ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သ...

By MayKingMK119

3.9M 524K 12.7K

Myanmar Translator _ May King Start date _ August 12, 2020 End date _ October 25, 2021 (completed) More

ေရခဲတံုးအက္ိုႀကီးကို ဆြဲေဆာင္သည့္ ဝံပုေလြ ညီငယ္ေလး
Chapter (1) - ျပန္လည္ေမြးဖြားလာေသာ ဝံပုေလြေလး၏ခ်စ္ျခင္း (Z+U)
Chapter (2) - အေတာ္ေကာင္းသည့္ ေဆြမ်ိဳးမ်ား
Chapter (3) - ရႈနင္၏ ရိုးသားေသာ ဦးေလး (Z+U)
Chapter (4) - မ်က္လံုးတစ္လံုးအတြက္ မ်က္လံုးတစ္လံုးခ်င္း
Chapter (5) - ႐ႈနင္၏ ေမြးမိခင္ရင္း ခ်င္ယြိက်ိဳး
Chapter (6) - သခင္ေလးတစ္ေယာက္အျဖစ္ ျပင္ဆင္ေပးျခင္း
Chapter (7) - အစ္ကိုႀကီးရႈဟိန္ ကၽြန္ေတာ္တို႔ ထပ္ေတြ႕ရေတာ့မယ္
Chapter (8) - အစ္ကိုႀကီးနားကို တိုးကပ္သြားေသာ ဝံပုေလြညီေလး
Chapter (9) - ကေလးတစ္ေယာက္က အရပ္ဘယ္ေလာက္ရွိသင့္လဲ
Chapter (10) - အကုိႀကီးေပါင္ႀကား ေျခေထာက္ေရာက္ေနေသာ ညီေလး
Chapter (11) - ငါ.. ဘယ္လိုေတာင္ အအိပ္ၾကမ္းရတာလဲ (╥﹏╥)
Chapter (12) - အျမင့္ဆံုးကိုတက္ခ်င္တာလား.. ရတယ္ ငရဲျပည္ထိ ဆြဲခ်ေပးမယ္ (Z+U)
Chapter (13) - ညီေလးရင္ဘတ္က ပန္းေရာင္အရာေလးႏွစ္ခု
Chapter (14) - အကိုႀကီးကို စဖို႕ အခြင့္ေရး ဆံုးရံႈးသြားျပီ(Z+U)
Chapter (15) - အကိုႀကီးက အရမ္း ထြားတာပဲ (• ▽ •;)
Chapter (16) - အိပ္ယာဝင္ အနမ္းမေပးလို႕ အလုိမက်ျဖစ္ေနေသာ အကိုႀကီး (Z+U)
Chapter (17) - ေဖေဖဖုတ္ေပးတဲ့ကိတ္မုန႔္ (Z+U)
Chapter (18) - အစ္ကိုႀကီးရခဲ့သည့္ ရည္းစားစာ (Z+U)
Chapter (19) - ညီေလး စိတ္မေပ်ာ္ဘူးလား (Z+U)
Chapter (20) - နင္နင္ရဲ႕ တင္ပါးျဖဴျဖဴေလးႏွစ္လုံး...(Z+U)
Chapter (21) - အစ္ကိုႀကီးကိုပဲ ယုံတယ္..(Z+U)
Chapter (22) - ဒါက အစ္ကိုအတုႀကီး/ ဒါက အစ်ကိုအတုကြီး
Chapter (23) - အစ္ကိုႀကီး ခ်ိန္းေတြ႕ၿပီ/အစ်ကိုကြီး ချိန်းတွေ့ပြီ
Chapter (24) - ဒီကေလးေနရာ ဘယ္သူ႔ကိုမွ အစားမထိုးႏိုင္ဘူး(Z+U)
Chapter (25) - ရွင္ႏွလံုးသားထဲမွာ တစ္ေယာက္ေယာက္ ရွိႏွင့္ေနၿပီလား..
Chapter (26) - ပဲနီေစ့ေလးေၾကာင့္ အာေခါင္ေျခာက္သြားေသာ အစ္ကိုႀကီး(Z+U)
Chapter (27) - ခ်င္ယြိက်ိဳးကို ႐ိုက္ခ်လိုက္ျခင္း
Chapter (28) - အစ္ကိုႀကီးအရက္မူးလာျခင္း (Z + U)
Chapter (29) - အစ္ကိုႀကီးကို ေရခ်ိဳးေပးေသာ နင္နင္ေလး
အေျဖတိုက္ႀကည့္ရ ေအာင္ဗိ်ဳ႕/အဖြေတိုက်ကြည့်ရ အောင်ဗျို့
Chapter (30) - ေကာ့ေတးပါတီပြဲကို တက္ေရာက္ျခင္း(Z+U)
Chapter (31) - "႐ႈနင္ေနရာမွာ ဘယ္သူ႔ကိုမွ အစားမထုိးဘူး.."(Z+U)
Chapter (32) - ဝမ္းကြဲညီမမ်ားႏွင့္ ႐ႈနင္ (Z+U)
Chapter (33) - ပိုင္စိုးလိုစိတ္ႀကီးလာေသာ အစ္ကိုႀကီး (Z+U)
Chapter (34) - မီးပံုထဲ မီးစာထည့္ေပးေနေသာ ရႈနင္း (Z+U)
Chapter (35) - အခ်စ္ငတ္ေသာ အကိုႀကီးနွင့္နွစ္သိ္မ့္ေပး ခ်င္ေသာ ညိီေလး (Z+U)
Chapter (36) - အကာကြယ္ေပးမယ့္ သူရဲေကာင္း အကိုႀကီး (Z+U)
Chapter (37) - ေျမေခြးညီအစ္မ (Z+U)
Chapter (38) - အကိုႀကီး ျပန္အလာကို ေစာင့္ေနေသာ ညီငယ္ေလး (Z+U)
Chapter (39) -အကိုႀကီးရဲ႕ဟာက မေသးဘူး မဟုတ္လား ^ o ^ (Z+U)
Chapter (40) - တူေသာအက်ိဳးေပး (Z+U
Chapter (41) - နင္နင္ကို တညလံုး ျပဳစုေပးေသာ အကိုႀကီး (Z+U)
Chapter (42) - နင္နင္ေလးေဘးမွာ တေနကုန္ အေဖာ္လုပ္ေပးေနေသာ အကိုႀကီး (Z+U)
Chapter (43) - ႐ႈမိသားစု စံုညီပြဲကို တက္ေရာက္ျခင္း (Z+U)
Far From You (MM translation)
Chapter (44) - ကၽြန္ေတာ္က သူတို႔ကို မသိဘူး (Z+U)
Chapter (45) - နင္နင့္ကို ငါ့လက္ထဲကေန ဘယ္သူမွ ယူမသြားရဘူး..
Chapter (46) - တဏွာ႐ူးသခင္ေလးႏွင့္ အႀကံႀကီးေသာသခင္မေလး
Chapter (47) - အစ္ကိုႀကီး၏ ပထမဆံုးအနမ္းပိုင္ရွင္ နင္နင္ (Z+U)
Chapter (48)_ကြၽန္ေတာ္ အကိုႀကီးကို တသက္လံုး တာဝန္ယူပါ့မယ္ (Z+U)
Chapter (49) - အစ္ကိုႀကီးက ကြၽန္ေတာ့္အေနာက္ေပါက္ေလးကို ထိလို႔မရဘူး (Z+U)
Chapter (50) - ညီေလးနူတ္ခမ္းကို သံုးႀကိ္မ္တိတိ နမ္းလိုက္ေသာ အကိုႀကီး (Z+U)
Chapter (51) - သဝန္တိုေသာ အကိုႀကီးနွင့္ ေသတြင္းတူးေသာ ေဟာ္ရန္ (Z+U)
Chapter (52) -ဥာဏ္မ်ားေသာ နင္နင္နွင့္ ေဒါကန္ေနေသာ အကိုႀကီး (Z+U)
Chapter (53)_ တင္ပါးျပင္မွာ ေျဗာတင္ခံလိုက္ရေသာ နင္နင္ (Z+U)
Chapter (54) - ခ်င္ယြိက်ိဳး ဆီက နင္နင္ကုိ ေခၚေဆာင္သြားေတာ့မယ့္ အကိုႀကီး
Chapter (55) - ပင္လယ္ကမ္းေျခသို႕ အပန္းေျဖခရီးတစ္ခု (Z+U)
Chapter (56) - မင္းကိုဖက္ခြင့္ေပးရင္ ႐ႈေယာင္ကို ဂ႐ုမစိုက္ေတာ့ဘူး
Chapter (57)_ ငါက အကိုႀကီးလက္ထဲမွာ အဖမ္းခံရေတာ့မွာေပါ့(Z+U)
Chapter (58) - နတ္ဘုရားႏွစ္ပါးၾကားက ၾကက္ျဖဴကေလး
Chapter (59) -ကၽြန္ေတာ္ အစ္ကိုႀကီးအေပၚ အၿမဲေကာင္းမွာပါ (Z+U)
Happy New Year
Chapter (60)_ အကိုႀကီးက ပိုက္ဆံရွာ..ကြ်န္ေတာ္က အိမ္ကို ေစာင့္ေရွာက္မယ္
Chapter (61)_ အကိုႀကီးကို ေဘာင္းဘီခြ်တ္ရမယ္.....(Z+U)
Chapter (62)_ ကြ်န္ေတာ့္ ပါးစပ္ထဲက ဘာႀကီးလဲ... (Z+U)
Chapter (63)- အခုဘဝမွာ နတ္ဘုရား အကိုႀကီး ရွိေနျပီ (Z+U)
Chapter (64)- အကိုႀကီးရဲ႕သေဘာကို အရင္ႀကည့္ေသာ ညီငယ္ေလး (Z+U)
Chapter (65) _ အကိုႀကီးရဲ႕စီးပြားေရးကို ကြ်န္ေတာ္ ကူညီေပးမယ္(Z+U)
Chapter (66)_ဦးေလးဆီက အရႈပ္ထုပ္ကို ရွင္းေပးရျခင္း (Z+U)
Chapter (67)_အဖိုးက ရွယ္ယာမ်ားေပးအပ္ျခင္း (Z+U)
Chapter (68) _တူးထားတဲ့ တြင္းထဲ ေျပးဝင္တဲ့ ခ်င္ယြိက်ိဳး (Z+U)
Chapter ( 69) _ အကိုႀကီးအေႀကာင္းကုိပဲ စဥ္းစားတယ္ (Z+U)
Chapter (70-1)_ ဆက္ဆီ ေဘာထုပ္ေဘာင္းဘီကို ဝတ္ျပေသာ အကိုႀကီး (Z+U)
Chapter (70-2)_ငါတို႕က ပံုမွန္ဆက္ဆံေရးမ်ိဳး ရွိလုိ႕လား (Z+U)
Chapter (71-1) _ ငါတို႕နွစ္ေယာက္ႀကားမွာ လွ်ိဳ႕ဝွက္ခ်က္ဆိုတာ မရွိဘူး (Z+U)
Chapter (71-2)_ ေမွ်ာ္ေတာ္ေယာင္ (Z+U)
Chapter (72-1) _အကိုႀကီးျပန္လာျပီ (Z+U)
Chapter (72-2) _အကိုႀကီးတစ္ေယာက္တည္းကို သေဘာက်ရင္ ရျပီ (Z+U)
Chapter (73) _ ေခ်ာင္ပိတ္ခံရေသာ နင္နင္ (Z+U)
Chapter (74)_ မ်က္ခြက္ေဆာင့္နင္းခံလိုက္ရသည့္ တဏွာရူး ေဟာ္ယြီ (Z+U)
Chapter (75)_ တဆင့္ခ်င္း တလွမ္းခ်င္း တိုးကပ္လုိ႕ ရင္ခြင္ထဲမွာ သိမ္းထားမယ္
Chapter (76)_ စေတာ္ဘယ္ရီနံ႕ သြားတိုက္ေဆးကို အကိုႀကီး အနံ႕ခံႀကည့္မလား
Chapter (77)_ စိတ္ကို ခ်ဳပ္တည္းထားရေသာ ညီငယ္ေလး.... (z+u)
Chapter (77-2)_အကိုႀကီးဆီက ဖုန္းကို တိတ္တခိုးေမွ်ာ္ေနေသာ နင္နင္ေလး (Z+U)
Chapter(78-1)_အကိုႀကီး ကြ်န္ေတာ့္အသားကို ထိခ်င္သေလာက္ ထိထားေပေတာ့
Chapter(78-2)_ ဂ်ယ္လီတုန္းကို အကိုက္ခံလိုက္ရေသာ နင္နင္ (Z+U)
Chapter (79-1) - အကိုကြီးကို အမှတ်သားပေးလိုက်သည့် ဝံပုလွေပေါက်လေး (U+Z)
Chapter (79-2)_ညီလေးလက်ကို ဆုပ်ကိုင်ပြီး ပွဲတက်ခြင်း (U+Z)
Chapter (80)_ဖွတ်မရ ဓါးမဆုံးသည့် ဟော်မိသားစု (U+Z)
Chapter (81-1)_ အကိုကြီးက နောင်အနာဂါတ်မှာ ကျွန်တော့်ကို စားမှာမို့လား... (U+Z)
Chapter (81-2)_🔞ကိုယ့်ထောင်ချောက်ထဲ ကိုယ်ပြန်မိသော ဟော်ယွီ (U+Z)
Chapter (82)_ အကိုကြီးရဲ့ ပဲစေ့လေးကို ညစ်လိုက်တဲ့ ညီငယ်လေး (U+Z)
Chapter (83-1)_အကိုကြီးရဲ့ ပြင်သစ်အနမ်း (U+Z)
Chapter (83-2)_အကိုကြီး...မင်းကို သင်ပေးမယ်
Chapter (84)_ အကိုကြီးထက် ချစ်ရမည့်လူ မရှိနိုင်တော့ပြီ.... (U+Z)
Chapter (85)_အတိတ်ဘဝက ရည်းစားဟောင်းအတွက် ကျင်းတူးပေးရန် ကြံခြင်း (Uni+Z)
Chapter (86)_ အောက်ခြေလွတ် ဘဝင်မြင့်သော ဝမ်ချုံး
Chapter (87-1)_🔞ဝမ်ချုံး၏ပထမကို ယူသွားသော ဟုန်ရှင်းမင်းသားလေး
Chapter (87-2) _ ချမ်းသာခြင်း နတ်ဘုရားကို တွေ့ဆုံခြင်း
Chapter (88)_ ရုပ်ရှင်တွင် ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ခြင်း
Chapter (89)_ ရှည်ပြီး ထူသော ထွားကျိုင်းသည့် ရတနာချောင်းကို လေ့လာခြင်း
Chapter (90-1)_ အကိုကြီး ဂေးလ်သွားရင် ကျွန်တော် အကိုကြီးကို တာဝန်ယူပါ့မယ်
Chapter (90-2)_ နင်နင်ရဲ့ ဝမ်းနည်းပမ်းနည်း ငိုကြွေးခန်း
Chapter (91-1)_ အဖိုး ကွယ်လွန်ပြီ....
Chapter (91-2)_ လွန်ခဲ့တဲ့ 2 နှစ်ကတည်းက မင်းကို ချစ်ခဲ့တာ....
Chapter (92)_ နောက်ဆုံးတော့ ငါ အသက် 16 နှစ်ပြည့်ပြီးခဲ့ပြီ....
(U)Chapter (93)_အကိုကြီးရဲ့ ခန္ဓာကိုယ်ကို တကယ်ကြီးကို လွမ်းနေမိပြီ
(Z)Chapter (93)_အကိုႀကီးရဲ႕ ခႏၶာကိုယ္ကို တကယ္ႀကီးကို လြမ္းေနမိျပီ
Chapter (94)_🔞ကျောက်စိမ်းနှစ်ချောင်း အတူ ပူးကပ်ပါလို့....
Chapter (95)_ အကိုကြီးရဲ့ ဖြုတ်၊ ထုတ်၊ သတ် ပညာရပ်
Chapter (96)_🔞pa pa pa pa pa pa pa
Chapter (97) _ စုံတွဲဖြစ်သွားသော ရှုဟိန်နှင့် ရှုနင်
Chapter(98)_ ရှုကျီရွှမ်းကို ထောင်ချောက်ဆင်သော နင်နင်
Chapter (99)_🔞ဟိုတယ်မှာ pa pa pa
Chapter (100)_ တကိုယ်လုံး ချစ်ခြင်းရဲ့ သင်္ကေတတွေ ဖုံးလွှမ်းနေတဲ့ နင်နင်လေး
Chapter (101)_ အရေးကောင်း ဒိန်းဒေါင်းဖျက်ခံလိုက်ရတဲ့ ရှုဟိန်
Chapter (102)_ အကိုကြီးရဲ့ ဝန်ထုပ်ဝန်ပိုးကို ကူ မထမ်းပေးချင်ဘူးလား နင်နင်...
ရေခဲအကိုကြီးကို ရေးနေတာ mayking မှ ဟုတ်ရဲ့လားဟင်
Chapter (103) - ဦးလေးချင်ယွိဖူရဲ့လက်ထပ်ပွဲ နဲ့ ဖိုမင် မြို့က ထွက်သွားခြင်း(U+Z)
Chapter (104)_ အစ်မကို ချကျွေးပြီး ထောင်ချောက်ဆင်တဲ့ ချင်ယွိကျိုး
Chapter (105)_ကိုယ့်အတတ် ကိုယ်စူးသည့် ချင်ယွိကျိုး
Chapter (106)_ အကိုကြီးဆီ အရောက်လာပြီ..
Chapter (107)_ မင်းသမီးလေးလို ပွေ့ချီပါလို့ အိပ်ဆောင်ကိုဝင်....
Chapter (108)_ 🔞 ငါတို့က တယောက်ကို တယောက်ပိုင်ဆိုင်သွားပြီကွ... O(∩_∩)O
Chapter(109) - မကောင်းကြံ ဘေးဒဏ်ထိသည့် ချင်ယွိလန်
Chapter (110)_ 🚫 မင်း သာမရှိရင် လမင်းကို ပိုင်ဆိုင်ရလည်း အလကားပဲ
Chapter (111)_ 🚫 အတင့်ရဲသော ရှုဟိန်
Chapter (112-1)-🔞ဒီကလေးကို ငုံထားချင်သည်အထိ မြတ်နိုးသည်
Chapter (112-2)- 🔞ကားပေါ်မှာ တကြိမ်... အိပ်ခန်းထဲမှာ တကြိမ်
Chapter (113)_ ဦးလေးဖူနှင့် ဖိုမင်တို့ကြားက မမြင်ရတဲ့ သံယောဇဉ်
Chapter (114) - အဖေရင်း စစ်ထူထုံးကို လျစ်လျူရှုကာ ထွက်ခဲ့သည့် ရှုဟိန်
Chapter (115)_ ဝမ်ချုံးနှင့် ထျန်းကျားဟွေ့ကို ကလဲ့စားချေပြီးခြင်း....
Chapter (116)_ 🔞 ရေချိုးခန်းထဲမှာ pa pa pa
Chapter (117-1)_🔞 ရှာလကာရည်သောက်နေတဲ့ အကိုကြီးရဲ့ မော်တော်ဟိုတယ်
Chapter (117-2)_🔞 မှန်ရှေ့မှာ pa pa pa
Chapter (118-1) _ ဦးလေးဖူ ကွာရှင်းလိုက်ပြီ
Chapter (118-2) _ 🔞 လေးခါရှိရင် ငါးခါလည်း ရှိနိုင်တယ် မလား....
Chapter (119) _🚫 တညလုံး လယ်ထွန်တဲ့ နင်နင်ရဲ့ ယောကျာ်း
Dominant -Submissive (သို့) Behind The Love Story
Chapter (120)_🔞စားပွဲထက်မှာ pa pa pa...
Chapter (121)_ 🔞ရေချိုးခန်း နံရံမှာ ဖိကပ်ပါလို့ pa pa pa
Chapter (122) - ငယ်ပေမယ့် အစွယ်လေးနှင့် ရှုယောင်း
Chapter (123)_ 🔞ရုံးခန်း နံရံကို ကျောမှီပါလို့ အကိုကြီးနဲ့ မတ်တပ် ချစ်ကြမယ်....
Chapter (124)_ ဦးလေးနှစ်ယောက်ဟာ ' XXOO ဗီဒီယို' တွေကို အတူကြည့်နေကြတာလား
Chapter (125)_ တူလေးဆီမှာ အမိခံလိုက်ရသည့် ဦးလေးဖူ
Chapter (126)_ ယောက္ခမကြီး စစ်ထူထုံးနှင့် ရှုနင် တွေ့ဆုံခြင်း
Chapter (127)_ လက်ဖက်စိမ်းကောင် အန်းရီ
COVID 19 အတွက် သတိပြုဖို့
Chapter (128)_ မင်းက အတန်းခေါင်းဆောင်ဖြစ်ချင်တာလား..ဟမ်
Chapter (129)_ ရှုနင်ကို လာကပ်သည့် တက်သစ်စ ရုပ်ရှင်မင်းသမီးလေး
😎ငှက်သိုက်ရူးများဖတ်ရန်🐦
Chapter (130)_ 🏮အကိုကြီးရဲ့ ထုတ်ကုန်အသစ်ကို စမ်းကြည့်နေသော နင်နင်
Chapter (131)_ သားသမီး မရနိုင်ရင်တောင် သားအဖြစ် လက်ခံဖို့ဆန္ဒရှိလား
Chapter (132)_ အဖေ့အိပ်ယာပေါ် တိုးဝှေ့အိပ်ကြတဲ့ စုံတွဲ
Chapter (133)_ အဖေ့ကို အကိုကြီးနဲ့ မှားတဲ့ နင်နင်
(U) Chapter (134)_ XXOO လုပ်နေတဲ့ လင်လင်ကို အဖေနဲ့ မှားတဲ့ နင်နင်
(Z) Chapter (134)_ XXOO လုပ္ေနတဲ့ လင္လင္ကို အေဖနဲ႔ မွားတဲ့ နင္နင္
Zawgyi user vs. Unicode user
Chapter (135-1)_🏮 တညလုံး နေရာစုံမှ pa pa pa
Chapter (135-2)_ ရှုယောင်းအတွက် လူယုံတော် မွေးပေးသည့် ရှုချိန်
Chapter (136)_ အမြင့်မှ ပြုတ်ကျတဲ့ တျန်းကျားဟွေ့
Question and Answer
Chapter (137)_ ရှုနင်ကို တိုက်ခိုက်ရဲတဲ့ ဝမ်ချုံး
👻The Best Ghost Fictions 👻
Chapter (138) _🏮 မီးဖိုချောင်ထဲမှာ ချစ်ကြမယ်....
Chapter (139)_ ယောက္ခမနှင့် သားမက် တွေ့ကြ ရာဝယ်.....
(U+Z) Chapter (140) _ ဒါက ...... ငါ့ချွေးမကွ!
သန်မာလွန်းသည့် Uke လေးများ/ သန္မာလြန္းသည့္ Uke ေလးမ်ား
(U+Z) Chapter (141)_ မြေးချွေးမအဖြစ် လက်ခံခြင်း...
Chapter (142-1)_ မြေးချွေးမကို လက်စွပ်အပ်နှင်းခြင်း
Chapter (142-2)_🏮 စစ်ထူအိမ်တော်မှာ Pa Pa Pa
(U+Z) Chapter (143-1)_ မိသားစု မျိုးရိုးသစ်ပင်ထဲ တရားဝင် ထည့်သွင်းခြင်း
(U+Z) Chapter (143-2)_ အကိုကြီးက ကျွန်တော်နဲ့ ကလေး မယူချင်ဘူးလား....
(U/Z) Chapter (144) - ဖေဖေရှုချိန်နှင့် မျက်နှာချင်းဆိုင်တွေ့လေပြီ....
Chapter (145) - အဖေ့ရှေ့မှာ ဒူးထောက်တောင်းပန်သော နတ်ဘုရားကြီး
(U+Z) Chapter (146-1) - ဒီအတွဲကို fujoshi တွေဆီကို ရောင်းလို့ရနိုင်တယ်
Chapter (146-2) - ရှုနင်ကို နာမည်ဖျက်ပြီး နာမည်ကြီးအောင် လုပ်ချင်သည့် လူငယ်လေး
Chapter (147) - 🏮 လူကောင်းကို စုဆောင်းထားနိုင်သော ရှုနင်
Chapter (148-1) - ကလေးအမွှာ၂စုံယူဖို့ စီစဉ်ခြင်း
Chapter (148-2)- မျက်နှာပြောင်တာက မျိုးရိုးလိုက် တာကိုး......
Chapter (149-1)- ရိုက်ကွင်းကို လိုက်လည်သော ရှုဟိန်
Chapter (149-2)- ရှုနင်ရဲ့ ရှာလကာရည်လေး
Chapter (150-1)_ သူက ငါ့ချစ်သူ
Chapter (150-2)_ pa pa pa ပြီးချိန်မှာ အစ်အောက်မေးသော အကိုကြီး
Chapter (151-1) - သုံးလကြာ ပျားရည်ဆမ်းခရီး
Chapter (151-2) - အဖေ မြင်သွားပြီ... ဘယ်လိုလုပ်ကြမလဲ...
(U+Z) Chapter (151-3) - အဖေ ဆုံးပါးသွားပြီ
Extra 1-1- လွမ်းဆွတ်နေရသည့် အကိုကြီး၏ ရင်ခွင်ဆီကို......
Extra 1-2 - ရှုမိသားစု၏မင်းသမီးလေး မွေးဖွားလာခြင်း
Extra _ (2-1) - အားလုံးကို အသေဆိုးနဲ့ သေအောင် ငါ လုပ်ပြမယ်..
Extra _ 2-2 - ငါက ခွေးလိုကောင်...ငါက လူယုတ်မာ...
ရှုဟိန် - 1
ရှုဟိန် - 2
ရှုဟိန် - 3
ရှုဟိန် - 4🏮
ရှုဟိန် - 5🏮🏮🏮
ရှုဟိန်- 6 🏮🏮🏮
ရှုဟိန်- 7 🏮🏮🏮

Chapter (69-2) _ "အစ္ကိုႀကီးက အစပ္ မစားနုိင္ဘူးမဟုတ္လား ?" (Z+U)

18.1K 2.7K 38
By MayKingMK119

Chapter(69-2) _ "အစ္ကိုႀကီးက အစပ္ မစားနုိင္ဘူးမဟုတ္လား ?"(Z+U)

နက္ျဖန္နံနက္ေစာေစာထကာသူတုိ႕ မနက္စာစားႀကသည္။ မနက္10 နာရီထိုးလို႕ ကုန္တိုက္ဖြင့္ခ်ိန္ေရာက္မွ ရႈဟိန္နွင့္ ရႈနင္တို႕ ေစ်းဝယ္ထြက္ႀကသည္။ရႈဟိန္က ရႈနင္အတြက္ အဝတ္စားတခ်ိဳ႕ဝယ္လိုက္သည္။ ျပီးရင္ သူတို႕ ခ်ိန္းေတြ႕သလို တခုခုသြားစားႀကဖို႕ရည္ရြယ္ထားႀကသည္။

  သူတို႔ဘိုးဘြားပိုင္အိမ္ႀကီးသို႔ျပန္သြားေသာအခါ မ်က္လုံးမ်ားစြာကသူတို႔ကိုေစာင့္ၾကည့္ေနမည္ျဖစ္ရာ အခန္းတစ္ခန္းတည္း၌ ျငိမ္ျငိမ္ေလး ေနေနရမည္ျဖစ္သည္။ တကယ္လို႔မ်ား အဲ့လိုျဖစ္ခဲ့ရင္ ရႈနင္ အရမ္းစိတ္ညစ္ေလာက္သည္။

အခုႀကည့္စမ္း။ေစ်းဝယ္ထြက္ျပီး အျပင္မွာေလွ်ာက္သြားရတာကို သူ႕ညီေလး ဘယ္ေလာက္ေတာင္ ေပ်ာ္ေနလိုက္သလဲ...။

သူတို႔ဟာအမ်ိဳးသားဝတ္ဖက္ရွင္ဆိုင္အခ်ိဳ႕ကိုၾကည့္ၿပီး အဝတ္တခ်ိဳ႕က ရႈဟိန္၏ အျမင္အာရံုကို ဖမ္းစားသြားသည္။ ခုတေလာ  လူႀကိဳက္မ်ားေသာဆြယ္တာအက်ႌတစ္ထည္ျဖစ္ျပီးထိုဆြယ္တာကို သူၾကည့္လိုက္သည္။ သူက ဆြယ္တာကို စစ္ေဆးလိုက္ေတာ့ အသားက အေတာ္နူးညံ့ျပီးထိုးထားသည့္ အဆင္ဒီဇိုင္းကလည္း သြက္လက္သည္။ ဒီလို ဆင္တူ ၂ ထည္ဝယ္ျပီး သူတုိ႕ စံုတြဲဝတ္စံုလိုဝတ္လိုက္ရရင္ မဆိုးဘူးဟု ေတြးမိသည္။

ရႈဟိန္ကမ်က္လံုးကို ေမွးကာ ထိုဆြယ္တာကိုႀကည့္ေနစဥ္ ပါးနပ္ေသာအေရာင္းစာေရးက အျမန္ေျပးလာျပီး  ကုန္ပစၥည္းကိုမိတ္ဆက္ေပးရန္အလ်င္အျမန္ေရာက္လာေတာ့ အနားကိုရႈနင္လည္း ေရာက္လာသည္။

"အစ္ကိုႀကီးက အျမင္ရွိတာပဲ။ ဒီဆြယ္ကာ ႐ိုးရွင္းတယ္၊ စတိုင္က်ျပီး ေပါ့ေပါ့ပါးပါးရွိတယ္။"

"မင္းႀကိဳက္လား?"

"အမ္း"

အကိုႀကီးဝယ္ေပးသည့္လက္ေဆာင္တုိင္းကို ကြ်န္ေတာ္ ႀကိဳက္တယ္။

 စာေရးကလည္း အရမ္းကို သြက္သည္။ သူမကဆိုဒ္ေသးတထည္ကို ခ်က္ခ်င္းရွာျပီး ရႈနင္ကို ကမ္းေပးကာ အဝတ္လဲခန္းတြင္ စမ္းဝတ္ႀကည့္ရန္တိုက္တြန္းလိုက္သည္။ ရႈနင္က ဆြယ္တာကို ကိုင္လိုက္စဥ္ နူးညံ့ေသာ အထိအေတြ႕ေႀကာင့္ ေက်နပ္သြားသည္။

 အဝတ္လဲခန္းထဲတြင္ေျပာင္းဝတ္ႀကည့္ျပီးေနာက္ရႈနင္က အျပင္ထြက္လာျပီး ကုိယ္လံုးေပၚမွန္တြင္ ကိုယ့္ဖာသာႀကည့္လိုက္သည္။    V ပံုစံ လည္ပင္းေကာ္လာနဲ႔အတူအတြင္းပိုင္က ဝတ္ထားသည့္ အျဖဴေရာင္ရွပ္အက်ႌနဲ႔ လိုက္ဖက္ျပီး ၾကည့္ေကာင္းတာေႀကာင့္ ရႈနင္၏မ်က္လံုးေလးေတာက္ပသြားသည္။

ထိုဆုိင္ထဲကိုဝင္လာသည့္ စူးလန္႕က ရႈနင္ကို ေတြ႕လိုက္စဥ္ နူတ္ခမ္းကို တြန္႕ရြဲ႕ကာ ဆိုးဝါးစြာ ထုတ္ေျပာလုိက္သည္။

"ငါ့ကို အေတာ္ကံဆိုးေနတာပဲ..သြားေလရာတုိင္း ဒီေကာင္နဲ႕ခ်ည္းတုိးေနတယ္... ဖာ့ခ္ပဲ..."

အလြန္ခ်စ္စရာေကာင္းေသာမိန္းကေလးတစ္ဦး သည္ စူးလန္႕ရဲ႕ လက္ေမာင္းကို တြဲခိုကာ ေခါင္းေလးကို ေစာင့္ငဲ့ကာ ရႈနင္ကို အကဲခတ္ရင္းေမးလိုက္သည္။

 " ဒါ ဘယ္သူလဲ။ ရွင့္ရဲ႕ အသိလား "

"ငါ့ အသိဆိုတာထက္ ဒီေကာင္က ငါ့ရန္သူလို႕ေျပာလို႕ရတယ္။ ဘယ္လိုလုပ္ျပီး က်က္သေရတံုးေကာင္နဲ႕အျပင္မွာလာဆံုရတယ္ မသိေတာ့ဘူး။  "

စူးလန္႕ကမလိုတမာ စကားေျပာေနစဥ္ စူးရႊိက္က အထက္တန္းလႊာက သခင္ေလး အေတာ္မ်ားမ်ားကို ဦးေဆာင္ကာထိုအမ်ိဳးသားဝတ္ဖက္ရွင္ဆိုင္ထဲကို ဝင္လာခဲ့သည္။ သူတုိ႕တေယာက္ခ်င္းဆီက လွပေသာ ေကာင္မေလးေတြကိုကိုယ္စီတြဲထားျပီ းမိန္းကေလးအားလံုးက မိတ္ကပ္လိမ္းျခယ္ကာ ေသခ်ာဝတ္စားထားႀကသည္။ ဒီမိန္းကေလးေတြက လူႀကိဳက္မ်ားတဲ့မိန္းကေလးေတြလိုပဲ သူတို႔ဘယ္လိုပဲၾကည့္ၾကည့္အားလံုး ေရွာ့ပင္ထြက္လာႀကမွန္းသိသာသည္။ 

ရႈနင္လား?

ရႈရႊိက္ကဒီပါရမီရွင္ ခ်ာတိတ္ေလးကို နည္းနည္းစိတ္ဝင္စားေနသည္။

စူးလန္သည္မနာလိုစိတ္ျဖင့္ ေလသံက ပိုမိုမာထန္ျပီး ခပ္တင္းတင္းေျပာလိုက္သည္။

   "ေကာင္ေလး၊ မင္း ဒီမွာအဝတ္အစားေတြလာဝတ္ႀကည့္ေနရေအာင္ မင္းနဲ႕ေတာ္တဲ့ ဆိုဒ္ရွိလို႕လား၊ ဒါက အမ်ိဳးသားအဝတ္အထည္ဆိုင္ကြ။မင္းကိုယ္နဲ႕ေတာ္မယ့္ ကေလးအဝတ္စားဆုိင္က ေအာက္ထပ္မွာရွိတယ္။ အဲ့ကို လစ္လိုက္ "

မိန္းကေလးမ်ားစြာသည္ၿပဳံးၿပဳံး႐ႊင္႐ႊင္ျဖင့္ရႈနင္ ကိုၾကည့္ရႈစစ္ေဆးေနၾကသည္။ သို႔ေသာ္ သူႏွင့္ တိုက္႐ိုက္စကားေျပာရန္ မဝ့ံရဲၾကေပ။ပထမအခ်က္က သူတို႔ေတြက အ႐ူးေတြမဟုတ္ဘူး၊ ဒုတိယကေတာ့ ဘယ္သူ႔ကိုမွ မျပစ္မွားမိခ်င္ဘူး၊ဒီမွာက အဝတ္ေတြကအရမ္းေစ်းႀကီးတယ္၊ အေပၚထပ္မွာ ေစ်း ၀ ယ္တဲ့သူေတြက ခ်မ္းသာတဲ့လူေတြျဖစ္ျပီးဒီကေလးဆီမွာ ေသခ်ာေပါက္ အင္အားႀကီးသည့္ ေနာက္ခံရွိမည္ဆုိတာကို သူတို႕ သေဘာေပါက္ႀကသည္။

စူးလန္႕ရဲ႕ရည္းစားကဦးေနွာက္မရွိသူျဖစ္ျပီး ေမးေစ့ကို ပင့္မကာ ခပ္နွိမ္ႏွိမ္ျဖင့္ ရႈနင္ကိုႀကည့္ကာ ေျပာလိုက္သည္။

  "ေဟ့ကေလး၊ မင္းမိဘေတြဘယ္မွာလဲ။ မင္း သူတို႔နဲ႕လူကြဲသြားရင္ မေကာင္းဘူးေနာ္ "

စူးလန္႕ကသူ႕ရည္းစားႏွင့္အတူရယ္ေမာေနစဥ္ စူးရႊိက္က မ်က္ေမွာင္ၾကဳတ္ကာ စကားေျပာခ်င္ေသာ္လည္း အဝတ္လဲခန္းတစ္ခန္း၏တံခါးပြင့္လာျပီး ရႈဟိန္ထြက္လာသည္။

 ရႈဟိန္လား...

ရႈဟိန္သည္ထူးျခားေသာသူျဖစ္ျပီး သူ႕ကိုယ္မွ ထူးျခားေသာ အေရာင္အဝါမ်ားထုတ္လႊင့္ေနကာသူ႕ပံုစံက ျပိဳင္ဖက္ကင္းကာ သူမ်ားထက္ မာန္မာနႀကီးပံုက အထင္းသားေပၚလြင္ေနသည္။ သူသြားေလရာကိုလူတိုင္းက ဝုိင္းႀကည့္ေနမိေအာင္ ဆြဲေဆာင္နုိင္လြန္းျပီး သူ႕ဆီက ေရခဲေတာင္ကဲ့သို႕ေအးစက္စက္အေငြ႕အသက္တို႕ထုတ္လႊတ္ေနသျဖင့္ ႀကည့္မိသူတိုင္း ပင့္သက္ရိႈက္ကာ ႀကာႀကာစိုက္မႀကည့္ရဲေအာင္ဖိအားကို ခံစားလိုက္ရသည္။

အရမ္းကိုသန္စြမ္းလြန္းတယ္!

သူတို႔မိသားစုမ်ားတြင္အင္အားအေကာင္းဆုံးက မိသားစုကို အုပ္ခ်ဳပ္သည့္ အသက္အႀကီးဆံုးလူမ်ားသာျဖစ္ေပမယ့္ရႈဟိန္က ဘယ္လိုျဖစ္ျပီး  သူငယ္ငယ္ေလးကတည္းကထိုကဲ့သို႔ေသာအာဏာရွိသည့္ အရွိန္အဝါမ်ိဳးထုတ္လႊတ္ေနနိုင္တာလဲ။ ဒါကိုႀကည့္ရင္သူက နွယ္နွယ္ရရေတာ့မျဖစ္နုိင္ေပ။

 သူက ဘယ္သူလဲ.... ဟု ဒီလူငယ္စုကစဥ္းစားေနႀကသည္။

စူးရႊိက္၏မ်က္သားမ်ားက်ံဳ႕သြားခဲ့သည္။သူတုိ႕စူးမိသားစုက ျမိဳ႕ေတာ္တြင္ အင္အားႀကီး မိသားစုႀကီးထဲက တစ္ခုျဖစ္ေပမယ့္ ဒီေလာက္အရွိန္အဝါႀကီးေသာသူကိုအလြယ္တကူမျမင္ဖူးခဲ့ေပ။ ဒီလူရဲ႕ တည္ရွိမႈက အရမ္းကို ထူးျခားလြန္းျပီး တည္ႀကည္လြန္းလွသည္။သူ႕ေခါင္းကို အျမန္အလုပ္ေပးျပီး စစ္ထုတ္လိုက္ေတာ့ ဒီလိုထူးခြ်န္လြန္းျပီး အရွိန္အဝါႀကီးသည့္လူငယ္က....

"သခင္ေလးဟိန္လား?"

စူးရႊိက္ကသူ႕ကိုေခၚကာ မိတ္ဆက္ရန္ႀကိဳးစားလိုက္သည္။  ဒါေပမယ့္တဖက္လူက သူ႔ကိုလ်စ္လ်ဴရႈၿပီး တျခားေနရာကို သြားေနသည္။

ရႈနင္ဆိုတဲ့ပါရမီရွင္ေလးက..အိုး..ေသလိုက္ပါေတာ့.... သူတုိ႕နွစ္ေယာက္လံုးက ရႈနင္၊ ရႈဟိန္ဆိုေတာ့ မ်ိဳးရိုးတူေနတယ္။အရူးေတာင္မွ သူတို႕က ညီအစ္ကိုဆိုတာ သိနုိင္တယ္။

"အကိုႀကီး..ကြ်န္ေတာ္ ေရငတ္တယ္။ ကြ်န္ေတာ္တို႕ ေအာက္ထပ္ကိုဆင္းႀကေတာ့မလား"

"ေကာင္းၿပီ"

ရႈဟိန္က ရႈနင္၏လက္ကိုကိုင္ကာ နူးညံ့စြာႀကည့္ျပီးေျပာလိုက္သည္။

ရႈနင္က ရႈနင္ကိုတိတ္တခိုးေလး ခုိးၾကည့္ေနစဥ္ စိတ္လက္ႀကည္ေနသည္။  ငါ့ အစ္ကိုႀကီးကအရမ္းကို ေခ်ာလြန္းတယ္... သူက နတ္ဘုရားေတြေတာင္ ထိုင္ငုိေလာက္ေအာင္ကို ဆြဲေဆာင္မႈရွိလွတယ္....  ဟူး....   ~ o (╯□╰) o

စူးလန္႕နွင့္အျခားလူမ်ားတည္ရွိေနသည္ကို ရႈနင္လံုးဝ ဂရုမစိုက္ေပ။ စူးလန္႕လိုလူကို သူ ေနာက္ပိုင္းေအးေအးေဆးေဆးကိုင္တြယ္နုိင္သည္။ စူးလန္႕ဆိုသည့္ ငတံုးက သူ႕အတုိင္းတာကို သူ လံုးဝမသိတတ္သူျဖစ္သည္။သူက ရႈနင္သည္းခံနုိင္သည့္ အေနအထားကို ေက်ာ္လြန္လာခဲ့သည္။ မိုးရြာသည့္ ေန႕တြင္ ရႈနင္အိမ္ကိုျပန္အလာ သူက ကားျဖင့္ ေဘးကအျဖတ္ ရႈနင္ကို ဆိုးဝါးစြာေျပာဆိုေလွာင္ေျပာင္ခဲ့သည္။ေနာက္တေန႕တြင္ စူးလန္႕ရဲ႕ အိတ္ထဲကို အတန္းေခါင္းေဆာင္က အမ်ိဳးသမီးလစဥ္သံုး အထုပ္တထုပ္ကိုတိတ္တဆိတ္ထည့္လိုက္သည္။

ၿပီးေတာ့စူးလန္႕က သူ႔အိတ္ထဲမွာထူးဆန္းတဲ့အရာတစ္ခုခုကို သတိျပဳမိလိုက္ၿပီး ထုတ္ၾကည့္လိုက္ေတာ့ ကံဆိုးျပီးေဘးတြင္ ဆရာအပါအ ၀င္လူအားလုံးဝိုင္းေနႀကည့္ေနခ်ိန္ျဖစ္ေနသည္။ သူတို႕က စူးလန္႕က သူ႕အိတ္ထဲက အမ်ိဳးသမီးလစဥ္သံုးဂြမ္းထုတ္ကို ျမင္လိုက္ခ်ိန္တြင္ အမ်ိဴးသားဆရာ၏မ်က္နွာေပၚတြင္ အနက္ေရာင္လိုင္းမ်ားျဖစ္သြားခဲ့သည္။

စူးလန္႕ကပထမ ဘာမွန္းမသိျဖစ္ကာ ထိုအထုပ္ကို ဖြင့္ႀကည့္လိုက္ျပီးမွ ဘာဆိုတာ သိလိုက္ျပီးရွက္ရွက္နွင့္ထိုဂြမ္းထုပ္ကို လႊင့္ပစ္လိုက္စဥ္ ဆရာ၏ဖိနပ္ေပၚကို က်သြားခဲ့သည္။

ဝမ္းနည္းစရာဆုိတာ ဘာလဲဆိုတာ စူးလန္႕ ေကာင္းေကာင္းသေဘာေပါက္သြားခဲ့ရသည္။ စူးလန္႕ရဲ႕တကိုယ္လံုးေတာင့္တင္းကာ တတန္းလံုးက ေႀကာင္အျပီး သူ႕ကိုေသေလာက္သည့္ အႀကည့္မ်ားျဖင့္ ဝိုင္းႀကည့္တာကို ခံလို္က္ရသည္။

အခုဖက္ရွင္ဆိုင္ထဲတြင္စူးလန္႕က ရႈနင္ကို ေစာ္ကားေမာ္ကားေျပာလိုက္သည့္ စကားကို ရႈနင္က ဂရုမစိုက္ေပမယ့္ ရႈဟိန္ကဂရုမစို္က္ဘူးလို႕ဆိုလိုတာ မဟုတ္ေပ။ သူ အဝတ္လဲခန္းထဲတြင္ ရွိေနစဥ္ စူးလန္႕က နင္နင္ကိုေျပာလိုက္သည္ကိုသူ ေကာင္းေကာင္းႀကားလိုက္ရသည္။

စူးရႊိက္ကသခင္ေလးဟိန္႕၏မ်က္လံုးထဲက ေအးစက္စက္ အရိပ္ေငြ႕ေႀကာင့္ ေနာက္ေက်ာမွ ေခြ်းေစးေတြ ျပန္လာသည္။

  သူ၏သေဘာထားအရ သခင္ေလးဟိန္႕က သူ႕ညီဝမ္းကြဲကိုမေက်နပ္ဘူးဆိုတာ သက္ေသျပေနသည္။ ဒီေကာင္စူးလန္႕က သူ႕ကို တခါတည္းကို  ဒုကၡေပးေနတာပဲ... သူ ဒီအျဖစ္ကိုမသိဟန္ေဆာင္ေနလို႕မျဖစ္ေတာ့ေပ။ စူးလန္႕ရဲ႕မ်္ိဳးရိုးနာမည္က စူးျဖစ္ေနေသာေႀကာင့္ သူေခါင္းေရွာင္လို႕မရပဲ ဝင္ရွင္းရေတာ့မည္။

  စူးရႊိက္က ေဘးကိုလွည့္ကာ သူ႕ညီဝမ္းကြဲ စူးလန္႕ရဲ႕ပါးက္ိုေျဖာင္းခနဲခ်လိုက္သည္။

 "အကိုဝမ္းကြဲ... ကြ်န္ေတာ့္ကိုဘာေႀကာင့္ ရိုက္တာလဲ... ကြ်န္ေတာ္ အိပ္မက္မက္ေနလား.. "

ရုတ္တရက္အရိုက္ခံလိုက္ရေသာေႀကာင့္ စူးလန္႕ေႀကာင္ျပီးသူ႕ဝမ္းကြဲအကိုကိုႀကည့္ လိုက္သည္။ စူးရႊ္ိက္ကငတံုးညီကို ႀကည့္ကာ ေဒါသ အရမ္းထြက္လာသည္။

"ေတာင္းပန္လိုက္စမ္း"

"ဟမ္?"

"ျဖန္း"

ေနာက္ထပ္ရိုက္လိုက္သည့္ရိုက္ခ်က္က အသံက်ယ္က်ယ္ထြက္လာခဲ့သည္။ စူးရႊိက္က သူ႕ညီကို ရိုက္ရာတြင္ လံုးဝ မတြန္႕ဆုတ္ရဲေပ။သူက စူးလန္႕ကို ဆက္တိုက္ရိုက္လိုက္သည္။

တခဏတြင္းစူးလန္႕၏မ်က္ႏွာႏွစ္ဖက္စလုံးကေရာင္ေနၿပီး  ငိုေတာ့မလို သူ၏ႏႈတ္ခမ္းကို ကိုက္လိုက္သည္။

ရႈနင္က ထုိ ျမင္ကြင္းကိုျမင္ေတြ႕ရေတာ့  အလြန္အံ့အားသင့္သြားသည္။ ယုတၱိက်က်ေျပာရရင္စူးမိသားစုက ျမိဳ႕ေတာ္တြင္ အလြန္အစြမ္းထက္သည္ဟုႀကားသည္။ ဒါေပမယ့္သူတို႕က ရႈဟိန္ကို ဘာေႀကာင့္ ဒီေလာက္ေႀကာက္ျပီး မ်က္နွာသာေပးေနရတာလဲ။ စူးရႊိက္က သူတုိ႕အတန္းထဲထိလာခဲ့ျပီး စူးလန္႕က သူ႕ကို တိုက္ခိုက္ေနတာကို ႀကားခဲ့ေပမယ့္ ထိုစဥ္က စူးရႊိက္က  ရႈနင္ ဂရုမစိုက္ခဲ့ေပ။

  သို႔ေသာ္ အခုမွ ရုတ္တရက္ထျပီး သူ႕မိသားစုထဲကအငယ္က ေစာ္ကားေမာ္ကား လုပ္သည့္အေပၚ ထျပီး တရားမွ်တေအာင္လုပ္ေပးေနသည္ဆိုတာ သူက ေနာက္ပိုင္းရႈဟိန္က သူတုိ႕ကို ကလဲ့စားေခ်မည္ကို ေႀကာက္လို႕ဆိုတာ ေသခ်ာသည္။

ရႈနင္ကေမးေစ့ကိုထိလိုက္သည္။

ထူးဆန္းေနတယ္... ​​စူးရႊိက္က လူတစ္ေယာက္နဲ႕ ရႈဟိန္ကို လူမွားတာလား။   သူ႕အကိုႀကီးကအနာဂတ္တြင္  C ျမိဳ႕ေတာ္ ၏အႀကီးအကဲျဖစ္လာျပီးေတာ့ျမိဳ႕ေတာ္မွာလည္း လုပ္ငနး္မ်ား ပို္င္ဆိုင္လာမည္ျဖစ္သည္။

 သူမသိေသးတဲ့ ဖုံုးကြယ္ထားတဲ့ အရာတခုခုရွိေနတာလား။သူ႕အကိုႀကီးက တတိယမ်ိဳးဆက္သူေဌးလား၊ နုိင္ငံေတာ္ရဲ႕အေရးပါတဲ့ ေအးဂ်င့္လား။ ဒါမွမဟုတ္ႀသဇာႀကီးမားတဲ့ မိသားစုႀကီးရဲ႕ အေမြဆက္ခံသူလား?  

ငါအရမ္းေတြးေနတာျဖစ္မယ္

စူးလန္႕ကပါး ထပ္ရိုက္ခံလိုက္ရျပီးေနာက္ ေတာင္းပန္စကားဆိုလာသျဖင့္ ရႈနင္ အေတြးထဲ နိုးထလာခဲ့သည္။

ရႈနင္က ေခါင္းညိတ္လိုက္သည္။ စူးလန္႕ကို အာရုံစိုက္ဖုိ႕ပင္  လတ္တေလာ သူအရမ္းပ်င္းေနမိသည္။

 သူ႕ဝမ္းကြဲအကိုက ရိုက္လိုက္သျဖင့္ စူးလန္႕ေတာင္းပန္ျပီးေနာက္ရႈနင္က ရႈဟိန္ကိုေျပာလိုက္သည္။

"အကိုႀကီးကြ်န္ေတာ္ ေရငတ္ေနျပီ။ သြားႀကစို႕"

 " ေကာင္းၿပီ၊ သြားၾကစို႔"

သူ႕ညီေလးေရငတ္ေနေသာေႀကာင့္ ရႈဟိန္က စကၠန႔္ပိုင္းပင္ေႏွာင့္ေႏွးမည္မဟုတ္ေပ။

အေရာင္းစာေရးသည္အလြန္လ်င္ျမန္စြာ လုပ္ကို္င္ေပးျပီး ရိုေသစြာကမး္ေပးကာ ေျပာလိုက္သည္။

 " ေက်းဇူးတင္ပါတယ္။ ေက်းဇူးျပဳျပီးေနာက္တစ္ေခါက္လာေရာက္အားေပးပါဦးခင္ဗ်ာ  ဒီ အဝတ္ေတြ ကြ်န္ေတာ္တို႕ လိုက္ပို႕ေပးပါ့မယ္!"

ရႈဟိန္ကလူ တိုင္းကိုလ်စ္လ်ဴရႈခဲ့သည္။ သူသည္ ရႈနင္ ၏လက္ကိုကိုင္ကာဖြဖြေလး ညႇစ္လိုက္သည္။ နင္နင္ေလးက ထြားလာျပီပဲ။  အရပ္လည္းပိုရွည္လာျပီး ပိုေလးလာျပီ။ ဒါေပမယ့္ နင္နင္ဘယ္္လိုႀကီးလာပါေစ။ သူ႕ရင္ထဲက နင္နင္ေပၚ ထားသည့္ အခ်စ္နွင့္ ခံစားခ်က္က ဘယ္ေတာ့မွ ေျပာင္းလဲမည္မဟုတ္ေပ။

သူ႔ခံစားခ်က္ေတြလည္းသူ႔စိတ္ႏွလုံးထဲအျမစ္တြယ္ေနေလျပီ။

စူးရႊိက သူတို႔ကိုရပ္တန႔္ ေစရန္ မလုပ္ရဲခဲ့ဘူး၊ သူကၿပဳံးျပၿပီးၿပဳံး႐ႊင္စြာျဖင့္နူတ္ဆက္ဟန္ႀကည့္လိုက္သည္။ သူ႕လို စူးမိသားစုႀကီး၏ သခင္ေလးအေနျဖင့္ သူက အရမ္းကို နိမ့္ခ်တာမ်ိဳးေတာ့လုပ္မည္မဟုတ္ေပ။

ရႈဟိန္က အဆံုးထိသူ႕ကို အင္း ဟုသာ ေျပာျပီးထြက္သြားခဲ့သည္။

အရမ္းလန္းလြန္းတယ္။ အရမ္းမိုက္လြန္းတယ္။

ရႈနင္ ၏မ်က္လုံးမ်ားကေတာက္ပေနၿပီး ရႈဟိန္ ကို သူ အရမ္းေလးစားမိသြားသည္။ သူ႕အကိုႀကီးေရွ႕တြင္ ရွိသည့္အရာရာတိုင္းသည္ ဘာမွ အေရးမပါသလို သူ႕ကို စိတ္ပူေအာင္ မလုပ္နိုင္ခဲ့ေပ။

 "ဘာမွားလို႔လဲ?"

"ဘာမွမဟုတ္ဘူး "

စက်င္ေက်ာက္ၾကမ္းခင္းေတြေၚ ညီအစ္ကိုနွစ္ေယာက္ လက္ခ်င္းတြဲကာေအးေအးလူလူေလွ်ာက္ေနျပီး ရႈနင္က ေျပာလိုက္သည္။

  "အကုိႀကီးက အေကာင္းဆုံးလို႔ကြ်န္ေတာ္ ထင္တယ္"

"မင္းအခုမွသိတာလား ?"

ရႈနင္က ဘာမွျပန္မေျပာေပမယ့္သူ႕ကိုဆုပ္ကို္င္ထားသည့္အကိုႀကီးရဲ႕လက္ဖဝါးကို လက္ေခ်ာင္းေလးေတြျဖင့္ ကုတ္ျခစ္လိုက္ကာသူ႕ခံစားခ်က္ကို ထုတ္ေဖာ္လိုက္သည္။

ရႈဟိန္၏လည္ေခ်ာင္းကခ်က္ခ်င္းေျခာက္ေသြ႕လာျပီး ေရငတ္လာသလို ခံစားလိုက္ရသည္။ ဒီကေလးက တေန႕ထက္ တေန႕ပုိပိုခ်စ္စရာေကာင္းလာသည္။ဒီပံုစံနဲ႕ဆုိရင္ သူ႕ထိန္းခ်ဳပ္နို္င္စြမ္းကို စိန္ေခၚေနသလိုပင္။ ရႈဟိန္က သူ႕ရင္ထဲကမီးေတာက္ကို ျငိမ္းဖို႕ အာရံုလႊဲလို္က္သည္။

 " ေရခဲမုန႔္စားခ်င္လား"

အကိုႀကီးရဲ႕ေမးသံကိုႀကားေတာ့ရႈနင္က မယုံႏိုင္ေလာက္ေအာင္ျဖစ္လာသည္။

"အစ္ကိုႀကီးက အေကာင္းဆုံးပဲ!"

ကေလးေလးက အရမ္းကို ေပ်ာ္လိုက္တာ။

ဒါကိုႀကည့္ျပီးရႈဟိန္လည္းေပ်ာ္သြားသည္။ သူ႕ငတံုးညီေလးနွင့္ ဘယ္လို ဆက္လုပ္ရမည္ကို မသိျဖစ္ေနမိသည္။

စူးရႊိက္သည္အေဝးတြင္ရပ္ကာ  သူတို႔ႏွစ္ ဦး ကိုေထာင့္ခ်ိဳးဘက္သို႔ ဝင္ေရာက္ေပ်ာက္ကြယ္သြားသည္ကိုၾကည့္ေနသည္။

ရႈဟိန္နဲ႕ရႈနင္က တမိသားစုထဲကပဲ...ဘုရား..ဘုရား... ငါ ဘာေႀကာင့္ အေစာႀကီးကတည္းက သတိမထားမိလိုက္တာလဲ....

 သူကဒီကိစၥကိုေစာေစာစီးစီးကတည္းကစံုစမ္းထားသင့္သည္။ မဟုတ္ရင္ ဒီေန႕လို အရွက္ကြဲစရာျဖစ္္လာမည္မဟုတ္ေပ။ အျပစ္တင္ရမယ္ဆိုရင္ေသာက္သံုးမက်တဲ့ သူ႕ညီဝမ္းကြဲ စူးလန္႕ကို အျပစ္တင္ရမယ္။ ဒီေကာင္က လံုးဝ အသံုးမက်တဲ့ေကာင္။ေရွ႕ေလွ်ာက္ တြဲလို႕ မျဖစ္ေတာ့ေပ။

ထိုကဲ့သို႔ေသာကံၾကမၼာေတြနဲ႕ ႀကံဳရတာ တစ္ခါတစ္ရံ အေတာ္ေလးအံ့ၾသဖို႕ေကာင္းလွသည္။

စူးလန္႕ကေကာင္းကင္ျပိဳက်သလို နွာတရံႈ႕ရံႈ႕နဲ႕ငိုေႀကြးေနစဥ္ သူ႕ေကာင္မေလးက သူ႕ကိုနွစ္သိမ့္ေပးေပမယ့္ပါးတခ်က္သာ အရိုက္ခံလိုက္ရသည္။ ထိုေကာင္မေလးလည္း အရိုက္ခံရသည့္ေနရာကို ကိုင္ကာ မ်က္ရည္က်ေနသည္။

စူးရႊိက္ကစူးလန္႕ျဖစ္ပ်က္ေနသည္ကို လံုးဝ ဂရုမစိုက္ေပ။ အေရာင္းစာေရးကလည္း သူတို႕ကို လ်စ္လ်ဴရႈထားသည္။

ပထမထပ္ရွိစားေသာက္ဆိုင္တစ္ခုထဲတြင္ ညီအစ္ကိုႏွစ္ေယာက္နီးနီးကပ္ကပ္ထိုင္ေနသည္။အစ္ကိုႀကီးသည္မင္းသားေလးကဲ့သို႔ေခ်ာေမာလွၿပီး အေဝးကပင္ ထင္းလို႕ေနသည္။ ညီငယ္ေလးကအသားျဖဴျဖဴစင္စင္နွင့္ ရွင္းသန္႕လို႕ေနသည္။ ဆုိင္ဝန္ထမ္းေတြက မသိမသာ အေဝးကေန ထိုညီအကိုကိုေခ်ာင္းႀကည့္ေနႀကသည္။ ညီငယ္ေလးရဲ႕ ဆံပင္ပံုစံက အရမ္းလိုက္ဖက္ကာ မဟာဆန္လွသျဖင့္ သူတုိ႕ကေငးႀကည့္လိုက္ ျပံဳးလိုက္ လုပ္ေနမိႀကသည္။

 "အကိုႀကီး အဲ့လို ပံုစံေတြကို သေဘာက်သလားဟင္"

စူးလန္႕တို႕အဖြဲ႕နွင့္ပါလာသည့္အရြယ္ေရာက္ျပီး မိန္းမပ်ိဳေလးေတြကို သူ႕အကိုႀကိီးမ်ား စိတ္ဝင္စားသလားဆိုတာ သိခ်င္သြားမိသည္။

" မင္းဘာေၾကာင့္ အဲ့ဒီလို ထင္ခဲ့တာလဲ"

တကယ္ေတာ့အကိုႀကီးကို မိန္းကေလးေတြက ဆြဲေဆာင္ျပီး အေဝးကို ေခၚသြားမွာကို ေႀကာက္ေနမိသည္။  ရင့္က်က္တဲ့အလွအပရဲ႕စြမ္းအားကိုေလွ်ာ့မတြက္သင့္ဘူး၊သူတို႔ဆီကေန႐ိုး႐ိုးေလးအၿပဳံးတစ္စုံတစ္ရာဟာ စိတ္ကူးယဥ္ဆန္ဆန္ခ်စ္ျမတ္ႏိုးမႈေတြနဲ႕နွလံုးသားကို ညိႈ႕ယူသြားနိုင္သည္။

စိတ္ပ်က္စရာေကာင္းေပမယ့္အရင္အတိတ္ဘဝတုန္းက သူေသသြားခ်ိန္အထိ သူ႕အကို ရႈဟိန္က အိမ္ေထာင္မျပဳခဲ့ေပ။ အခုဘဝတြင္လည္းအကိုႀကီး အိမ္ေထာင္မျပဳရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲ။

သူ႕အကိုကိုဘယ္သူနဲ႕မွ လက္မထပ္ေစခ်င္သည့္ စိတ္က ရႈနင္ရင္ထဲဝင္လာခဲ့သည္။

သူကလက္မထပ္ရဖို႔ငါဘာေၾကာင့္ေမွ်ာ္လင့္ေနတာလဲ။ သူက ငါနဲ႔အတူအၿမဲေနႏိုင္မယ္ဆိုရင္ ေကာင္းတာေပါ့... ဒါေပမယ့္ ဒါကတစ္ကိုယ္ေကာင္းဆန္လြန္းတယ္

ရႈနင္ သည္ေရခဲမုန႔္တစ္ဇြန္းကို ရႈဟိန္ကို အျမန္ေကြၽးေမြးခဲ့သည္။သူ ခုလို ေရခဲမုန္႕စားရတာ သူ႕အကိုႀကီးက သေဘာေကာင္းလို႕ဆုိတာ သူ မေမ့ေပ။

 ရႈဟိန္ရဲ႕ အႀကည့္ေတြက တျဖည္းျဖည္း အရည္ေပ်ာ္ကာ ေႏြးေထြးလာခဲ့သည္။

သူ႕အကိုက အေခ်ာအလွေတြကို စိတ္မဝင္စားဘူးဆိုတာ သိရလို႕သူ႕ရင္ထဲ စိတ္သက္သာရာရသြားခဲ့သည္။  

  သူ႔အစ္ကိုက အရမ္းခ်စ္ဖို႔ေကာင္းတယ္။ဒါေၾကာင့္သူက သူတစ္ပါးရဲ႕အာ႐ုံကိုဖမ္းစားနုိင္တယ္ဆုိတာ သဘာဝပဲလို႕ရႈနင္မွတ္ယူလိုက္သည္။

ရႈဟိန္က ရႈနင္ခြံေကြ်းေသာေရခဲမုန္႕ကို စားျပီး သူ႕မ်က္လံုးေတြ နက္ေမွာင္သြားသည္။ ရႈနင္က အကိုႀကီးကို ခြံ႕ေကြ်းျပီးသူ႕အတြက္ ေရခဲမုန္႕တလုတ္ခပ္ကာ ပါးစပ္ထဲထည့္လိုက္သည္။

ဒါကသြယ္ဝိုက္အနမ္းပဲ ဆုိတာ ဘယ္အခ်ိန္မွရႈနင္ နားလည္မွာလဲ။

ေရခဲမုန႔္စားျပီးသြားတဲ့အခါ ဖိနပ္အခ်ိဳ႕ကိုလည္းလိုက္ၾကည့္ၾကသည္။ ဖိနပ္ဝယ္ျပီးေတာ့ ေန႕လည္ တစ္နာရီျဖစ္ေနျပီ။သူတို႕ မနက္စာ စားတာ ေနာက္က်ေပမယ့္ ေစ်းပတ္ေနတာေႀကာင့္ ကေလးေလးလည္း ဆာေလာက္ျပီ။

  ပထမထပ္တြင္အစားအစာေကာင္းမ်ားရွိေသာ္လည္း လူေတြမ်ားလြန္းသည္။ ရႈဟိန္က ရႈနင္ကို ႀကည့္လိုက္သည္။ ရႈနင္က လူရႈပ္သည့္ေနရာကိုမႀကဳိက္ေပ။

  "ေဟာ့ေပါ့ စားႀကရင္ ဘယ္လိုလဲ?"

ေယဘုယ်အားျဖင့္သူတို႔သည္ ေဟာ့ေပါ့ကိုအိမ္တြင္ ခ်က္စားေလ့ သိပ္မရွိႀကေပ။ တအိုးတည္းတြင္ ခ်က္ျပီး လူတိုင္း နွိက္စားတာ က်န္းမာေရးအရမသင့္ေလ်ာ္ဘူးဟု ထင္ေသာေႀကာင့္ ခ်င္ယြိက်ိဳးက ခ်က္ခုိင္းေလ့မရွိေပ။

ရႈနင္က ျပံဳးကာေခါင္းျငိမ့္လိုက္ေပမယ့္ သတိရကာ ေမးလိုက္သည္။

 "အစ္ကိုႀကီးက အစပ္ မစားနုိင္ဘူးမဟုတ္လား ?"

***************-***********




Chapter (69-2) _ "အစ်ကိုကြီးက အစပ် မစားနိုင်ဘူးမဟုတ်လား ?" (Z+U)

နက်ဖြန်နံနက်စောစောထကာ သူတို့ မနက်စာစားကြသည်။ မနက် 10 နာရီထိုးလို့ ကုန်တိုက်ဖွင့်ချိန်ရောက်မှ ရှုဟိန်နှင့် ရှုနင်တို့ ဈေးဝယ်ထွက်ကြသည်။ ရှုဟိန်က ရှုနင်အတွက် အဝတ်စားတချို့ဝယ်လိုက်သည်။ ပြီးရင် သူတို့ ချိန်းတွေ့သလို တခုခုသွားစားကြဖို့ရည်ရွယ်ထားကြသည်။
  သူတို့ဘိုးဘွားပိုင်အိမ်ကြီးသို့ပြန်သွားသောအခါ မျက်လုံးများစွာက သူတို့ကိုစောင့်ကြည့်နေမည်ဖြစ်ရာ အခန်းတစ်ခန်းတည်း၌ ငြိမ်ငြိမ်လေး နေနေရမည်ဖြစ်သည်။  တကယ်လို့များ အဲ့လိုဖြစ်ခဲ့ရင် ရှုနင် အရမ်းစိတ်ညစ်လောက်သည်။
အခုကြည့်စမ်း။ ဈေးဝယ်ထွက်ပြီး အပြင်မှာလျှောက်သွားရတာကို သူ့ညီလေး ဘယ်လောက်တောင် ပျော်နေလိုက်သလဲ...။
သူတို့ဟာအမျိုးသားဝတ် ဖက်ရှင်ဆိုင်အချို့ကိုကြည့်ပြီး အဝတ်တချို့က ရှုဟိန်၏ အမြင်အာရုံကို ဖမ်းစားသွားသည်။  ခုတလော  လူကြိုက်များသောဆွယ်တာအင်္ကျီတစ်ထည်ဖြစ်ပြီး ထိုဆွယ်တာကို သူကြည့်လိုက်သည်။ သူက ဆွယ်တာကို စစ်ဆေးလိုက်တော့ အသားက အတော်နူးညံ့ပြီး ထိုးထားသည့် အဆင်ဒီဇိုင်းကလည်း သွက်လက်သည်။ ဒီလို ဆင်တူ ၂ ထည်ဝယ်ပြီး သူတို့ စုံတွဲဝတ်စုံလို ဝတ်လိုက်ရရင် မဆိုးဘူးဟု တွေးမိသည်။
ရှုဟိန်က မျက်လုံးကို မှေးကာ ထိုဆွယ်တာကိုကြည့်နေစဉ် ပါးနပ်သောအရောင်းစာရေးက အမြန်ပြေးလာပြီး   ကုန်ပစ္စည်းကိုမိတ်ဆက်ပေးရန်အ လျင်အမြန်ရောက်လာတော့ အနားကိုရှုနင်လည်း ရောက်လာသည်။

"အစ်ကိုကြီးက အမြင်ရှိတာပဲ။ ဒီဆွယ်ကာ ရိုးရှင်းတယ်၊ စတိုင်ကျပြီး ပေါ့ပေါ့ပါးပါးရှိတယ်။ "

"မင်းကြိုက်လား?"

"အမ်း"
အကိုကြီးဝယ်ပေးသည့် လက်ဆောင်တိုင်းကို ကျွန်တော် ကြိုက်တယ်။
 စာရေးကလည်း အရမ်းကို သွက်သည်။ သူမက ဆိုဒ်သေးတထည်ကို ချက်ချင်းရှာပြီး ရှုနင်ကို ကမ်းပေးကာ အဝတ်လဲခန်းတွင် စမ်းဝတ်ကြည့်ရန် တိုက်တွန်းလိုက်သည်။ ရှုနင်က ဆွယ်တာကို ကိုင်လိုက်စဉ် နူးညံ့သော အထိအတွေ့ကြောင့် ကျေနပ်သွားသည်။

 အဝတ်လဲခန်းထဲတွင်ပြောင်းဝတ်ကြည့်ပြီးနောက် ရှုနင်က အပြင်ထွက်လာပြီး ကိုယ်လုံးပေါ်မှန်တွင် ကိုယ့်ဖာသာကြည့်လိုက်သည်။    V ပုံစံ လည်ပင်းကော်လာနဲ့အတူ အတွင်းပိုင်က ဝတ်ထားသည့် အဖြူရောင်ရှပ်အင်္ကျီနဲ့ လိုက်ဖက်ပြီး ကြည့်ကောင်းတာကြောင့် ရှုနင်၏မျက်လုံးလေး တောက်ပသွားသည်။

ထိုဆိုင်ထဲကို ဝင်လာသည့် စူးလန့်က ရှုနင်ကို တွေ့လိုက်စဉ် နူတ်ခမ်းကို တွန့်ရွဲ့ကာ ဆိုးဝါးစွာ ထုတ်ပြောလိုက်သည်။
 
" ငါ့ကို အတော်ကံဆိုးနေတာပဲ.. သွားလေရာတိုင်း ဒီကောင်နဲ့ချည်းတိုးနေတယ်... ဖာ့ခ်ပဲ... "

အလွန်ချစ်စရာကောင်းသောမိန်းကလေးတစ် ဦး သည် စူးလန့်ရဲ့ လက်မောင်းကို တွဲခိုကာ ခေါင်းလေးကို စောင့်ငဲ့ကာ ရှုနင်ကို အကဲခတ်ရင်းမေးလိုက်သည်။
 " ဒါ ဘယ်သူလဲ။ ရှင့်ရဲ့ အသိလား "

"ငါ့ အသိဆိုတာထက် ဒီကောင်က ငါ့ရန်သူလို့ပြောလို့ရတယ်။ ဘယ်လိုလုပ်ပြီး ကျက်သရေတုံးကောင်နဲ့ အပြင်မှာလာဆုံရတယ် မသိတော့ဘူး။  "

စူးလန့်က မလိုတမာ စကားပြောနေစဉ် စူးရွှိက်က အထက်တန်းလွှာက သခင်လေး အတော်များများကို ဦးဆောင်ကာ ထိုအမျိုးသားဝတ်ဖက်ရှင်ဆိုင်ထဲကို ဝင်လာခဲ့သည်။ သူတို့တယောက်ချင်းဆီက လှပသော ကောင်မလေးတွေကို ကိုယ်စီတွဲထားပြီ းမိန်းကလေးအားလုံးက မိတ်ကပ်လိမ်းခြယ်ကာ သေချာဝတ်စားထားကြသည်။  ဒီမိန်းကလေးတွေက လူကြိုက်များတဲ့မိန်းကလေးတွေလိုပဲ သူတို့ဘယ်လိုပဲကြည့်ကြည့် အားလုံး ရှော့ပင်ထွက်လာကြမှန်းသိသာသည်။  

ရှုနင်လား?
ရှုရွှိက်က ဒီပါရမီရှင် ချာတိတ်လေးကို နည်းနည်းစိတ်ဝင်စားနေသည်။

စူးလန်သည် မနာလိုစိတ်ဖြင့် လေသံက ပိုမိုမာထန်ပြီး ခပ်တင်းတင်းပြောလိုက်သည်။
   "ကောင်လေး၊ မင်း ဒီမှာအဝတ်အစားတွေ လာဝတ်ကြည့်နေရအောင် မင်းနဲ့တော်တဲ့ ဆိုဒ်ရှိလို့လား၊ ဒါက အမျိုးသားအဝတ်အထည်ဆိုင်ကွ။ မင်းကိုယ်နဲ့တော်မယ့် ကလေးအဝတ်စားဆိုင်က အောက်ထပ်မှာရှိတယ်။ အဲ့ကို လစ်လိုက် "

မိန်းကလေးများစွာသည်ပြုံးပြုံးရွှင်ရွှင်ဖြင့် ရှုနင် ကိုကြည့်ရှုစစ်ဆေးနေကြသည်။ သို့သော် သူနှင့် တိုက်ရိုက်စကားပြောရန် မဝံ့ရဲကြပေ။ ပထမအချက်က သူတို့တွေက အရူးတွေမဟုတ်ဘူး၊ ဒုတိယကတော့ ဘယ်သူ့ကိုမှ မပြစ်မှားမိချင်ဘူး၊ ဒီမှာက အဝတ်တွေကအရမ်းဈေးကြီးတယ်၊ အပေါ်ထပ်မှာ ဈေး ၀ ယ်တဲ့သူတွေက ချမ်းသာတဲ့လူတွေဖြစ်ပြီး ဒီကလေးဆီမှာ သေချာပေါက် အင်အားကြီးသည့် နောက်ခံရှိမည်ဆိုတာကို သူတို့ သဘောပေါက်ကြသည်။
 
စူးလန့်ရဲ့ရည်းစားက ဦးနှောက်မရှိသူဖြစ်ပြီး မေးစေ့ကို ပင့်မကာ ခပ်နှိမ်နှိမ်ဖြင့် ရှုနင်ကိုကြည့်ကာ ပြောလိုက်သည်။
  "ဟေ့ကလေး၊ မင်းမိဘတွေဘယ်မှာလဲ။ မင်း သူတို့နဲ့ လူကွဲသွားရင် မကောင်းဘူးနော် "

စူးလန့်က သူ့ရည်းစားနှင့်အတူရယ်မောနေစဉ် စူးရွှိက်က မျက်မှောင်ကြုတ်ကာ စကားပြောချင်သော်လည်း အဝတ်လဲခန်းတစ်ခန်း၏ တံခါးပွင့်လာပြီး ရှုဟိန်ထွက်လာသည်။
 ရှုဟိန်လား...

ရှုဟိန်သည်ထူးခြားသောသူဖြစ်ပြီး သူ့ကိုယ်မှ ထူးခြားသော အရောင်အဝါများထုတ်လွှင့်နေကာ သူ့ပုံစံက ပြိုင်ဖက်ကင်းကာ သူများထက် မာန်မာနကြီးပုံက အထင်းသားပေါ်လွင်နေသည်။ သူသွားလေရာကို လူတိုင်းက ဝိုင်းကြည့်နေမိအောင် ဆွဲဆောင်နိုင်လွန်းပြီး သူ့ဆီက ရေခဲတောင်ကဲ့သို့အေးစက်စက် အငွေ့အသက်တို့ထုတ်လွှတ်နေသဖြင့် ကြည့်မိသူတိုင်း ပင့်သက်ရှိုက်ကာ ကြာကြာစိုက်မကြည့်ရဲအောင် ဖိအားကို ခံစားလိုက်ရသည်။
 
အရမ်းကို သန်စွမ်းလွန်းတယ်!

သူတို့မိသားစုများတွင်အင်အားအကောင်းဆုံးက မိသားစုကို အုပ်ချုပ်သည့် အသက်အကြီးဆုံးလူများသာဖြစ်ပေမယ့် ရှုဟိန်က ဘယ်လိုဖြစ်ပြီး  သူငယ်ငယ်လေးကတည်းက ထိုကဲ့သို့သောအာဏာရှိသည့် အရှိန်အဝါမျိုးထုတ်လွှတ်နေနိုင်တာလဲ။ ဒါကိုကြည့်ရင ်သူက နှယ်နှယ်ရရတော့မဖြစ်နိုင်ပေ။
 သူက ဘယ်သူလဲ.... ဟု ဒီလူငယ်စုက စဉ်းစားနေကြသည်။
စူးရွှိက်၏မျက်သားများကျုံ့သွားခဲ့သည်။ သူတို့စူးမိသားစုက မြို့တော်တွင် အင်အားကြီး မိသားစုကြီးထဲက တစ်ခုဖြစ်ပေမယ့် ဒီလောက်အရှိန်အဝါကြီးသောသူကို အလွယ်တကူမမြင်ဖူးခဲ့ပေ။ ဒီလူရဲ့ တည်ရှိမှုက အရမ်းကို ထူးခြားလွန်းပြီး တည်ကြည်လွန်းလှသည်။ သူ့ခေါင်းကို အမြန်အလုပ်ပေးပြီး စစ်ထုတ်လိုက်တော့ ဒီလိုထူးချွန်လွန်းပြီး အရှိန်အဝါကြီးသည့် လူငယ်က....

"သခင်လေးဟိန်လား?"
စူးရွှိက်က သူ့ကိုခေါ်ကာ မိတ်ဆက်ရန်ကြိုးစားလိုက်သည်။  ဒါပေမယ့် တဖက်လူက သူ့ကိုလျစ်လျူရှုပြီး တခြားနေရာကို သွားနေသည်။
ရှုနင်ဆိုတဲ့ ပါရမီရှင်လေးက..အိုး..သေလိုက်ပါတော့.... သူတို့နှစ်ယောက်လုံးက ရှုနင်၊ ရှုဟိန်ဆိုတော့ မျိုးရိုးတူနေတယ်။ အရူးတောင်မှ သူတို့က ညီအစ်ကိုဆိုတာ သိနိုင်တယ်။

"အကိုကြီး.. ကျွန်တော် ရေငတ်တယ်။ ကျွန်တော်တို့ အောက်ထပ်ကိုဆင်းကြတော့မလား "
"ကောင်းပြီ"
ရှုဟိန်က ရှုနင်၏လက်ကိုကိုင်ကာ နူးညံ့စွာကြည့်ပြီးပြောလိုက်သည်။

ရှုနင်က ရှုနင်ကို တိတ်တခိုးလေး ခိုးကြည့်နေစဉ် စိတ်လက်ကြည်နေသည်။  ငါ့ အစ်ကိုကြီးက အရမ်းကို ချောလွန်းတယ်... သူက နတ်ဘုရားတွေတောင် ထိုင်ငိုလောက်အောင်ကို ဆွဲဆောင်မှုရှိလှတယ်....  ဟူး....   ~ o (╯□╰) o

စူးလန့်နှင့် အခြားလူများတည်ရှိနေသည်ကို ရှုနင်လုံးဝ ဂရုမစိုက်ပေ။ စူးလန့်လိုလူကို သူ နောက်ပိုင်း အေးအေးဆေးဆေးကိုင်တွယ်နိုင်သည်။ စူးလန့်ဆိုသည့် ငတုံးက သူ့အတိုင်းတာကို သူ လုံးဝမသိတတ်သူဖြစ်သည်။ သူက ရှုနင်သည်းခံနိုင်သည့် အနေအထားကို ကျော်လွန်လာခဲ့သည်။ မိုးရွာသည့် နေ့တွင် ရှုနင် အိမ်ကိုပြန်အလာ သူက ကားဖြင့် ဘေးကအဖြတ် ရှုနင်ကို ဆိုးဝါးစွာပြောဆိုလှောင်ပြောင်ခဲ့သည်။ နောက်တနေ့တွင် စူးလန့်ရဲ့ အိတ်ထဲကို အတန်းခေါင်းဆောင်က အမျိုးသမီးလစဉ်သုံး အထုပ်တထုပ်ကို တိတ်တဆိတ်ထည့်လိုက်သည်။

ပြီးတော့ စူးလန့်က သူ့အိတ်ထဲမှာထူးဆန်းတဲ့အရာတစ်ခုခုကို သတိပြုမိလိုက်ပြီး ထုတ်ကြည့်လိုက်တော့ ကံဆိုးပြီးဘေးတွင် ဆရာအပါအ ၀ င်လူအားလုံးဝိုင်းနေကြည့်နေချိန်ဖြစ်နေသည်။ သူတို့က စူးလန့်က သူ့အိတ်ထဲက အမျိုးသမီးလစဉ်သုံး ဂွမ်းထုတ်ကို မြင်လိုက်ချိန်တွင် အမျိူးသားဆရာ၏မျက်နှာပေါ်တွင် အနက်ရောင်လိုင်းများဖြစ်သွားခဲ့သည်။

စူးလန့်က ပထမ ဘာမှန်းမသိဖြစ်ကာ ထိုအထုပ်ကို ဖွင့်ကြည့်လိုက်ပြီးမှ ဘာဆိုတာ သိလိုက်ပြီးရှက်ရှက်နှင့် ထိုဂွမ်းထုပ်ကို လွှင့်ပစ်လိုက်စဉ် ဆရာ၏ဖိနပ်ပေါ်ကို ကျသွားခဲ့သည်။

ဝမ်းနည်းစရာဆိုတာ ဘာလဲဆိုတာ စူးလန့် ကောင်းကောင်း သဘောပေါက်သွားခဲ့ရသည်။ စူးလန့်ရဲ့တကိုယ်လုံးတောင့်တင်းကာ တတန်းလုံးက ကြောင်အပြီး သူ့ကို သေလောက်သည့် အကြည့်များဖြင့် ဝိုင်းကြည့်တာကို ခံလိုက်ရသည်။

အခုဖက်ရှင်ဆိုင်ထဲတွင် စူးလန့်က ရှုနင်ကို စော်ကားမော်ကားပြောလိုက်သည့် စကားကို ရှုနင်က ဂရုမစိုက်ပေမယ့် ရှုဟိန်က ဂရုမစိုက်ဘူးလို့ဆိုလိုတာ မဟုတ်ပေ။ သူ အဝတ်လဲခန်းထဲတွင် ရှိနေစဉ် စူးလန့်က နင်နင်ကိုပြောလိုက်သည်ကို သူ ကောင်းကောင်းကြားလိုက်ရသည်။

စူးရွှိက်က သခင်လေးဟိန့်၏မျက်လုံးထဲက အေးစက်စက် အရိပ်ငွေ့ကြောင့် နောက်ကျောမှ ချွေးစေးတွေ ပြန်လာသည်။
  သူ၏သဘောထားအရ သခင်လေးဟိန့်က သူ့ညီဝမ်းကွဲကို မကျေနပ်ဘူးဆိုတာ သက်သေပြနေသည်။ ဒီကောင်စူးလန့်က သူ့ကို တခါတည်းကို  ဒုက္ခပေးနေတာပဲ... သူ ဒီအဖြစ်ကို မသိဟန်ဆောင်နေလို့မဖြစ်တော့ပေ။ စူးလန့်ရဲ့မျိုးရိုးနာမည်က စူးဖြစ်နေသောကြောင့် သူ ခေါင်းရှောင်လို့မရပဲ ဝင်ရှင်းရတော့မည်။

  စူးရွှိက်က ဘေးကိုလှည့်ကာ သူ့ညီဝမ်းကွဲ စူးလန့်ရဲ့ပါးကို ဖြောင်းခနဲချလိုက်သည်။

 "အကိုဝမ်းကွဲ... ကျွန်တော့်ကို ဘာကြောင့် ရိုက်တာလဲ... ကျွန်တော် အိပ်မက်မက်နေလား.. "
ရုတ်တရက် အရိုက်ခံလိုက်ရသောကြောင့် စူးလန့်ကြောင်ပြီးသူ့ဝမ်းကွဲအကိုကိုကြည့် လိုက်သည်။ စူးရွှိက်က ငတုံးညီကို ကြည့်ကာ ဒေါသ အရမ်းထွက်လာသည်။

"တောင်းပန်လိုက်စမ်း"
"ဟမ်?"
"ဖြန်း"
နောက်ထပ်ရိုက်လိုက်သည့် ရိုက်ချက်က အသံကျယ်ကျယ်ထွက်လာခဲ့သည်။ စူးရွှိက်က သူ့ညီကို ရိုက်ရာတွင် လုံးဝ မတွန့်ဆုတ်ရဲပေ။ သူက စူးလန့်ကို ဆက်တိုက်ရိုက်လိုက်သည်။

တခဏတွင်း စူးလန့်၏မျက်နှာနှစ်ဖက်စလုံးကရောင်နေပြီး  ငိုတော့မလို သူ၏နှုတ်ခမ်းကို ကိုက်လိုက်သည်။

ရှုနင်က ထို မြင်ကွင်းကိုမြင်တွေ့ရတော့  အလွန်အံ့အားသင့်သွားသည်။ ယုတ္တိကျကျပြောရရင် စူးမိသားစုက မြို့တော်တွင် အလွန်အစွမ်းထက်သည်ဟုကြားသည်။ ဒါပေမယ့် သူတို့က ရှုဟိန်ကို ဘာကြောင့် ဒီလောက်ကြောက်ပြီး မျက်နှာသာပေးနေရတာလဲ။ စူးရွှိက်က သူတို့အတန်းထဲထိ လာခဲ့ပြီး စူးလန့်က သူ့ကို တိုက်ခိုက်နေတာကို ကြားခဲ့ပေမယ့် ထိုစဉ်က စူးရွှိက်က  ရှုနင် ဂရုမစိုက်ခဲ့ပေ။
  သို့သော် အခုမှ ရုတ်တရက်ထပြီး သူ့မိသားစုထဲက အငယ်က စော်ကားမော်ကား လုပ်သည့်အပေါ် ထပြီး တရားမျှတအောင်လုပ်ပေးနေသည်ဆိုတာ သူက နောက်ပိုင်း ရှုဟိန်က သူတို့ကို ကလဲ့စားချေမည်ကို ကြောက်လို့ဆိုတာ သေချာသည်။

ရှုနင်ကမေးစေ့ကိုထိလိုက်သည်။
ထူးဆန်းနေတယ်... စူးရွှိက် က လူတစ်ယောက်နဲ့ ရှုဟိန်ကို လူမှားတာလား။   သူ့အကိုကြီးက အနာဂတ်တွင်  C မြို့တော် ၏အကြီးအကဲဖြစ်လာပြီးတော့ မြို့တော်မှာလည်း လုပ်ငန်းများ ပိုင်ဆိုင်လာမည်ဖြစ်သည်။
 သူမသိသေးတဲ့ ဖုံးကွယ်ထားတဲ့ အရာတခုခုရှိနေတာလား။ သူ့အကိုကြီးက တတိယမျိုးဆက်သူဌေးလား၊ နိုင်ငံတော်ရဲ့အရေးပါတဲ့ အေးဂျင့်လား။ ဒါမှမဟုတ် သြဇာကြီးမားတဲ့ မိသားစုကြီးရဲ့ အမွေဆက်ခံသူလား?  

ငါ အရမ်းတွေးနေတာဖြစ်မယ်
စူးလန့်က ပါး ထပ်ရိုက်ခံလိုက်ရပြီးနောက် တောင်းပန်စကားဆိုလာသဖြင့် ရှုနင် အတွေးထဲ နိုးထလာခဲ့သည်။
 
ရှုနင်က ခေါင်းညိတ်လိုက်သည်။ စူးလန့်ကို အာရုံစိုက်ဖို့ပင်  လတ်တလော သူအရမ်းပျင်းနေမိသည်။
 သူ့ဝမ်းကွဲအကိုက ရိုက်လိုက်သဖြင့် စူးလန့်တောင်းပန်ပြီးနောက် ရှုနင်က ရှုဟိန်ကိုပြောလိုက်သည်။
"အကိုကြီး ကျွန်တော် ရေငတ်နေပြီ။ သွားကြစို့"

 " ကောင်းပြီ၊ သွားကြစို့"
သူ့ညီလေး ရေငတ်နေသောကြောင့် ရှုဟိန်က စက္ကန့်ပိုင်းပင်နှောင့်နှေးမည်မဟုတ်ပေ။

အရောင်းစာရေးသည်အလွန်လျင်မြန်စွာ လုပ်ကိုင်ပေးပြီး ရိုသေစွာကမ်းပေးကာ ပြောလိုက်သည်။
 " ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး နောက်တစ်ခေါက်လာရောက်အားပေးပါဦးခင်ဗျာ  ဒီ အဝတ်တွေ ကျွန်တော်တို့ လိုက်ပို့ပေးပါ့မယ် !"

ရှုဟိန်ကလူ တိုင်းကိုလျစ်လျူရှုခဲ့သည်။ သူသည် ရှုနင် ၏လက်ကိုကိုင်ကာ ဖွဖွလေး ညှစ်လိုက်သည်။ နင်နင်လေးက ထွားလာပြီပဲ။  အရပ်လည်းပိုရှည်လာပြီး ပိုလေးလာပြီ။ ဒါပေမယ့် နင်နင် ဘယ်လိုကြီးလာပါစေ။ သူ့ရင်ထဲက နင်နင်ပေါ် ထားသည့် အချစ်နှင့် ခံစားချက်က ဘယ်တော့မှ ပြောင်းလဲမည်မဟုတ်ပေ။
သူ့ခံစားချက်တွေလည်း သူ့စိတ်နှလုံးထဲအမြစ်တွယ်နေလေပြီ။

စူးရွှိက သူတို့ကိုရပ်တန့် စေရန် မလုပ်ရဲခဲ့ဘူး၊ သူကပြုံးပြပြီးပြုံးရွှင်စွာဖြင့် နူတ်ဆက်ဟန်ကြည့်လိုက်သည်။ သူ့လို စူးမိသားစုကြီး၏ သခင်လေးအနေဖြင့် သူက အရမ်းကို နိမ့်ချတာမျိုးတော့ လုပ်မည်မဟုတ်ပေ။

ရှုဟိန်က အဆုံးထိ သူ့ကို အင်း ဟုသာ ပြောပြီးထွက်သွားခဲ့သည်။

အရမ်း လန်းလွန်းတယ်။ အရမ်းမိုက်လွန်းတယ်။

ရှုနင် ၏မျက်လုံးများကတောက်ပနေပြီး ရှုဟိန် ကို သူ အရမ်းလေးစားမိသွားသည်။ သူ့အကိုကြီးရှေ့တွင် ရှိသည့် အရာရာတိုင်းသည် ဘာမှ အရေးမပါသလို သူ့ကို စိတ်ပူအောင် မလုပ်နိုင်ခဲ့ပေ။
 "ဘာမှားလို့လဲ?"
"ဘာမှမဟုတ်ဘူး "
စကျင်ကျောက်ကြမ်းခင်းတွေေါ် ညီအစ်ကိုနှစ်ယောက် လက်ချင်းတွဲကာ အေးအေးလူလူလျှောက်နေပြီး ရှုနင်က ပြောလိုက်သည်။
  "အကိုကြီးက အကောင်းဆုံးလို့ ကျွန်တော် ထင်တယ်"

"မင်း အခုမှသိတာလား ?"

ရှုနင်က ဘာမှပြန်မပြောပေမယ့် သူ့ကိုဆုပ်ကိုင်ထားသည့်အကိုကြီးရဲ့လက်ဖဝါးကို လက်ချောင်းလေးတွေဖြင့် ကုတ်ခြစ်လိုက်ကာ သူ့ခံစားချက်ကို ထုတ်ဖော်လိုက်သည်။
 
ရှုဟိန်၏လည်ချောင်းက ချက်ချင်းခြောက်သွေ့လာပြီး ရေငတ်လာသလို ခံစားလိုက်ရသည်။ ဒီကလေးက တနေ့ထက် တနေ့ပိုပိုချစ်စရာကောင်းလာသည်။ ဒီပုံစံနဲ့ဆိုရင် သူ့ထိန်းချုပ်နိုင်စွမ်းကို စိန်ခေါ်နေသလိုပင်။ ရှုဟိန်က သူ့ရင်ထဲက မီးတောက်ကို ငြိမ်းဖို့ အာရုံလွှဲလိုက်သည်။

 " ရေခဲမုန့်စားချင်လား"

အကိုကြီးရဲ့မေးသံကိုကြားတော့ ရှုနင်က မယုံနိုင်လောက်အောင်ဖြစ်လာသည်။

"အစ်ကိုကြီးက အကောင်းဆုံးပဲ!"

ကလေးလေးက အရမ်းကို ပျော်လိုက်တာ။
ဒါကိုကြည့်ပြီး ရှုဟိန်လည်းပျော်သွားသည်။ သူ့ငတုံးညီလေးနှင့် ဘယ်လို ဆက်လုပ်ရမည်ကို မသိဖြစ်နေမိသည်။

စူးရွှိက် သည်အဝေးတွင်ရပ်ကာ  သူတို့နှစ် ဦး ကိုထောင့်ချိုးဘက်သို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကိုကြည့် နေသည်။

ရှုဟိန်နဲ့ ရှုနင်က တမိသားစုထဲကပဲ...ဘုရား..ဘုရား... ငါ ဘာကြောင့် အစောကြီးကတည်းက သတိမထားမိလိုက်တာလဲ....
 သူကဒီကိစ္စကိုစောစောစီးစီးကတည်းက စုံစမ်းထားသင့်သည်။ မဟုတ်ရင် ဒီနေ့လို အရှက်ကွဲစရာဖြစ်လာမည်မဟုတ်ပေ။ အပြစ်တင်ရမယ်ဆိုရင် သောက်သုံးမကျတဲ့ သူ့ညီဝမ်းကွဲ စူးလန့်ကို အပြစ်တင်ရမယ်။ ဒီကောင်က လုံးဝ အသုံးမကျတဲ့ကောင်။ ရှေ့လျှောက် တွဲလို့ မဖြစ်တော့ပေ။

ထိုကဲ့သို့သော ကံကြမ္မာတွေနဲ့ ကြုံရတာ  တစ်ခါတစ်ရံ အတော်လေးအံ့သြဖို့ ကောင်းလှသည်။

စူးလန့်က ကောင်းကင်ပြိုကျသလို နှာတရှုံ့ရှုံ့နဲ့ငိုကြွေးနေစဉ် သူ့ကောင်မလေးက သူ့ကိုနှစ်သိမ့်ပေးပေမယ့် ပါးတချက်သာ အရိုက်ခံလိုက်ရသည်။ ထိုကောင်မလေးလည်း အရိုက်ခံရသည့်နေရာကို ကိုင်ကာ မျက်ရည်ကျနေသည်။

စူးရွှိက်က စူးလန့်ဖြစ်ပျက်နေသည်ကို လုံးဝ ဂရုမစိုက်ပေ။ အရောင်းစာရေးကလည်း သူတို့ကို လျစ်လျူရှုထားသည်။
 
ပထမထပ်ရှိစားသောက်ဆိုင်တစ်ခုထဲတွင် ညီအစ်ကိုနှစ်ယောက် နီးနီးကပ်ကပ်ထိုင်နေသည်။ အစ်ကိုကြီးသည်မင်းသားလေးကဲ့သို့ချောမောလှပြီး အဝေးကပင် ထင်းလို့နေသည်။ ညီငယ်လေးက အသားဖြူဖြူစင်စင်နှင့် ရှင်းသန့်လို့နေသည်။ ဆိုင်ဝန်ထမ်းတွေက မသိမသာ အဝေးကနေ ထိုညီအကိုကို ချောင်းကြည့်နေကြသည်။ ညီငယ်လေးရဲ့ ဆံပင်ပုံစံက အရမ်းလိုက်ဖက်ကာ မဟာဆန်လှသဖြင့် သူတို့က ငေးကြည့်လိုက် ပြုံးလိုက် လုပ်နေမိကြသည်။

 "အကိုကြီး အဲ့လို ပုံစံတွေကို သဘောကျသလားဟင် "

စူးလန့်တို့အဖွဲ့နှင့်ပါလာသည့် အရွယ်ရောက်ပြီး မိန်းမပျိုလေးတွေကို သူ့အကိုကြီးများ စိတ်ဝင်စားသလားဆိုတာ သိချင်သွားမိသည်။

" မင်းဘာကြောင့် အဲ့ဒီလို ထင်ခဲ့တာလဲ"

တကယ်တော့ အကိုကြီးကို မိန်းကလေးတွေက ဆွဲဆောင်ပြီး အဝေးကို ခေါ်သွားမှာကို ကြောက်နေမိသည်။  ရင့်ကျက်တဲ့အလှအပရဲ့စွမ်းအားကိုလျှော့မတွက်သင့်ဘူး၊ သူတို့ဆီကနေရိုးရိုးလေးအပြုံးတစ်စုံတစ်ရာဟာ စိတ်ကူးယဉ်ဆန်ဆန်ချစ်မြတ်နိုးမှုတွေနဲ့ နှလုံးသားကို ညှို့ယူသွားနိုင်သည်။

စိတ်ပျက်စရာကောင်းပေမယ့် အရင်အတိတ်ဘဝတုန်းက သူသေသွားချိန်အထိ သူ့အကို ရှုဟိန်က အိမ်ထောင်မပြုခဲ့ပေ။ အခုဘဝတွင်လည်း အကိုကြီး အိမ်ထောင်မပြုရင် ဘယ်လောက်ကောင်းလိုက်မလဲ။

သူ့အကိုကို ဘယ်သူနဲ့မှ လက်မထပ်စေချင်သည့် စိတ်က ရှုနင်ရင်ထဲဝင်လာခဲ့သည်။
သူကလက်မထပ်ရဖို့ ငါဘာကြောင့်မျှော်လင့်နေတာလဲ။ သူက ငါနဲ့အတူအမြဲနေနိုင်မယ်ဆိုရင် ကောင်းတာပေါ့... ဒါပေမယ့် ဒါကတစ်ကိုယ်ကောင်းဆန်လွန်းတယ်

ရှုနင် သည်ရေခဲမုန့်တစ်ဇွန်းကို ရှုဟိန်ကို အမြန်ကျွေးမွေးခဲ့သည်။ သူ ခုလို ရေခဲမုန့်စားရတာ သူ့အကိုကြီးက သဘောကောင်းလို့ဆိုတာ သူ မမေ့ပေ။
 ရှုဟိန်ရဲ့ အကြည့်တွေက တဖြည်းဖြည်း အရည်ပျော်ကာ နွေးထွေးလာခဲ့သည်။
သူ့အကိုက  အချောအလှတွေကို စိတ်မဝင်စားဘူးဆိုတာ သိရလို့ သူ့ရင်ထဲ စိတ်သက်သာရာရသွားခဲ့သည်။  
  သူ့အစ်ကိုက အရမ်းချစ်ဖို့ကောင်းတယ်။ ဒါကြောင့်သူက သူတစ်ပါးရဲ့အာရုံကိုဖမ်းစားနိုင်တယ်ဆိုတာ သဘာဝပဲလို့ရှုနင်မှတ်ယူလိုက်သည်။
ရှုဟိန်က ရှုနင်ခွံကျွေးသော ရေခဲမုန့်ကို စားပြီး သူ့မျက်လုံးတွေ နက်မှောင်သွားသည်။ ရှုနင်က အကိုကြီးကို ခွံ့ကျွေးပြီး သူ့အတွက် ရေခဲမုန့်တလုတ်ခပ်ကာ ပါးစပ်ထဲထည့်လိုက်သည်။

ဒါကသွယ်ဝိုက်အနမ်းပဲ ဆိုတာ ဘယ်အချိန်မှ ရှုနင် နားလည်မှာလဲ။

ရေခဲမုန့်စားပြီးသွားတဲ့အခါ ဖိနပ်အချို့ကိုလည်း လိုက်ကြည့်ကြသည်။ ဖိနပ်ဝယ်ပြီးတော့ နေ့လည် တစ်နာရီဖြစ်နေပြီ။ သူတို့ မနက်စာ စားတာ နောက်ကျပေမယ့် ဈေးပတ်နေတာကြောင့် ကလေးလေးလည်း ဆာလောက်ပြီ။
  ပထမထပ်တွင်အစားအစာကောင်းများရှိသော်လည်း လူတွေ များလွန်းသည်။ ရှုဟိန်က ရှုနင်ကို ကြည့်လိုက်သည်။ ရှုနင်က လူရှုပ်သည့်နေရာကို မကြိုက်ပေ။
  "ဟော့ပေါ့ စားကြရင် ဘယ်လိုလဲ?"

ယေဘုယျအားဖြင့် သူတို့သည် ဟော့ပေါ့ကို အိမ်တွင် ချက်စားလေ့ သိပ်မရှိကြပေ။ တအိုးတည်းတွင် ချက်ပြီး လူတိုင်း နှိက်စားတာ ကျန်းမာရေးအရ မသင့်လျော်ဘူးဟု ထင်သောကြောင့် ချင်ယွိကျိုးက ချက်ခိုင်းလေ့မရှိပေ။
ရှုနင်က ပြုံးကာ ခေါင်းငြိမ့်လိုက်ပေမယ့် သတိရကာ မေးလိုက်သည်။
 "အစ်ကိုကြီးက အစပ် မစားနိုင်ဘူးမဟုတ်လား ?"
***************-***********




Continue Reading

You'll Also Like

79.5K 9.6K 34
This work is a historical feiyunxi fanfiction. Names, places, characters and background facts are just my imagination. [WARNING] If you have allergic...
8.2K 663 6
This is just a fan translation.I don't own this novel.All credit to original author and Eng Translator. Title - Totally marked by the alpha who's no...
534K 47.9K 143
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
20.2K 1.1K 55
Genre- Fantasy, Bl,Novel,twin,Oc Uni+Zaw ပုံရိပ်ယောင်တို့ ပုံတူတို့က အစစ်အမှန်တော့ ဘယ်ဟုတ်ပါ့မလဲ။ (အစ်ကိုတော်ရဲ့ခင်ပွန်းလောင်းက ကျွန်တော်ချစ်ရသူဖြစ်န...