Magic Love ( ရပ်နား)

By Mayarauthor

13K 953 65

Historical Fiction ✳️ 🚫 Please do not repost without permission 🚫 Author - Mayar ✏️ အချစ်ဆိုတာ မှော်အတက်လိ... More

Magic Love (1)
Magic Love(2)
Magic Love (3)
Magic Love(4)
Magic Love(5)
Magic Love(6)
Magic Love(7)
Magic Love(8)
Magic Love(9)
Magic Love(10)
Magic Love (11)
Magic Love(13)
Magic Love(14)
Magic Love (15)
Magic Love (16)
Magic Love (17)
Sorry 😔
I'm Back
Magic love (18)
Magic Love (19)
Magic Love (20)
cover
Magic Love (21)
Magic Love (22)

Magic Love(12)

426 42 5
By Mayarauthor

Zawgyi


















"ဟင်?



"ဟုတ်ကဲ့ပါ


"အမိန့်အတိုင်းပါ



.
.
.




✨ Magic Love ✨










"ဟုတ်ကဲ့ပါ


"ဘာဖြစ်နေတာပါလိမ့်






"ဟုတ် ကြင်ယာတော်


✨✨✨ Magic love ✨✨✨

" ဘယ်ကပြန်လာတာလည်းဟမ်!








"ယူလာခဲ့

"ဟုတ်



"ဟုတ်


"ဟုတ်





"ကျင်း

"ဟင်


"ဘာလေးလည်း

"ဖွင့်ကြည့်ကြည့်လေ


"ဒါ...ဒါ





"ရော့ ဒါကျန်သေးတယ်



*ကျောက်စိမ်းလက်စွပ်

"ပေးလက်



"လက်စွပ်လေ


"သိဘူးလေ





"ကျွန်တော်အရှင့်ကို မမြင်ဖူးပါဘူး ကျွန်တော်မှတ်မိသလောက်ကတော့ ထီယံ နန်းတော်မှာပဲတွေ့ဖူးတယ်လေ

"အဲ့ဒါထက်စောတယ်



"ဟုတ်


✨ Magic Love ✨


Unicode

နန်းတော် ပြန်ရောက်ပြီး ၂ပတ်အကြာမှာ နန်းတက်ပွဲကျင်းပကြတော့တယ်

နန်းတော်ရဲ့ တိုင်းလုံး တင်မက အဆောင်တိုင်းမှာ မင်္ဂလာ အရောင်ဖြစ်တဲ့ အနီရောင် ပိတ်စတွေနဲ့ တန်ဆာဆင်ထားကြတယ်

ပြတင်းပေါက်တွေ တံခါးတွေမှာလည်း မင်္ဂလာ အက္ခရာချိတ်ဆွဲထားကြတယ်

ဘုရင်ကြီးဟာ ထီးနန်းစွန့်ကာ သားဖြစ်သူ အိမ်ရှေ့စံ လီဝမ်ရှင်း ကို မင်းကြီးရာထူးခန့်အပ်လိုက်တယ်

"သားတော် က အခုကစပြီး အိမ်ရှေ့စံမဟုတ်တော့ဘူး တိုင်းပြည်ရဲ့ ဘုရင် တိုင်းပြည်ရဲ့ဖခင်ပဲ သားတော် အခုကစပြီး သားတော်ဘာပဲလုပ်လုပ် ပြည်သူတွေကို တွေးပါ သားတော်ရဲ့လုပ်ရပ်တိုင်း ဆုံးဖြတ်ချက်တိုင်းဟာ ပြည်သူတွေအတွက် ကောင်းတာဖြစ်နိုင်သလို ဆိုးတာလည်းဖြစ်နိုင်တာမို့ ဂရုစိုက်ပါ

"သားတော်နားလည်ပါတယ် ခမည်းတော်

"သားတော် မင်းကြီးကောင်းတပါး ဖြစ်မယ်ဆိုတာ ခမည်းတော်ယုံတယ်

"ကျွန်တော်အကောင်းဆုံးကြိုးစားပါမယ် ခမည်းတော်စိတ်မပျက်စေရပါဘူး

မင်းကြီးက ခေါင်းငြိမ့်ပြကာ သူ့ဝတ်ရုံကို ချွတ်ကာ အဖြူဝတ်စုံဖြင့်ပင် စင်မြင့်ကနေ ဆင်းသွားတော့တယ်

"အရှင်မင်းကြီးရဲ့ ပထမဆုံး ကြင်ယာတော်တင်မြောက်ပွဲစတင်ပါပြီ

အသံရဲ့အဆုံးမှာတော့ မင်းသားတွေဝတ်တဲ့ဝတ်စုံ အနီနဲ့ လျောက်လှမ်းလာနေတဲ့ ကောင်လေးကို လူတိုင်းငေးကြည့်နေမိတယ်

ကြင်ယာတော်ဆိုသော်ညား ယောကျာ်းလေးတယောက်မို့ မိန်းကလေးလိုပြင်စရာမလို မင်းသားဝတ်စုံသာဝတ်ဆင်ရန် ဝမ်ရှင်းက မိန့်ကြားခဲ့တာကြောင့်လည်းပါသည်

"အို လှလိုက်တာ သူကမင်းသားလား

"သူက လူသတ်သမားရဲ့သားမဟုတ်လား ဘာလို့ သူကသာမန်လူတန်းစားလို့မထင်ရတာလည်း

"အေးနော် သူ့ကြည့်ရတာ သာမန်မိသားစုကလို့ကို မထင်ရတာ

ထိုလူတွေစကားကြောင့် ဝမ်ရှင်းမသိမသာ ပြုံးလိုက်မိတယ် စင်မြင့်ကိုရောက်လာတဲ့သူ့လက်ကိုင်ကာ...

"(သေချာတာပေါ့ သူက သာမန်လာဘယ်ဟုတ်မလည်း သူက ကိုယ်တော်ရှာနေတဲ့ ပျောက်ဆုံးနေတဲ့ မင်းသားပဲကို)

"ဟင်?

အတွေးထဲနစ်နေတုန်း အူတူတပုံလေးကြောင့်ခေါင်းခါပြကာ

"ဟီကျင်းဖန် အမိန့်နာခံစေ

"ဟုတ်ကဲ့ပါ

"ဒါက ကိုယ်တော် ဘုရင်မင်းကြီးဖြစ်တဲ့ လီဝမ်ရှင်းရဲ့ ပထမဆုံး အမိန့်ပဲအခုချိန်ကစပြီး အသင် ဟီကျင်းဖန်က ကိုယ်တော့ရဲ့ ကြင်ယာတော်ဖြစ်စေ တစ်ဘဝလုံး ကိုယ်တောအနားမှာ ရှိနေပေးရမယ်

"အမိန့်အတိုင်းပါ

"အခုကစပြီး အသင်က ယောကျာ်းလေး ကြင်ယာတော် ဟီပဲ

"ကျေးဇူးကြီးမားလှပါတယ် အိမ်ရှေ့စံ

.
.
.

နန်းတက်ပွဲ ကြင်ယာတော်မြှောက်ပွဲပြီးတော့ ကျင်းဖန် အဆောင်ကို ပြန်ကာ ရေတောင်မချိုးနိုင် လှဲချလိုက်တော့တယ်

ဒီလောက်အေးရတဲ့ ရာသီကြီးကို ကွင်းပြင်ထဲမှာ မတ်တပ်အကြာကြီးရပ်နေဖို့ဆိုတာ ဘဝမှာတခါမှတောင်မတွေးဖူးဘူး

ဘယ်လောက်တောင်ပင်ပန်းနေလည်းဆိုတာ ပြောမပြတက်အောင်ပဲ ခေါင်းချလိုက်တာနဲ့အိပ်ပျော်သွားတော့တယ်

✨ Magic Love ✨

နည်းနည်းလေး ပိုအေးလာတာကြောင့် မျက်လုံးဖွင့်ကြည့်တော့ အပြင်ဘက်ဟာအမှောင်ထုကြီး

"ညရောက်ပြီထင်တယ် ငါဘာမှလည်းမစားရသေးဘူး

အဆောင်တံခါးဖွင့်လိုက်တော့ အဆောင်စောင့်မရှိတာမို့ ဘီဒိုထဲက အင်္ကျီထူထူတထည်ယူပြီး စားဖိုဆောင်ကို ထွက်လာခဲ့တယ် အရင်က လိုက်ပြဖူးတာမို့ ကိုယ့်ဘာသာကိုယ်သွားတက်တယ်

"ကြင်ယာတော် ဘာများမှာစရာရှိလို့ ညကြီးကိုယ်တိုင် ကြွလာတာပါလည်း

"ဒီမှာ ဘာစားစရာများရှိလည်းလို့ပါ

"ညလယ်စာ တည်းချင်နေတာပါလား ကျွန်တော်မျိုးမပြင်ပေးပါ့မယ် ဘာများသုံးဆောင်ချင်ပါသလည်း

"ရတယ် ဘာဖြစ်ဖြစ်အဆင်ပြေပါတယ်

"အဲ့ဒါဆို ကျွန်တော်မျိုးမ ဂျုံခေါက်ဆွဲပူပူလေးတခွက်လုပ်ပေးပါ့မယ်

"အင်းကောင်းသားပဲ အဲ့ဆို ပြီးရင်လာပို့ပေးနော်

"ဟုတ်ကဲ့ပါ

စားဖိုဆောင်ကနေ အဆောင်ရှေ့ရောက်တော့ မီးတုတ်တွေကိုင်ဆောင်ထားတဲ့ လူအတန်းကြီး

"ဘာဖြစ်နေတာပါလိမ့်

အဆောင်ရောက်တော့ မိန်မိန်ကပြေးလာကာ

"ကြင်ယာတော်ရယ် ဘယ်သွားနေတာပါလည်းရှင်

"ဟင် ငါဗိုက်ဆာလို့ပါ အခုဘာဖြစ်နေကြတာလည်း

"အရှင်မင်းကြီးက အဆောင်ထဲမှာ ထိုင်စောင့်နေပါတယ် ညဘက်ကြီး ကြင်ယာတော်ကိုတယောက်ထဲလွှတ်ပေးရမလားဆိုပြီး အရှင်မင်းကြီးက ခုနကလေးတင် စိတ်တိုပြီးအော်ငေါက်သွားသေးတယ်

"အင်းအင်း ငါအထဲဝင်လိုက်တော့မယ်

"ဟုတ် ကြင်ယာတော်

အဆောင်ထဲရောက်တော့ အလိုမကျလို့ ဖြစ်တည်လာတဲ့ တွန့်ခေါက်နေတဲ့ မျက်ခုံးတွေနဲ့ ဆူးရှတဲ့ အကြည့်ကြောင့် ကျင်းဖန် ခုနက အပြင်မှာအေးတယ်ဆိုတာထက်ကို ပိုအေးတယ်ခံစားနေရတယ်

✨✨✨ Magic love ✨✨✨

" ဘယ်ကပြန်လာတာလည်းဟမ်!

"ဟို စားဖိုဆောင်ကပါ ဗိုက်စာလာလို့သွားကြည့်တာပါ

"အပျိုတော်တွေကိုခိုင်းလေ! လာဒီနားကို

ဝမ်ရှင်းနားလာထိုင်လိုက်တော့ လက်ချောင်းလေးတွေကို စုပ်ကိုင်ပြီး

"အေးနေတာပဲ ကိုယ်တော် ဘယ်လောက်စိတ်ပူသွားလည်းသိလား မနက်က ပွဲတော်မှာတုန်းကလည်း လူကလဲတော့မလိုပဲ လက်ကလည်းရေခဲအတိုင်းပဲ ပွဲပြီးသွားလို့ သွားနားတော့လည်း အိပ်သွားတယ်ဆိုလို့ ကောင်းတာပဲတွေးတုန်းရှိသေး ညဘက်ကြီးအပြင်ထွက်ရတယ်လို့ အပြင်မှာဘယ်လောက်အေးလည်းသိလား

ဝမ်ရှင်းပြောတာလည်းမှန်တာမို့ ဘာမှပြန်မပြောနိုင်

ထိုအချိန် စားဖိုဆောင်မှ အပျိုတော်လေးကတံခါးခေါက်ကာ

"ကြင်ယာတော်လေးအတွက် ဂျုံကြက်သားခေါက်ဆွဲလေးလာပို့ပေးတာပါ

"ယူလာခဲ့

"ဟုတ်

အပျိုတော်လေးက အခန်းထဲမှာ ပန်းကန်ချပေးသွားပြီး အရိုအသေပြန်ပေးကာ ထွက်သွားတော့တယ်

"ဗိုက်ဆာနေပြီမလား လာစား ပူတုန်းစား

"ဟုတ်

"ကိုယ်တော် ကျင်းကိုစိတ်ပူနေတာနဲ့ အဝတ်တောင်မလဲရသေးဘူး သွားလဲလိုက်ဦးမယ် တယောင်ထဲဖြေးဖြေးစားထား

"ဟုတ်

ပုံမှန်ဆို အပျိုတော်တွေ ခေါ်ပြီးချွတ်ခိုင်းနေကြပေမယ့် အခုတော့ အကုန်လုံးကို နားခိုင်းလိုက်တာမို့ ကိုယ့်ဘာသာကိုယ်ပဲလဲလိုက်တော့တယ်

ဒီလို ညဘက် အအေးပိုတဲ့အချိန် သူတို့လည်းလူမို့ တာဝန်ကျတဲ့သူတွေက သူတို့တာဝန်ကျတဲ့ အဆောင်ရဲ့ဘေးမှာ သူတို့အတွက် နွေးနွေးထွေးထွေးနေလို့ရမယ့် ယာယီ အဆောင်သေးသေးလေးရှိတယ် ကုတင်တွေမရှိတာမို့ အိပ်လို့တော့မရပေ

သူတို့အဆောင်သေးသေးလေးတွေက ပင်မအဆောင်ကြီးတွေရဲ့နားမှာမို့ တံခါးကနေ နာမည်အော်လိုက်ယုံနဲ့ကြားရတယ်

ဝမ်ရှင်း ညအိပ် လဲလည်ပြီးတော့ ကျင်းဖန်စီရောက်တော့ ဟိုကစားလို့တောင်ကုန်သွားပြီ

"ကျင်း

"ဟင်

"ကိုယ်တော် အခုမှပဲ ဒါလေးပေးဖြစ်တော့တယ်

"ဘာလေးလည်း

"ဖွင့်ကြည့်ကြည့်လေ

သစ်သာဘူးလေးဖွင့်ကြည့်လိုက်တော့ ကျင်းမျက်နှာမှာ အပြုံးတခုပေါ်ထွန်းသွားတယ် စိတ်လှုပ်ရှားမှုနဲ့အတူပေါ့

"ဒါ...ဒါ

"အင်း အဲ့တုန်းက ကျင်းလိုချင်နေမယ်ထင်လို့ ဝယ်လာပေးတာ မသိလိုက်ဘူးမလား

"အင်းမသိလိုက်ဘူး ကျေးဇူးပါ

သူနဲ့ဝမ်ရှင်နဲ့ လျောက်သွားတုန်းကလိုချင်ခဲ့တဲ့ မှင်နဲ့ စုပ်တံလေးကို ရသွားတော့ ရင်ထဲတမျိုးဖြစ်သွားမိတယ်

"(သူငါ့ကို တော်တော် ဂရုစိုက်တာပါ ဘာမဟုတ်တာလေးတောင်မှတ်ထားတယ်)

"ရော့ ဒါကျန်သေးတယ်

"ဟင် ထပ်ရှိသေးတာလား ဒါကဘာလည်း

သူကပြုံးပဲပြုံးနေတာကြောင့် ဖွင့်ကြည့်လိုက်တော့

*ကျောက်စိမ်းလက်စွပ်

"ပေးလက်

သူက ကျင်းလက်ကို ကျောက်စိမ်းလက်စွပ်လေးစွပ်ပေးကာ

"လိုက်တယ် တကယ်ကြည့်ကောင်းတယ် ကျင်းဒါကဘာလည်းသိလား

"လက်စွပ်လေ

"ဟင့်အင်း သူ့အဓိပ္ပာယ်ပြောတာ

"သိဘူးလေ

"ဒီကျောက်စိမ်းက ကိုယ်တော်ကိုယ်တိုင် သေချာ ဆွဲပြီး လုပ်ခိုင်းထားတာ တလောကလုံးမှာ ဒီ ၁စုံပဲရှိတယ် မယုံရင်ကြည့်ပါလား အကောင်းဆုံးကျောက်စိမ်းနဲ့ထုထားပြီး အပေါ်မှာ နဂါးပုံသေးသေးလေးတောင်ပါသေးတယ် လက်စွပ်အတွင်းထဲမှာ လည်း ဝမ်ဆိုပြီး ထွင်းထားတယ်

"အဲ့လောက်ထိတောင် ကျွန်တော့ကိုသဘောကျလား

ရုတ်တရက်ထွက်သွားတဲ့စကားကိုအရှိန်မထိန်းမိ

"ဟင်းအင်း သဘောကျတယ်ဆိုတာထက် မြတ်နိုးတယ် ကျင်းတော့မသိပေမယ့် ကိုယ်တော် ကျင်းကိုငယ်ငယ်လေးထဲကသိတယ်

"ကျွန်တေယ်အရှင့်ကို မမြင်ဖူးပါဘူး ကျွန်တော်မှတ်မိသလောက်ကတော့ ထီယံ နန်းတော်မှာပဲတွေ့ဖူးတယ်လေ

"အဲ့ဒါထက်စောတယ်

"အဲ့ဒါထက်စောတယ်? ဘယ်တုန်းကလည်း

"ကိုယ်တော် အဲ့အကြောင်းမပြောခင်တခုပြောပြမယ်

"ဟုတ်

"ကျင်းရဲ့မိဘတွေက ကျင်းရဲ့မိဘမဟုတ်ဘူးဆို ကျင်းလာလုပ်မလည်း

✨ Magic Love ✨

OMG OMG စိတ်ကူးပေါက်တုန်းသရဲလာခြောက်တာ 🤧

Continue Reading

You'll Also Like

1.8M 275K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...
491K 49.8K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
123K 10.1K 162
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
4.4M 500K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...