မင်းရဲ့အလိုတော်အတိုင်း (As Yo...

By synr_daisukina_hito

455K 42.2K 5.9K

မာလ်ဘိုရို။ ဖြူတယ်။ နီကိုတင်း ပြင်းတယ်။ ပြီးတော့ လောင်ကျွမ်းတာလည်း မြန်တယ်။ ဒါပေမယ့် ကောင်လေးနှစ်ယောက်ကတော့ စ... More

Credit
Chapter 1 (Unicode)
Chapter 1 (ZawGyi)
Chapter 2 (Unicode)
Chapter 2 (ZawGyi)
Chapter 3 (Unicode)
Chapter 3 (ZawGyi)
Chapter 4 (Unicode)
Chapter 4 (ZawGyi)
Chapter 5 (Unicode)
Chapter 5 (ZawGyi)
Chapter 6 (Unicode)
Chapter 6 (ZawGyi)
Chapter 7 (Unicode)
Chapter 7 (ZawGyi)
Chapter 8 (Unicode)
Chapter 8 (ZawGyi)
Chapter 9 (Unicode)
Chapter 9 (ZawGyi)
Chapter 10 (Unicode)
Chapter 10 (ZawGyi)
Chapter 11 (Unicode)
Chapter 11 (ZawGyi)
Chapter 12 (Unicode)
Chapter 12 (ZawGyi)
Chapter 13 (Unicode)
Chapter 13 (ZawGyi)
Chapter 14 (Unicode)
Chapter 14 (ZawGyi)
Chapter 15 (Unicode)
Chapter 15 (ZawGyi)
Chapter 16 (Unicode)
Chapter 16 (ZawGyi)
Chapter 17 (Unicode)
Chapter 17 (ZawGyi)
Final - Chapter 18 (Unicode)
Final - Chapter 18 (ZawGyi)
Extra 1 - "Anonymous Baby" (Unicode)
Extra 1 - "Anonymous Baby" (ZawGyi)
Extra 2 - Moving (Unicode)
Extra 2 - Moving (ZawGyi)
Extra 3 - A Happy Birthday Inside of St. Patrick's Cathedral (Unicode)
Final Extra - "Soulmate" (Unicode)
Final Extra - "Soulmate" (ZawGyi)
Lunar New Year Special Extra 1 - "Time Difference" (Unicode)
Lunar New Year Special Extra 1 - "Time Difference" (ZawGyi)
Lunar New Year Special Extra 2 - "A Love of Ten Thousand Years" (Unicode)
Lunar New Year Special Extra 2 - "A Love of Ten Thousand Years" (ZawGyi)

Extra 3 - A Happy Birthday Inside of St. Patrick's Cathedral (ZawGyi)

3.2K 330 24
By synr_daisukina_hito

“စိန့်ပက်ထရစ်ဘုရားကျောင်းထဲက
ပျော်ရွှင်သောမွေးနေ့”

ဒီနေ့ရာသီဥတုက နေသာတယ်။

ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်တို့နှစ်ယောက် သူတို့တည်းတဲ့ တည်းခိုခန်းထဲမှာ နေ့လယ် ၂ နာရီခွဲအထိ အိပ်နေခဲ့ကြတယ်။ အိပ်ယာထ၊ ရေမိုးချိုးပြီး အပြင်ထွက်ဖို့ ပြင်တဲ့အချိန်မှာတော့ နေ့လယ် ၃ နာရီ ခွဲနေပြီဖြစ်တယ်။

အပြင်မထွက်ခင် ဝမ်ရိပေါ်က ပြောလိုက်သေးတယ်။ ဒီလိုရာသီဥတုမျိုးက ထီးဖွင့်ရလောက်အောင် မဟုတ်ပေမယ့် ထီးမဖွင့်ရင်လည်း စိုစေမယ့်ရာသီဥတုတဲ့။ အိပ်နေတာ ပိုသင့်တော်တယ်ဆိုပြီးတော့ပေါ့။

ရှောင်းကျန့်က သူ့ကို မျက်ဖြူလန်ပြလိုက်တယ်။

တကယ်ဆို သူတို့နှစ်ယောက် နေ့လယ် ၁၁ နာရီ ဝန်းကျင်လောက်ကတည်းက ငါးမိနစ်စီခြားပြီး နိုးနေခဲ့တာဖြစ်တယ်။ ရှောင်းကျန့်က အရင်နိုးပြီး ဝမ်ရိပေါ်ကို နမ်းလို့ နှိုးလိုက်တယ်။

ကိုယ်စိုက်ပျိုးတာ ကိုယ်ပြန်ရိတ်သိမ်းရတာပါပဲ။

အစက အိပ်ယာထဖို့ ပြင်နေတဲ့ကောင်လေးဟာ အိပ်ယာပေါ်ကို ပြန်ဖိချခြင်း ခံလိုက်ရတယ်။ အဲ့ဒီ့နောက်မှာတော့ အခုလိုအချိန်တိုင်း အိပ်ယာပေါ်မှာ ပြုတတ်တဲ့၊ ဝမ်ရိပေါ်အကြိုက်ဆုံး အသံလေးတွေသာ ထွက်လာနိုင်တော့တယ်။

ဒီတစ်ခေါက် New York ကို ပြန်လာတာမှာ ရှောင်းကျန့်ဟာ မက်ဟန်တန်က တည်းခိုခန်းကို ငှားထားခဲ့တာဖြစ်တယ်။ ဝမ်ရိပေါ်နေခဲ့ဖူးတဲ့ တိုက်ခန်းနဲ့ ၂ လမ်းပဲ ခြားတဲ့နေရာမှာ ဖြစ်တယ်။

အဲ့ဒီ့ ဝမ်ရိပေါ်နေခဲ့တဲ့ အဆောက်အဦးက အိုဟောင်းနေပြီဖြစ်သလို အထဲက ပရိဘောဂတွေကလည်း သာမာန်ပါပဲ။ ပြီးတော့ ခဏတာပဲ တည်းမယ့်သူတွေကို မငှားဘူး။ အစတုန်းကတော့ ရှောင်းကျန့်က အဲ့မှာပဲ တည်းချင်ခဲ့တာမို့ ဝမ်ရိပေါ်ကို တခုခုကြံဖို့ ပြောခဲ့သေးတယ်။

“ဘာလုပ်ပေးရမတုန်း? သူများအိမ်ထဲ ဖောက်ဝင်ရမလား?”

သူတို့ အဲ့စကားတွေကို JFK လေဆိပ်မှာ Luggage တွေ စောင့်နေရင်း ပြောခဲ့တာဖြစ်တယ်။

ရုတ်တရက် တခုခုကို စဉ်းစားမိသွားပြီး ပြုံးလိုက်တယ်။

“အိုး တို့တွေ ၁၄ လွှာထိ သွားပြီး အဲ့ အိန္ဒိယအမျိုးသမီးကြီးကို သွားရှာမယ်လေ မင်း ခွေးမကြောက်ဘူးဆိုရင်ပေါ့”

ရှောင်းကျန့်က baggage carousel ကို ကြည့်နေတာဖြစ်တယ်။ ဝမ်ရိပေါ်ရဲ့ အဲ့စကားကိုကြားတော့ လန့်သွားတယ်။ အဲ့ဒီ့နောက် သူ့အတွေးတွေ ပြန့်လွင့်သွားတော့တာပဲ။

ဝမ်ရိပေါ်အနေနဲ့က ရှောင်းကျန့်ဟာ လေယာဉ်ခရီးစဉ်ကြာလို့ ခရီးပန်းနေတယ်ပဲ ထင်ထားတာဖြစ်တယ်။ သူတို့ luggage တွေကို ယူပြီးတဲ့နောက် သွားဖို့ ခေါ်လိုက်တယ်။

နှစ်ယောက်သားဟာ ကားတစ်စီးကို အငှားယူထားခဲ့တာဖြစ်ပြီး လေဆိပ်မှာပဲ လက်ခံယူခဲ့တာဖြစ်တယ်။ ဝမ်ရိပေါ်က သူတို့ အထုပ်အပိုးတွေကို ကားနောက်ခန်းထဲ ထည့်လိုက်ပြီးတာနဲ့ တည်းမည့်နေရာ လိပ်စာကို ရိုက်ထည့်လို့ ထွက်ခွါလာခဲ့ကြတော့တယ်။

“နောက်ပိုင်းမှာ မင်း မက်ဟန်တန်ကို ပြန်လာခဲ့သေးလား?”

ကားဟာ လေဆိပ်ထဲက ထွက်လာခဲ့ပြီမို့ တလျှောက်လုံး တိတ်နေတဲ့ ရှောင်းကျန့်က ဝမ်ရိပေါ်ကို မေးလိုက်တာဖြစ်တယ်။

“တရုတ်ကို ပြန်ခါနီး တစ်ခေါက် ပြန်လာသေးတယ် ပြီးတော့ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး နှစ်ခါ ပြန်လာဖြစ်တယ် ဒါပေမယ့် မက်ဟန်တန်မှာတော့ မနေခဲ့ဘူး”

ဝမ်ရိပေါ်က ဖြေပြီးတဲ့နောက် ပြန်မေးလိုက်တယ်။

“ဘာဖြစ်လို့လဲ?”

ရှောင်းကျန့်က ခဏလောက် စဉ်းစားပြီးတာနဲ့ ပြောလိုက်တယ်။

“ငါ မာမားကိုခေါ်ပြီး New York ကို တစ်ခါ ပြန်လာခဲ့သေးတယ်”

“ဘယ်တုန်းကလဲ?”

“လွန်ခဲ့တဲ့ ၂ နှစ်လောက်က”

ရှောင်းကျန့်က ပြောပြီးတာနဲ့ ပြတင်းပေါက်ဘက်ကို လှည့်ပြီး သူနဲ့ လုံးဝ ရင်းနှီးခြင်းမရှိတော့တဲ့ အပြင်က ရှုခင်းကို ကြည့်လိုက်တယ်။

နောက်ထပ် ၂ နှစ်ကုန်သွားခဲ့ပြန်ပြီဆိုပေမယ့် New York ဟာ ဘာမှ ကြီးကြီးမားမား ပြောင်းလဲသွားခြင်း မရှိဘူး။ မြို့တစ်မြို့ဟာ တိုးတက်သင့်တဲ့အတိုင်းအတာအထိ တိုးတက်ပြီးပြီဆိုရင် ပြောင်းလဲမှုဆိုတာလည်း သိသိသာသာ နှေးသွားတာမျိုးမလား။ သူနဲ့ ဝမ်ရိပေါ်ဟာလည်း သံသရာလည်လို့ အခု နောက်တစ်ခေါက် ကားထဲမှာ အတူတူ ထိုင်နေကြတယ်။ New York ရဲ့ ရှုပ်ထွေးတဲ့လမ်းပေါ်မှာ ပိတ်မိနေရင်း ရှေ့က မီးပွိုင့်ကို စောင့်နေကြတယ်။

“New York ကိုပဲ ပြန်လာခဲ့တာလား?”

ကားမောင်းနေတဲ့ကောင်လေးက ခဏလောက် တွေးလိုက်ပြီးနောက် ရုတ်တရက်ကြီး မေးလိုက်တာဖြစ်တယ်။

“အင်း အချိန်မလောက်လို့လေ စီစီတို့ လင်မယားနဲ့တောင် အတူတူစားခဲ့သေးတယ်”

“အဲ့အချိန် ငါ LA မှာ ထင်တယ်”

ဝမ်ရိပေါ်က ပြောပြီးတဲ့နောက် ကားကို ညာဘက်ကွေ့လိုက်တယ်။ Navigation က ပြောနေပုံအရ သူတို့ငှားထားတဲ့ တည်းခိုခန်းကို ရောက်ခါနီးနေပြီဖြစ်တယ်။

ရှောင်းကျန့်က ခဏလောက် တိတ်ဆိတ်နေပြီးကာမှ ပြောလိုက်တယ်။

“ငါ အဲ့တိုက်ခန်းကို တစ်ခေါက် ပြန်သွားခဲ့သေးတယ်”

ဝမ်ရိပေါ်ရဲ့ လှုပ်ရှားမှုတွေ ရပ်တန့်သွားပြီးတဲ့နောက် ရှောင်းကျန့်ကို အလန့်တကြား ကြည့်လိုက်တာ အနောက်ကကားက ဟွန်းတီးပြီး လမ်းဖယ်ခိုင်းရတဲ့အထိပဲ။ အဲ့ကျမှ အာရုံ ပြန်ကပ်သွားတယ်။

“ဘယ်တုန်းကလဲ?”

မေးလိုက်တဲ့အသံဟာ သိပ်ပြီးတော့ တည်ငြိမ်မှု ရှိမနေဘူး။

“ငါ့မာမားနဲ့ ပြန်လာတုန်းကပါ အိန္ဒိယအမျိုးသမီးကြီးနဲ့‌တောင် လမ်းမှာ ဆုံခဲ့သေးတယ် မင်းက သူ့ခွေးအတွက် ခွေးစာတွေ ပေးခဲ့သေးတယ်တဲ့”

“အင်း”

ဝမ်ရိပေါ်က တခြားဘာမှ ထပ်မပြောတော့ဘူး။

“မင်းက ငါနဲ့အတူ LA မှာ အတူနေဖို့ သွားမှာလို့ သူ့ကို ပြောခဲ့တယ်ဆို ဘာလို့လဲ? သူ့ကို ရှင်းပြရမှာ ပျင်းလို့လား?”

“အင်း”

“အဲ့ခွေးက ငါ့ကို သဘောမကျသေးဘူး"

ရှောင်းကျန့်က အသံကို နှိမ့်ပြောလိုက်တာဖြစ်တယ်။ သူ့ကိုယ်သူ သဘောမတူတဲ့လေသံလေးနဲ့ ခပ်တိုးတိုးလည်း ရယ်လိုက်သေးတယ်။

“အဲ့ခွေးမှာ အလှအပကို မခံစားတတ်တဲ့ပြဿနာ တကယ်ရှိနေတာပဲ”

ဝမ်ရိပေါ်ဟာ ကားကို ထောင့်ချိုးထဲ ကွေ့ချလိုက်ရင်း ခပ်အေးအေး တုံ့ပြန်မှု ပေးလာခြင်းဖြစ်တယ်။

ရှောင်းကျန့်လည်း ရယ်လိုက်တယ်။ ဝမ်ရိပေါ်ရှိရာဘက်ကို မှီလိုက်ပြီးတဲ့နောက် သက်ပြင်းချလို့ ပြောလိုက်တယ်။

“ငါ အရမ်းကံကောင်းတယ် မင်းရောပဲ”

ဒီတစ်ခေါက်မှာတော့ ဝမ်ရိပေါ်ဟာ စကားထပ်မပြောတော့ဘူး။ မီးနီနေတာကို အခွင့်ကောင်းယူပြီး လက်လှမ်းလို့ ရှောင်းကျန့်ရဲ့ ပါးကို ဖွဖွလေး ကုတ်ခြစ်လိုက်လေတယ်။

ဒီတစ်ခေါက် သူတို့ ဒီမှာ ၁၀ ရက်နေမှာဖြစ်တယ်။ ၆ ရက်ကို New York မှာနေပြီး ကျန်တဲ့ရက် LA ကို သွားမှာဖြစ်တယ်။ ဝမ်ရိပေါ်အမေဟာ ရှောင်းကျန့်ကို သူ့အဒေါ်နဲ့ တွေ့ပေးဖို့ ပြောထားလို့ဖြစ်တယ်။

မနေ့က သူတို့ရဲ့ အတန်းဖော် စီနီယာအစ်မလင်မယားနဲ့ တွေ့ခဲ့ပြီး ဒီနေ့မှာတော့ ဘာအစီအစဉ်မှ မလုပ်ထားရသေးဘူး။ ရှောင်းကျန့်ကတော့ ဟိုနား ဒီနား လမ်းလျှောက်သွားကြဖို့ ပြောထားတာရှိတယ်။

ဒီနေ့ ရာသီဥတုက သိပ်မကောင်းဘူး။ နှစ်ယောက်လုံးကလည်း ထီးမယူလာခဲ့ကြဘူး။ အပြင်မှာ မိုးဖွဲလေး ရွာနေတယ်။ စားသောက်ပြီးတဲ့နောက် ဘုရားကျောင်းကို သွားလည်ဖို့ ရှောင်းကျန့်က ပြောလာတယ်။

St. Patrick's Cathedral (စိန့်ပက်ထရစ်ဘုရားကျောင်း) ဟာ Fifth Avenue ရဲ့ အရှေ့ဘက်မှာ ရှိပြီး Rockfeller Center ရဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတယ်။

မိုးကတဖြည်းဖြည်းနဲ့ ပိုပိုသည်းလာတယ်။ ဒီနေ့ ဘုရားကျောင်းမှာ ဘာ service မှ ရှိမနေသလို လူလည်း သိပ်မရှိဘူး။ နှစ်ယောက်သား အထဲကို ဝင်သွားလိုက်တယ်။ အထဲမှာ လူမည်းအမျိုးသမီးတစ်ဦးကလည်း သူမကလေးနဲ့အတူ ဟို ဒီလျှောက်ကြည့်နေတာကို တွေ့ရတယ်။

“တကယ်လှတာပဲ”

ရှောင်းကျန့်ဟာ ခေါင်းကိုမော့လို့ မျက်နှာကြက်ကို ကြည့်ရင်း ပြောလိုက်တာဖြစ်တယ်။ Gothic စတိုင် ဗိသုကာပညာလက်ရာတွေဟာ တကယ်ကို လှတယ်။

တိုင်လုံးတွေ၊ ပန်းကနုတ်ဖော်ထားတဲ့ တံခါးတွေ၊ လမ်းတောက်လျှောက် ရှည်လျားတဲ့ မျဉ်းကွေးပုံစံလိုင်းကြောင်းတွေ။ ဘုရားကျောင်းကြီးတစ်ခုလုံးဟာ တည်ငြိမ်တဲ့ သိက္ခာတရားတွေ အပြည့်နဲ့ ခမ်းနားနေတယ်။ အနည်းငယ်သော လျှို့ဝှက်ဆန်းကြယ်မှုနဲ့အတူ ဝမ်းနည်းဖွယ်ရာ အငွေ့အသက်တို့ပါ ရောယှက်နေတယ်။

သူတို့နှစ်ယောက်လုံးဟာ ဘာသာတရား ကိုင်းရှိုင်းသူတွေ မဟုတ်ဘူး။ ဒါပေမယ့် အခု ဒီမှာ ရပ်နေတယ်။ ဒီလိုအချိန် ရှောင်းကျန့်ရဲ့ ရင်ထဲမှာ ထူးဆန်းတဲ့ ခံစားချက်လေး ဖြစ်ပေါ်လာတယ်။

“ဘယ်လိုတောင် ခမ်းနားကြီးကျယ်လွန်းတာလဲ”

ရှောင်းကျန့်ဟာ သူ့ခြေလှမ်းတွေကို ရပ်လိုက်ပြီးတဲ့နောက် တအံ့တဩ ပြောလိုက်တာဖြစ်တယ်။

“အင်း”

ဝမ်ရိပေါ်ဟာလည်း သူ့အနောက်က လိုက်နေတာဖြစ်တယ်။ သူလည်းပဲ တချိန်လုံး လိုက်ကြည့်ရင်း တအံ့တဩဖြစ်နေတယ်။

နောက်ထပ် လူတွေ ဘုရားကျောင်းထဲ ဝင်လာတယ်။ ရှောင်းကျန့်က ဝမ်ရိပေါ်နားကို လျှောက်သွားလိုက်တယ်။ ပြီးတာနဲ့ ဖုန်းထုတ်ပြီး ဓါတ်ပုံရိုက်လိုက်တယ်။ အဲ့ဒီ့နောက် ဝမ်ရိပေါ်ကို ဆွဲလို့ ဝတ်ပြုတဲ့ ထိုင်ခုံတန်းတွေမှာ ဝင်ထိုင်လိုက်တယ်။

“ပြောကြည့် ဒီကမ္ဘာမှာ ဘုရားသခင် တကယ်ရှိရဲ့လား၊ ပြီးတော့ ဒီအရာတွေအကုန်လုံးကို သူစီစဉ်ခဲ့တာလားဆိုတာကို?”

ရှောင်းကျန့်က ရုတ်တရက်ကြီး မေးလိုက်တာဖြစ်တယ်။

“ဘယ်အရာတွေ အကုန်လုံးလဲ?”

ရှောင်းကျန့်က သူ့ခေါင်းကို လှည့်လို့ ဝမ်ရိပေါ်ကို ကြည့်လိုက်တယ်။ သူ့မျက်နှာပေါ်မှာ နူးညံ့ညင်သာတဲ့အမူအရာတွေ ရှိနေတယ်။ အနည်းငယ်သော အပြုံးလေးနဲ့အတူ သူ့မျက်ဝန်းတွေဟာ ရေကန်ထဲကို ဖြာကျပြီး ရောင်ပြန်ဟပ်နေတဲ့ နေရောင်ခြည်အလင်းတန်းသဖွယ် တောက်ပနေတယ်။ အမြဲတမ်းလည်း အဲ့လို တောက်ပနေတာဖြစ်တယ်။

“မင်းနဲ့ငါလေ”

ရှောင်းကျန့်က စကားကို တစ်လုံးချင်းစီ နူးနူးညံ့ညံ့လေး ပြောလိုက်တာဖြစ်တယ်။

ဝမ်ရိပေါ်က ဘာမှ ပြောမလာဘူး။ သူနဲ့ ရှောင်းကျန့်ဟာ ဘေးချင်းကပ် ထိုင်နေတယ်။ အရမ်းနီးကပ်နေတာမဟုတ်သလို ဝေးကွာနေတာလည်း မဟုတ်ဘူး။ သူတို့နှစ်ယောက်ကြားမှာ လူတဝက်စာ နေရာခြားတယ်။ ဘုရားကျောင်းထဲကို လူတွေ ထပ်ဝင်လာကြပြီဖြစ်တယ်။ နိုင်ငံပေါင်းစုံက လူပေါင်းစုံဟာ သူတို့ ဘာသာစကားနဲ့ ခပ်တိုးတိုး စကားပြောနေကြတယ်။

ရှောင်းကျန့်က လက်ကို မြှောက်လိုက်ပြီးနောက် နဖူးရှေ့ကို ကျနေတဲ့ဆံပင်တချို့ကို ဘေးကို သပ်တင်လိုက်တယ်။ ဝမ်ရိပေါ်ကို ပြုံးပြလိုက်ပြီး ခေါင်းကို အရှေ့ပြန်လှည့်သွားတယ်။

ခဏလောက်အကြာမှာ ဝမ်ရိပေါ်ဟာ ရုတ်တရက် အသံတိုးတိုးနဲ့ ပြောလာတယ်။

“ပျော်ရွှင်သောမွေးနေ့ပါ ပေါင်ပေါင်း”

ဒီနေ့ဟာ ရှောင်းကျန့်ရဲ့ မွေးနေ့ဖြစ်တယ်။ မနေ့ညကလည်း တခေါက် အတူတူ ကျင်းပခဲ့ပြီးပြီ ဖြစ်တယ်။ ဒီတခေါက်မှာတော့ ရှောင်းကျန့်ဟာ ဘာအထွေအထူးမှ စီစဉ်ထားခြင်း မရှိပါပဲ ဝမ်ရိပေါ်နဲ့အတူ New York ကို လာခဲ့တာဖြစ်ပြီး အခုလိုလာတာ ပိုကောင်းတယ်လို့ ခံစားရတာကြောင့် ဖြစ်တယ်။

သူ့ဘေးက လူဟာ ချက်ချင်းပဲ မျက်နှာတွေ ပူနွေးလာခဲ့တယ်။ ဒီလိုနေရာမျိုးမှာ ဒီလိုစကားကို ကြားရတာ နည်းနည်းလေး ကိုယ့်ကိုကိုယ် သတိထားနေရတဲ့ ခံစားချက်မျိုးဖြစ်စေတယ်။ ယဉ်ကျေးမှု မရှိတဲ့ စိတ်လှုပ်ရှားစေတဲ့ ခံစားချက်မျိုးလို့ ပြောရမလား ဒါမှမဟုတ် သူတော်စင် နတ်ဘုရားတွေကို မလေးစားသလိုမျိုးဖြစ်စေတယ်လို့ ပြောရမလား။

ဝမ်ရိပေါ်က တခြားဘာမှ မပြောတော့ဘူး။ ရှေ့က ခုံတန်း ကျောမှီပေါ် သူ့လက်ကို တင်ထားပြီး ရှေ့ကို ကြည့်နေတယ်။ ရှောင်းကျန့်တစ်ယောက် သူ့ခေါင်းကို ငုံ့လိုက်တယ်။ သူ့ရဲ့ လက်အစုံဟာလည်း ရှေ့ခုံတန်းကျောမှီပေါ် တင်ထားတာဖြစ်တယ်။ အဲ့ဒီ့နောက် သူ့ရဲ့လက်ကို တဖြည်းဖြည်း ဘေးကို ရွှေ့လိုက်တယ်။

သူ့ရဲ့လက်သန်းလေးဟာ ဝမ်ရိပေါ်ရဲ့ အနည်းငယ်ကွေးနေတဲ့ လက်သန်းနဲ့ ဖွဖွလေး ပွတ်တိုက်မိသွားတယ်။

နောက်ထပ်တခြား ပြင်းပြတဲ့ ထိတွေ့မှုတွေ မရှိဘူး။ ပြီးတော့ နောက်ထပ် တခြားလှုပ်ရှားမှုတွေလည်း မရှိဘူး။

နှစ်ယောက်သားဟာ အဲ့အတိုင်းပဲ လက်သန်းချင်းလေး ထိတွေ့ထားရင်း ထိုင်နေကြတာဖြစ်တယ်။ ဒီလို နှစ်ရာစုချီအောင် ကြာနေပြီဖြစ်တဲ့ သမိုင်းဝင် ဘုရားကျောင်းကြီးထဲမှာ တခြားဂြိုဟ်ကလာတဲ့ ဂြိုဟ်သားတွေလို ဘယ်သူမှ မမြင် မသိနိုင်တဲ့ သူတို့နှစ်ဦးတည်းသာ သိစေနိုင်တဲ့ အထူးတလည် ဆက်သွယ်မှုမျိုးနဲ့။

သူတို့ဘေးမှာတော့ နောက်ထပ် လူတွေ ဘုရားကျောင်းထဲကို ထပ်ထပ်ဝင်လာကြပြီဖြစ်တယ်။ ရှောင်းကျန့်ရဲ့ ရင်ထဲမှာ ထူးဆန်းတဲ့ ခံစားမှုလှိုင်းလေး မြင့်တက်လာတယ်။ သူ့လက်ကို ပြန်ဆွဲယူလိုက်ပြီးနောက် ခေါင်းကို လှည့်ကြည့်ရင်း ပြောလိုက်တယ်။

“ငါ ဗိုက်ဆာနေပြီ တခုခု သွားစားရအောင်”

“အိုခေ”

ဝမ်ရိပေါ်က သူနဲ့အတူ မက်တပ်ရပ်လိုက်တယ်။ ပြီးတာနဲ့ နှစ်ယောက်သား ဘုရားကျောင်းရဲ့ တံခါးပေါက်ရှိရာဆီ လျှောက်လာခဲ့လိုက်တော့တယ်။

အပေါက်ဝကို ရောက်သွားတဲ့နောက် ရှောင်းကျန့်ရဲ့ ခြေလှမ်းတွေ ရပ်သွားတယ်။ အနောက်ကိုလှည့်လို့ နောက်တချက် ကြည့်လိုက်တယ်။

သူ အမေရိကားကို စ ရောက်ခဲ့တဲ့အချိန်ကို တွေးမိသွားတယ်။ အဲ့တုန်းက ဘာသာတရားကိုင်းရှိုင်းတဲ့ စီနီယာအတန်းဖော်တစ်ယောက်နဲ့ ဆုံခဲ့တယ်။ သူမဟာ ရှောင်းကျန့်အတွက် အသေအချာတွေးပေးတဲ့သူဖြစ်ပြီး ရှောင်းကျန့်ကို ဘာသာဝင်ဖြစ်ဖို့ ကြိုးစားခဲ့တယ်။ ရှောင်းကျန့်ကို ဒီဘုရားကျောင်းကို ခေါ်လာပြီး အသင်းဝင်ဖြစ်စေချင်လို့ ဆိုပြီးပြောခဲ့တယ်။

ဒါပေမယ့် ရှောင်းကျန့်က ငြင်းဆိုခဲ့တယ်။ သူ့ရဲ့ တိမ်းညွတ်မှုကို မပြောပြပဲ ဒီအတိုင်း သူဟာ Materialism တစ်ယောက်ဖြစ်ပါတယ်ပြောပြီး ငြင်းဆိုခဲ့တာဖြစ်တယ်။

အဲ့ဒီ့ စီနီယာဟာ အရမ်းကို ကြင်နာတတ်တယ်။ ဒီလိုနဲ့ပဲ အဲ့ကိစ္စကို ဆက်မပြောတော့ပဲ ဘေးချိတ်ထားခဲ့လိုက်ကြတာဖြစ်တယ်။

“မင်း ဘာစားချင်လဲ?”

ဝမ်ရိပေါ်က အရင် အပြင်ထွက်လိုက်ပြီး နောက်ကို လှည့်လို့ ရှောင်းကျန့်ကို မေးလိုက်တာဖြစ်တယ်။ ဒီနေရာ အနေအထားကနေကြည့်ရင် ဝမ်ရိပေါ်ရဲ့ မျက်နှာဟာ စိတ်ဆိုးချင်စရာတဖွဲဖွဲရွာနေတဲ့မိုးရဲ့ လွှမ်းခြုံမှုအောက်မှာ အရမ်းကို အေးဆေးပြီး စိတ်ချမ်းသာနေတဲ့ပုံကို မြင်ရတယ်။

“ဘာဖြစ်ဖြစ် ရတယ်”

ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ကို ကြည့်လိုက်တဲ့နောက် သူ့ရင်ထဲမှာ လှုပ်ခတ်သွားသလို ခံစားလိုက်ရတယ်။ ဝမ်ရိပေါ်ရှိရာဆီ ခြေလှမ်းကျဲကျဲ လှမ်းလို့ လျှောက်သွားလိုက်ပြီး နီးနီးကပ်ကပ် နေလိုက်တယ်။

နှစ်ယောက်သား ရှေ့ကို ခြေလှမ်းအနည်းငယ်လောက် လျှောက်လိုက်ပြီးတာနဲ့ ရှောင်းကျန့်က ရုတ်တရက် ဝမ်ရိပေါ်လက်ကို တွဲလိုက်တယ်။

ဝမ်ရိပေါ်က ရုတ်တရက်မို့ အမှတ်တမဲ့ဖြစ်သွားပေမယ့် သူလည်း ရှောင်းကျန့်လက်ကို ပြန်တွဲလိုက်တယ်။

အပြင်မှာ မိုးရွာနေတုန်းပဲ။ ထီးဖွင့်ရလောက်အောင် ထိုက်တန်တဲ့မိုးမျိုး မဟုတ်သလို ထီးမပါရင်လည်း စိတ်တိုစရာကောင်းစေမယ့် မိုးမျိုး။

“ဘာဖြစ်ဖြစ် ရပါတယ်”

ရှောင်းကျန့်က ဝမ်ရိပေါ်ဘက်ကို လှည့်လို့ တောက်တောက်ပပလေး ပြုံးပြရင်း ပြောလိုက်တာဖြစ်တယ်။

“မင်းနဲ့သာ အတူရှိနေရရင် ဘာပဲစားရ စားရ အဆင်ပြေတယ်”

သူ့ကိုကြည့်နေတဲ့ကောင်လေးဟာ စကားပြန်ပြောမလာဘူး။ ဒါပေမယ့် သူ့လက်ကို တွဲထားတဲ့လက်ကတော့ တင်းတင်းလေး ဖျစ်ညှစ်ခြင်း ခံလိုက်ရတယ်။

ရှောင်းကျန့် တွေးနေတယ်။ သူဟာ ဝမ်ရိပေါ်နဲ့အတူတူ နောက်ထပ် နောက်ထပ် များစွာသော မွေးနေ့တွေကို ဖြတ်သန်းရမှာဖြစ်တယ်။

ဒါပေမယ့် ဒီနေ့ကိုတော့ ထာဝရ သတိရနေမှာဖြစ်တယ်။ စိန့်ပက်ထရစ်ဘုရားကျောင်းကြီးထဲမှာ လက်သန်းချင်းလေး တို့ထိထားရင်း “ပျော်ရွှင်သောမွေးနေ့”ဆိုတဲ့စကား။

ဘုရားသခင်ဟာ သူတို့လိုလူမျိုးတွေကို ချစ်တာ မချစ်တာ အရေးမကြီးတော့ဘူး။

ဝမ်ရိပေါ် သူ့ဘေးမှာ အမြဲရှိနေပြီး သူ့ကို ဒီလိုလေး မေးတာကိုပဲ လိုချင်တယ်။

“မင်း ဘာစားချင်လဲ?”

ဒါကသာလျှင် သူ့ဘဝမှာ ရနိုင်တဲ့ အကောင်းဆုံးသော လက်ဆောင်မွန်သာ ဖြစ်လေတယ်...။

..

..

~ပြီးပါပြီ~

🍀🍀🍀🍀🍀

*Note*

Final Extra က အရှည်ကြီးမို့ ရေးရမှာ ပျင်းနေတာနဲ့ တစ်လုံးမှ မရေးရသေးဘူး။ 😅

စောင့်ပေးကြပါဦး~
နောက်လထဲမရောက်ခင်တော့ တင်ပေးဖြစ်မှာပါ။

🍀🍀🍀🍀🍀

Continue Reading

You'll Also Like

176K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
106K 18.2K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
5.6K 849 5
Collaboration Fanfiction with @Blue_Cloud_88 - System Fic - 2 Main Couples ^Yizhan^ & ^Feiyunxi^
35.6K 4.8K 12
𝑊ℎ𝑒𝑛 𝑝𝑒𝑜𝑛𝑖𝑒𝑠 𝑏𝑙𝑜𝑜𝑚 𝑖𝑛 𝑡ℎ𝑖𝑠 𝑠𝑝𝑟𝑖𝑛𝑔 Start Date - 17.6.21 End Date - 19.6.21