SECRET ( Completed)

By Tulip_loon

255K 20.2K 340

yizhanโค Wang Yibo & Xiao Zhan ๐Ÿ€๐ŸŒทโค Unicode/ Zawgyi More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
New Year
Part 12
Part 13
Part 14
Part 15
part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 26
Part 27
Part 28
Part 29
Part 30
part 31
part 32
Part 33
Part 34
Ending
แ€€แ€ปแ€ฑแ€ธแ€‡แ€ฐแ€ธแ€แ€„แ€บแ€œแ€ฝแ€พแ€ฌ
Season-2
โ‰๏ธ

Part 25

4.8K 449 2
By Tulip_loon

Unicode

ရှောင်းကျန့် ဒီနေရာမှာထိုင်နေခဲ့တာ နေ့လည်ကတည်းကပင်။
ရိပေါ်အိမ်ကနေ ဖိနပ်မပါဘဲပြေးထွက်လာခဲ့သည့်ဒဏ်က ခြေဖဝါးတစ်ခုလုံးစုတ်ပျက်ပြီး သွေးတွေတောင်ထွက်နေသည်။
မြစ်ကမ်းစပ်နားမှာ တစ်နေကုန်လုံးထိုင်ပြီး ငိုနေတာကြောင့် မျက်လုံးတွေလည်းအောင့်လာသလို ခေါင်းတွေပါကိုက်လာရသည်။
မြစ်ကမ်းစပ်နားမလို့ တိုက်ခတ်လာတဲ့လေတွေက အေးစိမ့်စိမ့်နှင့် ရှောင်းကျန့်တစ်ကိုယ်လုံးတုန်ယင်နေပေမယ့် ဒီနေရာကနေမထွက်သွားမိ။

တစ်ကိုယ်လုံး အားအင်တွေကုန်ခမ်းနေပြီး ​ သူဒီနေရာကနေ ဘယ်ကိုမှမသွားချင်။
အစိတ်စိတ်အမွှာမွှာ ကွဲကြေနေတဲ့ နှလုံးသားကြောင့် ရှောင်းကျန့်အသက်ရှုတာတောင်မဝတော့ပါ။
ကိုယ့်ကိုချစ်တဲ့သူတွေကို လှည့်စားနေလို့ ကံကြမ္မာကဒဏ်ခတ်တဲ့ အနေနဲ့ ကိုယ်ပြန်ပြီး လှည့်စားခံရပြီ။

ဘာကြောင့်များ ရိပေါ်ကိုချစ်မိခဲ့ရတာလဲ။
ဘာကြောင့်များ ရိပေါ်က ကိုယ့်ညီဖြစ်နေရတာလဲ။
ဘာကြောင့်များ ပထမဆုံးချစ်မိသည့်သူကို ဖွင့်တောင်မပြောရသေးခင် အဆုံးသတ်သွားရတာလဲ။
ဘာကြောင့်များ.....ဘာကြောင့်များ ကိုယ်က ရိပေါ်ကိုမှ နင့်နင့်နဲနဲချစ်မိသွားရတာလဲ။
စွန့်လွှတ်ဖို့မဖြစ်နိုင်လောက်အောင် အရမ်းကိုချစ်မိသွားတာကြောင့် ရှောင်းကျန့် ဘယ်လိုလုပ်ရမလဲမသိတော့ပါ။

You can be my guiding light
Keep me
Company in the night
.......

ဖုန်း ringtoneသံကြောင့် contact nameကိုကြည့်လိုက်တော့ ရိပေါ်။
ဒီတစ်ခါနှင့်ဆို ရိပေါ်ဖုန်းခေါ်တာ အခေါက်ပေါင်း၁၅၀ ကျော်ပြီ တစ်ခါမှမကိုင်တာကြောင့် အဆက်မပြတ်ခေါ်သည့်ဖုန်းကို ရှောင်းကျန့်ဒီတစ်ခေါက်တော့ ကိုင်လိုက်သည်။

"ကျန့်ကော ကျန့်ကော အခုဘယ်မှာလဲ။ ဘယ်မှာလဲလို့"

"ငါ.... ငါမြစ်ကမ်းစပ်မှာ"

"ဘယ်မှမသွားနဲ့...မသွားပါနဲ့။ကျွန်တော် အခုချက်ချင်းလာခဲ့မယ်"

"ရိပေါ်..."

ဖုန်းချသွားတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်စကားဆုံးအောင်မပြောလိုက်ရပါ။
သူရှိတဲ့နေရာကို ပြောလိုက်တာ မှန်လားမသိပေမယ့် ရှောင်းကျန့် အခုချိန်မှာဘာမှမစဥ်းစားနိုင်။
ရိပေါ်ကိုအရမ်းတွေ့ချင်တာပဲ သိသည်။

🦁🐷

ရိပေါ် ပါးပါးနှင့်မားမားရယ်၊မားရယ်ကိုခေါ်ပြီး ဧည့်ခန်းထဲလာတော့ ရှောင်းကျန့်ကမရှိ။
အပြင်ထွက်ကြည့်တော့ ဖိနပ်က အိမ်ပေါက်ဝမှာရှိနေသည်။
အိမ်ထဲပြန်ဝင်ပြီး ရှောင်းကျန့်ကိုနေရာအနှံ့လိုက်ရှာတော့ မတွေ့တာကြောင့် တံခါးစောင့်တဲ့လူကိုမေးတော့ အပြင်ပြေးထွက်သွားသည်တဲ့။
ဖိနပ်မပါဘဲ ပြေးထွက်သွားရလောက်တဲ့အထိ ဘာများဖြစ်လို့လဲဆိုပြီး စိုးရိမ်စိတ်နှင့်အတူ ဖုန်းဆက်တော့လည်း ဖုန်းမကိုင်။

ရိပေါ် မွေးနေ့ပွဲတောင် မလုပ်နိုင်တော့တဲ့အထိ စိုးရိမ်ပြီး ဖုန်းတွေသာဆက်တိုက်ခေါ်နေသည်။
ညနေစောင်းတဲ့အထိတောင် ဖုန်းခေါ်တာမကိုင်တာကြောင့် ရိပေါ် စိုးရိမ်မှုဒီဂရီတွေမြင့်တက်လာရသည်။
ဒီတစ်ခါမှဖုန်းမကိုင်ရင် ရိပေါ်ပါးပါးကိုပြောပြီး လူရှာခိုင်းတော့မည်ဟာ ဆုံးဖြတ်ကာ ဖုန်းခေါ်လိုက်တော့ ဖုန်းကိုင်လိုက်သည့်ရှောင်းကျန့်ကြောင့် ရိပေါ်မျက်ရည်တွေတောင်စီးကျလာရသည်။

ရှောင်းကျန့်ရှိမယ့်နေရာကိုမေးတော့ မြစ်ကမ်းစပ်မှာဆိုတာကြောင့် ရိပေါ် ရှောင်းကျန့်ကို ဘယ်မှမသွားဖို့​ပြောပြီး ဖုန်းချလိုက်သည်။
ညနေစောင်းမလို့အေးနေမည်ဆိုတာကြောင့် လက်ရှည်အင်္ကျီနှင့် ဖိနပ်ကိုယူပြီး ဆိုင်ကယ်နှင့်မြစ်ကမ်းစပ်ကို လာခဲ့သည်။

ဘယ်မှာလဲလို့ဘဲမေးပြီး ဘယ်နေရာမှာလဲမမေးမိတာကြောင့် ရိပေါ်ဖုန်းပြန်ဆက်တော့ စက်ပိတ်ထားသည်နှင့်တိုးသည်။
ထပ်ပြီးထွက်သွားမှာကြောက်တာကြောင့် ပြေးပြီး မြစ်ကမ်းစပ်တစ်လျှောက်လုံးလိုက်ရှာကြည့်သည်။
အချိန်တစ်နာရီနီးပါးလောက်ကြာတဲ့အထိ ပြေးပြီးလိုက်ရှာကြည့်ပေမယ့် မတွေ့။
ရှောင်းကျန့်ကို ရှာမတွေ့ဘူးဆိုတဲ့အသိကြောင့် မျက်ရည်တွေဝဲလာရသည်။

အမောဆို့နေပေမယ့် ရှောင်းကျန့်ကိုရှာမတွေ့သေးဘူးဆိုတဲ့အသိကြောင့် ရိပေါ်မနားချင်။
လိုက်ရှာနေတုန်း တစ်နေရာရောက်တော့ သစ်ပင်ကြီးတစ်ပင်အောက်ကခုံတန်းလေးပေါ်မှာ ဒူးလေးတုပ်ကာထိုင်နေတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်သက်ပြင်းချလိုက်ကာ အဲ့နားသွားလိုက်သည်။

"ရိ..ရိပေါ်"

မြင်ကွင်းရှေ့လူလာရပ်တာကြောင့် မော့ကြည့်လိုက်တော့ ရိပေါ်။
မျက်လုံးတွေနီရဲပြီး ချွေးတွေလည်းဆိုရွှဲနေတာကြောင့် ရှောင်းကျန့် ရိပေါ်မျက်နှာချွေးသုတ်ပေးဖို့ လက်လှမ်းလိုက်တော့ ဆောင့်ဆွဲကာ ဆွဲဖက်လိုက်သည့်ရိပေါ်ကြောင့် ရှောင်းကျန့်လည်း ရိပေါ်ကိုပြန်ဖက်လိုက်သည်။

" ဘာလို့...ဘာလို့တစ်နေကုန်ဖုန်းမကိုင်တာလဲ။ ဘယ်လောက်တောင်စိတ်ပူနေလဲသိလား။"

"ငါ...ငါတောင်းပန်ပါတယ် ရိပေါ်။ ငါတောင်းပန်ပါတယ်"

"ထပ်ပြီး...ထပ်ပြီး မထားသွားပါနဲ့တော့။ ကြာရင်ကျွန်တော် ရူးသွားလိမ့်မယ်"

ရှောင်းကျန့် ဘာစကားမှမပြောနိုင်တော့ပါ။ သူကိုယ်တိုင်အသံတိတ်ငိုနေပေမယ့် သူ့ကိုတင်းကြပ်နေအောင်ဖက်ပြီး ငိုနေတဲ့ရိပေါ်ရဲ့ ကျောပြင်ကိုသာလက်နှင့် ဖွဖွလေးပွတ်ပေးလိုက်သည်။
သူဒီထက်ပိုပြီး ဘာမှမလုပ်ပေးနိုင်ပါ။

"ရိပေါ် ငါ့ကိုဖုန်းခဏလောက်"

"ကျန့်ကောဖုန်းကရော"

"အားကုန်လို့စက်ပိတ်သွားပြီ"

"အင်း ရော့ဒီမှာ"

"ခဏနော်"

ရှောင်းကျန့် ရိပေါ်ဖုန်းကိုယူပြီး ရိပေါ်နဲ့နည်းနည်းအလှမ်းဝေးတဲ့နေရာကိုသွားပြီး နံပါတ်နှိပ်ကာ ဖုန်းခေါ်လိုက်သည်။

"ကော ဝမ်သူဌေးကို ဖမ်းလိုက်တော့"

ပြတ်သားသင့်ပြီလို့ ငါထင်တယ်ရိပေါ်။
မစွန့်လွှတ်နိုင်ပေမယ့် ထပ်ဆွဲထားရင် မင်းဒီထက်ပိုပြီးနာကျင်လိမ့်မယ်။

🍀             🍀            🍀

ဖတ်ပေးတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်💖💗😘

အမှားတစ်စုံတစ်ရာပါခဲ့ရင် ခွင့်လွှတ်ပေးဖို့တောင်းပန်ချင်ပါတယ်။
ကိုယ်ရေးထားတာမကောင်းရင် ဝေဖန်ထောက်ပြနိုင်ပါသည်။ လုံးဝစိတ်မဆိုးတက်တာကြောင့် ဝေဖန်ထောက်ပြပေးပါ။

Zawgyi

ေရွာင္းက်န့္ ဒီေနရာမွာထိုင္ေနခဲ့တာ ေန႕လည္ကတည္းကပင္။
ရိေပၚအိမ္ကေန ဖိနပ္မပါဘဲေျပးထြက္လာခဲ့သည့္ဒဏ္က ေျခဖဝါးတစ္ခုလုံးစုတ္ပ်က္ၿပီး ေသြးေတြေတာင္ထြက္ေနသည္။
ျမစ္ကမ္းစပ္နားမွာ တစ္ေနကုန္လုံးထိုင္ၿပီး ငိုေနတာေၾကာင့္ မ်က္လုံးေတြလည္းေအာင့္လာသလို ေခါင္းေတြပါကိုက္လာရသည္။
ျမစ္ကမ္းစပ္နားမလို႔ တိုက္ခတ္လာတဲ့ေလေတြက ေအးစိမ့္စိမ့္ႏွင့္ ေရွာင္းက်န့္တစ္ကိုယ္လုံးတုန္ယင္ေနေပမယ့္ ဒီေနရာကေနမထြက္သြားမိ။

တစ္ကိုယ္လုံး အားအင္ေတြကုန္ခမ္းေနၿပီး ​ သူဒီေနရာကေန ဘယ္ကိုမွမသြားခ်င္။
အစိတ္စိတ္အမႊာမႊာ ကြဲေၾကေနတဲ့ ႏွလုံးသားေၾကာင့္ ေရွာင္းက်န့္အသက္ရႈတာေတာင္မဝေတာ့ပါ။
ကိုယ့္ကိုခ်စ္တဲ့သူေတြကို လွည့္စားေနလို႔ ကံၾကမၼာကဒဏ္ခတ္တဲ့ အေနနဲ႕ ကိုယ္ျပန္ၿပီး လွည့္စားခံရၿပီ။

ဘာေၾကာင့္မ်ား ရိေပၚကိုခ်စ္မိခဲ့ရတာလဲ။
ဘာေၾကာင့္မ်ား ရိေပၚက ကိုယ့္ညီျဖစ္ေနရတာလဲ။
ဘာေၾကာင့္မ်ား ပထမဆုံးခ်စ္မိသည့္သူကို ဖြင့္ေတာင္မေျပာရေသးခင္ အဆုံးသတ္သြားရတာလဲ။
ဘာေၾကာင့္မ်ား.....ဘာေၾကာင့္မ်ား ကိုယ္က ရိေပၚကိုမွ နင့္နင့္နဲနဲခ်စ္မိသြားရတာလဲ။
စြန့္လႊတ္ဖို႔မျဖစ္နိုင္ေလာက္ေအာင္ အရမ္းကိုခ်စ္မိသြားတာေၾကာင့္ ေရွာင္းက်န့္ ဘယ္လိုလုပ္ရမလဲမသိေတာ့ပါ။

You can be my guiding light
Keep me
Company in the night
.......

ဖုန္း ringtoneသံေၾကာင့္ contact nameကိုၾကည့္လိုက္ေတာ့ ရိေပၚ။
ဒီတစ္ခါႏွင့္ဆို ရိေပၚဖုန္းေခၚတာ အေခါက္ေပါင္း၁၅၀ ေက်ာ္ၿပီ တစ္ခါမွမကိုင္တာေၾကာင့္ အဆက္မျပတ္ေခၚသည့္ဖုန္းကို ေရွာင္းက်န့္ဒီတစ္ေခါက္ေတာ့ ကိုင္လိုက္သည္။

"က်န့္ေကာ က်န့္ေကာ အခုဘယ္မွာလဲ။ ဘယ္မွာလဲလို႔"

"ငါ.... ငါျမစ္ကမ္းစပ္မွာ"

"ဘယ္မွမသြားနဲ႕...မသြားပါနဲ႕။ကြၽန္ေတာ္ အခုခ်က္ခ်င္းလာခဲ့မယ္"

"ရိေပၚ..."

ဖုန္းခ်သြားတဲ့ရိေပၚေၾကာင့္ ေရွာင္းက်န့္စကားဆုံးေအာင္မေျပာလိုက္ရပါ။
သူရွိတဲ့ေနရာကို ေျပာလိုက္တာ မွန္လားမသိေပမယ့္ ေရွာင္းက်န့္ အခုခ်ိန္မွာဘာမွမစဥ္းစားနိုင္။
ရိေပၚကိုအရမ္းေတြ႕ခ်င္တာပဲ သိသည္။

🦁🐷

ရိေပၚ ပါးပါးႏွင့္မားမားရယ္၊မားရယ္ကိုေခၚၿပီး ဧည့္ခန္းထဲလာေတာ့ ေရွာင္းက်န့္ကမရွိ။
အျပင္ထြက္ၾကည့္ေတာ့ ဖိနပ္က အိမ္ေပါက္ဝမွာရွိေနသည္။
အိမ္ထဲျပန္ဝင္ၿပီး ေရွာင္းက်န့္ကိုေနရာအႏွံ႕လိုက္ရွာေတာ့ မေတြ႕တာေၾကာင့္ တံခါးေစာင့္တဲ့လူကိုေမးေတာ့ အျပင္ေျပးထြက္သြားသည္တဲ့။
ဖိနပ္မပါဘဲ ေျပးထြက္သြားရေလာက္တဲ့အထိ ဘာမ်ားျဖစ္လို႔လဲဆိုၿပီး စိုးရိမ္စိတ္ႏွင့္အတူ ဖုန္းဆက္ေတာ့လည္း ဖုန္းမကိုင္။

ရိေပၚ ေမြးေန႕ပြဲေတာင္ မလုပ္နိုင္ေတာ့တဲ့အထိ စိုးရိမ္ၿပီး ဖုန္းေတြသာဆက္တိုက္ေခၚေနသည္။
ညေနေစာင္းတဲ့အထိေတာင္ ဖုန္းေခၚတာမကိုင္တာေၾကာင့္ ရိေပၚ စိုးရိမ္မႈဒီဂရီေတြျမင့္တက္လာရသည္။
ဒီတစ္ခါမွဖုန္းမကိုင္ရင္ ရိေပၚပါးပါးကိုေျပာၿပီး လူရွာခိုင္းေတာ့မည္ဟာ ဆုံးျဖတ္ကာ ဖုန္းေခၚလိုက္ေတာ့ ဖုန္းကိုင္လိုက္သည့္ေရွာင္းက်န့္ေၾကာင့္ ရိေပၚမ်က္ရည္ေတြေတာင္စီးက်လာရသည္။

ေရွာင္းက်န့္ရွိမယ့္ေနရာကိုေမးေတာ့ ျမစ္ကမ္းစပ္မွာဆိုတာေၾကာင့္ ရိေပၚ ေရွာင္းက်န့္ကို ဘယ္မွမသြားဖို႔​ေျပာၿပီး ဖုန္းခ်လိဳက္သည္။
ညေနေစာင္းမလို႔ေအးေနမည္ဆိုတာေၾကာင့္ လက္ရွည္အကၤ်ီႏွင့္ ဖိနပ္ကိုယူၿပီး ဆိုင္ကယ္ႏွင့္ျမစ္ကမ္းစပ္ကို လာခဲ့သည္။

ဘယ္မွာလဲလို႔ဘဲေမးၿပီး ဘယ္ေနရာမွာလဲမေမးမိတာေၾကာင့္ ရိေပၚဖုန္းျပန္ဆက္ေတာ့ စက္ပိတ္ထားသည္ႏွင့္တိုးသည္။
ထပ္ၿပီးထြက္သြားမွာေၾကာက္တာေၾကာင့္ ေျပးၿပီး ျမစ္ကမ္းစပ္တစ္ေလွ်ာက္လုံးလိုက္ရွာၾကည့္သည္။
အခ်ိန္တစ္နာရီနီးပါးေလာက္ၾကာတဲ့အထိ ေျပးၿပီးလိုက္ရွာၾကည့္ေပမယ့္ မေတြ႕။
ေရွာင္းက်န့္ကို ရွာမေတြ႕ဘူးဆိုတဲ့အသိေၾကာင့္ မ်က္ရည္ေတြဝဲလာရသည္။

အေမာဆို႔ေနေပမယ့္ ေရွာင္းက်န့္ကိုရွာမေတြ႕ေသးဘူးဆိုတဲ့အသိေၾကာင့္ ရိေပၚမနားခ်င္။
လိုက္ရွာေနတုန္း တစ္ေနရာေရာက္ေတာ့ သစ္ပင္ႀကီးတစ္ပင္ေအာက္ကခုံတန္းေလးေပၚမွာ ဒူးေလးတုပ္ကာထိုင္ေနတဲ့ ေရွာင္းက်န့္ေၾကာင့္ ရိေပၚသက္ျပင္းခ်လိဳက္ကာ အဲ့နားသြားလိုက္သည္။

"ရိ..ရိေပၚ"

ျမင္ကြင္းေရွ႕လူလာရပ္တာေၾကာင့္ ေမာ့ၾကည့္လိုက္ေတာ့ ရိေပၚ။
မ်က္လုံးေတြနီရဲၿပီး ေခြၽးေတြလည္းဆို႐ႊဲေနတာေၾကာင့္ ေရွာင္းက်န့္ ရိေပၚမ်က္ႏွာေခြၽးသုတ္ေပးဖို႔ လက္လွမ္းလိုက္ေတာ့ ေဆာင့္ဆြဲကာ ဆြဲဖက္လိုက္သည့္ရိေပၚေၾကာင့္ ေရွာင္းက်န့္လည္း ရိေပၚကိုျပန္ဖက္လိုက္သည္။

" ဘာလို႔...ဘာလို႔တစ္ေနကုန္ဖုန္းမကိုင္တာလဲ။ ဘယ္ေလာက္ေတာင္စိတ္ပူေနလဲသိလား။"

"ငါ...ငါေတာင္းပန္ပါတယ္ ရိေပၚ။ ငါေတာင္းပန္ပါတယ္"

"ထပ္ၿပီး...ထပ္ၿပီး မထားသြားပါနဲ႕ေတာ့။ ၾကာရင္ကြၽန္ေတာ္ ႐ူးသြားလိမ့္မယ္"

ေရွာင္းက်န့္ ဘာစကားမွမေျပာနိုင္ေတာ့ပါ။ သူကိုယ္တိုင္အသံတိတ္ငိုေနေပမယ့္ သူ႕ကိုတင္းၾကပ္ေနေအာင္ဖက္ၿပီး ငိုေနတဲ့ရိေပၚရဲ႕ ေက်ာျပင္ကိုသာလက္ႏွင့္ ဖြဖြေလးပြတ္ေပးလိုက္သည္။
သူဒီထက္ပိုၿပီး ဘာမွမလုပ္ေပးနိုင္ပါ။

"ရိေပၚ ငါ့ကိုဖုန္းခဏေလာက္"

"က်န့္ေကာဖုန္းကေရာ"

"အားကုန္လို႔စက္ပိတ္သြားၿပီ"

"အင္း ေရာ့ဒီမွာ"

"ခဏေနာ္"

ေရွာင္းက်န့္ ရိေပၚဖုန္းကိုယူၿပီး ရိေပၚနဲ႕နည္းနည္းအလွမ္းေဝးတဲ့ေနရာကိုသြားၿပီး နံပါတ္ႏွိပ္ကာ ဖုန္းေခၚလိုက္သည္။

"ေကာ ဝမ္သူေဌးကို ဖမ္းလိုက္ေတာ့"

ျပတ္သားသင့္ၿပီလို႔ ငါထင္တယ္ရိေပၚ။
မစြန့္လႊတ္နိုင္ေပမယ့္ ထပ္ဆြဲထားရင္ မင္းဒီထက္ပိုၿပီးနာက်င္လိမ့္မယ္။

🍀             🍀            🍀

ဖတ္ေပးတဲ့သူေတြအားလုံးကိုေက်းဇူးတင္ပါတယ္💖💗😘

အမွားတစ္စုံတစ္ရာပါခဲ့ရင္ ခြင့္လႊတ္ေပးဖို႔ေတာင္းပန္ခ်င္ပါတယ္။
ကိုယ္ေရးထားတာမေကာင္းရင္ ေဝဖန္ေထာက္ျပနိုင္ပါသည္။ လုံးဝစိတ္မဆိုးတက္တာေၾကာင့္ ေဝဖန္ေထာက္ျပေပးပါ။

Continue Reading

You'll Also Like

1M 54.8K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
296K 21.4K 52
๐Ÿ๐Ÿแ€แ€„แ€บแ€—แ€ปแ€ฌแ€ธแ€€ Black Hole แ€•แ€ฒแ‹ แ€€แ€ปแ€”แ€ฑแ€ฌแ€บ แ€กแ€ฒแ€’แ€ฎแ€ทแ€™แ€พแ€ฌแ€‘แ€ฌแ€ธแ€™แ€ญแ€žแ€™แ€ปแ€พ แ€˜แ€ฌแ€แ€…แ€บแ€แ€ฏแ€™แ€พ แ€•แ€ผแ€”แ€บแ€šแ€ฐแ€œแ€ญแ€ฏแ€ท แ€™แ€›แ€แ€ฑแ€ฌแ€ทแ€˜แ€ฐแ€ธแ‹ #Wangyibo๐Ÿ’š ๐Ÿ๐Ÿ............?? #XiaoZh...
2.2M 115K 64
โ†ณ โ [ INSANITY ] โž โ” yandere alastor x fem! reader โ”• ๐ˆ๐ง ๐ฐ๐ก๐ข๐œ๐ก, (y/n) dies and for some strange reason, reincarnates as a ...