SECRET ( Completed)

Av Tulip_loon

255K 20.2K 340

yizhan❤ Wang Yibo & Xiao Zhan 🍀🌷❤ Unicode/ Zawgyi Mer

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
New Year
Part 12
Part 13
Part 14
Part 15
part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 29
Part 30
part 31
part 32
Part 33
Part 34
Ending
ကျေးဇူးတင်လွှာ
Season-2
⁉️

Part 28

4.7K 434 6
Av Tulip_loon

"ကော အထက်လူကြီးတွေက ဘာတဲ့လဲ"

"ဟူး အဆင်မပြေပါဘူး ရှောင်းကျန့်ရာ။ ကိုယ်တို့သက်သေကမခိုင်လုံဘူးတဲ့။ ဖမ်းဆီးထိန်းသိမ်းထားခွင့်ကို ရက်ပိုတောင်းတော့လည်း ၅ရက်ပဲ ပေးလိုက်တယ်။အဲ့၅ရက်ထဲနှင့် ကောတို့ကဘယ်လိုသက်သေရှာရမှာလည်း"

ရှောင်းကျန့် စိတ်ကျဥ်းကျပ်သွားရသည်။
ဒီအမှုကိုမြန်မြန်ဖော်ထုတ်နိုင်လေ
သူဒီမြို့ကနေ မြန်မြန်ထွက်သွားရလေပဲမလို့ ရှောင်းကျန့် သက်သေရနိုင်မည့်နည်းလမ်း စဥ်းစားနေသည်။

"ကော ဝမ်သူဌေးကိုသေချာစစ်ဆေးထားလိုက်ပါ။
နောက်ပြီး တကယ်လို့ဝမ်သူဌေးကမဖြေဘူးဆိုရင်လည်း ဖိအားမပေးနဲ့။
အဲ့မြေကွက်ကို သူပိုင်ဆိုင်တယ်ဆိုတဲ့သက်သေရယ်။
အဲ့မြေကွက်ကို ဘယ်နှခုနှစ်က ဝယ်ထားတာလဲဆိုတာရယ် ကျန်တဲ့ဟာတွေကို ကောရှာထားလိုက်။
ကျွန်တော် နေရာတစ်နေရာသွားလိုက်အုန်းမ်"

"အင်း ဂရုစိုက် ရှောင်းကျန့်"

"ဟုတ်ကဲ့ ကော"

ရိဝူ ရှောင်းကျန့်ရဲ့ ချောင်ကျနေသည့်မျက်နှာလေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။
ရိပေါ်နှင့်သူ ဘယ်လိုပတ်သတ်နေလဲဆိုတာ သိသိချင်းတုန်းက ရိဝူ အရမ်းအံ့သြခဲ့သည်။
အဲ့တုန်းက မျက်ရည်တွေသာစီးကျရင်း ဘာစကားမှမပြောသည့်
ရှောင်းကျန့်ကို ကြည့်ပြီး စိတ်မကောင်းပေမယ့် ဘာမှမလုပ်ပေးနိုင်။
ကံကြမ္မာကိုက သူတို့နှစ်ယောက်ကို ယခုလို ဆုံစည်းပေးခဲ့သည်မလား။

🐰

ရှောင်းကျန့် ယခုရောက်နေသည့်နေရာက ကျောင်းရဲ့အဆောင်ရှေ့
တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်အခြေအနေရယ်
ညနေစောင်းနေပြီမလို့ မှောင်မဲနေပြီဖြစ်သည့်
အဆောင်ကြီးရယ်
ကျောချမ်းစရာကောင်းနေပေမယ့် သက်သေရဖို့က အရေးကြီးသည်မလို့ ရှောင်းကျန့် အဆောင်ဝန်းထဲဝင်ခဲ့သည်။
အဆောင်ဝန်းထဲ ခြေတစ်လှမ်းချယုံသာ ရှိသေးသည် တိုက်ခတ်လာသည့်
လေညှင်းလေးတွေကြောင့် ကြက်သီးထလာရသည်။

ကိုယ့်ကိုယ်ပြန်အားတင်းပြီး လက်ထဲက ဓာတ်မီးကိုကျစ်နေအောင်
ဆုပ်ကိုင်ကာ အဆောင်ထဲဝင်ခဲ့သည်။
အဆောင်ထဲရောက်ရောက်ချင်း ရလိုက်သည့်ရနံ့ကြီးက
ပုပ်သိုးသိုးအနံလို၊ စိမ်းရွှင်ရွှင် အနံကြီးပါ ရနေတာ​ကြောင့်
ရှောင်းကျန့် အဆောင်အထဲထိ မဝင်ဘဲ တံခါးပေါက်နားမှာဘဲ ရပ်နေလိုက်သည်။

"ချန်ရင်....ချန်ရင်!!!"

ရှောင်းကျန့် ချန်ရင် နာမည်ကို အော်ခေါ်ပေမယ့် နည်းနည်းလေးမှ ထူးခြားမှုမရှိ။
အထဲထိဝင်ရင် ကောင်းမလား မကောင်းဘူးလား စဥ်းစားနေတုန်း ကလေးငိုသံလေး ကြားလိုက်တာကြောင့်
ရှောင်းကျန့် သေချာအာရုံစိုက်နားထောင်နေမိသည်။

"ဟင့်...ဟင့်....အီးဟီး မားမား...ဟင့်....ဟင့်...အီး...မားမား"

ကလေးလေးရဲ့ငိုသံမလို့ ရှောင်းကျန့် ကလေးတစ်ယောက်များ ဒီထဲရောက်ပြီး
ကြောက်နေတာလားဆိုသည့် အတွေးကြီးဝင်လာကာ အသံကြားရာဆီကိုပြေးသွားလိုက်သည်။
အသံကြားတဲ့နေရာက ပစ္စည်းအပို့ ပစ္စည်းပျက်တွေ ထားထားတဲ့နေရာဘက် ဖြစ်တာကြောင့်
ရှောင်းကျန့် ပိုပြီး စိတ်ပူသွားသည်။
ပစ္စည်းတွေကအဆင့်ဆင့်ထပ်ပြီး ထားထားတာကြောင့် ရှောင်းကျန့် ကလေးလေးအန္တရာယ်ဖြစ်မှာကို စိုးရိမ်ပြီး ပစ္စည်းတွေထားတဲ့ဘက်ကို သွားနေတုန်း
အနောက်ကနေ လူတစ်ယောက်က ပါးစပ်ကိုပိတ်ပြီး အခန်းတစ်ခန်းထဲဆွဲခေါ်သွားသည်။

"ကော မကြောက်နဲ့...ကျွန်တော်ရိပေါ်"

နားနားလေးကို တိုးတိုးလေးကပ်ပြောသည့် ရိပေါ်ကြောင့် ရှောင်းကျန့်မျက်လုံးပြူးသွားရသည်။
ဘာကြောင့် ရိပေါ်က အဆောင်ရောက်နေတာလဲ။

"ကျွန်တော်ရော ကူညီပေးချင်တယ်။ ကျွန်တော့်ပါးပါး ဘာအပြစ်မှမလုပ်ထားဘူးဆိုတာ သက်သေပြချင်တယ်"

"အဲ့ဆို ဘာလို့ငါ့ကိုဒီအခန်းထဲခေါ်လာတာလဲ"

"ကြည့်ကြည့်လိုက်"

ရိပေါ်က သူ့ပါးစပ်ကို အုပ်ထားသည့်လက်ကို မလွှတ်ပေးဘဲ တံခါးပေါက်ဟထားသည့်​​နေရာကနေ အပြင်ကိုကြည့်ခိုင်းသည်။
အပြင်မှာ မှောင်မဲနေပေမယ့် သေချာမမြင်ရ။ထိုချိန် မီးတွေမှိတ်တုတ်တုတ်နှင့် လင်းလာတာကြောင့် ရှောင်းကျန့် တံခါးဟထားသည့်နေရာကနေ ကြည့်နေတုန်း။

အသားအရေတွေကတွန့်ပြီး ဖြူဆုတ်နေသည့် မျက်နှာကြီး
မျက်လုံးနှစ်ဘက်ကလည်း ဟောင်းလောင်းကြီးဖြစ်နေကာ သွေးတွေလည်း စီးကျနေပြီး
လည်ပင်းမှာလည်း ဓားရှရာလို အစင်းကြီး ထင်နေသည်။
ရှောင်းကျန့် အနီးကပ်ကြီးမြင်လိုက်ရတော့ အရမ်းလန့်သွားတာကြောင့် တုန်တက်သွားသည်။
အဲ့ဒါကိုသိတဲ့ရိပေါ်က ရှောင်းကျန့် ကိုယ်ကိုသူ့ဘက်ဆွဲလှည့်ပြီး ဖက်ထားလိုက်သည်။

Zawgyi

"ေကာ အထက္လူႀကီးေတြက ဘာတဲ့လဲ"

"ဟူး အဆင္မေျပပါဘူး ေရွာင္းက်န့္ရာ။ ကိုယ္တို႔သက္ေသကမခိုင္လုံဘူးတဲ့။ ဖမ္းဆီးထိန္းသိမ္းထားခြင့္ကို ရက္ပိုေတာင္းေတာ့လည္း ၅ရက္ပဲ ေပးလိုက္တယ္။အဲ့၅ရက္ထဲႏွင့္ ေကာတို႔ကဘယ္လိုသက္ေသရွာရမွာလည္း"

ေရွာင္းက်န့္ စိတ္က်ဥ္းက်ပ္သြားရသည္။
ဒီအမႈကိုျမန္ျမန္ေဖာ္ထုတ္နိုင္ေလ
သူဒီၿမိဳ႕ကေန ျမန္ျမန္ထြက္သြားရေလပဲမလို႔ ေရွာင္းက်န့္ သက္ေသရနိုင္မည့္နည္းလမ္း စဥ္းစားေနသည္။

"ေကာ ဝမ္သူေဌးကိုေသခ်ာစစ္ေဆးထားလိုက္ပါ။
ေနာက္ၿပီး တကယ္လို႔ဝမ္သူေဌးကမေျဖဘူးဆိုရင္လည္း ဖိအားမေပးနဲ႕။
အဲ့ေျမကြက္ကို သူပိုင္ဆိုင္တယ္ဆိုတဲ့သက္ေသရယ္။
အဲ့ေျမကြက္ကို ဘယ္ႏွခုႏွစ္က ဝယ္ထားတာလဲဆိုတာရယ္ က်န္တဲ့ဟာေတြကို ေကာရွာထားလိုက္။
ကြၽန္ေတာ္ ေနရာတစ္ေနရာသြားလိုက္အုန္းမ္"

"အင္း ဂ႐ုစိုက္ ေရွာင္းက်န့္"

"ဟုတ္ကဲ့ ေကာ"

ရိဝူ ေရွာင္းက်န့္ရဲ႕ ေခ်ာင္က်ေနသည့္မ်က္ႏွာေလးကို ၾကည့္ၿပီး စိတ္မေကာင္းျဖစ္မိသည္။
ရိေပၚႏွင့္သူ ဘယ္လိုပတ္သတ္ေနလဲဆိုတာ သိသိခ်င္းတုန္းက ရိဝူ အရမ္းအံ့ၾသခဲ့သည္။
အဲ့တုန္းက မ်က္ရည္ေတြသာစီးက်ရင္း ဘာစကားမွမေျပာသည့္
ေရွာင္းက်န့္ကို ၾကည့္ၿပီး စိတ္မေကာင္းေပမယ့္ ဘာမွမလုပ္ေပးနိုင္။
ကံၾကမၼာကိုက သူတို႔ႏွစ္ေယာက္ကို ယခုလို ဆုံစည္းေပးခဲ့သည္မလား။

🐰

ေရွာင္းက်န့္ ယခုေရာက္ေနသည့္ေနရာက ေက်ာင္းရဲ႕အေဆာင္ေရွ႕
တိတ္ဆိတ္ေနသည့္ ပတ္ဝန္းက်င္အေျခအေနရယ္
ညေနေစာင္းေနၿပီမလို႔ ေမွာင္မဲေနၿပီျဖစ္သည့္
အေဆာင္ႀကီးရယ္
ေက်ာခ်မ္းစရာေကာင္းေနေပမယ့္ သက္ေသရဖို႔က အေရးႀကီးသည္မလို႔ ေရွာင္းက်န့္ အေဆာင္ဝန္းထဲဝင္ခဲ့သည္။
အေဆာင္ဝန္းထဲ ေျခတစ္လွမ္းခ်ယဳံသာ ရွိေသးသည္ တိုက္ခတ္လာသည့္
ေလညွင္းေလးေတြေၾကာင့္ ၾကက္သီးထလာရသည္။

ကိုယ့္ကိုယ္ျပန္အားတင္းၿပီး လက္ထဲက ဓာတ္မီးကိုက်စ္ေနေအာင္
ဆုပ္ကိုင္ကာ အေဆာင္ထဲဝင္ခဲ့သည္။
အေဆာင္ထဲေရာက္ေရာက္ခ်င္း ရလိုက္သည့္ရနံ႕ႀကီးက
ပုပ္သိုးသိုးအနံလို၊ စိမ္း႐ႊင္႐ႊင္ အနံႀကီးပါ ရေနတာ​ေၾကာင့္
ေရွာင္းက်န့္ အေဆာင္အထဲထိ မဝင္ဘဲ တံခါးေပါက္နားမွာဘဲ ရပ္ေနလိုက္သည္။

"ခ်န္ရင္....ခ်န္ရင္!!!"

ေရွာင္းက်န့္ ခ်န္ရင္ နာမည္ကို ေအာ္ေခၚေပမယ့္ နည္းနည္းေလးမွ ထူးျခားမႈမရွိ။
အထဲထိဝင္ရင္ ေကာင္းမလား မေကာင္းဘူးလား စဥ္းစားေနတုန္း ကေလးငိုသံေလး ၾကားလိုက္တာေၾကာင့္
ေရွာင္းက်န့္ ေသခ်ာအာ႐ုံစိုက္နားေထာင္ေနမိသည္။

"ဟင့္...ဟင့္....အီးဟီး မားမား...ဟင့္....ဟင့္...အီး...မားမား"

ကေလးေလးရဲ႕ငိုသံမလို႔ ေရွာင္းက်န့္ ကေလးတစ္ေယာက္မ်ား ဒီထဲေရာက္ၿပီး
ေၾကာက္ေနတာလားဆိုသည့္ အေတြးႀကီးဝင္လာကာ အသံၾကားရာဆီကိုေျပးသြားလိုက္သည္။
အသံၾကားတဲ့ေနရာက ပစၥည္းအပို႔ ပစၥည္းပ်က္ေတြ ထားထားတဲ့ေနရာဘက္ ျဖစ္တာေၾကာင့္
ေရွာင္းက်န့္ ပိုၿပီး စိတ္ပူသြားသည္။
ပစၥည္းေတြကအဆင့္ဆင့္ထပ္ၿပီး ထားထားတာေၾကာင့္ ေရွာင္းက်န့္ ကေလးေလးအႏၲရာယ္ျဖစ္မွာကို စိုးရိမ္ၿပီး ပစၥည္းေတြထားတဲ့ဘက္ကို သြားေနတုန္း
အေနာက္ကေန လူတစ္ေယာက္က ပါးစပ္ကိုပိတ္ၿပီး အခန္းတစ္ခန္းထဲဆြဲေခၚသြားသည္။

"ေကာ မေၾကာက္နဲ႕...ကြၽန္ေတာ္ရိေပၚ"

နားနားေလးကို တိုးတိုးေလးကပ္ေျပာသည့္ ရိေပၚေၾကာင့္ ေရွာင္းက်န့္မ်က္လုံးျပဴးသြားရသည္။
ဘာေၾကာင့္ ရိေပၚက အေဆာင္ေရာက္ေနတာလဲ။

"ကြၽန္ေတာ္ေရာ ကူညီေပးခ်င္တယ္။ ကြၽန္ေတာ့္ပါးပါး ဘာအျပစ္မွမလုပ္ထားဘူးဆိုတာ သက္ေသျပခ်င္တယ္"

"အဲ့ဆို ဘာလို႔ငါ့ကိုဒီအခန္းထဲေခၚလာတာလဲ"

"ၾကည့္ၾကည့္လိုက္"

ရိေပၚက သူ႕ပါးစပ္ကို အုပ္ထားသည့္လက္ကို မလႊတ္ေပးဘဲ တံခါးေပါက္ဟထားသည့္​​ေနရာကေန အျပင္ကိုၾကည့္ခိုင္းသည္။
အျပင္မွာ ေမွာင္မဲေနေပမယ့္ ေသခ်ာမျမင္ရ။ထိုခ်ိန္ မီးေတြမွိတ္တုတ္တုတ္ႏွင့္ လင္းလာတာေၾကာင့္ ေရွာင္းက်န့္ တံခါးဟထားသည့္ေနရာကေန ၾကည့္ေနတုန္း။

အသားအေရေတြကတြန့္ၿပီး ျဖဴဆုတ္ေနသည့္ မ်က္ႏွာႀကီး
မ်က္လုံးႏွစ္ဘက္ကလည္း ေဟာင္းေလာင္းႀကီးျဖစ္ေနကာ ေသြးေတြလည္း စီးက်ေနၿပီး
လည္ပင္းမွာလည္း ဓားရွရာလို အစင္းႀကီး ထင္ေနသည္။
ေရွာင္းက်န့္ အနီးကပ္ႀကီးျမင္လိုက္ရေတာ့ အရမ္းလန့္သြားတာေၾကာင့္ တုန္တက္သြားသည္။
အဲ့ဒါကိုသိတဲ့ရိေပၚက ေရွာင္းက်န့္ ကိုယ္ကိုသူ႕ဘက္ဆြဲလွည့္ၿပီး ဖက္ထားလိုက္သည္။

Fortsätt läs

Du kommer också att gilla

296K 21.4K 52
🍁🍁ခင်ဗျားက Black Hole ပဲ။ ကျနော် အဲဒီ့မှာထားမိသမျှ ဘာတစ်ခုမှ ပြန်ယူလို့ မရတော့ဘူး။ #Wangyibo💚 🍁🍁............?? #XiaoZh...
129K 6.8K 17
YiZhan အတွဲလေးကို အရမ်းချစ်လို့ Fan Fictionလေး ရေးချင်လာလို့ပါ
1.1M 45.4K 52
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
12.8K 1.5K 28
အားလုံးပဲ Repunzal movie (Barbie version)လေးကို သိကြမယ်ထင်ပါတယ်။Repunzal ဟာ သူမဆွဲလိုက်တဲ့ မှော်၀င်ပန်းချီကားလေးကြောင့် ပိတ်လှောင်ခံထားရတဲ့သူမရဲ့ဘ၀ကန...