ထိုမှစခဲ့သော အချစ်များစွာသည်

By Fiendyy

635K 68.9K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... More

INTRO
1
2
3
4
5
6
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206

7

7.4K 911 12
By Fiendyy

Unicode

အခန်း ၇ ) ကျွန်မလို သာမန်မိန်းမတစ်ယောက်ကို ရှင်က ဘာလို့ စိတ်ဝင်စားရတာလဲ

သို့သော် လုမန်၏ ကိုယ်နေဟန်ထားနှင့်ယှဥ်လျှင် လုချီ၏ ကိုယ်နေဟန်ထားက အများကြီး ပိုပြီး သံသယဖြစ်ဖွယ် ကောင်းသည်။

ထို့ကြောင့် ရဲအရာရှိတွေက လုချီကို သူတို့နှင့်အတူ ရဲစခန်းလိုက်ခဲ့ရန် မေတ္တာရပ်ခံလိုက်သည်။ လုချီသည် ကနဦးတည်းက လိပ်ပြာမလုံဖြစ်နေသည့်အပြင် ရဲအရာရှိတို့၏ မေတ္တာရပ်ခံချက်ကိုပါ ကြားလိုက်ရလျှင် ရဲစခန်းကို လိုက်ဖို့ ပိုပြီးတွန့်လာသည်။

ဟဲကျိန့်ပိုင်က သူမကို နှစ်သိမ့်ပေးသည်။
“ မကြောက်နဲ့ မင်းလုပ်ခဲ့တာမဟုတ်လို့ . . ဘာမှဖြစ်မှာမဟုတ်ဘူး ရဲစခန်းကို ကိုယ်လိုက်ခဲ့မယ် ”

လုချီက ခေါင်းညိတ်ရှာသည်။ ဖြူဖျော့နေသော မျက်နှာအပေါ်က အကြည့်မှာ သနားစရာတော့ ကောင်းသည်။

ထွက်သွားခါနီးမှာ ဟဲကျိန့်ပိုင်က လုမန်ကို လှည့်ကြည့်ပြီး မကျေမချမ်းနှင့် ပြောသွားသေး၏။
“ လုမန် မင်းတော်တော်စက်ဆုပ်ဖို့ကောင်းတာပဲ ကိုယ့်ညီမအရင်းကိုတောင် ဒီလိုဆက်ဆံတယ်. .  ဒီလိုတွေဖြစ်အောင် မင်းလုပ်ခဲ့တာမို့လို့ကို မင်း ပြေးမလွတ်ပါဘူး ”

လုမန် မယုံနိုင်စွာ ရယ်သွမ်းပစ်မိသည်။
အရင်ဘဝမှာရော လက်ရှိဘဝမှာပါ မတရားခံရသည့် တစ်ယောက်က သူမ ဖြစ်ပါရက်နှင့် သူက ဘယ်လိုတောင် ပြောရက်တာလဲ၊

ဒါပေမယ့် သူမကို အပြစ်ပုံချခဲ့ကြသည်ပဲ။ 

အတိတ်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့နှင့် သူမမေမေလို ဇာတ်သိမ်းခွင့်ပေးမှာ မဟုတ်ဘူး လို့ ​ကြင်နာစွာ ပြောခဲ့တာက ဒီလူပင်ဖြစ်သည်။

သို့ပေမယ့် ခုတော့ သူက လုမန် နှင့် သူမမေမေကို ပျက်စီးကိန်းကြုံစေခဲ့သည့် မိန်းမ၏ သမီးကို ကူညီပြီး သူမကို ချောက်ချနေလေသည်။ 

သူမလည်း အတိတ်မှာ မျှဝေခဲ့သည့် အမှတ်တရတွေကို မေ့ထားခဲ့ပြီး ဖြစ်သည်။ 

ဟဲကျိန့်ပိုင်ဆီက “ ခွေးမ ” ဆိုသောကျိန်ဆဲသံနှင့် အကြည့်စူးစူးကို ထပ်ရလိုက်သည်။

လုမန် အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ ဘယ်လိုအခြေအနေမျိုးတွင်မဆို အယုတ်တမာကောင်က ခွေးမဟု ခေါ်လာသည်နှင့်ပတ်သက်၍ သူမ စိတ်ထိခိုက်မှာက ကျိန်းသေသည်။

နောက်ဆုံး ဟဲကျိန့်ပိုင်နှင့် တခြားသူတွေ ပြန်သွားတော့ လုမန် သက်ပြင်းချလိုက်ပေမယ့် ရုတ်တရက် နားလည်လိုက်တာက ဟန်ကျိုးလီရဲ့လက်သည် သူမခါးပေါ်ထပ်ရောက်နေပြီး သူမကို ဆွဲဖက်ထားခြင်း ဖြစ်ကာ . .။

“  ဒီနေ့ည သခင်လေးရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် ”
လုမန်က ချွဲနွဲ့မှုတစ်စုံတစ်ရာမပါဘဲ ယဥ်ကျေးစွာ ပြောလိုက်သည်။

သို့သော်လည်း သူ့ဆီက ရုန်းထွက်သည့်အခါ ဟန်ကျိုးလီက မလွှတ်။

“ နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ် ကျွန်မ အခု သွားပါတော့မယ် ”
လုမန် ဣန္ဒြေမပျက် ပြုံးလိုက်သည်။

ဒါတောင် ဟန်ကျိုးလီက လွှတ်ရမည့်အစား အနားဆွဲခေါ်သည်။
“ အသုံးချလို့ပြီးတာနဲ့ ချက်ချင်း ထွက်သွားတော့မယ်ပေါ့ ဟုတ်လား ”

သူမကို ဟန်ကျိုးလီ တစ်ခုခု လုပ်မယ်လို့တော့ လုမန် မထင်ပါ။

သူ့အဆင့်အတန်း သူ့ရုပ်ရည်နှင့်ဆို သူ့မှာလည်း ချစ်သူ ခင်သူတော့ ရှိနိုင်သည်။

သူမကို အသားယူလောက်သည်အထိတော့ ရမ်းကားကြမ်းတမ်းလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူ ဘာမှမလုပ်မှာကို ယုံကြည်သဖြင့် လုမန် မကြောက်မရွံ့ ပြုံးပြီး မေးလိုက်သည်။ 
“ ဒါဖြင့် သခင်လေးဟန်က ဘာလုပ်ချင်လို့တုံး ”

ဟန်ကျိုးလီက ညင်သာစွာ ရယ်သည်။
ဒီမိန်းမက စိတ်ဝင်စားစရာတော့ကောင်းသား။

သူ့ဆီကို ပစ်မဝင်သော်လည်း ငြင်းဆန်ခြင်းတော့ မရှိလှ။ သူ ဘာမှမလုပ်ဘူး ဆိုတာကို တကယ် ယုံကြည်နေသည်။ 

ဒါပေမယ့် ဘာလို့ အဲ့လိုထင်တာလဲ၊

ကိုယ်လုံးကိုယ်ပေါက်ကောင်းပြီး ကိုယ်မှာ တဘက်တစ်ထည်တည်းသာရှိသည့် ခပ်လှလှ အမျိုးသမီးတစ်ယောက်က သူ့ရင်ခွင်ထဲမှာ ရောက်နေသည့်တိုင် သူ ဘာမှမလုပ်ဘူး လို့ ယုံကြည်နေသတဲ့။

သူ့ကို ဆွယ်နိုင်သည့် မိန်းမတစ်ယောက်ကို ရှာတွေ့ဖို့ ခဲယဥ်းတာမှန်သည်။ မဟုတ်ရင် အိမ်က ဘွားတော် နေ့တိုင်း ပေါက်ပေါက်ဖောက်လိမ့်မည်မဟုတ်။ ဒါပေမယ့်လည်း ဘွားတော်ရဲ့ဆန္ဒကို ဖြည့်ဆည်းဖို့ သူမှ ကောင်မလေး မရှာနိုင်တာ။

ဒါသည် သူက မရှာချင်လို့ မဟုတ်ဘဲ သူ့အာရုံကို ဆွဲငင်နိုင်မည့် အမျိုးသမီး တစ်ယောက်မှ မရှိ၍  ဖြစ်သည်။ 

သူတို့ကိုကြည့်လိုက်ရုံနှင့် သူ့မှာ ငြီးငွေ့သွားတာကများသည်။

သို့သော် ခု သူ့ရင်ခွင်ထဲက အမျိုးသမီးကတော့ ရုပ်နာမ်နှစ်သွယ်လုံးကို ဆွဲဆောင်နိုင်ပေသည်။

သူ တကယ် ဆွဲစားပစ်ချင်နေပြီ :3

ဒီအကြောင်း တွေးလိုက်တော့ အတွေးတွေက အပြုအမူမှာ အလိုလို ထင်ဟပ်သွားသည်။

သူ၏ သေးသွယ် ပိန်ပါးသော လက်ချောင်းလေးတွေက တဘက်စကို မရည်ရွယ်ပါဘဲ ဆွဲချမိသွားသည်။ တဘက်က ​ကြမ်းပြင်ပေါ်ကိုကျသွားပြီး သူမခြေတံအောက်မှာ ပုံနေကာ သူတို့နှစ်ယောက် နို့ရည်ထဲမှာ နစ်နေသည့်နှယ်။

“ ဒီည ကိုယ်နဲ့အတူ နေမယ်လို့ ပြောလိုက်တာ မဟုတ်ဘူးလား ”
ဟန်ကျိုးလီက ပြောရင်း သူမကို နံရံနှင့် ညှပ်ဖိထားသည်။

ခေါင်းငုံ့ထားရင်း သူ့အာရုံက သူမဆီတွင် စုပြုံနေကာ အကြည့်တွေက ပြင်းပြတောက်လောက်နေသည်မို့ သူမအသားတွေပင် ပူလာသည်။

လုမန် ကြောက်ကြောက်ရွံ့ရွံ့ဖြစ်လာသည်။ တွန်းလိုက်တော့လည်း ဟန်ကျိုးလီဟာ လှုပ်ကို မလှုပ်။

“ သခင်လေးဟန် ခုနကကိစ္စက နားလည်မှုလွဲတာသေချာပါတယ် . . ကျွန်မလို သာမန်မိန်းမတစ်ယောက်က ရှင့်ကို ဘယ်လိုများ ဆွယ်နိုင်မှာလဲ ”
လုမန် သွက်သွက်ပြောပြီး ကိုယ့်ကိုယ်ကိုယ် ဖုံးဖို့ဖိဖို့ကြိုးစားလိုက်ပေမယ့် မအောင်မြင်လိုက်။

ထို့ကြောင့် မတတ်သာသည့်အဆုံး သူ့အနားကို ပိတ်တိုးလိုက်ရသော်လည်း ဒါက ပိုပြီး မက်မောစရာကောင်းသွားစေသည်။

===================================

Zawgyi

အခန္း ၇ ) ကြၽန္မလို သာမန္မိန္းမတစ္ေယာက္ကို ရွင္က ဘာလို႔ စိတ္ဝင္စားရတာလဲ

သို႔ေသာ္ လုမန္၏ ကိုယ္ေနဟန္ထားႏွင့္ယွဥ္လ်ွင္ လုခ်ီ၏ ကိုယ္ေနဟန္ထားက အမ်ားႀကီး ပိုၿပီး သံသယျဖစ္ဖြယ္ ေကာင္းသည္။

ထို႔ေၾကာင့္ ရဲအရာရိွေတြက လုခ်ီကို သူတို႔ႏွင့္အတူ ရဲစခန္းလိုက္ခဲ့ရန္ ေမတၲာရပ္ခံလိုက္သည္။ လုခ်ီသည္ ကနဦးတည္းက လိပ္ျပာမလံုျဖစ္ေနသည့္အျပင္ ရဲအရာရိွတို႔၏ ေမတၲာရပ္ခံခ်က္ကိုပါ ၾကားလိုက္ရလ်ွင္ ရဲစခန္းကို လိုက္ဖို႔ ပိုၿပီးတြန္႔လာသည္။

ဟဲက်ိန္႔ပိုင္က သူမကို ႏွစ္သိမ့္ေပးသည္။
“ မေၾကာက္နဲ႔ မင္းလုပ္ခဲ့တာမဟုတ္လို႔ . . ဘာမျွဖစ္မွာမဟုတ္ဘူး ရဲစခန္းကို ကိုယ္လိုက္ခဲ့မယ္ ”

လုခ်ီက ေခါင္းညိတ္ရွာသည္။ ျဖဴေဖ်ာ့ေနေသာ မ်က္ႏွာအေပၚက အၾကည့္မွာ သနားစရာေတာ့ ေကာင္းသည္။

ထြက္သြားခါနီးမွာ ဟဲက်ိန္႔ပိုင္က လုမန္ကို လွည့္ၾကည့္ၿပီး မေက်မခ်မ္းႏွင့္ ေျပာသြားေသး၏။
“ လုမန္ မင္းေတာ္ေတာ္စက္ဆုပ္ဖို႔ေကာင္းတာပဲ ကိုယ့္ညီမအရင္းကိုေတာင္ ဒီလိုဆက္ဆံတယ္. .  ဒီလိုေတျြဖစ္ေအာင္ မင္းလုပ္ခဲ့တာမို႔လို႔ကို မင္း ေျပးမလြတ္ပါဘူး ”

လုမန္ မယံုႏိုင္စြာ ရယ္သြမ္းပစ္မိသည္။
အရင္ဘဝမွာေရာ လက္ရိွဘဝမွာပါ မတရားခံရသည့္ တစ္ေယာက္က သူမ ျဖစ္ပါရက္ႏွင့္ သူက ဘယ္လိုေတာင္ ေျပာရက္တာလဲ၊

ဒါေပမယ့္ သူမကို အျပစ္ပံုခ်ခဲ့ၾကသည္ပဲ။ 

အတိတ္ဘဝမွာ ကိုယ့္ကိုယ္ကိုယ္ ဂရုစိုက္ဖို႔ႏွင့္ သူမေမေမလို ဇာတ္သိမ္းခြင့္ေပးမွာ မဟုတ္ဘူး လို႔ ​ၾကင္နာစြာ ေျပာခဲ့တာက ဒီလူပင္ျဖစ္သည္။

သို႔ေပမယ့္ ခုေတာ့ သူက လုမန္ ႏွင့္ သူမေမေမကို ပ်က္စီးကိန္းႀကံဳေစခဲ့သည့္ မိန္းမ၏ သမီးကို ကူညီၿပီး သူမကို ေခ်ာက္ခ်ေနေလသည္။ 

သူမလည္း အတိတ္မွာ မ်ွေဝခဲ့သည့္ အမွတ္တရေတြကို ေမ့ထားခဲ့ၿပီး ျဖစ္သည္။ 

ဟဲက်ိန္႔ပိုင္ဆီက “ ေခြးမ ” ဆိုေသာက်ိန္ဆဲသံႏွင့္ အၾကည့္စူးစူးကို ထပ္ရလိုက္သည္။

လုမန္ အသက္ျပင္းျပင္းရႉသြင္းလိုက္၏။ ဘယ္လိုအေျခအေနမ်ိဳးတြင္မဆို အယုတ္တမာေကာင္က ေခြးမဟု ေခၚလာသည္ႏွင့္ပတ္သက္၍ သူမ စိတ္ထိခိုက္မွာက က်ိန္းေသသည္။

ေနာက္ဆံုး ဟဲက်ိန္႔ပိုင္ႏွင့္ တျခားသူေတြ ျပန္သြားေတာ့ လုမန္ သက္ျပင္းခ်လိုက္ေပမယ့္ ရုတ္တရက္ နားလည္လိုက္တာက ဟန္က်ိဳးလီရဲ့လက္သည္ သူမခါးေပၚထပ္ေရာက္ေနၿပီး သူမကို ဆြဲဖက္ထားျခင္း ျဖစ္ကာ . .။

“  ဒီေန့ည သခင္ေလးရဲ့အကူအညီအတြက္ ေက်းဇူးတင္ပါတယ္ ”
လုမန္က ခြၽဲႏြဲ႔မႈတစ္စံုတစ္ရာမပါဘဲ ယဥ္ေက်းစြာ ေျပာလိုက္သည္။

သို႔ေသာ္လည္း သူ႔ဆီက ရုန္းထြက္သည့္အခါ ဟန္က်ိဳးလီက မလႊတ္။

“ ေနွာင့္ယွက္မိတဲ့အတြက္ ေတာင္းပန္ပါတယ္ ကြၽန္မ အခု သြားပါေတာ့မယ္ ”
လုမန္ ဣႁႏၵေမပ်က္ ၿပံဳးလိုက္သည္။

ဒါေတာင္ ဟန္က်ိဳးလီက လႊတ္ရမည့္အစား အနားဆြဲေခၚသည္။
“ အသံုးခ်လို႔ၿပီးတာနဲ႔ ခ်က္ခ်င္း ထြက္သြားေတာ့မယ္ေပါ့ ဟုတ္လား ”

သူမကို ဟန္က်ိဳးလီ တစ္ခုခု လုပ္မယ္လို႔ေတာ့ လုမန္ မထင္ပါ။

သူ႔အဆင့္အတန္း သူ႔ရုပ္ရည္ႏွင့္ဆို သူ႔မွာလည္း ခ်စ္သူ ခင္သူေတာ့ ရိွႏိုင္သည္။

သူမကို အသားယူေလာက္သည္အထိေတာ့ ရမ္းကားၾကမ္းတမ္းလိမ့္မည္ မဟုတ္ေပ။

ထို႔ေၾကာင့္ သူ ဘာမွမလုပ္မွာကို ယံုၾကည္သျဖင့္ လုမန္ မေၾကာက္မရြံ႔ ၿပံဳးၿပီး ေမးလိုက္သည္။ 
“ ဒါျဖင့္ သခင္ေလးဟန္က ဘာလုပ္ခ်င္လို႔တံုး ”

ဟန္က်ိဳးလီက ညင္သာစြာ ရယ္သည္။
ဒီမိန္းမက စိတ္ဝင္စားစရာေတာ့ေကာင္းသား။

သူ႔ဆီကို ပစ္မဝင္ေသာ္လည္း ျငင္းဆန္ျခင္းေတာ့ မရိွလွ။ သူ ဘာမွမလုပ္ဘူး ဆိုတာကို တကယ္ ယံုၾကည္ေနသည္။ 

ဒါေပမယ့္ ဘာလို႔ အဲ့လိုထင္တာလဲ၊

ကိုယ္လံုးကိုယ္ေပါက္ေကာင္းၿပီး ကိုယ္မွာ တဘက္တစ္ထည္တည္းသာရိွသည့္ ခပ္လွလွ အမ်ိဳးသမီးတစ္ေယာက္က သူ႔ရင္ခြင္ထဲမွာ ေရာက္ေနသည့္တိုင္ သူ ဘာမွမလုပ္ဘူး လို႔ ယံုၾကည္ေနသတဲ့။

သူ႔ကို ဆြယ္ႏိုင္သည့္ မိန္းမတစ္ေယာက္ကို ရွာေတြ့ဖို႔ ခဲယဥ္းတာမွန္သည္။ မဟုတ္ရင္ အိမ္က ဘြားေတာ္ ေန့တိုင္း ေပါက္ေပါက္ေဖာက္လိမ့္မည္မဟုတ္။ ဒါေပမယ့္လည္း ဘြားေတာ္ရဲ့ဆႏၵကို ျဖည့္ဆည္းဖို႔ သူမွ ေကာင္မေလး မရွာႏိုင္တာ။

ဒါသည္ သူက မရွာခ်င္လို႔ မဟုတ္ဘဲ သူ႔အာရံုကို ဆြဲငင္ႏိုင္မည့္ အမ်ိဳးသမီး တစ္ေယာက္မွ မရိွ၍  ျဖစ္သည္။ 

သူတို႔ကိုၾကည့္လိုက္ရံုႏွင့္ သူ႔မွာ ၿငီးေငြ့သြားတာကမ်ားသည္။

သို႔ေသာ္ ခု သူ႔ရင္ခြင္ထဲက အမ်ိဳးသမီးကေတာ့ ရုပ္နာမ္ႏွစ္သြယ္လံုးကို ဆြဲေဆာင္ႏိုင္ေပသည္။

သူ တကယ္ ဆြဲစားပစ္ခ်င္ေနၿပီ :3

ဒီအေၾကာင္း ေတြးလိုက္ေတာ့ အေတြးေတြက အျပဳအမူမွာ အလိုလို ထင္ဟပ္သြားသည္။

သူ၏ ေသးသြယ္ ပိန္ပါးေသာ လက္ေခ်ာင္းေလးေတြက တဘက္စကို မရည္ရြယ္ပါဘဲ ဆြဲခ်မိသြားသည္။ တဘက္က ​ၾကမ္းျပင္ေပၚကိုက်သြားၿပီး သူမေျခတံေအာက္မွာ ပံုေနကာ သူတို႔ႏွစ္ေယာက္ ႏို႔ရည္ထဲမွာ နစ္ေနသည့္ႏွယ္။

“ ဒီည ကိုယ္နဲ႔အတူ ေနမယ္လို႔ ေျပာလိုက္တာ မဟုတ္ဘူးလား ”
ဟန္က်ိဳးလီက ေျပာရင္း သူမကို နံရံႏွင့္ ၫွပ္ဖိထားသည္။

ေခါင္းငံု႔ထားရင္း သူ႔အာရံုက သူမဆီတြင္ စုၿပံဳေနကာ အၾကည့္ေတြက ျပင္းျပေတာက္ေလာက္ေနသည္မို႔ သူမအသားေတြပင္ ပူလာသည္။

လုမန္ ေၾကာက္ေၾကာက္ရြံ႔ရြံ႔ျဖစ္လာသည္။ တြန္းလိုက္ေတာ့လည္း ဟန္က်ိဳးလီဟာ လႈပ္ကို မလႈပ္။

“ သခင္ေလးဟန္ ခုနကကိစၥက နားလည္မႈလြဲတာေသခ်ာပါတယ္ . . ကြၽန္မလို သာမန္မိန္းမတစ္ေယာက္က ရွင့္ကို ဘယ္လိုမ်ား ဆြယ္ႏိုင္မွာလဲ ”
လုမန္ သြက္သြက္ေျပာၿပီး ကိုယ့္ကိုယ္ကိုယ္ ဖံုးဖို႔ဖိဖို႔ႀကိဳးစားလိုက္ေပမယ့္ မေအာင္ျမင္လိုက္။

ထို႔ေၾကာင့္ မတတ္သာသည့္အဆံုး သူ႔အနားကို ပိတ္တိုးလိုက္ရေသာ္လည္း ဒါက ပိုၿပီး မက္ေမာစရာေကာင္းသြားေစသည္။

===================================

Continue Reading

You'll Also Like

351K 8.6K 29
"Why can't you tell me?" Cat Noir clutched her arm. "You know why Kitty," Ladybug tried to break away, but his grasp was too tight, "Cat, I'm going t...
4.3K 373 97
Story Name- Your Highness, I Know My Wrongs Chapter- 95 Chapters(Completed) Not my story I just translation English to Myanmar Language All rights go...
57.7K 3.1K 17
Kim Taehyung is your gay bestfriend. But he's always there for you He's there to help you fight your trauma. He's there to protect you. What if, one...
38K 2K 17
When Boun Guntachai's parents discovered their son was gay, they vowed to never interfere or sabotage his relationships, but he never imagined in a m...