နေ့လည်စာစားဖို့ ခနနားကြတဲ့အချိန်မို့ ထည့်လာတဲ့
ထမင်းဘူးအိတ်လေးကို ယူကာ ကိုမျိုးတို့အတွဲဆီ ဦးတည်လိုက်သည်။ သုံးယောက်လုံးအတွက် ထည့်လာတတ်တဲ့ မပိုးက ကိုယ်တိုင်ဟင်းမချက်တတ်ပေမယ့် သူ့အိမ်ကနေတော့ အမြဲစုံစုံလင်လင်ဖွယ်ဖွယ်ရာရာထည့်လာတတ်သည်။
" လာ သာကီ မင်းအစ်မက ဒီနေ့ ဘဲပေါင်းထည့်လာတယ်ကွ"
ဇွန်းတပြင်ပြင်နဲ့ကိုမျိုးက ဗိုက်အတော်ဆာနေတဲ့ပုံမို့
သူရယ်လိုက်မိသည်။ ကိုမျိုးက တော်တော်စားနိုင်တဲ့အထဲပါသည်။ ကြေးအိုးတစ်ပွဲဆိုလည်း မဝတတ်တာမို့ တစ်ခါတလေအတူတူစားဖြစ်တဲ့အခါ မကုန်နိုင်တဲ့ကိုယ်က ဦးဦးဖျားဖျားသူ့အတွက် ဖယ်ပြီးမှ စားရသည်။
တခြားသူအပေါ်လည်း မနှမြောတတ်သူမို့ HSလေးတွေကိုဆို အမြဲမုန့်ဝယ်ကျွေးနေတတ်တဲ့သူမျိုး။
"ဘဲပေါင်းတကူးတကခေါ်ကျွေးရတာပေါ့
ငါတို့မောင်လေးက ဘဲရတော့မှာလေ"
"ဟာ အစ်မရာ ပေါက်တက်ကရ"
" အမယ် ကြည့်စမ်း ဒါက လူပျိုလေး ရှက်နေတာပေါ့"
မပိုးစနေတာကို ကိုမျိုးကလည်း ဘေးကနေ ရယ်ကာ
နှစ်ယောက်ပေါင်း လူကို ဝိုင်းနောက်နေကြသည်။ ဒီဆေးရုံမှာ မပိုးက ကျောင်းတက်ကတည်းက စီနီယာမို့ ရင်းနှီးပြီးသားဆိုပေမယ့် အလုပ်စဆင်းကတည်းက ညီတစ်ယောက်လို ဂရုစိုက်ပြီး လက်တွဲခေါ်တဲ့ ကိုမျိုးကတော့ တကယ်
စိတ်သဘောထားပြည့်ဝသူမျိုးဖြစ်သည်။
မပိုးက ဉာဏ့်ကိုတကယ်သဘောကျနေရှာတာ။
"လူကလက်တောက်လောက်လေး ရုပ်က နင့်ကိုနိုင်စားမည့်ရုပ်"ဟု သဘောတကျရယ်ကာ ခနခနပြောတတ်သည်။
နှစ်ယောက်လုံးက စည်သူနဲ့တိုင်ပင်ရမှာ မျက်နာပူတာကြောင့် ပွင့်ပွင့်လင်းလင်းဖွင့်ပြောတဲ့အခါ ကိုမျိုးက မေးရိုးကြီး ပြုတ်ကျမတတ် အံ့ဩနေပေမယ် မပိုးကတော့
"ထင်သားပဲ"ဆိုကာ ပြုံးတုံ့တုံ့။ စနောက်တာမျ်ူးရှိပေမယ့် ရှေ့ရေးမှာ ရင်ဆိုင်ရမှာတွေပါ သတိပေးပြီး ဆင်ခြင်တွေးတောတတ်တဲ့ အရွယ်မို့ ငါ့မောင် ပျော်သလိုသာ ဆုံးဖြတ်ပါဆိုကာ ကိုယ့်ဖက်မှာရှိနေပေးသည်။
"ဒီနေ့ ဖုန်းမဆက်သေးပါလား ၁၂နာရီ ၅မိနစ်ရှိနေပြီ"
" ဒီနေ့tutorial သွားဖြေရမယ်လို့ပြောတယ်"
ဆေးရုံက ဆင်းပြီး ဆေးခွင့်နဲ့ ကျောင်းမတတ်ရသေးပေမယ့် နောက်ဆုံးနှစ်ဆိုတော့ term paper တွေကို group နဲ့လုပ်ရသေးတာမို့ ဉာဏ်က လုံးဝကြီး နားနေရတာတော့မဟုတ်။ လက်ကပတ်တီးကြီး တကားတားနဲ့ အရေးကြီးရင် ကြီးသလို အတန်းပြေးတက်နေရသေးသည်။
"နောက်တစ်ခါ ရန်ဖြစ်တယ်ကြားရင် ကိုယ်စိတ်ဆိုးမယ်"လို့ပြောတော့ "ရန်လာစလည်း အထိုးခံပြီးပြန်လာရမှာလား"ဆိုတော့ screen ပေါ်ကမြင်နေရတဲ့ ပေတီးထုပ်ကို တစ်ဖက်ကျ်ိိုးကောင်လို့ ဆဲမိတော့ ရိုင်းလိုက်တာတဲ့။
Ring
"အသက်ရှည်အုန်းမယ် ပြောရင်းဆိုရင်း လာပြီ"
မပိုးက လှမ်းနောက်တော့ ရယ်ပြီး ဘေးမှာချထားတဲ့ ဖုန်းကိုကောက်ကိုင်လိုက်သည်။
" အင်း"
-ထမင်းစားနေပြီလား
"အခုစားနေတာ"
-အခုကျောင်းမှာ ၂နာရီလောက် အိမ်ပြန်မှာ
"လက်က အဆင်ပြေလား
ချုပ်ရိုးကလည်း ယားတယ်ဆိုပြီး မကုတ်ပစ်နဲ့နော်"
-အင်း ဂရုစိုက်နော်
"ဉာဏ်ကသာ ဂရုစိုက်ရမှာလေ"
အရှေ့ကိူ မော့ကြည့်မိတော့ နှစ်ယောက်သားကိုယ့်ဆီ အာရုံရှိပုံမရ စကားတပြောပြောနဲ့ ထမင်းစားနေကြသည်။
- အင်း သိပေမယ့် စိတ်ပူလို့မရဘူးလား
ဒီကလေး ဘွဲ့ရပြီးရင် ယဉ်ကျေးလိမ္မာစကားပြောနည်း အရင်သင်ပေးရမယ် ။ ရိုင်းတာလည်းမဟုတ်ပေမယ့်
စိတ်ထဲရှိတဲ့အတိုင်း ဒဲ့တွေပြောချလွန်းတော့ တဖက်လူမှာ
နားဝင်မချိုတော့တဲ့ အနေအထားမျိုးဖြစ်သည်။
" ကိုယ်ကို့ စိတ်ပူနေရင် အဲ့ဒီဖက်က အလုပ်တွေကို ဉာဏ်က ဘယ်လိုလုပ် အာရုံစိုက်မလဲ"
အရင်က ကိုယ်လည်းဒီလို အရစ်မရှည်တတ်ပေမယ့်
ကိုယ့်စကားဆို တစ်ချိန်လုံးအထအနကောက်လွန်းနေတဲ့
ဉာဏ်ကြောင့် ကိုယ်တိုင်တောင် စကားများလာသည်အထိ။သူ့ကိုစိတ်ပူလို့ ဒီဖက်မှာကိုယ်တိုင် အလွဲလွဲအမှားမှားတွေ ကြုံခဲ့ရဖူးတာ ကိုယ်သာအသိဖြစ်သည်။ တစ်ခါကမှ ဘယ်လောက်ပေါက်ပေါက်ရှာရှာ ပြောသလဲဆို လူနာထိုးမယ့် ဆေးထိုးအပ်ကလက်ကို မှားထိုးမိရင်
ဘယ်လိုလုပ်မလဲတဲ့။ ကိုယ့်ရဲ့ ဆေးထိုးအပ်ကိုင်မှုအပေါ်ကျွမ်းကျင်နေသားကျမှုကို ဒီကလေးမသိတာလည်း မဟုတ်ဘဲ ကြံဖန်တွေးနေတာ။
-သူ့ဘာသာသူ စိတ်ပူနေတာကျ ဘယ်လိုလုပ်မလဲ
အစ်ကိုကသာ ဂရုစိုက်ပါမယ်လို့ဖြေလိုက်ရင်
ကျွန်တော် နည်းနည်းတော့ စိတ်သက်သာရာရမှာပဲကို
" အင်း ကိုယ်ဂရုစိုက်ပါတယ်"
-စာမေးပွဲ အချိန်ဇယားတွေထွက်လာပြီ
ပတ်တီးဖြေရမယ့် အချိန်နဲ့ကိုက်နေတယ်
ဘယ်လိုလုပ်ရမလဲဟင်
"ဟုတ်လား ကြားပိတ်ရက်ရတယ်မလား
အဲ့ဒီရက်ဖြေချင်ဖြေလေ မဟုတ်လည်း ပြီးမှဖြေရင်ရော"
-လေးဘာသာဖြေပြီး ကြားထဲစနေတနင်္ဂနွေ ပိတ်တယ်
အဲ့နှစ်ရက် ခနလာခဲ့ပေးလို့ မရဘူးလား
" အဲ့တာက"
-မချစ်သေးလည်း လူနာလာကြည့်တယ်လို့ သဘောထားပြီး လာလို့ရတာပဲ ကျွန်တော်သာဆို ချက်ချင်းပြေးလာမိမှာ
ဉာဏ့်စကားကြောင့် ရယ်တောင်ရယ်မိသွားသည်။ သူလာကြည့်ဖို့ ကိုယ်ကလက်ကျိုးပြရမည့် ပုံစံ။ ဒီရက်ထဲဖုန်းဆင်တိုင်း သူ့ဆီလာဖို့က မပြောတဲ့နေ့မရှိ။ အမှန်တကယ်ဆိုကိုယ်တိုင်လည်း ဖုန်းနဲ့သာ ပြောချင်တာတွေပြောနေတာ
သွားတွေ့ဖို့ကျတော့ ရှက်သလိုလို မျက်နာပူသလိုလိုကြီးဖြစ်နေတာမျိုး။ အများမသိရင်တောင် သိနေတဲ့ လူတွေရှေ့ အိန္ဒြေပျက်တာမျိုးဖြစ်တာကိုလည်း မလိုချင်တာကြောင့် အများကြီး ဆင်ခြင်ရမည်မဟုတ်လား။
" အင်းပါ ကိုယ်ဂျူဒီချိန်တွေ ပြန်ကြည့်ပြီး
စဉ်းစားလိုက်မယ်"
- စိတ်ညစ်လား ကျွန်တော်က ရှုပ်နေမိတာလား
ကိုယ်တိုင် အရှုပ်ခံချင်နေတာ ကိုယ်ပဲသိတယ်ဆိုတာကို
ဟိုတလောက Facebook မှာ trendသွားတဲ့ video တစ်ခုထဲက အသံနေအထားနှင့်ပုံစံကို သွားပြေးမြင်မိတော့ ခွီးကနဲ အသံထွက်သွားသည်မို့ အရှေ့က ထမင်းစားပြီး အသီးထိုင်စားကာ ကိုယ့်ကိုစောင့်ပေးနေတဲ့အတွဲက လှည့်ကြည်လာသည်မို့ လက်ကာပြလိုက်ရသေးသည်။
-ဘာလို့ ရယ်တာလဲ
ဆူအောင့်အောင့်အသံမဟုတ်ဘဲ ကြည်ကြည်လင်လင်နဲ့
ရယ်သံလေးစွက်ကာမေးလာတဲ့ ဉာဏ့်အသံက ရယ်နေတာတောင်ပျောက်သွားမိသည်အထိ နားထောင်လို့ကောင်းသည်။ ရင်ထဲက လှုပ်ရှားမှုတစ်စုံတစ်ရာကလည်း
သတိမထားဘဲ မနေမိအောင် ခံစားမိနေသည်။
" ဆောရီး ဘာမှမဟုတ်ဘူး
အင်း ဉာဏ်က ကိုယ့်ကို ရှုပ်နေတယ်လို့ မခံစားစေရပါဘူး"
- ချစ်ဖို့ကောင်းတယ်
"အဟမ်း ကိုယ်နားချိန်ပြည့်တော့မယ်"
-အိမ်ပြန်ရောက်ရင် စာပို့လိုက်မယ်
လွမ်းတယ်နော်
"အင်း ဒါပဲ"
ပူတက်လာတဲ့ ပါးတွေကို မသိချင်ယောင်ဆောင်ကာ
ခုနက နည်းနည်းကျန်နေတဲ့ ထမင်းကို ဆက်စားလိုက်သည်။
" ဟိုကဘာတွေပြောလိုက်လို့ နားရွက်တွေနီတဲ့အထိဖြစ်နေရတာလဲ လူပျိုလေးရဲ့"
"မပိုးဗျာ"
ထမင်းသာ ငုံ့စားနေမိတော့ မပိုးကသဘောတကျရယ်သည်။ တကယ်ပဲ ဖြူနေတဲ့ အသားက အားနေနီဖို့ပဲသိတယ်
ထိန်းမရသိမ်းမရနဲ့။
တကယ်ပဲ ဉာဏ်က သူ့စိတ်ဆီကို အရောက်လာခဲ့နိုင်သည်။ မအိပ်ခင်တွေးမိသမျှ ဒီကောင်လေးအကြောင်းပဲဆို နိုးလာတာနဲ့ ချက်ချင်းသတိရမိတာကလည်း ဉာဏ်ပါပဲ။ ဒါကအချစ်လားဆိုတာတော့ သေချာမသိဘူး
ဒါပေမယ့် ကိုယ်ဉာဏ်နဲ့ပတ်သတ်ပြီး တစ်ခုခုတော့ဖြစ်နေပြီ။ နေ့တိုင်း ကိုယ့်ရဲ့အချိန်လေးတွေထဲ ဉာဏ်က အချိန်မှန်ရောက်မလာရင် ကိုယ်မကြိုက်ဖူး။ မင်းအကြောင်းအခုလိုပြောဖြစ်တဲ့အချိန်ဆို ကိုယ့်ဘေးမှာ မင်းကိုရှိနေစေချင်တဲ့အထိ ကိုယ့်စိတ်ထဲကနေ ထုတ်လို့မရအောင်ဖြစ်နေခဲ့ပြီ။
*************
ဖုန်းကျသွားပြီးတာတောင် ဖုန်းမျက်နာပြင်ကို ငေးကြည့်နေမိပြီး တဖက်က ချစ်ရသူရဲ့ အရှက်သည်းနေမည့် ဖြူဖွေးဖွေးမျက်နာလေးက်ိုပုံဖော်နေမိသည်။ ဘာကိစ္စပြောပြော စိတ်ဝင်တစားနဲ့နားထောင်ပေးပြီး မေးသမျှ
စိတ်ရှည်ရှည်နဲ့ဖြေပေးတတ်ပေမယ့် ချစ်ကြောင်းလွမ်းကြောင်းပြောရင် စကားလမ်းကြောင်းလွဲကာ မရ,ရအောင်
ရှောင်တတ်သည်။ သက်ဆိုင်သွားပါက မှဲ့လေးအားငေးကြည့်ကာ အကြာကြီးထိုင်ပြောပစ်လိုက်မည်။
" ရော့ ဒါ ငါမနေ့က ဖတ်လာတဲ့အပိုင်းတွေ စုထားတယ်
တစ်ချက်ပြန်ကြည့်လ်ိုက်"
" အင်း ငါဖတ်လိုက်မယ်"
လက်ထဲ စိုင်းဟတ်လာထည့်သွားတဲ့ A4 သုံးရွက်ကို ဖတ်ဖို့ ဖုန်းကို ပြန်သိမ်းလိုက်ရသည်။ အဲ့ဒီနေ့ဆေးရုံမှာ ဝန်ခံပြီးကတည်းက စိုင်းဟတ်က သူ့ကို အရင်လိုမဆက်ဆံတော့။
ကန်တင်းအတူတူထိုင်နေလည်း စကားမပြော။ အခုလို ကျောင်းစာကိစ္စမဖြစ်မနေမှသာ ပြောပြီးကျန်တာ အပိုမပြောတော့။ ဟန်နေနဲ့ဖွေးဆေးရုံကိုလာကြည့်တဲ့နေ့ကဆို
အခန်းထဲတောင် လိုက်မဝင်တော့တဲ့အထိ။ မျှော်လင့်ထားပြီးသာဆိုပေမယ့် စိတ်တော့မကောင်းဘူး။
အခုterm paperကလည်း ခုံနံပါတ်စဉ်နဲ့ ဆယ်ယောက်တစ်ဖွဲ့မို့ အားဝေကော စိုင်းဟတ်ကော ဖွေးပါတစ်ဖွဲ့တည်းကျသည်။ ဟန်နေကတော့ ကျောင်းနားလိုက်ပြီး ကျောင်းသွားတက်ဖို့ ပြင်ဆင်နေသည်။တစ်ချိန်ကနှစ်ယောက်အတူတူဆိုကာ ရည်ရွယ်ထားသည့် အချိန်ထက် စောလွန်းစွာ ထွက်သွားသည့်အခြေအနေက ကိုယ့်ဖက်ကလမ်းခွဲသွားခြင်းကြောင့်ဆိုတာလည်း သိပါသည်။ မာနကြီးလွန်းတဲ့ ဟန်နေက ဘယ်တော့မှ သိစေချင်မှာမဟုတ်၍ မသိချင်ယောင်ဆောင်နေလိုက်တာက ပိုအဆင်ပြေမည်မဟုတ်လား။
"In the end , promises are just words"ဆိုတဲ့ caption တစ်ခုနဲ့အတူ တောင်ချွန်းပေါ်က နောက်ကျောပုံလေးကြောင့် ကိုယ်တိုင်လည်းစိတ်မကောင်းခြင်းများစွာ။
တောင်းပန်ပါတယ်လို့ကိုယ်ပြောတဲ့အခါ "သူ့ကိုချစ်မိလို့ သဲကိုတောင်းပန်တာဆိုမလိုပါဘူး သူ့ကြောင့်ထက်ပျော်ရွှင်နေရတယ်မလား ဒါဆို ထက်နဲ့ထိုက်တန်ပါတယ် "ဆိုတဲ့ စကားကို လှပစွာပြုံးပြီး ပြောသည်။ ဟန်နေမသိသေးတာကြောင့် စိုင်းဟတ်ကဖွေးကိုမပြောရသေးမှန်းသိလိုက်သည်။ဖွေးသိရင် မလွဲမသွေ ဟန်နေဆီရောက်မှာ။
" စာကြည့်တိုက်မှာ စီနီယာတွေလုပ်ထားတဲ့ ခေါင်းစဉ်တူတာတွေကော ဖတ်ထားပြီးပြီမလား"
"အင်း"
စိုင်းဟတ်နဲ့ကိုယ်နဲ့ကြား MacBook နဲ့အလုပ်ရှုပ်နေတဲ့
အားဝေကတော့ မသိလိုက်မသိဘာသာပဲနေသည်။
"မနေ့က ငါတို့ဖတ်ထားတဲ့အထိ အကြမ်းတော့ပြီးပြီ
Soft copyအရင်ပို့ထားပေးမယ်"
စာရိုက်ထားရလို့ ညောင်းနေတဲ့ လက်ချောင်းတွေကိုချိုးကာ အားဝေက တစ်ဖွဲ့လုံးကိုပြောလာသည်မို့ ခေါင်းငြိမ့်လိုက်ရသည်။
"ဒါဆိုပြန်တော့မယ်ကွာ ဟေ့ကောင်တွေ လက်ဖက်ရည်ဆိုင်သွားထိုင်ရအောင် ဖွေးလည်းလိုက်ခဲ့လေ ယုဒဿန်မှာထိုင်မှာ"
"လိုက်မယ် ဖွေးလည်း အဲ့ဒီက မျှစ်ချဉ်ခေါက်ဆွဲစားချင်နေတာ"
စိုင်းဟတ်နဲ့ကိုယ်ဖက်လှည့်ကာပြောလာသည်မို့ ခေါင်းထပ်ငြိမ့်လိုက်ရသည်။ မငြိမ့်လို့လည်းမရ ကားမမောင်းနိုင်တဲ့ကိုယ်က အားဝေကားနဲ့လိုက်လာရသည်မှာ လက်ကျိုးပြီးကတည်းက။ စိုင်းဟတ်ကလည်း ဖွေးစကားကြောင့် ငြင်းဖို့မဖြစ်နိုင်တော့။
ဆိုင်ထဲရောက်ပြီးမှ မိုးရွာလာသည်မို့ တောင်ကုန်းပေါ်ရောက်သည့်ဆိုင်အနေအထားကြောင့် မိုးသက်လေအေးအေးက ချမ်းစိမ့်လာသည်။ မြင်နေရတဲ့ ပတ်ဝန်းကျင်က လှလွန်းနေတာမို့ လှည့်ကာဗီဒီယ်ို ၁၀စက္ကန့်စာလောက်ရိုက်လိုက်ပြီး active nowဖြစ်နေတဲ့ ချစ်နေရသူဆီပို့လိုက်မိသည်။ ကိုယ့်မြို့လေးက သဘာဝအလှအပလေးတွေပြရင်း ကိုယ့်ဆီလာဖို့ မဲဆွယ်ရမည်မဟုတ်လား။
-ဘယ်ရောက်နေတာလဲ
-သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မှာ
-အင်း ရန်ကုန်မှာ မိုးအရမ်းရွာနေတယ်
-ဒီမှာရောပဲ မိုးရွာနေရင် ပိုလွမ်းတယ်
-ဘာဆိုင်လို့တုန်း☹️
ပြန်ပို့လာတဲ့emojiက အသဲယားစရာကောင်းနေတာမို့ အသံတိတ်ပြုံးနေမိသည်။
-မဆိုင်ဘူးလား😢
-Nope😤
-ပြန်ရောက်ရင်ဖုန်းခေါ်မယ်
- အင်း လူနာတွေဆီ သွားကြည့်လိုက်အုန်းမယ်
2mins agoဆိုတာလေးပေါ်လာတဲ့အထိ conversation လေးထဲကမထွက်မိသေး။ အပေါ်က စာတွေ အပြန်ပြန်အလှန်လှန်ပြန်ဖတ်ရတာလည်း အားတိုင်းပါပဲ။ ချစ်နေရတာက ကိုယ့်ထပ် အဖက်ဖက်က ရင့်ကျက်တည်ငြိမ်နေတဲ့သူမို့ တီတီတာတာတွေပြောဖို့ထပ် daily report လို့ တစ်နေ့တာတွေပြောနေရတာများသည်။ ဒါပေမယ့်လည်း
အဲ့ဒီ့အချိန်လေးကိုပဲ ပျော်သည် ပြီးတော့ သဘောကျရသည်။
"ဟန်နေက နောက်တပတ်ထဲ ရန်ကုန်သွားတော့မယ်ပြောတယ် သံရုံးကိစ္စတွေလည်း လုပ်ရမှာမလို့တဲ့"
ဖွေးစကားကြောင့် ဖုန်းငုံ့ကြည့်နေရာကနေ ခေါင်းထောင်မိလိုက်သည်။ ဖွေးက အစားစားရင် ကိုယ့်ကိုရည်ရွယ်ကာပြောလာသည်။
" ဟုတ်လား တစ်ခုခုအကူအညီလိုရင် ပြောပါလို့"
" နင်တို့တကယ်ပဲ ပြတ်ကြမလို့လား"
" အင်း ငါတို့တွဲခဲ့တဲ့အချိန်မှာ ငါတို့ကြားကဆက်ဆံရေးက နင်တို့မြင်တာထပ်ကို ပိုရိုးရှင်းခဲ့တယ် ဒါကြောင့် လမ်းခွဲတဲ့အချိန်မှာလည်း စိတ်သန့်သန့်နဲ့ လမ်းခွဲနိုင်ခဲ့တယ်ထင်တယ် ပြီးတော့ ငါက ဟန်နေနဲ့မတန်ပါဘူးဟာ"
" ပြသာနာက ဘာလဲ ငါသိလို့ရမလား"
" အင်း"
"ငထက်"
အားဝေဆီက လှမ်းသတိပေးလိုက်တဲ့ အသံနဲ့အတူ
စိုင်းဟတ်ကလည်း ထိတ်လန့်စိုးရိမ်စွာ ကိုယ့်ကိုကြည့်လာပြီး ဖွေးကို ဟန့်တားသည်။
"ဖွေး"
" ရတယ် ငါမှာ မင်းတို့ကိုမှ မပြောရင်ပြောဖို့လူမရှိတော့ဘူး လက်ခံတာ မခံတာကတော့ မင်းတို့အပိုင်းပါ ဖွေးကလည်း ငါ့အခင်ဆုံးသူငယ်ချင်းတစ်ယောက်ပဲလေ
တကယ်တော့ ငါယောကျ်ားလေးတစ်ယောက်ကို ချစ်မိသွားလို့ ဖွေး"
ချလွမ်
ဖွေးလက်ထဲက စတီးဇွန်းလေးဟာ လွတ်ကျသွားပြီး
မျက်လုံးဝိုင်းဝိုင်းလေးက ပြူးကျယ်သွားသည်။
" ဖွေး အဆင်ပြေရဲ့လား"
"ဟမ် အင်း အင်း ပြေပါတယ် ငါနည်းနည်းအံ့ဩသွားလို့ပါ ဟန်နေကော ဒါကို သိရဲ့လားဟင်"
" ငါတခြားတစ်ယောက်အပေါ် ချစ်မိနေတာကိုတော့သိတယ် အတိအကျတော့မသိဘူး သိသွားလည်း ဟန်နေက
ငါ့ကိုနားလည်ပေးမယ်ဆိုတာ ငါသိတယ်"
" အင်း ဟန်နေက ငါတို့ထက် အများကြီးပိုသိတာပဲ
သူက ဒီလိုကိစ္စတွေကို ရှုံ့ချတဲ့သူတွေအထဲမပါပါဘူး"
" ငါ့ကို မမုန်းဘူးလား ဟန်နေအပေါ် သစ္စာဖောက်လို့လေ"
လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း ဖွေးဆီက အဖြေကို
စောင့်နေမိသည်။
" ဟန်နေကသာအေးဆေးဖြစ်နေတာ ငါက နင့်ကို အမြင်ကပ်လို့သေတော့မလိုပဲ နင်သိထားဖို့ကဟန်နေက နင်မှမဟုတ်ဘူး ဘယ်သူကမှ သစ္စာဖောက်တိုင်း ပြိုလဲသွားမယ့်လူမဟုတ်ဘူး ဒါပေမယ့် ဟန်နေ့အပေါ် နင်အပြစ်ရှိတယ်ဆိုတာတော့ နင်လက်ခံရမယ် အင်း ကောင်းတာတစ်ခုက နင်ပြတ်ပြတ်သားသားဆုံးဖြတ်နိုင်လိူ့ မဟုတ်ရင် ဟန်နေပဲ နစ်နာမှာ မသိတာလည်းကောင်းပါတယ် မဟုတ်ရင် သွားခါနီး ငါ့သူငယ်ချင်းလေး စိတ်ရှုပ်နေရအုန်းမယ်"
" အင်း ဟုတ်တယ်"
" အဲ့တာကြောင့် ငါ့ကောင်လေးက အခုတလော စိတ်ညစ်နေရတယ်ပေါ့"
"ဟမ်"
သုံးယောက်လုံးပြိုင်တူထွက်သွားမိသည့် အာမေဋိတ်ကြောင့် ဖွေးက အားရပါးရရယ်သည်။
"နင်တို့ကောင်တွေ မိန်းကလေးတွေရဲ့ ဆဌမအာရုံကို
အထင်မသေးနဲ့လို့ ငါမပြောဘူးလား"
ဆရာမကြီးလေသံပြောင်းသွားသည့်ဖွေးကြောင့်
သုံးယောက်လုံးရယ်တဲ့သူက ရယ် ပြုံးတဲ့သူကပြုံးမိသွားတာတော့အမှန်ပဲ။ လူကောင်သေးသေးလေးနဲ့ ယုန်ဖြူလေးလိုချစ်စရာကောင်းသည့် ဖွေးကလည်း စိုင်းဟတ်အချစ်တွေအပိုင်ရထားတဲ့ ကောင်မလေး။
" နင်တို့ကို ကျေးဇူးတင်တယ် ငါ့ကိုလက်ခံပေးလို့"
"နင်နဲ့ဟန်နေက နှစ်ယောက်လုံးငါ့သူငယ်ချင်းတွေမို့
နှစ်ယောက်လုံးကို ငါက ပျော်စေချင်တာတော့အမှန်ပဲ
ဟန်နေအတွက် စိတ်မကောင်းဘူးလို့ပြောရအောင်လည်း
ဟန်နေက အသည်းကွဲနေဖို့နေနေသာသာ သူ့ဘာသာသူတောင် အားနေတာမဟုတ်ဘူး ပြီးတော့ သူလည်းမကြာခင် သူအိပ်မက်ဖြစ်တဲ့ ကျောင်းမှာတက်ရတော့မှာမို့ နင့်ကိုလည်း လှည့်ကြည့်နိုင်တော့မှာမဟုတ်ဖူး တွေးကြည့်ရင် အရာအားလုံးက သူ့ဘာသာဖြစ်ချင်တန်လို့ ဖြစ်လာတာကြီးပါပဲ"
" ကဲ ဖွေးရောက်လာမှပဲ ဒီနှစ်ကောင် အဆင်ပြေသွားတော့တယ် ဒီဝိုင်းရှင်းလိုက်တော့ တဖက်ကျိုးကောင် နေအုန်း ငါထပ်မှာအုန်းမယ်"
အားဝေက မီနူးစာအုပ်ဆွဲယူကာ တကယ်ကြီးမှာနေသည်မို့ အလန့်တကြားထဆွဲတော့ တချိန်လုံးရုပ်တည်နေတဲ့
စိုင်းဟတ်ကပါ ရယ်လာသည်။
" အေး စားကြကွာ ကြိုက်တာစားကြ အိမ်ပါ ပါဆယ်ထုပ်ပြန်ကြအုန်းမလား"
" ရပါတယ်ဟာ နောက်နေ့မှ တစ်ခုခုထပ်ကျွေးတော့"
ဆဲမလို့ ပါးစပ်ကပြင်လိုက်ပေမယ့် စိုင်းဟတ်ရဲ့ ငါ့ချစ်သူကိုဆဲရဲဆဲကြည့်စမ်းဆိုသည့်အကြည့်ကြောင့် ပါးစပ်ပြန်ပိတ်လိုက်ရသည်။ အနိုင်ကျင့်ခံဖြစ်နေရတဲ့ဘဝကို ချစ်ရသူမြင်အောင်ပြချင်လိုက်တာ။
" ငါတို့နဲ့ မိတ်ဆက်ပေးဖို့ အစီအစဉ်ရှိလား"
" ငါသူ့ကို ဒီလာဖို့ခေါ်ထားပေမယ့် သူက ဆေးရုံမှာ
ဂျူတီချိန်ပြန်ကြည့်အုန်းမယ်ပြောတယ်"
"ဆရာဝန်လား အမလေး နင်က မတန်မရာရအောင်ရှာတတ်တယ် ပြန်ကြည့်အုန်းမယ်ဆိုတော့ အခြေအနေကောင်းနေတာပေါ့"
"အင်း အဲ့လိုအရမ်းကြီးတော့လည်း မဟုတ်ပါဘူး"
အရှက်ပြေ နားထင်ကို ညာလက်နဲ့ ကုတ်ရင်း
ပြန်ဖြေလိုက်သည်။
" ရအောင်ခေါ်ပါဟာ နင်က ဒီလောက်ဖြစ်နေတာဆိုတော့
မြင်ဖူးချင်လို့ accလေးဘာလေးဖြစ်ဖြစ် ဓာတ်ပုံလေးဖြစ်ဖြစ် အရင်ပြကြည့် ထိုင်းBLတွေထဲကလို ဆင်လားသိချင်လို့"
"ဖွေး"
ဘေးက စိုင်းဟတ်ရဲ့ ဆူပုတ်ပုတ်ခေါ်သံကြောင့် ဖွေးက
ပုခုံးလေးပုကာရယ်ကာ ဟာသဆန်ဆန် ပြန်ချော့ပြန်သည်။
"ဘယ်အာရှဖွားကောင်မှ ငါ့ကောင်လေးနှာခေါင်းကြီးကိုတော့ မမှီသေးဘူး ဟီး"
"ဖွေး ကိုယ့်ကိုမစနဲ့နော်"
နှာမှုတ်သံတောင် ထွက်နေပြီဖြစ်တဲ့ စိုင်းဟတ်က ဆူပုတ်နေပြီဖြစ်သည်။
" အဟမ်း ရော့ ဒါသူ့ပုံ"
သူတစ်ယောက်ထဲပုံက profile ထားတဲ့ပုံတွေကို လိုက်saveထားလို့ သိပ်များများမရှိတာကြောင့်
Thai47မှာ သွားစားတဲ့ညမှာ လေးယောက်အတူတူရိုက်ထားတဲ့ ပုံထဲက သူ့ပုံလေးကို ပြလိုက်တော့ ဖွေးက ဖုန်းကိုဆွဲယူကာကြည့်နေသည်။
" ချောတာတော့ တော်တော်ချောတာဟဲ့
အသားလည်း တော်တော်ဖြူမဲ့ပုံပဲ"
" အင်း နင့်လောက် ဖြူတယ်"
ဖြူဖွေးအုကာ နေပူထဲ ခနသွားရင်တောင် နေလောင်နေတဲ့ ဖွေးက တကယ်လားဆိုပြီးမော့ကြည့်လာလို့ ခေါင်းငြ်ိမ့်ပြလိုက်ရသေးသည်။
" လာဖြစ်ရင် ငါတို့နဲ့ မိတ်ဆက်ပေး"
"အင်း"
*******************
အချိန်တွေက တရွေ့ရွေ့နဲ့ကုန်ဆုံးလာတာ နောက်တပတ်ဆိုရင်ပဲ ဉာဏ်တို့ နောက်ဆုံးနှစ်ရဲ့ နောက်ဆုံးစာမေးပွဲကြီးဖြေရတော့မည်ဖြစ်သည်။ ဒီကြားထဲ ကျူရှင်တစ်ဖက်
စာတမ်းတစ်ဖက်နဲ့ အလုပ်ရှုပ်နေတဲ့ ဉာဏ်က တစ်နေ့၃ခေါက်ထပ်မနည်း ကိုယ့်ဆီဖုန်းဆက်တတ်လို့ ဆူပူရတာလည်း ခနခနပါပဲ။
စည်သူတို့က စာမေးပွဲမဖြေရတော့ပေမယ့် Thesisနဲ့ အလုပ်ရှုပ်နေကြသည်။ဖုန်းဆက်တိုင်းသူ့ဆီလာဖို့ဂျီကျနေတဲ့ ဉာဏ်ကြောင့် စည််သူက " တစ်ညအိပ်လောက်ဖြစ်ဖြစ် သွားရင်သွားလိုက်ပါ သားငယ်ကိုတောင် သနားလာပြီ"ဆိုပြီးပြောလာသည်။ သုန်သုန်ကလည်း သူ့မောင်လေးကို
အလိုလိုက်လွန်းသည်။ အခုဆို ကိုယ့်ကိုတွေ့တာနဲ့ "သုန်က ဦးလေးနဲ့ အမျိုးတော်ချင်တယ်နော်"တဲ့။အောက်ထပ်က အန်တီနဲ့တွေ့ရင် မျက်နာပူပြီး မလုံမလဲဖြစ်ရတာလည်း ကိုယ်သာအသိဆုံးမို့ အောက်ထပ်တောင် သိပ်မသွားဖြစ်တော့လို့ အန်တီမေးရင် မအားလို့ပါဆိုပြီး စကားလှတွေနဲ့ ပြန်ဖြေရသေးသည်။
ဒီညဖုန်းဆက်ရင် ဉာဏ်တော့ ပျော်သွားတော့မှာပဲ။
ကိုယ်လည်း မင်းရူးမိုက်သလောက် လိုက်ရူးမိုက်ကြည့်ဖို့
အဆင်သင့်ဖြစ်နေပြီ ဉာဏ်။ ဒါက မင်းနဲ့ကိုယ့်ကြားက အချစ်တစ်ခုဖြစ်ထွန်းလာခြင်းလား ဒါမဟုတ် ကိုယ့်စိတ်တွေကို မင်းအပိုင်သိမ်းမည့်ပွဲမှာ မင်းအနိုင်ရသွားခြင်းလား။
သောကြာနေ့ညနေ ၃နာရီခွဲ လေယာဉ်လက်မှတ်အပြင် တနင်္ဂနွေနေ့မနက် ၁၀နာရီလေယာဉ်ကိုပါတစ်ခါတည်း
Booking တင်လိုက်ရသည်။ တောင်ကြီးကို ခနခနရောက်ဖြစ်ပေမယ့် အခုလိုတစ်ယောက်တည်းမဟုတ်တော့ နည်းနည်းတော့ စိတ်လှုပ်ရှားရသည်။ ပြီးတာနဲ့ ဟိုတယ်
အတွက်ပါ တစ်ခါတည်းစုံစမ်းရသည်။ ဉာဏ်ကို အကူအညီတောင်းချင်ပေမယ့် စာမေးပွဲကြောင့် မအားတဲ့ကလေးကို ကိုယ်ကြောင့် အလုပ်မပိုစေချင် ။
ကိုယ့်မှာ အကျင့်တစ်ခုရှိတယ် ဉာဏ် ။
ကိုယ်ကလူတစ်ယောက်ကို သဘောကျရင်
အဲ့ဒီလူနဲ့ပတ်သတ်တာတွေပါ အကုန်သဘောကျတတ်တာမျိုး။ အင်း...နောက်ဆို တောင်ကြီးက ကိုယ်သဘောအကျဆုံးမြို့လေးဖြစ်တော့မယ်ထင်တယ်။
_____\\\\_____\\\________
ေန႔လည္စာစားဖို႔ ခနနားၾကတဲ့အခ်ိန္မို႔ ထည့္လာတဲ့
ထမင္းဘူးအိတ္ေလးကို ယူကာ ကိုမ်ိဳးတို႔အတြဲဆီ ဦးတည္လိုက္သည္။ သုံးေယာက္လုံးအတြက္ ထည့္လာတတ္တဲ့ မပိုးက ကိုယ္တိုင္ဟင္းမခ်က္တတ္ေပမယ့္ သူ႔အိမ္ကေနေတာ့ အျမဲစုံစုံလင္လင္ဖြယ္ဖြယ္ရာရာထည့္လာတတ္သည္။
" လာ သာကီ မင္းအစ္မက ဒီေန႔ ဘဲေပါင္းထည့္လာတယ္ကြ"
ဇြန္းတျပင္ျပင္နဲ႔ကိုမ်ိဳးက ဗိုက္အေတာ္ဆာေနတဲ့ပုံမို႔
သူရယ္လိုက္မိသည္။ ကိုမ်ိဳးက ေတာ္ေတာ္စားနိုင္တဲ့အထဲပါသည္။ ေၾကးအိုးတစ္ပြဲဆိုလည္း မဝတတ္တာမို႔ တစ္ခါတေလအတူတူစားျဖစ္တဲ့အခါ မကုန္နိုင္တဲ့ကိုယ္က ဦးဦးဖ်ားဖ်ားသူ႔အတြက္ ဖယ္ၿပီးမွ စားရသည္။
တျခားသူအေပၚလည္း မႏွေျမာတတ္သူမို႔ HSေလးေတြကိုဆို အျမဲမုန့္ဝယ္ေကၽြးေနတတ္တဲ့သူမ်ိဳး။
"ဘဲေပါင္းတကူးတကေခၚေကၽြးရတာေပါ့
ငါတို႔ေမာင္ေလးက ဘဲရေတာ့မွာေလ"
"ဟာ အစ္မရာ ေပါက္တက္ကရ"
" အမယ္ ၾကည့္စမ္း ဒါက လူပ်ိဳေလး ရွက္ေနတာေပါ့"
မပိုးစေနတာကို ကိုမ်ိဳးကလည္း ေဘးကေန ရယ္ကာ
ႏွစ္ေယာက္ေပါင္း လူကို ဝိုင္းေနာက္ေနၾကသည္။ ဒီေဆး႐ုံမွာ မပိုးက ေက်ာင္းတက္ကတည္းက စီနီယာမို႔ ရင္းႏွီးၿပီးသားဆိုေပမယ့္ အလုပ္စဆင္းကတည္းက ညီတစ္ေယာက္လို ဂ႐ုစိုက္ၿပီး လက္တြဲေခၚတဲ့ ကိုမ်ိဳးကေတာ့ တကယ္
စိတ္သေဘာထားျပည့္ဝသူမ်ိဳးျဖစ္သည္။
မပိုးက ဉာဏ့္ကိုတကယ္သေဘာက်ေနရွာတာ။
"လူကလက္ေတာက္ေလာက္ေလး ႐ုပ္က နင့္ကိုနိုင္စားမည့္႐ုပ္"ဟု သေဘာတက်ရယ္ကာ ခနခနေျပာတတ္သည္။
ႏွစ္ေယာက္လုံးက စည္သူနဲ႔တိုင္ပင္ရမွာ မ်က္နာပူတာေၾကာင့္ ပြင့္ပြင့္လင္းလင္းဖြင့္ေျပာတဲ့အခါ ကိုမ်ိဳးက ေမးရိုးႀကီး ျပဳတ္က်မတတ္ အံ့ဩေနေပမယ္ မပိုးကေတာ့
"ထင္သားပဲ"ဆိုကာ ျပဳံးတုံ႔တုံ႔။ စေနာက္တာမ်္ူးရွိေပမယ့္ ေရွ႕ေရးမွာ ရင္ဆိုင္ရမွာေတြပါ သတိေပးၿပီး ဆင္ျခင္ေတြးေတာတတ္တဲ့ အရြယ္မို႔ ငါ့ေမာင္ ေပ်ာ္သလိုသာ ဆုံးျဖတ္ပါဆိုကာ ကိုယ့္ဖက္မွာရွိေနေပးသည္။
"ဒီေန႔ ဖုန္းမဆက္ေသးပါလား ၁၂နာရီ ၅မိနစ္ရွိေနၿပီ"
" ဒီေန႔tutorial သြားေျဖရမယ္လို႔ေျပာတယ္"
ေဆး႐ုံက ဆင္းၿပီး ေဆးခြင့္နဲ႔ ေက်ာင္းမတတ္ရေသးေပမယ့္ ေနာက္ဆုံးႏွစ္ဆိုေတာ့ term paper ေတြကို group နဲ႔လုပ္ရေသးတာမို႔ ဉာဏ္က လုံးဝႀကီး နားေနရတာေတာ့မဟုတ္။ လက္ကပတ္တီးႀကီး တကားတားနဲ႔ အေရးႀကီးရင္ ႀကီးသလို အတန္းေျပးတက္ေနရေသးသည္။
"ေနာက္တစ္ခါ ရန္ျဖစ္တယ္ၾကားရင္ ကိုယ္စိတ္ဆိုးမယ္"လို႔ေျပာေတာ့ "ရန္လာစလည္း အထိုးခံၿပီးျပန္လာရမွာလား"ဆိုေတာ့ screen ေပၚကျမင္ေနရတဲ့ ေပတီးထုပ္ကို တစ္ဖက္က်္ိိုးေကာင္လို႔ ဆဲမိေတာ့ ရိုင္းလိုက္တာတဲ့။
Ring
"အသက္ရွည္အုန္းမယ္ ေျပာရင္းဆိုရင္း လာၿပီ"
မပိုးက လွမ္းေနာက္ေတာ့ ရယ္ၿပီး ေဘးမွာခ်ထားတဲ့ ဖုန္းကိုေကာက္ကိုင္လိုက္သည္။
" အင္း"
-ထမင္းစားေနၿပီလား
"အခုစားေနတာ"
-အခုေက်ာင္းမွာ ၂နာရီေလာက္ အိမ္ျပန္မွာ
"လက္က အဆင္ေျပလား
ခ်ဳပ္ရိုးကလည္း ယားတယ္ဆိုၿပီး မကုတ္ပစ္နဲ႔ေနာ္"
-အင္း ဂ႐ုစိုက္ေနာ္
"ဉာဏ္ကသာ ဂ႐ုစိုက္ရမွာေလ"
အေရွ႕ကိူ ေမာ့ၾကည့္မိေတာ့ ႏွစ္ေယာက္သားကိုယ့္ဆီ အာ႐ုံရွိပုံမရ စကားတေျပာေျပာနဲ႔ ထမင္းစားေနၾကသည္။
- အင္း သိေပမယ့္ စိတ္ပူလို႔မရဘူးလား
ဒီကေလး ဘြဲ႕ရၿပီးရင္ ယဥ္ေက်းလိမၼာစကားေျပာနည္း အရင္သင္ေပးရမယ္ ။ ရိုင္းတာလည္းမဟုတ္ေပမယ့္
စိတ္ထဲရွိတဲ့အတိုင္း ဒဲ့ေတြေျပာခ်လြန္းေတာ့ တဖက္လူမွာ
နားဝင္မခ်ိဳေတာ့တဲ့ အေနအထားမ်ိဳးျဖစ္သည္။
" ကိုယ္ကို႔ စိတ္ပူေနရင္ အဲ့ဒီဖက္က အလုပ္ေတြကို ဉာဏ္က ဘယ္လိုလုပ္ အာ႐ုံစိုက္မလဲ"
အရင္က ကိုယ္လည္းဒီလို အရစ္မရွည္တတ္ေပမယ့္
ကိုယ့္စကားဆို တစ္ခ်ိန္လုံးအထအနေကာက္လြန္းေနတဲ့
ဉာဏ္ေၾကာင့္ ကိုယ္တိုင္ေတာင္ စကားမ်ားလာသည္အထိ။သူ႔ကိုစိတ္ပူလို႔ ဒီဖက္မွာကိုယ္တိုင္ အလြဲလြဲအမွားမွားေတြ ၾကဳံခဲ့ရဖူးတာ ကိုယ္သာအသိျဖစ္သည္။ တစ္ခါကမွ ဘယ္ေလာက္ေပါက္ေပါက္ရွာရွာ ေျပာသလဲဆို လူနာထိုးမယ့္ ေဆးထိုးအပ္ကလက္ကို မွားထိုးမိရင္
ဘယ္လိုလုပ္မလဲတဲ့။ ကိုယ့္ရဲ့ ေဆးထိုးအပ္ကိုင္မွုအေပၚကၽြမ္းက်င္ေနသားက်မွုကို ဒီကေလးမသိတာလည္း မဟုတ္ဘဲ ႀကံဖန္ေတြးေနတာ။
-သူ႔ဘာသာသူ စိတ္ပူေနတာက် ဘယ္လိုလုပ္မလဲ
အစ္ကိုကသာ ဂ႐ုစိုက္ပါမယ္လို႔ေျဖလိုက္ရင္
ကၽြန္ေတာ္ နည္းနည္းေတာ့ စိတ္သက္သာရာရမွာပဲကို
" အင္း ကိုယ္ဂ႐ုစိုက္ပါတယ္"
-စာေမးပြဲ အခ်ိန္ဇယားေတြထြက္လာၿပီ
ပတ္တီးေျဖရမယ့္ အခ်ိန္နဲ႔ကိုက္ေနတယ္
ဘယ္လိုလုပ္ရမလဲဟင္
"ဟုတ္လား ၾကားပိတ္ရက္ရတယ္မလား
အဲ့ဒီရက္ေျဖခ်င္ေျဖေလ မဟုတ္လည္း ၿပီးမွေျဖရင္ေရာ"
-ေလးဘာသာေျဖၿပီး ၾကားထဲစေနတနဂၤေႏြ ပိတ္တယ္
အဲ့ႏွစ္ရက္ ခနလာခဲ့ေပးလို႔ မရဘူးလား
" အဲ့တာက"
-မခ်စ္ေသးလည္း လူနာလာၾကည့္တယ္လို႔ သေဘာထားၿပီး လာလို႔ရတာပဲ ကၽြန္ေတာ္သာဆို ခ်က္ခ်င္းေျပးလာမိမွာ
ဉာဏ့္စကားေၾကာင့္ ရယ္ေတာင္ရယ္မိသြားသည္။ သူလာၾကည့္ဖို႔ ကိုယ္ကလက္က်ိဳးျပရမည့္ ပုံစံ။ ဒီရက္ထဲဖုန္းဆင္တိုင္း သူ႔ဆီလာဖို႔က မေျပာတဲ့ေန႔မရွိ။ အမွန္တကယ္ဆိုကိုယ္တိုင္လည္း ဖုန္းနဲ႔သာ ေျပာခ်င္တာေတြေျပာေနတာ
သြားေတြ႕ဖို႔က်ေတာ့ ရွက္သလိုလို မ်က္နာပူသလိုလိုႀကီးျဖစ္ေနတာမ်ိဳး။ အမ်ားမသိရင္ေတာင္ သိေနတဲ့ လူေတြေရွ႕ အိေျႏၵပ်က္တာမ်ိဳးျဖစ္တာကိုလည္း မလိုခ်င္တာေၾကာင့္ အမ်ားႀကီး ဆင္ျခင္ရမည္မဟုတ္လား။
" အင္းပါ ကိုယ္ဂ်ဴဒီခ်ိန္ေတြ ျပန္ၾကည့္ၿပီး
စဥ္းစားလိုက္မယ္"
- စိတ္ညစ္လား ကၽြန္ေတာ္က ရွုပ္ေနမိတာလား
ကိုယ္တိုင္ အရွုပ္ခံခ်င္ေနတာ ကိုယ္ပဲသိတယ္ဆိုတာကို
ဟိုတေလာက Facebook မွာ trendသြားတဲ့ video တစ္ခုထဲက အသံေနအထားႏွင့္ပုံစံကို သြားေျပးျမင္မိေတာ့ ခြီးကနဲ အသံထြက္သြားသည္မို႔ အေရွ႕က ထမင္းစားၿပီး အသီးထိုင္စားကာ ကိုယ့္ကိုေစာင့္ေပးေနတဲ့အတြဲက လွည့္ၾကည္လာသည္မို႔ လက္ကာျပလိုက္ရေသးသည္။
-ဘာလို႔ ရယ္တာလဲ
ဆူေအာင့္ေအာင့္အသံမဟုတ္ဘဲ ၾကည္ၾကည္လင္လင္နဲ႔
ရယ္သံေလးစြက္ကာေမးလာတဲ့ ဉာဏ့္အသံက ရယ္ေနတာေတာင္ေပ်ာက္သြားမိသည္အထိ နားေထာင္လို႔ေကာင္းသည္။ ရင္ထဲက လွုပ္ရွားမွုတစ္စုံတစ္ရာကလည္း
သတိမထားဘဲ မေနမိေအာင္ ခံစားမိေနသည္။
" ေဆာရီး ဘာမွမဟုတ္ဘူး
အင္း ဉာဏ္က ကိုယ့္ကို ရွုပ္ေနတယ္လို႔ မခံစားေစရပါဘူး"
- ခ်စ္ဖို႔ေကာင္းတယ္
"အဟမ္း ကိုယ္နားခ်ိန္ျပည့္ေတာ့မယ္"
-အိမ္ျပန္ေရာက္ရင္ စာပို႔လိုက္မယ္
လြမ္းတယ္ေနာ္
"အင္း ဒါပဲ"
ပူတက္လာတဲ့ ပါးေတြကို မသိခ်င္ေယာင္ေဆာင္ကာ
ခုနက နည္းနည္းက်န္ေနတဲ့ ထမင္းကို ဆက္စားလိုက္သည္။
" ဟိုကဘာေတြေျပာလိုက္လို႔ နားရြက္ေတြနီတဲ့အထိျဖစ္ေနရတာလဲ လူပ်ိဳေလးရဲ့"
"မပိုးဗ်ာ"
ထမင္းသာ ငုံ႔စားေနမိေတာ့ မပိုးကသေဘာတက်ရယ္သည္။ တကယ္ပဲ ျဖဴေနတဲ့ အသားက အားေနနီဖို႔ပဲသိတယ္
ထိန္းမရသိမ္းမရနဲ႔။
တကယ္ပဲ ဉာဏ္က သူ႔စိတ္ဆီကို အေရာက္လာခဲ့နိုင္သည္။ မအိပ္ခင္ေတြးမိသမၽွ ဒီေကာင္ေလးအေၾကာင္းပဲဆို နိုးလာတာနဲ႔ ခ်က္ခ်င္းသတိရမိတာကလည္း ဉာဏ္ပါပဲ။ ဒါကအခ်စ္လားဆိုတာေတာ့ ေသခ်ာမသိဘူး
ဒါေပမယ့္ ကိုယ္ဉာဏ္နဲ႔ပတ္သတ္ၿပီး တစ္ခုခုေတာ့ျဖစ္ေနၿပီ။ ေန႔တိုင္း ကိုယ့္ရဲ့အခ်ိန္ေလးေတြထဲ ဉာဏ္က အခ်ိန္မွန္ေရာက္မလာရင္ ကိုယ္မႀကိဳက္ဖူး။ မင္းအေၾကာင္းအခုလိုေျပာျဖစ္တဲ့အခ်ိန္ဆို ကိုယ့္ေဘးမွာ မင္းကိုရွိေနေစခ်င္တဲ့အထိ ကိုယ့္စိတ္ထဲကေန ထုတ္လို႔မရေအာင္ျဖစ္ေနခဲ့ၿပီ။
*************
ဖုန္းက်သြားၿပီးတာေတာင္ ဖုန္းမ်က္နာျပင္ကို ေငးၾကည့္ေနမိၿပီး တဖက္က ခ်စ္ရသူရဲ့ အရွက္သည္းေနမည့္ ျဖဴေဖြးေဖြးမ်က္နာေလးက္ိုပုံေဖာ္ေနမိသည္။ ဘာကိစၥေျပာေျပာ စိတ္ဝင္တစားနဲ႔နားေထာင္ေပးၿပီး ေမးသမၽွ
စိတ္ရွည္ရွည္နဲ႔ေျဖေပးတတ္ေပမယ့္ ခ်စ္ေၾကာင္းလြမ္းေၾကာင္းေျပာရင္ စကားလမ္းေၾကာင္းလြဲကာ မရ,ရေအာင္
ေရွာင္တတ္သည္။ သက္ဆိုင္သြားပါက မွဲ႕ေလးအားေငးၾကည့္ကာ အၾကာႀကီးထိုင္ေျပာပစ္လိုက္မည္။
" ေရာ့ ဒါ ငါမေန႔က ဖတ္လာတဲ့အပိုင္းေတြ စုထားတယ္
တစ္ခ်က္ျပန္ၾကည့္လ္ိုက္"
" အင္း ငါဖတ္လိုက္မယ္"
လက္ထဲ စိုင္းဟတ္လာထည့္သြားတဲ့ A4 သုံးရြက္ကို ဖတ္ဖို႔ ဖုန္းကို ျပန္သိမ္းလိုက္ရသည္။ အဲ့ဒီေန႔ေဆး႐ုံမွာ ဝန္ခံၿပီးကတည္းက စိုင္းဟတ္က သူ႔ကို အရင္လိုမဆက္ဆံေတာ့။
ကန္တင္းအတူတူထိုင္ေနလည္း စကားမေျပာ။ အခုလို ေက်ာင္းစာကိစၥမျဖစ္မေနမွသာ ေျပာၿပီးက်န္တာ အပိုမေျပာေတာ့။ ဟန္ေနနဲ႔ေဖြးေဆး႐ုံကိုလာၾကည့္တဲ့ေန႔ကဆို
အခန္းထဲေတာင္ လိုက္မဝင္ေတာ့တဲ့အထိ။ ေမၽွာ္လင့္ထားၿပီးသာဆိုေပမယ့္ စိတ္ေတာ့မေကာင္းဘူး။
အခုterm paperကလည္း ခုံနံပါတ္စဥ္နဲ႔ ဆယ္ေယာက္တစ္ဖြဲ႕မို႔ အားေဝေကာ စိုင္းဟတ္ေကာ ေဖြးပါတစ္ဖြဲ႕တည္းက်သည္။ ဟန္ေနကေတာ့ ေက်ာင္းနားလိုက္ၿပီး ေက်ာင္းသြားတက္ဖို႔ ျပင္ဆင္ေနသည္။တစ္ခ်ိန္ကႏွစ္ေယာက္အတူတူဆိုကာ ရည္ရြယ္ထားသည့္ အခ်ိန္ထက္ ေစာလြန္းစြာ ထြက္သြားသည့္အေျခအေနက ကိုယ့္ဖက္ကလမ္းခြဲသြားျခင္းေၾကာင့္ဆိုတာလည္း သိပါသည္။ မာနႀကီးလြန္းတဲ့ ဟန္ေနက ဘယ္ေတာ့မွ သိေစခ်င္မွာမဟုတ္၍ မသိခ်င္ေယာင္ေဆာင္ေနလိုက္တာက ပိုအဆင္ေျပမည္မဟုတ္လား။
"In the end , promises are just words"ဆိုတဲ့ caption တစ္ခုနဲ႔အတူ ေတာင္ခၽြန္းေပၚက ေနာက္ေက်ာပုံေလးေၾကာင့္ ကိုယ္တိုင္လည္းစိတ္မေကာင္းျခင္းမ်ားစြာ။
ေတာင္းပန္ပါတယ္လို႔ကိုယ္ေျပာတဲ့အခါ "သူ႔ကိုခ်စ္မိလို႔ သဲကိုေတာင္းပန္တာဆိုမလိုပါဘူး သူ႔ေၾကာင့္ထက္ေပ်ာ္ရႊင္ေနရတယ္မလား ဒါဆို ထက္နဲ႔ထိုက္တန္ပါတယ္ "ဆိုတဲ့ စကားကို လွပစြာျပဳံးၿပီး ေျပာသည္။ ဟန္ေနမသိေသးတာေၾကာင့္ စိုင္းဟတ္ကေဖြးကိုမေျပာရေသးမွန္းသိလိုက္သည္။ေဖြးသိရင္ မလြဲမေသြ ဟန္ေနဆီေရာက္မွာ။
" စာၾကည့္တိုက္မွာ စီနီယာေတြလုပ္ထားတဲ့ ေခါင္းစဥ္တူတာေတြေကာ ဖတ္ထားၿပီးၿပီမလား"
"အင္း"
စိုင္းဟတ္နဲ႔ကိုယ္နဲ႔ၾကား MacBook နဲ႔အလုပ္ရွုပ္ေနတဲ့
အားေဝကေတာ့ မသိလိုက္မသိဘာသာပဲေနသည္။
"မေန႔က ငါတို႔ဖတ္ထားတဲ့အထိ အၾကမ္းေတာ့ၿပီးၿပီ
Soft copyအရင္ပို႔ထားေပးမယ္"
စာရိုက္ထားရလို႔ ေညာင္းေနတဲ့ လက္ေခ်ာင္းေတြကိုခ်ိဳးကာ အားေဝက တစ္ဖြဲ႕လုံးကိုေျပာလာသည္မို႔ ေခါင္းၿငိမ့္လိုက္ရသည္။
"ဒါဆိုျပန္ေတာ့မယ္ကြာ ေဟ့ေကာင္ေတြ လက္ဖက္ရည္ဆိုင္သြားထိုင္ရေအာင္ ေဖြးလည္းလိုက္ခဲ့ေလ ယုဒႆန္မွာထိုင္မွာ"
"လိုက္မယ္ ေဖြးလည္း အဲ့ဒီက မၽွစ္ခ်ဥ္ေခါက္ဆြဲစားခ်င္ေနတာ"
စိုင္းဟတ္နဲ႔ကိုယ္ဖက္လွည့္ကာေျပာလာသည္မို႔ ေခါင္းထပ္ၿငိမ့္လိုက္ရသည္။ မၿငိမ့္လို႔လည္းမရ ကားမေမာင္းနိုင္တဲ့ကိုယ္က အားေဝကားနဲ႔လိုက္လာရသည္မွာ လက္က်ိဳးၿပီးကတည္းက။ စိုင္းဟတ္ကလည္း ေဖြးစကားေၾကာင့္ ျငင္းဖို႔မျဖစ္နိုင္ေတာ့။
ဆိုင္ထဲေရာက္ၿပီးမွ မိုးရြာလာသည္မို႔ ေတာင္ကုန္းေပၚေရာက္သည့္ဆိုင္အေနအထားေၾကာင့္ မိုးသက္ေလေအးေအးက ခ်မ္းစိမ့္လာသည္။ ျမင္ေနရတဲ့ ပတ္ဝန္းက်င္က လွလြန္းေနတာမို႔ လွည့္ကာဗီဒီယ္ို ၁၀စကၠန့္စာေလာက္ရိုက္လိုက္ၿပီး active nowျဖစ္ေနတဲ့ ခ်စ္ေနရသူဆီပို႔လိုက္မိသည္။ ကိုယ့္ၿမိဳ႕ေလးက သဘာဝအလွအပေလးေတြျပရင္း ကိုယ့္ဆီလာဖို႔ မဲဆြယ္ရမည္မဟုတ္လား။
-ဘယ္ေရာက္ေနတာလဲ
-သူငယ္ခ်င္းေတြနဲ႔ လက္ဖက္ရည္ဆိုင္မွာ
-အင္း ရန္ကုန္မွာ မိုးအရမ္းရြာေနတယ္
-ဒီမွာေရာပဲ မိုးရြာေနရင္ ပိုလြမ္းတယ္
-ဘာဆိုင္လို႔တုန္း☹️
ျပန္ပို႔လာတဲ့emojiက အသဲယားစရာေကာင္းေနတာမို႔ အသံတိတ္ျပဳံးေနမိသည္။
-မဆိုင္ဘူးလား😢
-Nope😤
-ျပန္ေရာက္ရင္ဖုန္းေခၚမယ္
- အင္း လူနာေတြဆီ သြားၾကည့္လိုက္အုန္းမယ္
2mins agoဆိုတာေလးေပၚလာတဲ့အထိ conversation ေလးထဲကမထြက္မိေသး။ အေပၚက စာေတြ အျပန္ျပန္အလွန္လွန္ျပန္ဖတ္ရတာလည္း အားတိုင္းပါပဲ။ ခ်စ္ေနရတာက ကိုယ့္ထပ္ အဖက္ဖက္က ရင့္က်က္တည္ၿငိမ္ေနတဲ့သူမို႔ တီတီတာတာေတြေျပာဖို႔ထပ္ daily report လို႔ တစ္ေန႔တာေတြေျပာေနရတာမ်ားသည္။ ဒါေပမယ့္လည္း
အဲ့ဒီ့အခ်ိန္ေလးကိုပဲ ေပ်ာ္သည္ ၿပီးေတာ့ သေဘာက်ရသည္။
"ဟန္ေနက ေနာက္တပတ္ထဲ ရန္ကုန္သြားေတာ့မယ္ေျပာတယ္ သံ႐ုံးကိစၥေတြလည္း လုပ္ရမွာမလို႔တဲ့"
ေဖြးစကားေၾကာင့္ ဖုန္းငုံ႔ၾကည့္ေနရာကေန ေခါင္းေထာင္မိလိုက္သည္။ ေဖြးက အစားစားရင္ ကိုယ့္ကိုရည္ရြယ္ကာေျပာလာသည္။
" ဟုတ္လား တစ္ခုခုအကူအညီလိုရင္ ေျပာပါလို႔"
" နင္တို႔တကယ္ပဲ ျပတ္ၾကမလို႔လား"
" အင္း ငါတို႔တြဲခဲ့တဲ့အခ်ိန္မွာ ငါတို႔ၾကားကဆက္ဆံေရးက နင္တို႔ျမင္တာထပ္ကို ပိုရိုးရွင္းခဲ့တယ္ ဒါေၾကာင့္ လမ္းခြဲတဲ့အခ်ိန္မွာလည္း စိတ္သန့္သန့္နဲ႔ လမ္းခြဲနိုင္ခဲ့တယ္ထင္တယ္ ၿပီးေတာ့ ငါက ဟန္ေနနဲ႔မတန္ပါဘူးဟာ"
" ျပသာနာက ဘာလဲ ငါသိလို႔ရမလား"
" အင္း"
"ငထက္"
အားေဝဆီက လွမ္းသတိေပးလိုက္တဲ့ အသံနဲ႔အတူ
စိုင္းဟတ္ကလည္း ထိတ္လန့္စိုးရိမ္စြာ ကိုယ့္ကိုၾကည့္လာၿပီး ေဖြးကို ဟန့္တားသည္။
"ေဖြး"
" ရတယ္ ငါမွာ မင္းတို႔ကိုမွ မေျပာရင္ေျပာဖို႔လူမရွိေတာ့ဘူး လက္ခံတာ မခံတာကေတာ့ မင္းတို႔အပိုင္းပါ ေဖြးကလည္း ငါ့အခင္ဆုံးသူငယ္ခ်င္းတစ္ေယာက္ပဲေလ
တကယ္ေတာ့ ငါေယာက်္ားေလးတစ္ေယာက္ကို ခ်စ္မိသြားလို႔ ေဖြး"
ခ်လြမ္
ေဖြးလက္ထဲက စတီးဇြန္းေလးဟာ လြတ္က်သြားၿပီး
မ်က္လုံးဝိုင္းဝိုင္းေလးက ျပဴးက်ယ္သြားသည္။
" ေဖြး အဆင္ေျပရဲ့လား"
"ဟမ္ အင္း အင္း ေျပပါတယ္ ငါနည္းနည္းအံ့ဩသြားလို႔ပါ ဟန္ေနေကာ ဒါကို သိရဲ့လားဟင္"
" ငါတျခားတစ္ေယာက္အေပၚ ခ်စ္မိေနတာကိုေတာ့သိတယ္ အတိအက်ေတာ့မသိဘူး သိသြားလည္း ဟန္ေနက
ငါ့ကိုနားလည္ေပးမယ္ဆိုတာ ငါသိတယ္"
" အင္း ဟန္ေနက ငါတို႔ထက္ အမ်ားႀကီးပိုသိတာပဲ
သူက ဒီလိုကိစၥေတြကို ရွုံ႔ခ်တဲ့သူေတြအထဲမပါပါဘူး"
" ငါ့ကို မမုန္းဘူးလား ဟန္ေနအေပၚ သစၥာေဖာက္လို႔ေလ"
လက္ဖက္ရည္ကို တစ္ငုံေသာက္ရင္း ေဖြးဆီက အေျဖကို
ေစာင့္ေနမိသည္။
" ဟန္ေနကသာေအးေဆးျဖစ္ေနတာ ငါက နင့္ကို အျမင္ကပ္လို႔ေသေတာ့မလိုပဲ နင္သိထားဖို႔ကဟန္ေနက နင္မွမဟုတ္ဘူး ဘယ္သူကမွ သစၥာေဖာက္တိုင္း ၿပိဳလဲသြားမယ့္လူမဟုတ္ဘူး ဒါေပမယ့္ ဟန္ေန႔အေပၚ နင္အျပစ္ရွိတယ္ဆိုတာေတာ့ နင္လက္ခံရမယ္ အင္း ေကာင္းတာတစ္ခုက နင္ျပတ္ျပတ္သားသားဆုံးျဖတ္နိုင္လိူ႔ မဟုတ္ရင္ ဟန္ေနပဲ နစ္နာမွာ မသိတာလည္းေကာင္းပါတယ္ မဟုတ္ရင္ သြားခါနီး ငါ့သူငယ္ခ်င္းေလး စိတ္ရွုပ္ေနရအုန္းမယ္"
" အင္း ဟုတ္တယ္"
" အဲ့တာေၾကာင့္ ငါ့ေကာင္ေလးက အခုတေလာ စိတ္ညစ္ေနရတယ္ေပါ့"
"ဟမ္"
သုံးေယာက္လုံးၿပိဳင္တူထြက္သြားမိသည့္ အာေမဋိတ္ေၾကာင့္ ေဖြးက အားရပါးရရယ္သည္။
"နင္တို႔ေကာင္ေတြ မိန္းကေလးေတြရဲ့ ဆဌမအာ႐ုံကို
အထင္မေသးနဲ႔လို႔ ငါမေျပာဘူးလား"
ဆရာမႀကီးေလသံေျပာင္းသြားသည့္ေဖြးေၾကာင့္
သုံးေယာက္လုံးရယ္တဲ့သူက ရယ္ ျပဳံးတဲ့သူကျပဳံးမိသြားတာေတာ့အမွန္ပဲ။ လူေကာင္ေသးေသးေလးနဲ႔ ယုန္ျဖဴေလးလိုခ်စ္စရာေကာင္းသည့္ ေဖြးကလည္း စိုင္းဟတ္အခ်စ္ေတြအပိုင္ရထားတဲ့ ေကာင္မေလး။
" နင္တို႔ကို ေက်းဇူးတင္တယ္ ငါ့ကိုလက္ခံေပးလို႔"
"နင္နဲ႔ဟန္ေနက ႏွစ္ေယာက္လုံးငါ့သူငယ္ခ်င္းေတြမို႔
ႏွစ္ေယာက္လုံးကို ငါက ေပ်ာ္ေစခ်င္တာေတာ့အမွန္ပဲ
ဟန္ေနအတြက္ စိတ္မေကာင္းဘူးလို႔ေျပာရေအာင္လည္း
ဟန္ေနက အသည္းကြဲေနဖို႔ေနေနသာသာ သူ႔ဘာသာသူေတာင္ အားေနတာမဟုတ္ဘူး ၿပီးေတာ့ သူလည္းမၾကာခင္ သူအိပ္မက္ျဖစ္တဲ့ ေက်ာင္းမွာတက္ရေတာ့မွာမို႔ နင့္ကိုလည္း လွည့္ၾကည့္နိုင္ေတာ့မွာမဟုတ္ဖူး ေတြးၾကည့္ရင္ အရာအားလုံးက သူ႔ဘာသာျဖစ္ခ်င္တန္လို႔ ျဖစ္လာတာႀကီးပါပဲ"
" ကဲ ေဖြးေရာက္လာမွပဲ ဒီႏွစ္ေကာင္ အဆင္ေျပသြားေတာ့တယ္ ဒီဝိုင္းရွင္းလိုက္ေတာ့ တဖက္က်ိဳးေကာင္ ေနအုန္း ငါထပ္မွာအုန္းမယ္"
အားေဝက မီႏူးစာအုပ္ဆြဲယူကာ တကယ္ႀကီးမွာေနသည္မို႔ အလန့္တၾကားထဆြဲေတာ့ တခ်ိန္လုံး႐ုပ္တည္ေနတဲ့
စိုင္းဟတ္ကပါ ရယ္လာသည္။
" ေအး စားၾကကြာ ႀကိဳက္တာစားၾက အိမ္ပါ ပါဆယ္ထုပ္ျပန္ၾကအုန္းမလား"
" ရပါတယ္ဟာ ေနာက္ေန႔မွ တစ္ခုခုထပ္ေကၽြးေတာ့"
ဆဲမလို႔ ပါးစပ္ကျပင္လိုက္ေပမယ့္ စိုင္းဟတ္ရဲ့ ငါ့ခ်စ္သူကိုဆဲရဲဆဲၾကည့္စမ္းဆိုသည့္အၾကည့္ေၾကာင့္ ပါးစပ္ျပန္ပိတ္လိုက္ရသည္။ အနိုင္က်င့္ခံျဖစ္ေနရတဲ့ဘဝကို ခ်စ္ရသူျမင္ေအာင္ျပခ်င္လိုက္တာ။
" ငါတို႔နဲ႔ မိတ္ဆက္ေပးဖို႔ အစီအစဥ္ရွိလား"
" ငါသူ႔ကို ဒီလာဖို႔ေခၚထားေပမယ့္ သူက ေဆး႐ုံမွာ
ဂ်ဴတီခ်ိန္ျပန္ၾကည့္အုန္းမယ္ေျပာတယ္"
"ဆရာဝန္လား အမေလး နင္က မတန္မရာရေအာင္ရွာတတ္တယ္ ျပန္ၾကည့္အုန္းမယ္ဆိုေတာ့ အေျခအေနေကာင္းေနတာေပါ့"
"အင္း အဲ့လိုအရမ္းႀကီးေတာ့လည္း မဟုတ္ပါဘူး"
အရွက္ေၿပ နားထင္ကို ညာလက္နဲ႔ ကုတ္ရင္း
ျပန္ေျဖလိုက္သည္။
" ရေအာင္ေခၚပါဟာ နင္က ဒီေလာက္ျဖစ္ေနတာဆိုေတာ့
ျမင္ဖူးခ်င္လို႔ accေလးဘာေလးျဖစ္ျဖစ္ ဓာတ္ပုံေလးျဖစ္ျဖစ္ အရင္ျပၾကည့္ ထိုင္းBLေတြထဲကလို ဆင္လားသိခ်င္လို႔"
"ေဖြး"
ေဘးက စိုင္းဟတ္ရဲ့ ဆူပုတ္ပုတ္ေခၚသံေၾကာင့္ ေဖြးက
ပုခုံးေလးပုကာရယ္ကာ ဟာသဆန္ဆန္ ျပန္ေခ်ာ့ျပန္သည္။
"ဘယ္အာရွဖြားေကာင္မွ ငါ့ေကာင္ေလးႏွာေခါင္းႀကီးကိုေတာ့ မမွီေသးဘူး ဟီး"
"ေဖြး ကိုယ့္ကိုမစနဲ႔ေနာ္"
ႏွာမွုတ္သံေတာင္ ထြက္ေနၿပီျဖစ္တဲ့ စိုင္းဟတ္က ဆူပုတ္ေနၿပီျဖစ္သည္။
" အဟမ္း ေရာ့ ဒါသူ႔ပုံ"
သူတစ္ေယာက္ထဲပုံက profile ထားတဲ့ပုံေတြကို လိုက္saveထားလို႔ သိပ္မ်ားမ်ားမရွိတာေၾကာင့္
Thai47မွာ သြားစားတဲ့ညမွာ ေလးေယာက္အတူတူရိုက္ထားတဲ့ ပုံထဲက သူ႔ပုံေလးကို ျပလိုက္ေတာ့ ေဖြးက ဖုန္းကိုဆြဲယူကာၾကည့္ေနသည္။
" ေခ်ာတာေတာ့ ေတာ္ေတာ္ေခ်ာတာဟဲ့
အသားလည္း ေတာ္ေတာ္ျဖဴမဲ့ပုံပဲ"
" အင္း နင့္ေလာက္ ျဖဴတယ္"
ျဖဴေဖြးအုကာ ေနပူထဲ ခနသြားရင္ေတာင္ ေနေလာင္ေနတဲ့ ေဖြးက တကယ္လားဆိုၿပီးေမာ့ၾကည့္လာလို႔ ေခါင္းျင္ိမ့္ျပလိုက္ရေသးသည္။
" လာျဖစ္ရင္ ငါတို႔နဲ႔ မိတ္ဆက္ေပး"
"အင္း"
*******************
အခ်ိန္ေတြက တေရြ႕ေရြ႕နဲ႔ကုန္ဆုံးလာတာ ေနာက္တပတ္ဆိုရင္ပဲ ဉာဏ္တို႔ ေနာက္ဆုံးႏွစ္ရဲ့ ေနာက္ဆုံးစာေမးပြဲႀကီးေျဖရေတာ့မည္ျဖစ္သည္။ ဒီၾကားထဲ က်ဴရွင္တစ္ဖက္
စာတမ္းတစ္ဖက္နဲ႔ အလုပ္ရွုပ္ေနတဲ့ ဉာဏ္က တစ္ေန႔၃ေခါက္ထပ္မနည္း ကိုယ့္ဆီဖုန္းဆက္တတ္လို႔ ဆူပူရတာလည္း ခနခနပါပဲ။
စည္သူတို႔က စာေမးပြဲမေျဖရေတာ့ေပမယ့္ Thesisနဲ႔ အလုပ္ရွုပ္ေနၾကသည္။ဖုန္းဆက္တိုင္းသူ႔ဆီလာဖို႔ဂ်ီက်ေနတဲ့ ဉာဏ္ေၾကာင့္ စည္္သူက " တစ္ညအိပ္ေလာက္ျဖစ္ျဖစ္ သြားရင္သြားလိုက္ပါ သားငယ္ကိုေတာင္ သနားလာၿပီ"ဆိုၿပီးေျပာလာသည္။ သုန္သုန္ကလည္း သူ႔ေမာင္ေလးကို
အလိုလိုက္လြန္းသည္။ အခုဆို ကိုယ့္ကိုေတြ႕တာနဲ႔ "သုန္က ဦးေလးနဲ႔ အမ်ိဳးေတာ္ခ်င္တယ္ေနာ္"တဲ့။ေအာက္ထပ္က အန္တီနဲ႔ေတြ႕ရင္ မ်က္နာပူၿပီး မလုံမလဲျဖစ္ရတာလည္း ကိုယ္သာအသိဆုံးမို႔ ေအာက္ထပ္ေတာင္ သိပ္မသြားျဖစ္ေတာ့လို႔ အန္တီေမးရင္ မအားလို႔ပါဆိုၿပီး စကားလွေတြနဲ႔ ျပန္ေျဖရေသးသည္။
ဒီညဖုန္းဆက္ရင္ ဉာဏ္ေတာ့ ေပ်ာ္သြားေတာ့မွာပဲ။
ကိုယ္လည္း မင္း႐ူးမိုက္သေလာက္ လိုက္႐ူးမိုက္ၾကည့္ဖို႔
အဆင္သင့္ျဖစ္ေနၿပီ ဉာဏ္။ ဒါက မင္းနဲ႔ကိုယ့္ၾကားက အခ်စ္တစ္ခုျဖစ္ထြန္းလာျခင္းလား ဒါမဟုတ္ ကိုယ့္စိတ္ေတြကို မင္းအပိုင္သိမ္းမည့္ပြဲမွာ မင္းအနိုင္ရသြားျခင္းလား။
ေသာၾကာေန႔ညေန ၃နာရီခြဲ ေလယာဥ္လက္မွတ္အျပင္ တနဂၤေႏြေန႔မနက္ ၁၀နာရီေလယာဥ္ကိုပါတစ္ခါတည္း
Booking တင္လိုက္ရသည္။ ေတာင္ႀကီးကို ခနခနေရာက္ျဖစ္ေပမယ့္ အခုလိုတစ္ေယာက္တည္းမဟုတ္ေတာ့ နည္းနည္းေတာ့ စိတ္လွုပ္ရွားရသည္။ ၿပီးတာနဲ႔ ဟိုတယ္
အတြက္ပါ တစ္ခါတည္းစုံစမ္းရသည္။ ဉာဏ္ကို အကူအညီေတာင္းခ်င္ေပမယ့္ စာေမးပြဲေၾကာင့္ မအားတဲ့ကေလးကို ကိုယ္ေၾကာင့္ အလုပ္မပိုေစခ်င္ ။
ကိုယ့္မွာ အက်င့္တစ္ခုရွိတယ္ ဉာဏ္ ။
ကိုယ္ကလူတစ္ေယာက္ကို သေဘာက်ရင္
အဲ့ဒီလူနဲ႔ပတ္သတ္တာေတြပါ အကုန္သေဘာက်တတ္တာမ်ိဳး။ အင္း...ေနာက္ဆို ေတာင္ႀကီးက ကိုယ္သေဘာအက်ဆုံးၿမိဳ႕ေလးျဖစ္ေတာ့မယ္ထင္တယ္။
_____\\\\_____\\\________