#Uni
"မင်းလာပြန်ပြီလား ''
ဟိုနေ့ကတည်းက မသင်နိုင်တော့ဘူးလို့အပြတ်ပြောပြီးထွက်လာခဲ့ပေမဲ့ ခုထိလာနေတုန်း
၅ရက်ရှိပြီ...သင်တန်းရှေ့လာစောင့်နေတတ်သလို တခါတလေကျ ကော်ဖီထိုင်သောက်နေရင် ကိုယ့်ဝိုင်းထဲဝင်ထိုင်ပြီး မသိသလိုအအေးသောက်နေတတ်ပြန်ရော
"ခုရော... လက်ခံပြီလား ''
လို့...မေးတတ်ပြီး မသင်ဘူးပြောတာတောင် ဘာမှဆက်မပြောဘဲ ငြိမ်နေပြီး အအေးသာဆက်သောက်နေတတ်တယ်...တွေ့တိုင်းအဲ့မေးခွန်းပဲမရိုးနိုင်အောင်မေးတတ်ပေမဲ့ ငြင်းလိုက်လဲ သူမကအေးဆေး...
အရင်လူတွေဆို နောက်ကနေ တကောက်ကောက်လိုက်ပြီး အကြောင်းပြချက်တွေ ပြောခိုင်းတာမျိုး
"ဆက်သင်ပေးပါဆရာရယ် ''
ဆိုပြီးအသနားခံရင်ခံ မဟုတ်ရင် ငွေပိုပေးမဲ့အကြောင်းပြောတတ်ကြပေမဲ့ ဒီကောင်မလေးကတော့ ငြိမ်ငြိမ်လေးပဲအနားမှာ စကားတစ်လုံးထဲသာကို မရိုးအောင်မေးတာမျိုး
"ဆရာ ချီ... ထိုင်မယ်နော် ''
ကော်ဖီသောက်မလို့ ထိုင်စောင့်နေတုန်း အနားလာပြီး ဝင်ထိုင်လိုက်တဲ့ကောင်မလေး
"ဘယ်လိုလဲဆရာ... လက်ခံပြီလား စာဆက်သင်ဖို့ ''
"မင်းမမောသေးဘူးလား ''
".....''
"ဒီလောက်ငြင်းနေတာကို... မနက်ကနေ အိမ်ပြန်တဲ့အထိ လိုက်မေးနေရတာ မမောဘူးလား ''
"....''
"မင်းမမောဘူးလားလို အလုပ်ရောမရှိဘူးလား... မင်းသူဋ္ဌေးကရော မင်းအလုပ်မလာလို့မဆူဘူးလား ''
မနက်သင်တန်းသွားကတည်းက ညနေအိမ်ပြန်တဲ့အထိ အနားကို လာတတ်တဲ့ကောင်မလေးကို နားမလည်နိုင်တော့ဘူး...အဲ့လိုမေးတော့ ကောင်မလေးက ရယ်ပါလေရော... သဘောတကျကိုရယ်တာ
"ကိုယ်ပြောတာ ဟာသမဟုတ်ဘူး ''
"ပထမဆုံးပဲလေ... ၅ရက်အတွင်း ချီအကြောင်း ဒါပထမဆုံးမေးတာမလား ''
"ဘာ!!!ငါ ...ဟို ....ငါကမင်းသိပ်အချိန်ပိုနေလားလို့မေးတာ ''
"အင်းလေ... အရင်ကဆို ရုပ်တည်ကြီးနဲ့ စကားတောင်တိုတိုတုတ်တုတ်ပဲပြောပြီးတော့ ''
"ဒီမှာ ကလေးမ... မင်းခုလိုလုပ်နေလဲအပိုပဲကိုယ်ကလုံးဝမလုပ်နိုင်ဘူး ''
ပြောတော့... ကောင်မလေးက ရယ်နေရာကနေ ပြန်တည်သွားပြီး
"ဘာလို့လဲ ''
"ကိုယ်သဘောနဲ့ ကိုယ်ပေါ့ ''
"ကြည့်ရတာ... အလုပ်နဲ့ပတ်သက်တာတော့မဟုတ်လောက်ဘူး ''
".....''
"ငွေကြေးနဲ့လဲမဆိုင်ပြန်ဘူးဆိုတော့ ''
".....''
"ကိုယ်ရေးကိုယ်တာခံစားချက်ကြောင့်မလား ''
"မင်းကို ဘယ်သူပြောလဲ ''
"ရာထူးတိုးတာတို့... ဘာတို့လဲမဟုတ်ဘူးကွာ လစာကလဲ ချီတို့ပေးသလောက်ပဲပေးတါ ''
"မင်းက ခုငါရတဲ့လစာကို ဘယ်လိုသိမလဲ ''
"ဒီ၅ရက်အတွင်းချီက ဆရာ့နောက်ပဲ လိုက်နေတာမဟုတ်ဘူးလေ ''
"ဘယ်လို ''
ဝိတ်တာကောင်လေးလာချပေးတဲ့ကော်ဖီခွက်ကို အဲ့ကောင်မလေးက သူ့အနားဆွဲယူလိုက်ရင်း ပြုံးပြလာတယ်
"ချီပြောတယ်မလား... ချီက အရင်ကလူတွေနဲ့မတူပါဘူးဆို ''
သိပြီ...စာသင်ချိန်မှာ အတန်းထဲဝင်ထိုင်တက်သလို တစ်ခါတလေ အနားကပျောက်သွားတာမျိုး...သင်တန်းကဆရာတချို့နဲ့ရယ်မောနေတတ်တဲ့ကောင်မလေးကို...ကိုယ့်အကြောင်းစုံစမ်းနေမှန်းမသိဘဲ အသိတွေနေမှာပါ...
ကိုယ့်အနားမကပ်ရင် ပြီးရောဆိုပြီးနေခဲ့တာ ...ခုတော့ ၅ရက်အတွင်း သူမကအများကြီးသိသွားပြီလား...ဘယ်လောက်ထိသိတာလဲ
"ကော်ဖီကမခါးဘူးလား...ဘာမှမထည့်ဘဲ ဒီတိုင်းသောက်ရတာ... အနည်းဆုံး နွားနို့လေးတော့ထည့်သောက်ပါလား ''
"မင်း ဒီလောက်ထိသိတာလား ''
"အင်းပေါ့ ဆရာက နေ့လည်စာလဲမစားဘူး ...ညစာတောင်ဆရာ့သူငယ်ချင်းကအတင်းကျွေးရတာမလား ''
"မင်း...အဲ့ထက် ''
အံ့သြလွန်းလို့ ထတောင်ရပ်မိတယ် အဲ့တော့ကောင်မလေးက မော့ကြည့်ရင်း
"လန့်လိုက်တာ... အဲ့လောက်အံ့သြသွားတာလား ''
အနားမှာရှိတဲ့ဝိုင်းက လူတွေကကိုယ့်ကိုလာကြည့်နေတာကြောင့် ပြန်ထိုင်လိုက်ရင်း
"မင်း ငါ့အိမ်ထဲအထိခိုးဝင်တာလား ''
"ဘယ်ကသာ မဟုတ်ပါဘူး ''
"အဲ့တာဆို...ဘယ်လို ''
"ဆရာ့သူငယ်ချင်း ကိုမိုးတိမ်ပြောပြတာ ''
"ဘာမိုးတိမ်... မင်းကသူနဲ့လဲသိတာလား ''
"အင်း... သူငယ်ချင်းတွေတောင်ဖြစ်နေပြီ ''
ဘယ်လိုမျိုးလေးလဲ... ၅ရက်အတွင်း ကိုယ့်သူငယ်ချင်းနဲ့တောင်ခင်နေပြီ...အဲ့ကောင်မလေးက အလွတ်တန်းစုံထောက်များလား
"ကိုယ်သိပြီ... မင်းက ကိုယ့်ကိုအကြပ်ကိုင်ချင်တာပေါ့ ''
"....''
"ဘယ်လိုလုပ်မလဲ... ကိုယ်ကမဟုတ်တာဘာမှမလုပ်ထားတော့ မင်းလက်လျော့သင့်ပြီ ''
ပြောတော့ ကောင်မလေးက မကျေနပ်တဲ့လေသံလေးနဲ့
"ဟုတ်တယ်... ကြည့်လေ ရည်းစားလဲမရှိ အရက်လဲမသောက် လောင်းကစားလဲမလုပ်...အားနေရင် စာအုပ်ဖတ်လိုက် ကော်ဖီသောက်လိုက်နဲ့ ''
"မင်း ''
"သူငယ်ချင်းဆိုလဲ ကိုမိုးတိမ်ဘဲရှိတာကွာ ...အသက်က၃၀ပြည့်တော့မှာကို ခုလိုလူမျိုးက ရှိသေးသတဲ့ ''
ပြန်တောင်မပြောနိုင်တော့ဘူး... တကယ်၅ရက်အတွင်း ကိုယ့်အကြောင်းအကုန်သိတဲ့လူလို ကောင်မလေးက ပြောသွားတာမလား
"မင်းက တကယ်ကောင်းတယ်... ကြောက်ဖို့ ''
"ချီးကျူးတာ...ကျေးဇူး ''
"မင်းကို ရွဲ့နေတာ ''
"သိတယ်လေ... အဲ့တာကြောင့် ပြန်ရွဲ့တာ ''
"တကယ်မလွယ်ဘူး ''
"အဲတာလဲအမှန်ပဲ ''
တကယ့်ကောင်မလေး တစ်ချက်မှအပြောမခံဘူး... ပြန်ပြောလိုက်ရမှ အရင်မြင်နေကျလူတွေနဲ့မတူ...
အစက အရင်လူတွေလို ခနလေးနဲ့ အလျော့ပေးသွားမယ်ထင်ခဲ့တာ... အထင်နဲ့လက်တွေ့ကတလွဲစီ
"ဟား....''
ခုတော့ ကိုယ့်ထက်ငယ်တဲ့ကလေးမလေးက ကိုယ့်အကြောင်းတောင် စုံစမ်းနိုင်သေး...သဘောကျလို့ ရယ်မိသွားတော့
"ဒုတိယအကြိမ်နော် ''
"ဟင် ''
"ဆရာ ထပ်ရယ်ပြန်ပြီလေ ''
"ကိုယ်က ''
ရယ်တယ်ဆိုတာ ဘာလဲတောင် မမှတ်မိတော့တဲ့ကိုယ့်လိုလူက ရယ်မိပြန်ပြီ... ပထမဆုံးမဟုတ်ဘဲ ဒုတိယအကြိမ်... ဒီကောင်မလေးကြောင့်ပဲ
"ထားလိုက်တော့...ကိုယ့်ကော်ဖီခွက်ပြန်ပေး ''
ဆွဲယူမလို့လုပ်တော့ ကောင်မလေးက ကော်ဖီခွက်ကိုသူ့လက်နဲ့ကာလိုက်ရင်း
"မရဘူး... အစာမစားဘဲ ကော်ဖီပဲသောက်ရင် ကျန်းမာရေးထိခိုက်တတ်တယ် ''
"ကိုယ်ခုထိ ကျန်းမာနေတုန်း ''
"သိတယ်လေ... ခုကျန်းမာပေမဲ့ နောက်ကျ ဖြစ်ချင်ဖြစ်မှာပေါ့ ''
"ဒီမှာ မင်း နည်းနည်းတရားလွန်....''
ဆရာလာလုပ်တဲ့ကောင်မလေးကိုအော်မလို့ရှိသေး... ကောင်မလေးက စားပွဲပေါ်ကို ထမင်းဗူးလေးတင်လိုက်ပြီး
"ဒါကြောင့် ထမင်းအရင်စား... ပြီးမှ ကော်ဖီသောက်ရမယ် ''
"ဒါ..... ဒါက ''
ဒါလဲပထမဆုံးပဲ... တော်တော်များများ မိန်းမတချို့ကတော့ နာမည်ကြီးစားသောက်ဆိုင်တွေမှာ ထမင်းစားဖို့ခေါ်ဖူးပေမဲ့ ခုလိုထမင်းဗူးလေးအပေးခံရတာ ပထမဆုံးသာ
"ဟင်းတွေကရှယ်နော်... ချစ်ကို မနက်ကချက်ခိုင်းထားတာ ဟီး..'
'ချစ်' အဲ့နာမ်စားလေးကြားတော့ စိတ်ထဲက တမျိုးကြီးခံစားမိလာတယ်
"ချစ် ဆိုတာ ''
"ချီသူငယ်ချင်းလေ...သူကဟင်းချက်တာအရမ်းကောင်းတာပဲ အဲ့တာ... သူ့ကိုအစောကြီးနှိုးပြီး ချက်ခိုင်းရတာ ''
သူငယ်ချင်းဆိုမှ ရင်ထဲရေခဲရည် လောင်းချခံရသလို အေးသွားတယ်... ငါဘာတွေဖြစ်နေပါလိမ့်
"အာ ...သူ့ကိုအစောကြီးနှိုးလို့ဆိုပြီး အထုခံရသေးတယ် ကြည့်... ဒီမှာ ''
သူ့ခေါင်းလေးကိုအနားတိုးပြီးတောင်ပြနေသေး... ကိုယ့်တပည့်တွေတောင် သူ့လောက်ကလေးမဆန်လောက်ဘူး... ခုကတိုင်နေတာလား
"အဲ့တာကြောင့်... အများကြီးစားရမယ်နော် ''
နေပါအုံး... ခုဒီကောင်မလေးက ကိုယ့်အတွက်အနာခံပြီး မနက်စာယူလာတာလား... ကိုယ့်အတွက်ရည်ရွယ်ပြီးတော့လေ
ထမင်းဗူးကိုအနားတိုးပေးရင်း ရယ်ပြနေတဲ့ကောင်မလေးက သိပ်ဖြူစင်တယ်... ကလေးလေးလို ပြုံးပြနေတဲ့သူမအပြုံးက ရင်ထဲလေပြေလေးတိုက်ခတ်လိုက်သလိုကို အေးမြစေသယောင်ယောင်...
မေမေ!!!!အရင်ဆုံးသတိရမိတာ မေမေ့အပြုံးလေး... ကျောင်းကပြန်လာတိုင်း ပြုံးပြတတ်တဲ့မေမေ့အပြုံးလေးနဲ့ သိပ်တူတယ်
"မေမေ ''
ထမင်းဗူးလေးကိုစိုက်ကြည့်ရင်း ဆရာလေချိုသွေးက တစ်ခုခုကိုစဥ်းစားနေသလိုပဲ...ကြည့်ရတာ သူ့ကိုဂရုစိုက်ပေးတဲ့လူ မရှိလို့များလား... ကလေးတွေလိုဆုံးမမဲ့လူမျိုးပေါ့
အစာစားချိန်မှာ ကော်ဖီပဲသောက်နေပေမဲ့ ဘယ်သူမှထမင်းစားရမယ်လို့ မပြောကြဘူးလေ...ဘာလို့ဆို အဲ့ဆရာက တစ်ယောက်တည်းနေတတ်တဲ့လူမျိုး...
လူမှုဆက်ဆံရေးလဲညံ့ချက်... တခြားဆရာတွေဆီကပြန်ကြားသလောက်ဆို... ဆရာအချင်းချင်းတောင် စကားပြောရမှာ ကြောက်တယ်တဲ့
အင်း...ပထမရက်ကတော့ ရုပ်တည်ကြီးနဲ့လေသံမာမာကြီးမလို့... နည်းနည်းကြောက်ပေမဲ့ နောက်ရက်တွေကျ အဲ့ဆရာအကြောင်း စုံစမ်းရင်း
အဲ့ဆရာကတစ်ခုခုပဲ...အတိတ်မှာ နာကျင်စရာတွေရှိလို့များလား ဒါကြောင့် အဲ့ဆရာအတွက် ထမင်းဗူးယူလာပေးမိတာရယ်
အတွေးလွန်နေတုန်း အသိဝင်ပြီး ဆရာလေချိုသွေးကိုကြည့်မိတော့ ထမင်းစားနေတယ်... အားရပါးရကိုစားနေတာ
နေပါအုံး... အဲ့ဆရာ မျက်ရည်ဝဲနေတာလား
ဘာလဲ သူ့ကိုထမင်းကျွေးတာကို အဲ့လောက်တောင် ပျော်နေရလား
ထမင်းဝယ်မစားနိုင်လို့များလားလို့ တွေးရအောင်လဲ ပညာရေးလောကမှာ နာမည်ကြီးဆရာတစ်ယောက်...
ထမင်းဗူးပေးတါကို ဝမ်းသာအားရစားနေတာ မျက်ရည်ဝဲတဲ့အထိပါပဲလား... အဲ့ဆရာထူးဆန်းတယ်
💖💖💖💖💖💖💖💖💖💖💖
#Zawgyi
"မင္းလာျပန္ၿပီလား ''
ဟိုေန႕ကတည္းက မသင္နိုင္ေတာ့ဘူးလို႔အျပတ္ေျပာၿပီးထြက္လာခဲ့ေပမဲ့ ခုထိလာေနတုန္း
၅ရက္ရွိၿပီ...သင္တန္းေရွ႕လာေစာင့္ေနတတ္သလို တခါတေလက် ေကာ္ဖီထိုင္ေသာက္ေနရင္ ကိုယ့္ဝိုင္းထဲဝင္ထိုင္ၿပီး မသိသလိုအေအးေသာက္ေနတတ္ျပန္ေရာ
"ခုေရာ... လက္ခံၿပီလား ''
လို႔...ေမးတတ္ၿပီး မသင္ဘူးေျပာတာေတာင္ ဘာမွဆက္မေျပာဘဲ ၿငိမ္ေနၿပီး အေအးသာဆက္ေသာက္ေနတတ္တယ္...ေတြ႕တိုင္းအဲ့ေမးခြန္းပဲမရိုးနိုင္ေအာင္ေမးတတ္ေပမဲ့ ျငင္းလိုက္လဲ သူမကေအးေဆး...
အရင္လူေတြဆို ေနာက္ကေန တေကာက္ေကာက္လိုက္ၿပီး အေၾကာင္းျပခ်က္ေတြ ေျပာခိုင္းတာမ်ိဳး
"ဆက္သင္ေပးပါဆရာရယ္ ''
ဆိုၿပီးအသနားခံရင္ခံ မဟုတ္ရင္ ေငြပိုေပးမဲ့အေၾကာင္းေျပာတတ္ၾကေပမဲ့ ဒီေကာင္မေလးကေတာ့ ၿငိမ္ၿငိမ္ေလးပဲအနားမွာ စကားတစ္လုံးထဲသာကို မရိုးေအာင္ေမးတာမ်ိဳး
"ဆရာ ခ်ီ... ထိုင္မယ္ေနာ္ ''
ေကာ္ဖီေသာက္မလို႔ ထိုင္ေစာင့္ေနတုန္း အနားလာၿပီး ဝင္ထိုင္လိုက္တဲ့ေကာင္မေလး
"ဘယ္လိုလဲဆရာ... လက္ခံၿပီလား စာဆက္သင္ဖို႔ ''
"မင္းမေမာေသးဘူးလား ''
".....''
"ဒီေလာက္ျငင္းေနတာကို... မနက္ကေန အိမ္ျပန္တဲ့အထိ လိုက္ေမးေနရတာ မေမာဘူးလား ''
"....''
"မင္းမေမာဘူးလားလို အလုပ္ေရာမရွိဘူးလား... မင္းသူ႒ေးကေရာ မင္းအလုပ္မလာလို႔မဆူဘူးလား ''
မနက္သင္တန္းသြားကတည္းက ညေနအိမ္ျပန္တဲ့အထိ အနားကို လာတတ္တဲ့ေကာင္မေလးကို နားမလည္နိုင္ေတာ့ဘူး...အဲ့လိုေမးေတာ့ ေကာင္မေလးက ရယ္ပါေလေရာ... သေဘာတက်ကိဳရယ္တာ
"ကိုယ္ေျပာတာ ဟာသမဟုတ္ဘူး ''
"ပထမဆုံးပဲေလ... ၅ရက္အတြင္း ခ်ီအေၾကာင္း ဒါပထမဆုံးေမးတာမလား ''
"ဘာ!!!ငါ ...ဟို ....ငါကမင္းသိပ္အခ်ိန္ပိုေနလားလို႔ေမးတာ ''
"အင္းေလ... အရင္ကဆို ႐ုပ္တည္ႀကီးနဲ႕ စကားေတာင္တိုတိုတုတ္တုတ္ပဲေျပာၿပီးေတာ့ ''
"ဒီမွာ ကေလးမ... မင္းခုလိုလုပ္ေနလဲအပိုပဲကိုယ္ကလုံးဝမလုပ္နိုင္ဘူး ''
ေျပာေတာ့... ေကာင္မေလးက ရယ္ေနရာကေန ျပန္တည္သြားၿပီး
"ဘာလို႔လဲ ''
"ကိုယ္သေဘာနဲ႕ ကိုယ္ေပါ့ ''
"ၾကည့္ရတာ... အလုပ္နဲ႕ပတ္သက္တာေတာ့မဟုတ္ေလာက္ဘူး ''
".....''
"ေငြေၾကးနဲ႕လဲမဆိုင္ျပန္ဘူးဆိုေတာ့ ''
".....''
"ကိုယ္ေရးကိုယ္တာခံစားခ်က္ေၾကာင့္မလား ''
"မင္းကို ဘယ္သူေျပာလဲ ''
"ရာထူးတိုးတာတို႔... ဘာတို႔လဲမဟုတ္ဘူးကြာ လစာကလဲ ခ်ီတို႔ေပးသေလာက္ပဲေပးတါ ''
"မင္းက ခုငါရတဲ့လစာကို ဘယ္လိုသိမလဲ ''
"ဒီ၅ရက္အတြင္းခ်ီက ဆရာ့ေနာက္ပဲ လိုက္ေနတာမဟုတ္ဘူးေလ ''
"ဘယ္လို ''
ဝိတ္တာေကာင္ေလးလာခ်ေပးတဲ့ေကာ္ဖီခြက္ကို အဲ့ေကာင္မေလးက သူ႕အနားဆြဲယူလိုက္ရင္း ၿပဳံးျပလာတယ္
"ခ်ီေျပာတယ္မလား... ခ်ီက အရင္ကလူေတြနဲ႕မတူပါဘူးဆို ''
သိၿပီ...စာသင္ခ်ိန္မွာ အတန္းထဲဝင္ထိုင္တက္သလို တစ္ခါတေလ အနားကေပ်ာက္သြားတာမ်ိဳး...သင္တန္းကဆရာတခ်ိဳ႕နဲ႕ရယ္ေမာေနတတ္တဲ့ေကာင္မေလးကို...ကိုယ့္အေၾကာင္းစုံစမ္းေနမွန္းမသိဘဲ အသိေတြေနမွာပါ...
ကိုယ့္အနားမကပ္ရင္ ၿပီးေရာဆိုၿပီးေနခဲ့တာ ...ခုေတာ့ ၅ရက္အတြင္း သူမကအမ်ားႀကီးသိသြားၿပီလား...ဘယ္ေလာက္ထိသိတာလဲ
"ေကာ္ဖီကမခါးဘူးလား...ဘာမွမထည့္ဘဲ ဒီတိုင္းေသာက္ရတာ... အနည္းဆုံး ႏြားနို႔ေလးေတာ့ထည့္ေသာက္ပါလား ''
"မင္း ဒီေလာက္ထိသိတာလား ''
"အင္းေပါ့ ဆရာက ေန႕လည္စာလဲမစားဘူး ...ညစာေတာင္ဆရာ့သူငယ္ခ်င္းကအတင္းေကြၽးရတာမလား ''
"မင္း...အဲ့ထက္ ''
အံ့ၾသလြန္းလို႔ ထေတာင္ရပ္မိတယ္ အဲ့ေတာ့ေကာင္မေလးက ေမာ့ၾကည့္ရင္း
"လန့္လိုက္တာ... အဲ့ေလာက္အံ့ၾသသြားတာလား ''
အနားမွာရွိတဲ့ဝိုင္းက လူေတြကကိုယ့္ကိုလာၾကည့္ေနတာေၾကာင့္ ျပန္ထိုင္လိုက္ရင္း
"မင္း ငါ့အိမ္ထဲအထိခိုးဝင္တာလား ''
"ဘယ္ကသာ မဟုတ္ပါဘူး ''
"အဲ့တာဆို...ဘယ္လို ''
"ဆရာ့သူငယ္ခ်င္း ကိုမိုးတိမ္ေျပာျပတာ ''
"ဘာမိုးတိမ္... မင္းကသူနဲ႕လဲသိတာလား ''
"အင္း... သူငယ္ခ်င္းေတြေတာင္ျဖစ္ေနၿပီ ''
ဘယ္လိုမ်ိဳးေလးလဲ... ၅ရက္အတြင္း ကိုယ့္သူငယ္ခ်င္းနဲ႕ေတာင္ခင္ေနၿပီ...အဲ့ေကာင္မေလးက အလြတ္တန္းစုံေထာက္မ်ားလား
"ကိုယ္သိၿပီ... မင္းက ကိုယ့္ကိုအၾကပ္ကိုင္ခ်င္တာေပါ့ ''
"....''
"ဘယ္လိုလုပ္မလဲ... ကိုယ္ကမဟုတ္တာဘာမွမလုပ္ထားေတာ့ မင္းလက္ေလ်ာ့သင့္ၿပီ ''
ေျပာေတာ့ ေကာင္မေလးက မေက်နပ္တဲ့ေလသံေလးနဲ႕
"ဟုတ္တယ္... ၾကည့္ေလ ရည္းစားလဲမရွိ အရက္လဲမေသာက္ ေလာင္းကစားလဲမလုပ္...အားေနရင္ စာအုပ္ဖတ္လိုက္ ေကာ္ဖီေသာက္လိုက္နဲ႕ ''
"မင္း ''
"သူငယ္ခ်င္းဆိုလဲ ကိုမိုးတိမ္ဘဲရွိတာကြာ ...အသက္က၃၀ျပည့္ေတာ့မွာကို ခုလိုလူမ်ိဳးက ရွိေသးသတဲ့ ''
ျပန္ေတာင္မေျပာနိုင္ေတာ့ဘူး... တကယ္၅ရက္အတြင္း ကိုယ့္အေၾကာင္းအကုန္သိတဲ့လူလို ေကာင္မေလးက ေျပာသြားတာမလား
"မင္းက တကယ္ေကာင္းတယ္... ေၾကာက္ဖို႔ ''
"ခ်ီးက်ဴးတာ...ေက်းဇူး ''
"မင္းကို ႐ြဲ႕ေနတာ ''
"သိတယ္ေလ... အဲ့တာေၾကာင့္ ျပန္႐ြဲ႕တာ ''
"တကယ္မလြယ္ဘူး ''
"အဲတာလဲအမွန္ပဲ ''
တကယ့္ေကာင္မေလး တစ္ခ်က္မွအေျပာမခံဘူး... ျပန္ေျပာလိုက္ရမွ အရင္ျမင္ေနက်လဴေတြနဲ႕မတူ...
အစက အရင္လူေတြလို ခနေလးနဲ႕ အေလ်ာ့ေပးသြားမယ္ထင္ခဲ့တာ... အထင္နဲ႕လက္ေတြ႕ကတလြဲစီ
"ဟား....''
ခုေတာ့ ကိုယ့္ထက္ငယ္တဲ့ကေလးမေလးက ကိုယ့္အေၾကာင္းေတာင္ စုံစမ္းနိုင္ေသး...သေဘာက်လိဳ႕ ရယ္မိသြားေတာ့
"ဒုတိယအႀကိမ္ေနာ္ ''
"ဟင္ ''
"ဆရာ ထပ္ရယ္ျပန္ၿပီေလ ''
"ကိုယ္က ''
ရယ္တယ္ဆိုတာ ဘာလဲေတာင္ မမွတ္မိေတာ့တဲ့ကိုယ့္လိုလူက ရယ္မိျပန္ၿပီ... ပထမဆုံးမဟုတ္ဘဲ ဒုတိယအႀကိမ္... ဒီေကာင္မေလးေၾကာင့္ပဲ
"ထားလိုက္ေတာ့...ကိုယ့္ေကာ္ဖီခြက္ျပန္ေပး ''
ဆြဲယူမလို႔လုပ္ေတာ့ ေကာင္မေလးက ေကာ္ဖီခြက္ကိုသူ႕လက္နဲ႕ကာလိုက္ရင္း
"မရဘူး... အစာမစားဘဲ ေကာ္ဖီပဲေသာက္ရင္ က်န္းမာေရးထိခိုက္တတ္တယ္ ''
"ကိုယ္ခုထိ က်န္းမာေနတုန္း ''
"သိတယ္ေလ... ခုက်န္းမာေပမဲ့ ေနာက္က် ျဖစ္ခ်င္ျဖစ္မွာေပါ့ ''
"ဒီမွာ မင္း နည္းနည္းတရားလြန္....''
ဆရာလာလုပ္တဲ့ေကာင္မေလးကိုေအာ္မလို႔ရွိေသး... ေကာင္မေလးက စားပြဲေပၚကို ထမင္းဗူးေလးတင္လိုက္ၿပီး
"ဒါေၾကာင့္ ထမင္းအရင္စား... ၿပီးမွ ေကာ္ဖီေသာက္ရမယ္ ''
"ဒါ..... ဒါက ''
ဒါလဲပထမဆုံးပဲ... ေတာ္ေတာ္မ်ားမ်ား မိန္းမတခ်ိဳ႕ကေတာ့ နာမည္ႀကီးစားေသာက္ဆိုင္ေတြမွာ ထမင္းစားဖို႔ေခၚဖူးေပမဲ့ ခုလိုထမင္းဗူးေလးအေပးခံရတာ ပထမဆုံးသာ
"ဟင္းေတြကရွယ္ေနာ္... ခ်စ္ကို မနက္ကခ်က္ခိုင္းထားတာ ဟီး..'
'ခ်စ္' အဲ့နာမ္စားေလးၾကားေတာ့ စိတ္ထဲက တမ်ိဳးႀကီးခံစားမိလာတယ္
"ခ်စ္ ဆိုတာ ''
"ခ်ီသူငယ္ခ်င္းေလ...သူကဟင္းခ်က္တာအရမ္းေကာင္းတာပဲ အဲ့တာ... သူ႕ကိုအေစာႀကီးႏွိုးၿပီး ခ်က္ခိုင္းရတာ ''
သူငယ္ခ်င္းဆိုမွ ရင္ထဲေရခဲရည္ ေလာင္းခ်ခံရသလို ေအးသြားတယ္... ငါဘာေတြျဖစ္ေနပါလိမ့္
"အာ ...သူ႕ကိုအေစာႀကီးႏွိုးလို႔ဆိုၿပီး အထုခံရေသးတယ္ ၾကည့္... ဒီမွာ ''
သူ႕ေခါင္းေလးကိုအနားတိုးၿပီးေတာင္ျပေနေသး... ကိုယ့္တပည့္ေတြေတာင္ သူ႕ေလာက္ကေလးမဆန္ေလာက္ဘူး... ခုကတိုင္ေနတာလား
"အဲ့တာေၾကာင့္... အမ်ားႀကီးစားရမယ္ေနာ္ ''
ေနပါအုံး... ခုဒီေကာင္မေလးက ကိုယ့္အတြက္အနာခံၿပီး မနက္စာယူလာတာလား... ကိုယ့္အတြက္ရည္႐ြယ္ၿပီးေတာ့ေလ
ထမင္းဗူးကိုအနားတိုးေပးရင္း ရယ္ျပေနတဲ့ေကာင္မေလးက သိပ္ျဖဴစင္တယ္... ကေလးေလးလို ၿပဳံးျပေနတဲ့သူမအၿပဳံးက ရင္ထဲေလေျပေလးတိုက္ခတ္လိုက္သလိုကို ေအးျမေစသေယာင္ေယာင္...
ေမေမ!!!!အရင္ဆုံးသတိရမိတာ ေမေမ့အၿပဳံးေလး... ေက်ာင္းကျပန္လာတိုင္း ၿပဳံးျပတတ္တဲ့ေမေမ့အၿပဳံးေလးနဲ႕ သိပ္တူတယ္
"ေမေမ ''
ထမင္းဗူးေလးကိုစိုက္ၾကည့္ရင္း ဆရာေလခ်ိဳေသြးက တစ္ခုခုကိုစဥ္းစားေနသလိုပဲ...ၾကည့္ရတာ သူ႕ကိုဂ႐ုစိုက္ေပးတဲ့လူ မရွိလို႔မ်ားလား... ကေလးေတြလိုဆုံးမမဲ့လူမ်ိဳးေပါ့
အစာစားခ်ိန္မွာ ေကာ္ဖီပဲေသာက္ေနေပမဲ့ ဘယ္သူမွထမင္းစားရမယ္လို႔ မေျပာၾကဘူးေလ...ဘာလို႔ဆို အဲ့ဆရာက တစ္ေယာက္တည္းေနတတ္တဲ့လူမ်ိဳး...
လူမႈဆက္ဆံေရးလဲညံ့ခ်က္... တျခားဆရာေတြဆီကျပန္ၾကားသေလာက္ဆို... ဆရာအခ်င္းခ်င္းေတာင္ စကားေျပာရမွာ ေၾကာက္တယ္တဲ့
အင္း...ပထမရက္ကေတာ့ ႐ုပ္တည္ႀကီးနဲ႕ေလသံမာမာႀကီးမလို႔... နည္းနည္းေၾကာက္ေပမဲ့ ေနာက္ရက္ေတြက် အဲ့ဆရာအေၾကာင္း စုံစမ္းရင္း
အဲ့ဆရာကတစ္ခုခုပဲ...အတိတ္မွာ နာက်င္စရာေတြရွိလို႔မ်ားလား ဒါေၾကာင့္ အဲ့ဆရာအတြက္ ထမင္းဗူးယူလာေပးမိတာရယ္
အေတြးလြန္ေနတုန္း အသိဝင္ၿပီး ဆရာေလခ်ိဳေသြးကိုၾကည့္မိေတာ့ ထမင္းစားေနတယ္... အားရပါးရကိုစားေနတာ
ေနပါအုံး... အဲ့ဆရာ မ်က္ရည္ဝဲေနတာလား
ဘာလဲ သူ႕ကိုထမင္းေကြၽးတာကို အဲ့ေလာက္ေတာင္ ေပ်ာ္ေနရလား
ထမင္းဝယ္မစားနိုင္လို႔မ်ားလားလို႔ ေတြးရေအာင္လဲ ပညာေရးေလာကမွာ နာမည္ႀကီးဆရာတစ္ေယာက္...
ထမင္းဗူးေပးတါကို ဝမ္းသာအားရစားေနတာ မ်က္ရည္ဝဲတဲ့အထိပါပဲလား... အဲ့ဆရာထူးဆန္းတယ္