ထိုမှစခဲ့သော အချစ်များစွာသည်

By Fiendyy

638K 69.1K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... More

INTRO
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206
207 + 208
209 + 210

19

6.3K 785 1
By Fiendyy

Unicode


အခန်း ၁၉ ) သမီးကလည်း အဖေ့သမီးပါ

ကိုယ်တိုင်က အထင်လွဲခံနေရသည့်တိုင် လုမန်ကို ဂရုတစိုက်ရှိရှာသော ဇနီးသည်နှင့် သမီးငယ်ကို ကြည့်ရင်း လုချီယွမ်မှာ စိတ်မကောင်းဖြစ်မှုတို့ချက်ချင်းကွယ်ပျောက်သွားသည်။ ထိုနေရာတွင် ဒေါသတို့အစားဝင်လာလျက်။

“ ကြည့်စမ်း မင်းအမေနဲ့ညီမက မင်းအပေါ်မှာ ဘယ်လောက်တောင်ဂရုတစိုက်ရှိလိုက်သလဲ. . ဒါတောင် မင်းက ကိုယ့်ညီမလေးကို ဒုက္ခရောက်အောင်လုပ်တယ်! ဘယ်လောက်တောင်ယုတ်မာရိုင်းစိုင်းလိုက်သလဲ!! ”
လုချီယွမ်က လုမန်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြစ်တင်ကြိမ်းမောင်းသည်။ 

လုမန်နှုတ်ခမ်းတွေတုန်နေ၏။
“ အဖေ. . . ”

“ ငါ့ကိုအဖေလို့မခေါ်နဲ့!! ငါ လုချီယွမ်မှာ ဒီလိုယုတ်မာရိုင်းစိုင်းတဲ့သမီးမျိုးမရှိဘူး ”
လုချီယွမ်က လက်ကို စိတ်ဆိုးမာန်ဆိုး ဝှေ့ယမ်းပစ်သည်။ လုမန်က နံစော်နေသည့် အမှိုက်ပုံတစ်ခုလို . . အနားကပ်မိရင် မသတီသလို . .

“ သမီးဘာလုပ်ခဲ့မိလို့လဲ အဖေ . . အိမ်ထဲဝင်လာကတည်းက သမီးမှာ စကားလေးတစ်ခွန်းတောင် မပြောရသေးပါဘူး အဖေက ထရိုက်တာလေ . . အဖေစိတ်ဆိုးအောင်လုပ်မိတယ်ဆိုရင်လည်း စကားနဲ့ပြောလို့ရပါတယ် အဖေရယ် ဘာလို့ လက်ပါရတာလဲ ”
လုမန်က ပါးတစ်ခြမ်းကိုအုပ်၍ ငိုကာမေးသည်။

ရှချင်းယန် အကြည့်လွှဲသွားသည်။
ဒီနေ့ လုမန်က တစ်ခုခု ထူးဆန်းနေသည်။

အရင်ကဆို ရှချင်းယန်ထိလျှင် မကြိုက်။ အထိလည်း မခံ။ လက်နှင့်ပုတ်ထုတ်တတ်သည်။

ထို့ကြောင့် ဒီလိုဖြစ်လိုက်တိုင်းမှာ လုချီယွမ်က ဒေါသပိုထွက်၍ လုမန်ကို ပိုမုန်းသွားသည်။

တခြားတစ်ဖက်တွင်မူ လုမန်က တပ်မခေါက်ဘဲ လုချီယွမ်နှင့်ပါ စကားများပစ်သည်။

ဒါကြောင့်ပဲ သူတို့ချင်း အနေဝေးပြီး အေးစက်စိမ်းကားလာကြတာ . . ။

ခုတော့ လုမန်က သူမကို တွန်းမပစ်သည့်အပြင် မျက်နှာမြင်တာနှင့် ထွက်သွားဖို့လည်း မပြော။ လုချီယွမ်နှင့်တောင် စကားများခြင်း မရှိပါ။

လုချီတောင်မှ ဒါကိုအာရုံခံမိလိုက်၍ ခံစားချက်တွေကို မပေါ်အောင် ဖုံးကွယ်ထားလိုက်သည်။ မျက်ဝန်းအိမ်မှာ မျက်ရည်တို့တွဲခိုစေလိုက်ရင်း လုချီက လုချီယွမ်ဆီသွားကာ တံတောင်ကိုအသာအယာ ဆွဲကိုင်လိုက်သည်။
“ အဖေရယ် သမီးကရပါတယ် သမီးကြောင့်နဲ့တော့ မမနဲ့ စကားမများပါနဲ့ ”

ကနဦး၌ သူ့မှာ လုမန်၏ အပြန်စကားကြောင့် အားတုံ့အားနာ ဖြစ်သွားရသော်လည်း သူ့သမီးငယ်၏ သနားစဖွယ်အကြည့်ကို မြင်လိုက်ရတာနှင့် ဒီနှစ်တွေမှာ သူမ ရင်ဆိုင်ခဲ့ရသည့် အခက်အခဲတွေကို တွေးမိသွားသည်။

သူ့သမီးငယ်က သနားစဖွယ် တိုးလျှိုးတောင်းပန်လျက်ရှိသည်။ ဒီသမီးက သူ့သွေးသားရင်း ဆိုပေမယ့် ဂုဏ်ယူဝံ့ကြွားစွာ သူ ထုတ်မပြောနိုင်ပါ။

လုမန်ကရော . .

သူမမှာ အားလုံးရှိသည်။ အပြင်လူတွေအတွက် သူမသည် လုမိသားစု၏ သခင်မလေးဖြစ်သည်။ သို့သော်လည်း မယားပါသမီးအဖြစ် အမည်ပေါက်နေသည့် လုချီဟာဖြင့် ဘယ်တုန်းကမှ လွတ်လပ်မော်ကြွားစွာ မနေနိုင်ခဲ့ပေ။ 

ဒါတွေအစားပေးရအောင် လုမန်ကို အလျှော့ပေးခိုင်းမိတာဘာဖြစ်နေလို့လဲ . .

လုမန် ခါးသီးစွာ ပြုံးလိုက်သည်။ သူမကတော့ ဘယ်လိုပဲဖြစ်ဖြစ် လုချီယွမ်ဆီက ဘာတစ်ခုကိုမှ မမျှော်လင့်တော့တာပါ။

သို့သော်လည်း လုချီယွမ်ရဲ့စကားတွေက ကျန်ရှိနေသော သူတို့သားအဖဆက်ဆံရေးကို ကြွေမွကွဲထွက်သွားစေသည်။

“ အစ်မကြီးဖြစ်တဲ့ မင်းက ကိုယ့်ညီမလေး ကိုယ်စွပ်စွဲအမှုဆင်ရလား . . သူ့မှာ ရဲစခန်းတောင်ရောက်သွားတယ် . . ဘာလုပ်မိလို့လဲဆိုတာကဘာလဲ ”

“ စွပ်စွဲအမှုဆင်တယ် ဟုတ်လား ”
လုမန် လုချီကို ကြည့်လိုက်သည်။
“ နင် အဖေ့ကို အဲ့လိုပြောလိုက်တာလား ”

“ လူတစ်ယောက်ကိုဖမ်းဆီးဖို့ရဲတွေမှာသက်သေခံလိုတယ်။ သမီးက စွပ်စွဲအမှုဆင်တယ်ပြောရအောင် သမီးဘာလုပ်ခဲ့မိလို့လဲ။ ရဲတွေအတွက်သက်သေခံအတု ဖန်တီးပေးခဲ့လို့လား။ သမီးကိုဖမ်းဖို့ အခန်းထိရောက်အောင် ရဲတွေဘယ်လိုခေါ်လာတယ်ဆိုတာရော လုချီက အဖေ့ကို ပြောပြလား။ သူက သမီးကို ရဲလက်အပ်တာနော် တရားခံလို့လည်း ပြောတယ်။ ရဲတွေက လက်ဆုပ်လက်ကိုင်ပြနိုင်မှ အရေးယူလို့ တော်သေးတယ်။ သမီးမှာ အလီဘိုင်ရှိတယ်။ ဒါရိုက်တာရဲ့အခန်းထဲကိုမသွားခဲ့ပါဘူး ဆိုတဲ့ သက်သေလည်း ရှိတယ် ”

“ ဒါပေမယ့် လုချီသာ အပြစ်ကင်းရင် ဒါရိုက်တာ သူ့အခန်းထဲမှာ ဒဏ်ရာရတယ်ဆိုတာကို ဘယ်လိုသိလဲ . . သမီးကိုရော တရားခံပါလို့ ဘယ်လိုများပြောဆိုရက်သလဲ . . ကံကောင်းလို့ သူပို့ထားတဲ့မက်ဆေ့ချ်တွေကို သိမ်းထားမိတာ၊ အဲ့မက်ဆေ့ချ်တွေက ဒါရိုက်တာရဲ့အခန်းထဲကို သူသွားခဲ့တယ်ဆိုတာရဲ့ သက်သေတွေလေ။ သမီးလိုမဖြစ်စလောက်လက်ထောက်လေးက ဒါရိုက်တာရဲ့အခန်းထဲကို ဘာလို့ သွားရမှာလဲ။ ရိုးရိုးသားသားပြောရရင် အဖေ နားမလည်တာကို သမီးတော့ အံ့သြမဆုံးဘူး။ သရုပ်ဆောင်တွေကပဲ ဒါရိုက်တာနဲ့ အဆက်အဆံရှိတာလေ ”

“ အဲဲဒါတွေကြောင့်ပဲ ရဲတွေက သူ့ကို ရဲစခန်းခေါ်သွားရတာပါ။ ဒါ သမီးနဲ့ ဘာဆိုင်လို့လဲ။ အဖေ လုချီကို သိပ်ချစ်ပြီး အထိအခိုက်မခံတာကို နားလည်ပါတယ်။ အဖေ့အတွက်ဆိုရင် သမီးက သူ့ဆံခြည်မျှင်တစ်စနဲ့တောင် မယှဥ်သာပါဘူး။ ဒါပေမယ့် ဒီလိုမျိုးတော့ မဆက်ဆံသင့်ဘူး အဖေ ” မျက်ရည်တွေက လုမန်ပါးပြင်မှာ ပြိုဆင်းလာသည်။ “ လုချီအတွက်နဲ့ သမီးကို ဘယ်လိုတောင် စွပ်စွဲရက်တာလဲ။ သမီးကလည်း အဖေ့သမီးပါ။ သွေးပြန်ကြောတွေထဲမှာစီးဆင်းနေတဲ့ သွေးချင်းလည်းအတူတူပါပဲ ”

====================================

Zawgyi

အခန္း ၁၉ ) သမီးကလည္း အေဖ့သမီးပါ

ကိုယ္တိုင္က အထင္လြဲခံေနရသည့္တိုင္ လုမန္ကို ဂရုတစိုက္ရိွရွာေသာ ဇနီးသည္ႏွင့္ သမီးငယ္ကို ၾကည့္ရင္း လုခ်ီယြမ္မွာ စိတ္မေကာင္းျဖစ္မႈတို႔ခ်က္ခ်င္းကြယ္ေပ်ာက္သြားသည္။ ထိုေနရာတြင္ ေဒါသတို႔အစားဝင္လာလ်က္။

“ ၾကည့္စမ္း မင္းအေမနဲ႔ညီမက မင္းအေပၚမွာ ဘယ္ေလာက္ေတာင္ဂရုတစိုက္ရိွလိုက္သလဲ. . ဒါေတာင္ မင္းက ကိုယ့္ညီမေလးကို ဒုကၡေရာက္ေအာင္လုပ္တယ္! ဘယ္ေလာက္ေတာင္ယုတ္မာရိုင္းစိုင္းလိုက္သလဲ!! ”
လုခ်ီယြမ္က လုမန္ကို လက္ၫွိုးေငါက္ေငါက္ထိုးၿပီး ျပစ္တင္ႀကိမ္းေမာင္းသည္။ 

လုမန္ႏႈတ္ခမ္းေတြတုန္ေန၏။
“ အေဖ. . . ”

“ ငါ့ကိုအေဖလို႔မေခၚနဲ႔!! ငါ လုခ်ီယြမ္မွာ ဒီလိုယုတ္မာရိုင္းစိုင္းတဲ့သမီးမ်ိဳးမရိွဘူး ”
လုခ်ီယြမ္က လက္ကို စိတ္ဆိုးမာန္ဆိုး ေဝ႔ွယမ္းပစ္သည္။ လုမန္က နံေစာ္ေနသည့္ အမိႈက္ပံုတစ္ခုလို . . အနားကပ္မိရင္ မသတီသလို . .

“ သမီးဘာလုပ္ခဲ့မိလို႔လဲ အေဖ . . အိမ္ထဲဝင္လာကတည္းက သမီးမွာ စကားေလးတစ္ခြန္းေတာင္ မေျပာရေသးပါဘူး အေဖက ထရိုက္တာေလ . . အေဖစိတ္ဆိုးေအာင္လုပ္မိတယ္ဆိုရင္လည္း စကားနဲ႔ေျပာလို႔ရပါတယ္ အေဖရယ္ ဘာလို႔ လက္ပါရတာလဲ ”
လုမန္က ပါးတစ္ျခမ္းကိုအုပ္၍ ငိုကာေမးသည္။

ရွခ်င္းယန္ အၾကည့္လႊဲသြားသည္။
ဒီေန့ လုမန္က တစ္ခုခု ထူးဆန္းေနသည္။

အရင္ကဆို ရွခ်င္းယန္ထိလ်ွင္ မႀကိဳက္။ အထိလည္း မခံ။ လက္ႏွင့္ပုတ္ထုတ္တတ္သည္။

ထို႔ေၾကာင့္ ဒီလိုျဖစ္လိုက္တိုင္းမွာ လုခ်ီယြမ္က ေဒါသပိုထြက္၍ လုမန္ကို ပိုမုန္းသြားသည္။

တျခားတစ္ဖက္တြင္မူ လုမန္က တပ္မေခါက္ဘဲ လုခ်ီယြမ္ႏွင့္ပါ စကားမ်ားပစ္သည္။

ဒါေၾကာင့္ပဲ သူတို႔ခ်င္း အေနေဝးၿပီး ေအးစက္စိမ္းကားလာၾကတာ . . ။

ခုေတာ့ လုမန္က သူမကို တြန္းမပစ္သည့္အျပင္ မ်က္ႏွာျမင္တာႏွင့္ ထြက္သြားဖို႔လည္း မေျပာ။ လုခ်ီယြမ္ႏွင့္ေတာင္ စကားမ်ားျခင္း မရိွပါ။

လုခ်ီေတာင္မွ ဒါကိုအာရံုခံမိလိုက္၍ ခံစားခ်က္ေတြကို မေပၚေအာင္ ဖံုးကြယ္ထားလိုက္သည္။ မ်က္ဝန္းအိမ္မွာ မ်က္ရည္တို႔တြဲခိုေစလိုက္ရင္း လုခ်ီက လုခ်ီယြမ္ဆီသြားကာ တံေတာင္ကိုအသာအယာ ဆြဲကိုင္လိုက္သည္။
“ အေဖရယ္ သမီးကရပါတယ္ သမီးေၾကာင့္နဲ႔ေတာ့ မမနဲ႔ စကားမမ်ားပါနဲ႔ ”

ကနဦး၌ သူ႔မွာ လုမန္၏ အျပန္စကားေၾကာင့္ အားတံု႔အားနာ ျဖစ္သြားရေသာ္လည္း သူ႔သမီးငယ္၏ သနားစဖြယ္အၾကည့္ကို ျမင္လိုက္ရတာႏွင့္ ဒီႏွစ္ေတြမွာ သူမ ရင္ဆိုင္ခဲ့ရသည့္ အခက္အခဲေတြကို ေတြးမိသြားသည္။

သူ႔သမီးငယ္က သနားစဖြယ္ တိုးလ်ိႈးေတာင္းပန္လ်က္ရိွသည္။ ဒီသမီးက သူ႔ေသြးသားရင္း ဆိုေပမယ့္ ဂုဏ္ယူဝံ့ႂကြားစြာ သူ ထုတ္မေျပာႏိုင္ပါ။

လုမန္ကေရာ . .

သူမမွာ အားလံုးရိွသည္။ အျပင္လူေတြအတြက္ သူမသည္ လုမိသားစု၏ သခင္မေလးျဖစ္သည္။ သို႔ေသာ္လည္း မယားပါသမီးအျဖစ္ အမည္ေပါက္ေနသည့္ လုခ်ီဟာျဖင့္ ဘယ္တုန္းကမွ လြတ္လပ္ေမာ္ႂကြားစြာ မေနႏိုင္ခဲ့ေပ။ 

ဒါေတြအစားေပးရေအာင္ လုမန္ကို အေလ်ွာ့ေပးခိုင္းမိတာဘာျဖစ္ေနလို႔လဲ . .

လုမန္ ခါးသီးစြာ ၿပံဳးလိုက္သည္။ သူမကေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ လုခ်ီယြမ္ဆီက ဘာတစ္ခုကိုမွ မေမ်ွာ္လင့္ေတာ့တာပါ။

သို႔ေသာ္လည္း လုခ်ီယြမ္ရဲ့စကားေတြက က်န္ရိွေနေသာ သူတို႔သားအဖဆက္ဆံေရးကို ေႂကြမြကြဲထြက္သြားေစသည္။

“ အစ္မႀကီးျဖစ္တဲ့ မင္းက ကိုယ့္ညီမေလး ကိုယ္စြပ္စြဲအမႈဆင္ရလား . . သူ႔မွာ ရဲစခန္းေတာင္ေရာက္သြားတယ္ . . ဘာလုပ္မိလို႔လဲဆိုတာကဘာလဲ ”

“ စြပ္စြဲအမႈဆင္တယ္ ဟုတ္လား ”
လုမန္ လုခ်ီကို ၾကည့္လိုက္သည္။
“ နင္ အေဖ့ကို အဲ့လိုေျပာလိုက္တာလား ”

“ လူတစ္ေယာက္ကိုဖမ္းဆီးဖို႔ရဲေတြမွာသက္ေသခံလိုတယ္။ သမီးက စြပ္စြဲအမႈဆင္တယ္ေျပာရေအာင္ သမီးဘာလုပ္ခဲ့မိလို႔လဲ။ ရဲေတြအတြက္သက္ေသခံအတု ဖန္တီးေပးခဲ့လို႔လား။ သမီးကိုဖမ္းဖို႔ အခန္းထိေရာက္ေအာင္ ရဲေတြဘယ္လိုေခၚလာတယ္ဆိုတာေရာ လုခ်ီက အေဖ့ကို ေျပာျပလား။ သူက သမီးကို ရဲလက္အပ္တာေနာ္ တရားခံလို႔လည္း ေျပာတယ္။ ရဲေတြက လက္ဆုပ္လက္ကိုင္ျပႏိုင္မွ အေရးယူလို႔ ေတာ္ေသးတယ္။ သမီးမွာ အလီဘိုင္ရိွတယ္။ ဒါရိုက္တာရဲ့အခန္းထဲကိုမသြားခဲ့ပါဘူး ဆိုတဲ့ သက္ေသလည္း ရိွတယ္ ”

“ ဒါေပမယ့္ လုခ်ီသာ အျပစ္ကင္းရင္ ဒါရိုက္တာ သူ႔အခန္းထဲမွာ ဒဏ္ရာရတယ္ဆိုတာကို ဘယ္လိုသိလဲ . . သမီးကိုေရာ တရားခံပါလို႔ ဘယ္လိုမ်ားေျပာဆိုရက္သလဲ . . ကံေကာင္းလို႔ သူပို႔ထားတဲ့မက္ေဆ့ခ်္ေတြကို သိမ္းထားမိတာ၊ အဲ့မက္ေဆ့ခ်္ေတြက ဒါရိုက္တာရဲ့အခန္းထဲကို သူသြားခဲ့တယ္ဆိုတာရဲ့ သက္ေသေတြေလ။ သမီးလိုမျဖစ္စေလာက္လက္ေထာက္ေလးက ဒါရိုက္တာရဲ့အခန္းထဲကို ဘာလို႔ သြားရမွာလဲ။ ရိုးရိုးသားသားေျပာရရင္ အေဖ နားမလည္တာကို သမီးေတာ့ အံ့ၾသမဆံုးဘူး။ သရုပ္ေဆာင္ေတြကပဲ ဒါရိုက္တာနဲ႔ အဆက္အဆံရိွတာေလ ”

“ အဲဒါေတြေၾကာင့္ပဲ ရဲေတြက သူ႔ကို ရဲစခန္းေခၚသြားရတာပါ။ ဒါ သမီးနဲ႔ ဘာဆိုင္လို႔လဲ။ အေဖ လုခ်ီကို သိပ္ခ်စ္ၿပီး အထိအခိုက္မခံတာကို နားလည္ပါတယ္။ အေဖ့အတြက္ဆိုရင္ သမီးက သူ႔ဆံျခည္မ်ွင္တစ္စနဲ႔ေတာင္ မယွဥ္သာပါဘူး။ ဒါေပမယ့္ ဒီလိုမ်ိဳးေတာ့ မဆက္ဆံသင့္ဘူး အေဖ ” မ်က္ရည္ေတြက လုမန္ပါးျပင္မွာ ၿပိဳဆင္းလာသည္။ “ လုခ်ီအတြက္နဲ႔ သမီးကို ဘယ္လိုေတာင္ စြပ္စြဲရက္တာလဲ။ သမီးကလည္း အေဖ့သမီးပါ။ ေသြးျပန္ေၾကာေတြထဲမွာစီးဆင္းေနတဲ့ ေသြးခ်င္းလည္းအတူတူပါပဲ ”

====================================

Continue Reading

You'll Also Like

38.1K 2K 17
When Boun Guntachai's parents discovered their son was gay, they vowed to never interfere or sabotage his relationships, but he never imagined in a m...
351K 8.6K 29
"Why can't you tell me?" Cat Noir clutched her arm. "You know why Kitty," Ladybug tried to break away, but his grasp was too tight, "Cat, I'm going t...
57.7K 3.1K 17
Kim Taehyung is your gay bestfriend. But he's always there for you He's there to help you fight your trauma. He's there to protect you. What if, one...
3.7M 293K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...