ဗီလိန်ရဲ့ လမ်းပြကြယ်

By CrystalKyi

780K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... More

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၁၄)

6.4K 1K 15
By CrystalKyi

Unicode
ထန်းမော့ရဲ့ ဆံပင်တွေက အရမ်းရှည်နေပြီ။ မျက်လုံးနဲ့ မျက်ခုံးတွေကို အကုန်ဖုံးအုပ်ထားတယ်။ သူ့ကိုကြည့်ရတာ မှုန်ကုပ်ကုပ်နဲ့ အေးတိအေးစက်ကြီး။ အတန်းထဲက တစ်ခြားသူမပြောနဲ့ သူမတောင် သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကို သေချာမမြင်ရဘူး။ တစ်ခါတုန်းက သူမ သူ့မျက်လုံးကို စိုက်ပြီးကြည့်လိုက်မိတော့ ထန်းမော့မျက်လုံးအရောင်က အညိုရောင် ဖျော့ဖျော့​လေးဖြစ်နေတာကို သူမတွေ့လိုက် မိတယ်။

သူကလဲ ကြည့်ကောင်းတဲ့ ကောင်လေးတစ်ယောက်ပဲ။

နောက်တစ်နေ့ဖြေရမယ့်ဘာသာတွေကတော့ ချောင်လန် ပိုင်တဲ့ ဘာသာရပ်တွေပဲဖြစ်တယ်။ မနေ့က chemistry တို့ physics တို့နဲ့ ယှဥ်ရင် ချောင်လန်က အခု အများကြီးပိုပြီး စိတ်သက်သာရာရနေတယ်။ ဒီဘာသာရပ်တွေမှာ အမှတ်ကောင်းကောင်းရဖို့ ချောင်လန်က နည်းနည်းလေးအားစိုက်ထုတ်ဖို့ပဲလိုတယ်။

သူမအရင်တုန်းက အရမ်းစိုးရိမ်နေခဲ့ရတဲ့ physics တောင် သူမ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ခံစားရတယ်။ ဒီတစ်ခါတော့ သူမရဲ့ စုစုပေါင်းရလဒ်ကို နည်းနည်းမျှော်လင့်ထားလို့ရပြီဆိုတာ သူမအနေနဲ့ သေချာသွားပြီ။

သူအိမ်ပြန်လာတော့ လမ်းမှာ ချောင်လုနဲ့တွေ့ခဲ့တယ်။ ချောင်လုက သူမဘေးက ကောင်မလေးအချို့နဲ့ စကားပြောနေတာ။ သူမက ချောင်လန်ကို တွေ့တော့ မေးကို မြင့်နေအောင် မြှောက်ထားလိုက်ပြီး သူမနဲ့စကားပြောရမှာပဲ မတူသလိုလိုမတန်သလိုလို ကြည့်နေတယ်။ သူမကခေါင်းကို လှည့်လိုက်ပြီး သူမဘေးက ကောင်မလေးတစ်ချို့နဲ့ပဲ ဆက်ပြီး ပြောနေလိုက်တယ်။

" နင် ပထဝီက နောက်ဆုံး Multiple choice ကို ဘာရွေးခဲ့လဲ။ "

" ငါ C ကို ရွေးခဲ့တာ "

" ငါက D ကိုရွေးခဲ့တာ။ C က မှားတယ်။ ဆရာက အရင်တုန်းက အဲ့မေးခွန်းအကြောင်းမပြောဖူးပေမဲ့လို့ ...... ငါအာမခံနိုင်တယ် ဒီမေးခွန်းရဲ့အဖြေက သေချာပေါက် Dပဲ။ "

ချောင်လုက အတည်ပေါက်ကြီးပြောနေတော့ သူမဘေးက ကောင်မလေး၂ယောက်လဲ နောင်တတွေရပြီး သက်ပြင်းတွေချကုန်ကြတယ်။ ချောင်လန်က ပထဝီက နောက်ဆုံး မေးခွန်းကို စဥ်းစားလိုက်တော့ အဖြေက သေချာပေါက် Cပါဟ။ ဘယ်နားက D က ရောက်ချလာရတာလဲ။

ချောင်လုနဲ့ သူမအဖွဲ့တို့က စာမေးပွဲအကြောင်းကိုပဲ ဆက်ပြောနေကြတယ်။ ကောင်မလေးတစ်ယောက်ကပြောတယ် ဒီတစ်ခေါက် နှစ်ဝက်စာမေးပွဲရဲ့သင်္ချာမေးခွန်းက အရမ်းခက်တာပဲတဲ့။ ဒါပေမဲ့ ချောင်လုကတော့ မဆိုးပါဘူးလို့ ပြန်ပြောတယ်။

သူမဘေးက ကောင်မလေးက ချောင်လုကို နင်ဘယ်နှမှတ်လောက် ရလောက်လဲလို့မေးတော့ ချောင်လုက ၁၀၃ မှတ်လောက်တော့ရလောက် မယ်လို့ပြောနေတယ်။

အားကျနေတဲ့ အသံတွေကြားမှာ ချောင်လုရဲ့အသံက တစ်ဖြည်းဖြည်းပျောက်ကွယ်သွားတယ်။

နောက်တစ်နေ့ကလဲ ပုံမှန်လိုပဲ ပြီးဆုံးသွားတယ်။ ကွာခြားချက်တစ်ခုက အခု ဆရာ ဆရာမတွေက အဖြေလွှာတွေကို စစ်ပြီး အမှတ်ပေးနေရတာဆိုတော့ ဘာစာအသစ်မှ မသင်နိုင်သေးကြဘူး။ တစ်နေကုန်လုံး အားလုံးက တောင့်တင်းနေကြပြီး သူတို့အမှတ်တွေကို သိရဖို့ စိတ်လှုပ်ရှားနေကြတယ်။

သူတို့တွေက တစ်ချိန်လုံး အဖြေတွေတိုက်နေကြတာ။ အထူးသဖြင့် multiple choice question တွေပေါ့။ အဲ့မေးခွန်းတွေမှာက အဖြေတွေက တိကျပြီးသားဆိုတော့ တိုက်ရလွယ်တယ်လေ။ မေးခွန်းတစ်ခုတိုက်ပြီးသွားတိုင်းမှာ တစ်ချို့ကျောင်းသားတွေက အော်ပြီး ပျော်ရွှင်သွားကြလိုက် တစ်ချို့တွေကတော့ ငိုကြလိုက်နဲ့ ဖြစ်နေကြတယ်။

အတန်းပြီးသွားတာနဲ့ ချက်ချင်းပဲ စုန့်ယောင်နဲ့ ချန်ယောင်းရန်တို့နားမှာ လူတွေစုပြုံလာကြတယ်။

" စုန့်ယောင် နင် သင်္ချာဘယ်လိုလဲ "

" ယောင်းရန် နင့်physics အဖြေလွှာလေးရရင် ငါ့ကို ပေးကြည့်ပါ့လား "

" ယောင်းရန် နင် ဒီတစ်ခါရော ပထမနေရာပဲလား "

ချန်ယောင်းရန်က ထိုင်ခုံကို မှီထိုင်နေရင် ရယ်လိုက်တယ်။ " အဲ့လိုပဲပေါ့ "

Language arts တို့ Comprehension တို့လို ခေါင်းစဥ်တွေကတော့ တစ်ရက်ထဲလုပ်ရုံနဲ့ အမှတ်များများရနိုင်တာမဟုတ်ဘူးလေ။ ဒါပေမဲ့ maths, english , physics , chemistry တို့ လိုဘာသာရပ်တွေမှာတော့ သူအာမခံရဲတယ် သူတောင် အဖြေမသိရင် အခြားဘယ်သူမှ အဖြေသိမှာမဟုတ်ဘူးဆိုတာကိုလေ။

ဒီတစ်ခါတော့ သင်္ချာစာမေးပွဲက အရင်လကထက် အများကြီးပိုခက်တယ်။ ဒါ့ကြောင့် အမှတ်များများရဖို့က ပိုခက်လောက်တယ်။

ကျောင်းသားတွေက သူတို့ဘယ်နှမှတ်ရမလဲဆိုတာ ခန့်မှန်းနေကြတယ်။ ဆရာတွေကတော့ အမှတ်တွေစပေးနေကြပြီ။

အင်္ဂလိပ်ဆရာတွေက စာစစ်ရတာအလွယ်ဆုံးပဲ။ သူတို့က အဖြေလွှာကဒ်တွေကို စက်ထဲထည့်စစ်လိုက်ရုံပဲလေ။ သူတို့က writing ပိုင်းမှာပဲ အမှား​တွေပြင်ပေးရတာလေ။ ဒါ့ကြောင့် အင်္ဂလိပ်စာက အမြန်ဆုံးပဲ။

လောင်လျှိုက သူသင်တဲ့ အခန်း၂ခန်းက အဖြေလွှာတွေကို ရေတွက်လိုက်တယ်။ သူက အတန်းခေါင်းဆောင်တွေဆီကို ပေးလိုက်တော့မလို့လုပ်နေတယ်။

အတန်း၁၃က အင်္ဂလိပ်စာအမှတ်တွေက အရမ်းကောင်းခဲ့တာလေ။ အရင်တစ်ခေါက်တုန်းက ကျောင်းသား၂ယောက် က အထက်တန်းပထမနှစ် တစ်နှစ်လုံးမှာ အင်္ဂလိပ်စာရမှတ်အများဆုံးရခဲ့ကြတာလေ။ အရင်တုန်းကဆို အမှတ်ပြည့်ရတဲ့ ကျောင်းသားဆိုတာ နည်းမှနည်းနည်းလေးရယ်။ ဒီအတန်းက ၃ယောက်တောင်ရတယ်တဲ့လေ။ လောင်လျှိုက အရမ်းဂုဏ်ယူနေခဲ့တယ်။

အကြမ်းဖြင်းပြောရရင် အင်္ဂလိပ်စာ စာမေးပွဲဆိုတာ အရှေ့ပိုင်းကmultiple choice တွေအကုန်မှန်နေရင်တောင် writing ပိုင်းမှာ ၁မှတ်၂မှတ်လောက်တော့ လျှော့ခံရတာပဲ။ ဒါပေမဲ့ အမှတ်ပေးတဲ့ခေါင်းဆောင်ဆရာကပြောတာ ဘာအမှားမှ ရှာလို့မရဘူးတဲ့။ ဒါကြောင့် ဒီကျောင်းသားတွေကို အမှတ်လျှော့လို့မရဘူးတဲ့လေ။

ဒီနည်းကလဲ တော်တဲ့ကျောင်းသားတွေကို အားပေးတဲ့ နည်းတစ်နည်းပေါ့။

အခု ရလဒ်တွေကို တစ်ခုပြီးတစ်ခု စာရင်းလုပ်နေတယ်။ စုန့်ယောင်အလှည့်ရောက်တော့ သူမရမှတ်တွေက အရမ်းကောင်းတယ်။ အရင်တစ်ခေါက်နဲ့တူတူပဲ။ အမှတ်ပြည့်ပဲ။

ရွှယ်ယွီထုန် အလှည့်ရောက်တော့ သူကတော့ အမှတ်ပြည့်မရခဲ့ဘူး။ ၁၄၄မှတ်ရခဲ့တယ်။

နောက်ဆုံးတော့ ချန်ယောင်းရန်အလှည့်ရောက်လာတယ်။ ထင်တဲ့အတိုင်းပဲ အမှတ်ပြည့်ပဲ။ အရမ်းတော်တယ်။ တစ်ကျောင်းလုံးရဲ့ အဆင့်၁လို့ မပြောရဘူး။

လောင်လျှို သက်ပြင်းချလိုက်တယ်။ ဒီတစ်ခေါက် မေးခွန်းတွေကခက်တာကိုး။ အရင်တစ်ခေါက်ကထက် အမှတ်ပြည့်ရတဲ့လူတွေ နည်းသွားကြမှာက ပုံမှန်ပဲ။ ဒါပေမဲ့လဲ နည်းနည်းတော့ စိတ်ပျက်သွားတယ်။ တစ်ခြားအတန်းတွေမှာ အမှတ်ပြည့်တစ်ယောက်တောင် မရှိလောက်ဘူး။

သူတစ်ခြားအဖြေလွှာတွေကို သေချာမကြည့်တော့ဘဲ အမှတ်တွေကို တစ်ခုပြီးတစ်ခု သွင်းနေတယ်။ ဒါပေမဲ့ ရုတ်တရက် အမှတ်၁၅၀အပြည့်ရနေတဲ့ နောက်ထပ်အဖြေလွှာတစ်ရွက်က မျက်စိရှေ့မှာပေါ်လာခဲ့တယ်။

လောင်လျှို : !!!!!!

တစ်ကယ်ကြီး နောက်တစ်ယောက်ရှိနေသေးတာလား????

ဘယ်သူပါလိမ့်??

ဖေးနင် လား ဒါမှမဟုတ်ရင် ကျောင်းထုန်လား။ ဒီကျောင်းသားတွေရဲ့ အင်္ဂလိပ်စာကလဲ အတော်ကောင်းတာကို။

နောက်ဆုံးတော့ အမှတ်ပြည့်ရတဲ့အဖြေလွှာပိုင်ရှင်နာမည်ကို တွေ့လိုက်ရပါပြီ။

အဲ့နာမည်က သူမျှော်မှန်းထားတဲ့ တစ်ယောက် မဟုတ်ခဲ့ဘူး။ ချောင်လန်ဖြစ်နေခဲ့တယ်။

လောင်လျှို ကြောင်အသွားတော့တယ်။

ချောင်လန် တဲ့လား ???

ချောင်လန်ရဲ့အင်္ဂလိပ်စာအမှတ်က အလယ်အလတ်လောက်ပဲရှိတာကို သူမှတ်မိတယ်။ သူမက အရင်လက စာမေးပွဲတောင်မအောင်ဘူးနဲ့တူတာပဲ။ ဒါပေမဲ့ ဒီတစ်ခေါက်ကျတော့ အမှတ်ပြည့်ရသွားတယ်တဲ့လား။

လောင်လျှိုက ဒါက မဖြစ်နိုင်လောက်ဘူးဆိုပြီး မယုံကြည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ သူရုတ်တရက် မှတ်မိသွားခဲ့တယ်။ သူ ချောင်လန့်ကို မီးနင်းတွေ ၃ ၄ကြိမ်လောက် မေးဖူးတာကိုပေါ့။ ချောင်လန်ကအကြိမ်တိုင်းမှန်အောင်ဖြေနိုင်ခဲ့တယ်။ ပြီးတော့ သူက စာလုံးတွေကို ရွတ်ဆိုပြခိုင်းတိုင်းလဲ ချောင်လန်က မြန်မြန် ရွတ်ဆိုပြနိုင်ခဲ့တယ်။

ဒီကျောင်းသူက နောက်ဆုံးတော့ စာလုပ်ရကောင်းမှန်းသိခဲ့ပြီဆိုပြီး သူခံစားနေရတယ်။ ပြီးတော့ သူအရမ်းလဲကျေနပ်နေခဲ့တယ်။

သူထင်တာ ချောင်လန်ရဲ့ ရလဒ်တွေက ဒီတစ်ခေါက်မှာ တိုးတက်သင့်တယ်လို့လေ။ ဒါပေမဲ့ ဒီလောက်ကြီး အမှတ်ပြည့်ရလောက်အောင်ထိ တိုးတက်သွားလိမ့်မယ်လို့တော့ သူမထင်ထားခဲ့ဘူး။ ဒါ့ကြောင့် နောက်ဆုံးတော့ ကြိုးစားခြင်းက ရလဒ်ကောင်းကို ပေးစွမ်းနိုင်ပါတယ်လို့။ မင်းသာ ကြိုးစားနေမယ်ဆိုရင် ဘယ်အရာမှမဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။

အထူးသဖြင့် အခုက အထက်တန်း ပထမနှစ်ပဲရှိသေးတာလေ။ အရာအားလုံးက အခုမှစတင်ဆဲလေ။ အရင်တုန်းက စာသေချာမလုပ်ခဲ့တဲ့ ကျောင်းသားတွေတောင် အမိအရ လုပ်နိုင်လို့ရှိရင် အံ့ဩဖွယ်ဖြစ်ရပ်ဆိုတာ ဖြစ်လာနိုင်တာပဲလေ။

ချောင်လန်က အဲ့တာရဲ့ ဥပမာ သာဓက ပဲမဟုတ်လား။

ဒါဆို သူတို့အတန်းက အမှတ်ပြည့်က ၃ယောက်ဆိုတာ တစ်ကယ်ပေါ့။ လောင်လျှိုက အရမ်းစိတ်လှုပ်ရှားနေခဲ့တယ်။ သူ အမှတ်တွေကို ရေးမှတ်ထားလိုက်ပြီးတဲ့နောက်မှာ အတန်းခေါင်းဆောင်ကို ခေါ်လိုက်ပြီး အဖြေလွှာတွေကို ဝေပေးလိုက်ဖို့ ပြောလိုက်တယ်။

အတန်းက ဆူညံစွာစောင့်ဆိုင်းနေကြတယ်။ ချောင်လန်ရဲ့ deskmate တောင်မှ စိတ်လှုပ်ရှားနေတယ်။ သူမက ထိုင်ခုံအရှေ့ အနောက်မှာ ထိုင်တဲ့ အတန်းဖော်တွေနဲ့ သူမအမှတ်ကို ခန့်မှန်းတွက်ပြီးသွားပြီ။

သူမရဲ့ အင်္ဂလိပ်စာအမှတ်က အရမ်းကောင်းတာ။ အရင်တစ်ခေါက်ကလဲ ၁၃၀ကျော်တောင်ရခဲ့တာလေ။ ဒီတစ်ခေါက်တော့ ​မေးခွန်းက နည်းနည်းခက်တော့ သူမ ၁၃၀လောက်ကို ဆက်ထိန်းထားနိုင်ပါ့မလားဆိုတာ မသေချာဘူး။ အဲ့အကြောင်းတွေနေတုန်းမှာပဲ အတန်းထဲက ကောင်လေးတွေအော်တာကို ကြားလိုက်ရတယ်။ " စုန့်ယောင်က အမှတ်ပြည့်ရပြန်ပြီ "

tablemate က နည်းနည်း မနာလိုသွားတယ်။

စုန့်ယောင်က အမေရိကန်မှာ ၁နှစ်လောက်နေခဲ့ဖူးတယ်လို့ သူမကြားတယ်။ အဲ့လို ပတ်ဝန်းကျင်မျိုးနဲ့ဆိုမှတော့ စုန့်ယောင်ကသူတို့ထက် အင်္ဂလိပ်စာမှာ အများကြီး ပိုတော်ပြီပေါ့။ အရင်လပတ်စာမေးပွဲတုန်းကလဲ သူမနဲ့ စုန့်ယောင်တို့က အမှတ်၂၀လောက်ကွာနေခဲ့တာလေ။

စုန့်ယောင်က ဒီတစ်ခေါက်လဲ အမှတ်၁၅၀ ထပ်ရသွားပြန်ပြီ ပြီးတော့ သူမနဲ့ စုန့်ယောင်က တစ်ခြားဘာသာရပ်တွေမှာ သိပ်ပြီး မကွာကြဘူးလေ။ အဲ့တော့ ဒီတစ်ခါလဲ သူမ စုန့်ယောင်ထက် အမှတ်ပေါင်းနည်းဦးမယ်နဲ့တူတယ်။

သူမရဲ့ စိတ်ပျက်နေမှုကို ဖုံးကွယ်နိုင်ဖို့ ခက်တယ်။ အဲ့အချိန်မှာပဲ သူမအဖြေလွှာရောက်လာတော့တယ်။

" ကျောင်းထုန် ၁၃၇မှတ် "

" ဝိုးးးး ထုန်ထုန်ရဲ့ အမှတ်က အရင်လကထက် ပိုများလာတာပဲ။ "

သူမနားက ကောင်မလေးအချို့က ကျောင်းထုန်လောက် အမှတ်မများကြဘူးလေ။ ကျောင်းထုန်ရဲ့ အဖြေလွှာလဲရောက်လာရော  ၁၅၀လောက်တော့ ရူးသွပ်စရာအမှတ်မဟုတ်ပေမဲ့လဲ ၁၃၇ ဆိုတာ အရမ်းမြင့်လွန်းနေပါပြီ။

တစ်ဘာသာချင်းစီမှာ အဲ့လိုအမှတ်တွေရမယ်ဆိုရင် သေချာပေါက်ကို အတန်းထဲမှာ အဆင့် ၁ကနေ ၅အတွင်းဝင်မှာပဲ။

ခုနလေးကတင် သူမ စုန့်ယောင်ကို မကျော်နိုင်လောက်တော့ဘူးလို့တွေးနေတဲ့ ကျောင်းထုန် တစ်ယောက် ချက်ချင်းပဲ ယုံကြည်ချက်တွေရှိလာခဲ့တယ်။ တစ်ကယ်လို့ စုန့်ယောင်သာ သင်္ချာနဲ့ physics တွေမှာ သူမထက် အမှတ်နည်းခဲ့မယ်ဆိုရင် သူမသူ့ကို ကျော်နိုင်လောက်မှာပဲ။

အဲ့အကြောင်းကိုတွေးလိုက် မိပြီး တစ်ကယ်လို့ သူမက ဒုတိယနေရာမရလဲ တတိယ စတုတ္ထနေရာလောက်ဆိုလဲ အဆင်ပြေတာပဲ။ ဒီတစ်ခေါက် သူမအင်္ဂလိပ်စာအမှတ်က အရင်တစ်ခေါက်ကထက် ပိုများတော့ အမှတ်ပေါင်းလဲ ပိုများလောက်မှာပါ။

ချန်ယောင်းရန်က သူမရှေ့မှာ ထိုင်နေမှာကို တွေးမိရုံနဲ့တင် ကျောင်းထုန်ရဲ့ နှလုံးခုန်သံ တွေမြန်လာတယ်။

သူမဘေးကို လှည့်ကြည့်လိုက်တော့ ချောင်လန့်ရဲ့ အဖြေလွှာမရသေးတာကို တွေ့လိုက်တော့ နှာရှုံ့လိုက်တယ်။

သူမက အင်္ဂလိပ်မီးနင်းတွေ ​အမေးခံရတုန်းက အမြဲမှန်နေလဲ ဘာဖြစ်လဲ။ စာမေးပွဲက မီးနင်းပဲ မေးတာမှမဟုတ်တာ။ ဒီတစ်ခေါက် ချောင်လန်က ဘယ်နှမှတ်လောက်ရလောက်လဲ သူမမသိဘူး။ ၇၀?? ၈၀?? ၉၀လောက်လဲ ဖြစ်နိုင်တာပဲ။

၉၀ဆိုတာ အမြင့်ဆုံးဖြစ်နိုင်လောက်တယ်။

ကျောင်းထုန်က သူမအဖြေလွှာကို သိမ်းလိုက်ပြီး ချောင်လန့်ကို ဘဝင်မြင့်နေတဲ့ အကြည့်နဲ့ကြည့်လိုက်ပြီး အဖြေလွှာတွေလိုက်ဝေနေတဲ့ အတန်းခေါင်းဆောင်ကို လှမ်းကြည့်ကာ ပြောလိုက်တယ်။ " မြန်မြန်ဝေပေးလိုက်လေဟယ်။ တစ်ချို့လူတွေစောင့်နေသေးတာကို။ "

" နင်က ဘာတွေ ဒီလောက်တောင် အလျင်လိုနေရတာလဲဟ " အတန်းခေါင်းဆောင်က ရယ်လိုက်တယ်။ အော်ရယ်ပြီး သူခေါင်းကိုငုံ့လိုက်ပြီး နောက်အဖြေလွှာကို ယူလိုက်တော့ ရုတ်တရက် သူ့မျက်နှာပေါ်က အပြုံးတွေအေးခဲသွားတော့တယ်။ ခဏလောက်ကြာတော့မှ ဆဲလိုက်တဲ့ စကားလုံးက အကျယ်ကြီးထွက်သွားတယ်။

" Fuck!!! "

" ဘာဖြစ်လို့လဲ " ကျောင်းသားတွေ သိချင်စိတ်တွေဖြစ်လာကြပြီး တစ်ယောက်ပြီးတစ်ယောက် လာကြည့်ကြတယ်။

" ချောင်လန်က...... " အတန်းခေါင်းဆောင်က ချောင်လန့်နာမည်ကို တွန့်ဆုတ်တွန့်ဆုတ်နဲ့ဖတ်လိုက်တယ်။ ပြီးတော့ အဖြေလွှာကိုမယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။ ပြီးတော့မှ ဖြေးဖြေးချင်းပြောလိုက်တယ်။

" ချောင်လန် ....... ၁၅၀...... အမှတ်ပြည့်ဟ!! "

Zawgyi

ထန္းေမာ့ရဲ႕ ဆံပင္ေတြက အရမ္းရွည္ေနၿပီ။ မ်က္လုံးနဲ႔ မ်က္ခုံးေတြကို အကုန္ဖုံးအုပ္ထားတယ္။ သူ႔ကိုၾကည့္ရတာ မႈန္ကုပ္ကုပ္နဲ႔ ေအးတိေအးစက္ႀကီး။ အတန္းထဲက တစ္ျခားသူမေျပာနဲ႔ သူမေတာင္ သူ႔ရဲ႕ ပုံပနသ႑ာန္ကို ေသခ်ာမျမင္ရဘူး။ တစ္ခါတုန္းက သူမ သူ႔မ်က္လုံးကို စိုက္ၿပီးၾကည့္လိုက္ မိေတာ့ ထန္းေမာ့မ်က္လုံးအေရာင္က အညိဳေရာင္ ေဖ်ာ့ေဖ်ာ့​ေလးျဖစ္ေနတာကို သူမေတြ႕လိုက္ မိတယ္။

သူကလဲ ၾကည့္ေကာင္းတဲ့ ေကာင္ေလးတစ္ေယာက္ပဲ။

ေနာက္တစ္ေန႔ေျဖရမယ့္ဘာသာေတြကေတာ့ ေခ်ာင္လန္ ပိုင္တဲ့ ဘာသာရပ္ေတြပဲျဖစ္တယ္။ မေန႔က chemistry တို႔ physics တို႔နဲ႔ ယွဥ္ရင္ ေခ်ာင္လန္က အခု အမ်ားႀကီးပိုၿပီး စိတ္သက္သာရာရေနတယ္။ ဒီဘာသာရပ္ေတြမွာ အမွတ္ေကာင္းေကာင္းရဖို႔ ေခ်ာင္လန္က နည္းနည္းေလးအားစိုက္ထုတ္ဖို႔ပဲလိုတယ္။

သူမအရင္တုန္းက အရမ္းစိုးရိမ္ေနခဲ့ရတဲ့ physics ေတာင္ သူမ ေကာင္းေကာင္းလုပ္ႏိုင္ခဲ့တယ္လို႔ ခံစားရတယ္။ ဒီတစ္ခါေတာ့ သူမရဲ႕ စုစုေပါင္းရလဒ္ကို နည္းနည္းေမွ်ာ္လင့္ထားလို႔ရၿပီဆိုတာ သူမအေနနဲ႔ ေသခ်ာသြားၿပီ။

သူအိမ္ျပန္လာေတာ့ လမ္းမွာ ေခ်ာင္လုနဲ႔ေတြ႕ခဲ့တယ္။ ေခ်ာင္လုက သူမေဘးက ေကာင္မေလးအခ်ိဳ႕နဲ႔ စကားေျပာေနတာ။ သူမက ေခ်ာင္လန္ကို ေတြ႕ေတာ့ ေမးကို ျမင့္ေနေအာင္ ေျမႇာက္ထားလိုက္ၿပီး သူမနဲ႔စကားေျပာရမွာပဲ မတူသလိုလိုမတန္သလိုလို ၾကည့္ေနတယ္။ သူမကေခါင္းကို လွည့္လိုက္ၿပီး သူမေဘးက ေကာင္မေလးတစ္ခ်ိဳ႕နဲ႔ပဲ ဆက္ၿပီး ေျပာေနလိုက္တယ္။

" နင္ ပထဝီက ေနာက္ဆုံး Multiple choice ကို ဘာေ႐ြးခဲ့လဲ။ "

" ငါ C ကို ေ႐ြးခဲ့တာ "

" ငါက D ကိုေ႐ြးခဲ့တာ။ C က မွားတယ္။ ဆရာက အရင္တုန္းက အဲ့ေမးခြန္းအေၾကာင္းမေျပာဖူးေပမဲ့လို႔ ...... ငါအာမခံႏိုင္တယ္ ဒီေမးခြန္းရဲ႕အေျဖက ေသခ်ာေပါက္ Cပဲ။ "

ေခ်ာင္လုက အတည္ေပါက္ႀကီးေျပာေနေတာ့ သူမေဘးက ေကာင္မေလး၂ေယာက္လဲ ေနာင္တေတြရၿပီး သက္ျပင္းေတြခ်ကုန္ၾကတယ္။ ေခ်ာင္လန္က ပထဝီက ေနာက္ဆုံး ေမးခြန္းကို စၪ္းစားလိုက္ေတာ့ အေျဖက ေသခ်ာေပါက္ Cပါဟ။ ဘယ္နားက D က ေရာက္ခ်လာရတာလဲ။

ေခ်ာင္လုနဲ႔ သူမအဖြဲ႕တို႔က စာေမးပြဲအေၾကာင္းကိုပဲ ဆက္ေျပာေနၾကတယ္။ ေကာင္မေလးတစ္ေယာက္ကေျပာတယ္ ဒီတစ္ေခါက္ ႏွစ္ဝက္စာေမးပြဲရဲ႕သခ်ၤာေမးခြန္းက အရမ္းခက္တာပဲတဲ့။ ဒါေပမဲ့ ေခ်ာင္လုကေတာ့ မဆိုးပါဘူးလို႔ ျပန္ေျပာတယ္။
သူမေဘးက ေကာင္မေလးက ေခ်ာင္လုကို နင္ဘယ္ႏွမွတ္ေလာက္ ရေလာက္လဲလို႔ေမးေတာ့ ေခ်ာင္လုက ၁၀၃ မွတ္ေလာက္ေတာ့ ရေလာက္ မယ္လို႔ေျပာေနတယ္။

အားက်ေနတဲ့ အသံေတြၾကားမွာ ေခ်ာင္လုရဲ႕အသံက တစ္ျဖည္းျဖည္းေပ်ာက္ကြယ္သြားတယ္။

ေနာက္တစ္ေန႔ကလဲ ပုံမွန္လိုပဲ ၿပီးဆုံးသြားတယ္။ ကြာျခားခ်က္တစ္ခုက အခု ဆရာ ဆရာမေတြက အေျဖလႊာေတြကို စစ္ၿပီး အမွတ္ေပးေနရတာဆိုေတာ့ ဘာစာအသစ္မွ မသင္ႏိုင္ေသးၾကဘူး။ တစ္ေနကုန္လုံး အားလုံးက ေတာင့္တင္းေနၾကၿပီး သူတို႔အမွတ္ေတြကို သိရဖို႔ စိတ္လႈပ္ရွားေနၾကတယ္။

သူတို႔ေတြက တစ္ခ်ိန္လုံး အေျဖေတြတိုက္ေနၾကတာ။ အထူးသျဖင့္ multiple choice question ေတြေပါ့။ အဲ့ေမးခြန္းေတြမွာက အေျဖေတြက တိက်ၿပီးသားဆိုေတာ့ တိုက္ရလြယ္တယ္ေလ။ ေမးခြန္းတစ္ခုတိုက္ၿပီးသြားတိုင္းမွာ တစ္ခ်ိဳ႕ေက်ာင္းသားေတြက ေအာ္ၿပီး ေပ်ာ္႐ႊင္သြားၾကလိုက္ တစ္ခ်ိဳ႕ေတြကေတာ့ ငိုၾကလိုက္နဲ႔ ျဖစ္ေနၾကတယ္။

အတန္းၿပီးသြားတာနဲ႔ ခ်က္ခ်င္းပဲ စုန္႔ေယာင္နဲ႔ ခ်န္ေယာင္းရန္တို႔နားမွာ လူေတြစုၿပဳံလာၾကတယ္။

" စုန္႔ေယာင္ နင္ သခ်ၤာဘယ္လိုလဲ "

" ေယာင္းရန္ နင့္physics အေျဖလႊာေလးရရင္ ငါ့ကို ေပးၾကည့္ပါ့လား "

" ေယာင္းရန္ နင္ ဒီတစ္ခါေရာ ပထမေနရာပဲလား "

ခ်န္ေယာင္းရန္က ထိုင္ခုံကို မွီထိုင္ေနရင္ ရယ္လိုက္တယ္။ " အဲ့လိုပဲေပါ့ "

Language arts တို႔ Comprehension တို႔လို ေခါင္းစၪ္ ေတြကေတာ့ တစ္ရက္ထဲလုပ္႐ုံနဲ႔ အမွတ္မ်ားမ်ားရႏိုင္တာမဟုတ္ဘူးေလ။ ဒါေပမဲ့ maths, english , physics , chemistry တို႔ လိုဘာသာရပ္ေတြမွာေတာ့ သူအာမခံရဲတယ္ သူေတာင္ အေျဖမသိရင္ အျခားဘယ္သူမွ အေျဖသိမွာမဟုတ္ဘူးဆိုတာကိုေလ။

ဒီတစ္ခါေတာ့ သခ်ၤာစာေမးပြဲက အရင္လကထက္ အမ်ားႀကီးပိုခက္တယ္။ ဒါ့ေၾကာင့္ အမွတ္မ်ားမ်ားရဖို႔က ပိုခက္ေလာက္တယ္။
ေက်ာင္းသားေတြက သူတို႔ဘယ္ႏွမွတ္ရမလဲဆိုတာ ခန္႔မွန္းေနၾကတယ္။ ဆရာေတြကေတာ့ အမွတ္ေတြစေပးေနၾကၿပီ။

အဂၤလိပ္ဆရာေတြက စာစစ္ရတာအလြယ္ဆုံးပဲ။ သူတို႔က အေျဖလႊာကဒ္ေတြကို စက္ထဲထည့္စစ္လိုက္႐ုံပဲေလ။ သူတို႔က writing ပိုင္းမွာပဲ အမွား​ေတြျပင္ေပးရတာေလ။ ဒါ့ေၾကာင့္ အဂၤလိပ္စာက အျမန္ဆုံးပဲ။

ေလာင္လွ်ိဳက သူသင္တဲ့ အခန္း၂ခန္းက အေျဖလႊာေတြကို ေရတြက္လိုက္တယ္။ သူက အတန္းေခါင္းေဆာင္ေတြဆီကို ေပးလိုက္ေတာ့မလို႔လုပ္ေနတယ္။

အတန္း၁၃က အဂၤလိပ္စာအမွတ္ေတြက အရမ္းေကာင္းခဲ့တာေလ။ အရင္တစ္ေခါက္တုန္းက ေက်ာင္းသား၂ေယာက္ က အထက္တန္းမထမႏွစ္ တစ္ႏွစ္လုံးမွာ အဂၤလိပ္စာရမွတ္အမ်ားဆုံးရခဲ့ၾကတာေလ။ အရင္တုန္းကဆို အမွတ္ျပည့္ရတဲ့ ေက်ာင္းသားဆိုတာ နည္းမွနည္းနည္းေလးရယ္။ ဒီအတန္းက ၃ေယာက္ေတာင္ရတယ္တဲ့ေလ။ ေလာင္လွ်ိဳက အရမ္းဂုဏ္ယူေနခဲ့တယ္။

အၾကမ္းျဖင္းေျပာရရင္ အဂၤလိပ္စာ စာေမးပြဲဆိုတာ အေရွ႕ပိုင္းကmultiple choice ေတြအကုန္မွန္ေနရင္ေတာင္ writing ပိုင္းမွာ ၁မွတ္၂မွတ္ေလာက္ေတာ့ ေလွ်ာ့ခံရတာပဲ။ ဒါေပမဲ့ အမွတ္ေပးတဲ့ေခါင္းေဆာင္ဆရာကေျပာတာ ဘာအမွားမွ ရွာလို႔မရဘူးတဲ့။ ဒါေၾကာင့္ ဒီေက်ာင္းသားေတြကို အမွတ္ေလွ်ာ့လို႔မရဘူးတဲ့ေလ။

ဒီနည္းကလဲ ေတာ္တဲ့ေက်ာင္းသားေတြကို အားေပးတဲ့ နည္းတစ္နည္းေပါ့။

အခု ရလဒ္ေတြကို တစ္ခုၿပီးတစ္ခု စာရင္းလုပ္ေနတယ္။ စုန္႔ေယာင္အလွည့္ေရာက္ေတာ့ သူမရမွတ္ေတြက အရမ္းေကာင္းတယ္။ အရင္တစ္ေခါက္နဲ႔တူတူပဲ။ အမွတ္ျပည့္ပဲ။

႐ႊယ္ယြီထုန္ အလွည့္ေရာက္ေတာ့ သူကေတာ့ အမွတ္ျပည့္မရခဲ့ဘူး။ ၁၄၄မွတ္ရခဲ့တယ္။

ေနာက္ဆုံးေတာ့ ခ်န္ေယာင္းရန္အလွည့္ေရာက္လာတယ္။ ထင္တဲ့အတိုင္းပဲ အမွတ္ျပည့္ပဲ။ အရမ္းေတာ္တယ္။ တစ္ေက်ာင္းလုံးရဲ႕ အဆင့္၁လို႔ မေျပာရဘူး။

ေလာင္လွ်ိဳ သက္ျပင္းခ်လိုက္တယ္။ ဒီတစ္ေခါက္ ေမးခြန္းေတြကခက္တာကိုး။ အရင္တစ္ေခါက္ကထက္ အမွတ္ျပည့္ရတဲ့လူေတြ နည္းသြားၾကမွာက ပုံမွန္ပဲ။ ဒါေပမဲ့လဲ နည္းနည္းေတာ့ စိတ္ပ်က္သြားတယ္။ တစ္ျခားအတန္းေတြမွာ အမွတ္ျပည့္တစ္ေယာက္ေတာင္ မရွိေလာက္ဘူး။

သူတစ္ျခားအေျဖလႊာေတြကို ေသခ်ာမၾကည့္ေတာ့ဘဲ အမွတ္ေတြကို တစ္ခုၿပီးတစ္ခု သြင္းေနတယ္။ ဒါေပမဲ့ ႐ုတ္တရက္ အမွတ္၁၅၀အျပည့္ရေနတဲ့ ေနာက္ထပ္အေျဖလႊာတစ္႐ြက္က မ်က္စိေရွ႕မွာေပၚလာခဲ့တယ္။

ေလာင္လွ်ိဳ : !!!!!!

တစ္ကယ္ႀကီး ေနာက္တစ္ေယာက္ရွိေနေသးတာလား????

ဘယ္သူပါလိမ့္??

ေဖးနင္ လား ဒါမွမဟုတ္ရင္ ေက်ာင္းထုန္လား။ ဒီေက်ာင္းသားေတြရဲ႕ အဂၤလိပ္စာကလဲ အေတာ္ေကာင္းတာကို။

ေနာက္ဆုံးေတာ့ အမွတ္ျပည့္ရတဲ့အေျဖလႊာပိုင္ရွင္နာမည္ကို ေတြ႕လိုက္ရပါၿပီ။

အဲ့နာမည္က သူေမွ်ာ္မွန္းထားတဲ့ တစ္ေယာက္ မဟုတ္ခဲ့ဘူး။ ေခ်ာင္လန္ျဖစ္ေနခဲ့တယ္။

ေလာင္လွ်ိဳ ေၾကာင္အသြားေတာ့တယ္။

ေခ်ာင္လန္ တဲ့လား ???

ေခ်ာင္လန္ရဲ႕အဂၤလိပ္စာအမွတ္က အလယ္အလတ္ေလာက္ပဲရွိတာကို သူမွတ္မိတယ္။ သူမက အရင္လက စာေမးပြဲေတာင္မေအာင္ဘူးနဲ႔တူတာပဲ။ ဒါေပမဲ့ ဒီတစ္ေခါက္က်ေတာ့ အမွတ္ျပည့္ရသြားတယ္တဲ့လား။

ေလာင္လွ်ိဳက ဒါက မျဖစ္ႏိုင္ေလာက္ဘူးဆိုၿပီး မယုံၾကည္ႏိုင္ခဲ့ဘူး။ ဒါေပမဲ့ သူ႐ုတ္တရက္ မွတ္မိသြားခဲ့တယ္။ သူ ေခ်ာင္လန္႔ကို မီးနင္းေတြ ၃ ၄ႀကိမ္ေလာက္ ေမးဖူး
တာကိုေပါ့။ ေခ်ာင္လန္ကအႀကိမ္တိုင္းမွန္ေအာင္ေျဖႏိုင္ခဲ့တယ္။ ၿပီးေတာ့ သူက စာလုံးေတြကို ႐ြတ္ဆိုျပခိုင္းတိုင္းလဲ ေခ်ာင္လန္က ျမန္ျမန္ ႐ြတ္ဆိုျပႏိုင္ခဲ့တယ္။

ဒီေက်ာင္းသူက ေနာက္ဆုံးေတာ့ စာလုပ္ရေကာင္းမွန္းသိခဲ့ၿပီဆိုၿပီး သူခံစားေနရတယ္။ ၿပီးေတာ့ သူအရမ္းလဲေက်နပ္ေနခဲ့တယ္။

သူထင္တာ ေခ်ာင္လန္ရဲ႕ ရလဒ္ေတြက ဒီတစ္ေခါက္ မွာ တိုးတက္သင့္တယ္လို႔ေလ။ ဒါေပမဲ့ ဒီေလာက္ႀကီး အမွတ္ျပည့္ရေလာက္ေအာင္ထိ တိုးတက္သြားလိမ့္မယ္လို႔ေတာ့ သူမထင္ထားခဲ့ဘူး။ ဒါ့ေၾကာင့္ ေနာက္ဆုံးေတာ့ ႀကိဳးစားျခင္းက ရလဒ္ေကာင္းကို ေပးစြမ္းႏိုင္ပါတယ္လို႔။ မင္းသာ ႀကိဳးစားေနမယ္ဆိုရင္ ဘယ္အရာမွမျဖစ္ႏိုင္ဘူးဆိုတာ မရွိဘူး။

အထူးသျဖင့္ အခုက အထက္တန္း ပထမႏွစ္ပဲရွိေသးတာေလ။ အရာအားလုံးက အခုမွစတင္ဆဲေလ။ အရင္တုန္းက စာေသခ်ာမလုပ္ခဲ့တဲ့ ေက်ာင္းသားေတြေတာင္ အမိအရ လုပ္ႏိုင္လို႔ရွိရင္ အံ့ဩဖြယ္ျဖစ္ရပ္ဆိုတာ ျဖစ္လာႏိုင္တာပဲေလ။

ေခ်ာင္လန္က အဲ့တာရဲ႕ ဥပမာ သာဓက ပဲမဟုတ္လား။

ဒါဆို သူတို႔အတန္းက အမွတ္ျပည့္က ၃ေယာက္ဆိုတာ တစ္ကယ္ေပါ့။ ေလာင္လွ်ိဳက အရမ္းစိတ္လႈပ္ရွားေနခဲ့တယ္။ သူ အမွတ္ေတြကို ေရးမွတ္ထားလိုက္ၿပီးတဲ့ေနာက္ မွာ အတန္းေခါင္းေဆာင္ကို ေခၚလိုက္ၿပီး အေျဖလႊာေတြကို ေဝေပးလိုက္ဖို႔ ေျပာလိုက္တယ္။

အတန္းက ဆူညံစြာေစာင့္ဆိုင္းေနၾကတယ္။ ေခ်ာင္လန္ရဲ႕ deskmate ေတာင္မွ စိတ္လႈပ္ရွားေနတယ္။ သူမက ထိုင္ခုံအေရွ႕ အေနာက္ မွာ ထိုင္တဲ့ အတန္းေဖာ္ေတြနဲ႔ သူမအမွတ္ကို ခန္႔မွန္းတြက္ၿပီးသြားၿပီ။

သူမရဲ႕ အဂၤလိပ္စာအမွတ္က အရမ္းေကာင္းတာ။ အရင္တစ္ေခါက္ကလဲ ၁၃၀ေက်ာ္ေတာင္ရခဲ့တာေလ။ ဒီတစ္ေခါက္ေတာ့ ​ေမးခြန္းက နည္းနည္းခက္ေတာ့ သူမ ၁၃၀ေလာက္ကို ဆက္ထိန္းထားႏိုင္ပါ့မလားဆိုတာ မေသခ်ာဘူး။ အဲ့အေၾကာင္းေတြေနတုန္းမွာပဲ အတန္းထဲက ေကာင္ေလးေတြေအာ္တာကို ၾကားလိုက္ရတယ္။ " စုန္႔ေယာင္က အမွတ္ျပည့္ရျပန္ၿပီ "

tablemate က နည္းနည္း မနာလိုသြားတယ္။

စုန္႔ေယာင္က အေမရိကန္မွာ ၁ႏွစေလာက္ေနခဲ့ဖူးတယ္လို႔ သူမၾကားတယ္။ အဲ့လို ပတ္ဝန္းက်င္မ်ိဳးနဲ႔ဆိုမွေတာ့ စုန္႔ေယာင္ကသူတို႔ထက္ အဂၤလိပ္စာမွာ အမ်ားႀကီး ပိုေတာ္ၿပီေပါ့။ အရင္လပတ္စာေမးပြဲတုန္းကလဲ သူမနဲ႔ စုန္႔ေယာင္တို႔က အမွတ္၂၀ေလာက္ကြာေနခဲ့တာေလ။

စုန္႔ေယာင္က ဒီတစ္ေခါက္လဲ အမွတ္၁၅၀ ထပ္ရသြားျပန္ၿပီ ၿပီးေတာ့ သူမနဲ႔ စုန္႔ေယာင္က တစ္ျခားဘာသာရပ္ေတြမွယ သိပ္ၿပီး မကြာၾကဘူးေလ။ အဲ့ေတာ့ ဒီတစ္ခါလဲ သူမ စုန္႔ေယာင္ထက္ အမွတ္ေပါင္းနည္းဦးမယ္နဲ႔တူတယ္။

သူမရဲ႕ စိတ္ပ်က္ေနမႈကို ဖုံးကြယ္ႏိုင္ဖို႔ ခက္တယ္။ အဲ့အခ်ိန္မွာပဲ သူမအေျဖလႊာေရာက္လာေတာ့တယ္။

" ေက်ာင္းထုန္ ၁၃၇မွတ္ "

" ဝိုးးးး ထုန္ထုန္ရဲ႕ အမွတ္က အရင္လကထက္ ပိုမ်ားလာတာပဲ။ "

သူမနားက ေကာင္မေလးအခ်ိဳ႕က ေက်ာင္းထုန္ေလာက္ အမွတ္မမ်ားၾကဘူးေလ။ ေက်ာင္းထုန္ရဲ႕ အေျဖလႊာလဲေရာက္လာေရာ  ၁၅၀ေလာက္ေတာ့ ႐ူးသြပ္စရာအမွတ္မဟုတ္ေပမဲ့လဲ ၁၃၇ ဆိုတာ အရမ္းျမင့္လြန္းေနပါၿပီ။

တစ္ဘာသာခ်င္းစီမွာ အဲ့လိုအမွတ္ေတြရမယ္ဆိုရင္ ေသခ်ာေပါက္ကို အတန္းထဲမွာ အဆင့္ ၁ကေန ၅အတြင္းဝင္မွာပဲ။

ခုနေလးကတင္ သူမ စုန္႔ေယာင္ကို မေက်ာ္ႏိုင္ေလာက္ေတာ့ဘူးလို႔ေတြးေနတဲ့ ေက်ာင္းထုန္ တစ္ေယာက္ ခ်က္ခ်င္းပဲ ယုံၾကည္ခ်က္ေတြရွိလာခဲ့တယ္။ တစ္ကယ္လို႔ စုန္႔ေယာင္သာ သခ်ၤာနဲ႔ physics ေတြမွာ သူမထက္ အမွတ္နည္းခဲ့မယ္ဆိုရင္ သူမသူ႔ကို ေက်ာ္ႏိုင္ေလာက္ မွာပဲ။

အဲ့အေၾကာင္းကိုေတြးလိုက္ မိၿပီး တစ္ကယ္လို႔ သူမက ဒုတိယေနရာမရလဲ တတိယ စတုတၳေနရာေလာက္ဆိုလဲ အဆင္ေျပတာပဲ။ ဒီတစ္ေခါက္ သူမအဂၤလိပ္စာအမွတ္က အရင္တစ္ေခါက္ကထက္ ပိုမ်ားေတာ့ အမွတ္ေပါင္းလဲ ပိုမ်ားေလာက္ မွာပါ။

ခ်န္ေယာင္းရန္က သူမေရွ႕မွာ ထိုင္ေနမွာကို ေတြးမိ႐ုံနဲ႔တင္ ေက်ာင္းထုန္ရဲ႕ ႏွလုံးခုန္သံ ေတြျမန္လာတယ္။

သူမေဘးကို လွည့္ၾကည့္လိုက္ေတာ့ ေခ်ာင္လန္႔ရဲ႕ အေျဖလႊာမရေသးတာကို ေတြ႕လိုက္ေတာ့ ႏွာရႈံ႕လိုက္တယ္။

သူမက အဂၤလိပ္မီးနင္းေတြ ​အေမးခံရတုန္းက အၿမဲမွန္ေနလဲ ဘာျဖစ္လဲ။ စာေမးပြဲက မီးနင္းပဲ ေမးတာမွမဟုတ္တာ။ ဒီတစ္ေခါက္ ေခ်ာင္လန္က ဘယ္ႏွမွတ္ေလာက္ရေလာက္လဲ သူမမသိဘူး။ ၇၀?? ၈၀?? ၉၀ေလာက္လဲ ျဖစ္ႏိုင္တာပဲ။

၉၀ဆိုတာ အျမင့္ဆုံးျဖစ္ႏိုင္ေလာက္တယ္။

ေက်ာင္းထုန္က သူမအေျဖလႊာကို သိမ္းလိုက္ၿပီး ေခ်ာင္လန္႔ကို ဘဝင္ျမင့္ေနတဲ့ အၾကည့္နဲ႔ၾကည့္လိုက္ၿပီး အေျဖလႊာေတြလိုက္ေဝေနတဲ့ အတန္းေခါင္းေဆာင္ကို လွမ္းၾကည့္ကာ ေျပာလိုက္တယ္။ " ျမန္ျမန္ေဝေပးလိုက္ေလဟယ္။ တစ္ခ်ိဳ႕လူေတြေစာင့္ေနေသးတာကို။ "

" နင္က ဘာေတြ ဒီေလာက္ေတာင္ အလ်င္လိုေနရတာလဲဟ " အတန္းေခါင္းေဆာင္က ရယ္လိုက္တယ္။ ေအာ္ရယ္ၿပီး သူေခါင္းကိုငုံ႔လိုက္ၿပီး ေနာက္အေျဖလႊာကို ယူလိုက္ေတာ့ ႐ုတ္တရက္ သူ႔မ်က္ႏွာေပၚက အၿပဳံးေတြေအးခဲသြားေတာ့တယ္။ ခဏေလာက္ၾကာေတာ့မွ ဆဲလိုက္တဲ့ စကားလုံးက အက်ယ္ႀကီးထြက္သြားတယ္။

" Fuck!!! "

" ဘာျဖစ္လို႔လဲ " ေက်ာင္းသားေတြ သိခ်င္စိတ္ေတြျဖစ္လာၾကၿပီး တစ္ေယာက္ၿပီးတစ္ေယာက္ လာၾကည့္ၾကတယ္။

" ေခ်ာင္လန္က...... " အတန္းေခါင္းေဆာင္က ေခ်ာင္လန္႔နာမည္ကို တြန္႔ဆုတ္တြန္႔ဆုတ္နဲ႔ဖတ္လိုက္တယ္။ ၿပီးေတာ့ အေျဖလႊာကိုမယုံၾကည္ႏိုင္စြာ ၾကည့္လိုက္တယ္။ ၿပီးေတာ့မွ ေျဖးေျဖးခ်င္းေျပာလိုက္တယ္။

" ေခ်ာင္လန္ ....... ၁၅၀...... အမွတ္ျပည့္ဟ!!"

Continue Reading

You'll Also Like

223K 3.2K 29
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
976K 87.8K 39
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
3.7M 240K 98
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
372K 21.3K 40
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...