ဗီလိန်ရဲ့ လမ်းပြကြယ်

By CrystalKyi

780K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... More

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၁၇)

6.3K 1K 25
By CrystalKyi

Unicode
အမှတ်တွေထွက်ပြီးတဲ့ခဏပိုင်းအတွင်းမှာပဲ အထက်တန်းပထမနှစ်တစ်ခုလုံး သိလိုက်ကြတော့တယ် ချန်ယောင်းရန်က သူ့ရဲ့ပထမနေရာကို ဆက်ပြီးမထိန်းနိုင်တော့ဘဲ ချောင်လန်လို့ခေါ်တဲ့ ကောင်မလေးက သူ့ကိုဒုတိယနေရာကို တွန်းထုတ်တာခံလိုက်ရတယ်ဆိုတဲ့အဖြစ်ကိုလေ။

ချောင်လန်က ဘယ်သူလဲ???

ဘယ်သူမှမသိကြဘူး။

ဒါပေမဲ့ ဒါက တခြားအခန်းက ကျောင်းသားတွေအပေါ်မှာ သိပ်ပြီး သက်ရောက်မှုမရှိခဲ့ပါဘူး။ သူတို့အားလုံးက ချန်ယောင်းရန်ကို တစ်ယောက်ယောက်က တွန်းချနိုင်ခဲ့တယ်ဆိုတဲ့ အချက်ကိုပဲ သက်ပြင်းချနိုင်ကြတယ်။ ပြီးတော့ အဲ့တာကလဲ ၁မှတ် ၂မှတ်လဲမဟုတ်ဘူးလေ။ အမှတ်၃၀နီးပါးကြီးတောင်။

အရင်လပတ်စာမေးပွဲတုန်းက ချန်ယောင်းရန်က ဒုတိယရတဲ့သူကို အမှတ်၃၀နီးပါးလောက် ရိုက်ချနိုင်ခဲ့တာပဲ။

လူအားလုံးက ချန်ယောင်းရန်ကို ကြိုက်နေတာတော့မဟုတ်ဘူး။ အနည်းဆုံးတော့ ဟောင်ရင်က သူ့ကို ကြည့်မရဘူး။ နေ့တိုင်းနေ့ လူတွေက သူနဲ့ချန်ယောင်းရန်နဲ့ကို နှိုင်းယှဥ်ပြီး ပြောပါလိမ့်မယ် သူက ချောပေမဲ့လို့ ချန်ယောင်းရန်လောက် မတော်ဘူးလို့လေ။

ချန်ယောင်းရန်က ရိုက်ချခံလိုက်ရပြီး ဒုတိယနေရာကျသွားတယ်လို့ ကြားလိုက်ရတ​ဲ့အချိန်မှာ ဟောင်ရင် ပျော်သွားခဲ့တယ်။ ချန်ယောင်းရန်ကို ရိုက်ချနိုင်ခဲ့တဲ့ လူရဲ့နာမည်ကို သူမြင်လိုက်ရတဲ့အချိန်မှာ ဟောင်ရင်က ပိုတောင်ပျော်သွားခဲ့ရတယ်။

Fuck!! ဒီကျောင်းသူက သူစာကူးချခဲ့တဲ့ကျောင်းသူမလား။

စိတ်ပျက်နေရာကနေ ပျော်ရွှင်သွားတဲ့ လုံးဝ ပြောင်းပြန်အခြေအနေကြီးကို တွေ့ကြုံခံစားလိုက်ရအပြီးမှာတော့ ဟောင်ရင်က ချောင်လန်ရဲ့နာမည်ကို ထိပ်ဆုံးမှာတွေ့လိုက်ရချိန်မှာ ရုတ်တရက် သူ့စိတ်ထဲမှာ ဂုဏ်ယူမှု ပြီးတော့ ရင်းနှီးကျွမ်းဝင်မှုတွေပေါ်ပေါက်လာတော့တယ်။

နောက်အခန်းတစ်ခုမှာ ချောင်လုကလဲ သူမရဲ့အဆင့်ကို စိတ်ပူပန်စွာနဲ့ကြည့်နေခဲ့တယ်။

ချောင်လုက ဒီတစ်ခေါက် အကောင်းဆုံးလုပ်ခဲ့တယ်။ သူမဒီတစ်ကြိမ်မှာ တိုးတက်လာပြီး၃ဆင့်တောင်တက်သွားကာ အတန်းထဲမှာ အဆင့်၇ရခဲ့တယ်။

အဆင့်က မြင့်လေမြင့်လေ အဆင့်တက်ဖို့ရာခက်လေပဲ။ ဒါ့ကြောင့် ချောင်လုက သူမရဲ့ဒီအဆင့်ကို ကျေနပ်နေတယ်။ ပြီးတော့ သူမ ဒီတစ်ခေါက်အဆင့်တက်ခဲ့ရင် သူမအမေက သူမကို လက်ကိုင်ဖုန်းဝယ်ပေးမယ်လို့
သဘောတူထားခဲ့တာလေ။

ချောင်လုက သူမအမေကို သူမအဆင့်ကိုအမြန်ပြေးပြီး ပြောဖို့ရာ မစောင့်နိုင်တော့ဘူး။

သူမဘေးက ကောင်မလေးတွေနဲ့ စကားပြောပြီးမှသာ သူမ ချောင်လန်ကို သတိရသွားတာဖြစ်တယ်။

ချောင်လန်က အဆင့်ဘယ်လောက်ရလဲတော့ သူမမသိဘူး။ ဖြစ်နိုင်တာက သူမက အတန်းရဲ့ဘိတ်ဆုံးမှာပဲနေမှာပေါ့။

သူမ ကျောင်းရဲ့ page ထဲကို ဝင်လိုက်ပြီး အခန်း(၁၃)ရဲ့ အမှတ်စာရင်းကိုရှာလိုက်တယ်။ ပြီးတော့ အောက်ဆုံးနားကိုပဲ တိုက်ရိုက်သွားလိုက်တယ်။ သူမ အောက်ဆုံးကနေ ထိပ်ဆုံးကို ကြည့်တယ်။ ဒါပေမဲ့ဘသူမချောင်လန်ရဲ့နာမည်ကို ဘယ်နေရာမှာမှရှာမတွေ့ခဲ့ဘူး။

ချောင်လန်က စာမေးပွဲမဖြေခဲ့တာများလား?

မဟုတ်သေးပါဘူး။ တစ်ကယ်လို့ စာမေးပွဲမဖြေဘူးဆိုရင်လဲ သူတို့က အဆင့်စာရင်းထဲမှာတော့ ပါနေဦးမှာပဲလေ။ အခန်း(၁၃)ထဲက wheelchair နဲ့ကောင်လေးလိုပေါ့။ သူက နောက်ဆုံးပဲလေ။ သူက ဘာသာရပ်တိုင်းမှာ သုညပဲရတာလေ။

ချောင်လု မျက်မှောင်ကျုံ့လိုက်တယ်။ သူမ ထိပ်ဆုံး၂၀စာရင်းကို ကြည့်တော့မယ့်အချိန်မှာပဲ သူမဘေးက သူငယ်ချင်းတွေကဘအကျယ်ကြီး သက်ပြင်းချလိုက်ကြတာကို ကြားလိုက်ရတယ်။ " ဘုရားရေ ဘယ်လိုတောင်လား ချန်ယောင်းရန်က အမှတ်၃၀ နီးပါးတောင် အကျောခံရတာဆိုပဲ။ ငါတို့ လူသားတွေတော့ မယှဥ်နိုင်တော့ပါဘူးဟာ။"

" အဲ့တာအခန်း(၁၃) ကပဲနဲ့တူတယ်။ အဲ့အခန်းကတော့တစ်ကယ့်ကိုမိုက်တာပဲနော်။ "

ချောင်လုလန့်သွားတယ်။

တစ်ယောက်ယောက်က ချန်ယောင်းရန်ကို အမှတ်၃၀နီးပါးနဲ့အနိုင်ယူခဲ့တာ???

ချန်ယောင်းရန်က အဆင့်၁မဟုတ်ဘူးလား။

" ငါကြားတာတော့ အဲ့တာက ချောင်လန်လို့ခေါ်တဲ့ ကောင်မလေးတဲ့ဟ။ သူမကိုကြည့်ပြီး ငါတောင် နောက်ထပ် ကျူရှင်တွေထပ်တက်ချင်လာပြီ။ "

လူတော်တော်များများက အဲ့တာကို သဘောတူကြပြီး ခေါင်းငြိမ့်ကြတယ်။ ချောင်လု အမှတ်စာရင်းတွေကြည့်နေတာကို ဘယ်သူမှ အရေးမလုပ်ကြဘူး။ ချောင်လန်ဆိုတဲ့နာမည်က သူမကို ရူးကြောင်ကြောင်ဖြစ်သွားစေတယ်။ စက္ကန့်အနည်းငယ်လောက်ကြာတော့မှ သူမ report card ရဲ့ ထိပ်ဆုံးကို ဆွဲကြည့်လိုက်တယ်။

နောက်ဆုံးတော့ သူမ ချောင်လန်ရဲ့နာမည်ကို တွေ့ခဲ့တယ်။ အမှတ်ပေါင်း ၁၀၉၂မှတ် ကြီးက လူတွေကို တကယ့်အစစ်မဟုတ်ဘူးလို့ ခံစားသွားစေတယ်။

" ဒါမဖြစ်နိုင်ဘူး!!! "

သူမဘေးမှာ ထိုင်တဲ့ ကောင်မလေးက ခေါင်းကိုလှည့်လိုက်တယ်။ " ဘာကမဖြစ်နိုင်တာလဲဟ "

" ချောင်လန်က ဘယ်လိုလုပ် အဆင့်၁ဖြစ်နိုင်မှာလဲ။ " ချောင်လုမျက်လုံးတွေပြူးကျယ်လာတယ်။ " သူမ အဆင့်တွေက တအားဆိုးဝါးနေခဲ့တာလေ။ အရင်တစ်ခေါက်တုန်းက သူမက အခန်းထဲမှာ ဘိတ်ချီးလေ။ "

" ဘိတ်ချီးရတာနဲ့ဘာဆိုင်လို့လဲ။ လူတွေက တိုးတက်လာတာ ဘာမှားတာမှတ်လို့။ နင်ကဘာလို့ ဒီလောက်တောင် ဖြစ်ပျက်နေရတာလဲ။ "

လူတော်တော်များများက ချောင်လုရဲ့ ဒေါသထွက်နေတဲ့အသံကြောင့် လန့်သွားကြတယ်။ သတိထားမိတဲ့အတန်းဖော်တစ်ယောက်က ရုတ်တရက် တစ်ခုခုကို တွေးလိုက် မိတယ်။ ချောင်လန်...... ချောင်လု..... သူမ မျက်ခုံးတွေ တွန့်ချိုးသွားရတယ်။

သူမ မျက်မှောင်ကျုံ့လိုက်ပြီး မေးလိုက်တယ်။ " ချောင်လု နင် ချောင်လန့်ကို သိတာလား "

" ....... သူမက ငါ့တတိယဦးလေးရဲ့သမီးလေ။ "

ချောင်လုရဲ့စိတ်တွေ ယောက်ယက်ခတ်နေပြီ။ သူမ အတန်းထဲမှာ အဆင့်၇ရလို့ ပျော်နေတဲ့အပျော်လေးတွေတောင် ပျက်ကုန်ပြီ။ ချောင်လန်က စာမေးပွဲမှာ ဘယ်လိုလုပ် ဒီလောက် အမှတ်အများကြီး ရရတာလဲ။

" သူမရဲ့အမှတ်တွေက အမြဲဆိုးဝါးနေခဲ့တာလေ။ မူလတန်း အလယ်တန်း ... ပြီးတော့ အရင်လအထိကို ဆိုးဝါးနေခဲ့တာ။ အရင်လကဆိုလဲ သူမက အတန်းထဲမှာ နောက်ဆုံးလေ။  ဒီတစ်ခေါက် သူမက ပထမနေရာကို တန်းရသွားတာလေ။ ဒါကြီးက ထူးဆန်းနေတယ်လို့ နင်တို့ မထင်ကြဘူးလား။ "

လူအများစုကတော့ သူစိမ်းတစ်ယောက်ကို ဒီလိုမျိုး သံသယမရှိကြဘူး။

လူတိုင်းက ခေါင်းယမ်းလိုက်ကြတယ်။ သူတို့တွေက ဒါကို ထူးဆန်းတယ်လို့ မထင်ပါဘူး။ အဲ့အစား သူတို့က ဒါကို အရမ်းမိုက်တယ်လို့ တွေးကြတယ်။

" သူမ စာမေးပွဲမှာ ဒီလောက် အမှတ်အများကြီးရစရာအကြောင်းမရှိဘူး။ သူမ သေချာပေါက် ကူးချထားတာပဲဖြစ်ရမယ်... "

နောက်ဆုံးတော့ တစ်ယောက်ယောက်က ဆက်ပြီး နားမထောင်နိုင်တော့ဘူး။

" စာမေးပွဲမှာ ဆရာ ဆရာမတွေက တစ်ချိန်လုံးစောင့်ကြည့်နေတာပဲလေ။ ပြီးတော့ ဆရာ ဆရာမတွေက မေးခွန်းတွေကို ကိုယ်တိုင်ထုတ်ခဲ့ကြတာလေ။ ပြီးတော့ အခန်းထဲယူရမယ့် ပစ္စည်းတွေကိုလဲ စစ်တာပဲလေ။ နင့်မှာ အစွမ်းတွေရှိရင်တောင် ကူးချလို့မရဘူး။ "

အထူးသဖြင့် ပထမနေရာ ရအောင်အထိ ကူးချဖို့ဆိုတာပေါ့...

တစ်ကယ်လို့ သူမရဲ့အဆင့်က ၁၀ကျော် ဒါမှမဟုတ် အဲ့အောက် ဖြစ်နေတယ်ဆိုရင်တော့ လူတိုင်းက မသမာမှုကို သံသယဝင်ရင် ဝင်နိုင်သေးတယ်။ ဒါပေမဲ့ အခု သူမရဲ့တိုးတက်မှုက အရမ်းကောင်းနေတယ်။ ပြီးတော့ ဘာသာတစ်ဘာသာချင်းစီမှာ သူမရဲ့အမှတ်တွေက အရမ်းမြင့်နေတယ်လေ။ အဲ့တော့ ချောင်လန် ကူးချတယ်ဆိုတဲ့ကိစ္စက အရမ်းကို မဖြစ်နိုင်ဘူးလို့ အားလုံးက ထင်ကြတယ်။

သူမနဲ့ မရင်းနှီးတဲ့ ကျောင်းသားတွေက ဒါကို ထူးဆန်းတယ်လို့ မတွေးပဲ ဒီကောင်မလေးက အရမ်းအံ့ဩဖို့ကောင်းတယ်လို့သာထင်ကြတယ်။

အဲ့တာနဲ့ဆန့်ကျင်စွာပဲ ချောင်လုက ချောင်လန်နဲ့ အမျိုးတော်တယ်ထင်တယ်။ ဒီလို အမျိုး..... ကျောင်းသားတစ်ချို့က သူတို့စိတ်ထဲမှာ မတူညီတဲ့ အတွေးကိုယ်စီရှိနေကြတယ်။

နှစ်ဝက်စာမေးပွဲအပြီးမှာ ချောင်လန်က အထက်တန်းပထမနှစ်ရဲ့ ဆယ်လီတစ်ယောက် ဖြစ်လာခဲ့တယ်။ အတန်းတော်တော်များများမှာ ကျောင်းသားတွေက ချန်ယောင်းရန်ကို အမှတ်၃၀လောက်နဲ့ အပြတ်နိုင်သွားတဲ့ လူကဘယ်သူလဲဆိုတာ သိရဖို့ အပြေးကြည့်ကြတယ်။

စာသင်ခန်းအပြင်ဘက်က ဆူဆူညံညံအသံတွေထဲမှာ ချန်ယောင်းရန်နဲ့ ချောင်လန်တို့ရဲ့ နာမည်တွေကို ကြားနေရတယ်။ အဆင့်စာရင်းကို တွေ့ကထဲက မျက်နှာမကောင်းတဲ့ ချန်ယောင်းရန်တစ်ယောက်ကတော့ အခုအချိန်မှာ ပိုပြီး တိတ်ဆိတ်သွားတယ်။

စာသင်ခန်းအပြင်ဘက်က ကျောင်းသားတွေက ငြင်းခုန်နေကြတယ်။ စာသင်ခန်းထဲက ကျောင်းသားတွေကတော့ ဆွေးနွေးနေကြတယ်။ ဒါပေမဲ့ ခေါင်းစဥ်ကတော့ အဆင့်အကြောင်းသာမက ထိုင်ခုံနေရာပြောင်းတဲ့အကြောင်းလဲ ပါနေခဲ့တယ်။

နေ့လည်ခင်းရဲ့ နောက်ဆုံးအချိန်က အတန်းအစည်းအဝေးပဲဖြစ်တယ်။ အဲ့အချိန်မှာ အတန်းပိုင်ဆရာက သေချာပေါက်ကို ထိုင်ခုံနေရာတွေပြောင်းပေးတော့မှာဖြစ်တယ်။

ထိုင်ခုံနေရာပြောင်းတာက စာမေးပွဲမှာ ရတဲ့အဆင့်အတိုင်းပြောင်းမှာဖြစ်တယ်။

ချောင်လန်က စာမေးပွဲမှာ အဆင့်၁ရတာဖြစ်ပြီး ချန်ယောင်းရန်က အဆင့်၂ရတာဖြစ်တယ်။ ဒါ့ကြောင့် သူ့ရဲ့ ဘေးခုံမှာထိုင်ရမဲ့ tablemate က ချောင်လန်ဖြစ်တယ်။

ချန်ယောင်းရန်က ဒီတိုင်းထိုင်မနေနိုင်တော့ဘူး။

တစ်ကယ်လို့ ပထမနေရာ အလုခံလိုက်ရတာက ရှက်စရာကောင်းတယ်ဆိုရင် အဲ့ဒါဆို ချောင်လန့်ကို သူမလိုချင်တဲ့အရာကို ရအောင် ခွင့်ပြုပေးလိုက်တာ... သူမကို သူနဲ့ စားပွဲတစ်ခုထဲ ထိုင်စေလိုက်တာက ... အဲ့တာက သေချာပေါက်ပိုပြီး ရှက်စရာကောင်းတာပဲဖြစ်တယ်။

သူ ချောင်လန်နဲ့တူတူမထိုင်ချင်ဘူး။ သူမှတ်မိရသလောက်ဆိုရင် သူ့ကိုကြည့်တဲ့ ချောင်လန်ရဲ့ ကော်ကပ်ထားသလိုမျိုးအကြည့်တွေက သူ့တစ်ကိုယ်လုံးမှာ ကြက်သီးဖြန်းဖြန်းထလာစေတာပဲ။ သူ ဘယ်သူ့ဘေးမှာ ထိုင်ရထိုင်ရ အဲ့တာက ချောင်လန့်ထက်တော့ သာလိမ့်မယ်။

ချန်ယောင်းရန်က သူ့ဖုန်းကို စားပွဲခုံအောက် ထည့်လိုက်ပြီး မတ်တပ်ရပ်ကာ ခြေတံရှည်တွေနဲ့ စာသင်ခန်းအပြင်ဘက်ကို ဦးတည်လိုက်တယ်။ သူ့နောက် မှာထိုင်တဲ့လီဖန်က ကြောင်သွားတယ်။ " မင်းအိမ်သာသွားမလို့လား။ တူတူသွားရအောင်!! "

" တစ်ခုခုဖြစ်လို့ " ချန်ယောင်းရန်က ပြောလိုက်တယ်။ " ငါ့နောက်လိုက် မလာနဲ့ "

လီဖန်က ချန်ယောင်းရန်ရဲ့ နောက်ကျောကို ကြည့်ရင်း သူဘယ်ကို သွားမှာလဲဆိုတာ ခန့်မှန်းမိသလို ရှိလာတယ်။

Zawgyi
အမွတ္ေတြထြက္ၿပီးတဲ့ခဏပိုင္းအတြင္းမွာပဲ အထက္တန္းပထမႏွစ္တစ္ခုလုံး သိလိုက္ၾကေတာ့တယ္ ခ်န္ေယာင္းရန္က သူ႔ရဲ႕ပထမေနရာကို ဆက္ၿပီးမထိန္းႏိုင္ေတာ့ဘဲ
ေခ်ာင္လန္လို႔ေခၚတဲ့ ေကာင္မေလးက သူ႔ကိုဒုတိယေနရာကို တြန္းထုတ္တာခံလိုက္ရတယ္ဆိုတဲ့အျဖစ္ကိုေလ။

ေခ်ာင္လန္က ဘယ္သူလဲ???

ဘယ္သူမွမသိၾကဘူး။

ဒါေပမဲ့ ဒါက တျခားအခန္းက ေက်ာင္းသားေတြအေပၚမွာ သိပ္ၿပီး သက္ေရာက္ မႈမရွိခဲ့ပါဘူး။ သူတို႔အားလုံးက ခ်န္ေယာင္းရန္ကို တစ္ေယာက္ေယာက္က တြန္းခ်ႏိုင္ခဲ့တယ္ဆိုတဲ့ အခ်က္ကိုပဲ သက္ျပင္းခ်ႏိုင္ၾကတယ္။ ၿပီးေတာ့ အဲ့တာကလဲ ၁မွတ္ ၂မွတ္လဲမဟုတ္ဘူးေလ။ အမွတ္၃၀နီးပါးႀကီးေတာင္။

အရင္လပတ္စာေမးပြဲတုန္းက ခ်န္ေယာင္းရန္က ဒုတိယရတဲ့သူကို အမွတ္၃၀နီးပါးေလာက္ ႐ိုက္ခ်ႏိုင္ခဲ့တာပဲ။

လူအားလုံးက ခ်န္ေယာင္းရန္ကို ႀကိဳက္ေနတာေတာ့မဟုတ္ဘူး။ အနည္းဆုံးေတာ့ ေဟာင္ရင္က သူ႔ကို ၾကည့္မရဘူး။ ေန႔တိုင္းေန႔ လူေတြက သူနဲ႔ခ်န္ေယာင္းရန္နဲ႔ကို ႏႈိင္းယွၪၸျီး ေျပာပါလိမ့္မယ္ သူက ေခ်ာေပမဲ့လို႔ ခ်န္ေယာင္းရန္ေလာက္ မေတာ္ဘူးလို႔ေလ။

ခ်န္ေယာင္းရန္က ႐ိုက္ခ်ခံလိုက္ရၿပီး ဒုတိယေနရာက်သြားတယ္လို႔ ၾကားလိုက္ရတ​ဲ့အခ်ိန္မွာ ေဟာင္ရင္ ေပ်ာ္သြားခဲ့တယ္။ ခ်န္ေယာင္းရန္ကို ႐ိုက္ခ်ႏိုင္ခဲ့တဲ့ လူရဲ႕နာမည္ကို သူျမင္လိုက္ရတဲ့အခ်ိန္မွာ ေဟာင္ရင္က ပိုေတာင္ေပ်ာ္သြားခဲ့ရတယ္။

Fuck!! ဒီေက်ာင္းသူက သူစာကူးခ်ခဲ့တဲ့ေက်ာင္းသူမလား။

စိတ္ပ်က္ေနရာကေန ေပ်ာ္႐ႊင္သြားတဲ့ လုံးဝ ေျပာင္းျပန္အေျခအေနႀကီးကို ေတြ႕ႀကဳံခံစားလိုက္ရအၿပီးမွာေတာ့ ေဟာင္ရင္က ေခ်ာင္လန္ရဲ႕နာမည္ကို ထိပ္ဆုံးမွာေတြ႕လိုက္ရခ်ိန္မွာ ႐ုတ္တရက္ သူ႔စိတ္ထဲမွာ ဂုဏ္ယူမႈ ၿပီးေတာ့ ရင္းႏွီးကြၽမ္းဝင္မႈေတြေပၚေပါက္လာေတာ့တယ္။

ေနာက္အခန္းတစ္ခုမွာ ေခ်ာင္လုကလဲ သူမရဲ႕အဆင့္ကို စိတ္ပူပန္စြာနဲ႔ၾကည့္ေနခဲ့တယ္။

ေခ်ာင္လုက ဒီတစ္ေခါက္ အေကာင္းဆုံးလုပ္ခဲ့တယ္။ သူမဒီတစ္ႀကိမ္မွာ တိုးတက္လာၿပီး၃ဆင့္ေတာင္တက္သြားကာ အတန္းထဲမွာ အဆင့္၇ရခဲ့တယ္။

အဆင့္က ျမင့္ေလျမင့္ေလ အဆင့္တက္ဖို႔ရာခက္ေလပဲ။ ဒါ့ေၾကာင့္ ေခ်ာင္လုက သူမရဲ႕ဒီအဆင့္ကို ေက်နပ္ေနတယ္။ ၿပီးေတာ့ သူမ ဒီတစ္ေခါက္အဆင့္တက္ခဲ့ရင္ သူမအေမက သူမကို လက္ကိုင္ဖုန္းဝယ္ေပးမယ္လို႔
သေဘာတူထားခဲ့တာေလ။

ေခ်ာင္လုက သူမအေမကို သူမအဆင့္ကိုအျမန္ေျပးၿပီး ေျပာဖို႔ရာ မေစာင့္ႏိုင္ေတာ့ဘူး။

သူမေဘးက ေကာင္မေလးေတြနဲ႔ စကားေျပာၿပီးမွသာ သူမ ေခ်ာင္လန္ကို သတိရသြားတာျဖစ္တယ္။

ေခ်ာင္လန္က အဆင့္ဘယ္ေလာက္ရလဲေတာ့ သူမမသိဘူး။ ျဖစ္ႏိုင္တာက သူမက အတန္းရဲ႕ဘိတ္ဆုံးမွာပဲေနမွာေပါ့။

သူမ ေက်ာင္းရဲ႕ page ထဲကို ဝင္လိုက္ၿပီး အခန္း(၁၃)ရဲ႕ အမွတ္စာရင္းကိုရွာလိုက္တယ္။ ၿပီးေတာ့ ေအာက္ဆုံးနားကိုပဲ တိုက္႐ိုက္သြားလိုက္တယ္။ သူမ ေအာက္ဆုံးကေန ထိပ္ဆုံးကို ၾကည့္တယ္။ ဒါေပမဲ့ဘသူမေခ်ာင္လန္ရဲ႕နာမည္ကို ဘယ္ေနရာမွာမွရွာမေတြ႕ခဲ့ဘူး။

ေခ်ာင္လန္က စာေမးပြဲမေျဖခဲ့တာမ်ားလား?

မဟုတ္ေသးပါဘူး။ တစ္ကယ္လို႔ စာေမးပြဲမေျဖဘူးဆိုရင္လဲ သူတို႔က အဆင့္စာရင္းထဲမွာေတာ့ ပါေနဦးမွာပဲေလ။ အခန္း(၁၃)ထဲက wheelchair နဲ႔ေကာင္ေလးလိုေပါ့။ သူက ေနာက္ဆုံးပဲေလ။ သူက ဘာသာရပ္တိုင္းမွာ သုံညပဲရတာေလ။

ေခ်ာင္လု မ်က္ ေမွာင္က်ဳံ႕လိုက္တယ္။ သူမ ထိပ္ဆုံး၂၀စာရင္းကို ၾကည့္ေတာ့မယ့္အခ်ိန္မွာပဲ သူမေဘးက သူငယ္ခ်င္းေတြကဘအက်ယ္ႀကီး သက္ျပင္းခ်လိုက္ၾကတာကို ၾကားလိုက္ရတယ္။ " ဘုရားေရ ဘယ္လိုေတာင္လား ခ်န္ေယာင္းရန္က အမွတ္၃၀ နီးပါးေတာင္ အေက်ာခံရတာဆိုပဲ။ ငါတို႔ လူသားေတြေတာ့ မယွၪၷိဳင္ေတာ့ပါဘူးဟာ။"

" အဲ့တာအခန္း(၁၃) ကပဲနဲ႔တူတယ္။ အဲ့အခန္းကေတာ့တစ္ကယ့္ကိုမိုက္တာပဲေနာ္။ "

ေခ်ာင္လုလန္႔သြားတယ္။

တစ္ေယာက္ေယာက္က ခ်န္ေယာင္းရန္ကို အမွတ္၃၀နီးပါးနဲ႔အႏိုင္ယူခဲ့တာ???

ခ်န္ေယာင္းရန္က အဆင့္၁မဟုတ္ဘူးလား။

" ငါၾကားတာေတာ့ အဲ့တာက ေခ်ာင္လန္လို႔ေခၚတဲ့ ေကာင္မေလးတဲ့ဟ။ သူမကိုၾကည့္ၿပီး ငါေတာင္ ေနာက္ထပ္ က်ဴရွင္ေတြထပ္တက္ခ်င္လာၿပီ။ "

လူေတာ္ေတာ္မ်ားမ်ားက အဲ့တာကို သေဘာတူၾကၿပီး ေခါင္းၿငိမ့္ၾကတယ္။ ေခ်ာင္လု အမွတ္စာရင္းေတြၾကည့္ေနတာကို ဘယ္သူမွ အေရးမလုပ္ၾကဘူး။ ေခ်ာင္လန္ဆိုတဲ့နာမည္က သူမကို ႐ူးေၾကာင္ေၾကာင္ျဖစ္သြားေစတယ္။ စကၠန္႔အနည္းငယ္ေလာက္ၾကာေတာ့မွ သူမ report card ရဲ႕ ထိပ္ဆုံးကို ဆြဲ႕ၾကည့္လိုက္တယ္။

ေနာက္ဆုံးေတာ့ သူမ ေခ်ာင္လန္ရဲ႕နာမည္ကို ေတြ႕ခဲ့တယ္။ အမွတ္ေပါင္း ၁၀၉၂မွတ္ ႀကိီးက လူေတြကို တကယ့္အစစ္မဟုတ္ဘူးလို႔ ခံစားသြားေစတယ္။

" ဒါမျဖစ္ႏိုင္ဘူး!!! "

သူမေဘးမွာ ထိုင္တဲ့ ေကာင္မေလးက ေခါင္းကိုလွည့္လိုက္တယ္။ " ဘာကမျဖစ္ႏိုင္တာလဲဟ "

" ေခ်ာင္လန္က ဘယ္လိုလုပ္ အဆင့္၁ျဖစ္ႏိုင္မွာလဲ။ " ေခ်ာင္လုမ်က္လုံးေတြျပဴးက်ယ္လာတယ္။ " သူမ အဆင့္ေတြက တအားဆိုးဝါးေနခဲ့တာေလ။ အရင္တစ္ေခါက္တုန္းက သူမက အခန္းထဲမွာ ဘိတ္ခ်ီးေလ။ "

" ဘိတ္ခ်ီးရတာနဲ႔ဘာဆိုင္လို႔လဲ။ လူေတြက တိုးတက္လာတာ ဘာမွားတာမွတ္လို႔။ နင္ကဘာလို႔ ဒီေလာက္ေတာင္ ျဖစ္ပ်က္ေနရတာလဲ။ "

လူေတာ္ေတာ္မ်ားမ်ားက ေခ်ာင္လုရဲ႕ ေဒါသထြက္ေနတဲ့အသံေၾကာင့္ လန္႔သြားၾကတယ္။ သတိထားမိတဲ့အတန္းေဖာ္တစ္ေယာက္က ႐ုတ္တရက္ တစ္ခုခုကို ေတြးလိုက္ မိတယ္။ ေခ်ာင္လန္...... ေခ်ာင္လု..... သူမ မ်က္ခုံးေတြ တြန္႔ခ်ိဳးသြားရတယ္။

သူမ မ်က္ ေမွာင္က်ဳံ႕လိုက္ၿပီး ေမးလိုက္တယ္။ " ေခ်ာင္လု နင္ ေခ်ာင္လန္႔ကို သိတာလား "

" ....... သူမက ငါ့တတိယဦးေလးရဲ႕သမီးေလ။ "

ေခ်ာင္လုရဲ႕စိတ္ေတြ ေယာက္ယက္ခတ္ေနၿပီ။ သူမ အတန္းထဲမွာ အဆင့္၇ရလို႔ ေပ်ာ္ေနတဲ့အေပ်ာ္ေလးေတြေတာင္ ပ်က္ကုန္ၿပီ။ ေခ်ာင္လန္က စာေမးပြဲမွာ ဘယ္လိုလုပ္ ဒီေလာက္ အမွတ္အမ်ားႀကီး ရရတာလဲ။

" သူမရဲ႕အမွတ္ေတြက အၿမဲဆိုးဝါးေနခဲ့တာေလ။ မူလတန္း အလယ္တန္း ... ၿပီးေတာ့ အရင္လအထိကို ဆိုးဝါးေနခဲ့တာ။ အရင္လကဆိုလဲ သူမက အတန္းထဲမွာ ေနာက္ဆုံးေလ။  ဒီတစ္ေခါက္ သူမက ပထမေနရာကို တန္းရသြားတာေလ။ ဒါႀကီးက ထူးဆန္းေနတယ္လို႔ နင္တို႔ မထင္ၾကဘူးလား။ "

လူအမ်ားစုကေတာ့ သူစိမ္းတစ္ေယာက္ကို ဒီလိုမ်ိဳး သံသယမရွိၾကဘူး။

လူတိုင္းက ေခါင္းယမ္းလိုက္ၾကတယ္။ သူတို႔ေတြက ဒါကို ထူးဆန္းတယ္လို႔ မထင္ပါဘူး။ အဲ့အစား သူတို႔က ဒါကို အရမ္းမိုက္တယ္လို႔ ေတြးၾကတယ္။

" သူမ စာေမးပြဲမွာ ဒီေလာက္ အမွတ္အမ်ားႀကီးရစရာအေၾကာင္းမရွိဘူး။ သူမ ေသခ်ာေပါက္ ကူးခ်ထားတာပဲျဖစ္ရမယ္... "

ေနာက္ဆုံးေတာ့ တစ္ေယာက္ေယာက္က ဆက္ၿပီး နားမေထာင္ႏိုင္ေတာ့ဘူး။

" စာေမးပြဲမွာ ဆရာ ဆရာမေတြက တစ္ခ်ိန္လုံးေစာင့္ၾကည့္ေနတာပဲေလ။ ၿပီးေတာ့ ဆရာ ဆရာမေတြက ေမးခြန္းေတြကို ကိုယ္တိုင္ထုတ္ခဲ့ၾကတာေလ။ ၿပီးေတာ့ အခန္းထဲယူရမယ့္ ပစၥည္းေတြကိုလဲ စစ္တာပဲေလ။ နင့္မွာ အစြမ္းေတြရွိရင္ေတာင္ ကူးခ်လို႔မရဘူး။ "

အထူးသျဖင့္ ပထမေနရာ ရေအာင္အထိ ကူးခ်ဖို႔ဆိုတာေပါ့...

တစ္ကယ္လို႔ သူမရဲ႕အဆင့္က ၁၀ေက်ာ္ ဒါမွမဟုတ္ အဲ့ေအာက္ ျဖစ္ေနတယ္ဆိုရင္ေတာ့ လူတိုင္းက မသမာမႈကို သံသယဝင္ရင္ ဝင္ႏိုင္ေသးတယ္။ ဒါေပမဲ့ အခု သူမရဲ႕တိုးတက္ မႈက အရမ္းေကာင္းေနတယ္။ ၿပီးေတာ့ ဘာသာတစ္ဘာသာခ်င္းစီမွာ သူမရဲ႕အမွတ္ေတြက အရမ္းျမင့္ေနတယ္ေလ။ အဲ့ေတာ့ ေခ်ာင္လန္ ကူးခ်တယ္ဆိုတဲ့ကိစၥက အရမ္းကို မျဖစ္ႏိုင္ဘူးလို႔ အားလုံးက ထင္ၾကတယ္။

သူမနဲ႔ မရင္းႏွီးတဲ့ ေက်ာင္းသားေတြက ဒါကို ထူးဆန္းတယ္လို႔ မေတြးပဲ ဒီေကာင္မေလးက အရမ္းအံ့ဩဖို႔ေကာင္းတယ္လို႔သာထင္ၾကတယ္။

အဲ့တာနဲ႔ဆန္႔က်င္စြာပဲ ေခ်ာင္လုက ေခ်ာင္လန္နဲ႔ အမ်ိဳးေတာ္တယ္ထင္တယ္။ ဒီလို အမ်ိဳး..... ေက်ာင္းသားတစ္ခ်ိဳ႕က သူတို႔စိတ္ထဲမွာ မတူညီတဲ့ အေတြးကိုယ္စီရွိေနၾကတယ္။

ႏွစ္ဝက္စာေမးပြဲအၿပီးမွာ ေခ်ာင္လန္က အထက္တန္းပထမႏွစ္ရဲ႕ ဆယ္လီတစ္ေယာက္ ျဖစ္လာခဲ့တယ္။ အတန္းေတာ္ေတာ္မ်ားမ်ားမွာ ေက်ာင္းသားေတြက ခ်န္ေယာင္းရန္ကို အမွတ္၃၀ေလာက္နဲ႔ အျပတ္ႏိုင္သြားတဲ့ လူကဘယ္သူလဲဆိုတာ သိရဖို႔ အေျပးၾကည့္ၾကတယ္။

စာသင္ခန္းအျပင္ဘက္က ဆူဆူညံညံအသံေတြထဲမွာ ခ်န္ေယာင္းရန္နဲ႔ ေခ်ာင္လန္တို႔ရဲ႕ နာမည္ေတြကို ၾကားေနရတယ္။ အဆင့္စာရင္းကို ေတြ႕ကထဲက မ်က္ႏွာမေကာင္းတဲ့ခ်န္ေယာင္းရန္တစ္ေယာက္ကေတာ့ အခုအခ်ိန္မွာ ပိုၿပီး တိတ္ဆိတ္သြားတယ္။

စာသင္ခန္းအျပင္ဘက္က ေက်ာင္းသားေတြက ျငင္းခုန္ေနၾကတယ္။ စာသင္ခန္းထဲက ေက်ာင္းသားေတြကေတာ့ ေဆြးေႏြးေနၾကတယ္။ ဒါေပမဲ့ ေခါင္းစဥ္ကေတာ့ အဆင့္အေၾကာင္းသာမက ထိုင္ခုံေနရာေျပာင္းတဲ့အေၾကာင္းလဲ ပါေနခဲ့တယ္။

ေန႔လည္ခင္းရဲ႕ ေနာက္ဆုံးအခ်ိန္က အတန္းအစည္းအေဝးပဲျဖစ္တယ္။ အဲ့အခ်ိန္မွာ အတန္းပိုင္ဆရာက ေသခ်ာေပါက္ကို ထိုင္ခုံေနရာေတြေျပာင္းေပးေတာ့မွာျဖစ္တယ္။

ထိုင္ခုံေနရာေျပာင္းတာက စာေမးပြဲမွာ ရတဲ့အဆင့္အတိုင္းေျပာင္းမွာျဖစ္တယ္။

ေခ်ာင္လန္က စာေမးပြဲမွာ အဆင့္၁ရတာျဖစ္ၿပီး ခ်န္ေယာင္းရန္က အဆင့္၂ရတာျဖစ္တယ္။ ဒါ့ေၾကာင့္ သူ႔ရဲ႕ ေဘးခုံမွာထိုင္ရမဲ့ tablemate က ေခ်ာင္လန္ျဖစ္တယ္။
ခ်န္ေယာင္းရန္က ဒီတိုင္းထိုင္မေနႏို္င္ေတာ့ဘူး။

တစ္ကယ္လို႔ ပထမေနရာ အလုခံလိုက္ရတာက ရွက္စရာေကာင္းတယ္ဆိုရင္ အဲ့ဒါဆို ေခ်ာင္လန္႔ကို သူမလိုခ်င္တဲ့အရာကို ရေအာင္ ခြင့္ျပဳေပးလိုက္တာ... သူမကို သူနဲ႔ စားပြဲတစ္ခုထဲ ထိုင္ေစလိုက္တာက ... အဲ့တာက ေသခ်ာေပါက္ပိုၿပီး ရွက္စရာေကာင္းတာပဲျဖစ္တယ္။

သူ ေခ်ာင္လန္နဲ႔တူတူမထိုင္ခ်င္ဘူး။ သူမွတ္မိရသေလာက္ဆိုရင္ သူ႔ကိုၾကည့္တဲ့ ေခ်ာင္လန္ရဲ႕ ေကာ္ကပ္ထားသလိုမ်ိဳးအၾကည့္ေတြက သူ႔တစ္ကိုယ္လုံးမွာ ၾကက္သီးျဖန္းျဖန္းထလာေစတာပဲ။ သူ ဘယ္သူ႔ေဘးမွာ ထိုင္ရထိုင္ရ အဲ့တာက ေခ်ာင္လန္႔ထက္ေတာ့ သာလိမ့္မယ္။

ခ်န္ေယာင္းရန္က သူ႔ဖုန္းကို စားပြဲခုံေအာက္ ထည့္လိုက္ၿပီး မတ္တပ္ရပ္ကာ ေျခတံရွည္ေတြနဲ႔ စာသင္ခန္းအျပင္ဘက္ကို ဦးတည္လိုက္တယ္။ သူ႔ေနာက္ မွာထိုင္တဲ့လီဖန္က ေၾကာင္သြားတယ္။ " မင္းအိမ္သာသြားမလို႔လား။ တူတူသြားရေအာင္!! "

" တစ္ခုခုျဖစ္လို႔ " ခ်န္ေယာင္းရန္က ေျပာလိုက္တယ္။ " ငါ့ေနာက္လိုက္ မလာနဲ႔ "

လီဖန္က ခ်န္ေယာင္းရန္ရဲ႕ ေနာက္ေက်ာကို ၾကည့္ရင္း သူဘယ္ကို သြားမွာလဲဆိုတာ ခန္႔မွန္းမိသလို ရွိလာတယ္။

Continue Reading

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...