ကလဲ မအတြက္ ၾကည့္ေနေပးတတ္တဲ့ေကာင္ပါ တကယ္လို႔ မကိုတစ္ခုခုဒုကၡေပးလါခဲ့ရင္ မကာကြယ္ေပးနိုင္မွာကိုေၾကာက္တာလဲပါမယ္
"ထည္ဝါ ဘာေတြးေနတာလဲ ''
ပါးေလးကို သူမလက္နဲ႕ဆြဲယူၿပီး ကိုယ့္မ်က္ႏွာနား လာကပ္မလိုလုပ္တဲ့အဲ့လစ္ေၾကာင့္
"အဲလစ္ ခု႐ုံးခန္းထဲမွာေနာ္... အေနထိုင္ဆင္ျခင္သင့္တယ္ ''
"ဘာျဖစ္လဲ... တို႔ကမင္းရဲ႕ဇနီးေလာင္းေလ ဘယ္သူျမင္မွာေၾကာက္ေနရတာလဲ ''
".....''
"အဲလစ္ကထည္ဝါဆိုတဲ့ မင္းကိုသိပ္ခ်စ္တယ္... ခ်စ္လို႔ ရေအာင္ယူမွာ ''
အတင္းလာဖက္ၿပီး ရင္ခြင္ထဲ ဝင္ေနတဲ့အဲလစ္ေၾကာင့္ အတင္း႐ုန္းလိုက္ေတာ့
"ခနေလာက္ၿငိမ္ေပးပါလား...ဘာလို႔ တို႔နဲ႕ပတ္သက္ရင္ အရမ္းေသြးေအးရတာလဲ ''
အဲ့လိုေျပာျပန္ေတာ့လဲ ဟုတ္သား... သူက ကိုယ့္ဇနီးေလာင္းေလ ဖက္ေနတာကိုမ႐ုန္းေတာ့ဘဲ ၿငိမ္လိုက္ၿပီး ျပန္ဖက္လိုက္ေတာ့ အေတြးထဲေပၚလာတာ မ ရဲ႕ပုံရိပ္ေတြ...
မက ကေလးလို ရင္ခြင္ထဲဝင္ၿပီး ခြၽဲခဲ့တာေတြ...ျပႆနာေတြလိုက္ရွာၿပီးတိုင္း ကိုယ့္ဆီကိုသာေျပးလာတတ္ၿပီး ရွင္းခိုင္းတာေတြ...လင္ေပးစါးေနလို႔ဆူတိုင္း ငိုမဲ့ငိုမဲ့မ်က္ႏွာေလးေတြကလဲမပါမျဖစ္...
အၿမဲလိုလို အသည္းယားေအာင္ ႏႈတ္ခမ္းေလးကို ဆူသေယာင္ေယာင္ပုံစံေလးနဲ႕ေျပာတတ္သလို ရယ္လိုက္ရင္ မ်က္လုံးေလးေတြမွိတ္သြားတတ္တဲ့ မ အၿပဳံးေလး...
"ထည္ဝါ မင္းရင္ခုန္ေနတာလား... ရင္ခုန္သံေတြ အက်ယ္ႀကီး... တို႔ ၾကားေနတယ္..''
"ဟင္...''
"လက္ေပး... ၾကည့္ အဲ့နားဖိၿပီး အာ႐ုံစိုက္ၾကည့္... မင္းရင္ေတြအရမ္းခုန္ေနတယ္..''
အဲလစ္က မ်က္ႏွာႀကီးၿဖီးေနရင္း အေက်နပ္ႀကီးေက်နပ္ေနပုံနဲ႕ ကိုယ့္လယ္ကို ဘယ္ဘက္ရင္ဘတ္ေပၚတင္ေပးလိုက္ၿပီး ေျပာလာလို႔ ေသခ်ာ အာ႐ုံစိုက္မိေတာ့
"ငါ ရင္ေတြခုန္ေနတာပဲ ''
ကိုယ့္အေျပာကို လက္ခံတဲ့ပုံစံနဲ႕ ေခါင္းျပဳတ္မတက္ အဲလစ္ကေခါင္းၿငိမ့္ျပရင္း
"အဲ့တာ မင္း တို႔ကိုခ်စ္ေနၿပီဆိုတဲ့သေဘာ...တို႔အခ်စ္ေတြက အသြားအျပန္ရွိလာၿပီေပါ့..''
"ခ်စ္တယ္...အင္း ဟုတ္တယ္ အရမ္းခ်စ္တယ္...''
"ဟုတ္တယ္ ဟုတ္တယ္... တို႔သိပ္ေပ်ာ္တာပဲကြယ္..''
ကိုယ့္ဘာသာေပ်ာ္ေနတာကို အဲလစ္က
ပခုံးကို သူ႕လက္ေတြနဲ႕ သိုင္းဖက္လာၿပီး ႏႈတ္ခမ္းကိုလာနမ္းမလိုလုပ္ေတာ့ အျမန္ေခါင္းကိုေမာ့လိုက္ၿပီး သူမကို တြန္းထုတ္ပစ္လိုက္တာေၾကာင့္
"ထည္ဝါ..''
"ခုကစ ျပတ္ျပတ္သားသားပဲေျပာေတာ့မယ္...အမအဲလစ္ ငယ္ငယ္ကတည္းက ခုခ်ိန္ထိ အမကို အမတစ္ေယာက္ထက္မပိုခဲ့ဘူး..''
"ဘယ္လို....''
"ေတာင္းပန္ပါတယ္... ေစ့စပ္မဲ့ကိစၥကိုလဲ ကြၽန္ေတာ္ဘက္က အရင္ဖ်က္သိမ္းတယ္...''
ေျပာၿပီး ထြက္သြားမလိုလုပ္ေတာ့ တံခါးေရွ႕လာပိတ္ရပ္တဲ့ အဲလစ္
"မသြားရဘူး... မင္းတို႔ နဲ႕ပဲ လက္ထပ္ရမွာ မင္းအတြက္ တို႔ေလာက္ျပည့္စုံတဲ့မိန္းမမ်ိဳး မရွိေတာ့ဘူး...''
အဲ့အမက စိတ္လြတ္ေနတဲ့ လူတစ္ေယာက္လို ငိုၿပီး လက္အုပ္ခ်ီရင္း
"ေတာင္းပန္ပါတယ္...တို႔ မင္းကိုခ်စ္တယ္ အရမ္းခ်စ္တယ္...မင္းကိုပိုင္ဆိုင္ရမယ္ဆိုတဲ့အေတြးနဲ႕ အခုထိ ႀကိဳးစားခဲ့တာေတြက မင္းရဲ႕ဇနီးျဖစ္ခ်င္လို႔ ''
"အဲလစ္ ကြၽန္ေတာ္မွာခ်စ္သူရွိတယ္..''
"မသိခ်င္ဘူး...သတ္ပစ္မွာေနာ္...အဲ့မိန္းမကိုသတ္ပစ္ရမလား..''
အဲလစ္က တကယ္အ႐ူးတစ္ေယာက္လို႔ျဖစ္ေနၿပီ... သူမရဲ႕ မ်က္လုံးေတြကလဲ ဂနာမၿငိမ္သလို သူမပုံစံၾကည့္ရတာ သိပ္ကိုပူေလာင္ရတယ္
"လုပ္ေလ မင္းလုပ္ခဲ့ရင္ မင္းျပန္ေပးဆပ္ရမယ္ဆိုတာကို သိထားလိုက္...ကိုယ္ကေတာ့ သူ႕ကိုကာကြယ္ေပးမွာ..''
"ထည္ဝါ ေသခ်ာၿပီလား... မင့္ဘဝပ်က္မယ္ဆိုရင္ေတာင္ အဆင္ေျပတယ္ေပါ့..''
လာပါၿပီ အဲ့ဟာေတြနဲ႕ပဲ ခ်ိန္းေျခာက္ေနၾကတယ္... ပထမ အသက္ကိုခ်ိန္းေျခာက္မယ္ မရရင္ စည္းစိမ္ေတြနဲ႕ အပိုင္ခ်ည္မယ္...လူတိုင္းကအဲ့လိုပဲ ေဘာင္းဘီအိတ္ထဲကို လက္ထည့္လိုက္ၿပီး အဲလစ္ကို ခပ္တည္တည္ၾကည့္ရင္း
"မင္းမွာ အရည္အခ်င္းအဲ့ေလာက္ရွိရင္ လုပ္လိုက္...ကိုယ္လဲအပ်င္းေျပတာေပါ့..''
"ထည္ဝါ...အား...''
အစကေတာ့ ဒီတိုင္းေလးၿပီးေစခ်င္ေပမဲ့ ခုက မကိုရန္လုပ္ခ်င္ေနတာမလား...ေလာဘႀကီးတဲ့လူေတြနဲ႕မပတ္သက္ခ်င္ဘူး...တံခါးေရွ႕ပိတ္ရပ္ထားတဲ့ အဲလစ္ကိုတြန္းဖယ္လိုက္ေတာ့ ၾကမ္းျပင္မွာ ေခြေခြေလးလဲေနၿပီး မ်က္ရည္ေတြနဲ႕လူကိုလာၾကည့္တယ္
"အစကတည္းကေျပာခ်င္တာ... အားနည္းခ်င္ေယာင္မေဆာင္ပါနဲ႕ တကယ္လို႔ မတစ္ခုခုျဖစ္ခဲ့ရင္ ''
လဲေနတဲ့ သူမနားသြားၿပီး အေပၚစီးကေန လည္ပင္းကို လက္တစ္ဖက္နဲ႕ လည္လွီးသလိုလုပ္ျပၿပီး ခပ္မိုက္မိုက္အၿပဳံးေလးၿပဳံးရင္း အျပင္ကိုထြက္သြားေနတုန္း ေနာက္ကေန အဲလစ္က ဖိနပ္နဲ႕ေကာက္ပစ္တာခံလိုက္ရတယ္
"ေနာင္တရေစရမယ္ နင္ငါ့ဆီျပန္လာေစရမယ္...အ႐ူးေကာင္ နင္႐ူးေနၿပီ ''
ကံဆိုးတယ္ေျပာရမလား... သူမဖိနပ္က ကိုယ့္ေဘးလာက်ေတာ့ သူမကိုလွည့္ၾကည့္ၿပီး ဖိနပ္ေလးကို ေခါင္းေလးငုံ႕ရင္း ၾကည့္ေနလိုက္တယ္
သူမကေတာ့ ေက်နပ္တဲ့အၿပဳံးနဲ႕ ဖိနပ္လာေပးမယ္ထင္ေနပုံပဲ ဒါေပမဲ့ သူမအေတြးေတြၾကာၾကာမခံခဲ့ပါဘူး...ဘာလို႔ဆို သူမဖိနပ္ကို ကိုယ္က အေဝးႀကီးဆီေရာက္ေအာင္ ကန္ပစ္လိုက္တာကိုး..
"Nice ''
ဂိုးဝင္တဲ့ေဘာလုံးသမားတစ္ေယာက္လို ေအာင္ပြဲခံေနတုန္း
"ရား...အ႐ူးေကာင္ နင္႐ူးေနၿပီ ဟဲ့ အ႐ူးေကာင္ရဲ႕..''
"ဟားးးဟုတ္ပါ့ ႐ူးေနၿပီ ကိုယ္က အခ်စ္႐ူးေလ...မ ကိုသိပ္ခ်စ္ေနလို႔႐ူးေနၿပီ...''
ေအာ္ေျပာလိုက္ေတာ့ အဲလစ္ကေၾကာင္ၾကည့္ေနျပန္ၿပီ ခုလိုပုံစံကိုသူမတစ္ခါမွ မျမင္ဖူးတာေၾကာင့္
"သြားပါၿပီခင္ဗ်..''
ကိုယ္ရွိန္သတ္လိုက္ရင္း သူမကိုခါးေလးကိုင္းၿပီးႏႈတ္ဆက္လိုက္ေတာ့ သူမက ေၾကာင္ေနရာကေန အသံက်ယ္ႀကီးနဲ႕ေမတၱာပို႔ပါေလေရာ
မေၾကာင့္ အခု ကြၽန္ေတာ္လူဆိုးျဖစ္ေနရၿပီ...ဒါေၾကာင့္ မတာဝန္ယူရမယ္ေနာ္ ခုကြၽန္ေတာ္က မမ်က္ႏွာကိုပဲၾကည့္ၿပီး မအတြက္သာအသက္ရွင္ေတာ့မယ္...တစ္ေန႕ထက္တစ္ေန႕ မကိုပိုခ်စ္လာမဲ့ ဒီေကာင္ႀကီးက အခု မဆီလာေနၿပီ...ခ်စ္တယ္ မရယ္...