ဗီလိန်ရဲ့ လမ်းပြကြယ်

By CrystalKyi

780K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... More

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၂၄)

6.6K 1.1K 35
By CrystalKyi

Unicode
နေ့လည်ခင်းရဲ့ နောက်ဆုံးအချိန်က PEချိန်ဖြစ်တယ်။

အဲ့အချိန်က အခန်း(၅)နဲ့ တူတူဖြစ်တယ်။ ဟောင်ရင် ရှိနေတဲ့ အခန်းပေါ့။

ချောင်လန်က တစ်ကယ်တော့ အားကစားတွေကို ကြိုက်ပါတယ်။ ပြီးတော့ အများစုကထင်ကြသလို ဒီလို PEချိန်တွေကို မကြိုက်တာမဟုတ်ပါဘူး။ သူမ အထက်တန်းတုန်းက ဒီလို PEချိန်တွေမှာဆို တူတူထိုင်ပြီး စကားတွေပြောကြမဲ့ ရင်းနီးတဲ့ အတန်းဖော်တွေရှိတယ်။

ဒါပေမဲ့ အခုတော့ နှစ်ဝက်စာမေးပွဲပြီးကထဲက သူမကို အတန်းဖော်တစ်ချို့က လာပြီး စကားပြောကြပေမဲ့ ဒီတိုင်းစကားတိုတိုလေးတွေပဲပြောဖြစ်ကြတယ်။ သူမက သူတို့နဲ့ အခုထိ သိပ်ပြီး မရင်းနီးသေးဘူး။

ချောင်လန်အတွက်ကတော့ ဒီလို PEချိန်ဆိုတာ လုံးဝပျော်စရာကောင်းမနေဘူး။

ဆရာက ကိုယ်လုပ်ချင်တဲ့ activity လုပ်ဆိုပြီး လွှတ်ပေးမဲ့ အချိန်မှာ ပုံမှန်လိုပဲ ချောင်လန်က စာသင်ခန်းထဲပြန်သွားပြီး စာသွားဖတ်မလို့ပဲ။

ဒါပေမဲ့ ဒီနေ့တော့ PE ဆရာက ရုတ်တရက်ကြီးစိတ်ပြောင်းသွားပြီး opening activity လုပ်ပြီးသွားတော့ အတန်းလွှတ်မပေးပဲ အဲ့အစား တစ်ခန်းလုံးကို activityတွေတူတူစုပြီးလုပ်ခိုင်းတယ်။

basketball ယူလာကြတဲ့ ကောင်လေးတစ်သိုက်က အခန်း(၅)က ကောင်လေးတွေနဲ့ ဆော့ကြဖို့ လုံးဝ ဆူညံနေကြတယ်။

PEဆရာက တစ်ချက်ကလေးတောင်အရေးမလုပ်ပဲ ပျော်ရွှင်စွာနဲ့ တစ်ခန်းလုံးကို ပိုကြီးတဲ့ ကစားကွင်းကြီးဆီခေါ်သွားတယ်။ ပြီးတော့ စိတ်အားထက်သန်စွာနဲ့ပဲ ကျောင်းသားတွေနဲ့ ဂိမ်းတွေဆော့နေတယ်။

ကောင်လေးတွေက အခန်း(၅)က သူတို့ရဲ့ အတန်းဖော်တွေဆီ လှမ်းကြည့်နေကြပြီး ကောင်မလေးတွေကတော့ ဘေးမှာထိုင်နေတဲ့ လူတွေကို လှမ်းကြည့်နေကြတယ်။ ပုံမှန်ဆိုရင် ဘေးခုံတွေမှာထိုင်ပြီး သီချင်းနားထောင်နေကြ စကားပြောနေကြ ကောင်မလေးတွေက သူတို့ခန္ဓာကိုယ်ရဲ့ cell တစ်ခုချင်းစီကနေကို မကျေနပ်ကြောင်းတွေပြနေကြတယ်။

ဒါပေမဲ့ သူတို့ရဲ့ ဆန္ဒပြမှုတွေက လျစ်လျူရှုခံထားရလေတယ်။

ဒီနေ့ PEဆရာက ဘယ်လို ထူးဆန်းတဲ့ မီးခိုးမှိုင်းအတိုက်ခံထားရတာလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ အတန်းတစ်ချိန်က ၄၅မိနစ်ကြာတယ်။ အတန်းactivity လုပ်ပြီးသွားတဲ့ အချိန်မှာတော့ အတန်းချိန်ပြီးဖို့ ၅မိနစ်ပဲကျန်တော့တယ်။

ဒီအတန်းတစ်ချိန်လုံး PEဆရာ စီစဥ်ထားတဲ့ activityတွေကို ဆော့ရင်းပဲ အချိန်ကုန်ခဲ့ရတယ်။

စာသင်ခန်းထဲပြန်ပြီး စာဖတ်ချင်နေတဲ့ ချောင်လန်တစ်ယောက်လဲ အချိန်ကိုကြည့်လိုက်တယ်။ နောက်ဆုံးတော့ အချိန်မရှိတော့လို့ အတန်းထဲပြန်မသွားတော့ဘဲ ခေါင်းလောင်းမြည်မဲ့အချိန်ကိုပဲစောင့်လိုက်တော့တယ်။

အချိန်ကလဲ၅မိနစ်ပဲကျန်တော့တာ ဆိုတော့ အားလုံးလဲ ဘယ်မှမသွားကြတော့ဘဲ လမ်းလျှောက်ရင်းစကားတွေပြောနေကြတယ်။ အထူးသဖြင့် အခုဒီမှာ ကျောင်းရဲ့ ဆယ်လီတွေရှိနေတဲ့အချိန်မှာပေါ့။

ဥပမာပြောရရင် ကောင်လေးတွေကြိုက်ကြတဲ့ စုန့်ယောင်လိုမျိုး၊ ပြီးတော့ ကောင်မလေးတွေအများစုကို ဆွဲဆောင်နေတဲ့ ချန်ယောင်းရန်တို့ ဟောင်ရင်တို့လိုမျိုးပေါ့။ အားလုံးရဲ့ အာရုံက ဒီလူ၃ယောက်ပေါ်မှာပဲရှိနေကြတယ်။ အားလုံးက သူတို့၃ယောက်ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြတယ်။

ဒါပေမဲ့ နှစ်ဝက်စာမေးပွဲအပြီးမှာ အဲ့ဒီ့ ၃ယောက်အဖွဲ့ထဲကို နောက်တစ်ယောက် ထပ်ပေါင်းထည့်ခံလိုက်ရတယ် .... အဲ့တစ်ယောက်က ချောင်လန်ပေါ့။

အထက်တန်းပထမနှစ်တစ်နှစ်လုံးမှာ အဆင့်၁..... ဒီ title က အမြဲတမ်းကိုပဲ လူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်တယ်။ ကျောင်းသားတော်တော်များများက သူတို့ကို ကြည့်ဖို့အတွက် အတန်းတွေထဲကနေထွက်လာကြတာဖြစ်တယ်။ ချောင်လန်လဲဒီမှာရှိနေတာကိုသိကြတော့ ကျောင်းသားတော်တော်များများက ချောင်လန့်ကိုလဲ စောင့်ကြည့်နေကြတယ်။

" ချောင်လန်.... သူမက ဟိုနားက ponytailခပ်မြင့်မြင့်လေးစည်းထားတဲ့ ကောင်မလေးလေ "

" သူမက စာမေးပွဲမှာ ငါ့ထက် အမှတ်က ၁၀၅မှတ် တောင်များတာ။ သူမက အရမ်းမိုက်တာပဲ။ ဒါပေမဲ့ သူမက အရမ်းကြီးတော့ မလှပါဘူး။ "

" စာတော်ရင် ရပြီပေါ့ကွာ။ ကြည့်ကောင်းတာက ဘာလုပ်ဖို့လိုမှာလဲ။ " လူတစ်ချို့က ပြန်ပြောကြတယ်။ ပြီးတော့ ချောင်လန့်ကို နောက်တစ်ခေါက်ထပ်ကြည့်ဖို့ သူတို့ကိုပြောလိုက်တယ်။ " သူမရဲ့ အသွင်အပြင်က အဲ့လောက်ကြီးလဲမဆိုးပါဘူး။ တစ်ကယ်တော့ သူမရဲ့ မျက်နှာ အနေအထားက လှပါတယ်ကွ။ တစ်ကယ်လို့ သူမသာ ဒီထက်နည်းနည်းလောက်ပိုဖြူမယ်ဆိုရင် အရမ်းလှမှာသေချာပေါက်ပဲ။ "

" သူမက အရပ်လဲအရှည်ကြီးပဲ။ သူမအရပ်က သေချာပေါက်ကို 170cmကျော်မှာပဲ။ ပြီးတော့ သူမ ခြေထောက်တွေကလဲ အရမ်းရှည်တာပဲ..... "

" သူမက အရမ်းပိန်တာပဲ..... "

" ဘုရားရေ ငါလဲ အဲ့လောက်လေးလောက် ပိန်ချင်တယ်လေ..... "

ဆရာက အတန်းဆင်းပြီလို့မအော်မချင်း အားလုံးက စကားဆက်များနေကြတယ်။ ဆရာအော်တာလဲကြားလိုက်ရော ကျောင်းသားအားလုံးက စာသင်ခန်းဘက်ကို ဖြေးဖြေးချင်းပြန်လျှောက်သွားကြတယ်။

ချောင်လန်လဲ လူအုပ်နဲ့တူတူစာသင်ခန်းဆီကို လျှောက်လာတာပေါ့။ အဲ့အချိန်မှာ ရုတ်တရက် လူတစ်ယောက်က သူမအနောက်ကနေ ခုန်ထွက်လာခဲ့တယ်။ ချောင်လန်က အလိုအလျောက် အဲ့လူကို ရှောင်လိုက်တယ်။ ပြီးတော့ သူမခေါင်းကို ပြန်လှည့်ကြည့်လိုက်တဲ့အချိန်မှာ ဟောင်ရင်ရဲ့ တောက်ပနေတဲ့အပြုံးနဲ့ မျက်နှာချင်းဆိုင်မိသွားတယ်။

သူ့ရဲ့ ဖြူဖွေးပြီး ညီညာနေတဲ့ သွားတွေကို မြင်ပြီး ချောင်လန်ရဲ့ ပထမဆုံးတွေးမိတာက အာ.... ဒီကောင်လေးက သွားတိုက်ဆေးကြော်ညာရိုက်လို့ ရလောက်တယ်.... ဆိုတာပဲ။

ဟောင်ရင်က သူမနဲ့ ရင်းနှီးတဲ့ပုံစံမျိုးလုပ်နေတယ်။ သူက အခုမှ ကစားပြီးတာဆိုတော့ ဂျတ်ကတ်ကိုချွတ်ထားပြီး လက်တို T-shirt တစ်ထည်ဝတ်ထားတယ်။ သူ့လက်ထဲမှာလဲ ဘောလုံးကို ကိုင်ထားတယ်။ ပြီးတော့ သူက လူအုပ်ရဲ့ အံ့အားသင့်နေတဲ့ အမူအရာတွေကို လျစ်လျူရှုရင်း ချောင်လန့်ကို ပြောလိုက်တယ်။ " ကျေးဇူးပဲ "

ကျေးဇူးပဲ???

ဘာကိုကျေးဇူးပဲလဲ????

ချောင်လန်က စိတ်ရှုပ်လာတယ်။ " ငါ့အထင် နင်လူမှားနေတယ်နဲ့တူတယ် "

" ဘယ်လိုလုပ်မှားနိုင်မှာလဲ " ဟောင်ရင်က ပြောလိုက်တယ်။ အရင်တစ်ခေါက်တုန်းက ချောင်လန်က သူ့ကို ညာခဲ့တာလို့ ထင်ပြီး ချောင်လန့်ရဲ့ နာမည်ကိုရှာခဲ့တာလေ။ အဲ့တာကြောင့် သူလူမှားနေတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ဒီတစ်ခေါက် သူက သင်္ချာမှာ ၁၂၃မှတ်ရလို့ သူ့အဖေက သူ့ကို မုန့်ဖိုးတွေအများကြီးပေးပြီး အမေကလဲ သူ့ကို နောက်ဆုံးပေါ် iPhone ဝယ်ပေးသေးတယ်။ ဒါတွေကို တွေးမိတော့ ဟောင်ရင် ပိုတောင် ပျော်လာတယ်။

လီဖန်နဲ့ ချင်းယန်တို့က ချန်ယောင်းရန်ကို လက်တို့လိုက်ကြတယ်။ " ချောင်လန်က ဟောင်ရင်နဲ့ ဘယ်လိုသိသွားတာလဲ မသိဘူး ??? "

" ငါလဲမသိဘူး " ချန်ယောင်းရန်က မျက်မှောင်ကျုံ့နေတယ်။ သူလဲ အံ့ဩသွားတယ်။ ဘာလိုပြောပြော ဟောင်ရင်နဲ့ ချောင်လန်တို့က အခန်းမှမတူတာ။ ပြီးတော့ ချန်ယောင်းရန်က သူတို့၂ယောက် တွေ့ဆုံနိုင်တဲ့ဖြစ်နိုင်ချေကို လုံးဝ မစဥ်းစားမိဘူးလေ။

တစ်ချို့က စကားပြောနေကြတယ်။ တစ်ချို့က ဖုန်းသုံးနေကြတယ်။ အဲ့တော့ စာသင်ဆောင်ပထမထပ်က wheelchair လေးနဲ့ ကောင်လေးကို ဘယ်သူမှ သတိမထားမိကြဘူး။

ဖြူဖျော့နေတဲ့ကောင်လေးက ချောင်လန့်မျက်နှာပေါ်က အပြုံးကိုကြည့်နေခဲ့တယ်။ ပြီးတော့ သူမဘေးက အရပ်ရှည်ရှည်နဲ့ ချောမောတဲ့ကောင်လေးကိုရောပေါ့။

အဲ့ကောင်လေးက ရယ်ရတာကို နှစ်သက်တယ်။ ပြီးတော့ တောက်ပတယ် တက်ကြွတယ် ကျန်းမာတယ်။ သူ့လို စကားနည်းပြီး မှုန်သုန်နေတဲ့ မသန်မစွမ်းနဲ့တော့ လုံးဝ တစ်ခြားစီပဲ။

ဘယ်တုန်းကမှ ဒီအချိန်မှာ စာသင်ခန်းအပြင်ကို မထွက်ဖူးတဲ့ ထန်းမော့တစ်ယောက် အဲ့နေရာမှာ မိနစ်အနည်းငယ်ကြာ နေခဲ့တာကို ဘယ်သူမှ မသိကြဘူး။ ပြီးတော့ သူက ဘာကိုကြည့်နေခဲ့တာလဲ သူဘာတွေကို မြင်သွားခဲ့တာလဲ ဆိုတာကိုလဲ ဘယ်သူမှ မသိကြဘူး။

ရွေ့နေတဲ့ နေလုံးက တစ်ဖြည်းဖြည်း အောက်ကို ကျလာတယ်။ ပြီးတော့ နေရောင်ခြည်က ဘာမှမရှိတဲ့ ထန်းမော့အရှေ့ကစားပွဲပေါ်ကို ကျလာတယ်။

ချောင်လန်စာသင်ခန်းထဲကို ပြန်ရောက်လာခဲ့တယ်။ သူမ ထန်းမော့ကို နောက်ထပ်သွားပြီး မနှောင့်ယှက်တော့ဘူးလို့ ဆုံးဖြတ်ထားပေမဲ့လဲ မသိစိတ်ကြောင့် သူမ ထန်းမော့ရှိရာကို လှည့်ကြည့်နေသေးတယ်။

သူမ တိတ်ဆိတ်စွာ မျက်မှောင်ကျုံ့လိုက်တယ်။

ထန်းမော့က စာသင်ခန်းထဲမှာ ရှိမနေခဲ့ဘူး။

ဒါပေမဲ့ချောင်လန်က အဲ့တာကို အများကြီးတွေးမနေခဲ့ဘူး။ ဒီနေ့ PE ချိန်ရှိနေလို့ ထန်းမော့က စောစောအိမ်ပြန်သွားတာပဲနေမှာပါလို့ပဲ တွေးလိုက်တယ်။

သူမအိမ်ပြန်ရောက်သွားတော့ အမေချောင်က သူမကို မျက်စိဒေါက်ထောက်ကြည့်နေတယ်။ ချောင်လန့်ကို အပေါ်အောက် ကြည့်ပြီးမှ မကျေမနပ်နဲ့ ရေရွတ်လိုက်တယ်။ " ငါတို့ကလေးတွေအကုန်လုံး အသားဖြူကြပါတယ်။ ဘယ်နှယ့် ညည်းကျမှ ဒီလောက် မဲနေရတာလဲ။ "

အမေချောင်က နည်းနည်းစိုးရိမ်နေတယ်။ သူမ ဒုတိယသမီးကပြောတယ် ချောင်လန့်ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမယ်တဲ့။ တစ်ကယ်လို့ သူတို့က ချောင်လန့်ကို ရုပ်ဆိုးတယ်လို့များထင်သွားရင် ချောင်မိသားစုက အဲ့တာမျိုးကို ဘယ်လိုဖြေရှင်းနိုင်တော့မှာလဲ။

ချောင်လန် : ......

သူမက အသားမဖြူပေမဲ့ လုံးဝကြီး မဲနေတာတော့မဟုတ်ဘူးလေ။

ဒါ့အပြင် သူမက အာဟာရမပြည့်ဝတာလေ။ အဲ့တော့ သူမက အသားဝါနေပြီး ပိန်နေမှာ အသိသာကြီးပဲလေ။ အကယ်၍ သူမသာအစားကောင်းကောင်းစားလို့ရမယ်ဆိုရင် ဖြူဖြူတုတ်တုတ် ချောင်ယွမ်လေးထက်တောင် ပိုပြီး အသားဖြူရင် ဖြူလာမှာပေါ့။

အမေချောင်က ချောင်လန်ရဲ့ ပုံပန်းသွင်ပြင်ကို စပြီး ဂရုစိုက်တာလာဟာ ချောင်လန့်အတွက်တော့ ကောင်းတဲ့အရာဟုတ်မနေခဲ့ဘူး။ အဲ့တာကြောင့်ချောင်လန်က ပိတ်ရက်အထိတောင် မစောင့်နိုင်တော့ပဲ သောကြာနေ့ကျောင်းပြီးလို့ရှိရင် အလုပ်နေရာတွေကို သွားရှာဖို့ ဆုံးဖြတ်လိုက်တော့တယ်။

နောက်တစ်နေ့ ကျောင်းရောက်တော့ ချောင်လန်တစ်ယောက် တစ်နေလုံး အနောက်ကို လှည့်လှည့်ကြည့်နေခဲ့တယ်။ ဒါပေမဲ့ ထန်းမော့ကို မတွေ့ခဲ့ဘူး။

ထန်းမော့ ဒီနေ့ ကျောင်းမလာဘူး။

သူဘာလို့မလာတာလဲ??

နေမကောင်းဖြစ်နေတာများလား???

ဒါမှမဟုတ် သူ့အိမ်မှာ တစ်ခုခုများဖြစ်နေတာများလား???

ရလဒ်ကတော့ ထန်းမော့က နောက်တစ်နေ့မှာလဲ ကျောင်းမလာခဲ့ဘူး။ ဒါပေမဲ့ အတန်းထဲက ဘယ်သူမှ ဒါကို ထူးဆန်းတယ်လို့မထင်ကြဘူး။ ကျောင်းဆင်းလို့အပြန်မှာ သူမ အတန်းပိုင်ဆရာကိုတွေ့တော့ အဲ့အကြောင်းကို ချောင်လန်မေးကြည့်သေးတယ်။ ဒါပေမဲ့ အတန်းပိုင်ဆရာကလဲ သူ မသိဘူးလို့ပဲပြောတယ်။

ထန်းမော့က တစ်ခြားကျောင်းသားကျောင်းသူတွေနဲ့မတူတာက သူက ကျောင်းကိုမလာလို့လဲ ရသလို ခွင့်လဲ တင်စရာမလိုဘူး။

ချောင်လန် အိမ်ပြန်လာတယ်။ ဒီတိုင်းဖြစ်သလိုပဲ စားလိုက်ပြီး ကျောင်းလွယ်အိတ်ချကာ အလုပ်နေရာရှာဖို့ ထွက်လာခဲ့တယ်။

အရင်တုန်းက ချောင်လန်တို့ အထက်တန်းကျောင်းက ပရဟိတသမားတွေက ထောက်ပံ့ပေးထားလို့ ကျောင်းစရိတ်ကို သူမ စိတ်ပူစရာမလိုခဲ့ဘူး။ ဒါပေမဲ့လဲ သူမကအားနေရင် ပိုက်ဆံရှာဖို့ အလုပ်လုပ်သေးတယ်။ ဘယ်လိုပဲပြောပြော ဝင်ငွေမရှိရင် လူတွေကို လုံခြုံတယ်လို့ မခံစားစေရဘူးလေ။

နောက်ပိုင်းသူမ တက္ကသိုလ်တက်တော့ သူမ ကျောင်းစရိတ်နဲ့ နေထိုင်စရိတ်အတွက် ပိုပြီးတော့တောင် အလုပ်လုပ်ခဲ့ရသေးတယ်။

သူမအထက်တန်းတုန်းက လက်ကမ်းစာစောင်တွေလိုက်ဝေတယ်။ ပြီးတော့ ဝိတ်တာ အဖြစ်အလုပ်လုပ်တယ်။ အထက်တန်းပြီးတော့ သူမက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်များများရတာရယ် ပြီးတော့ နိုင်ငံရဲ့ အကောင်းဆုံးစီးပွားရေးတက္ကသိုလ်ကိုတက်ခွင့်ရတာရယ်တို့ကြောင့် ပိုကောင်းတဲ့အလုပ်ဖြစ်တဲ့ စာပြတဲ့အလုပ်ကို လုပ်ခွင့်ရခဲ့တယ်။

ချောင်လန်က အခုမှ အထက်တန်းပထမနှစ်ပဲရှိသေးတာဆိုတော့ ညပိုင်းနဲ့ ပိတ်ရက်တွေမှာပဲ အလုပ်လုပ်လို့ရတယ်။ ကာလရှည်ကြာသူမအလုပ်လုပ်နိုင်မဲ့နေရာကို ရှာဖို့ခက်တယ်။

ချောင်လန်တစ်ယောက် ညနေ၇နာရီကနေ ၁၀နာရီအထိ အပြင်မှာ လျှောက်သွားနေခဲ့တယ်။ လက်ထဲမှာ အလုပ်ခေါ်ကြော်ညာလက်ကမ်းစာစောင်တွေအများကြီးကို ကိုင်ရင်း ပြီးတော့ လိပ်စာတွေ ဖုန်းနံပါတ်တွေကို သူမရဲ့ မှတ်စုစာအုပ်ထဲမှတ်ရင်း ပေါ့။

ည၁၁နာရီထိုးခါနီးမှပဲ အိမ်ပြန်ရောက်တော့တယ်။ ပြန်ရောက်ရောက်ချင်းမှာပဲ အဖွားချောင်ရဲ့ အော်ဟစ်သံ​တွေကို မကြားရအောင် ချက်ချင်းနားကို ပိတ်လိုက်တော့တယ်။ ပြီးတော့ အိပ်ရာဝင်ခဲ့တယ်။

နောက်နေ့ကျတော့ မနက်လင်းလင်းချင်းမှာပဲ သူမအိမ်ကနေ ထွက်ခဲ့တယ်။

မနေ့က သူမရွေးထားတဲ့ လက်ကမ်းစာစောင်တွေကို ထုတ်ပြီး တစ်ခုချင်းလိုက်မေးတော့တယ်။

ချောင်လန်က အခုမှအထက်တန်းကျောင်းသူပဲရှိသေးတာဆိုတော့ အလုပ်ရှာရတာ အရမ်းအဆင်မပြေဘူးဖြစ်နေတယ်။ တစ်မနက်ခင်းသာကုန်သွားတယ် ဘာမှရှာမရဘဲဖြစ်နေတယ်။ သူမက အခုထိ ၁၈နှစ်မပြည့်သေးဘူးလေ။ ပြီးတော့ လက်ထဲမှာကလဲ အလယ်တန်းအောင်လက်မှတ်လေးပဲရှိတာ။

တစ်နေကုန်လောက် လျှောက်ပတ်ရှာနေတာတောင် ဘာမှရှာလို့မရဘဲဖြစ်နေတယ်။

တစ်ဖြည်းဖြည်းနဲ့ နေကုန်သွားပြီး ညရောက်လာတယ်။ ပတ်ဝန်းကျင်က မီးတွေလဲ တစ်ဖြည်းဖြည်းပွင့်လာကြတယ်။ ချောင်လန်လဲ စတိုးဆိုင်ကိုသွားပြီး ပေါင်မုန့်တစ်ချပ်ဝယ်လိုက်တယ်။ ပြီးတော့ လမ်းကြားလေးရဲ့ဘေးကထိုင်ခုံမှာ ထိုင်လိုက်တယ်။

၁၀မိနစ်လောက်ကြာတော့ အစတုန်းကမဖွင့်တဲ့ အနောက်တိုင်းစားသောက်ဆိုင်က နောက်ဆုံးတော့ မီးတွေဖွင့်လာခဲ့တယ်။ ဆံပင်စည်းထားတဲ့ ကျက်သရေရှိလှတဲ့ ဆိုင်ရှင်သူဌေးမက ဆိုင်ဖွင့်ကြောင်းသင်္ကေတကို ချိတ်လိုက်တယ်။ ပြီးတော့ ခဏကြာတော့ မှန်ပေါ်မှာ အလုပ်သမားအလိုရှိကြောင်း စာစောင်ကို ကပ်လိုက်တယ်။

ချောင်လန်က ပေါင်မုန့်ကို ၂ကိုက်ထဲနဲ့ ကုန်အောင်စားလိုက်တယ်။ ပြီးတော့ လက်တွေကို သုတ်လိုက်ပြီး ဝင်သွားခဲ့တယ်။

သူမဒီဧရိယာကို ပထမဆုံး ဖြတ်သွားတော့ ဒီအနောက်တိုင်းစားသောက်ဆိုင်ကို သတိထားမိတယ်။ ဆိုင်က ၂ထပ်ရှိပြီး ဆိုင်ရဲ့ အပြင်အဆင်တွေက အရမ်းသိမ်မွေ့ပြီးထူးခြားတယ်။ အခု မီးတွေဖွင့်လိုက်ပြီဆိုတော့ ပိုပြီးတော့တောင် တစ်မူထူးခြားသွားတယ်။

တစ်နေကုန် လျှောက်ရှာပြီးတာတောင် အဆိုးဝါးဆုံးအလုပ်တောင်ရှာမတွေ့ခဲ့ဘူး။ ချောင်လန်က ဒီတိုင်းလေးပဲ ပိုကောင်းတဲ့အလုပ်ကို စမ်းကြည့်ချင်တယ်။ ဒါ့ကြောင့် သူမဒီအခွင့်အရေးကို အရယူဖို့ ဆုံးဖြတ်လိုက်တယ်။

သူမ ဒီအလုပ်ကို လိုချင်တဲ့ နောက်အကြောင်းအရင်းတစ်ခုက ဘာလဲဆိုတော့ အရင်တုန်းက သူမက အနောက်တိုင်းစားသောက်ဆိုင်မှာ တစ်ခါအလုပ်လုပ်ဖူးလို့လေ။ သူမ အဲ့မှာ ကော်ဖီဘယ်လိုဖျော်ရမလဲဆိုတာကိုလဲ သင်ယူခဲ့တယ် ပြီးတော့ သူမက အင်္ဂလိပ်လိုလဲ ကောင်းကောင်းပြောတက်တယ်လေ။

ချောင်လန် ဝင်လာတော့ သူဌေးမက ချောင်လန့်ကို တစ်ချက်ကြည့်လိုက်ပြီး " ဘာများစားချင်ပါသလဲ "

ချောင်လန်က ပြတင်းပေါက်ကို လက်ညိုးထိုးလိုက်ပြီး " ကျွန်မက အလုပ်လျှောက်တာပါ "

တစ်နေကုန်အလုပ်ရှုပ်နေတဲ့ ချောင်လန်တစ်ယောက် နောက်ဆုံးတော့ နည်းနည်းတိုးတက်လာပြီပဲ။

သူဌေးမက ပြောတယ် သူမက အသက်မပြည့်သေးတဲ့ အလုပ်သမားမလိုချင်ဘူးတဲ့။ ချောင်လန်ကလဲ ပြောလိုက်တယ် သူမက ၁၆နှစ်ပြည့်ပြီးပါပြီလို့ပေါ့။ သူဌေးမက ထပ်ပြောတယ် အနည်းဆုံးတော့ အထက်တန်းကျောင်းအောင်လက်မှတ် ဒါမှမဟုတ် အဲ့ထက်မြင့်တာတစ်ခုခုတော့ရှိသင့်တယ်လို့လေ။ ချောင်လန်ကလဲ ပြောလိုက်တယ် သူမရဲ့ အဆင့်တွေက အရမ်းကောင်းပါတယ်လို့ပေါ့။

သူမ သူဌေးမနဲ့ စကားနိုင်လုနေတာ နာရီဝက်လောက်ရှိသွားတယ်။ သူဌေးမက စိတ်မရှည်တဲ့ပုံပေါက်လာတယ်။ ကံကောင်းတာက ဒီနေ့စာရေးမတစ်ယောက်က ခွင့်ယူထားတယ်။ ပြီးတော့ ဧည့်သည်တွေလဲ များလာတယ်။ ချောင်လန်က သူမ ကော်ဖီဖျော်ပေးမယ်ဆိုပြီး အရင်ဦးအောင်ပြောလိုက်တယ်။ အဲ့ဒါနဲ့
သူဌေးမကလဲ ချောင်လန့်ကို အစမ်းလုပ်ခိုင်းလိုက်တယ်။

သူဌေးမကလဲ ဒီကလေးမက ဒီလောက်ထိ လက်ယဥ်နေလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ပိုအရေးကြီးတာက သူမက အရမ်းကျွမ်းကျင်နေတယ်ဆိုတာပဲ။ ကော်ဖီဖျော်တာပဲဖြစ်ဖြစ် အော်ဒါယူတာပဲဖြစ်ဖြစ် သူမက အရမ်းကို လုပ်ရည်ကိုင်ရည်ရှိနေတယ်။

ဒါပေမဲ့ ချောင်လန့်အချိန်က ပြဿနာဖြစ်နေတယ်။ ချောင်လန်က ညနေခင်းတွေနဲ့ ပိတ်ရက်တွေမှာပဲ လာနိုင်တယ်။ ချောင်လန်က သူမ လခလျှော့ယူလို့ရပါတယ်လို့ ပြောလိုက်တယ်။

သူဌေးမက ချောင်လန့်ကို အကြာကြီးစိုက်ကြည့်နေတယ်။ သူမ နည်းနည်းစာနာသနားသွားတယ်။ နောက်ဆုံးတော့ သူမ ချောင်လန့်ကို အလုပ်ခန့်ဖို့ ဆုံးဖြတ်လိုက်ပြီး နက်ဖြန်မနက်၁၁နာရီ ဆိုင်ကို အရောက်လာခိုင်းလိုက်တယ်။

ချောင်လန် တစ်နေကုန်အပြင်ထွက်ပြီး ရှာခဲ့ရတာ နောက်ဆုံးတော့ အလုပ်တစ်ခုရခဲ့ပြီ။ တစ်လကို ယွမ်တစ်ထောင်ကျော်ပဲ ရမှာဖြစ်ပေမဲ့ သူမ အရမ်းကို ကျေနပ်နေပါပြီ။

နောက်နေ့ အလုပ်လာတော့ ဒီဆိုင်ရဲ့နေရာကကောင်းပြီး ပစ္စည်းတွေကလဲ ဈေးကြီးပေမဲ့ လာတဲ့လူသိပ်မရှိဘူးဆိုတာ ချောင်လန်သိလိုက်ရတယ်။ ပြီးတော့ လာတဲ့သူအများစုကလဲ ပုံမှန်လာနေကျ ဧည့်သည်တွေပဲ ဖြစ်တယ်။

ထန်းမော့က အပြင်ထွက်ရတာ သိပ်မကြိုက်ဘူး။ အထူးသဖြင့် ပြီးခဲ့တဲ့ ၂ရက်မှာပေါ့။ ဒါပေမဲ့ ထန်းမော့အဖေက သူ့ကို လာခေါ်တယ်။ အဲ့ဒါနဲ့နောက်ဆုံးတော့ ထန်းမော့လဲ အပြင်ထွက်ရတော့တယ်။

ထန်းမော့နဲ့ သူ့အမေက နိုင်ငံခြားမှာနေခဲ့တာဆိုတော့ ထန်းမော့က အနောက်တိုင်းစာကြိုက်မယ်လို့ အဖေထန်းကထင်လို့ သူသွားနေကျ အနောက်တိုင်းစားသောက်ဆိုင်ကို ထန်းမော့ကို ခေါ်လာခဲ့တယ်။ စားသောက်ဆိုင်က အရမ်းမကြီးပေမဲ့ ပတ်ဝန်းကျင်ရော အရသာကပါ first class ပဲ။

" ဒီဆိုင်က အစားအသောက်တွေက အရမ်းကောင်းတာ " အဖေထန်းကပြောလိုက်တယ်။ ဒါပေမဲ့ ထန်းမော့ရဲ့ မျက်နှာအမူအရာက ဖျော့တော့နေတယ်။ ဘာreaction မှကို မရှိဘူး။

အဖေထန်းက ထန်းမော့ကို ထပ်မေးပြန်တယ် ဒီ၂ရက်မှာ ဘာလို့ကျောင်းမသွားလဲတဲ့။ မနေ့တုန်းက ဆရာက သူ့ကို ဖုန်းဆက်ပြီး ထန်းမော့အကြောင်းကို အထူးတလည်မေးခဲ့တယ်။

ထန်းမော့က wheelchair ပေါ်မှာထိုင်နေပြီး မျက်နှာသေကြီးနဲ့ " မသွားချင်လို့ "

အဖေထန်း မျက်မှောင်ကျုံ့လိုက်တယ်။

သူက ထန်းမော့ကို ကျောင်းသွားဖို့ မနည်း စည်းရုံးခဲ့ရတာ။ ဒါပေမဲ့ ဘာတွေဖြစ်ခဲ့တာလဲတော့မသိဘူး ထန်းမော့က ရုတ်တရက်ကြီး ကျောင်းကို ထပ်မသွားချင်တော့ဘူးတဲ့လေ။

ဖြစ်ချင်တော့ ဒီနေ့ အဖေထန်းက အချိန်လေးနည်းနည်းအားနေတယ်။ အဲ့တော့ သူက ထန်းမော့ကို ညနေစာခေါ်ကျွေးပြီး ထန်းမော့နဲ့ နှလုံးသားချင်းရင်းရင်းနှီးနှီး စကားပြောကြည့်မလို့ လုပ်လိုက်တယ်။

အဖေထန်းက ခေါင်းဆောင်ရတာ နေသားကျနေပြီ။ ထန်းမော့ကို စကားစပြောတုန်းက အဆင်ပြေသေးတယ်။ ဒါပေမဲ့ ခဏလောက်ပြောပြီးသွားတော့ သူ့ရဲ့ လေသံက လက်အောက်ငယ်သားတွေကို ပြောတဲ့လေသံအဖြစ်ပြောင်းသွားတယ်။ ထန်းမော့က စိတ်ညစ်နေပြီ။ ပြီးတော့ ထွက်သွားချင်နေပြီ။ သူလှည့်ပြန်မလို့လုပ်လိုက်တဲ့အချိန်မှာ သူမော့ကြည့်လိုက်တော့ ရုတ်တရက် ရင်းနှီးနေတဲ့ နောက်ကျောလေးကို တွေ့လိုက်တယ်။

Zawgyi
ေန႔လည္ခင္းရဲ႕ ေနာက္ဆုံးအခ်ိန္က PEခ်ိန္ျဖစ္တယ္။

အဲ့အခ်ိန္က အခန္း(၅)နဲ႔ တူတူျဖစ္တယ္။ ေဟာင္ရင္ရိွေနတဲ့ အခန္းေပါ့။

ေခ်ာင္လန္က တစ္ကယ္ေတာ့ အားကစားေတြကို ႀကိဳက္ပါတယ္။ ၿပီးေတာ့ အမ်ားစုကထင္ၾကသလို ဒီလို PEခ်ိန္ေတြကို မႀကိဳက္တာမဟုတ္ပါဘူး။ သူမ အထက္တန္းတုန္းက ဒီလို PEခ်ိန္ေတြမွာဆို တူတူထိုင္ၿပီး စကားေတြေျပာၾကမဲ့ ရင္းႏီွးတဲ့ အတန္းေဖာ္ေတြရိွတယ္။

ဒါေပမဲ့ အခုေတာ့ ႏွစ္ဝက္စာေမးပြဲၿပီးကထဲက သူမကို အတန္းေဖာ္တစ္ခ်ိဳ႕က လာၿပီး စကားေျပာၾကေပမဲ့ ဒီတိုင္းစကားတိုတိုေလးေတြပဲေျပာျဖစ္ၾကတယ္။ သူမက သူတို႔နဲ႔ အခုထိ သိပ္ၿပီး မရင္းႏီွးေသးဘူး။

ေခ်ာင္လန္အတြက္ကေတာ့ ဒီလို PEခ်ိန္ဆိုတာ လုံးဝေပ်ာ္စရာေကာင္းမေနဘူး။

ဆရာက ကိုယ္လုပ္ခ်င္တဲ့ activity လုပ္ဆိုၿပီး လႊတ္ေပးမဲ့ အခ်ိန္မွာ ပုံမွန္လိုပဲ ေခ်ာင္လန္က စာသင္ခန္းထဲျပန္သြားၿပီး စာသြားဖတ္မလို႔ပဲ။

ဒါေပမဲ့ ဒီေန႔ေတာ့ PE ဆရာက ႐ုတ္တရက္ႀကီးစိတ္ေျပာင္းသြားၿပီး opening activity လုပ္ၿပီးသြားေတာ့ အတန္းလႊတ္မေပးပဲ အဲ့အစား တစ္ခန္းလုံးကို activityေတြတူတူစုၿပီးလုပ္ခိုင္းတယ္။

basketball ယူလာၾကတဲ့ ေကာင္ေလးတစ္သိုက္က အခန္း(၅)က ေကာင္ေလးေတြနဲ႔ ေဆာ့ၾကဖို႔ လုံးဝ ဆူညံေနၾကတယ္။

PEဆရာက တစ္ခ်က္ကေလးေတာင္အေရးမလုပ္ပဲ ေပ်ာ္႐ႊင္စြာနဲ႔ တစ္ခန္းလုံးကို ပိုႀကီးတဲ့ ကစားကြင္းႀကီးဆီေခၚသြားတယ္။ ၿပီးေတာ့ စိတ္အားထက္သန္စြာနဲ႔ပဲ ေက်ာင္းသားေတြနဲ႔ ဂိမ္းေတြေဆာ့ေနတယ္။

ေကာင္ေလးေတြက အခန္း(၅)က သူတို႔ရဲ႕ အတန္းေဖာ္ေတြဆီ လွမ္းၾကည့္ေနၾကၿပီး ေကာင္မေလးေတြကေတာ့ ေဘးမွာထိုင္ေနတဲ့ လူေတြကို လွမ္းၾကည့္ေနၾကတယ္။ ပုံမွန္ဆိုရင္ ေဘးခုံေတြမွာထိုင္ၿပီး သီခ်င္းနားေထာင္ေနၾက စကားေျပာေနၾက ေကာင္မေလးေတြက သူတို႔ခႏၶာကိုယ္ရဲ႕ cell တစ္ခုခ်င္းစီကေနကို မေက်နပ္ေၾကာင္းေတြျပေနၾကတယ္။

ဒါေပမဲ့ သူတို႔ရဲ႕ ဆႏၵျပမႈေတြက လ်စ္လ်ဴရႈခံထားရေလတယ္။

ဒီေန႔ PEဆရာက ဘယ္လို ထူးဆန္းတဲ့ မီးခိုးမိႈင္းအတိုက္ခံထားရတာလဲဆိုတာ ဘယ္သူမွ မသိၾကဘူး။ အတန္းတစ္ခ်ိန္က ၄၅မိနစ္ၾကာတယ္။ အတန္းactivity လုပ္ၿပီးသြားတဲ့ အခ်ိန္မွာေတာ့ အတန္းခ်ိန္ၿပီးဖို႔ ၅မိနစ္ပဲက်န္ေတာ့တယ္။

ဒီအတန္းတစ္ခ်ိန္လုံး PEဆရာ စီစဥ္ထားတဲ့ activityေတြကို ေဆာ့ရင္းပဲ အခ်ိန္ကုန္ခဲ့ရတယ္။

စာသင္ခန္းထဲျပန္ၿပီး စာဖတ္ခ်င္ေနတဲ့ ေခ်ာင္လန္တစ္ေယာက္လဲ အခ်ိန္ကိုၾကည့္လိုက္တယ္။ ေနာက္ဆုံးေတာ့ အခ်ိန္မရိွေတာ့လို႔ အတန္းထဲျပန္မသြားေတာ့ဘဲ ေခါင္းေလာင္းျမည္မဲ့အခ်ိန္ကိုပဲေစာင့္လိုက္ေတာ့တယ္။

အခ်ိန္ကလဲ၅မိနစ္ပဲက်န္ေတာ့တာ ဆိုေတာ့ အားလုံးလဲ ဘယ္မွ မသြားၾကေတာ့ဘဲ လမ္းေလွ်ာက္ရင္းစကားေတြေျပာေနၾကတယ္။ အထူးသျဖင့္ အခုဒီမွာ ေက်ာင္းရဲ႕ ဆယ္လီေတြရိွေနတဲ့အခ်ိန္မွာေပါ့။

ဥပမာေျပာရရင္ ေကာင္ေလးေတြႀကိဳက္ၾကတဲ့ စုန္႔ေယာင္လိုမ်ိဳး၊ ၿပီးေတာ့ ေကာင္မေလးေတြအမ်ားစုကို ဆြဲေဆာင္ေနတဲ့ ခ်န္ေယာင္းရန္တို႔ ေဟာင္ရင္တို႔လိုမ်ိဳးေပါ့။ အားလုံးရဲ႕ အာ႐ုံက ဒီလူ၃ေယာက္ေပၚမွာပဲရိွေနၾကတယ္။ အားလုံးက သူတို႔၃ေယာက္ရဲ႕ လႈပ္ရွားမႈတိုင္းကို ေစာင့္ၾကည့္ေနၾကတယ္။

ဒါေပမဲ့ ႏွစ္ဝက္စာေမးပြဲအၿပီးမွာ အဲ့ဒီ့ ၃ေယာက္အဖြဲ႕ထဲကို ေနာက္တစ္ေယာက္ ထပ္ေပါင္းထည့္ခံလိုက္ရတယ္ .... အဲ့တစ္ေယာက္က ေခ်ာင္လန္ေပါ့။

အထက္တန္းပထမႏွစ္တစ္ႏွစ္လုံးမွာ အဆင့္၁..... ဒီ title က အၿမဲတမ္းကိုပဲ လူေတြရဲ႕ အာ႐ုံကို ဆြဲေဆာင္ႏိုင္တယ္။ ေက်ာင္းသားေတာ္ေတာ္မ်ားမ်ားက သူတို႔ကို ၾကည့္ဖို႔အတြက္ အတန္းေတြထဲကေနထြက္လာၾကတာျဖစ္တယ္။ ေခ်ာင္လန္လဲဒီမွာရိွေနတာကိုသိၾကေတာ့ ေက်ာင္းသားေတာ္ေတာ္မ်ားမ်ားက ေခ်ာင္လန္႔ကိုလဲ ေစာင့္ၾကည့္ေနၾကတယ္။

" ေခ်ာင္လန္.... သူမက ဟိုနားက ponytailခပ္ျမင့္ျမင့္ေလးစည္းထားတဲ့ ေကာင္မေလးေလ "

" သူမက စာေမးပြဲမွာ ငါ့ထက္ အမွတ္က ၁၀၅မွတ္ ေတာင္မ်ားတာ။ သူမက အရမ္းမိုက္တာပဲ။ ဒါေပမဲ့ သူမက အရမ္းႀကီးေတာ့ မလွပါဘူး။ "

" စာေတာ္ရင္ ရၿပီေပါ့ကြာ။ ၾကည့္ေကာင္းတာက ဘာလုပ္ဖို႔လိုမွာလဲ။ " လူတစ္ခ်ိဳ႕က ျပန္ေျပာၾကတယ္။ ၿပီးေတာ့ ေခ်ာင္လန္႔ကို ေနာက္တစ္ေခါက္ထပ္ၾကည့္ဖို႔ သူတို႔ကိုေျပာလိုက္တယ္။ " သူမရဲ႕ အသြင္အျပင္က အဲ့ေလာက္ႀကီးလဲမဆိုးပါဘူး။ တစ္ကယ္ေတာ့ သူမရဲ႕ မ်က္ႏွာ အေနအထားက လွပါတယ္ကြ။ တစ္ကယ္လို႔ သူမသာ ဒီထက္နည္းနည္းေလာက္ပိုျဖဴမယ္ဆိုရင္ အရမ္းလွမာေသခ်ာေပါက္ပဲ။ "

" သူမက အရပ္လဲအရွည္ႀကီးပဲ။ သူမအရပ္က ေသခ်ာေပါက္ကို 170cmေက်ာ္မွာပဲ။ ၿပီးေတာ့ သူမ ေျခေထာက္ေတြကလဲ အရမ္းရွည္တာပဲ..... "

" သူမက အရမ္းပိန္တာပဲ..... "

" ဘုရားေရ ငါလဲ အဲ့ေလာက္ေလးေလာက္ ပိန္ခ်င္တယ္ေလ..... "

ဆရာက အတန္းဆင္းၿပီလို႔မေအာ္မခ်င္း အားလုံးက စကားဆက္မ်ားေနၾကတယ္။ ဆရာေအာ္တာလဲၾကားလိုက္ေရာ ေက်ာင္းသားအားလုံးက စာသင္ခန္းဘက္ကို ေျဖးေျဖးခ်င္းျပန္ေလွ်ာက္သြားၾကတယ္။

ေခ်ာင္လန္လဲ လူအုပ္နဲ႔တူတူစာသင္ခန္းဆီကို ေလွ်ာက္လာတာေပါ့။ အဲ့အခ်ိန္မွာ ႐ုတ္တရက္ လူတစ္ေယာက္က သူမအေနာက္ကေန ခုန္ထြက္လာခဲ့တယ္။ ေခ်ာင္လန္က အလိုအေလ်ာက္ အဲ့လူကို ေရွာင္လိုက္တယ္။ ၿပီးေတာ့ သူမေခါင္းကို ျပန္လွည့္ၾကည့္လိုက္တဲ့အခ်ိန္မွာ ေဟာင္ရင္ရဲ႕ ေတာက္ပေနတဲ့အၿပဳံးနဲ႔ မ်က္ႏွာခ်င္းဆိုင္မိသြားတယ္။

သူ႔ရဲ႕ ျဖဴေဖြးၿပီး ညီညာေနတဲ့ သြားေတြကို ျမင္ၿပီး ေခ်ာင္လန္ရဲ႕ ပထမဆုံးေတြးမိတာက အာ.... ဒီေကာင္ေလးက သြားတိုက္ေဆးေၾကာ္ညာ႐ိုက္လို႔ ရေလာက္တယ္.... ဆိုတာပဲ။

ေဟာင္ရင္က သူမနဲ႔ ရင္းႏွီးတဲ့ပုံစံမ်ိဳးလုပ္ေနတယ္။ သူက အခုမွ ကစားၿပီးတာဆိုေတာ့ ဂ်တ္ကတ္ကိုခြၽတ္ထားၿပီး လက္တို T-shirt တစ္ထည္ဝတ္ထားတယ္။ သူ႔လက္ထဲမွာလဲ ေဘာလုံးကို ကိုင္ထားတယ္။ ၿပီးေတာ့ သူက လူအုပ္ရဲ႕ အံ့အားသင့္ေနတဲ့ အမူအရာေတြကို လ်စ္လ်ဴရႈရင္း ေခ်ာင္လန္႔ကို ေျပာလိုက္တယ္။ " ေက်းဇူးပဲ "

ေက်းဇူးပဲ???

ဘာကိုေက်းဇူးပဲလဲ????

ေခ်ာင္လန္က စိတ္ရႈပ္လာတယ္။ " ငါ့အထင္ နင္လူမွားေနတယ္နဲ႔တူတယ္ "

" ဘယ္လိုလုပ္မွားႏိုင္မွာလဲ " ေဟာင္ရင္က ေျပာလိုက္တယ္။ အရင္တစ္ေခါက္တုန္းက ေခ်ာင္လန္က သူ႔ကို ညာခဲ့တာလို႔ ထင္ၿပီး ေခ်ာင္လန္႔ရဲ႕ နာမည္ကိုရွာခဲ့တာေလ။ အဲ့တာေၾကာင့္ သူလူမွားေနတာ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ။

ဒီတစ္ေခါက္ သူက သခ်ၤာမွာ ၁၂၃မွတ္ရလို႔ သူ႔အေဖက သူ႔ကို မုန္႔ဖိုးေတြအမ်ားႀကီးေပးၿပီး အေမကလဲ သူ႔ကို ေနာက္ဆုံးေပၚ iPhone ဝယ္ေပးေသးတယ္။ ဒါေတြကို ေတြးမိေတာ့ ေဟာင္ရင္ ပိုေတာင္ ေပ်ာ္လာတယ္။

လီဖန္နဲ႔ ခ်င္းယန္တို႔က ခ်န္ေယာင္းရန္ကို လက္တို႔လိုက္ၾကတယ္။ " ေခ်ာင္လန္က ေဟာင္ရင္နဲ႔ ဘယ္လိုသိသြားတာလဲ မသိဘူး ??? "

" ငါလဲမသိဘူး " ခ်န္ေယာင္းရန္က မ်က္ေမွာင္က်ဳံ႕ေနတယ္။ သူလဲ အံ့ဩသြားတယ္။ ဘာလိုေျပာေျပာ ေဟာင္ရင္နဲ႔ ေခ်ာင္လန္တို႔က အခန္းမွမတူတာ။ ၿပီးေတာ့ ခ်န္ေယာင္းရန္က သူတို႔၂ေယာက္ ေတြ႕ဆုံႏိုင္တဲ့ျဖစ္ႏိုင္ေခ်ကို လုံးဝ မစၪ္းစားမိဘူးေလ။

တစ္ခ်ိဳ႕က စကားေျပာေနၾကတယ္။ တစ္ခ်ိဳ႕က ဖုန္းသုံးေနၾကတယ္။ အဲ့ေတာ့ စာသင္ေဆာင္ပထမထပ္က wheelchair ေလးနဲ႔ ေကာင္ေလးကို ဘယ္သူမွ သတိမထားမိၾကဘူး။

ျဖဴေဖ်ာ့ေနတဲ့ေကာင္ေလးက ေခ်ာင္လန္႔မ်က္ႏွာေပၚက အၿပဳံးကိုၾကည့္ေနခဲ့တယ္။ ၿပီးေတာ့ သူမေဘးက အရပ္ရွည္ရွည္နဲ႔ ေခ်ာေမာတဲ့ေကာင္ေလးကိုေရာေပါ့။
အဲ့ေကာင္ေလးက ရယ္ရတာကို ႏွစ္သက္တယ္။ ၿပီးေတာ့ ေတာက္ပတယ္ တက္ႂကြတယ္ က်န္းမာတယ္။ သူ႔လို စကားနည္းၿပီး မႈန္သုန္ေနတဲ့ မသန္မစြမ္းနဲ႔ေတာ့ လုံးဝ တစ္ျခားစီပဲ။

ဘယ္တုန္းကမွ ဒီအခ်ိန္မွာ စာသင္ခန္းအျပင္ကို မထြက္ဖူးတဲ့ ထန္းေမာ့တစ္ေယာက္ အဲ့ေနရာမွာ မိနစ္အနည္းငယ္ၾကာ ေနခဲ့တာကို ဘယ္သူမွ မသိၾကဘူး။ ၿပီးေတာ့ သူက ဘာကိုၾကည့္ေနခဲ့တာလဲ သူဘာေတြကို ျမင္သြားခဲ့တာလဲ ဆိုတာကိုလဲ ဘယ္သူမွ မသိၾကဘူး။

ေ႐ြ႕ေနတဲ့ ေနလုံးက တစ္ျဖည္းျဖည္း ေအာက္ကို က်လာတယ္။ ၿပီးေတာ့ ေနေရာင္ျခည္က ဘာမွမရွိတဲ့ ထန္းေမာ့အေရွ႕ကစားပြဲေပၚကို က်လာတယ္။

ေခ်ာင္လန္စာသင္ခန္းထဲကို ျပန္ေရာက္လာခဲ့တယ္။ သူမ ထန္းေမာ့ကို ေနာက္ထပ္သြားၿပီး မေႏွာင့္ယွက္ေတာ့ဘူးလို႔ ဆုံးျဖတ္ထားေပမဲ့လဲ မသိစိတ္ေၾကာင့္ သူမ ထန္းေမာ့ရွိရာကို လွည့္ၾကည့္ေနေသးတယ္။

သူမ တိတ္ဆိတ္စြာ မ်က္ေမွာင္က်ဳံ႕လိုက္တယ္။

ထန္းေမာ့က စာသင္ခန္းထဲမွာ ရွိမေနခဲ့ဘူး။

ဒါေပမဲ့ေခ်ာင္လန္က အဲ့တာကို အမ်ားႀကီးေတြးမေနခဲ့ဘူး။ ဒီေန႔ PE ခ်ိန္ရွိေနလို႔ ထန္းေမာ့က ေစာေစာအိမ္ျပန္သြားတာပဲေနမွာပါလို႔ပဲ ေတြးလိုက္တယ္။

သူမအိမ္ျပန္ေရာက္သြားေတာ့ အေမေခ်ာင္က သူမကို မ်က္စိေဒါက္ေထာက္ၾကည့္ေနတယ္။ ေခ်ာင္လန္႔ကို အေပၚေအာက္ ၾကည့္ၿပီးမွ မေက်မနပ္နဲ႔ ေရ႐ြတ္လိုက္တယ္။ " ငါတို႔ကေလးေတြအကုန္လုံး အသားျဖဴၾကပါတယ္။ ဘယ္ႏွယ့္ ညည္းက်မွ ဒီေလာက္ မဲေနရတာလဲ။ "

အေမေခ်ာင္က နည္းနည္းစိုးရိမ္ေနတယ္။ သူမ ဒုတိယသမီးကေျပာတယ္ ေခ်ာင္လန္႔ကို တစ္ေယာက္ေယာက္နဲ႔ မိတ္ဆက္ေပးမယ္တဲ့။ တစ္ကယ္လို႔ သူတို႔က ေခ်ာင္လန္႔ကို ႐ုပ္ဆိုးတယ္လို႔မ်ားထင္သြားရင္ ေခ်ာင္မိသားစုက အဲ့တာမ်ိဳးကို ဘယ္လိုေျဖရွင္းႏိုင္ေတာ့မွာလဲ။

ေခ်ာင္လန္ : ......

သူမက အသားမျဖဴေပမဲ့ လုံးဝႀကီး မဲေနတာေတာ့မဟုတ္ဘူးေလ။

ဒါ့အျပင္ သူမက အာဟာရမျပည့္ဝတာေလ။ အဲ့ေတာ့ သူမက အသားဝါေနၿပီး ပိန္ေနမွာ အသိသာႀကီးပဲေလ။ အကယ္၍ သူမသာအစားေကာင္းေကာင္းစားလို႔ရမယ္ဆိုရင္ ျဖဴျဖဴတုတ္တုတ္ ေခ်ာင္ယြမ္ေလးထက္ေတာင္ ပိုၿပီး အသားျဖဴရင္ ျဖဴလာမွာေပါ့။

အေမေခ်ာင္က ေခ်ာင္လန္ရဲ႕ ပုံပန္းသြင္ျပင္ကို စၿပီး ဂ႐ုစိုက္တာလာဟာ ေခ်ာင္လန္႔အတြက္ေတာ့ ေကာင္းတဲ့အရာဟုတ္မေနခဲ့ဘူး။ အဲ့တာေၾကာင့္ေခ်ာင္လန္က ပိတ္ရက္အထိေတာင္ မေစာင့္ႏိုင္ေတာ့ပဲ ေသာၾကာေန႔ေက်ာင္းၿပီးလို႔ရွိရင္ အလုပ္ေနရာေတြကို သြားရွာဖို႔ ဆုံးျဖတ္လိုက္ေတာ့တယ္။

ေနာက္တစ္ေန႔ ေက်ာင္းေရာက္ေတာ့ ေခ်ာင္လန္တစ္ေယာက္ တစ္ေနလုံး အေနာက္ကို လွည့္လွည့္ၾကည့္ေနခဲ့တယ္။ ဒါေပမဲ့ ထန္းေမာ့ကို မေတြ႕ခဲ့ဘူး။

ထန္းေမာ့ ဒီေန႔ ေက်ာင္းမလာဘူး။

သူဘာလို႔မလာတာလဲ??

ေနမေကာင္းျဖစ္ေနတာမ်ားလား???

ဒါမွမဟုတ္ သူ႔အိမ္မွာ တစ္ခုခုမ်ားျဖစ္ေနတာမ်ားလား???

ရလဒ္ကေတာ့ ထန္းေမာ့က ေနာက္တစ္ေန႔မွာလဲ ေက်ာင္းမလာခဲ့ဘူး။ ဒါေပမဲ့ အတန္းထဲက ဘယ္သူမွ ဒါကို ထူးဆန္းတယ္လို႔မထင္ၾကဘူး။ ေက်ာင္းဆင္းလို႔အျပန္မွာ သူမ အတန္းပိုင္ဆရာကိုေတြ႕ေတာ့ အဲ့အေၾကာင္းကို ေခ်ာင္လန္ေမးၾကည့္ေသးတယ္။ ဒါေပမဲ့ အတန္းပိုင္ဆရာကလဲ သူ မသိဘူးလို႔ပဲေျပာတယ္။

ထန္းေမာ့က တစ္ျခားေက်ာင္းသားေက်ာင္းသူေတြနဲ႔မတူတာက သူက ေက်ာင္းကိုမလာလို႔လဲ ရသလို ခြင့္လဲ တင္စရာမလိုဘူး။

ေခ်ာင္လန္ အိမ္ျပန္လာတယ္။ ဒီတိုင္းျဖစ္သလိုပဲ စားလိုက္ၿပီး ေက်ာင္းလြယ္အိတ္ခ်ကာ အလုပ္ေနရာရွာဖို႔ ထြက္လာခဲ့တယ္။

အရင္တုန္းက ေခ်ာင္လန္တို႔ အထက္တန္းေက်ာင္းက ပရဟိတသမားေတြက ေထာက္ပံ့ေပးထားလို႔ ေက်ာင္းစရိတ္ကို သူမ စိတ္ပူစရာမလိုခဲ့ဘူး။ ဒါေပမဲ့လဲ သူမကအားေနရင္ ပိုက္ဆံရွာဖို႔ အလုပ္လုပ္ေသးတယ္။ ဘယ္လိုပဲေျပာေျပာ ဝင္ေငြမရွိရင္ လူေတြကို လုံၿခဳံတယ္လို႔ မခံစားေစရဘူးေလ။

ေနာက္ပိုင္းသူမ တကၠသိုလ္တက္ေတာ့ သူမ ေက်ာင္းစရိတ္နဲ႔ ေနထိုင္စရိတ္အတြက္ ပိုၿပီးေတာ့ေတာင္ အလုပ္လုပ္ခဲ့ရေသးတယ္။
သူမအထက္တန္းတုန္းက လက္ကမ္းစာေစာင္ေတြလိုက္ေဝတယ္။ ၿပီးေတာ့ ဝိတ္တာ အျဖစ္အလုပ္လုပ္တယ္။ အထက္တန္းၿပီးေတာ့ သူမက တကၠသိုလ္ဝင္ခြင့္စာေမးပြဲမွာ အမွတ္မ်ားမ်ားရတာရယ္ ၿပီးေတာ့ ႏိုင္ငံရဲ႕ အေကာင္းဆုံးစီးပြားေရးတကၠသို္လ္ကိုတက္ခြင့္ရတာရယ္တို႔ေၾကာင့္ ပိုေကာင္းတဲ့အလုပ္ျဖစ္တဲ့ စာျပတဲ့အလုပ္ကို လုပ္ခြင့္ရခဲ့တယ္။

ေခ်ာင္လန္က အခုမွ အထက္တန္းပထမႏွစ္ပဲရွိေသးတာဆိုေတာ့ ညပိုင္းနဲ႔ ပိတ္ရက္ေတြမွာပဲ အလုပ္လုပ္လို႔ရတယ္။ ကာလရွည္ၾကာသူမအလုပ္လုပ္ႏိုင္မဲ့ေနရာကို ရွာဖို႔ခက္တယ္။

ေခ်ာင္လန္တစ္ေယာက္ ညေန၇နာရီကေန ၁၀နာရီအထိ အျပင္မွာ ေလွ်ာက္သြားေနခဲ့တယ္။ လက္ထဲမွာ အလုပ္ေခၚေၾကာ္ညာလက္ကမ္းစာေစာင္ေတြအမ်ားႀကီးကို ကိုင္ရင္း ၿပီးေတာ့ လိပ္စာေတြ ဖုန္းနံပါတ္ေတြကို သူမရဲ႕ မွတ္စုစာအုပ္ထဲမွတ္ရင္း ေပါ့။

ည၁၁နာရီထိုးခါနီးမွပဲ အိမ္ျပန္ေရာက္ေတာ့တယ္။ ျပန္ေရာက္ေရာက္ခ်င္းမွာပဲ အဖြားေခ်ာင္ရဲ႕ ေအာ္ဟစ္သံ​ေတြကို မၾကားရေအာင္ ခ်က္ခ်င္းနားကို ပိတ္လိုက္ေတာ့တယ္။ ၿပီးေတာ့ အိပ္ရာဝင္ခဲ့တယ္။

ေနာက္ေန႔က်ေတာ့ မနက္လင္းလင္းခ်င္းမွာပဲ သူမအိ္မ္ကေန ထြက္ခဲ့တယ္။

မေန႔က သူမေ႐ြးထားတဲ့ လက္ကမ္းစာေစာင္ေတြကို ထုတ္ၿပီး တစ္ခုခ်င္းလိုက္ေမးေတာ့တယ္။

ေခ်ာင္လန္က အခုမွအထက္တန္းေက်ာင္းသူပဲရွိေသးတာဆိုေတာ့ အလုပ္ရွာရတာ အရမ္းအဆင္မေျပဘူးျဖစ္ေနတယ္။ တစ္မနက္ခင္းသာကုန္သြားတယ္ ဘာမွရွာမရဘဲျဖစ္ေနတယ္။ သူမက အခုထိ ၁၈ႏွစ္မျပည့္ေသးဘူးေလ။ ၿပီးေတာ့ လက္ထဲမွာကလဲ အလယ္တန္းေအာင္လက္မွတ္ေလးပဲရွိတာ။

တစ္ေနကုန္ေလာက္ ေလွ်ာက္ပတ္ရွာေနတာေတာင္ ဘာမွရွာလို႔မရဘဲျဖစ္ေနတယ္။

တစ္ျဖည္းျဖည္းနဲ႔ ေနကုန္သြားၿပီး ညေရာက္လာတယ္။ ပတ္ဝန္းက်င္က မီးေတြလဲ တစ္ျဖည္းျဖည္းပြင့္လာၾကတယ္။ ေခ်ာင္လန္လဲ စတိုးဆိုင္ကိုသြားၿပီး ေပါင္မုန္႔တစ္ခ်ပ္ဝယ္လိုက္တယ္။ ၿပီးေတာ့ လမ္းၾကားေလးရဲ႕ေဘးကထိုင္ခုံမွာ ထိုင္လိုက္တယ္။

၁၀မိနစ္ေလာက္ၾကာေတာ့ အစတုန္းကမဖြင့္တဲ့ အေနာက္တိုင္းစားေသာက္ဆိုင္က ေနာက္ဆုံးေတာ့ မီးေတြဖြင့္လာခဲ့တယ္။ ဆံပင္စည္းထားတဲ့ က်က္သေရရွိလွတဲ့ ဆိုင္ရွင္သူေဌးမက ဆိုင္ဖြင့္ေၾကာင္းသေကၤတကို ခ်ိတ္လိုက္တယ္။ ၿပီးေတာ့ ခဏၾကာေတာ့ မွန္ေပၚမွာ အလုပ္သမားအလိုရွိေၾကာင္း စာေစာင္ကို ကပ္လိုက္တယ္။

ေခ်ာင္လန္က ေပါင္မုန္႔ကို ၂ကိုက္ထဲနဲ႔ ကုန္ေအာင္စားလိုက္တယ္။ ၿပီးေတာ့ လက္ေတြကို သုတ္လိုက္ၿပီး ဝင္သြားခဲ့တယ္။

သူမဒီဧရိယာကို ပထမဆုံး ျဖတ္သြားေတာ့ ဒီအေနာက္တိုင္းစားေသာက္ဆိုင္ကို သတိထားမိတယ္။ ဆိုင္က ၂ထပ္ရွိၿပီး ဆိုင္ရဲ႕ အျပင္အဆင္ေတြက အရမ္းသိမ္ေမြ႕ၿပီးထူးျခားတယ္။ အခု မီးေတြဖြင့္လိုက္ၿပီဆိုေတာ့ ပိုၿပီးေတာ့ေတာင္ တစ္မူထူးျခားသြားတယ္။

တစ္ေနကုန္ ေလွ်ာက္ရွာၿပီးတာေတာင္ အဆိုးဝါးဆုံးအလုပ္ေတာင္ရွာမေတြ႕ခဲ့ဘူး။ ေခ်ာင္လန္က ဒီတိုင္းေလးပဲ ပိုေကာင္းတဲ့အလုပ္ကို စမ္းၾကည့္ခ်င္တယ္။ ဒါ့ေၾကာင့္ သူမဒီအခြင့္အေရးကို အရယူဖို႔ ဆုံးျဖတ္လိုက္တယ္။

သူမ ဒီအလုပ္ကို လိုခ်င္တဲ့ ေနာက္အေၾကာင္းအရင္းတစ္ခုက ဘာလဲဆိုေတာ့ အရင္တုန္းက သူမက အေနာက္တိုင္းစားေသာက္ဆိုင္မွာ တစ္ခါအလုပ္လုပ္ဖူးလို႔ေလ။ သူမ အဲ့မွာ ေကာ္ဖီဘယ္လိုေဖ်ာ္ရမလဲဆိုတာကိုလဲ သင္ယူခဲ့တယ္ ၿပီးေတာ့ သူမက အဂၤလိပ္လိုလဲ ေကာင္းေကာင္းေျပာတက္တယ္ေလ။

ေခ်ာင္လန္ ဝင္လာေတာ့ သူေဌးမက ေခ်ာင္လန္႔ကို တစ္ခ်က္ၾကည့္လိုက္ၿပီး " ဘာမ်ားစားခ်င္ပါသလဲ "

ေခ်ာင္လန္က ျပတင္းေပါက္ကို လက္ညိဳးထိုးလိုက္ၿပီး " ကြၽန္မက အလုပ္ေလွ်ာက္တာပါ "

တစ္ေနကုန္အလုပ္ရႈပ္ေနတဲ့ ေခ်ာင္လန္တစ္ေယာက္ ေနာက္ဆုံးေတာ့ နည္းနည္းတိုးတက္လာၿပီပဲ။

သူေဌးမက ေျပာတယ္ သူမက အသက္မျပည့္ေသးတဲ့ အလုပ္သမားမလိုခ်င္ဘူးတဲ့။ ေခ်ာင္လန္ကလဲ ေျပာလိုက္တယ္ သူမက ၁၆ႏွစ္ျပည့္ၿပီးပါၿပီလို႔ေပါ့။ သူေဌးမက ထပ္ေျပာတယ္ အနည္းဆုံးေတာ့ အထက္တန္းေက်ာင္းေအာင္လက္မွတ္ ဒါမွမဟုတ္ အဲ့ထက္ျမင့္တာတစ္ခုခုေတာ့ရွိသင့္တယ္လို႔ေလ။ ေခ်ာင္လန္ကလဲ ေျပာလိုက္တယ္ သူမရဲ႕ အဆင့္ေတြက အရမ္းေကာင္းပါတယ္လို႔ေပါ့။

သူမ သူေဌးမနဲ႔ စကားႏိုင္လုေနတာ နာရီဝက္ေလာက္ရွိသြားတယ္။ သူေဌးမက စိတ္မရွည္တဲ့ပုံေပါက္လာတယ္။ ကံေကာင္းတာက ဒီေန႔စာေရးမတစ္ေယာက္က ခြင့္ယူထားတယ္။ ၿပီးေတာ့ ဧည့္သည္ေတြလဲ မ်ားလာတယ္။ ေခ်ာင္လန္က သူမ ေကာ္ဖီေဖ်ာ္ေပးမယ္ဆိုၿပီး အရင္ဦးေအာင္ေျပာလိုက္တယ္။ အဲ့ဒါနဲ႔
သူေဌးမကလဲ ေခ်ာင္လန္႔ကို အစမ္းလုပ္ခိုင္းလိုက္တယ္။

သူေဌးမကလဲ ဒီကေလးမက ဒီေလုက္ထိ လက္ယၪၷေလိမ့္မယ္လို႔ မထင္ခဲ့ဘူး။ ပိုအေရးႀကီးတာက သူမက အရမ္းကြၽမ္းက်င္ေနတယ္ဆိုတာပဲ။ ေကာ္ဖီေဖ်ာ္တာပဲျဖစ္ျဖစ္ ေအာ္ဒါယူတာပဲျဖစ္ျဖစ္ သူမက အရမ္းကို လုပ္ရည္ကိုင္ရည္ရွိေနတယ္။

ဒါေပမဲ့ ေခ်ာင္လန္႔အခ်ိန္က ျပႆနာျဖစ္ေနတယ္။ ေခ်ာင္လန္က ညေနခင္းေတြနဲ႔ ပိတ္ရက္ေတြမွာပဲ လာႏိုင္တယ္။ ေခ်ာင္လန္က သူမ လခေလွ်ာ့ယူလို႔ရပါတယ္လို႔ ေျပာလိုက္တယ္။

သူေဌးမက ေခ်ာင္လန္႔ကို အၾကာႀကီးစိုက္ၾကည့္ေနတယ္။ သူမ နည္းနည္းစာနာသနားသြားတယ္။ ေနာက္ဆုံးေတာ့ သူမ ေခ်ာင္လန္႔ကို အလုပ္ခန္႔ဖို႔ ဆုံးျဖတ္လိုက္ၿပီး နက္ျဖန္မနက္၁၁နာရီ ဆိုင္ကို အေရာက္လာခိုင္းလိုက္တယ္။

ေခ်ာင္လန္ တစ္ေနကုန္အျပင္ထြက္ၿပီး ရွာခဲ့ရတာ ေနာက္ဆုံးေတာ့ အလုပ္တစ္ခုရခဲ့ၿပီ။ တစ္လကို ယြမ္တစ္ေထာင္ေက်ာ္ပဲ ရမွာျဖစ္ေပမဲ့ သူမ အရမ္းကို ေက်နပ္ေနပါၿပီ။

ေနာက္ေန႔ အလုပ္လာေတာ့ ဒီဆိုင္ရဲ႕ေနရာကေကာင္းၿပီး ပစၥည္းေတြကလဲ ေဈးႀကီးေပမဲ့ လာတဲ့လူသိပ္မရွိဘူးဆိုတာ ေခ်ာင္လန္သိလိုက္ရတယ္။ ၿပီးေတာ့ လာတဲ့သူအမ်ားစုကလဲ ပုံမွန္လာေနက် ဧည့္သည္ေတြပဲ ျဖစ္တယ္။

ထန္းေမာ့က အျပင္ထြက္ရတာ သိပ္မႀကိဳက္ဘူး။ အထူးသျဖင့္ ၿပီးခဲ့တဲ့ ၂ရက္မွာေပါ့။ ဒါေပမဲ့ ထန္းေမာ့အေဖက သူ႔ကို လာေခၚတယ္။ အဲ့ဒါနဲ႔ေနာက္ဆုံးေတာ့ ထန္းေမာ့လဲ အျပင္ထြက္ရေတာ့တယ္။

ထန္းေမာ့နဲ႔ သူ႔အေမက ႏိုင္ငံျခားမွာေနခဲ့တာဆိုေတာ့ ထန္းေမာ့က အေနာက္တိုင္းစာႀကိဳက္မယ္လို႔ အေဖထန္းကထင္လို႔ သူသြားေနက် အေနာက္တိုင္းစားေသာက္ဆိုင္ကို ထန္းေမာ့ကို ေခၚလာခဲ့တယ္။ စားေသာက္ဆိုင္က အရမ္းမႀကီးေပမဲ့ ပတ္ဝန္းက်င္ေရာ အရသာကပါ first class ပဲ။

" ဒီဆိုင္က အစားအေသာက္ေတြက အရမ္းေကာင္းတာ " အေဖထန္းကေျပာလိုက္တယ္။ ဒါေပမဲ့ ထန္းေမာ့ရဲ႕ မ်က္ႏွာအမူအရာက ေဖ်ာ့ေတာ့ေနတယ္။ ဘာreaction မွကို မရွိဘူး။

အေဖထန္းက ထန္းေမာ့ကို ထပ္ေမးျပန္တယ္ ဒီ၂ရက္မွာ ဘာလို႔ေက်ာင္းမသြားလဲတဲ့။ မေန႔တုန္းက ဆရာက သူ႔ကို ဖုန္းဆက္ၿပီး ထန္းေမာ့အေၾကာင္းကို အထူးတလည္ေမးခဲ့တယ္။

ထန္းေမာ့က wheelchair ေပၚမွာထိုင္ေနၿပီး မ်က္ႏွာေသႀကီးနဲ႔ " မသြားခ်င္လို႔ "

အေဖထန္း မ်က္ေမွာင္က်ဳံ႕လိုက္တယ္။

သူက ထန္းေမာ့ကို ေက်ာင္းသြားဖို႔ မနည္း စည္း႐ုံးခဲ့ရတာ။ ဒါေပမဲ့ ဘာေတြျဖစ္ခဲ့တာလဲေတာ့မသိဘူး ထန္းေမာ့က ႐ုတ္တရက္ႀကီး ေက်ာင္းကို ထပ္မသြားခ်င္ေတာ့ဘူးတဲ့ေလ။

ျဖစ္ခ်င္ေတာ့ ဒီေန႔ အေဖထန္းက အခ်ိန္ေလးနည္းနည္းအားေနတယ္။ အဲ့ေတာ့ သူက ထန္းေမာ့ကို ညေနစာေခၚေကြၽးၿပီး ထန္းေမာ့နဲ႔ ႏွလုံးသားခ်င္းရင္းရင္းႏွီးႏွီး စကားေျပာၾကည့္မလို႔ လုပ္လိုက္တယ္။

အေဖထန္းက ေခါင္းေဆာင္ရတာ ေနသားက်ေနၿပီ။ ထန္းေမာ့ကို စကားစေျပာတုန္းက အဆင္ေျပေသးတယ္။ ဒါေပမဲ့ ခဏေလာက္ေျပာၿပီးသြားေတာ့ သူ႔ရဲ႕ ေလသံက လက္ေအာက္ငယ္သားေတြကို ေျပာတဲ့ေလသံအျဖစ္ေျပာင္းသြားတယ္။ ထန္းေမာ့က စိတ္ညစ္ေနၿပီ။ ၿပီးေတာ့ ထြက္သြားခ်င္ေနၿပီ။ သူလွည့္ျပန္မလို႔လုပ္လိုက္တဲ့အခ်ိန္မွာ သူေမာ့ၾကည့္လိုက္ေတာ့ ႐ုတ္တရက္ ရင္းႏွီးေနတဲ့ ေနာက္ေက်ာေလးကို ေတြ႕လိုက္တယ္။

Continue Reading

You'll Also Like

2.1M 123K 44
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
745K 19.1K 56
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...
152K 17K 47
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
363K 27.7K 15
MY Creditor Side Story ပါ။ Parallel Universe သဘောမျိုးပြန်ပြီး Creation လုပ်ထားတာမို့ main story နဲ့ မသက်ဆိုင်ပဲ အရင် character ကို ရသအသစ် တစ်မျိုးနဲ...