Unicode
ချန်ယောင်းရန်က အတန်းပိုင်ဆရာကိုသွားရှာတာပဲနေမှာ။ တစ်ကယ်လို့ ချန်ယောင်းရန်ကသာ ချောင်လန်နဲ့တစ်ခုံထဲမှာ မထိုင်ချင်ဘူးလို့ စိတ်ဆုံးဖြတ်ထားရင် အတန်းပိုင်ဆရာကလဲ သူ့ကို အတင်းဖိအားပေးလို့မရဘူး။ အဲ့အကြောင်းကိုတွေးလိုက် မိပြီး လီဖန်က ရုတ်တရက်ကြီး ချောင်လန့်ကို သနားလာတယ်။ သူမက နောက်ဆုံးမှာ ချန်ယောင်းရန်နဲ့အတူထိုင်ဖို့ အခွင့်အရေးရလာခဲ့တာကို ချန်ယောင်းရန်က ချောင်လန့်ကို အခွင့်အရေးနည်းနည်းလေးတောင် မပေးခဲ့ဘူးလေ။
သက်ပြင်းချရင်း ချောင်လန့်ရှိတဲ့နေရာကို ခေါင်းလေးလှည့်လိုက်တယ်။
ချောင်လန်က သူမနေရာမှာရှိမနေဘူး။ သူ စာသင်ခန်းထဲကို လှည့်ပတ်ကြည့်လိုက်တော့လဲ သူမကို မတွေ့ဘူး။
သူမ အိမ်သာသွားတာနေမှာပေါ့။ လီဖန်က အဲ့အကြောင်းကို သိပ်ပြီး ဂရုစိုက် မနေတော့ဘူး။
ချန်ယောင်းရန်က စီမံခန့်ခွဲရေးအဆောင် ကိုတိုက်ရိုက်သွားလိုက်ပြီး အတန်းပိုင်ဆရာကို ရှာလိုက်တယ်။
နှစ်ဝက်စာမေးပွဲရလဒ်တွေထွက်တဲ့ရက်တွေမှာ ကျောင်းသားတော်တော်များများက စီမံခန့်ခွဲရေးအဆောင်ကို လာကြတယ်။ ဒါတွေကြောင့်မလို့ ဆရာတွေက တံခါးတွေကို ဖွင့်ထားပေးကြတယ်။ ချန်ယောင်းရန်က အတန်းပိုင်ခေါင်းဆောင်ရဲ့အခန်းတံခါးဆီလျှောက်လာတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ အသံကိုကြားလိုက်ရတယ်။
ချောင်လန်က ဘာလို့ ဒီရောက်နေရတာလဲ။
သူမက အတန်းပိုင်ဆရာကို ဘာများပြောစရာရှိလို့လဲ။ သူခန့်မှန်းတာတော့ သူအတန်းပိုင်ဆရာဆီလာပြီး ထိုင်ခုံနေရာပြောင်းမယ့်အကြောင်းကို ပြောမှာမှန်းသိနေလို့ သူမက အရင်ကြိုပြီး လက်ဦးမှုရအောင် လာပြောတာလား။
ချန်ယောင်းရန် မျက်မှောင်ကျုံ့လိုက်ပြီး အခန်းထဲကို ချက်ချင်းဝင်မလို့လုပ်လိုက်တယ်။ ဒါပေမဲ့ အတန်းပိုင်ဆရာက အံ့ဩနေတဲ့အသံနဲ့မေးတာကို သူကြားလိုက်ရတယ်။
" သမီးခုနပြောတာ သမီးကထန်းမော့နဲ့ စားပွဲတစ်ခုထဲမှာ ထိုင်ချင်တယ်လို့ ပြောလိုက်တာ ဟုတ်လား။ "
ချန်ယောင်းရန်က ရုတ်တရက် ခေါင်းကိုမော့လိုက်တယ်။
ချောင်လန်က....... ထန်းမော့နဲ့တူတူထိုင်ချင်တာလား??? ချန်ယောင်းရန် သူ့နားမှာ ပြဿနာရှိနေတာလားလို့တောင် ခံစားသွားရတယ်။
ချောင်လန်က တစ်ကယ့်ကို အတည်ပေါက်ကြီးပြောနေတာပါ။
သူမ ထန်းမော့နဲ့ တစ်ခုံထဲထိုင်ချင်တယ်။ အဲ့ဒါဆို သူမ သူနဲ့ ပိုပြီးနီးကပ်လာဖို့ အခွင့်အရေးရနိုင်မှာလေ။
ထပ်ပြောရရင် သူမကို တစ်လနီးပါးလောက် လှောင်ပြောင်လာတဲ့အတန်းဖော်အုပ်စုတွေနဲ့ထိုင်ရမှာထက်စာရင် ထန်းမော့က ပိုကောင်းသေးတယ်။
" ဆရာ တစ်ကယ်တော့ ထန်းမော့က အားလုံးပြောသလိုမဟုတ်ပါဘူး။ သမီးသူနဲ့စကားပြောဖူးတယ်။ သူက စကားနည်းတာပဲရှိတာပါ။ သမီးတစ်ကယ် ထန်းမော့နဲ့ တစ်ခုံထဲထိုင်ချင်တာပါ။ သမီးနောက်နေတာမဟုတ်ပါဘူး ဆရာ။ " ချောင်လန်က စိတ်ရင်းအမှန်နဲ့ပြောလိုက်တယ်။
အတန်းပိုင်ဆရာက တုံ့ဆိုင်းနေတယ်။ " ဒါပေမဲ့ အရင်လပတ်စာမေးပွဲပြီးတုန်းက ပြောထားတာက ခုံနေရာတွေကို အဆင့်အလိုက်ထိုင်ရမယ်လို့လေ။ အဆင့်တွေအရဆိုရင် သမီးက ချန်ယောင်းရန်နဲ့ တစ်ခုံထဲမှာ ထိုင်ရမှာလေ။ "
ချောင်လန်က သူမမျက်နှာပေါ်က ရွံရှာနေမှုကိုတော့ ထိန်းချုပ်လိုက်နိုင်ပေမဲ့ စိတ်ထဲက ငြင်းပယ်မှုကိုတော့ မထိန်းချုပ်နိုင်ဘဲ ထုတ်ပြောလိုက် မိတယ်။ " ဆရာ သမီးကို ချန်ယောင်းရန်နဲ့ တစ်ခုံထဲမှာ ပေးမထိုင်ပါနဲ့နော် "
ချန်ယောင်းရန်က ထိန်းချုပ်မှုမရှိဘဲ ရုံးခန်းထဲကို ပြေးဝင်လာတော့မတက်ဖြစ်သွားရတယ်။
ချောင်လန်ဘာလို့ ငြင်းပယ်ရတာလဲဆိုတာ အတန်းပိုင်ဆရာတောင် ရှုပ်ထွေးသွားရတယ်။
" ဘာလို့လဲ "
" ..... ဘာအကြောင်းမှတော့မရှိပါဘူးဆရာ။ ဒီတိုင်း သမီးသူနဲ့ မထိုင်ချင်ရုံပါပဲ။ သူကလဲ သမီးနဲ့ ထိုင်ချင်မှာ မဟုတ်ဘူး။ "
ဆရာက သူတို့ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ထားတယ်လို့ ထင်သွားတယ်။ ပြီးတော့ လေးနက်စွာပြောလိုက်တယ်။ " အဲ့တာဆို ချောင်လန် သမီး ကိုယ့်ကိုယ်ကို သီးခြားကြီး ခွဲမနေသင့်ဘူးလေ။ "
ဘာသီးခြားခွဲနေတာလဲ??? တစ်ကယ်လို့ သူမသာ စိတ်ဓာတ်မခိုင်မာဘူးဆိုရင် သူမအတန်းဖော်တွေသူမကို ပြသတဲ့ အဲ့ဒီ့ 'အချစ်' တွေကြောင့် သူမရဲ့ ကျိုးပဲ့လွယ်တဲ့နှလုံးသားထဲမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရိပ်မည်းကြီးထင်ကျန်နေခဲ့တော့မှာ။
" ဆရာ " ချောင်လန်က ပြောလိုက်တယ်။ " တစ်ကယ်လို့ ဆရာက သမီးနဲ့ ချန်ယောင်းရန်ကို အတူတူထိုင်ခိုင်းမယ်ဆိုရင် သမီးခုံကို နောက်ဆုံးတန်းကို ပြောင်းပြီး အဲ့မှာပဲ ထိုင်လိုက်တော့မယ်။ "
အတန်းပိုင်ဆရာ : " ....... "
ချန်ယောင်းရန်ရဲ့ မျက်နှာက ဒေါသထွက်လွန်းလို့ အပြာရောင်တောင် ပြောင်းနေပြီ။
သူနဲ့တစ်စားပွဲထဲ မထိုင်ရဖို့အတွက် ချောင်လန်က အဲ့ဒီ့အရူးကောင် ထန်းမော့ နဲ့သွားထိုင်မယ် မဟုတ်ရင် အနောက်ဆုံးမှာ သွားထိုင်မယ် ဟုတ်လား။
ချန်ယောင်းရန် နေထိုင်လာတဲ့ ၁၀နှစ်ကျော်အတွင်းမှာ ဒီလောက် အရွံရှာမခံရဖူးဘူး။
ဒါတွေကိုသာ သူ့နားနဲ့ဆတ်ဆတ်ကြားခဲ့တာမဟုတ်ရင် ချန်ယောင်းရန် ဒါတွေကို စိတ်ကူးယဥ် အိမ်မက်လို့တောင် ထင်မိမှာ။
ဒီလိုစကားမျိုးတွေက ချောင်လန့်ရဲ့ပါးစပ်ထဲကနေ တစ်ကယ်ကြီးထွက်လာတာ!!!
ချန်ယောင်းရန် စိတ်ထဲမှာ တဟုန်းဟုန်းတောက်နေတဲ့ မီးကို ငြိမ်းသတ်လိုက်တယ်။ သူတို့ပြောနေတဲ့စကားတွေကို ထပ်နားမထောင်ချင်တော့လို့ လှည့်ပြန်လာခဲ့တယ်။
ရုံးခန်းထဲမှာတော့ အတန်းပိုင်ဆရာက အကြာကြီးနေတော့မှ သက်ပြင်းချလိုက်ပြီး
" သမီးက ထန်းမော့နဲ့ တစ်စားပွဲထဲထိုင်ချင်တယ်လို့ပြောတာနော် "
" ဟုတ် ဟုတ် ဟုတ် " ချောင်လန်က အမြန်ခေါင်းငြိမ့်လိုက်တယ်။
" တစ်ကယ်တော့ ဆရာလဲ တစ်ယောက်ယောက်က ထန်းမော့နဲ့ တစ်ခုံထဲမှာ ထိုင်ဖို့ စပြောလာတာကို မျှော်လင့်တာပဲ။ ထန်းမော့က နည်းနည်း autistic ဖြစ်နေတာလေ။ အဲ့တော့ သမီးတို့ အတန်းဖော်တွေက သူ့ကို ချဥ်းကပ်ဖို့ ခက်ခဲတာပေါ့။ သမီးက သူနဲ့ စပြီး စကားပြောပေးတဲ့အတွက် ဆရာ အရမ်း ဝမ်းသာပါတယ်။ ဒါပေမဲ့ ထန်းမော့လေးရဲ့အခြေအနေက မရိုးရှင်းဘူး။ တစ်ကယ်လို့ သမီးက သူနဲ့ အတူတူထိုင်ချင်တယ်ဆိုရင် ဆရာ ထန်းမော့ရဲ့အမြင်ကိုမေးရဦးမယ်။ တစ်ကယ်လို့ ထန်းမော့က သဘောတူမယ်ဆိုရင်တော့ ပြဿနာမရှိတော့ဘူးပေါ့။ "
ချောင်လန် နည်းနည်း မသေချာတော့ဘူး။
ထန်းမော့ရဲ့ ဘာသိဘာသာနေတက်တာနဲ့ ကွဲထွက်နေတာက ညတွင်းချင်းကြီး ကွယ်ပျောက်ဖို့ လွယ်တဲ့အရာမဟုတ်ဘူး။
သူမက သူ့ကို မနက်ခင်းတိုင်း good morning လို့ ပြောနေတာတောင် ထန်းမော့ကတစ်ခါတစ်လေမှပြန်ပြောတာ။ ပြီးတော့ ဒါကလဲ ဘာမှ အဓိပ္ပာယ်သက်ရောက်တာမဟုတ်ဘူးလေ။
ဒါပေမဲ့.....
ဒါပေမဲ့ တစ်ကယ်လို့ ထန်းမော့က သဘောတူခဲ့ရင်ရော...
ဘာပဲပြောပြော သူက လူတိုင်းကို Good morning လို့ ပြန်ပြောတာမှမဟုတ်တာ။ ပြီးတော့ သူက သူမကို အဲ့လောက်ကြီးလဲ မအေးစက်ပါဘူး။
ချောင်လန်က ခေါင်းငြိမ့်လိုက်ပြီး အတန်းပိုင်ဆရာပြောတာကို လက်ခံလိုက်တယ်။
လူအုပ်အလယ်မှာထိုင်နေတဲ့ လီဖန်က ချန်ယောင်းရန်ရဲ့စိတ်အခြေအနေကပိုဆိုးလာတာကို တွေ့လိုက်ရတယ်။ ပြီးတော့ သူခံစားနေရတဲ့ မကောင်းတဲ့ခံစားချက်ကြီးက ပိုဆိုးဝါးလာသလိုကြီး ခံစားနေရတယ်။ " ဘာလဲ။ အတန်းပိုင်ဆရာက သဘောမတူလိုက်ဘူးလား။ မင်းနဲ့ချောင်လန့်နဲ့ကို အတင်းကြီး အတူထိုင်ခိုင်းတာလား။ "
သူပြောလိုက်တာက ချန်ယောင်းရန်ကို တိုက်ရိုက်သွားရိုက်သလိုပဲ။ အဲ့တော့ ချန်ယောင်းရန်က ပိုပြီး ဒေါသထွက်လာတယ်။ ခုနက ချောင်လန်ရဲ့စကားတွေကို ပြန်တွေးမိပြီး " ပါးစပ်ပိတ်ထား!!! "
ဘာဖြစ်တာပါလိမ့်????
လီဖန်က သူ့ရဲ့တစ်ခြားသူငယ်ချင်းတွေက ရှုပ်ထွေးနဲ့အမူအရာနဲ့ ကြည့်လိုက်တယ်။ ခဏကြာတော့ စုန့်ယောင်က ချန်ယောင်းရန်ကို အပြင်မှာစကားပြောကြရအောင်ဆိုပြီး ခေါ်သွားတယ်။ သူတို့၂ယောက်ထွက်သွားပြီးတော့ လီဖန်က မေးလိုက်တယ်။ " ယောင်းရန်က ဘာဖြစ်သွားတာလဲကွ "
" မသိဘူးလေ။ အတန်းပိုင်ဆရာက သဘောမတူလိုက်လို့များလား။ "
ထန်းမော့က နောက်ဆုံးတန်းမှာ ခေါင်းလေးငုံ့ပြီးထိုင်နေတယ်။ ဒါပေမဲ့ သူ့လက်ထဲက ဘောပင်က မရွေ့ဘူး။
သူ့ရဲ့အကြားအာရုံက သာမန်လူတွေထက်ပိုကောင်းတယ်။ အထူးသဖြင့် တစ်စုံတစ်ခုသောအသံကို အာရုံစိုက်နားထောင်တဲ့အချိန်မျိုးမှာပေါ့။ သူ့ကို နေ့တိုင်းစကားလာပြောတဲ့ကောင်မလေးက ချောင်လန်ဆိုတာ သူသိသွားပြီးတဲ့နောက် ထန်းမော့က သူကိုယ်တိုင်တောင် သတိမထားလိုက်မိဘဲ အဲ့ဒီ့နာမည်စကြားလိုက်တာနဲ့ အာရုံစိုက်ပြီး နားထောင်မိနေတယ်။
ပုံမှန်လိုပါပဲ သူချောင်လန်ရဲ့နာမည်ကို ကြားပြန်ပြီ။ အဲ့တာက ကောင်လေးတစ်ချို့ ပြောနေကြတာ။
" ချောင်လန်ကနော် ချန်ယောင်းရန်နဲ့တစ်ခုံထဲထိုင်ရဖို့အတွက် ပထမနေရာကို တစ်ခါထဲ အရယူလိုက်တာနော်။ တစ်ကယ်လို့သာအတန်းပိုင်ဆရာက သူမကို ချန်ယောင်းရန်နဲ့တူတူမထိုင်ခိုင်းဘူးဆိုရင် သူမဒေါသထွက်မှာပေါ့။ "
ချန်ယောင်းရန်နဲ့ တူတူထိုင်ရဖို့????
ထန်းမော့ရဲ့ မျက်နှာက အခုထိ အေးစက်နေတုန်းပဲ။ ပြီးတော့ သူ့ရဲ့ မျက်နှာက ကြွက်သားတွေကလဲ ဘာအမူအရာမှမပြဘူး။ ဒါပေမဲ့ သူသတိမထားလိုက်မိတာက သူ့ရဲ့ အညိုဖျော့ရောင် မျက်လုံးတွေက နည်းနည်းတုန်ခါသွားတယ်ဆိုတာပဲ။
အတန်းပိုင်ဆရာက အပြင်ကနေ ဝင်လာပြီး ထန်းမော့ရဲ့ပုခုံးပေါ်ကို သာသာလေးတို့လိုက်တယ်။ ပြီးတော့ ထန်းမော့ကို အပြင်ခဏထွက်ခဲ့ဖို့ အမူအရာနဲ့ပြလိုက်တယ်။
ထန်းမော့က wheelchair ကိုလှည့်လိုက်တော့ အတန်းထဲကို ဝင်လာတဲ့ချန်ယောင်းရန်နဲ့ တွေ့တယ်။ ကောင်လေးရဲ့အရပ်ရှည်တဲ့ပုံရိပ်က သူ့ပေါ်ကို အရိပ်နည်းနည်းကျနေတယ်။
ထန်းမော့က တိတ်ဆိတ်စွာနဲ့ပဲ wheelchair ကို ဆုပ်ကိုင်ထားတယ်။
သူ့ရှေ့က အတန်းပိုင်ဆရာကို မော့ကြည့်လိုက်တော့ ဆရာက သူ့ကို ကြင်နာစွာမေးတယ်။ " ဆရာတို့အခန်းထဲက ချောင်လန်လို့ခေါ်တဲ့ကောင်မလေးကို သိလား "
သူက ဘာလို့ ရုတ်တရက်ကြီး ချောင်လန့်နာမည်ကိုပြောတာပါလိမ့်??? ထန်းမော့မသိတော့ဘူး။
" သိတယ် " ထန်းမော့ကပြောလိုက်တယ်။
အတန်းပိုင်ဆရာက အရမ်းကိုပျော်ရွှင်စွာအံ့ဩသွားတယ်။ ထန်းမော့အတွက် တစ်ယောက်ယောက်ကို သိတယ်ဆိုတာ အရမ်းရှားတယ်လေ။ ချောင်လန်ကတော့ ပြောပါတယ် သူမက အရင်တုန်းက ထန်းမော့နဲ့ စကားပြောဖူးတယ်လို့လေ။ ဒါပေမဲ့ သူ အဲ့ဒါကိုသိပ်မယုံသေးဘူး။ အဲ့တာက ဖြစ်နိုင်တယ်လို့ပဲ ထင်ခဲ့တာ။
" အဲ့တာဆို သား ချောင်လန်နဲ့ တစ်စားပွဲထဲ ထိုင်ချင်လား "
ထန်းမော့ ရုတ်တရက် ခေါင်းကို မော့လိုက်တယ်။
ဒါပေမဲ့ ခုနကကောင်လေးတစ်ချို့ ပြောနေတဲ့ စကားတွေက ရုတ်တရက် သူ့နားထဲကိုဝင်လာတယ်။ " ချောင်လန်ကနော် ချန်ယောင်းရန်နဲ့တစ်ခုံထဲထိုင်ရဖို့အတွက် ပထမနေရာကို တစ်ခါထဲ အရယူလိုက်တာနော်။ "
ထွက်ပေါ်မလာသေးတဲ့ မြုပ်နေတဲ့ ခံစားချက်တွေက ငြိမ်သက်စွာပဲ ပျောက်ကွယ်သွားခဲ့တယ်။
ထန်းမော့က ခေါင်းကိုပြန်ငုံ့လိုက်တယ်။ သူ့ရဲ့ရှေ့ဆံပင်တွေက သူ့ရဲ့ဘာခံစားချက်မှမရှိတဲ့ မျက်လုံးကို ဖုံးသွားတယ်။
" မထိုင်ချင်ဘူး "
သူမမှာ သူ့ထက်ပိုပြီး တူတူထိုင်ချင်တဲ့သူရှိနေပြီသားလေ။
ဒါ့ကြောင့် သူထိုင်ချင်တာ မထိုင်ချင်တာ အဲ့တာက ဘာအရေးကြီးတော့လို့လဲ။
Zawgyi
ခ်န္ေယာင္းရန္က အတန္းပိုင္ဆရာကိုသြားရွာတာပဲေနမွာ။ တစ္ကယ္လို႔ ခ်န္ေယာင္းရန္ကသာ ေခ်ာင္လန္နဲ႔တစ္ခုံထဲမွာ မထိုင္ခ်င္ဘူးလို႔ စိတ္ဆုံးျဖတ္ထားရင္ အတန္းပိုင္ဆရာကလဲ သူ႔ကို အတင္းဖိအားေပးလို႔မရဘူး။ အဲ့အေၾကာင္းကိုေတြးလိုက္ မိၿပီး လီဖန္က ႐ုတ္တရက္ႀကီး ေခ်ာင္လန႔္ကို သနားလာတယ္။ သူမက ေနာက္ဆုံးမွာ ခ်န္ေယာင္းရန္နဲ႔အတူထိုင္ဖို႔ အခြင့္အေရးရလာခဲ့တာကို ခ်န္ေယာင္းရန္က ေခ်ာင္လန႔္ကို အခြင့္အေရးနည္းနည္းေလးေတာင္ မေပးခဲ့ဘူးေလ။
သက္ျပင္းခ်ရင္း ေခ်ာင္လန႔္ရွိတဲ့ေနရာကို ေခါင္းေလးလွည့္လိုက္တယ္။
ေခ်ာင္လန္က သူမေနရာမွာရွိမေနဘူး။ သူ စာသင္ခန္းထဲကိက လွည့္ပတ္ၾကည့္လိုက္ေတာ့လဲ သူမကို မေတြ႕ဘူး။
သူမ အိမ္သာသြားတာေနမွာေပါ့။ လီဖန္က အဲ့အေၾကာင္းကို သိပ္ၿပီး ဂ႐ုစိုက္ မေနေတာ့ဘူး။
ခ်န္ေယာင္းရန္က စီမံခန႔္ခြဲေရးအေဆာင္ ကိုတိုက္႐ိုက္သြားလိုက္ၿပီး အတန္းပိုင္ဆရာကို ရွာလိုက္တယ္။
ႏွစ္ဝက္စာေမးပြဲရလဒ္ေတြထြက္တဲ့ရက္ေတြမွာ ေက်ာင္းသားေတာ္ေတာ္မ်ားမ်ားက စီမံခန႔္ခြဲေရးအေဆာင္ကို လာၾကတယ္။ ဒါေတြေၾကာင့္မလို႔ ဆရာေတြက တံခါးေတြကို ဖြင့္ထားေပးၾကတယ္။ ခ်န္ေယာင္းရန္က အတန္းပိုင္ေခါင္းေဆာင္ရဲ႕အခန္းတံခါးဆီေလွ်ာက္လာတဲ့အခ်ိန္မွာ မေမွ်ာ္လင့္ထားတဲ့ အသံကိုၾကားလိုက္ရတယ္။
ေခ်ာင္လန္က ဘာလို႔ ဒီေရာက္ေနရတာလဲ။
သူမက အတန္းပိုင္ဆရာကို ဘာမ်ားေျပာစရာရွိလို႔လဲ။ သူခန႔္မွန္းတာေတာ့ သူအတန္းပိုင္ဆရာဆီလာၿပီး ထိုင္ခုံေနရာေျပာင္းမယ့္အေၾကာင္းကို ေျပာမွာမွန္းသိေနလို႔ သူမက အရင္ႀကိဳၿပီး လက္ဦးမႈရေအာင္ လာေျပာတာလား။
ခ်န္ေယာင္းရန္ မ်က္ ေမွာင္က်ဳံ႕လိုက္ၿပီး အခန္းထဲကို ခ်က္ခ်င္းဝင္မလို႔လုပ္လိုက္တယ္။ ဒါေပမဲ့ အတန္းပိုင္ဆရာက အံ့ဩေနတဲ့အသံနဲ႔ေမးတာကို သူၾကားလိုက္ရတယ္။
" သမီးခုနေျပာတာ သမီးကထန္းေမာ့နဲ႔ စားပြဲတစ္ခုထဲမွာ ထိုင္ခ်င္တယ္လို႔ ေျပာလိုက္တာ ဟုတ္လား။ "
ခ်န္ေယာင္းရန္က ႐ုတ္တရက္ ေခါင္းကိုေမာ့လိုက္တယ္။
ေခ်ာင္လန္က....... ထန္းေမာ့နဲ႔တူတူထိုင္ခ်င္တာလား??? ခ်န္ေယာင္းရန္ သူ႔နားမွာ ျပႆနာရွိေနတာလားလို႔ေတာင္ ခံစားသြားရတယ္။
ေခ်ာင္လန္က တစ္ကယ့္ကို အတည္ေပါက္ႀကီးေျပာေနတာပါ။
သူမ ထန္းေမာ့နဲ႔ တစ္ခုံထဲထိုင္ခ်င္တယ္။ အဲ့ဒါဆို သူမ သူနဲ႔ ပိုၿပီးနီးကပ္လာဖို႔ အခြင့္အေရးရႏိုင္မွာေလ။
ထပ္ေျပာရရင္ သူမကို တစ္လနီးပါးေလာက္ ေလွာင္ေျပာင္လာတဲ့အတန္းေဖာ္အုပ္စုေတြနဲ႔ထိုင္ရမွာထက္စာရင္ ထန္းေမာ့က ပိုေကာင္းေသးတယ္။
" ဆရာ တစ္ကယ္ေတာ့ ထန္းေမာ့က အားလုံးေျပာသလိုမဟုတ္ပါဘူး။ သမီးသူနဲ႔စကားေျပာဖူးတယ္။ သူက စကားနည္းတာပဲရွိတာပါ။ သမီးတစ္ကယ္ ထန္းေမာ့နဲ႔ တစ္ခုံထဲထိုင္ခ်င္တာပါ။ သမီးေနာက္ေနတာမဟုတ္ပါဘူး ဆရာ။ " ေခ်ာင္လန္က စိတ္ရင္းအမွန္နဲ႔ေျပာလိုက္တယ္။
အတန္းပိုင္ဆရာက တုံ႔ဆိုင္းေနတယ္။
" ဒါေပမဲ့ အရင္လပတ္စာေမးပြဲၿပီးတုန္းက ေျပာထားတာက ခုံေနရာေတြကို အဆင့္အလိုက္ထိုင္ရမယ္လို႔ေလ။ အဆင့္ေတြအရဆိုရင္ သမီးက ခ်န္ေယာင္းရန္နဲ႔ တစ္ခုံထဲမွာ ထိုင္ရမွာေလ။ "
ေခ်ာင္လန္က သူမမ်က္ႏွာေပၚက ႐ြံရွာေနမႈကိုေတာ့ ထိန္းခ်ဳပ္လိုက္ႏိုင္ေပမဲ့ စိတ္ထဲက ျငင္းပယ္မႈကိုေတာ့ မထိန္းခ်ဳပ္ႏိုင္ဘဲ ထုတ္ေျပာလိုက္ မိတယ္။ " ဆရာ သမီးကို ခ်န္ေယာင္းရန္နဲ႔ တစ္ခုံထဲမွာ ေပးမထိုင္ပါနဲ႔ေနာ္ "
ခ်န္ေယာင္းရန္က ထိန္းခ်ဳပ္မႈမရွိဘဲ ႐ုံးခန္းထဲကို ေျပးဝင္လာေတာ့မတက္ျဖစ္သြားရတယ္။
ေခ်ာင္လန္ဘာလို႔ ျငင္းပယ္ရတာလဲဆိုတာ အတန္းပိုင္ဆရာေတာင္ ရႈပ္ေထြးသြားရတယ္။
" ဘာလို႔လဲ "
" ..... ဘာအေၾကာင္းမွေတာ့မရွိပါဘူးဆရာ။ ဒီတိုင္း သမီးသူနဲ႔ မထိုင္ခ်င္႐ုံပါပဲ။ သူကလဲ သမီးနဲ႔ ထိုင္ခ်င္မွာ မဟုတ္ဘူး။ "
ဆရာက သူတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ ရန္ျဖစ္ထားတယ္လို႔ ထင္သြားတယ္။ ၿပီးေတာ့ ေလးနက္စြာေျပာလိုက္တယ္။ " အဲ့တာဆို ေခ်ာင္လန္ သမီး ကိုယ့္ကိုယ္ကို သီးျခားႀကီး ခြဲမေနသင့္ဘူးေလ။ "
ဘာသီးျခားခြဲေနတာလဲ??? တစ္ကယ္လို႔ သူမသာ စိတ္ဓာတ္မခိုင္မာဘူးဆိုရင္ သူမအတန္းေဖာ္ေတြသူမကို ျပသတဲ့ အဲ့ဒီ့ 'အခ်စ္' ေတြေၾကာင့္ သူမရဲ႕ က်ိဳးပဲ့လြယ္တဲ့ႏွလုံးသားထဲမွာ စိတ္ဓာတ္ပိုင္းဆိုင္ရာ အရိပ္မည္းႀကီးထင္က်န္ေနခဲ့ေတာ့မွာ။
" ဆရာ " ေခ်ာင္လန္က ေျပာလိုက္တယ္။
" တစ္ကယ္လို႔ ဆရာက သမီးနဲ႔ ခ်န္ေယာင္းရန္ကို အတူတူထိုင္ခိုင္းမယ္ဆိုရင္ သမီးခုံကို ေနာက္ဆုံးတန္းကို ေျပာင္းၿပီး အဲ့မွာပဲ ထိုင္လိုက္ေတာ့မယ္။ "
အတန္းပိုင္ဆရာ : " ....... "
ခ်န္ေယာင္းရန္ရဲ႕ မ်က္ႏွာက ေဒါသထြက္လြန္းလို႔ အျပာေရာင္ေတာင္ ေျပာင္းေနၿပီ။
သူနဲ႔တစ္စားပြဲထဲ မထိုင္ရဖို႔အတြက္ ေခ်ာင္လန္က အဲ့ဒီ့အ႐ူးေကာင္ ထန္းေမာ့ နဲ႔သြားထိုင္မယ္ မဟုတ္ရင္ အေနာက္ဆုံးမွာ သြားထိုင္မယ္ ဟုတ္လား။
ခ်န္ေယာင္းရန္ ေနထိုင္လာတဲ့ ၁၀ႏွစ္ေက်ာ္အတြင္းမွာ ဒီေလာက္ အ႐ြံရွာမခံရဖူးဘူး။
ဒါေတြကိုသာ သူ႔နားနဲ႔ဆတ္ဆတ္ၾကားခဲ့တာမဟုတ္ရင္ ခ်န္ေယာင္းရန္ ဒါေတြကို စိတ္ကူးယဥ္ အိမ္မက္လို႔ေတာင္ ထင္မိမွာ။
ဒီလိုစကားမ်ိဳးေတြက ေခ်ာင္လန႔္ရဲ႕ပါးစပ္ထဲကေန တစ္ကယ္ႀကီးထြက္လာတာ!!!
ခ်န္ေယာင္းရန္ စိတ္ထဲမွာ တဟုန္းဟုန္းေတာက္ေနတဲ့ မီးကို ၿငိမ္းသတ္လိုက္တယ္။
သူတို႔ေျပာေနတဲ့စကားေတြကို ထပ္နားမေထာင္ခ်င္ေတာ့လို႔ လွည့္ျပန္လာခဲ့တယ္။
႐ုံးခန္းထဲမွာေတာ့ အတန္းပိုင္ဆရာက အၾကာႀကီးေနေတာ့မွ သက္ျပင္းခ်လိုက္ၿပီး
" သမီးက ထန္းေမာ့နဲ႔ တစ္စားပြဲထဲထိုင္ခ်င္တယ္လို႔ေျပာတာေနာ္ "
" ဟုတ္ ဟုတ္ ဟုတ္ " ေခ်ာင္လန္က အျမန္ေခါင္းၿငိမ့္လိုက္တယ္။
" တစ္ကယ္ေတာ့ ဆရာလဲ တစ္ေယာက္ေယာက္က ထန္းေမာ့နဲ႔ တစ္ခုံထဲမွာ ထိုင္ဖို႔ စေျပာလာတာကို ေမွ်ာ္လင့္တာပဲ။ ထန္းေမာ့က နည္းနည္း autistic ျဖစ္ေနတာေလ။ အဲ့ေတာ့ သမီးတို႔ အတန္းေဖာ္ေတြက သူ႔ကို ခ်ဥ္းကပ္ဖို႔ ခက္ခဲတာေပါ့။ သမီးက သူနဲ႔ စၿပီး စကားေျပာေပးတဲ့အတြက္ ဆရာ အရမ္း ဝမ္းသာပါတယ္။ ဒါေပမဲ့ ထန္းေမာ့ေလးရဲ႕အေျခအေနက မ႐ိုးရွင္းဘူး။ တစ္ကယ္လို႔ သမီးက သူနဲ႔ အတူတူထိုင္ခ်င္တယ္ဆိုရင္ ဆရာ ထန္းေမာ့ရဲ႕အျမင္ကိုေမးရဦးမယ္။ တစ္ကယ္လို႔ ထန္းေမာ့က သေဘာတူမယ္ဆိုရင္ေတာ့ ျပႆနာမရွိေတာ့ဘူးေပါ့။ "
ေခ်ာင္လန္ နည္းနည္း မေသခ်ာေတာ့ဘူး။
ထန္းေမာ့ရဲ႕ ဘာသိဘာသာေနတက္တာနဲ႔ ကြဲထြက္ေနတာက ညတြင္းခ်င္းႀကီး ကြယ္ေပ်ာက္ဖို႔ လြယ္တဲ့အရာမဟုတ္ဘူး။
သူမက သူ႔ကို မနက္ခင္းတိုင္း good morning လို႔ ေျပာေနတာေတာင္ ထန္းေမာ့ကတစ္ခါတစ္ေလမွျပန္ေျပာတာ။ ၿပီးေတာ့ ဒါကလဲ ဘာမွ အဓိပၸာယ္သက္ေရာက္တာမဟုတ္ဘူးေလ။
ဒါေပမဲ့.....
ဒါေပမဲ့ တစ္ကယ္လို႔ ထန္းေမာ့က သေဘာတူခဲ့ရင္ေရာ...
ဘာပဲေျပာေျပာ သူက လူတိုင္းကို Good morning လို႔ ျပန္ေျပာတာမွမဟုတ္တာ။ ၿပီးေတာ့ သူက သူမကို အဲ့ေလာက္ႀကီးလဲ မေအးစက္ပါဘူး။
ေခ်ာင္လန္က ေခါင္းၿငိမ့္လိုက္ၿပီး အတန္းပိုင္ဆရာေျပာတာကို လက္ခံလိုက္တယ္။
လူအုပ္အလယ္မွာထိုင္ေနတဲ့ လီဖန္က ခ်န္ေယာင္းရန္ရဲ႕စိတ္အေျခအေနကပိုဆိုးလာတာကို ေတြ႕လိုက္ရတယ္။ ၿပီးေတာ့ သူခံစားေနရတဲ့ မေကာင္းတဲ့ခံစားခ်က္ႀကီးက ပိုဆိုးဝါးလာသလိုႀကီး ခံစားေနရတယ္။ " ဘာလဲ။ အတန္းပိုင္ဆရာက သေဘာမတူလိုက္ဘူးလား။ မင္းနဲ႔ေခ်ာင္လန႔္နဲ႔ကို အတင္းႀကီး အတူထိုင္ခိုင္းတာလား။ "
သူေျပာလိုက္တာက ခ်န္ေယာင္းရန္ကို တိုက္႐ိုက္သြား႐ိုက္သလိုပဲ။ အဲ့ေတာ့ ခ်န္ေယာင္းရန္က ပိုၿပီး ေဒါသထြက္လာတယ္။ ခုနက ေခ်ာင္လန္ရဲ႕စကားေတြကို ျပန္ေတြးမိၿပီး " ပါးစပ္ပိတ္ထား!!! "
ဘာျဖစ္တာပါလိမ့္????
လီဖန္က သူ႔ရဲ႕တစ္ျခားသူငယ္ခ်င္းေတြက ရႈပ္ေထြးနဲ႔အမူအရာနဲ႔ ၾကည့္လိုက္တယ္။ ခဏၾကာေတာ့ စုန႔္ေယာင္က ခ်န္ေယာင္းရန္ကို အျပင္မွာစကားေျပာၾကရေအာင္ဆိုၿပီး ေခၚသြားတယ္။ သူတို႔၂ေယာက္ထြက္သြားၿပီးေတာ့ လီဖန္က ေမးလိုက္တယ္။ " ေယာင္းရန္က ဘာျဖစ္သြားတာလဲကြ "
" မသိဘူးေလ။ အတန္းပိုင္ဆရာက သေဘာမတူလိုက္လို႔မ်ားလား။ "
ထန္းေမာ့က ေနာက္ဆုံးတန္းမွာ ေခါင္းေလးငုံ႔ၿပီးထိုင္ေနတယ္။ ဒါေပမဲ့ သူ႔လက္ထဲက ေဘာပင္က မေ႐ြ႕ဘူး။
သူ႔ရဲ႕အၾကားအာ႐ုံက သာမန္လူေတြထက္ပိုေကာင္းတယ္။ အထူးသျဖင့္ တစ္စုံတစ္ခုေသာအသံကို အာ႐ုံစိုက္နားေထာင္တဲ့အခ်ိန္မ်ိဳးမွာေပါ့။ သူ႔ကို ေန႔တိုင္းစကားလာေျပာတဲ့ေကာင္မေလးက ေခ်ာင္လန္ဆိုတာ သူသိသြားၿပီးတဲ့ေနာက္ ထန္းေမာ့က သူကိုယ္တိုင္ေတာင္ သတိမထားလိုက္ မိဘဲ အဲ့ဒီ့နာမည္စၾကားလိုက္တာနဲ႔ အာ႐ုံစိုက္ၿပီး နားေထာင္မိေနတယ္။
ပုံမွန္လိုပါပဲ သူေခ်ာင္လန္ရဲ႕နာမည္ကို ၾကားျပန္ၿပီ။ အဲ့တာက ေကာင္ေလးတစ္ခ်ိဳ႕ ေျပာေနၾကတာ။
" ေခ်ာင္လန္ကေနာ္ ခ်န္ေယာင္းရန္နဲ႔တစ္ခုံထဲထိုင္ရဖို႔အတြက္ ပထမေနရာကို တစ္ခါထဲ အရယူလိုက္တာေနာ္။ တစ္ကယ္လို႔သာအတန္းပိုင္ဆရာက သူမကို ခ်န္ေယာင္းရန္နဲ႔တူတူမထိုင္ခိုင္းဘူးဆိုရင္ သူမေဒါသထြက္မွာေပါ့။ "
ခ်န္ေယာင္းရန္နဲ႔ တူတူထိုင္ရဖို႔????
ထန္းေမာ့ရဲ႕ မ်က္ႏွာက အခုထိ ေအးစက္ေနတုန္းပဲ။ ၿပီးေတာ့ သူ႔ရဲ႕ မ်က္ႏွာက ႂကြက္သားေတြကလဲ ဘာအမူအရာမွမျပဘူး။ ဒါေပမဲ့ သူသတိမထားလိုက္ မိတာက သူ႔ရဲ႕ အညိဳေဖ်ာ့ေရာင္ မ်က္လုံးေတြက နည္းနည္းတုန္ခါသြားတယ္ဆိုတာပဲ။
အတန္းပိုင္ဆရာက အျပင္ကေန ဝင္လာၿပီး ထန္းေမာ့ရဲ႕ပုခုံးေပၚကို သာသာေလးတို႔လိုက္တယ္။ ၿပီးေတာ့ ထန္းေမာ့ကို အျပင္ခဏထြက္ခဲ့ဖို႔ အမူအရာနဲ႔ျပလိုက္တယ္။
ထန္းေမာ့က wheelchair ကိုလွည့္လိုက္ေတာ့ အတန္းထဲကို ဝင္လာတဲ့ခ်န္ေယာင္းရန္နဲ႔ ေတြ႕တယ္။ ေကာင္ေလးရဲ႕အရပ္ရွည္တဲ့ပုံရိပ္က သူ႔ေပၚကို အရိပ္နည္းနည္းက်ေနတယ္။
ထန္းေမာ့က တိတ္ဆိတ္စြာနဲ႔ပဲ wheelchair ကို ဆုပ္ကိုင္ထားတယ္။
သူ႔ေရွ႕က အတန္းပိုင္ဆရာကို ေမာ့ၾကည့္လိုက္ေတာ့ ဆရာက သူ႔ကို ၾကင္နာစြာေမးတယ္။ " ဆရာတို႔အခန္းထဲက ေခ်ာင္လန္လို႔ေခၚတဲ့ေကာင္မေလးကို သိလား "
သူက ဘာလို႔ ႐ုတ္တရက္ႀကီး ေခ်ာင္လန႔္နာမည္ကိုေျပာတာပါလိမ့္??? ထန္းေမာ့မသိေတာ့ဘူး။
" သိတယ္ " ထန္းေမာ့ကေျပာလိုက္တယ္။
အတန္းပိုင္ဆရာက အရမ္းကိုေပ်ာ္႐ႊင္စြာအံ့ဩသြားတယ္။ ထန္းေမာ့အတြက္ တစ္ေယာက္ေယာက္ကို သိတယ္ဆိုတာ အရမ္းရွားတယ္ေလ။ ေခ်ာင္လန္ကေတာ့ ေျပာပါတယ္ သူမက အရင္တုန္းက ထန္းေမာ့နဲ႔ စကားေျပာဖူးတယ္လို႔ေလ။ ဒါေပမဲ့ သူ အဲ့ဒါကိုသိပ္မယုံေသးဘူး။ အဲ့တာက ျဖစ္ႏိုင္တယ္လို႔ပဲ ထင္ခဲ့တာ။
" အဲ့တာဆို သား ေခ်ာင္လန္နဲ႔ တစ္စားပြဲထဲ ထိုင္ခ်င္လား "
ထန္းေမာ့ ႐ုတ္တရက္ ေခါင္းကို ေမာ့လိုက္တယ္။
ဒါေပမဲ့ ခုနကေကာင္ေလးတစ္ခ်ိဳ႕ ေျပာေနတဲ့ စကားေတြက ႐ုတ္တရက္ သူ႔နားထဲကိုဝင္လာတယ္။ " ေခ်ာင္လန္ကေနာ္ ခ်န္ေယာင္းရန္နဲ႔တစ္ခုံထဲထိုင္ရဖို႔အတြက္ ပထမေနရာကို တစ္ခါထဲ အရယူလိုက္တာေနာ္။ "
ထြက္ေပၚမလာေသးတဲ့ ျမဳပ္ေနတဲ့ ခံစားခ်က္ေတြက ၿငိမ္သက္စြာပဲ ေပ်ာက္ကြယ္သြားခဲ့တယ္။
ထန္းေမာ့က ေခါင္းကိုျပန္ငုံ႔လိုက္တယ္။ သူ႔ရဲ႕ေရွ႕ဆံပင္ေတြက သူ႔ရဲ႕ဘာခံစားခ်က္ မွမရွိတဲ့ မ်က္လုံးကို ဖုံးသြားတယ္။
" မထိုင္ခ်င္ဘူး "
သူမမွာ သူ႔ထက္ပိုၿပီး တူတူထိုင္ခ်င္တဲ့သူရွိေနၿပီသားေလ။
ဒါ့ေၾကာင့္ သူထိုင္ခ်င္တာ မထိုင္ခ်င္တာ အဲ့တာက ဘာအေရးႀကီးေတာ့လို႔လဲ။