ဗီလိန်ရဲ့ လမ်းပြကြယ်

By CrystalKyi

778K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... More

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၁၃)

6.1K 1K 9
By CrystalKyi

Unicode
ချောင်လန် နည်းနည်းတော့ကြောင်သွားတယ်။ ဒါပေမဲ့ မေးခွန်းစာရွက်တွေ ဝေလာတော့ သူမအနောက်က ကျောင်းသားအကြောင်းကို စိတ်ရှုပ်ခံပြီးစဥ်းစားမနေတော့ဘူး။ သူမ ဒီမနက်ခင်းမှာ စာမေးပွဲ၂ခုတောင် ဖြေစရာရှိတယ်။ အဲ့တာကြောင့် တစ်ခြားသူတွေအကြောင်းကို ဂရုစိုက်နေဖို့ အချိန်မရှိဘူး။
ထပ်ပြောရရင် မနက်ခင်းမှာဖြေရမဲ့ ၂ဘာသာထဲက ၁ဘာသာက physics ဖြစ်နေတယ်လေ။ ချောင်လန် ယုံကြည်ချက် မရှိဆုံး ဘာသာရပ်ကြီးလေ။

ဒါပေမဲ့ ချောင်လန် မေးခွန်းစာရွက်ကို ရပြီးတော့ မနှောင့်နှေးစေဘဲ စဖြေတော့တယ်။ စိတ်လှုပ်ရှားလွန်းလို့ အပြင်းအထန်ခုန်နေတဲ့ သူမရဲ့နှလုံးလေးလဲ တစ်ဖြည်းဖြည်း စည်းချက်ညီလာတယ်။ သူမ အရမ်းကို အာရုံစူးစိုက်ပြီး ဖြေနေခဲ့တယ်။

ချောင်လန် သူမအရင်တုန်းက ကြိုးစားသလောက်ကိုပဲ အရမ်းကြိုးစားခဲ့တယ်။ သူမရဲ့ အရင်အခြေခံတွေနဲ့ပေါင်းလိုက်တော့ သူမမျှော်လင့်ထားတာထက်ပိုတဲ့ ရလဒ်တွေကို ရရှိခဲ့တယ်။ စာမေးပွဲစပြီး တစ်နာရီခွဲကြာတာနဲ့ ချောင်လန်က အကုန်လုံးကို ဖြေပြီးသွားနေပြီ။ သူမမေးခွန်းတိုင်းကို အမှားမပါရအောင် ထပ်ခါထပ်ခါပြန်စစ်ပြီး သေချာတော့မှ ကျေနပ်အားရစွာနဲ့ စာရွက်ကို အပ်ခဲ့တယ်။

နေ့လည်မှာတော့ သူမ maths နဲ့ chemistry တို့ကို ဖြေရမှာဖြစ်တယ်။ chemistry စာမေးပွဲကတော့ ကောင်းကောင်းမွန်မွန်ပြီးဆုံးသွားတယ်။ သင်္ချာကတော့ သူမ ယုံကြည်ချက်အရှိဆုံး ဘာသာရပ်တစ်ခုလေ။ ဒါက ဘာလို့လဲဆိုတော့ သူမက အရင်ဝိဥာဥ်မကူးပြောင်းခင်တုန်းက advanced mathematics ကို သင်ယူခဲ့ပြီးဖြစ်တာကြောင့် အထက်တန်းအဆင့် သင်္ချာလောက်ကတော့ သူမအတွက် အပျော့လေးပေါ့။ သင်္ချာမေးခွန်းအကုန်ဖြေပြီးဖို့ သူမအတွက် နာရီဝက်လေးပဲ ကြာလိုက်တယ်။

စာမေးပွဲက ကောင်းကောင်းမွန်မွန်ပြီးဆုံးသွားတယ်။ ချောင်လန်က စိတ်ကောင်းတွေဝင်နေပြီး အဖြေလွှာတွေကို အပ်လိုက်တယ်။ သူမကို သင်္ချာပိုင်လားလို့ မေးတဲ့ ကောင်လေးက စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်တာကိုတော့ သူမ မကြားမိလိုက်ဘူး။ ပြီးတော့ အဲ့ကောင်လေးက သူ့ဘေးမှာထိုင်တဲ့ ကောင်လေးကို ဒီတစ်ခေါက်တော့ သူ့သင်္ချာအမှတ်ကောင်းပြီလို့ ပြောနေတာကိုလဲ သေချာပေါက် ချောင်လန်မကြားခဲ့လိုက်ဘူးပေါ့။

" ငါ့အရှေ့က ကောင်မလေးက မေးခွန်းတွေအများကြီးကို ဖြေခဲ့တာကွ။ ဒီတစ်ခေါက်တော့ ငါလဲ သူမ​ရွေးတဲ့ အဖြေတွေပဲ ရွေးလာခဲ့တာ။ ဒါ့ကြောင့် ငါ့သင်္ချာအမှတ်ကတော့ သေချာပေါက်ကို ကောင်းတော့မှာကွ။ "

ဟောင်ရင် မှတ်မိသေးတယ် အရင်လပတ် စာမေးပွဲ​ဖြေပြီးလို့ သူ့သင်္ချာအမှတ်တွေကို အိမ်ကိုလဲ ပြလိုက်ရော သူ့အဖေဆီကနေ သူ လူမမှတ်မိလောက်အောင်ကို အရိုက်ခံရတော့မလိုတောင်ဖြစ်သွားခဲ့တာ။ ဒီဘဝမှာတော့ အမှတ်ကောင်းကောင်းရအောင် စာလုပ်နိုင်မယ်ဆိုတာ သူ့အနေနဲ့ လုံးဝမဖြစ်နိုင်ဘူး။ ဒါကို ဖြတ်ကျော်နိုင်ဖို့ သူအနေနဲ့ ဉာဏ်နီဉာဏ်နက်တွေပဲ သုံးရတော့မှာပေါ့။ သူ့မှာ ခြေတံလက်တံတွေက အရှည်ကြီးပဲလေ။ ပြီးတော့ သူက အဝေးမှုန်လဲမရှိဘူး။ ချောင်လန်စာမေးပွဲဖြေနေတုန်းက ဆိုရင် သူက ဘာမှမစဥ်းစားဘဲ ကွက်လပ်တွေမှာ ချောင်လန်ရွေးခဲ့တဲ့ အဖြေတွေကိုပဲ သူလဲ အဖြေလွှာထဲမှာ ထည့်ရွေးပေးလိုက်တာ။

အခု သင်္ချာစာမေးပွဲဖြေပြီးသွားတော့ နောက်ဆုံးမှာ သူ အသက်ဝဝရှူနိုင်သွားပြီ။ သူ့ဘေးက သူငယ်ချင်းနဲ့လဲ စိတ်လိုလက်ရ စကား​ပြောလို့ရပြီ။ ကံမကောင်းစွာနဲ့ပဲ သူစကားပြောပြီးလို့ မကြာသေးဘူး သူ့နားက ကောင်မလေး၂ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်နေကြပြီး စက္ကန့်အနည်းငယ်လောက်တွေဝေသွားကာ ဟောင်ရင်ကို ပြောလိုက်ကြတော့တယ်။

" အမ်းးးးး အတန်းဖော် နင်ခုနကပြောတာ နင် နင့်အရှေ့က ကောင်မလေးရွေးတဲ့အတိုင်း အဖြေတွေကိုရွေးပြီး ကွက်လပ်တွေမှာဖြည့်ခဲ့တာ... အဲ့တာက အမှန်ပဲလား။ "

ဟောင်ရင်က အဲ့ကောင်မလေး၂ယောက်ကို လှည့်ကြည့်လိုက်ပြီး သူတို့က ဘယ်သူလဲဆိုတာ မမှတ်မိလိုက်ဘူး။ ဒါပေမဲ့ သူက ပေါင်းသင်းဆက်ဆံရေးလဲ ကောင်းပြီး ဒေါသလဲမထွက်လွယ်ဘူး။ ပိုဆိုးတာက သူတို့က ကောင်မလေးတွေဖြစ်နေတယ်။ သူက အဲ့ကောင်မလေး၂ယောက်က ဘယ်အတန်းကလဲ ဆိုတာ မေးပြီး သူတို့ဘာလို့ အဲ့လိုမေးရလဲ ဆိုတာ သူက မေးလိုက်တယ်။

ကောင်မလေးတစ်ယောက်က သူ့ကို သနားတဲ့အကြည့်တွေနဲ့ကြည့်ပြီး မြန်မြန်ပြန်ဖြေလိုက်တယ်။ " နင့်အရှေ့မှာထိုင်တဲ့ ကောင်မလေးက ငါတို့အတန်းထဲကပဲဟ။ သူမက အရင်လပတ်စာမေးပွဲတုန်းက နောက်ဆုံးကရေရင် အဆင့်၁၃ ရခဲ့တာဟ။ " ကောင်မလေးက သက်ပြင်းချလိုက်ပြီး " သူမရဲ့ သင်္ချာကအဆိုးဆုံးပဲဟ။ မေးခွန်းရဲ့ စုစုပေါင်းအမှတ်က ၁၅၀လေ။ အဲ့တာကို သူမက ၆၆မှတ်ပဲရတာဟ။ သူမဆီက ကူးချမဲ့အစား ကိုယ့်ဘာသာ မှန်းဖြေတာတောင် ပိုကောင်းဦးမယ်။ "

ဟောင်ရင် : .......

သူလုံးဝကြောင်အသွားပြီ။

အကြာကြီးနေတော့မှ သူခေါင်းထောင်လိုက်ပြီး ခေါင်းကို ယမ်းလိုက်တယ်။ " မဖြစ်နိုင်ဘူး။ ငါသူမကို သင်္ချာပိုင်လားလို့ မေးတော့ သူမက မဆိုးပါဘူးလို့တောင် ဖြေခဲ့သေးတာလေ။ "

" စာတော်တဲ့သူတွေနဲ့ စာညံ့တဲ့သူတွေက အဆင့်မတူဘူးလေဟ။ စာတော်တဲ့သူတွေက ၁၀၄မှတ်လောက်ကို မဆိုးဘူးပြောကြတာ။ စာညံ့တဲ့သူတွေကတော့ အမှတ်၇၀လောက်ဆိုရင်ကို မဆိုးပါဘူးလို့ တွေးကြလေ။

" ကောင်မလေး၂ယောက်က ပြောလိုက်တယ်။ " တစ်ကယ်ပြောတာ နောက်တစ်ခါ သူမဆီကနေ ကူးမချနဲ့တော့။ "

ခုနက နတ်ပြည်ရောက်သွားခဲ့တဲ့ ဟောင်ရင်တစ်ယောက် ချက်ချင်းပဲ ငရဲပြည်ရောက်သွားသလို ခံစားလိုက်ရတယ်။
ဒါပေမဲ့ သူရဲ့ စိတ်သဘောထားက ကောင်းတဲ့အတွက်ကြောင့်မလို့ ကောင်မလေး၂ယောက်ကို ကျေးဇူးပဲလို့ ပြောလိုက်တယ်။

သူတွေးထားခဲ့တာ နောက်ဆုံးတော့ သူ့ပဖေဆီကနေ အရိုက် မခံရတော့ဘူးပေါ့။ ဒါပေမဲ့ ဒီလိုတွေဖြစ်လာမယ်လို့ ဘယ်သူက ထင်ထားခဲ့မိမှာလဲ။

ဟောင်ရင်က အခုထိ သံသယရှိနေတုန်းပဲ။ ခုနကကောင်မလေး၂ယောက်ကသူ့ကို တမင်သက်သက် ခြောက်လွှတ်နေတာလို့တောင် သူထင်နေခဲ့သေးတယ်။ အဲ့တာနဲ့ သူက သူအရှေ့မှာထိုင်တဲ့ ကောင်မလေးနာမည်ကို ပြေးကြည့်လိုက်တယ်။ ပြီးတော့ သူမရဲ့ အရင်လက အမှတ်စာရင်းကို စစ်ကြည့်လိုက်တယ်။

ကျောင်းကနေ အမှတ်စာရင်းတွေထုတ်တိုင်း ကျောင်းသားတိုင်းက ကျောင်းရဲ့page ကနေတစ်ဆင့် သူတို့ရဲ့အမှတ်တွေကို ကြည့်နိုင်တယ်။ ပြီးတော့ ဘယ်သူမဆို ဝင်ကြည့်လို့ရတယ်။

သူက အထက်တန်းပထမနှစ်ရဲ့ အတန်း၁၃ ကို ရှာလိုက်တယ်။ ပြီးတော့ ထိပ်ဆုံးကနေ တဖြည်းဖြည်းရှာလာတာ ချောင်လန့်နာမည်ကို အောက်ဆုံးနားရောက် မှတွေ့တယ်။
Mathematics 66,
Physics 68,
Chemistry 79,
English 82...

ဘာသာရပ်တိုင်းက ၁၅၀အပြည့်ပေးတဲ့ဟာတွေချည်းပဲ။

ဟောင်ရင် ပြိုလဲသွားရတော့တယ်။

အရင်လတုန်းက သူက သင်္ချာ ၇၇မှတ်ရခဲ့တာလေ။ ဒီကောင်မလေးက ၆၆မှတ်ရခဲ့တာ။ အဲ့တာကို ဘယ်ကနေများ ယုံကြည်ချက်တွေရလို့ သင်္ချာကို မဆိုးပါဘူးလို့ ပြောရဲရတာလဲ။

အဲ့တခဏအတွင်းမှာပဲ အမှတ်တွေထွက်လာရင် သူ့မျက်နှာ ဘယ်လို ဖြစ်နေမလဲဆိုတာ တွေးမိသွားတယ်။ ဒီတစ်ခါတော့ ယောကျာ်းချင်း ထိုးမဲ့ Single match မဟုတ်လောက်တော့ဘူး။ သူ့မိဘ၂ယောက်လုံးပေါင်းပြီး သူ့ကို ယောကျာ်းရော မိန်းမရော double match လုပ်ကြတော့မှာ။ ဟောင်ရင် သူ့ရဲ့ ချောမောတဲ့ မျက်နှာလေးကို ကိုင်လိုက်တယ်။ ရက်အနည်းငယ်အတွင်းမှာ အမှတ်စာရင်းတွေထွက်လာတဲ့အချိန်ကျရင် ဒီလိုချောမောလှပတဲ့ မျက်နှာလေးက ကျိုးပဲ့နေလောက်ပြီ။

တစ်ကယ်လို့ သူသာ အချိန်တွေကို နောက်ပြန်ဆုတ်ခွင့်ရမယ်ဆိုရင် သူလုံးဝ အဲ့အတန်းဖော်ထဲက အဖြေတွေကို လုံးဝ လုံးဝ ကူးချတော့မှာ မဟုတ်ပါဘူး။ အဲ့ကျရင် သူ မေးခွန်းတွေကို ကောင်းကောင်းမွန်မွန်ဖြေရင်ဖြေခဲ့မှာပါ........

ဘုရားရေ သူတစ်ကယ်ပဲ ငိုချင်နေပါပြီနော်။

နောက်တစ်နေ့ ချောင်လန် စာဖြေခန်းထဲကိုဝင်လာတော့ မနေ့က တောက်တောက်ပပနဲ့ ပြုံးပြနေတဲ့ သွားဖြူကြီးနဲ့ ကောင်လေးက မရှိတော့ဘူး။ အဲ့အစားအဲ့မှာထိုင်နေတာက ဆောင်းလယ်မှာ နှင်းရိုက်ခံထားရတဲ့ ခရမ်းသီးနဲ့တူတဲ့ ရုပ်ချောချောကောင်လေးတစ်ယောက်ဖြစ်နေတယ်။ သူက သူမကို မြင်လိုက်တာနဲ့ စွပ်စွဲချက်တွေ နာကျည်းမှုတွေအပြည့်နဲ့ ကြည့်လိုက်တယ်။

ဘယ်လိုတောင် ချောတဲ့ ကောင်လေးလဲ။ သူ့ရဲ့မျက်နှာအမူအရာတွေက နေ့တိုင်းကို တစ်မျိုးပြီးတစ်မျိုးဖြစ်နေတော့တာပဲ။ သူ့ကြည့်ရတာ သက်ရှိ Emotion pack ကြီးနဲ့တူတယ်။ ဒါက သူ့ရဲ့အသွင်အပြင်ကို ကြီးကြီးမားမားသက်ရောက် မှုရှိစေတယ်။

သူမအဲ့တာကို တွေးမိသွားတာနဲ့ ဘာရှင်းပြချက်မှမရှိဘဲနဲ့ ထန်းမော့ရဲ့ မျက်နှာက ချောင်လန့်ခေါင်းထဲမှာ ပေါ်လာတယ်။

Zawgyi

ေခ်ာင္လန္ နည္းနည္းေတာ့ေၾကာင္သြားတယ္။
ဒါေပမဲ့ ေမးခြန္းစာ႐ြက္ေတြ ေဝလာေတာ့ သူမအေနာက္က ေက်ာင္းသားအေၾကာင္းကို စိတ္ရႈပ္ခံၿပီးစၪ္းစားမေနေတာ့ဘူး။ သူမ ဒီမနက္ခင္းမွာ စာေမးပြဲ၂ခုေတာင္ ေျဖစရာရွိတယ္။ အဲ့တာေၾကာင့္ တစ္ျခားသူေတြအေၾကာင္းကို ဂ႐ုစိုက္ေနဖို႔ အခ်ိန္မရွိဘူး။
ထပ္ေျပာရရင္ မနက္ခင္းမွာေျဖရမဲ့ ၂ဘာသာထဲက ၁ဘာသာက physics ျဖစ္ေနတယ္ေလ။ ေခ်ာင္လန္ ယုံၾကည္ခ်က္ မရွိဆုံး ဘာသာရပ္ႀကီးေလ။
ဒါေပမဲ့ ေခ်ာင္လန္ ေမးခြန္းစာ႐ြက္ကို ရၿပီးေတာ့ မေႏွာင့္ေႏွးေစဘဲ စေျဖေတာ့တယ္။ စိတ္လႈပ္ရွားလြန္းလို႔ အျပင္းအထန္ခုန္ေနတဲ့ သူမရဲ႕ႏွလုံးေလးလဲ တစ္ျဖည္းျဖည္း စည္းခ်က္ညီလာတယ္။ သူမ အရမ္းကို အာ႐ုံစူးစိုက္ၿပီး ေျဖေနခဲ့တယ္။
ေခ်ာင္လန္ သူမအရင္တုန္းက ႀကိဳးစားသေလာက္ကိုပဲ အရမ္းႀကိဳးစားခဲ့တယ္။ သူမရဲ႕ အရင္အေျခခံေတြနဲ႔ေပါင္းလိုက္ေတာ့  သူမေမွ်ာ္လင့္ထားတာထက္ပိုတဲ့ ရလဒ္ေတြကို ရရွိခဲ့တယ္။ စာေမးပြဲစၿပီး တစ္နာရီခြဲၾကာတာနဲ႔ ေခ်ာင္လန္က အကုန္လုံးကို ေျဖၿပီးသြားေနၿပီ။ သူမေမးခြန္းတိုင္းကို အမွားမပါရေအာင္ ထပ္ခါထပ္ခါျပန္စစ္ၿပီး ေသခ်ာေတာ့မွ ေက်နပ္အားရစြာနဲ႔ စာ႐ြက္ကို အပ္ခဲ့တယ္။
ေန႔လည္မွာေတာ့ သူမ maths နဲ႔ chemistry တို႔ကို ေျဖရမွာျဖစ္တယ္။ chemistry စာေမးပြဲကေတာ့ ေကာင္းေကာင္းမြန္မြန္ၿပီးဆုံးသြားတယ္။ သခ်ၤာကေတာ့ သူမ ယုံၾကည္ခ်က္အရွိဆုံး ဘာသာရပ္တစ္ခုေလ။ ဒါက ဘာလို႔လဲဆိုေတာ့ သူမက အရင္မင္မကူးေျပာင္းခင္တုန္းက advanced mathematics ကို သင္ယူခဲ့ၿပီးျဖစ္တာေၾကာင့္ အထက္တန္းအဆင့္ သခ်ၤာေလာက္ကေတာ့ သူမအတြက္ အေပ်ာ့ေလးေပါ့။ သခ်ၤာေမးခြန္းအကုန္ေျဖၿပီးဖို႔ သူမအတြက္ နာရီဝက္ေလးပဲ ၾကာလိုက္တယ္။
စာေမးပြဲက ေကာင္းေကာင္းမြန္မြန္ၿပီးဆုံးသြားတယ္။ ေခ်ာင္လန္က စိတ္ေကာင္းေတြဝင္ေနၿပီး အေျဖလႊာေတြကို အပ္လိုက္တယ္။  သူမကို သခ်ၤာပိုင္လားလို႔ ေမးတဲ့ ေကာင္ေလးက စိတ္သက္သာရာရသြားၿပီး သက္ျပင္းခ်လိုက္တာကိုေတာ့ သူမ မၾကားမိလိုက္ဘူး။ ၿပီးေတာ့ အဲ့ေကာင္ေလးက သူ႔ေဘးမွာထိုင္တဲ့ ေကာင္ေလးကို ဒီတစ္ေခါက္ေတာ့ သူ႔သခ်ၤာအမွတ္ေကာင္းၿပီလို႔ ေျပာေနတာကိုလဲ ေသခ်ာေပါက္ ေခ်ာင္လန္မၾကားခဲ့လိုက္ဘူးေပါ့။
" ငါ့အေရွ႕က ေကာင္မေလးက ေမးခြန္းေတြအမ်ားႀကီးကို ေျဖခဲ့တာကြ။ ဒီတစ္ေခါက္ေတာ့ ငါလဲ သူမ​ေ႐ြးတဲ့ အေျဖေတြပဲ ေ႐ြးလာခဲ့တာ။ ဒါ့ေၾကာင့္ ငါ့သခ်ၤာအမွတ္ကေတာ့ ေသခ်ာေပါက္ကို ေကာင္းေတာ့မွာကြ။ "
ေဟာင္ရင္ မွတ္မိေသးတယ္ အရင္လပတ္ စာေမးပြဲ​ေျဖၿပီးလို႔ သူ႔သခ်ၤာအမွတ္ေတြကို အိမ္ကိုလဲ ျပလိုက္ေရာ သူ႔အေဖဆီကေန သူ လူမမွတ္မိေလာက္ေအာင္ကို အ႐ိုက္ခံရေတာ့မလိုေတာင္ျဖစ္သြားခဲ့တာ။ ဒီဘဝမွာေတာ့ အမွတ္ေကာင္းေကာင္းရေအာင္ စာလုပ္ႏိုင္မယ္ဆိုတာ သူ႔အေနနဲ႔ လုံးဝမျဖစ္ႏိုင္ဘူး။ ဒါကို ျဖတ္ေက်ာ္ႏိုင္ဖို႔ သူအေနနဲ႔ ဉာဏ္နီဉာဏ္နက္ေတြပဲ သုံးရေတာ့မွာေပါ့။ သူ႔မွာ ေျခတံလက္တံေတြက အရွည္ႀကီးပဲေလ။ ၿပီးေတာ့ သူက အေဝးမႈန္လဲမရွိဘူး။ ေခ်ာင္လန္စာေမးပြဲေျဖေနတုန္းက ဆိုရင္ သူက ဘာမွမစၪ္းစားဘဲ ကြက္လပ္ေတြမွာ ေခ်ာင္လန္ေ႐ြးခဲ့တဲ့ အေျဖေတြကိုပဲ သူလဲ အေျဖလႊာထဲမွာ ထည့္ေ႐ြးေပးလိုက္တာ။
အခု သခ်ၤာစာေမးပြဲေျဖၿပီးသြားေတာ့ ေနာက္ဆုံးမွာ သူ အသက္ဝဝရႉႏိုင္သြားၿပီ။ သူ႔ေဘးက သူငယ္ခ်င္းနဲ႔လ စိတ္လိုလက္ရ စကား​ေျပာလို႔ရၿပီ။ ကံမေကာင္းစြာနဲ႔ပဲ သူစကားေျပာၿပီးလို႔ မၾကာေသးဘူး သူ႔နားက ေကာင္မေလး၂ေယာက္က တစ္ေယာက္ကို တစ္ေယာက္ၾကည့္ေနၾကၿပီး စကၠန္႔အနည္းငယ္ေလာက္ေတြေဝသြားကာ ေဟာင္ရင္ကို ေျပာလိုက္ၾကေတာ့တယ္။
" အမ္းးးးး အတန္းေဖာ္ နင္ခုနကေျပာတာ နင္ နင့္အေရွ႕က ေကာင္မေလးေ႐ြးတဲ့အတိုင္း အေျဖေတြကိုေ႐ြးၿပီး ကြက္လပ္ေတြမွာျဖည့္ခဲ့တာ... အဲ့တာက အမွန္ပဲလား။ "
ေဟာင္ရင္က အဲ့ေကာင္မေလး၂ေယာက္ကို လွည့္ၾကည့္လိုက္ၿပီး သူတို႔က ဘယ္သူလဲဆိုတာ မမွတ္မိလိုက္ဘူး။ ဒါေပမဲ့ သူက ေပါင္းသင္းဆက္ဆံေရးလဲ ေကာင္းၿပီး ေဒါသလဲမထြက္လြယ္ဘူး။ ပိုဆိုးတာက သူတို႔က ေကာင္မေလးေတြျဖစ္ေနတယ္။ သူက အဲ့ေကာင္မေလး၂ေယာက္က ဘယ္အတန္းကလဲ ဆိုတာ ေမးၿပီး သူတို႔ဘာလို႔ အဲ့လိုေမးရလဲ ဆိုတာ သူက ေမးလိုက္တယ္။
ေကာင္မေလးတစ္ေယာက္က သူ႔ကို သနားတဲ့အၾကည့္ေတြနဲ႔ၾကည့္ၿပီး ျမန္ျမန္ျပန္ေျဖလိုက္တယ္။ " နင့္အေရွ႕မွာထိုင္တဲ့ ေကာင္မေလးက ငါတို႔အတန္းထဲကပဲဟ။ သူမက အရင္လပတ္စာေမးပြဲတုန္းက ေနာက္ဆုံးကေရရင္ အဆင့္၁၃ ရခဲ့တာဟ။ " ေကာင္မေလးက သက္ျပင္းခ်လိုက္ၿပီး
" သူမရဲ႕ သခ်ၤာကအဆိုးဆုံးပဲဟ။ ေမးခြန္းရဲ႕ စုစုေပါင္းအမွတ္က ၁၅၀ေလ။ အဲ့တာကို သူမက ၆၆မွတ္ပဲရတာဟ။ သူမဆီက ကူးခ်မဲ့အစား ကိုယ့္ဘာသာ မွန္းေျဖတာေတာင္ ပိုေကာင္းဦးမယ္။ "
ေဟာင္ရင္ : ........
သူလုံးဝေၾကာင္အသြားၿပီ။
အၾကာႀကီးေနေတာ့မွ သူေခါင္းေထာင္လိုက္ၿပီး ေခါင္းကို ယမ္းလိုက္တယ္။ " မျဖစ္ႏိုင္ဘူး။ ငါသူမကို သခ်ၤာပိုင္လားလို႔ ေမးေတာ့ သူမက မဆိုးပါဘူးလို႔ေတာင္ ေျဖခဲ့ေသးတာေလ။ "
" စာေတာ္တဲ့သူေတြနဲ႔ စာညံ့တဲ့သူေတြက အဆင့္မတူဘူးေလဟ။ စာေတာ္တဲ့သူေတြက ၁၀၄မွတ္ေလာက္ကို မဆိုးဘူးေျပာၾကတာ။ စာညံ့တဲ့သူေတြကေတာ့ အမွတ္၇၀ေလာက္ဆိုရင္ကို မဆိုးပါဘူးလို႔ ေတြးၾကေလ။ " ေကာင္မေလး၂ေယာက္က ေျပာလိုက္တယ္။ " တစ္ကယ္ေျပာတာ ေနာက္တစ္ခါ သူမဆီကေန ကူးမခ်နဲ႔ေတာ့။ "
ခုနက နတ္ျပည္ေရာက္သြားခဲ့တဲ့ ေဟာင္ရင္တစ္ေယာက္ ခ်က္ခ်င္းပဲ ငရဲျပည္ေရာက္သြားသလို ခံစားလိုက္ရတယ္။
ဒါေပမဲ့ သူရဲ႕ စိတ္သေဘာထားက ေကာင္းတဲ့အတြက္ေၾကာင့္မလို႔ ေကာင္မေလး၂ေယာက္ကို ေက်းဇူးပဲလို႔ ေျပာလိုက္တယ္။
သူေတြးထားခဲ့တာ ေနာက္ဆုံးေတာ့ သူ႔ပေဖဆီကေန အ႐ိုက္ မခံရေတာ့ဘူးေပါ့။ ဒါေပမဲ့ ဒီလိုေတြျဖစ္လာမယ္လို႔ ဘယ္သူက ထင္ထားခဲ့မိမွာလဲ။
ေဟာင္ရင္က အခုထိ သံသယရွိေနတုန္းပဲ။ ခုနကေကာင္မေလး၂ေယာက္ကသူ႔ကို တမင္သက္သက္ ေျခာက္လႊတ္ေနတာလို႔ေတာင္ သူထင္ေနခဲ့ေသးတယ္။ အဲ့တာနဲ႔ သူက သူအေရွ႕မွာထိုင္တဲ့ ေကာင္မေလးနာမည္ကို ေျပးၾကည့္လိုက္တယ္။ ၿပီးေတာ့ သူမရဲ႕ အရင္လက အမွတ္စာရင္းကို စစ္ၾကည့္လိုက္တယ္။
ေက်ာင္းကေန အမွတ္စာရင္းေတြထုတ္တိုင္း ေက်ာင္းသားတိုင္းက ေက်ာင္းရဲ႕page ကေနတစ္ဆင့္ သူတို႔ရဲ႕အမွတ္ေတြကို ၾကည့္ႏိုင္တယ္။ ၿပီးေတာ့ ဘယ္သူမဆို ဝင္ၾကည့္လို႔ရတယ္။
သူက အထက္တန္းပထမႏွစ္ရဲ႕ အတန္း၁၃ ကို ရွာလိုက္တယ္။ ၿပီးေတာ့ ထိပ္ဆုံးကေန တျဖည္းျဖည္းရွာလာတာ ေခ်ာင္လန္႔နာမည္ကို ေအာက္ဆုံးနားေရာက္ မွေတြ႕တယ္။
Mathematics 66,
Physics 68,
Chemistry 79,
English 82......
ဘာသာရပ္တိုင္းက ၁၅၀အျပည့္ေပးတဲ့ဟာေတြခ်ည္းပဲ။
ေဟာင္ရင္ ၿပိဳလဲသြားရေတာ့တယ္။
အရင္လတုန္းက သူက သခ်ၤာ ၇၇မွတ္ရခဲ့တာေလ။ ဒီေကာင္မေလးက ၆၆မွတ္ရခဲ့တာ။ အဲ့တာကို ဘယ္ကေနမ်ား ယုံၾကည္ခ်က္ေတြရလို႔ သခ်ၤာကို မဆိုးပါဘူးလို႔ ေျပာရဲရတာလဲ။
အဲ့တခဏအတြင္းမွာပဲ အမွတ္ေတြထြက္လာရင္ သူ႔မ်က္ႏွာ ဘယ္လို ျဖစ္ေနမလဲဆိုတာ ေတြးမိသြားတယ္။
ိတစ္ခါေတာ့ ေယာက်ာ္းခ်င္း ထိုးမဲ့ Single match မဟုတ္ေလာက္ေတာ့ဘူး။ သူ႔မိဘ၂ေယာက္လုံးေပါင္းၿပီး သူ႔ကို ေယာက်ာ္းေရာ မိန္းမေရာ double match လုပ္ၾကေတာ့မွာ။ ေဟာင္ရင္ သူ႔ရဲ႕ ေခ်ာေမာတဲ့ မ်က္ႏွာေလးကို ကိုင္လိုက္တယ္။ ရက္အနည္းငယ္အတြင္းမွာ အမွတ္စာရင္းေတြထြက္လာတဲ့အခ်ိန္က်ရင္ ဒီလိုေခ်ာေမာလွပတဲ့ မ်က္ႏွာေလးက က်ိဳးပဲ့ေနေလာက္ၿပီ။
တစ္ကယ္လို႔ သူသာ အခ်ိန္ေတြကို ေနာက္ျပန္ဆုတ္ခြင့္ရမယ္ဆိုရင္ သူလုံးဝ အဲ့အတန္းေဖာ္ထဲက အေျဖေတြကို လုံးဝ လုံးဝ ကူးခ်ေတာ့မွာ မဟုတ္ပါဘူး။ အဲ့က်ရင္ သူ ေမးခြန္းေတြကို ေကာင္းေကာင္းမြန္မြန္ေျဖရင္ေျဖခဲ့မွာပါ........
ဘုရားေရ သူတစ္ကယ္ပဲ ငိုခ်င္ေနပါၿပီေနာ္။
ေနာက္တစ္ေန႔ ေခ်ာင္လန္ စာေျဖခန္းထဲကိုဝင္လာေတာ့ မေန႔က ေတာက္ေတာက္ပပနဲ႔ ၿပဳံးျပေနတဲ့ သြားျဖဴႀကီးနဲ႔ ေကာင္ေလးက မရွိေတာ့ဘူး။ အဲ့အစားအဲ့မွာထိုင္ေနတာက ေဆာင္းလယ္မွာ ႏွင္း႐ိုက္ခံထားရတဲ့ ခရမ္းသီးနဲ႔တူတဲ့ ႐ုပ္ေခ်ာေခ်ာေကာင္ေလးတစ္ေယာက္ျဖစ္ေနတယ္။ သူက သူမကို ျမင္လိုက္တာနဲ႔ စြပ္စြဲခ်က္ေတြ နာက်ည္းမႈေတြအျပည့္နဲ႔ ၾကည့္လိုက္တယ္။
ဘယ္လိုေတာင္ ေခ်ာတဲ့ ေကာင္ေလးလဲ။ သူ႔ရဲ႕မ်က္ႏွာအမူအရာေတြက ေန႔တိုင္းကို တစ္မ်ိဳးၿပီးတစ္မ်ိဳးျဖစ္ေနေတာ့တာပဲ။ သူ႔ၾကည့္ရတာ သက္ရွိ Emotion pack ႀကီးနဲ႔တူတယ္။ ဒါက သူ႔ရဲ႕အသြင္အျပင္ကို ႀကီးႀကီးမားမားသက္ေရာက္ မႈရွိေစတယ္။
သူမအဲ့တာကို ေတြးမိသြားတာနဲ႔ ဘာရွင္းျပခ်က္ မွမရွိဘဲနဲ႔ ထန္းေမာ့ရဲ႕ မ်က္ႏွာက ေခ်ာင္လန္႔ေခါင္းထဲမွာ ေပၚလာတယ္။

Continue Reading

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...