Unicode
" ကျန့်ကော ကျွန်တော်နဲ့တစ်နေရာလိုက်ခဲ့အုန်း"
"ဘယ်လဲ"
"လိုက်ခဲ့ပါဆို"
"ခဏအင်္ကျီလဲလိုက်အုန်းမယ်"
"မလဲနဲ့တော့ ကျန့်ကောက ဒီအတိုင်းနေလည်း ချောတယ်၊ အရမ်းကိုချောတာ၊ ဘာမှပြင်စရာတောင်မလိုဘူး"
" ဝမ်ရိပေါ်!!! ရူးနေလို့ငါက ဆွတ်ကျယ်အင်္ကျီ၊ဘောင်းဘီတိုနဲ့ လိုက်ခဲ့ရမှာလား"
ပြန်ကြားရပြီ အရင်တုန်းကတက်တက်ကြွကြွအသံလေး။မနေ့တုန်းက ပြန်လာကတည်းက မှိုင်ထွေနေတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ် ရှောင်းကျန့်စိတ်ချမ်းသာအောင်ဘယ်လိုလုပ်ပေးရမလဲ စဥ်းစားနေမိသည်။
ယခုတော့ ရုတ်တရက်ဆန်ဆန်ပြောလိုက်မိတဲ့ စကားကြောင့် ရှောင်းကျန့်အော်သံတက်ကြွကြွလေးကို ရိပေါ် ပြန်ကြားရတဲ့အတွက် ရိပေါ်မျက်နှာက အပြုံးတွေပိုမိုဖြစ်တည်လာသည်။
"ရိပေါ် ဘာရီနေတာလဲ"
" အမြဲတမ်းပြုံးနေပေးပါ ကျန့်ကော။ ကျွန်တော့်ရဲ့ပျော်ရွှင်မှုလေးက ပြုံးနေမှ ကျွန်တော်လည်း ပျော်မှာလေ"
"ငါ.....ငါ အင်္ကျီလဲလိုက်အုန်းမယ်"
ရှောင်းကျန့် လဲမယ့်အဝတ်အစားကိုယူပြီး ရေချိုးခန်းထဲအမြန်ဝင်ခဲ့သည်။
ရေချိုးခန်းထဲရောက်တာနဲ့ မျက်ဝန်းထဲကစီးကျလာတဲ့ မျက်ရည်တွေကို ရှောင်းကျန့် မထိန်းနိုင် ရိပေါ်မကြားအောင် အသံတိတ်ငိုကြွေးနေမိသည်။
ငိုရမယ့်အကြောင်းပြချက် ကောင်းစွာမရှိဘဲနှင့်ကို ရှောင်းကျန့်ရင်ဘတ်တွေအောင့်တက်လာတဲ့အထိ ငိုနေမိသည်။
ရိပေါ်ရဲ့မျက်ဝန်းတွေကို ကောင်းစွာရင်မဆိုင်ရဲလောက်တဲ့အထိတောင် ရှောင်းကျန့်ကြောက်နေမိသည်။
သူ့မျက်ဝန်းထဲက လိမ်ညာမှုတွေကို ရိပေါ်ရိပ်မိသွားရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့အသိနဲ့တင် ရှောင်းကျန့်ကြောက်တာကြောင့် မနေ့ကတည်းက ရိပေါ်မျက်ဝန်းတွေကို သေချာမကြည့်ရဲခဲ့ပေ။
"ကျန့်ကော ကြာနေပြီ.....အဲ့လောက်ထိပြင်စရာမလိုဘူးနော်။ ကျန့်ကောကို ကျွန်တော်တစ်ယောက်တည်းကြည့်မှာ"
"အရူး!!!"
ရှောင်းကျန့် အဝတ်အစားအမြန်လဲပြီး ငိုထားတာမှန်းမသိသာအောင် မျက်နှာသစ်လိုက်သည်။
အပြင်ထွက်လာတော့ သူနှင့်အရောင်တူတဲ့အင်္ကျီကို ပြန်လဲထားတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်ပြုံးလိုက်မိသည်။
"သွားရအောင် ကျန့်ကော"
"အင်း"
-------
ရိပေါ် ခေါ်လာတဲ့နေရာကြည့်လိုက်တော့ ဖုန်းဆိုင်ဖြစ်နေတယ်။
ရှောင်းကျန့်လည်း ရိပေါ် ဖုန်းရွေးနေတုန်း လျှောက်ကြည့်နေလိုက်သည်။
"ကျန့်ကော ပြီးပြီသွားမယ်"
"မြန်တာ"
"ပစ္စည်းက မှာပြီးသား ငွေချေယုံဘဲ"
"အော်အင်း အခုဘယ်သွားအုန်းမှာလဲ"
"ဒီနားက စားသောက်ဆိုင်တစ်ဆိုင်က စားလို့ကောင်းတယ် သွားစားရအောင်"
"အင်း"
ရိပေါ် ရှောင်းကျန့်လက်ကိုဆုပ်ကိုင်ပြီး စားသောက်ဆိုင်ထဲဝင်လာခဲ့သည်။
ရှောင်းကျန့်အတွက်ဟင်းတွေမှာပေးပြီး ဝယ်ထားတဲ့လက်ဆောင်ပစ္စည်း ရှောင်းကျန့်ကိုပေးလိုက်သည်။
"ရိပေါ် ဒီဟာက ဘာလဲ"
"လက်ဆောင်လေ"
"ဘာလို့ပေးတာလဲ ငါမယူချင်ဘူး"
"မနေ့တုန်းက ငါဘယ်လောက်စိတ်ပူနေလဲသိလား။ ဖုန်းမရှိတဲ့မင်းကို ဖုန်းဆက်ပြီးမေးလို့မရ။ သွားမယ်ဆိုတာပဲ ပြောပြီး နေရပ်လိပ်စာမပေးသွားတဲ့မင်းကို ဘယ်လိုက်ရှာရမှန်းမသိ။ ငါအရမ်းစိတ်ပူနေခဲ့တာ။ အဲ့ဒါကြောင့် မင်းဆီငါဖုန်းဆက်ဖို့လက်ဆောင်ဝယ်ပေးတာ။ နောက်ပြီး ကျွန်တော်နဲ့ဖုန်းဆင်တူလေ"
"မင်းဖုန်းက အသစ်ကြီးရှိသေးတာကို"
"ကျန့်ကောနဲ့ဖုန်းဆင်တူကိုင်ချင်လို့"
"ဘာကြောင့်လဲ။ ဘာကြောင့်ငါ့အပေါ်အရမ်းကောင်းပေးရတာလဲ"
"ဘာကြောင့်လဲဆိုတာ ကျွန်တော်ရော၊ ကျန့်ကောရော သိပါတယ်။ အဲ့ဒီစကားရဲ့အဖြေကိုနောက်ဆုံးစာမေးပွဲကျရင် တစ်ဘဝလုံးစာအတွက် ရည်ရွယ်ပြီးပြောပြမယ်"
ရှောင်းကျန့်ရဲ့မျက်လုံးတွေထဲ စိုက်ကြည့်ပြီး ရိပေါ်ပြောလိုက်တော့ နားရွက်ဖျားလေးတွေ ရဲတွတ်လာတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်အရမ်းအူယားမိသွားသည်။
"စား...စားရအောင်လေ"
"အင်းစားပါ ကျန့်ကောဝအောင်သာစား"
စကားတွေပြောပြီး မုန့်စားနေကြတုန်း ရိပေါ်ဖုန်းလာတာကြောင့် နံပါတ်ကြည့်လိုက်တော့ သူမသိတဲ့နံပါတ်ဖြစ်နေတယ်။
အစကမကိုင်ဘဲ ဖုန်းချပြစ်ပေမယ့် ဆက်တိုက်ခေါ်နေတာကြောင့် အရေးကြီးတဲ့ဖုန်းလားဆိုပြီးကိုင်လိုက်သည်။
ဖုန်းလည်းကိုင်လိုက်ရော တစ်ဖက်ကလူရဲ့ဖြေသံကိုကြားပြီး ရိပေါ် မျက်ရည်တွေဝဲတက်လာရသည်။
နူးညံ့သိမ်မွေ့တဲ့အသံ၊ သူအရမ်းတွေ့ချင်နေတဲ့ သူမရဲ့အသံ၊ ရိပေါ်တစ်ကိုယ်လုံး အေးစက်တောင့်တင်းပြီး မျက်ရည်ကျလာတဲ့အထိတောင် သူအရမ်းလွမ်းဆွတ်ခဲ့ရတဲ့သူမ။
".....''
"လာ....လာခဲ့မယ်။ အခုချက်ချင်းလာခဲ့မယ်။"
ရိပေါ် ဖုန်းချပြီး ရှောင်းကျန့်ကို တုန်ယင်နေတဲ့သူ့အသံကိုထိန်းကာပြောလိုက်သည်။
" ရှောင်းကျန့်...ငါတောင်းပန်ပါတယ် အခုချက်ချင်းသွားမှဖြစ်မယ်။ မင်း hotelပြန်နှင့်လိုက်တော့ "
"ရိပေါ်...."
စကားတောင်ဆုံးအောင်နားမထောင်ဘဲ ထွက်သွားတဲ့ရိပေါ်ရဲ့ ကျောပြင်ကိုကြည့်ပြီး ရှောင်းကျန့်တွေးမိလိုက်သည်က ထားသွားခံရတဲ့ ခံစားချက်က ဒီထက်ပိုနာကျင်မလား။
ဒါမှမဟုတ် ထားခဲ့ရမယ့် ခံစားချက်က ဒီထက်ပိုနာကျင်မလား။
ဝေခွဲမရတော့ပါ။
🍀 🍀 🍀
Zawgyi
"ဘယ်လဲ"
"လိုက်ခဲ့ပါဆို"
"ရိပေါ် ဘာရီနေတာလဲ"
"အရူး!!!"
"သွားရအောင် ကျန့်ကော"
"အင်း"
-------
"မြန်တာ"
"အင်း"
"ရိပေါ် ဒီဟာက ဘာလဲ"
"လက်ဆောင်လေ"
"စား...စားရအောင်လေ"
".....''
"ရိပေါ်...."
ဝေခွဲမရတော့ပါ။
🍀 🍀 🍀