SECRET ( Completed)

By Tulip_loon

255K 20.2K 340

yizhan❤ Wang Yibo & Xiao Zhan 🍀🌷❤ Unicode/ Zawgyi More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
New Year
Part 12
Part 13
Part 14
Part 15
part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 27
Part 28
Part 29
Part 30
part 31
part 32
Part 33
Part 34
Ending
ကျေးဇူးတင်လွှာ
Season-2
⁉️

Part 26

4.8K 429 7
By Tulip_loon

Unicode

"ကျန့်ကော ကျောင်းမသွားဘူးလား"

"အင်းငါနားမလို့''

"အဲ့ဆို ကျွန်တော်လည်းမသွားတော့ဘူး"

"မရဘူး သွား စာမေးပွဲနီးနေပြီကို"

"ကျန့်ကောမှမရှိတာ မသွားချင်ဘူး"

"ဝမ်ရိပေါ်"

မျက်မှောင်ကြုတ်ကာ ဆူပုတ်ပုတ်လေးစိုက်ကြည့်လာတာ​ကြောင့် ရိပေါ် အူယားပြီး ရှောင်းကျန့်နားသွားကာ ​ခေါင်းလေးကိုပွတ်ပေးလိုက်သည်။
မျက်လုံးမှိတ်ကာ ငြိမ်ခံနေတဲ့ရှောင်းကျန့်ရဲ့မျက်နှာနားလေးကို ရိပေါ်တိုးကပ်လိုက်ပြီး ရှောင်းကျန့်ရဲ့ပါးအိအိလေးကို ရိပေါ်ဖိနမ်းပြစ်လိုက်သည်။

" ကျန့်ကော သွားပြီ"

ရိပေါ် ရှောင်းကျန့်ကိုနမ်းပြီး နှုတ်ဆက်ကာ အမြန်အခန်းထဲကပြေးထွက်လာခဲ့သည်။
အပြင်ရောက်တော့ အိစက်နေတဲ့ပါးလေးကိုနမ်းခဲ့တဲ့ နှုတ်ခမ်းကိုကိုင်ပြီး ရိပေါ်မျက်နှာကြီးပြုံးဖြီးလာရသည်။

ရှောင်းကျန့် ကိုယ့်ပါးကနူးညံ့တဲ့အထိအတွေ့လေးထိသွားတာကို သဘောကျနှစ်သက်ပေမယ့် မျက်ဝန်းကမျက်ရည်တွေဟာ ထိန်းမရအောင်စီးကျလာသည်။
ရိပေါ်ရဲ့အနမ်းက သူတို့နှစ်ယောက်အတွက် နှုတ်ဆက်ခြင်းပဲ။

ရှောင်းကျန့် အင်္ကျီအဝတ်အစားလဲပြီး ရိပေါ်ဝယ်ပေးတဲ့ဖုန်းရယ်၊သူ့ကိုယ်ပိုင်ဖုန်းရယ်၊ နောက်ထပ်ရိပေါ်ပါးပါးကိုဖမ်းလို့ရတဲ့သက်သေတချို့ရယ်ကိုယူပြီး ရဲစခန်းကိုလာခဲ့သည်။
ရဲစခန်းရောက်တော့ ရိဝူကောက ဖမ်းဆီးမိန့်စာရွက်ရယ် ရဲအချို့ရယ်ကို ခေါ်ထားပြီး ရှောင်းကျန့်ကိုစောင့်နေသည်။

" ရှောင်းကျန့် ဘာလို့ချက်ချင်းကြီး ဖမ်းခိုင်းတာလဲ။ဘာလဲ ဝမ်သူဌေးက ထွက်ပြေးမလို့လား"

"မဟုတ်ဘူးကော၊ ကျွန်တော်ကိစ္စတချို့ရှိလို့ မြန်မြန်ဖမ်းတော့လည်း ပိုမကောင်းဘူးလား ကောကလည်း"

"အင်းပါ အဲ့ဆို ကောသွားတော့မယ် ရှောင်းကျန့်က ဒီမှာဝမ်သူဌေးကိုစစ်မေးဖို့ သေချာစီစဥ်ထားလိုက်"

"ဟုတ်ကဲ့ကော"

ရှောင်းကျန့် ကောတို့ထွက်သွားတာနှင့် ထိုင်ခုံပေါ်အရုပ်ကြိုးပျက်သလို ထိုင်ချလိုက်မိသည်။
ခိုင်မြဲအောင်လုပ်မယ်လို့ဆုံးဖြတ်ခဲ့သည့် ကြိုးများက ပြတ်တောက်သွားတော့မည်။
မကြာခင် သူလည်းတစ်ယောက်တည်းပြန်ဖြစ်တော့မည်။
ရာဇဝတ်မှုတွေကြားမှာ အမြဲတမ်းအလုပ်ပိနေမည့် လူတစ်ယောက်၊
သူငယ်ချင်းတစ်ယောက်မှမရှိဘဲ အလုပ်တွေထဲသာခေါင်းနှစ်ထားပြီး နာကျင်မှုတွေကို ဖုံးကွယ်ထားရတော့မည့် လူတစ်ယောက်၊
ကိုယ့်အပေါ် စိတ်အရင်းအမှန်နှင့် ဆက်ဆံပေးသည့်မိတ်ဆွေတွေကို ဆုံးရှုံးရတော့မည့် လူတစ်ယောက်၊
ကိုယ်ချစ်ရသူရဲ့ အမုန်းကိုထာဝရပိုင်ဆိုင်ရတော့မည့် လူတစ်ယောက် အဖြစ်နေထိုင်သွားရတော့မည်။

ဒီဆုံးဖြတ်ချက်က သူကိုယ်တိုင်ချမှတ်ခဲ့တာ ဖြစ်သည့်အတွက် ရှောင်းကျန့် နောင်တရလားဆိုရင် သူဘာဖြေရမှန်းမသိ။
မချစ်ခဲ့သင့်သည့်သူကို မေ့နိုင်ဖို့က ဒီတစ်နည်းဘဲရှိသလို၊ ကိုယ့်ကိုမချစ်ဖို့အတွက် ဖြေရှင်းဖို့ကလည်း ဒီတစ်နည်းဘဲရှိသည်။

၁နာရီလောက်ကြာတော့ ရိဝူနှင့်အတူတူ ဝမ်သူဌေးတို့ရောက်လာပြီး စစ်ဆေးမေးမြန်းမယ့် အခန်းထဲကို ဝင်သွားသည်။
ရိဝူက ဝမ်သူဌေးကိုစစ်မေးပေမယ့် ဝမ်သူဌေးက သူဘာမှမလုပ်ထားဘူးဆိုတာကိုဘဲ ထပ်တလဲလဲဖြေတာကြောင့် ဝမ်သူဌေးကို ၁၀ရက်ဖမ်းဆီးထားခွင့်ပြုဖို့ အထက်လူကြီးတွေကိုပြောဖို့အတွက် ရိဝူထွက်သွားသည်။

🦁🐷

ရိပေါ် ကျောင်းရောက်တော့လည်း မျက်နှာကြီးပြုံးဖြီးနေကာ အရမ်းကိုကျေနပ်အားရနေမိသည်။
ဒီထက်ပိုပြီး အဆင့်တက်ချင်ပေမယ့် ပါးပါးကိုပေးထားသည့်ကတိကြောင့် ရိပေါ်ကြိတ်မှိတ်ခံပြီးတော့သာ ကျောင်းပြီးသည့်အထိနေရအုန်းရမည်။

ရိပေါ်ပြုံးနေတာကိုကြည့်ပြီး hai kuanကခေါင်းခါကာ ရိပေါ်ပြုံးနေရတဲ့အကြောင်းရင်းကိုမေးလိုက်သည်။

"ရိပေါ် ဘာတွေပြုံးနေတာလဲ"

"သူ့ပါးလေးက နူးညံ့ပြီး ထပ်ခါထပ်ခါနမ်းချင်စရာကောင်းတယ်။"

"ရိပေါ် ကောမေးနေတာကတခြားဟာလေ"

"အိစက်နေတဲ့ပါးလေး"

Hai kuan သူ့ညီရဲ့ရူးသွပ်မှုကြောင့် ထပ်မေးလည်း မောသာမောသွားမည် အကြောင်းရင်း အသေအချာထွက်လာမှာမဟုတ်မှန်းသိတာကြောင့် မမေးတော့ဘဲ စာသာလုပ်နေလိုက်သည်။

ရိပေါ် မြင်ကွင်းထဲရှောင်းကျန့်ရဲ့ အနီးကပ်မြင်ခဲ့ရတဲ့ နှုတ်ခမ်းရယ်၊နှုတ်ခမ်းအောက်ကမှဲ့လေးရယ်ကိုဘဲ ထပ်တလဲလဲ​မြင်ယောင်ကာ ပါးကိုဘဲနမ်းခဲ့မိသည့်အတွက် နောင်တရနေသည်။
ရိပေါ်ရဲ့ အတွေးတွေမဆုံးခင် ဖုန်းဝင်လာတာကြောင့် ကိုင်လိုက်တော့ ပါးပါးကိုရဲတွေလာဖမ်းသွားတယ်လို့ ငိုပြီးပြောနေတဲ့ မားမားကြောင့် hai kuanကောကို ခေါ်ကာ ရဲစခန်းကိုလာခဲ့သည်။

🐰

ရှောင်းကျန့်ကို ရိဝူကောက တာဝန်ပေးသွားသည့်အတွက်ကြောင့် ရှောင်းကျန့် ဝမ်သူဌေးကိုစစ်ဆေးမေးမြန်းဖို့အတွက် အခန်းထဲဝင်လာခဲ့သည်။
ဝမ်သူဌေးကသူ့ကိုတွေ့တော့ တခဏအံ့သြသွားကာ နောက်မှ မျက်နှာကြီးခက်ထန်လာသည်။

"ဝမ်သူဌေး ကျွန်တော်မေးတာတွေကို သေချာဖြေပေးပါ"

"မင်းဘာလို့အဲ့လိုလုပ်ရတာလဲ"

"ဝမ်သူဌေးက မိန်းကလေးတွေကိုလိမ်လည်လှည့်ဖြားပြီး ပြည့်တန်ဆာအိမ်ဖွင့်ခဲ့တာ မှန်ပါသလား"

"မင်းအပေါ် ရိပေါ်ကဒီလောက်ကောင်းခဲ့တာကို"

"ဆိုင်တဲ့စကားပဲ ပြောပါ"

"ဒီစကားက ဆိုင်တယ်ကွ မင်းအပေါ်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးခဲ့တဲ့ ရိပေါ်ကိုမှ မင်းကဘာလို့သစ္စာဖောက်ရတာလဲ။ ဘာလို့လိမ်ညာရတာလဲ။ ဘာလို့ငါ့သားကိုအသုံးချခဲ့ရတာလဲ။ မင်းကို ရိပေါ်က ဘယ်လောက်ထိ.....ဘယ်လောက်ထိ ချစ်လဲဆိုတာ မင်းမသိဘူးလား"

ဝမ်သူဌေးက မျက်နှာကြီးနီရဲလာသည်အထိ ဒေါသထွက်ပြီး အော်ပြောလိုက်သည်။

"ကျွန်တော့် ကိစ္စပါ။ ဘယ်လိုနည်းနှင့်ဖြစ်ဖြစ် ကျွန်တော့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရမှာမလို့"

ရှောင်းကျန့် မပြောလိုက်ပါ။ ခင်ဗျားယူထားသည့်မိန်းမက ကျွန်တော်အမေဖြစ်သူပြီး၊ ခင်ဗျားရဲ့သားက ကျွန်တော့်ညီဖြစ်တဲ့အတွက် ကျွန်တော်တို့နှစ်ယောက်ဝေးမည့်နည်းလမ်းကို ရွေးချယ်လိုက်ခြင်းဆိုတာ ကျွန်တော်မပြောချင်ပါ။

"မင်း...မင်းကွာ"

ရှောင်းကျန့် ထပ်ပြီး မေးမြန်းနိုင်စွမ်းမရှိတော့တာကြောင့် အခန်းပြင်ကိုထွက်လာခဲ့သည်။
အခန်းတံခါးပိတ်ပြီး ခေါင်းကတံခါးကိုမှီကာ မျက်လုံးလေးမှိတ်ပြီး ခဏလောက်အသက်ဝဝရှုနေလိုက်သည်။
ဒီထက်ပိုပြီး ခက်ခဲ့ကိစ္စကိုရင်ဆိုင်ရအုန်းမှာ ဖြစ်သည့်အတွက် ရှောင်းကျန့် အားမွေးထားရမည်။
ရင်ဘတ်ထဲက မွန်းကြပ်မှုတွေကို ရှောင်းကျန့် အသက်ပြင်းပြင်းရှုထုတ်ရင်းသာ စိတ်ဖြေနေရသည်။

ရှောင်းကျန့် အသက်ရှုဝပြီဆိုမှ မျက်လုံးလေးဖွင့်ကာ အရှေ့ကိုကြည့်လိုက်တော့....

"ရိပေါ်"

🍀                   🍀                   🍀

Zawgyi


"က်န႔္ေကာ ေက်ာင္းမသြားဘူးလား"

"အင္းငါနားမလို႔''

"အဲ့ဆို ကြၽန္ေတာ္လည္းမသြားေတာ့ဘူး"

"မရဘူး သြား စာေမးပြဲနီးေနၿပီကို"

"က်န႔္ေကာမွမရွိတာ မသြားခ်င္ဘူး"

"ဝမ္ရိေပၚ"

မ်က္ေမွာင္ၾကဳတ္ကာ ဆူပုတ္ပုတ္ေလးစိုက္ၾကည့္လာတာ​ေၾကာင့္ ရိေပၚ အူယားၿပီး ေရွာင္းက်န႔္နားသြားကာ ​ေခါင္းေလးကိုပြတ္ေပးလိုက္သည္။
မ်က္လုံးမွိတ္ကာ ၿငိမ္ခံေနတဲ့ေရွာင္းက်န႔္ရဲ႕မ်က္ႏွာနားေလးကို ရိေပၚတိုးကပ္လိုက္ၿပီး ေရွာင္းက်န႔္ရဲ႕ပါးအိအိေလးကို ရိေပၚဖိနမ္းျပစ္လိုက္သည္။

" က်န႔္ေကာ သြားၿပီ"

ရိေပၚ ေရွာင္းက်န႔္ကိုနမ္းၿပီး ႏႈတ္ဆက္ကာ အျမန္အခန္းထဲကေျပးထြက္လာခဲ့သည္။
အျပင္ေရာက္ေတာ့ အိစက္ေနတဲ့ပါးေလးကိုနမ္းခဲ့တဲ့ ႏႈတ္ခမ္းကိုကိုင္ၿပီး ရိေပၚမ်က္ႏွာႀကီးၿပဳံးၿဖီးလာရသည္။

ေရွာင္းက်န႔္ ကိုယ့္ပါးကႏူးညံ့တဲ့အထိအေတြ႕ေလးထိသြားတာကို သေဘာက်ႏွစ္သက္ေပမယ့္ မ်က္ဝန္းကမ်က္ရည္ေတြဟာ ထိန္းမရေအာင္စီးက်လာသည္။
ရိေပၚရဲ႕အနမ္းက သူတို႔ႏွစ္ေယာက္အတြက္ ႏႈတ္ဆက္ျခင္းပဲ။

ေရွာင္းက်န႔္ အကၤ်ီအဝတ္အစားလဲၿပီး ရိေပၚဝယ္ေပးတဲ့ဖုန္းရယ္၊သူ႕ကိုယ္ပိုင္ဖုန္းရယ္၊ ေနာက္ထပ္ရိေပၚပါးပါးကိုဖမ္းလို႔ရတဲ့သက္ေသတခ်ိဳ႕ရယ္ကိုယူၿပီး ရဲစခန္းကိုလာခဲ့သည္။
ရဲစခန္းေရာက္ေတာ့ ရိဝူေကာက ဖမ္းဆီးမိန့္စာ႐ြက္ရယ္ ရဲအခ်ိဳ႕ရယ္ကို ေခၚထားၿပီး ေရွာင္းက်န့္ကိုေစာင့္ေနသည္။

" ေရွာင္းက်န့္ ဘာလို႔ခ်က္ခ်င္းႀကီး ဖမ္းခိုင္းတာလဲ။ဘာလဲ ဝမ္သူေဌးက ထြက္ေျပးမလို႔လား"

"မဟုတ္ဘူးေကာ၊ ကြၽန္ေတာ္ကိစၥတခ်ိဳ႕ရွိလို႔ ျမန္ျမန္ဖမ္းေတာ့လည္း ပိုမေကာင္းဘူးလား ေကာကလည္း"

"အင္းပါ အဲ့ဆို ေကာသြားေတာ့မယ္ ေရွာင္းက်န့္က ဒီမွာဝမ္သူေဌးကိုစစ္ေမးဖို႔ ေသခ်ာစီစဥ္ထားလိုက္"

"ဟုတ္ကဲ့ေကာ"

ေရွာင္းက်န့္ ေကာတို႔ထြက္သြားတာႏွင့္ ထိုင္ခုံေပၚအ႐ုပ္ႀကိဳးပ်က္သလို ထိုင္ခ်လိဳက္မိသည္။
ခိုင္ၿမဲေအာင္လုပ္မယ္လို႔ဆုံးျဖတ္ခဲ့သည့္ ႀကိဳးမ်ားက ျပတ္ေတာက္သြားေတာ့မည္။
မၾကာခင္ သူလည္းတစ္ေယာက္တည္းျပန္ျဖစ္ေတာ့မည္။
ရာဇဝတ္မႈေတြၾကားမွာ အၿမဲတမ္းအလုပ္ပိေနမည့္ လူတစ္ေယာက္၊
သူငယ္ခ်င္းတစ္ေယာက္မွမရွိဘဲ အလုပ္ေတြထဲသာေခါင္းႏွစ္ထားၿပီး နာက်င္မႈေတြကို ဖုံးကြယ္ထားရေတာ့မည့္ လူတစ္ေယာက္၊
ကိုယ့္အေပၚ စိတ္အရင္းအမွန္ႏွင့္ ဆက္ဆံေပးသည့္မိတ္ေဆြေတြကို ဆုံးရႈံးရေတာ့မည့္ လူတစ္ေယာက္၊
ကိုယ္ခ်စ္ရသူရဲ႕ အမုန္းကိုထာဝရပိုင္ဆိုင္ရေတာ့မည့္ လူတစ္ေယာက္ အျဖစ္ေနထိုင္သြားရေတာ့မည္။

ဒီဆုံးျဖတ္ခ်က္က သူကိုယ္တိုင္ခ်မွတ္ခဲ့တာ ျဖစ္သည့္အတြက္ ေရွာင္းက်န့္ ေနာင္တရလားဆိုရင္ သူဘာေျဖရမွန္းမသိ။
မခ်စ္ခဲ့သင့္သည့္သူကို ေမ့နိုင္ဖို႔က ဒီတစ္နည္းဘဲရွိသလို၊ ကိုယ့္ကိုမခ်စ္ဖို႔အတြက္ ေျဖရွင္းဖို႔ကလည္း ဒီတစ္နည္းဘဲရွိသည္။

၁နာရီေလာက္ၾကာေတာ့ ရိဝူႏွင့္အတူတူ ဝမ္သူေဌးတို႔ေရာက္လာၿပီး စစ္ေဆးေမးျမန္းမယ့္ အခန္းထဲကို ဝင္သြားသည္။
ရိဝူက ဝမ္သူေဌးကိုစစ္ေမးေပမယ့္ ဝမ္သူေဌးက သူဘာမွမလုပ္ထားဘူးဆိုတာကိုဘဲ ထပ္တလဲလဲေျဖတာေၾကာင့္ ဝမ္သူေဌးကို ၁၀ရက္ဖမ္းဆီးထားခြင့္ျပဳဖို႔ အထက္လူႀကီးေတြကိုေျပာဖို႔အတြက္ ရိဝူထြက္သြားသည္။

🦁🐷

ရိေပၚ ေက်ာင္းေရာက္ေတာ့လည္း မ်က္ႏွာႀကီးၿပဳံးၿဖီးေနကာ အရမ္းကိုေက်နပ္အားရေနမိသည္။
ဒီထက္ပိုၿပီး အဆင့္တက္ခ်င္ေပမယ့္ ပါးပါးကိုေပးထားသည့္ကတိေၾကာင့္ ရိေပၚႀကိတ္မွိတ္ခံၿပီးေတာ့သာ ေက်ာင္းၿပီးသည့္အထိေနရအုန္းရမည္။

ရိေပၚၿပဳံးေနတာကိုၾကည့္ၿပီး hai kuanကေခါင္းခါကာ ရိေပၚၿပဳံးေနရတဲ့အေၾကာင္းရင္းကိုေမးလိုက္သည္။

"ရိေပၚ ဘာေတြၿပဳံးေနတာလဲ"

"သူ႕ပါးေလးက ႏူးညံ့ၿပီး ထပ္ခါထပ္ခါနမ္းခ်င္စရာေကာင္းတယ္။"

"ရိေပၚ ေကာေမးေနတာကတျခားဟာေလ"

"အိစက္ေနတဲ့ပါးေလး"

Hai kuan သူ႕ညီရဲ႕႐ူးသြပ္မႈေၾကာင့္ ထပ္ေမးလည္း ေမာသာေမာသြားမည္ အေၾကာင္းရင္း အေသအခ်ာထြက္လာမွာမဟုတ္မွန္းသိတာေၾကာင့္ မေမးေတာ့ဘဲ စာသာလုပ္ေနလိုက္သည္။

ရိေပၚ ျမင္ကြင္းထဲေရွာင္းက်န့္ရဲ႕ အနီးကပ္ျမင္ခဲ့ရတဲ့ ႏႈတ္ခမ္းရယ္၊ႏႈတ္ခမ္းေအာက္ကမွဲ႕ေလးရယ္ကိုဘဲ ထပ္တလဲလဲ​ျမင္ေယာင္ကာ ပါးကိုဘဲနမ္းခဲ့မိသည့္အတြက္ ေနာင္တရေနသည္။
ရိေပၚရဲ႕ အေတြးေတြမဆုံးခင္ ဖုန္းဝင္လာတာေၾကာင့္ ကိုင္လိုက္ေတာ့ ပါးပါးကိုရဲေတြလာဖမ္းသြားတယ္လို႔ ငိုၿပီးေျပာေနတဲ့ မားမားေၾကာင့္ hai kuanေကာကို ေခၚကာ ရဲစခန္းကိုလာခဲ့သည္။

🐰

ေရွာင္းက်န့္ကို ရိဝူေကာက တာဝန္ေပးသြားသည့္အတြက္ေၾကာင့္ ေရွာင္းက်န့္ ဝမ္သူေဌးကိုစစ္ေဆးေမးျမန္းဖို႔အတြက္ အခန္းထဲဝင္လာခဲ့သည္။
ဝမ္သူေဌးကသူ႕ကိုေတြ႕ေတာ့ တခဏအံ့ၾသသြားကာ ေနာက္မွ မ်က္ႏွာႀကီးခက္ထန္လာသည္။

"ဝမ္သူေဌး ကြၽန္ေတာ္ေမးတာေတြကို ေသခ်ာေျဖေပးပါ"

"မင္းဘာလို႔အဲ့လိုလုပ္ရတာလဲ"

"ဝမ္သူေဌးက မိန္းကေလးေတြကိုလိမ္လည္လွည့္ျဖားၿပီး ျပည့္တန္ဆာအိမ္ဖြင့္ခဲ့တာ မွန္ပါသလား"

"မင္းအေပၚ ရိေပၚကဒီေလာက္ေကာင္းခဲ့တာကို"

"ဆိုင္တဲ့စကားပဲ ေျပာပါ"

"ဒီစကားက ဆိုင္တယ္ကြ မင္းအေပၚကို ေကာင္းေကာင္းမြန္မြန္ဆက္ဆံေပးခဲ့တဲ့ ရိေပၚကိုမွ မင္းကဘာလို႔သစၥာေဖာက္ရတာလဲ။ ဘာလို႔လိမ္ညာရတာလဲ။ ဘာလို႔ငါ့သားကိုအသုံးခ်ခဲ့ရတာလဲ။ မင္းကို ရိေပၚက ဘယ္ေလာက္ထိ.....ဘယ္ေလာက္ထိ ခ်စ္လဲဆိုတာ မင္းမသိဘူးလား"

ဝမ္သူေဌးက မ်က္ႏွာႀကီးနီရဲလာသည္အထိ ေဒါသထြက္ၿပီး ေအာ္ေျပာလိုက္သည္။

"ကြၽန္ေတာ့္ ကိစၥပါ။ ဘယ္လိုနည္းႏွင့္ျဖစ္ျဖစ္ ကြၽန္ေတာ့္တာဝန္ကို ေက်ပြန္စြာထမ္းေဆာင္ရမွာမလို႔"

ေရွာင္းက်န့္ မေျပာလိုက္ပါ။ ခင္ဗ်ားယူထားသည့္မိန္းမက ကြၽန္ေတာ္အေမျဖစ္သူၿပီး၊ ခင္ဗ်ားရဲ႕သားက ကြၽန္ေတာ့္ညီျဖစ္တဲ့အတြက္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ေဝးမည့္နည္းလမ္းကို ေ႐ြးခ်ယ္လိုက္ျခင္းဆိုတာ ကြၽန္ေတာ္မေျပာခ်င္ပါ။

"မင္း...မင္းကြာ"

ေရွာင္းက်န့္ ထပ္ၿပီး ေမးျမန္းနိုင္စြမ္းမရွိေတာ့တာေၾကာင့္ အခန္းျပင္ကိုထြက္လာခဲ့သည္။
အခန္းတံခါးပိတ္ၿပီး ေခါင္းကတံခါးကိုမွီကာ မ်က္လုံးေလးမွိတ္ၿပီး ခဏေလာက္အသက္ဝဝရႈေနလိုက္သည္။
ဒီထက္ပိုၿပီး ခက္ခဲ့ကိစၥကိုရင္ဆိုင္ရအုန္းမွာ ျဖစ္သည့္အတြက္ ေရွာင္းက်န့္ အားေမြးထားရမည္။
ရင္ဘတ္ထဲက မြန္းၾကပ္မႈေတြကို ေရွာင္းက်န့္ အသက္ျပင္းျပင္းရႈထုတ္ရင္းသာ စိတ္ေျဖေနရသည္။

ေရွာင္းက်န့္ အသက္ရႈဝၿပီဆိုမွ မ်က္လုံးေလးဖြင့္ကာ အေရွ႕ကိုၾကည့္လိုက္ေတာ့....

"ရိေပၚ"

🍀                   🍀                   🍀




Continue Reading

You'll Also Like

312K 6.9K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
881K 40.9K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
654K 40K 104
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
1M 54.9K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...