SECRET ( Completed)

By Tulip_loon

259K 20.3K 340

yizhan❀ Wang Yibo & Xiao Zhan πŸ€πŸŒ·β€ Unicode/ Zawgyi More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
New Year
Part 12
Part 13
Part 14
Part 15
part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
part 31
part 32
Part 33
Part 34
Ending
α€€α€»α€±α€Έα€‡α€°α€Έα€α€„α€Ία€œα€½α€Ύα€¬
Season-2
⁉️

Part 23

4.8K 451 8
By Tulip_loon

Unicode

သူမခေါ်တဲ့ hotelကိုလာခဲ့ပြီး အခန်းတံခါးမခေါက်ခင် ရိပေါ်စိတ်လှုပ်ရှားလွန်းတာကြောင့် အသက်ကိုဝဝရှူထုတ်နေရသည်။
အခန်းတံခါးကို သုံးချက်လောက်ခေါက်ပြီး ခဏလောက်ကြာတော့ အခန်းတံခါးပွင့်လာပြီး သူအရမ်းတွေ့ချင်တဲ့မျက်နှာ တွေ့လိုက်ရတာကြောင့် ရိပေါ်မျက်ရည်တွေစီးကျလာရသည်။

"မား.....မားမား"

"သား"

ရိပေါ် မားမားကိုတင်းကြပ်နေအောင်ဖက်ထားလိုက်သည်။ ဒီလိုဖက်ဖို့စောင့်နေခဲ့ရတာ ရိပေါ်ဘယ်နှနှစ်တောင်ရှိပြီလဲ။
အချိန်တိုင်းအရမ်းတွေ့ချင်ခဲ့တဲ့ မားမားရဲ့မျက်နှာ၊ကြားချင်ခဲ့ရတဲ့မားမားရဲ့အသံ နောက်ဆုံးတော့သူမြင်ခွင့်ရခဲ့ပြီ။

"ကြည့်အုန်းမယ် သားရဲ့မျက်နှာလေးမားမားကိုပြပါအုန်း၊ ချောလိုက်တာ မားသားလေးက မား..မားမားတောင်းပန်ပါတယ် သားရယ်"

"သားဆီကိုပြန်လာပေးတာနဲ့တင်ကျေးဇူးတင်ပါတယ်။"

မားမားနှင့်ရိပေါ် တစ်ယောက်နဲ့တစ်ယောက်တင်းကြပ်နေအောင် ဖက်ထားပြီး လွမ်းဆွတ်ခဲ့ရတဲ့ နေ့ရက်တွေအတွက်အတိုးချပြီး ငိုနေမိသည်။

ရိပေါ် အသက်၁၀နှစ်လောက်ကတည်းက မားမားနဲ့ပါးပါးက ကွာရှင်းခဲ့ပြီး မားမားကနိုင်ငံခြားကိုထွက်သွားသည်။
ရိပေါ်ကို ကျင်းရှန်းမားနဲ့ ထားခဲ့ပြီး ထွက်သွားတဲ့ မားမားကိုရိပေါ် အပြစ်မမြင်နိုင်။
ပါးပါးနှင့်မားမားက ကွာသာကွာရှင်းလိုက်တာ တစ်ယောက်အကြောင်းတစ်ယောက်စုံစမ်းပြီး ချစ်နေရဲ့သားနှင့် မာနချင်းပြိုင်နေကြတာကြောင့် ရိပေါ်အသက်၁၈နှစ်ရောက်တဲ့အထိတောင် နှစ်ယောက်လုံး မာနချင်းပြိုင်လို့မပြီး။
ပါးပါးက အလျှော့မပေးချင်တာနဲ့ မားမားကို သဝန်တိုအောင် မိန်းကလေးများနှင့်တွဲသွားတွဲလာ လုပ်ပြပေမယ့် နည်းနည်းလေးမှတောင် အလျှော့ပေးဖို့ စိတ်ကူးမရှိတဲ့မားမားကလည်း လှည့်တောင်မကြည့်ခဲ့ပေ။
ရိပေါ်မွေးနေ့တိုင်း ပြန်လာဖို့ တောင်းဆိုခဲ့ပေမယ့် မာနကြီးလွန်းတဲ့ မားမားကအကြောင်းအမျိုးမျိုးပြပြီး ငြင်းပယ်နေကျ။
ယခုဘာဖြစ်လို့ ပြန်လာတာလဲဆိုတာ ရိပေါ်မသိပါ။

"သား နေကောင်းရဲ့လား"

ရိပေါ် အရင်တုန်းက အကြောင်းတွေပြန်တွေးနေတာ မားမားက စကားလာပြောမှ လက်ရှိကိုအသိဝင်လာသည်။

" ကောင်းပါတယ် မားမား။ သားအရင်တုန်းက အကြောင်းတွေပြန်တွေးနေတာ"

"မားမား တောင်းပန်ပါတယ် သားရယ်။ မားမားကြောင့် သားအရမ်းခံစားခဲ့ရမှာပဲ"

"အခုမှသိတာလား"

ရိပေါ် မရွဲ့ချင်ပေမယ့် ၈နှစ်ကျော်ကြီးများတောင် သူ့ခံစားချက်ကို လျစ်လျူရှုခဲ့တဲ့ မားမားက အခုမှအရမ်းခံစားခဲ့ရမှာပဲ ဆိုပြီးပြောတော့ ရိပေါ်ဘာပြန်ပြောရမည်နည်း။
ရပါတယ် သားအဆင်ပြေပါတယ် ရိပေါ်ဟန်ဆောင်ပြီး မပြောချင်ပါ။
အရမ်းလွမ်းလွန်းလို့ မျက်နှာတစ်ခါလောက် သားဆီကိုလာပြလှည့်ပါဆိုတာတောင် တစ်ခါမှမလာခဲ့ဘူးမလား။

"မားမား တောင်းပန်စကားအပြင် ဘာမှပြောစရာစကားမရှိတော့ပါဘူး"

"အခုရော ဘာလို့ပြန်လာတာလဲ"

ရိပေါ် မေးလိုက်တာ ရိုးရိုးလေးပေမယ့် မျက်နှာကြီးနီကာ ခေါင်းငုံ့ချလိုက်တဲ့မားမားကြောင့် ရိပေါ်ဆွံအမိသွားသည်။
ဘာကြောင့်များ မားမားရှက်သွားရတာလဲ။

"ဟို...ဟို သားရဲ့ပါးပါးက ဟိုတစ်ပတ်ကျော်ကျော်လောက်က မားမားဆီကိုလိုက်လာတယ်။ မားမားနဲ့ကိုသတိရတယ်တဲ့ နောက်ပြီး ချစ်...ချစ်နေသေးတာမို့ သူ့ဆီပြန်လာပါ ဆိုပြီး လာတောင်းပန်တယ်"

"ဟမ် အော်"

ရိပေါ် အီလည်လည်ရုပ်ကြီးနဲ့သာ အော်လို့ပြောနိုင်တော့သည်။
၈နှစ်လုံးလုံး ပြန်လာဖို့ အာပေါက်မတက် ပြောခဲ့ရတဲ့ ရိပေါ် စကားကျ လုံးဝနားမထောင်ဘဲ ပါးပါး တစ်ခါလေးတောင်းပန်တော့ ချက်ချင်းကို ရောက်ချလာသည်။

"ကျွန်တော် ဘယ်လောက်ထိ ခံစားခဲ့ရလည်း မားမားတို့သိလား။ ပါးပါးက မားမားသဝန်တိုအောင် မိန်းကလေးတွေနဲ့ တမင်သပ်သပ်တွဲသွားတွဲလာလုပ်ပြနေတာကို ကျွန်တော်မသိဘဲ ပါးပါးသစ္စာဖောက်တယ် ထင်ပြီး ဘယ်လောက်တောင်မုန်းခဲ့ရလဲသိလား။ အဲ့လို မားမားသဝန်တိုအောင် တမင်သပ်သပ်လုပ်ပြနေတာလို့ လွန်ခဲ့တဲ့၄၊၅ရက်တုန်းကမှ ကျင်းရှန်းမားပြောပြလို့သိခဲ့ရတာ။"

"အဲ့ဒါ သားကသိသွားရင် မားမားကိုပြန်ပြောပြီး သူ့အစီအစဥ်မအောင်မြင်မှာဆိုးလို့ ကျင်းရှန်းကိုမပြောခိုင်းတာလေ။ မင်းပါးက အရမ်းဆိုးတယ်"

"တော်ပြီ ကျွန်တော်ပြန်တော့မယ်။ ဒါနဲ့ဘာလို့ Hotelမှာနေတာလဲ အဆင်ပြေသွားပြီဆို အိမ်မပြန်ဘူးလား။"

"မင်းပါးပါးက မနက်တုန်းကအရေးကြီးတဲ့အစည်းအဝေးရှိလို့ မားမားကိုလေဆိပ်လာမကြိုနိုင်တာကြောင့် Hotelမှာခဏနေခိုင်းပြီး ညနေ လာခေါ်မှ မင်းပါးပါးနဲ့အတူတူပြန်မှာ"

"ရပြီ ရပြီ ကျွန်တော်ပြန်တော့မယ် ကျောင်းပိတ်တဲ့နေ့မှပဲ အိမ်ပြန်လာတော့မယ်"

"ဖြေးဖြေးသွားနော်သား"

"ဟုတ်"

ရိပေါ် မားမားကို နှုတ်ဆက်ပြီး သူတို့နေတဲ့hotelသာပြန်လာခဲ့သည်။
မားမားနဲ့မတွေ့တာကြာလို့ အရင်အကြောင်းတွေ ပြန်ပြောပြီး အလွမ်းသယ်ရမလား မှတ်တယ်။သူ့ယောကျ်ားအကြောင်းကို ပြုံးပြီးပြောနေတဲ့ မားမားရဲ့မျက်နှာကိုမြင်ပြီး မခံစားနိုင်တော့လို့ hotelကိုသာအမြန်ပြေးပြီး သူ့ပျော်ရွှင်မှုလေးကိုသာ အမြန်ဆုံးတွေ့ချင်မိတော့သည်။

🍀         🍀       🍀

ဒီနေ့စိတ်ညစ်စရာတွေအရမ်းများတဲ့အတွက်ကြောင့် ဖတ်ရတာပေါ့သွားခဲ့ရင် တောင်းပန်ပါတယ်နော်။
နောက်ပြီး ဒီficလေးကို အင်္ဂါ၊ ကြာသပတေး၊ စနေ အဲ့နေ့တွေမှာပဲ အပိုင်းသစ်တွေတင်ပေးသွားတော့မယ်နော်။

Zawgyi

သူမေခၚတဲ့ hotelကိုလာခဲ့ၿပီး အခန္းတံခါးမေခါက္ခင္ ရိေပၚစိတ္လႈပ္ရွားလြန္းတာေၾကာင့္ အသက္ကိုဝဝရႉထုတ္ေနရသည္။
အခန္းတံခါးကို သုံးခ်က္ေလာက္ေခါက္ၿပီး ခဏေလာက္ၾကာေတာ့ အခန္းတံခါးပြင့္လာၿပီး သူအရမ္းေတြ႕ခ်င္တဲ့မ်က္ႏွာ ေတြ႕လိုက္ရတာေၾကာင့္ ရိေပၚမ်က္ရည္ေတြစီးက်လာရသည္။

"မား.....မားမား"

"သား"

ရိေပၚ မားမားကိုတင္းၾကပ္ေနေအာင္ဖက္ထားလိုက္သည္။ ဒီလိုဖက္ဖို႔ေစာင့္ေနခဲ့ရတာ ရိေပၚဘယ္ႏွႏွစ္ေတာင္ရွိၿပီလဲ။
အခ်ိန္တိုင္းအရမ္းေတြ႕ခ်င္ခဲ့တဲ့ မားမားရဲ႕မ်က္ႏွာ၊ၾကားခ်င္ခဲ့ရတဲ့မားမားရဲ႕အသံ ေနာက္ဆုံးေတာ့သူျမင္ခြင့္ရခဲ့ၿပီ။

"ၾကည့္အုန္းမယ္ သားရဲ႕မ်က္ႏွာေလးမားမားကိုျပပါအုန္း၊ ေခ်ာလိုက္တာ မားသားေလးက မား..မားမားေတာင္းပန္ပါတယ္ သားရယ္"

"သားဆီကိုျပန္လာေပးတာနဲ႕တင္ေက်းဇူးတင္ပါတယ္။"

မားမားႏွင့္ရိေပၚ တစ္ေယာက္နဲ႕တစ္ေယာက္တင္းၾကပ္ေနေအာင္ ဖက္ထားၿပီး လြမ္းဆြတ္ခဲ့ရတဲ့ ေန႕ရက္ေတြအတြက္အတိုးခ်ၿပီး ငိုေနမိသည္။

ရိေပၚ အသက္၁၀ႏွစ္ေလာက္ကတည္းက မားမားနဲ႕ပါးပါးက ကြာရွင္းခဲ့ၿပီး မားမားကနိုင္ငံျခားကိုထြက္သြားသည္။
ရိေပၚကို က်င္းရွန္းမားနဲ႕ ထားခဲ့ၿပီး ထြက္သြားတဲ့ မားမားကိုရိေပၚ အျပစ္မျမင္နိုင္။
ပါးပါးႏွင့္မားမားက ကြာသာကြာရွင္းလိုက္တာ တစ္ေယာက္အေၾကာင္းတစ္ေယာက္စုံစမ္းၿပီး ခ်စ္ေနရဲ႕သားႏွင့္ မာနခ်င္းၿပိဳင္ေနၾကတာေၾကာင့္ ရိေပၚအသက္၁၈ႏွစ္ေရာက္တဲ့အထိေတာင္ ႏွစ္ေယာက္လုံး မာနခ်င္းၿပိဳင္လို႔မၿပီး။
ပါးပါးက အေလွ်ာ့မေပးခ်င္တာနဲ႕ မားမားကို သဝန္တိုေအာင္ မိန္းကေလးမ်ားႏွင့္တြဲသြားတြဲလာ လုပ္ျပေပမယ့္ နည္းနည္းေလးမွေတာင္ အေလွ်ာ့ေပးဖို႔ စိတ္ကူးမရွိတဲ့မားမားကလည္း လွည့္ေတာင္မၾကည့္ခဲ့ေပ။
ရိေပၚေမြးေန႕တိုင္း ျပန္လာဖို႔ ေတာင္းဆိုခဲ့ေပမယ့္ မာနႀကီးလြန္းတဲ့ မားမားကအေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ျငင္းပယ္ေနက်။
ယခုဘာျဖစ္လို႔ ျပန္လာတာလဲဆိုတာ ရိေပၚမသိပါ။

"သား ေနေကာင္းရဲ႕လား"

ရိေပၚ အရင္တုန္းက အေၾကာင္းေတြျပန္ေတြးေနတာ မားမားက စကားလာေျပာမွ လက္ရွိကိုအသိဝင္လာသည္။

" ေကာင္းပါတယ္ မားမား။ သားအရင္တုန္းက အေၾကာင္းေတြျပန္ေတြးေနတာ"

"မားမား ေတာင္းပန္ပါတယ္ သားရယ္။ မားမားေၾကာင့္ သားအရမ္းခံစားခဲ့ရမွာပဲ"

"အခုမွသိတာလား"

ရိေပၚ မ႐ြဲ႕ခ်င္ေပမယ့္ ၈ႏွစ္ေက်ာ္ႀကီးမ်ားေတာင္ သူ႕ခံစားခ်က္ကို လ်စ္လ်ဴရႈခဲ့တဲ့ မားမားက အခုမွအရမ္းခံစားခဲ့ရမွာပဲ ဆိုၿပီးေျပာေတာ့ ရိေပၚဘာျပန္ေျပာရမည္နည္း။
ရပါတယ္ သားအဆင္ေျပပါတယ္ ရိေပၚဟန္ေဆာင္ၿပီး မေျပာခ်င္ပါ။
အရမ္းလြမ္းလြန္းလို႔ မ်က္ႏွာတစ္ခါေလာက္ သားဆီကိုလာျပလွည့္ပါဆိုတာေတာင္ တစ္ခါမွမလာခဲ့ဘူးမလား။

"မားမား ေတာင္းပန္စကားအျပင္ ဘာမွေျပာစရာစကားမရွိေတာ့ပါဘူး"

"အခုေရာ ဘာလို႔ျပန္လာတာလဲ"

ရိေပၚ ေမးလိုက္တာ ရိုးရိုးေလးေပမယ့္ မ်က္ႏွာႀကီးနီကာ ေခါင္းငုံ႕ခ်လိဳက္တဲ့မားမားေၾကာင့္ ရိေပၚဆြံအမိသြားသည္။
ဘာေၾကာင့္မ်ား မားမားရွက္သြားရတာလဲ။

"ဟို...ဟို သားရဲ႕ပါးပါးက ဟိုတစ္ပတ္ေက်ာ္ေက်ာ္ေလာက္က မားမားဆီကိုလိုက္လာတယ္။ မားမားနဲ႕ကိုသတိရတယ္တဲ့ ေနာက္ၿပီး ခ်စ္...ခ်စ္ေနေသးတာမို႔ သူ႕ဆီျပန္လာပါ ဆိုၿပီး လာေတာင္းပန္တယ္"

"ဟမ္ ေအာ္"

ရိေပၚ အီလည္လည္႐ုပ္ႀကီးနဲ႕သာ ေအာ္လို႔ေျပာနိုင္ေတာ့သည္။
၈ႏွစ္လုံးလုံး ျပန္လာဖို႔ အာေပါက္မတက္ ေျပာခဲ့ရတဲ့ ရိေပၚ စကားက် လုံးဝနားမေထာင္ဘဲ ပါးပါး တစ္ခါေလးေတာင္းပန္ေတာ့ ခ်က္ခ်င္းကို ေရာက္ခ်လာသည္။

"ကြၽန္ေတာ္ ဘယ္ေလာက္ထိ ခံစားခဲ့ရလည္း မားမားတို႔သိလား။ ပါးပါးက မားမားသဝန္တိုေအာင္ မိန္းကေလးေတြနဲ႕ တမင္သပ္သပ္တြဲသြားတြဲလာလုပ္ျပေနတာကို ကြၽန္ေတာ္မသိဘဲ ပါးပါးသစၥာေဖာက္တယ္ ထင္ၿပီး ဘယ္ေလာက္ေတာင္မုန္းခဲ့ရလဲသိလား။ အဲ့လို မားမားသဝန္တိုေအာင္ တမင္သပ္သပ္လုပ္ျပေနတာလို႔ လြန္ခဲ့တဲ့၄၊၅ရက္တုန္းကမွ က်င္းရွန္းမားေျပာျပလို႔သိခဲ့ရတာ။"

"အဲ့ဒါ သားကသိသြားရင္ မားမားကိုျပန္ေျပာၿပီး သူ႕အစီအစဥ္မေအာင္ျမင္မွာဆိုးလို႔ က်င္းရွန္းကိုမေျပာခိုင္းတာေလ။ မင္းပါးက အရမ္းဆိုးတယ္"

"ေတာ္ၿပီ ကြၽန္ေတာ္ျပန္ေတာ့မယ္။ ဒါနဲ႕ဘာလို႔ Hotelမွာေနတာလဲ အဆင္ေျပသြားၿပီဆို အိမ္မျပန္ဘူးလား။"

"မင္းပါးပါးက မနက္တုန္းကအေရးႀကီးတဲ့အစည္းအေဝးရွိလို႔ မားမားကိုေလဆိပ္လာမႀကိဳနိုင္တာေၾကာင့္ Hotelမွာခဏေနခိုင္းၿပီး ညေန လာေခၚမွ မင္းပါးပါးနဲ႕အတူတူျပန္မွာ"

"ရၿပီ ရၿပီ ကြၽန္ေတာ္ျပန္ေတာ့မယ္ ေက်ာင္းပိတ္တဲ့ေန႕မွပဲ အိမ္ျပန္လာေတာ့မယ္"

"ေျဖးေျဖးသြားေနာ္သား"

"ဟုတ္"

ရိေပၚ မားမားကို ႏႈတ္ဆက္ၿပီး သူတို႔ေနတဲ့hotelသာျပန္လာခဲ့သည္။
မားမားနဲ႕မေတြ႕တာၾကာလို႔ အရင္အေၾကာင္းေတြ ျပန္ေျပာၿပီး အလြမ္းသယ္ရမလား မွတ္တယ္။သူ႕ေယာက်္ားအေၾကာင္းကို ၿပဳံးၿပီးေျပာေနတဲ့ မားမားရဲ႕မ်က္ႏွာကိုျမင္ၿပီး မခံစားနိုင္ေတာ့လို႔ hotelကိုသာအျမန္ေျပးၿပီး သူ႕ေပ်ာ္႐ႊင္မႈေလးကိုသာ အျမန္ဆုံးေတြ႕ခ်င္မိေတာ့သည္။

🍀         🍀       🍀

ဒီေန႕စိတ္ညစ္စရာေတြအရမ္းမ်ားတဲ့အတြက္ေၾကာင့္ ဖတ္ရတာေပါ့သြားခဲ့ရင္ ေတာင္းပန္ပါတယ္ေနာ္။
ေနာက္ၿပီး ဒီficေလးကို အဂၤါ၊ ၾကာသပေတး၊ စေန အဲ့ေန႕ေတြမွာပဲ အပိုင္းသစ္ေတြတင္ေပးသြားေတာ့မယ္ေနာ္။

Continue Reading

You'll Also Like

1M 65.8K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
198K 4.2K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
164K 12.9K 22
«𝐘𝐒𝐳𝐑𝐚𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 π…πšπ§πŸπ’πœπ­π’π¨π§Β»βœ“ 𝙡**πš” πš–πš’ πš•πšžπšŒπš”! 𝒔𝒕𝒂𝒓𝒕- π‘­π’†π’ƒπ’“π’–π’‚π’“π’š 3 , 2022 𝒆𝒏𝒅- 𝑢𝒄𝒕𝒐𝒃𝒆𝒓 18 , 2022
13.2K 342 18
love is love β™‘οΈŽ ( han jisung Γ— straykids )