ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး...

Від Hululu61

346K 57.8K 2.4K

အရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnw... Більше

အပိုင်း (၄၁) - အတူတူအိပ်ခြင်း
အပိုင်း (၄၁) - အိပ်ရာမျှဝေခြင်း (CENSOR)
အပိုင်း (၄၂.၁) - ကူဖော်လောင်ဖက်
အပိုင်း (၄၂.၂) - ကူဖော်လောင်ဖက်(WARNING)
အပိုင်း (၄၃) - ကိုယ် မြင်လိုက်တယ်
အပိုင်း (၄၄) - မနက်စာ
အပိုင်း (၄၅) - တော်ဝင်မိသားစု သဘောထား
အပိုင်း (၄၆) - ဇနီးလေးရဲ့ ညီငယ်သေးသေးလေး
အပိုင်း (၄၇) - လယ်သမားများ
အပိုင်း (၄၈) - အန်းမိသားစုသို့ အပြန်
အပိုင်း (၄၉.၁) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၄၉.၂) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၅၀) - ခြိမ်းခြောက်ဖို့ရန်
အပိုင်း (၅၁) - တန်ပြန်အစီအစဥ်
အပိုင်း (၅၂) - အလုံးစုံ ထိန်းချုပ်ခြင်း
အပိုင်း (၅၃) - စားနပ်ရိက္ခာ သိုလှောင်ခြင်း
အပိုင်း (၅၄) - အစားအစာ ရရှိဖို့ရန်
အပိုင်း (၅၅) - မွှေးပျံ့ကော့လန်သည့် ဆန်(ပေါ်ဆန်းမွှေး)
အပိုင်း (၅၆) - သက်သေခံ အထောက်အထား
အပိုင်း (၅၇) - ပုန်းကွယ်နေသည့် လုပ်ကြံသတ်ဖြတ်သူ
အပိုင်း (၅၈) - လျှော်ပင်နှင့် ပင်လယ်တားမြစ်ချက်
အပိုင်း (၅၉) - ပိုးပန်းသူ
အပိုင်း (၆၀) - အန်းချောင်၏ စိတ်ဓာတ်ကြံ့ခိုင်မှု
အပိုင်း (၆၁.၁) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၁.၂) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၂.၁) - တိုးတက်မှု
အပိုင်း (၆၂.၂) - တိုးတက်မှု
အပိုင်း (၆၃.၁) - စာရင်းစာအုပ်
အပိုင်း (၆၃.၂) - စာရင်းစာအုပ်
အပိုင်း (၆၄.၁) - ဖူဝူထျန်း ၏ စွမ်းအား
အပိုင်း (၆၅.၁) - ညဘက် ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၅.၂) - ညဘက်ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၆.၁) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၆.၂) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၇.၁) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၇.၂) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၈.၁) - တိုက်ဆိုင်မှု
အပိုင်း (၆၈.၂) - တိုက်ဆိုင်မှု
Attention Plz
အပိုင်း (၆၉.၁) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၆၉.၂) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၇၀.၁) - လက်ထပ်ပေးခြင်း
အပိုင်း (၇၀.၂) - လက်ထပ်ပေးခြင်း
အပိုင်း (၇၁) - ဉာဏ်ပူဇော်ခ
အပိုင်း (၇၂) - စစ်ကြောမေးမြန်းခြင်း
အပိုင်း (၇၃) - စစ်ကြောမေးမြန်းခြင်းနှင့် စိတ်အား ထက်သန်မှု
အပိုင်း (၇၄.၁) - သာမန်လူများနှင့် ခြားနားသော[Warning!🔞]
အပိုင်း (၇၄.၂) - သာမန်လူများနှင့် ခြားနားသော
အပိုင်း(၇၅.၁) - ကူညီရန်
အပိုင်း (၇၅.၂) - ကူညီရန်
အပိုင်း (၇၆.၁) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၆.၂) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၇) - စီရင်ချက်
အပိုင်း (၇၈) - အန်းနန်းဆောင်
အပိုင်း (၇၉.၁) - အပြစ်ပေးခြင်း
အပိုင်း (၇၉.၂) - အပြစ်ပေးခြင်း
အပိုင်း (၈၀.၁) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၀.၂) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၁.၁) - လောင်းကစားရုံ
အပိုင်း (၈၁.၂) - လောင်းကစားရုံ
အပိုင်း (၈၂.၁) - ရက်စက်သော ပြိုင်ပွဲ
အပိုင်း (၈၂.၂) - ရက်စက်သော ပြိုင်ပွဲ
!!!

အပိုင်း (၆၄.၂) - ဖူဝူထျန်း၏ စွမ်းအား

4.1K 815 18
Від Hululu61

Unicode

အပိုင်း (၆၄.၂) - ဖူဝူထျန်း၏ စွမ်းအား

"ကိုယ်က ဘာလို့ သူ့ကို ဒီစာအုပ် ပေးလိုက်ရမှာလဲ?"

အန်းကျီယန် သူ့ကို ကြည့်လိုက်မိ၏။

"ခင်ဗျားက ဒီစာအုပ်ကို ဖျက်ဆီးပစ်မယ်လို့ ပြောချင်တာလား?"

စာအုပ်သည် အခိုးခံလိုက်ရပြီမို့ ကျင်းကျုံးထင်သည် စာအုပ် သူတို့ လက်ထဲ၌ ရောက်နေပြီး ဖြစ်သည် ကို သေချာပေါက် ခန့်မှန်းမိပေလိမ့်မည်။ သူတို့သာ ထိုစာအုပ်ကို မလွှဲပြောင်းပေးဘူးဆိုလျှင် ထိန်းသိမ်းဖို့ရာ စဥ်းစားရပေလိမ့်မည်။ သူတို့က စာရင်းစာအုပ် မရှိတော့ကြောင်း ပြောလိုက်လျှင်ပင် တစ်ဖက်က ယုံကြည်လိမ့်မည် မဟုတ်ပေ။

ရှို့ဖေး က ရုတ်တရက် အားပါးတရ ရယ်ချလိုက်သည်။ အန်းကျီယန် သူ့ကို ကြည့်လိုက်ချိန်၌ သူက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်လေသည်။

"ဝမ်ဖေး...ဝမ်ဖေး မသိတာတစ်ခု ရှိနေသေးတယ်ဗျ။ ကျွန်တော်တို့ ဝမ်ရယ်ကလေ...အရမ်း စွမ်းအားကြီးတာနော်။ ချုန်းမင်ဧကရာဇ် ကို အစီအရင် မခံလိုက်ရင်တောင်မှ ဝမ်ဖေးအနေနဲ့ တာ့ယာပြည်က ဒီလို ပိုးမွှားလေးတွေကို အလွယ်လေး သုတ်သင်ပစ်လို့ရတယ်"

အန်းကျီယန် ဖူဝူထျန်း ကို တစ်ချက်ကြည့်လိုက်သည်။

ဖူဝူထျန်း က မည်သည့် စကားနှင့်မှ ငြင်းဆိုခြင်း မပြုပေ။

အန်းကျီယန် ဖူဝူထျန်း နှင့် ပတ်သတ်၍ အကြောင်းအရာအသစ်ကို သိရှိလိုက်ရသည့်နှယ် ခံစားလိုက်ရ၏။

ရှို့ဖေး၏ မျက်နှာထက်တွင် တောက်ပသည့် အပြုံးတစ်ခု ရှိနေပေသည်။ သူသည်လည်း ပထမဆုံးအကြိမ် စတင်သိရှိခဲ့စဥ်က အလွန်အမင်း တုန်လှုပ်သွားခဲ့ရသည်ပင်။ ဝမ်ရယ်သည် မင်းသားတစ်ပါး မဟုတ်သလို ဧကရာဇ်တစ်ပါးလည်း မဟုတ်ပါချေ။ သို့သော် ဝမ်ရယ့်၏ အခွင့်အာဏာ စွမ်းအားသည် ကျန်းစန်းချန်တိ ထက်ပင် ပို၍ မြင့်မားပေသည်။အနာဂတ်၌ ကျန်းစန်းချန်တိ သာ ပြစ်မှု တစ်ခုခု ကျူးလွန်ခဲ့ပါက ဝမ်ရယ်သည် ချုန်းမင်ဧကရာဇ် ကိုပင် ကျော်၍ သူ့အား အပြစ်ပေးပစ်နိုင်စွမ်း ရှိပေသည်။

အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ အရင်ဧကရာဇ် ဝမ်ရယ့်ကို ပေးအပ်ခဲ့သည့် အာဏာကြောင့် ဖြစ်သည်။

လက်ရှိဧကရာဇ် ထီးနန်း ဆက်ခံထားသည်မှာ ယခုဆိုလျှင် နှစ်ဆယ့်ခုနစ်နှစ် ရှိသွားပြီ ဖြစ်သည်။ သို့သော် သူက ဧကရာဇ် နတ်ရွာစံသွားပြီးနောက်မှ ထီးနန်းကို ရရှိခဲ့ခြင်း မဟုတ်ပေ။ အရင်ဧကရာဇ် က ထီးနန်းကို စွန့်လွှတ်ပြီး သူ့အား လွှဲပေးခဲ့ခြင်း ဖြစ်သည်။

ဧကရာဇ်က သူ့၏တူ ဖူရှောင်း ကို အလွန်ပင် ချစ်ခင်နှစ်သက်သည်မို့ ထီးနန်း လွှဲအပ်ရန် ကြံရွယ်ထားခဲ့သည်။ သို့သော်လည်း ဖူရှောင်းမှာ စစ်ရေးစစ်ရာကိစ္စများနှင့်သာ အလုပ်ရှုပ်နေပြီး မြင်းကုန်းနှီးပေါ်၌ လွတ်လပ်ပေါ့ပါးစွာ နေထိုင်လိုသည်မို့ ထီးနန်း ကို ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် အရင်ဧကရာဇ်သည် ထီးနန်းကို သူ့၏ တစ်ဦးတည်းသော သားတော် ထံသို့သာ လွှဲပေးလိုက်ရ၏။ သူ့၌ သမီးတော် များစွာ ရှိသော်လည်း သားတော်မှာမူ ဖူချုန်းတစ်ယောက်သာ ရှိသည်။

ထို့နောက် အရင်ဧကရာဇ်၏ ဖူရှောင်းအပေါ် နှစ်သက်သဘောကျမှုမှသည် ဖူဝူထျန်း အပေါ်သို့ ပြောင်းလဲသွားလေ၏။

ဖူဝူထျန်း မွေးဖွားလာပြီးနောက် သုံးလမျှအကြာတွင် သူ့မိဘများသည် သူ့အား ဖူနန်းတော်ထဲ၌ ထားရစ်ခဲ့လေသည်။ ထိုအချိန်တွင် ဧကရာဇ် နန်းစွန့်ထားသည်မှာ နှစ်အနည်းငယ်မျှ ကြာနေပြီ ဖြစ်သည်။ ဖူဝူထျန်း၏ အခြေအနေကို ကြားလိုက်ရပြီးနောက်တွင် ဧကရာဇ်က သူ့ကို အင်ပါယာနန်းတော်ဆီသို့ ခေါ်ဆောင်လိုက်ပြီး နှစ်အနည်းငယ်မျှ နံဘေးတွင် ထားရှိကာ ပြုစုပျိုးထောင်ပေးလေ၏။ တဖြည်းဖြည်းနှင့် သူသည် ဖူဝူထျန်းငယ်လေး၏ ဉာဏ်ရည် ထက်မြက်မှု၊ ရဲရင့်သတ္တိရှိမှုတို့ကြောင့် တုန်လှုပ်အံ့သြသွားရပြီး ဝူထျန်းကို ပို၍ပင် နှစ်သက်လာလေသည်။

ဧကရာဇ် မသေဆုံးမီ နှစ်နှစ်အလို၌ ချုန်းမင်ဧကရာဇ်သည် သူ့၏ အစစ်အမှန်အမူအကျင့်တို့ကို စတင်ထုတ်ဖော်လာပြီး အစွမ်းအစမရှိသည့် အာဏာရှင်အဖြစ်သို့ ဦးတည်နေလေသည်။ ထိုအချိန်၌ အရင်ဧကရာဇ်သည်ကား စွမ်းအားမဲ့နေလေပြီ ဖြစ်သည်။ ထို့ကြောင့် သူက သူ့၏ မျှော်လင့်ချက် အလုံးစုံကို ဖူဝူထျန်းငယ်လေး အပေါ်၌ ပုံအပ်လိုက်တော့သည်။ ထို့နောက် သူသည် ဖူဝူထျန်း အား သူ့အထက်ရှိ အရည်အချင်းမရှိသော အုပ်ချုပ်သူကို ကွပ်မျက်နိုင်ခွင့် နှင့် သူ့အောက်ရှိ လာဘ်စားသော အရာရှိ မှုးမတ်များကို ရှင်းထုတ်နိုင်သည့် စွမ်းအား တို့ ပေးအပ် လွှဲပြောင်းခဲ့လေသည်။

အင်ပါယာနန်းတော်ထဲရှိ မှုးကြီးမတ်ရာများနှင့် စစ်သူကြီးများအားလုံးအပြင် ဧကရာဇ်သည်လည်း ဤကိစ္စကို သိရှိထားပေသည်။

အကြောင်းမှာ အရင်ဧကရာဇ် က ထိုကြေညာချက်ကို လူတိုင်း၏ ရှေ့မှောက်၌ ကြေညာခဲ့သောကြောင့် ဖြစ်ပြီး အချို့သော သာမန်လူများသည်ပင် ဤကိစ္စကို သိရှိထားပေသည်။

ထိုအချိန်မှစ၍ ဖူဝူထျန်းကို မကြာခဏဆိုသလို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုများ ဖြစ်ပေါ်လာခဲ့သည်။

နောက်ပိုင်းတွင် အဝေးရှိ နယ်နိမိတ် နယ်စပ်တွင် ရောက်ရှိနေသော ဖူရှောင်းက ထိုအခြေအနေကို သိရှိသွားကာ သူ့ကို နယ်စပ်သို့ ခေါ်ဆောင်သွားသည်။ ထို့နောက် နှစ်အနည်းငယ်မျှ ကြာညောင်းသွားသည်။ ဖူရှောင်းနှင့် သူ့ဇနီး သေဆုံးသွားချိန်၌ ဖူဝူထျန်း သည် သူတို့၏ အရိုးပြာများကို ပြန်လည်သယ်ဆောင်လာခဲ့သည်။ သို့သော် စျာပနပွဲ ပြီးစီးသည်နှင့် နယ်စပ်သို့ ချက်ချင်းပြန်သွားလေ၏။

ဤအချိန်အတောအတွင်း သူသည် သုံးကြိမ်ထက်ပို၍ ပြန်မလာခဲ့ပေ။

သူ့၌ တာ့ယာပြည်၏ ပြည်သူများအားလုံးအပေါ် လွှမ်းမိုးနိုင်စွမ်း ရှိသည့် ထိုကဲ့သို့သော အာဏာစွမ်းပကားကို ပိုင်ဆိုင်ထားသော်လည်း ဤသည်မှာ သူ မြို့တော်သို့ ပြန်လာသည့် ဒုတိယအကြိမ်သာ ဖြစ်သည်။ ပထမအကြိမ် မှာ သူ့မိဘများ၏ အရိုးပြာကို ပြန်လည်သယ်ယူလာခဲ့ချိန်က ဖြစ်သည်။

ထိုအချိန်က မှူးမတ်တစ်ယောက်သည် သူ့အမေကို ဖူရှောင်းနှင့်အတူ အင်ပါယာ အုတ်ဂူထဲ၌ မြုပ်နှံရန် ကိစ္စကို ကန့်ကွက်ခဲ့ဖူးသည်။ အကြောင်းရင်း မှာ သူမက တာ့ယာပြည်၏ ပြည်သူ မဟုတ်သောကြောင့် ဖြစ်သည်။ ရလဒ်မှာကား...ဖူဝူထျန်း က သူ့ကို ဓားတစ်ချက်ဖြင့် နှစ်ခြမ်းပိုင်းလိုက်ခြင်းသာ ဖြစ်သည်။ ထိုအချိန်က ဖူဝူထျန်း သည် ဆယ်နှစ်သားသာ ရှိနေသေးသည်။ သူက ထိုအရွယ်ကတည်းကပင် စစ်နတ်ဘုရား၏ အရှိန်အဝါကို ထုတ်လွှတ်နေခဲ့ပြီး ဖြစ်သည်။

ထိုအချိန်မှစ၍ မည်သူကမျှ ဖူဝူထျန်းကို အနိုင်ကျင့်ရန် လွယ်ကူသည့် လူငယ်လေးအဖြစ် မတွေးဝံ့တော့ချေ။

ထို့နောက်ပိုင်းတွင် စစ်နတ်ဘုရား၏ ဂုဏ်သတင်းသည် တဖြည်းဖြည်းချင်း ပျံ့နှံ့လာတော့သည်။

......

အန်းကျီယန်သည် ခေါင်မိုးစွန်း တံစက်မြိတ်အောက်၌ ရပ်လိုက်ပြီး အန်းယွမ်စီရင်စု၏ လမ်းများထက်သို့ ကြည့်လိုက်သည်။ ဤနေရာသည် အန်းမိသားစု ထဲရှိ အမြင့်ဆုံး အဆောက်အဦ ဖြစ်သည်။ ဤနေရာမှနေ၍ အန်းယွမ်စီရင်စု၏ လမ်းမများထက်၌ ဖြစ်ပျက်သမျှကို မြင်နေရပေသည်။ လမ်းမထက်ရှိ ပျားပန်းခတ်မျှ သွားလာနေသော လူအုပ်ကြီး၊ ကုန်ပစ္စည်းများကို ရောင်းချနေသည့် လူများနှင့် ဘန်းမုန့်ရောင်းနေသည့် အဘိုးအို၏ ကြင်နာတတ်သော မျက်နှာ...စသဖြင့် ဖြစ်သည်။

မည်သူကမျှ ဤသို့ ငြိမ်းချမ်းသာယာသည့် မြင်ကွင်း၏အောက်တွင် ဖုံးကွယ်ထားသည့် အင်အားတစ်ခု ရှိနေလိမ့်မည်ဟု တွေးမိမည်မဟုတ်ပေ။ ထိုအင်အားနှင့်အတူ ပုပ်သွေးဆွေးမြေ့၍ ယိုယွင်းပျက်စီးကာ အပုပ်နံ့တထောင်းထောင်းထနေသည့် အ​ခြေအနေတစ်ခု ရောပါလာပေသည်။ အနည်းငယ်မျှသော ဂရုမစိုက်မှုလေးကြောင့်ပင် အန်းယွမ်စီရင်စုတစ်ခုလုံးကို တိုက်စားသွားစေနိုင်သည်။

သူ အတွေးနွံထဲ နစ်မြုပ်နေချိန်တွင် ရုတ်တရက်ဆို​သလို လက်တစ်ဖက်က သူ့ခါးကို လာထိလေသည်။

အန်းကျီယန်၏ အကြည့်က တုန်ယင်သွားလေပြီး တံတောင်ဆစ်ဖြင့် နောက်ပြန် ထိုးနှက် တိုက်ခိုက်ပစ်လိုက်သည်။ သူ့၏ လှုပ်ရှားမှုက အလွန်ပင် ထက်ရှ လျှင်မြန်လှပြီး အနည်းငယ်မျှပင် နှေးကွေးမနေပေ။ လူအများစုမှာ မရှောင်ရှားနိုင်ဘဲ အရိုက်ခံရလိမ့်မည် ဖြစ်သော်ငြား သူ့နောက်ရှိ လူမှာ သူ့၏ တိုက်ခိုက်မှုကို အလွယ်တကူ ဖမ်းယူလိုက်လေပြီး ထိုအင်အားအတိုင်း အလိုက်သင့် လိုက်ပါကာ သူ့ တံတောင်ဆစ်ကို လက်တစ်ဖက်တည်းဖြင့် ထိန်းကိုင်လိုက်လေ၏။

"ဝမ်ဖေးလေး..."

ပူလောင်ပြင်းပြသည့် အသက်ရှုသံက သူ့နားရွက်ကို ဖြတ်တိုက်သွားသည်။

ဖူဝူထျန်း၏ တိုးလျလျ အသံသြရှရှက ယောကျာ်းတစ်ယောက်၏ ပြိုင်ဘက်ကင်း ဆွဲဆောင်ညို့ယူနိုင်စွမ်းကို သယ်ဆောင်လာပြီး သူ့နားထဲသို့ ဝင်ရောက်လာ၏။ ရှည်လျား တောင့်တင်းလှသည့် ခန္ဓာကိုယ်က အန်းကျီယန်ကို အပြည့်အဝ ရစ်ပတ်ထားပြီး သူ့လက်မောင်းများဖြင့် ထွေးဖက်ထားလေသည်။

အန်းကျီယန် နေ့စဥ်နေ့တိုင်း လေ့ကျင့်ခန်း ပိုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူက ယခုတွင် အသက်ဆယ့်ခြောက်နှစ်မျှသာ ရှိသေးပြီး ဆက်လက် ဖွံ့ဖြိုးကြီးထွား နေဦးပေလိမ့်မည်။ သူက ဖူဝူထျန်း ကဲ့သို့ သန်မာထွားကြိုင်းလာနိုင်လိမ့်မည် မဟုတ်ကြောင်း သိရှိသော်ငြား အနည်းဆုံး သူ့အရပ်က ဖူဝူထျန်း၏ ပုခုံးအား ကျော်ကို ကျော်ရပေမည်။

"ခင်ဗျား အားလုံး စီစဥ်ပြီးသွားပြီလား?"

"အွန်း..."

"သူတို့ ဘယ်အချိန် လှုပ်ရှားလိမ့်မယ်လို့ ခင်ဗျားထင်လဲ?"

အန်းကျီယန် ဤသို့ ပြောလိုက်ပြီးသည်နှင့် သူ့အကြည့်က အန်းမိသားစု ခြံဝန်းအနီး၌ ပုန်းကွယ် စောင့်ဆိုင်းနေသည့် လူများအပေါ် ရောက်ရှိသွားသည်။ သူတို့အားလုံးကို စီရင်စုအောက်တရားသူကြီး ကျင်းက အန်းမိသားစုအား စောင့်ကြည့်ရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်။

ဖူဝူထျန်း က အန်းကျီယန်၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ချိန်တွင် အန်းမိသားစု ကို စောင့်ကြည့်နေသည့် လူများကို တွေ့လိုက်ရ၏။ အကြမ်းဖျင်း ဆယ်ယောက်မျှသည် နေရာတိုင်းနီးပါးတွင် ရှိနေပြီး မိသားစု တစ်ခုလုံးကို မျက်ခြေမပြတ် စောင့်ကြည့်နေသည်မို့ ယင်တစ်ကောင်သည်ပင် လွတ်မြောက်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

"သူတို့ အန်းမိသားစုကို ဖမ်းဖို့ သက်သေနည်းနည်း ဖန်တီးသွားနိုင်တဲ့အထိ စောင့်လိုက်ပါဦးကွာ"

"...မေးခွန်း နဲ့ အဖြေ လွဲနေတယ် လို့ ခင်ဗျား မထင်ဘူးလား?"

"ဝမ်ဖေးလေး...ဒီမင်းသားက ပြောလို့မပြီးသေးဘူးလေ"

ဖူဝူထျန်း၏ ဆွဲဆောင်မှုရှိရှိ ရယ်မောသံက သူ့၏ နားစည်ထဲသို့ စိမ့်ဝင်ပျံ့နှံ့သွားချေ၏။

အန်းကျီယန် တိတ်ဆိတ်သွားလေသည်။

"ဒီ့မတိုင်ခင်... သူတို့က တစ်ယောက်ယောက်ကို လွှတ်ပြီး အိမ်ထဲမှာ စာရင်းစာအုပ် ရှိမရှိ အတည်ပြုခိုင်းလိမ့်မယ်"

"ဒီညလား?"

"ဖြစ်နိုင်ချေ များတယ် "

သူတို့က နှစ်ရက်ပင် အောင့်အီးသည်းခံခဲ့ပြီး ဖြစ်သည်။ ထို ဆယ်ယောက်လုံးသည် ထပ်မံစောင့်ဆိုင်းနိုင်တော့ဟန် မရပေ။ ထို့အပြင် လျှိုဖေးဟုန် သည်ပင် ဒီမနက်က အန်းယွမ်စီရင်စုသို့ လျှို့ဝှက်ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် သူတို့အနေဖြင့် ဒီည လှုပ်ရှားရန်အတွက် အခွင့်အရေးကို လက်လွှတ်ခံရန် မဖြစ်နိုင်ပေ။

အန်းကျီယန် ရုတ်တရက် ဒီည ရောက်ရှိလာမည့်အရာကို ကြိုတွေးလိုက်မိသည်။

သူ ဤကဲ့သို့သော စိတ်လှုပ်ရှားမှုမျိုးနှင့် မကြုံတွေ့ရသည်မှာ အလွန်ပင် ကြာခဲ့ပြီဖြစ်သည်။

(Hululu note - paid gp ရှိတယ်နော် 😙❤)

Zawgyi

အပိုင္း (၆၄.၂) - ဖူဝူထ်န္း၏ စြမ္းအား

"ကိုယ္က ဘာလို႔ သူ႕ကို ဒီစာအုပ္ ေပးလိုက္ရမွာလဲ?"

အန္းက်ီယန္ သူ႕ကို ၾကည့္လိုက္မိ၏။

"ခင္ဗ်ားက ဒီစာအုပ္ကို ဖ်က္ဆီးပစ္မယ္လို႔ ေျပာခ်င္တာလား?"

စာအုပ္သည္ အခိုးခံလိုက္ရၿပီမို႔ က်င္းက်ဳံးထင္သည္ စာအုပ္ သူတို႔ လက္ထဲ၌ ေရာက္ေနၿပီး ျဖစ္သည္ ကို ေသခ်ာေပါက္ ခန့္မွန္းမိေပလိမ့္မည္။ သူတို႔သာ ထိုစာအုပ္ကို မလႊဲေျပာင္းေပးဘူးဆိုလွ်င္ ထိန္းသိမ္းဖို႔ရာ စဥ္းစားရေပလိမ့္မည္။ သူတို႔က စာရင္းစာအုပ္ မရွိေတာ့ေၾကာင္း ေျပာလိုက္လွ်င္ပင္ တစ္ဖက္က ယုံၾကည္လိမ့္မည္ မဟုတ္ေပ။

ရွို႔ေဖး က ႐ုတ္တရက္ အားပါးတရ ရယ္ခ်လိဳက္သည္။ အန္းက်ီယန္ သူ႕ကို ၾကည့္လိုက္ခ်ိန္၌ သူက ဂုဏ္ယူဝံ့ႂကြားစြာ ေျပာလိုက္ေလသည္။

"ဝမ္ေဖး...ဝမ္ေဖး မသိတာတစ္ခု ရွိေနေသးတယ္ဗ်။ ကြၽန္ေတာ္တို႔ ဝမ္ရယ္ကေလ...အရမ္း စြမ္းအားႀကီးတာေနာ္။ ခ်ဳန္းမင္ဧကရာဇ္ ကို အစီအရင္ မခံလိုက္ရင္ေတာင္မွ ဝမ္ေဖးအေနနဲ႕ တာ့ယာျပည္က ဒီလို ပိုးမႊားေလးေတြကို အလြယ္ေလး သုတ္သင္ပစ္လို႔ရတယ္"

အန္းက်ီယန္ ဖူဝူထ်န္း ကို တစ္ခ်က္ၾကည့္လိုက္သည္။

ဖူဝူထ်န္း က မည္သည့္ စကားႏွင့္မွ ျငင္းဆိုျခင္း မျပဳေပ။

အန္းက်ီယန္ ဖူဝူထ်န္း ႏွင့္ ပတ္သတ္၍ အေၾကာင္းအရာအသစ္ကို သိရွိလိုက္ရသည့္ႏွယ္ ခံစားလိုက္ရ၏။

ရွို႔ေဖး၏ မ်က္ႏွာထက္တြင္ ေတာက္ပသည့္ အၿပဳံးတစ္ခု ရွိေနေပသည္။ သူသည္လည္း ပထမဆုံးအႀကိမ္ စတင္သိရွိခဲ့စဥ္က အလြန္အမင္း တုန္လႈပ္သြားခဲ့ရသည္ပင္။ ဝမ္ရယ္သည္ မင္းသားတစ္ပါး မဟုတ္သလို ဧကရာဇ္တစ္ပါးလည္း မဟုတ္ပါေခ်။ သို႔ေသာ္ ဝမ္ရယ့္၏ အခြင့္အာဏာ စြမ္းအားသည္ က်န္းစန္းခ်န္တိ ထက္ပင္ ပို၍ ျမင့္မားေပသည္။အနာဂတ္၌ က်န္းစန္းခ်န္တိ သာ ျပစ္မႈ တစ္ခုခု က်ဴးလြန္ခဲ့ပါက ဝမ္ရယ္သည္ ခ်ဳန္းမင္ဧကရာဇ္ ကိုပင္ ေက်ာ္၍ သူ႕အား အျပစ္ေပးပစ္နိုင္စြမ္း ရွိေပသည္။

အဘယ့္ေၾကာင့္ဆိုေသာ္ ဤသည္မွာ အရင္ဧကရာဇ္ ဝမ္ရယ့္ကို ေပးအပ္ခဲ့သည့္ အာဏာေၾကာင့္ ျဖစ္သည္။

လက္ရွိဧကရာဇ္ ထီးနန္း ဆက္ခံထားသည္မွာ ယခုဆိုလွ်င္ ႏွစ္ဆယ့္ခုနစ္ႏွစ္ ရွိသြားၿပီ ျဖစ္သည္။ သို႔ေသာ္ သူက ဧကရာဇ္ နတ္႐ြာစံသြားၿပီးေနာက္မွ ထီးနန္းကို ရရွိခဲ့ျခင္း မဟုတ္ေပ။ အရင္ဧကရာဇ္ က ထီးနန္းကို စြန့္လႊတ္ၿပီး သူ႕အား လႊဲေပးခဲ့ျခင္း ျဖစ္သည္။

ဧကရာဇ္က သူ႕၏တူ ဖူေရွာင္း ကို အလြန္ပင္ ခ်စ္ခင္ႏွစ္သက္သည္မို႔ ထီးနန္း လႊဲအပ္ရန္ ႀကံ႐ြယ္ထားခဲ့သည္။ သို႔ေသာ္လည္း ဖူေရွာင္းမွာ စစ္ေရးစစ္ရာကိစၥမ်ားႏွင့္သာ အလုပ္ရႈပ္ေနၿပီး ျမင္းကုန္းႏွီးေပၚ၌ လြတ္လပ္ေပါ့ပါးစြာ ေနထိုင္လိုသည္မို႔ ထီးနန္း ကို ျငင္းဆန္ခဲ့သည္။ ထို႔ေၾကာင့္ အရင္ဧကရာဇ္သည္ ထီးနန္းကို သူ႕၏ တစ္ဦးတည္းေသာ သားေတာ္ ထံသို႔သာ လႊဲေပးလိုက္ရ၏။ သူ႕၌ သမီးေတာ္ မ်ားစြာ ရွိေသာ္လည္း သားေတာ္မွာမူ ဖူခ်ဳန္းတစ္ေယာက္သာ ရွိသည္။

ထို႔ေနာက္ အရင္ဧကရာဇ္၏ ဖူေရွာင္းအေပၚ ႏွစ္သက္သေဘာက်မႈမွသည္ ဖူဝူထ်န္း အေပၚသို႔ ေျပာင္းလဲသြားေလ၏။

ဖူဝူထ်န္း ေမြးဖြားလာၿပီးေနာက္ သုံးလမွ်အၾကာတြင္ သူ႕မိဘမ်ားသည္ သူ႕အား ဖူနန္းေတာ္ထဲ၌ ထားရစ္ခဲ့ေလသည္။ ထိုအခ်ိန္တြင္ ဧကရာဇ္ နန္းစြန့္ထားသည္မွာ ႏွစ္အနည္းငယ္မွ် ၾကာေနၿပီ ျဖစ္သည္။ ဖူဝူထ်န္း၏ အေျခအေနကို ၾကားလိုက္ရၿပီးေနာက္တြင္ ဧကရာဇ္က သူ႕ကို အင္ပါယာနန္းေတာ္ဆီသို႔ ေခၚေဆာင္လိုက္ၿပီး ႏွစ္အနည္းငယ္မွ် နံေဘးတြင္ ထားရွိကာ ျပဳစုပ်ိဳးေထာင္ေပးေလ၏။ တျဖည္းျဖည္းႏွင့္ သူသည္ ဖူဝူထ်န္းငယ္ေလး၏ ဉာဏ္ရည္ ထက္ျမက္မႈ၊ ရဲရင့္သတၱိရွိမႈတို႔ေၾကာင့္ တုန္လႈပ္အံ့ၾသသြားရၿပီး ဝူထ်န္းကို ပို၍ပင္ ႏွစ္သက္လာေလသည္။

ဧကရာဇ္ မေသဆုံးမီ ႏွစ္ႏွစ္အလို၌ ခ်ဳန္းမင္ဧကရာဇ္သည္ သူ႕၏ အစစ္အမွန္အမူအက်င့္တို႔ကို စတင္ထုတ္ေဖာ္လာၿပီး အစြမ္းအစမရွိသည့္ အာဏာရွင္အျဖစ္သို႔ ဦးတည္ေနေလသည္။ ထိုအခ်ိန္၌ အရင္ဧကရာဇ္သည္ကား စြမ္းအားမဲ့ေနေလၿပီ ျဖစ္သည္။ ထို႔ေၾကာင့္ သူက သူ႕၏ ေမွ်ာ္လင့္ခ်က္ အလုံးစုံကို ဖူဝူထ်န္းငယ္ေလး အေပၚ၌ ပုံအပ္လိုက္ေတာ့သည္။ ထို႔ေနာက္ သူသည္ ဖူဝူထ်န္း အား သူ႕အထက္ရွိ အရည္အခ်င္းမရွိေသာ အုပ္ခ်ဳပ္သူကို ကြပ္မ်က္နိုင္ခြင့္ ႏွင့္ သူ႕ေအာက္ရွိ လာဘ္စားေသာ အရာရွိ မႈးမတ္မ်ားကို ရွင္းထုတ္နိုင္သည့္ စြမ္းအား တို႔ ေပးအပ္ လႊဲေျပာင္းခဲ့ေလသည္။

အင္ပါယာနန္းေတာ္ထဲရွိ မႈးႀကီးမတ္ရာမ်ားႏွင့္ စစ္သူႀကီးမ်ားအားလုံးအျပင္ ဧကရာဇ္သည္လည္း ဤကိစၥကို သိရွိထားေပသည္။

အေၾကာင္းမွာ အရင္ဧကရာဇ္ က ထိုေၾကညာခ်က္ကို လူတိုင္း၏ ေရွ႕ေမွာက္၌ ေၾကညာခဲ့ေသာေၾကာင့္ ျဖစ္ၿပီး အခ်ိဳ႕ေသာ သာမန္လူမ်ားသည္ပင္ ဤကိစၥကို သိရွိထားေပသည္။

ထိုအခ်ိန္မွစ၍ ဖူဝူထ်န္းကို မၾကာခဏဆိုသလို လုပ္ႀကံသတ္ျဖတ္ရန္ ႀကိဳးပမ္းမႈမ်ား ျဖစ္ေပၚလာခဲ့သည္။

ေနာက္ပိုင္းတြင္ အေဝးရွိ နယ္နိမိတ္ နယ္စပ္တြင္ ေရာက္ရွိေနေသာ ဖူေရွာင္းက ထိုအေျခအေနကို သိရွိသြားကာ သူ႕ကို နယ္စပ္သို႔ ေခၚေဆာင္သြားသည္။ ထို႔ေနာက္ ႏွစ္အနည္းငယ္မွ် ၾကာေညာင္းသြားသည္။ ဖူေရွာင္းႏွင့္ သူ႕ဇနီး ေသဆုံးသြားခ်ိန္၌ ဖူဝူထ်န္း သည္ သူတို႔၏ အရိုးျပာမ်ားကို ျပန္လည္သယ္ေဆာင္လာခဲ့သည္။ သို႔ေသာ္ စ်ာပနပြဲ ၿပီးစီးသည္ႏွင့္ နယ္စပ္သို႔ ခ်က္ခ်င္းျပန္သြားေလ၏။

ဤအခ်ိန္အေတာအတြင္း သူသည္ သုံးႀကိမ္ထက္ပို၍ ျပန္မလာခဲ့ေပ။

သူ႕၌ တာ့ယာျပည္၏ ျပည္သူမ်ားအားလုံးအေပၚ လႊမ္းမိုးနိုင္စြမ္း ရွိသည့္ ထိုကဲ့သို႔ေသာ အာဏာစြမ္းပကားကို ပိုင္ဆိုင္ထားေသာ္လည္း ဤသည္မွာ သူ ၿမိဳ႕ေတာ္သို႔ ျပန္လာသည့္ ဒုတိယအႀကိမ္သာ ျဖစ္သည္။ ပထမအႀကိမ္ မွာ သူ႕မိဘမ်ား၏ အရိုးျပာကို ျပန္လည္သယ္ယူလာခဲ့ခ်ိန္က ျဖစ္သည္။

ထိုအခ်ိန္က မႉးမတ္တစ္ေယာက္သည္ သူ႕အေမကို ဖူေရွာင္းႏွင့္အတူ အင္ပါယာ အုတ္ဂူထဲ၌ ျမဳပ္ႏွံရန္ ကိစၥကို ကန့္ကြက္ခဲ့ဖူးသည္။ အေၾကာင္းရင္း မွာ သူမက တာ့ယာျပည္၏ ျပည္သူ မဟုတ္ေသာေၾကာင့္ ျဖစ္သည္။ ရလဒ္မွာကား...ဖူဝူထ်န္း က သူ႕ကို ဓားတစ္ခ်က္ျဖင့္ ႏွစ္ျခမ္းပိုင္းလိုက္ျခင္းသာ ျဖစ္သည္။ ထိုအခ်ိန္က ဖူဝူထ်န္း သည္ ဆယ္ႏွစ္သားသာ ရွိေနေသးသည္။ သူက ထိုအ႐ြယ္ကတည္းကပင္ စစ္နတ္ဘုရား၏ အရွိန္အဝါကို ထုတ္လႊတ္ေနခဲ့ၿပီး ျဖစ္သည္။

ထိုအခ်ိန္မွစ၍ မည္သူကမွ် ဖူဝူထ်န္းကို အနိုင္က်င့္ရန္ လြယ္ကူသည့္ လူငယ္ေလးအျဖစ္ မေတြးဝံ့ေတာ့ေခ်။

ထို႔ေနာက္ပိုင္းတြင္ စစ္နတ္ဘုရား၏ ဂုဏ္သတင္းသည္ တျဖည္းျဖည္းခ်င္း ပ်ံ့ႏွံ႕လာေတာ့သည္။

......

အန္းက်ီယန္သည္ ေခါင္မိုးစြန္း တံစက္ၿမိတ္ေအာက္၌ ရပ္လိုက္ၿပီး အန္းယြမ္စီရင္စု၏ လမ္းမ်ားထက္သို႔ ၾကည့္လိုက္သည္။ ဤေနရာသည္ အန္းမိသားစု ထဲရွိ အျမင့္ဆုံး အေဆာက္အဦ ျဖစ္သည္။ ဤေနရာမွေန၍ အန္းယြမ္စီရင္စု၏ လမ္းမမ်ားထက္၌ ျဖစ္ပ်က္သမွ်ကို ျမင္ေနရေပသည္။ လမ္းမထက္ရွိ ပ်ားပန္းခတ္မွ် သြားလာေနေသာ လူအုပ္ႀကီး၊ ကုန္ပစၥည္းမ်ားကို ေရာင္းခ်ေနသည့္ လူမ်ားႏွင့္ ဘန္းမုန့္ေရာင္းေနသည့္ အဘိုးအို၏ ၾကင္နာတတ္ေသာ မ်က္ႏွာ...စသျဖင့္ ျဖစ္သည္။

မည္သူကမွ် ဤသို႔ ၿငိမ္းခ်မ္းသာယာသည့္ ျမင္ကြင္း၏ေအာက္တြင္ ဖုံးကြယ္ထားသည့္ အင္အားတစ္ခု ရွိေနလိမ့္မည္ဟု ေတြးမိမည္မဟုတ္ေပ။ ထိုအင္အားႏွင့္အတူ ပုပ္ေသြးေဆြးေျမ့၍ ယိုယြင္းပ်က္စီးကာ အပုပ္နံ႕တေထာင္းေထာင္းထေနသည့္ အေျခအေနတစ္ခု ေရာပါလာေပသည္။ အနည္းငယ္မွ်ေသာ ဂ႐ုမစိုက္မႈေလးေၾကာင့္ပင္ အန္းယြမ္စီရင္စုတစ္ခုလုံးကို တိုက္စားသြားေစနိုင္သည္။

သူ အေတြးႏြံထဲ နစ္ျမဳပ္ေနခ်ိန္တြင္ ႐ုတ္တရက္ဆိုသလို လက္တစ္ဖက္က သူ႕ခါးကို လာထိေလသည္။

အန္းက်ီယန္၏ အၾကည့္က တုန္ယင္သြားေလၿပီး တံေတာင္ဆစ္ျဖင့္ ေနာက္ျပန္ ထိုးႏွက္ တိုက္ခိုက္ပစ္လိုက္သည္။ သူ႕၏ လႈပ္ရွားမႈက အလြန္ပင္ ထက္ရွ လွ်င္ျမန္လွၿပီး အနည္းငယ္မွ်ပင္ ႏွေးေကြးမေနေပ။ လူအမ်ားစုမွာ မေရွာင္ရွားနိုင္ဘဲ အရိုက္ခံရလိမ့္မည္ ျဖစ္ေသာ္ျငား သူ႕ေနာက္ရွိ လူမွာ သူ႕၏ တိုက္ခိုက္မႈကို အလြယ္တကူ ဖမ္းယူလိုက္ေလၿပီး ထိုအင္အားအတိုင္း အလိုက္သင့္ လိုက္ပါကာ သူ႕ တံေတာင္ဆစ္ကို လက္တစ္ဖက္တည္းျဖင့္ ထိန္းကိုင္လိုက္ေလ၏။

"ဝမ္ေဖးေလး..."

ပူေလာင္ျပင္းျပသည့္ အသက္ရႈသံက သူ႕နား႐ြက္ကို ျဖတ္တိုက္သြားသည္။

ဖူဝူထ်န္း၏ တိုးလ်လ် အသံၾသရွရွက ေယာက်ာ္းတစ္ေယာက္၏ ၿပိဳင္ဘက္ကင္း ဆြဲေဆာင္ညို႔ယူနိုင္စြမ္းကို သယ္ေဆာင္လာၿပီး သူ႕နားထဲသို႔ ဝင္ေရာက္လာ၏။ ရွည္လ်ား ေတာင့္တင္းလွသည့္ ခႏၶာကိုယ္က အန္းက်ီယန္ကို အျပည့္အဝ ရစ္ပတ္ထားၿပီး သူ႕လက္ေမာင္းမ်ားျဖင့္ ေထြးဖက္ထားေလသည္။

အန္းက်ီယန္ ေန႕စဥ္ေန႕တိုင္း ေလ့က်င့္ခန္း ပိုလုပ္ရန္ ဆုံးျဖတ္လိုက္သည္။ သူက ယခုတြင္ အသက္ဆယ့္ေျခာက္ႏွစ္မွ်သာ ရွိေသးၿပီး ဆက္လက္ ဖြံ႕ၿဖိဳးႀကီးထြား ေနဦးေပလိမ့္မည္။ သူက ဖူဝူထ်န္း ကဲ့သို႔ သန္မာထြားႀကိဳင္းလာနိုင္လိမ့္မည္ မဟုတ္ေၾကာင္း သိရွိေသာ္ျငား အနည္းဆုံး သူ႕အရပ္က ဖူဝူထ်န္း၏ ပုခုံးအား ေက်ာ္ကို ေက်ာ္ရေပမည္။

"ခင္ဗ်ား အားလုံး စီစဥ္ၿပီးသြားၿပီလား?"

"အြန္း..."

"သူတို႔ ဘယ္အခ်ိန္ လႈပ္ရွားလိမ့္မယ္လို႔ ခင္ဗ်ားထင္လဲ?"

အန္းက်ီယန္ ဤသို႔ ေျပာလိုက္ၿပီးသည္ႏွင့္ သူ႕အၾကည့္က အန္းမိသားစု ၿခံဝန္းအနီး၌ ပုန္းကြယ္ ေစာင့္ဆိုင္းေနသည့္ လူမ်ားအေပၚ ေရာက္ရွိသြားသည္။ သူတို႔အားလုံးကို စီရင္စုေအာက္တရားသူႀကီး က်င္းက အန္းမိသားစုအား ေစာင့္ၾကည့္ရန္ ေစလႊတ္လိုက္ျခင္း ျဖစ္သည္။

ဖူဝူထ်န္း က အန္းက်ီယန္၏ အၾကည့္ေနာက္သို႔ လိုက္ၾကည့္လိုက္ခ်ိန္တြင္ အန္းမိသားစု ကို ေစာင့္ၾကည့္ေနသည့္ လူမ်ားကို ေတြ႕လိုက္ရ၏။ အၾကမ္းဖ်င္း ဆယ္ေယာက္မွ်သည္ ေနရာတိုင္းနီးပါးတြင္ ရွိေနၿပီး မိသားစု တစ္ခုလုံးကို မ်က္ေျခမျပတ္ ေစာင့္ၾကည့္ေနသည္မို႔ ယင္တစ္ေကာင္သည္ပင္ လြတ္ေျမာက္နိုင္စြမ္း ရွိမည္ မဟုတ္ေပ။

"သူတို႔ အန္းမိသားစုကို ဖမ္းဖို႔ သက္ေသနည္းနည္း ဖန္တီးသြားနိုင္တဲ့အထိ ေစာင့္လိုက္ပါဦးကြာ"

"...ေမးခြန္း နဲ႕ အေျဖ လြဲေနတယ္ လို႔ ခင္ဗ်ား မထင္ဘူးလား?"

"ဝမ္ေဖးေလး...ဒီမင္းသားက ေျပာလို႔မၿပီးေသးဘူးေလ"

ဖူဝူထ်န္း၏ ဆြဲေဆာင္မႈရွိရွိ ရယ္ေမာသံက သူ႕၏ နားစည္ထဲသို႔ စိမ့္ဝင္ပ်ံ့ႏွံ႕သြားေခ်၏။

အန္းက်ီယန္ တိတ္ဆိတ္သြားေလသည္။

"ဒီ့မတိုင္ခင္... သူတို႔က တစ္ေယာက္ေယာက္ကို လႊတ္ၿပီး အိမ္ထဲမွာ စာရင္းစာအုပ္ ရွိမရွိ အတည္ျပဳခိုင္းလိမ့္မယ္"

"ဒီညလား?"

"ျဖစ္နိုင္ေခ် မ်ားတယ္ "

သူတို႔က ႏွစ္ရက္ပင္ ေအာင့္အီးသည္းခံခဲ့ၿပီး ျဖစ္သည္။ ထို ဆယ္ေယာက္လုံးသည္ ထပ္မံေစာင့္ဆိုင္းနိုင္ေတာ့ဟန္ မရေပ။ ထို႔အျပင္ လွ်ိုေဖးဟုန္ သည္ပင္ ဒီမနက္က အန္းယြမ္စီရင္စုသို႔ လွ်ို႔ဝွက္ေရာက္ရွိလာခဲ့သည္။ ထို႔ေၾကာင့္ သူတို႔အေနျဖင့္ ဒီည လႈပ္ရွားရန္အတြက္ အခြင့္အေရးကို လက္လႊတ္ခံရန္ မျဖစ္နိုင္ေပ။

အန္းက်ီယန္ ႐ုတ္တရက္ ဒီည ေရာက္ရွိလာမည့္အရာကို ႀကိဳေတြးလိုက္မိသည္။

သူ ဤကဲ့သို႔ေသာ စိတ္လႈပ္ရွားမႈမ်ိဳးႏွင့္ မႀကဳံေတြ႕ရသည္မွာ အလြန္ပင္ ၾကာခဲ့ၿပီျဖစ္သည္။

(Hululu note - အပိုင္း ႀကိဳဖတ္ခ်င္ရင္ paid gp ရွိပါတယ္ရွင့္...fb acc Hululu ကို လာadd ၿပီး 3000 က်ပ္နဲ႕ gp ဝင္လို႔ရပါၿပီေနာ္ )

Продовжити читання

Вам також сподобається

83.8K 2.8K 35
Childhood marriages are common in 1500 BC . My friends are married already but I am still waiting for that day. Though I was betrothed to Udaipur p...
24.6K 2.5K 51
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၃)" MM Translation "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္..... ေကာင္းမြန္ေသာ အိ...
Reborn As The Wretch Від Grazy

Історичні романи

42.8K 1.4K 55
Camille is a student at Venezia Academy who loves to read books, particularly novels. She is, nevertheless, a target of the school bullies. She fell...
My Sin Від XxMeixiangxX

Історичні романи

1.7M 69K 65
Liu Quiaqio, the Empress of the Jin Dynasty has given his heart, soul, and body to the emperor, he loved him to the point it exhausted him, but the c...