ထိုမှစခဲ့သော အချစ်များစွာသည်

By Fiendyy

639K 69.2K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... More

INTRO
1
2
3
4
5
6
7
8
9
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206
207 + 208
209 + 210

10

7.6K 873 12
By Fiendyy

Unicode

အခန်း ၁၀ ) လူကို အရင်ဆုံး လွှတ်ပေးသင့်တယ် မဟုတ်လား သခင်လေးဟန်

လုမန် အံကြိတ်ပြီး ပြောလိုက်သည်။ 
“ လူကို အရင်ဆုံး လွှတ်ပေးသင့်တယ် မဟုတ်လား သခင်လေးဟန် . . . ”

အရင်ဘဝက ကြားဖူးတာတော့ ဟန်ကျိုးလီက အထက်တန်းကျပြီး သဒ္ဓါတရားရှိပါသည်တဲ့။ သူ့အဆင့်အတန်းကြီးကြောင့်လည်း ဘယ်အမျိုးသမီးမှ သူနှင့် မနီးစပ်နိုင်ကြ။

မိန်းမတစ်ယောက် သူ့ကို ချဥ်းကပ်မိလျှင်
မြင့်မြတ်သူကို ပြစ်မှားစော်ကားသည် ဟုပင်
လူတချို့က တွေးကြသည်။

အရင်ဘဝမှာပဲ သူမသေဆုံးသွားသည့် အချိန်က ဟန်ကျိုးလီသည် အိမ်ထောင်မပြုရသေးချေ။ သူ့မှာ ကောင်မလေး ရှိတယ်လို့လည်း ကြားပင် မကြားဖူးပါ။

ခု ဒီလို လူရမ်းကားဆန်ဆန် အပြုအမူတွေကို ကြည့်လိုက်ရင် အရင်ဘဝမှာ ကြားခဲ့သမျှနှင့် လားလားမျှ မတူ။

“ မင်းလက်ကိုဆွဲထားတာလည်း မဟုတ်ဘူး ”
ဟန်ကျိုးလီက လက်ကောက်ဝတ်ကိုတော့ လွှတ်ပေးထားပြီး ဖြစ်သော်လည်း လက်တွေက ခါးကို ဆုပ်ထားသေးသည်။

လုမန် စကားပြောခွင့်ပင် မသာလိုက် ၊
ဟန်ကျိုးလီက ဖုန်းစကရင်ကို ကြည့်ပြီး
“ ‘ လုချီယွမ် ’ . . . မင်းအဖေလား  ”

တကယ်လည်း သူမအဖေရဲ့ဖုန်းကို ‘ အဖေ ’ တွေ ‘ ဖေဖေ ’ တွေ ကွန့်မနေဘဲ နာမည်အတိုင်း မှတ်ထားတာဖြစ်သည်။

လုမန် သူ့အမေးကို မဖြေဘဲ အံကြိတ်ပြီးတော့သာ ပြောလိုက်၏။
“ လူကို အရင်လွှတ်ပါ ”

သူမှန်းလိုက်တာမှန်သွားမှန်း သိတော့ ဟန်ကျိုးလီက ပြောလာသည်။
“ ဒီကနေ ဖြေလည်း ရတာပဲ ”

လုမန် မျက်လွှာချထားလိုက်သည်။ ဖုန်းကတော့ ဆက်မြည်နေတုန်း၊ သွားကိုင်ဖို့ လောမနေဘဲ ဟန်ကျိုးလီကိုသာ ပြုံးပြီးတော့ ကြည့်လိုက်၏။

ဟန်ကျိုးလီ မျက်လုံးတွေ မှေးကျဥ်းသွားသည်။ ဒီအပြုံးကို သူ ရင်းနှီးသည်။ စောစောလေးကပဲ ဟဲကျိန့်ပိုင် နှင့် လုချီကို ဒီအပြုံးတွေ ပေးခဲ့တာ။

သူမအပြုံးက ညှို့ယူဆွဲဆောင်နိုင်စွမ်း ရှိကာ မြင်ရသူကို မိန်းမောသွားစေနိုင်သည်။ 

ဟန်ကျိုးလီ သူ့စိတ်သူ ပြင်ထားပြီး ဖြစ်ပေမယ့် မဟန်နိုင်ဘဲ သူမအပြုံးမှာ ခေတ္တနစ်မြောသွားခဲ့သည်။

ဒါ သဘာဝရဲ့မြေခွေးမ !

သူ အာရုံပျက်သွားတာကို အခွင့်ကောင်းယူပြီး လုမန်က ခြေထောက်ကိုမြောက်ကာ သူ့ဒူးကို ဆောင့်ကန်လိုက်သည်။

စောစောက ရေချိုးခန်းထဲမှာ အဝတ်တွေအမြန်လဲတော့ ရုပ်တည်ရှိအောင် ဖိနပ်တွေပါ ချွတ်ပစ်ခဲ့တာဖြစ်ကာ . .၊

ခု ခြေဗလာနဲ့ရပ်နေတာမို့ ကော်ဇောရဲ့အရင့်ရောင်က သူမခြေထောက်နှင့် ယှဥ်လျက်ဖြစ်ကာ နို့ရည်စိမ်ထားသလို ဖြူနု ဥလှနေလျက်။

သူမ ကန်ပစ်လိုက်လို့ ဟန်ကျိုးလီ ဒူးညွတ်သွားပေမယ့် တကယ်နာတာက ခဏသာဖြစ်ပြီး ခြေဖဝါးရဲ့ နူးညံ့မှုမှာ သာယာသွားမိတာက တော်တော်ကြာကြာ။

သူ့လက်ကလွတ်တာနှင့် လုမန်တစ်ယောက် တဘက်ပင် မကောက်ဝံ့ဘဲ ရေချိုးခန်းကို တန်းပြေးရသည်။

ဟန်ကျိုးလီကတော့ ဒူးကို ညွတ်၍ ကျန်ခဲ့သည်။ ဒါတောင် သူအငြိမ်မနေနိုင်ဘဲ ခေါင်းက ချာလည်လည်ပြီး မျက်လုံးက သူမအနောက်ကို ပါသွားသည်။

သူမနောက်ကျောက လှသည်။ ဖြူနုသော အသားအရေက ချောမွေ့နေကာ အောက်ပိုင်းက တောင့်သည်။ ကြည့်နေရင်း သူ့လက်တွေက ပြဿနာဖန်တီးတော့မည့်ပမာ ဂနာမငြိမ်ဖြစ်လာသည်။

ခါးမှာ သူမခြေထောက်တွေရစ်တွယ်နေတယ်လို့ စိတ်ကူးပေါက်မိတော့ သူ့ခါးတွေပါ တောင့်တင်းကုန်သည်။ 

ချက်ချင်းဆိုသလို နောက်တစ်က္ကန့်အတွင်း ပေါက်ကွဲတော့မည့်ပမာ ပူထူလာပြန်၏။

အနောက်မှာ ကပ်ပါလာသည့် တဏှာအကြည့်ကို လုမန် ခံစားမိနေတာမို့ ရေချိုးခန်းထဲကို ​အသော့ပြေးနေရင်း စိတ်က ကသိကအောက် ဖြစ်သည်။ 

သို့သော်လည်း သူမခန္ဓာကိုယ်က အပူကြီးလာနေဆဲဖြစ်ပြီး သူ့လက်တွေထိခဲ့သည့် နေရာတိုင်းက သူ ဆက်ထိနေသေးသလို ပူနွေးနွေး ဖြစ်နေသေးသည်။

မြည်နေတဲ့ ဖုန်း အသံတိတ်သွားသည်တွင်တောင် သူမက ဂရုမစိုက်။

လုချီယွမ် နှင့် ထပ်ပြီးတော့ စကားမများချင်။

သို့သော်လည်း ဖုန်းက အသံတိတ်သွားတာနှင့် လျင်စွာ ထပ်မြည်လာပြန်သည်။

ဖုန်းစကရင်ကိုကြည့်ရင်း ‘ လုချီယွမ် ’ ဆိုသော နာမည်ကို အစိမ်းဝါးစားမတတ် ကြည့်ပစ်လိုက်၏။

ဒါ အတိတ်ဘဝမှာ သူမကို မယုံဘဲ လုချီကို ယုံကြည်ခဲ့သည့် သူမအဖေ ဖြစ်သည်။

တခြားသူတွေကို အန္တရာယ်ပြုခဲ့သည့် လူက သူမဆိုတာကို သူက လုံးဝဥဿုံ ယုံကြည်ခဲ့ပြီး သူမကို ပြဿနာကောင် ဟု ထင်ခဲ့သည်။ သူမ ထောင်ကျသွားသည့် နောက်ပိုင်းတွင်တောင် တစ်ကြိမ်တစ်ခါပင် လာတွေ့ခဲ့ခြင်း မရှိ။

ထောင်ဒဏ် ၈ နှစ် ပြည့်လို့ သူမ ထောင်ဝန်းထဲက ထွက်လာသည့်အချိန် လက်ကမ်းကြိုဆိုမည့်သူ တစ်ယောက်မှ မရှိခဲ့တာကို သေချာ မှတ်မိပါသေးသည်။ ပြောရရင် အဲ့နေ့မှာ သူမလွတ်မယ့်အကြောင်း ဘယ်သူမှ မသိကြတဲ့အတိုင်း။

သို့ပေမယ့် ဒါတွေလည်း သူမ အရေးမစိုက်ခဲ့ပေ။ စိတ်ထဲမှာ မမာသော မိခင်သာ ရှိသည့်အတွက် လုမိသားစုအိမ်ကိုတောင် မပြန်ဘဲ မေမေ့အိမ်ကို တန်းသွားခဲ့သည်။ သို့သော် တွေ့လိုက်ရတာက လူသူမရှိတော့သည့် အိမ်။

==================================

Zawgyi

အခန္း ၁၀ ) လူကို အရင္ဆံုး လႊတ္ေပးသင့္တယ္ မဟုတ္လား သခင္ေလးဟန္

လုမန္ အံႀကိတ္ၿပီး ေျပာလိုက္သည္။ 
“ လူကို အရင္ဆံုး လႊတ္ေပးသင့္တယ္ မဟုတ္လား သခင္ေလးဟန္ . . . ”

အရင္ဘဝက ၾကားဖူးတာေတာ့ ဟန္က်ိဳးလီက အထက္တန္းက်ၿပီး သဒၶါတရားရိွပါသည္တဲ့။ သူ႔အဆင့္အတန္းႀကီးေၾကာင့္လည္း ဘယ္အမ်ိဳးသမီးမွ သူႏွင့္ မနီးစပ္ႏိုင္ၾက။

မိန္းမတစ္ေယာက္ သူ႔ကို ခ်ဥ္းကပ္မိလ်ွင္
ျမင့္ျမတ္သူကို ျပစ္မွားေစာ္ကားသည္ ဟုပင္
လူတခ်ိဳ႕က ေတြးၾကသည္။

အရင္ဘဝမွာပဲ သူမေသဆံုးသြားသည့္ အခ်ိန္က ဟန္က်ိဳးလီသည္ အိမ္ေထာင္မျပဳရေသးေခ်။ သူ႔မွာ ေကာင္မေလး ရိွတယ္လို႔လည္း ၾကားပင္ မၾကားဖူးပါ။

ခု ဒီလို လူရမ္းကားဆန္ဆန္ အျပဳအမူေတြကို ၾကည့္လိုက္ရင္ အရင္ဘဝမွာ ၾကားခဲ့သမ်ွႏွင့္ လားလားမ်ွ မတူ။

“ မင္းလက္ကိုဆြဲထားတာလည္း မဟုတ္ဘူး ”
ဟန္က်ိဳးလီက လက္ေကာက္ဝတ္ကိုေတာ့ လႊတ္ေပးထားၿပီး ျဖစ္ေသာ္လည္း လက္ေတြက ခါးကို ဆုပ္ထားေသးသည္။

လုမန္ စကားေျပာခြင့္ပင္ မသာလိုက္ ၊
ဟန္က်ိဳးလီက ဖုန္းစကရင္ကို ၾကည့္ၿပီး
“ ‘ လုခ်ီယြမ္ ’ . . . မင္းအေဖလား  ”

တကယ္လည္း သူမအေဖရဲ့ဖုန္းကို ‘ အေဖ ’ ေတြ ‘ ေဖေဖ ’ ေတြ ကြန္႔မေနဘဲ နာမည္အတိုင္း မွတ္ထားတာျဖစ္သည္။

လုမန္ သူ႔အေမးကို မေျဖဘဲ အံႀကိတ္ၿပီးေတာ့သာ ေျပာလိုက္၏။
“ လူကို အရင္လႊတ္ပါ ”

သူမွန္းလိုက္တာမွန္သြားမွန္း သိေတာ့ ဟန္က်ိဳးလီက ေျပာလာသည္။
“ ဒီကေန ေျဖလည္း ရတာပဲ ”

လုမန္ မ်က္လႊာခ်ထားလိုက္သည္။ ဖုန္းကေတာ့ ဆက္ျမည္ေနတုန္း၊ သြားကိုင္ဖို႔ ေလာမေနဘဲ ဟန္က်ိဳးလီကိုသာ ၿပံဳးၿပီးေတာ့ ၾကည့္လိုက္၏။

ဟန္က်ိဳးလီ မ်က္လံုးေတြ ေမွးက်ဥ္းသြားသည္။ ဒီအၿပံဳးကို သူ ရင္းႏွီးသည္။ ေစာေစာေလးကပဲ ဟဲက်ိန္႔ပိုင္ ႏွင့္ လုခ်ီကို ဒီအၿပံဳးေတြ ေပးခဲ့တာ။

သူမအၿပံဳးက ၫွို႔ယူဆြဲေဆာင္ႏိုင္စြမ္း ရိွကာ ျမင္ရသူကို မိန္းေမာသြားေစႏိုင္သည္။ 

ဟန္က်ိဳးလီ သူ႔စိတ္သူ ျပင္ထားၿပီး ျဖစ္ေပမယ့္ မဟန္ႏိုင္ဘဲ သူမအၿပံဳးမွာ ေခတၲနစ္ေျမာသြားခဲ့သည္။

ဒါ သဘာဝရဲ့ေျမေခြးမ !

သူ အာရံုပ်က္သြားတာကို အခြင့္ေကာင္းယူၿပီး လုမန္က ေျခေထာက္ကိုေျမာက္ကာ သူ႔ဒူးကို ေဆာင့္ကန္လိုက္သည္။

ေစာေစာက ေရခ်ိဳးခန္းထဲမွာ အဝတ္ေတြအျမန္လဲေတာ့ ရုပ္တည္ရိွေအာင္ ဖိနပ္ေတြပါ ခြၽတ္ပစ္ခဲ့တာျဖစ္ကာ . .၊

ခု ေျခဗလာနဲ႔ရပ္ေနတာမို႔ ေကာ္ေဇာရဲ့အရင့္ေရာင္က သူမေျခေထာက္ႏွင့္ ယွဥ္လ်က္ျဖစ္ကာ ႏို႔ရည္စိမ္ထားသလို ျဖဴႏု ဥလွေနလ်က္။

သူမ ကန္ပစ္လိုက္လို႔ ဟန္က်ိဳးလီ ဒူးၫြတ္သြားေပမယ့္ တကယ္နာတာက ခဏသာျဖစ္ၿပီး ေျခဖဝါးရဲ့ ႏူးညံ့မႈမွာ သာယာသြားမိတာက ေတာ္ေတာ္ၾကာၾကာ။

သူ႔လက္ကလြတ္တာႏွင့္ လုမန္တစ္ေယာက္ တဘက္ပင္ မေကာက္ဝံ့ဘဲ ေရခ်ိဳးခန္းကို တန္းေျပးရသည္။

ဟန္က်ိဳးလီကေတာ့ ဒူးကို ၫြတ္၍ က်န္ခဲ့သည္။ ဒါေတာင္ သူအၿငိမ္မေနႏိုင္ဘဲ ေခါင္းက ခ်ာလည္လည္ၿပီး မ်က္လံုးက သူမအေနာက္ကို ပါသြားသည္။

သူမေနာက္ေက်ာက လွသည္။ ျဖဴႏုေသာ အသားအေရက ေခ်ာေမြ့ေနကာ ေအာက္ပိုင္းက ေတာင့္သည္။ ၾကည့္ေနရင္း သူ႔လက္ေတြက ျပႆနာဖန္တီးေတာ့မည့္ပမာ ဂနာမၿငိမ္ျဖစ္လာသည္။

ခါးမွာ သူမေျခေထာက္ေတြရစ္တြယ္ေနတယ္လို႔ စိတ္ကူးေပါက္မိေတာ့ သူ႔ခါးေတြပါ ေတာင့္တင္းကုန္သည္။ 

ခ်က္ခ်င္းဆိုသလို ေနာက္တစ္ကၠန္႔အတြင္း ေပါက္ကြဲေတာ့မည့္ပမာ ပူထူလာျပန္၏။

အေနာက္မွာ ကပ္ပါလာသည့္ တဏွာအၾကည့္ကို လုမန္ ခံစားမိေနတာမို႔ ေရခ်ိဳးခန္းထဲကို ​အေသာ့ေျပးေနရင္း စိတ္က ကသိကေအာက္ ျဖစ္သည္။ 

သို႔ေသာ္လည္း သူမခႏၶာကိုယ္က အပူႀကီးလာေနဆဲျဖစ္ၿပီး သူ႔လက္ေတြထိခဲ့သည့္ ေနရာတိုင္းက သူ ဆက္ထိေနေသးသလို ပူေနြးေနြး ျဖစ္ေနေသးသည္။

ျမည္ေနတဲ့ ဖုန္း အသံတိတ္သြားသည္တြင္ေတာင္ သူမက ဂရုမစိုက္။

လုခ်ီယြမ္ ႏွင့္ ထပ္ၿပီးေတာ့ စကားမမ်ားခ်င္။

သို႔ေသာ္လည္း ဖုန္းက အသံတိတ္သြားတာႏွင့္ လ်င္စြာ ထပ္ျမည္လာျပန္သည္။

ဖုန္းစကရင္ကိုၾကည့္ရင္း ‘ လုခ်ီယြမ္ ’ ဆိုေသာ နာမည္ကို အစိမ္းဝါးစားမတတ္ ၾကည့္ပစ္လိုက္၏။

ဒါ အတိတ္ဘဝမွာ သူမကို မယံုဘဲ လုခ်ီကို ယံုၾကည္ခဲ့သည့္ သူမအေဖ ျဖစ္သည္။

တျခားသူေတြကို အႏၲရာယ္ျပဳခဲ့သည့္ လူက သူမဆိုတာကို သူက လံုးဝဥႆံု ယံုၾကည္ခဲ့ၿပီး သူမကို ျပႆနာေကာင္ ဟု ထင္ခဲ့သည္။ သူမ ေထာင္က်သြားသည့္ ေနာက္ပိုင္းတြင္ေတာင္ တစ္ႀကိမ္တစ္ခါပင္ လာေတြ့ခဲ့ျခင္း မရိွ။

ေထာင္ဒဏ္ ၈ ႏွစ္ ျပည့္လို႔ သူမ ေထာင္ဝန္းထဲက ထြက္လာသည့္အခ်ိန္ လက္ကမ္းႀကိဳဆိုမည့္သူ တစ္ေယာက္မွ မရိွခဲ့တာကို ေသခ်ာ မွတ္မိပါေသးသည္။ ေျပာရရင္ အဲ့ေန့မွာ သူမလြတ္မယ့္အေၾကာင္း ဘယ္သူမွ မသိၾကတဲ့အတိုင္း။

သို႔ေပမယ့္ ဒါေတြလည္း သူမ အေရးမစိုက္ခဲ့ေပ။ စိတ္ထဲမွာ မမာေသာ မိခင္သာ ရိွသည့္အတြက္ လုမိသားစုအိမ္ကိုေတာင္ မျပန္ဘဲ ေမေမ့အိမ္ကို တန္းသြားခဲ့သည္။ သို႔ေသာ္ ေတြ့လိုက္ရတာက လူသူမရိွေတာ့သည့္ အိမ္။

==================================

Continue Reading

You'll Also Like

2.8M 162K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
77.4K 4.1K 39
"Oh, Yunho, what do lavender roses mean?" Wooyoung asked. "Oh them? They mean, love at first sight " { Story inspired by the famous book series, Perc...
351K 8.6K 29
"Why can't you tell me?" Cat Noir clutched her arm. "You know why Kitty," Ladybug tried to break away, but his grasp was too tight, "Cat, I'm going t...
1.8M 127K 45
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...