SECRET ( Completed)
By Tulip_loon
255K 20.2K 340
yizhanโค Wang Yibo & Xiao Zhan ๐Ÿ€๐ŸŒทโค Unicode/ Zawgyi More
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
New Year
Part 12
Part 13
Part 14
Part 15
part 16
Part 17
Part 18
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
part 31
part 32
Part 33
Part 34
Ending
แ€€แ€ปแ€ฑแ€ธแ€‡แ€ฐแ€ธแ€แ€„แ€บแ€œแ€ฝแ€พแ€ฌ
Season-2
โ‰๏ธ
Part 19
5.4K 534 12
By Tulip_loon
Unicode
"ရိပေါ် ငါ့ကိုဟိုကော်ဖီဆိုင်ကြီးကိုဘဲ မခေါ်သွားပါနဲ့တော့။"
"ဘာလို့လဲ ကျွန်တော်ကအဲ့ဆိုင်လေးကို အရမ်းချစ်တာ။"
"မင်းချစ်တာလေ ငါချစ်တာမှ မဟုတ်တာ မသွားနဲ့ ငါအဲ့ဆိုင်ကြီးပဲသွားနေရတော့ပျင်းလာပြီ။"
"ကျွန်တော်တို့ပထမဆုံးတွေ့ဆုံခဲ့တဲ့နေရာလေးကို။"
"တော်စမ်း တစ်ခြားဆိုင်သွားမယ်။"
"ဟုတ်။အဲ့ဆိုနေ့လည်ကျလောက်ကျမှ တခြားဆိုင်ကိုကျွန်တော်လိုက်ပို့မယ်။ အခု တစ်နေရာခေါ်သွားမယ်"
"အင်း"
ရိပေါ် ရှောင်းကျန့်ကို သူအနှစ်သက်ဆုံးနေရာလေးကို ခေါ်သွားဖို့ဆုံးဖြတ်လိုက်သည်။
မြို့စွန်ဖျားနားက လူနေအိမ်ကျဲတဲ့နေရာလေးအလွန်လောက်မှာ လှပပြီးချစ်စရာကောင်းတဲ့ အိမ်လေးရှေ့ကို ရိပေါ်ဆိုင်ကယ်ရပ်လိုက်သည်။
ဟွန်းသုံးချက်လောက်တီးလိုက်တော့ အသက်ကြီးနေပြီဖြစ်တဲ့ အဘိုးတစ်ယောက်က တံခါးလာဖွင့်ပေးသည်။
ရိပေါ် ဆိုင်ကယ်ကို အိမ်ရှေ့ထိရောက်အောင်မောင်းလိုက်သည်။
"ဘိုးဘိုး ဘယ်သူမှမရှိဘူးလား"
"ဟုတ်တယ်မြေးလေးရဲ့ သူတို့အပင်မျိုးစေ့တွေအသစ်ရောက်တယ်ဆိုလို့ သွားကြည့်တယ်လေ"
"ဟုတ်လား။အဲ့ဆို ဘိုးဘိုးအိမ်ထဲသွားနားနေလိုက်တော့နော် ကျွန်တော်ခြံတံခါးပိတ်လိုက်မယ်"
"အေးပါကွယ်။​မြေးလေး သူလေးကဘယ်သူလေးလည်း ချစ်စရာကောင်းလိုက်တာ။ ငါ့မြေးရဲ့ရည်းစားလား"
"မ...မဟုတ်ပါဘူး ဘိုးဘိုး သားကသူ့သူငယ်ချင်းပါ"
မျက်နှာလေးနီကာ အထစ်ထစ်လေးငြင်းနေတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်အသံကျယ်ကြီးနှင့်ရီမိလိုက်တော့ မျက်ထောင့်နီကြီးနှင့်လှမ်းကြည့်လာသည့်ရှောင်းကျန့်ကြောင့် ရီတာကိုအရှိန်သပ်လိုက်ကာ အံ့သြစွာကြည့်နေတဲ့ ဘိုးဘိုးကို ရိပေါ်ရီပြလိုက်သည်။
"ဒီကလေးလေးက မြေးလေးကိုရီအောင်လုပ်နိုင်ပါ့လား"
"ဟီးဟီး ဘိုးဘိုး သွားနားတော့လေ"
"အေးပါကွယ် ဘိုးဘိုးသွားနားတော့မယ်နော် မြေးလေးတို့"
"ဟုတ်ကဲ့ပါဘိုးဘိုး"
ဘိုးဘိုး အိမ်လေးရဲ့အနောက်ထဲဝင်သွားမှ ရှောင်းကျန့် ရိပေါ်လက်မောင်းကို လက်သီးနှင့်လှမ်းထိုးလိုက်သည်။
"အာ့...နာလိုက်တာ ရှောင်းကျန့်ရာ"
"ခုဏက ဘာလို့ရီတာလဲ"
"ဒီအတိုင်းပါပဲကွာ အိမ်ထဲဝင်ရအောင်လေ"
"အင်း"
ရိပေါ် အိမ်တံခါးဖွင့်ကာ အိမ်ထဲဝင်ပြီး ဧည့်ခန်းထဲကဆိုဖာပေါ်မှာထိုင်လိုက်သည်။
ရှောင်းကျန့်က သူနှင့်မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်ပြီး မျက်လုံးလေးကတစ်အိမ်လုံးအနှံလျှောက်ကြည့်နေသည်။
"ရိပေါ် ဒါဘယ်သူ့အိမ်လဲ"
"ငါ့အိမ်"
"မင်းတစ်ယောက်တည်း နေဖို့အတွက်လား"
"အင်း စိတ်ညစ်တဲ့အချိန်တိုင်း ဒီအိမ်လေးကိုလာတယ်။ ပတ်ဝန်းကျင်က တိတ်ဆိတ်ပြီး နေလို့​လည်းကောင်းတယ်။ အနောက်မှာလည်း ပန်းဥယျာဥ်အကျယ်ကြီး ရှိတယ်။စိတ်ညစ်တဲ့အချိန် အဲ့ဥယျာဥ်လေးထဲမှာသွားထိုင်ပြီး သီချင်းလေးသာနားထောင်လိုက်။
ခံစားရတဲ့ခံစားချက်က အရမ်းကိုမိုက်တယ်။"
"ဟုတ်လား ငါ့ကိုလိုက်ပြ"
"အင်း သွားမယ်လေ"
ရှောင်းကျန့် ရိပေါ်သွားတဲ့နောက်လိုက်သွားလိုက်သည်။
အိမ်ရဲ့အနောက်ဘက်ကိုရောက်တော့ အနောက်မှာ အိမ်လေးတစ်အိမ်ရယ် လှပတဲ့ပန်းဥယျာဥ်ကြီးရယ်ကြောင့် ရှောင်းကျန့်အံ့သြမှင်သပ်မိသွားသည်။
သစ်ပင်အကြီးကြီးတွေ၊ လှပတဲ့ပန်းပင်လေးတွေကို သေချာပြုစုပျိုးထောင်ထားသည် ထင်ပါ့ အရမ်းကိုလှလွန်းတာကြောင့် ရှောင်းကျန့်ဘာစကားမှမပြောနိုင်။
"လှတယ်မလား"
"အင်း အရမ်းလှတယ်၊ ဒီအပင်တွေဘယ်သူစိုက်ထားတာလဲ လှလိုက်တာ သေချာပြုစုပျိုးထောင်ထားတယ်ထင်တယ်"
"အင်း ဟုတ်တယ် ဒီမြေနေရာကိုဝယ်တုန်းက ကွင်းပြင်ကြီးရယ်။အကျယ်ကြီးဆိုတော့ ငါလည်းဘာလုပ်ရမှန်းမသိဘူး။ အဲ့ဒါနဲ့အရှေ့လေးမှာ ငါနေဖို့အိမ်လေးဆောက်ထားပြီးအနောက်မှာတော့ ပန်းဥယျာဥ်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်။အပင်တွေကိုကျ အဘိုးရဲ့သားနဲ့သမက်က သေချာပြုစုပျိုးထောင်ထားတာလေ။"
"ဟမ်...ဟမ် ဘာပြောတယ် သားနဲ့ချွေးမ မဟုတ်ဘူးလား"
"မဟုတ်ဘူး အဘိုးရဲ့သားက ယောကျ်ားယူထားတာ။ အဘိုးတို့က တောင်ပေါ်ဒေသက မြို့သေးသေးလေးမှာနေတာ။ အဘိုးရဲ့သားက ယောကျ်ားတစ်ယောက်နဲ့လက်ထပ်လိုက်တော့ မကောင်းတဲ့နိမိတ်တွေကျရောက်လိမ့်မယ်ဆိုပြီး မြို့ကနေနှင်ထုတ်လိုက်ကြတယ်။ အဘိုးကလည်းဆင်းရဲတော့ ဘာမှပြန်မလုပ်နိုင်ဘူးလေ။ မြို့ကိုတက်လာပြီး အလုပ်လိုက်ရှာရင်း ငါနဲ့တွေ့တော့ ငါလည်း ဒီအိမ်မှာခြံစောင့်အဖြစ်အလုပ်ခန့်လိုက်တယ်။ အခုလိုလှပတဲ့ပန်းဥယျာဥ်လေး ဖန်တီးပေးတာသူတို့လေ။ငါကအရင်းအနှီးထုတ်ပေးယုံဘဲ"
"အော်အဲ့လိုလား ဘာပဲဖြစ်ဖြစ် အရမ်းလှတဲ့ပန်းဥယျဥ်ကြီးဖြစ်အောင် စိုက်ပျိုးပေးတဲ့သူတို့ကစိတ်ထားလည်းလှမှာသေချာတယ်။"
"အင်း"
တစ်နေ့လုံး ရိပေါ်နှင့်အိမ်လေးထဲမှာစကားပြော။အဘိုးရဲ့သားနှင့်သမက်ပြန်လာတော့ ဟင်းချက်ကာ ထမင်းအတူတူစားကြပြီး ညနေ၄နာရီလောက်မှ hai kuanကဖုန်းဆက်လို့ ပြန်လာခဲ့သည်။
သံယောဇဥ်တွေမရစ်တွယ်အောင် ထိန်းထားပေမယ့်
ပျော်ရွှင်စရာအမှတ်တရတွေကို ပိုမိုဖန်တီးနေခြင်းသည်
နောက်ဆုံးရလဒ်ကို မည်သို့ဖြစ်လာမည်ဆိုသည်ကို မစဥ်းစားတက်တော့ပါ။
----------------
"ကော ဘာကြောင့် ရှောင်းကျန့်တစ်ယောက်ထဲ ဝင်သွားရမှာလဲ။ ကျွန်တော်လည်း အဆောင်ထဲလိုက်မယ်"
"ရိပေါ် နေခဲ့ဘာမှမဖြစ်ဘူး ငါတစ်ယောက်ထဲသွားမယ်"
" ကျန့်ကော..."
"လိမ္မာတယ်။ ငါဘာမှမဖြစ်စေရဘူး"
ရိပေါ်အရမ်းကိုစိုးရိမ်နေတာကြောင့် တံခါးပေါက်ရှေ့တည့်တည့်မှာဘဲ ရပ်နေကာ ရှောင်းကျန့်အသံကြားတာနှင့်အထဲကိုပြေးဝင်ဖို့ အဆင်သင့်ပြင်ထားသည်။
ဟိုတစ်ခါသရဲခြောက်ခံရတုန်းက ဖြစ်သွားတဲ့ ရှောင်းကျန့်ရဲ့ပုံစံကို မျက်လုံးထဲ​ပြန်မြင်ယောင်မိလာကာ စိတ်ပူပန်မှုက တစ်ဟုန်ထိုးမြင့်တက်လာပြန်သည်။
သူကိုယ်တိုင်ကြောက်လန့်နေပေမယ့် စိုးရိမ်ပူပန်နေတဲ့ ရိပေါ်ကြောင့် ဘာမှမဖြစ်သလိုဟန်ဆောင်ဟာ အဆောင်ထဲဝင်ခဲ့လိုက်သည်။
အဆောင်ထဲ ဝင်ဝင်ချင်း ခံစားလိုက်ရတဲ့ အေးစက်တဲ့ခံစားချက်ကြီးကြောင့် ရှောင်းကျန့်ကြက်သီးတွေထလာရသည်။
ရှောင်းကျန့် hai kuanပြောတဲ့အခန်းကိုသွားပြီးတံခါးဖွင့်လိုက်တော့ မှိန်ပြပြမီးရောင်အောက်မှာထိုင်နေတဲ့ အသက်၃၀ ကျော်လောက်သာရှိအုန်းမယ့် အမျိုးသမီးတစ်ယောက်။
ထိုအမျိုးသမီးရှေ့ သွားရပ်ကာစကားပြောဖို့ ပါးစပ်ဟယုံရှိသေး အမိန့်မဆန်သောလေသံနှင့်ပြောလာတဲ့ သူမ။
"ထိုင်"
ရှောင်းကျန့် သူနှင့်မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။
"မကြောက်နဲ့ ငါရှိတယ် သူမင်းကိုဘာမှမလုပ်ပြီး ပြောစရာရှိတာပြောပြီးတာနဲ့ထွက်သွားလိမ့်မယ်"
"ဟမ်...ဘာ...."
ရှောင်းကျန့် စကားမဆုံးသေးခင် သူ့နောက်ကျောကထွက်လာတဲ့ အသံကြောင့် တစ်ကိုယ်လုံးတောင့်တင်းသွားသည်။
သံကြိုးကိုတရွတ်တိုက် ဆွဲလာအသံမျိုးဖြစ်ပြီး အသက်ရှုသံခပ်ပြင်းပြင်းကလည်း ကြမ်းပြင်နှင့်သံကြိုးပွတ်တိုက်သံတွေကြားကနေ ပြတ်သားစွာကြားနေရသည်။
အသံက သူ့နောက်ကျောတည့်တည့်မှာရပ်သွားတာကြောင့် ရှောင်းကျန့်ထပြေးချင်ပေမယ့် သူ့လက်ကိုလာကိုင်တဲ့ အေးစက်တဲ့လက်တွေကြောင့် ရှောင်းကျန့်မျက်လုံးစုံမှိတ်မိလိုက်သည်။
အသံခပ်သဲ့သဲ့ကသူ့နားနားလေးကို ကပ်ကာ တိုးတိုးလေးပြောလာတာကြောင့် ရှောင်းကျန့် ကြောက်စိတ်ကိုဖျောက်ကာ သေချာနားထောင်ပြီးမှတ်ထားလိုက်သည်။
စကားသံအဆုံး တိတ်ဆိတ်သွားတဲ့လေထုကြောင့် ရှောင်းကျန့်မျက်လုံးပြန်ဖွင့်ကြည့်လိုက်တော့ အခန်းထဲမှာမီးလင်းထိန်နေသည်။
"သူပြောသွားတာ မှတ်ထားတယ်မလား"
"ဟုတ်"
"သူတောင်းဆိုတဲ့ကိစ္စပြီးရင် သူထပ်ပြီးနှောင့်ယှက်တော့မှာမဟုတ်ဘူး။ သူတောင်းဆိုတာကိုဖြည့်ဆည်းပေးရင် မင်းအတွက် အကျိုးအမြတ်ရှိလာမယ်မလား"
"အင်း ဟုတ်တယ်"
"ကိစ္စပြီးပြီဆိုတော့ မင်းသွားလို့ရပြီ"
ရှောင်းကျန့် ထိုင်ခုံပေါ်ကထပြီး နတ်ဆရာမကိုခေါင်းငုံနှုတ်ဆက်ကာ ထွက်သွားဖို့ပြင်တော့ ပြောလာတဲ့စကားကြောင့် ခြေလှမ်းတွေရပ်သွားရသည်။
" ရှောင်းကျန့် မင်းဒီလမ်းကိုဆက်လျှောက်မယ်ဆိုရင် အရှေ့မှာမင်းကိုစိုးရိမ်ပြီးစောင့်နေတဲ့ ကောင်လေးနဲ့မပတ်သတ်မိအောင်နေပါ။ မဟုတ်ရင် မင်းတို့အဆုံးသတ်က ..... "
"ကျွန်တော်သိတယ်။"
🍀           🍀           🍀
ဖတ်ပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်💕💖💗
အရှည်ကြီးရေးပေးထားတယ်နော်။
ဒီficက secretဆိုတဲ့အတိုင်း လျို့ဝှက်ချက်တွေများအောင်စဥ်းစားထားပေမယ့် ကိုယ်လို plotသေချာ မချတက်တဲ့သူကြောင့် ဖတ်ရတာအဆင်မပြေရင် တောင်းပန်ပါတယ်နော်။
ဒါဒါတို့က vote&commentများများပေးလေ ကိုယ်ကစာရေးရတာအားရှိလေမလို့ commentမပေးချင်ရင်တောင် voteလေးတစ်ချက်နှိပ်သွားယုံတင်ကျေနပ်ပါပြီရှင့်။
Zawgyi
"အင်း"
"ဟုတ်ကဲ့ပါဘိုးဘိုး"
"ခုဏက ဘာလို့ရီတာလဲ"
"အင်း"
"ငါ့အိမ်"
"အင်း သွားမယ်လေ"
"လှတယ်မလား"
"အင်း"
----------------
" ကျန့်ကော..."
"လိမ္မာတယ်။ ငါဘာမှမဖြစ်စေရဘူး"
"ထိုင်"
"ဟမ်...ဘာ...."
"ဟုတ်"
"အင်း ဟုတ်တယ်"
"ကျွန်တော်သိတယ်။"
🍀           🍀           🍀
Continue Reading
You'll Also Like
296K 21.4K 52
๐Ÿ๐Ÿแ€แ€„แ€บแ€—แ€ปแ€ฌแ€ธแ€€ Black Hole แ€•แ€ฒแ‹ แ€€แ€ปแ€”แ€ฑแ€ฌแ€บ แ€กแ€ฒแ€’แ€ฎแ€ทแ€™แ€พแ€ฌแ€‘แ€ฌแ€ธแ€™แ€ญแ€žแ€™แ€ปแ€พ แ€˜แ€ฌแ€แ€…แ€บแ€แ€ฏแ€™แ€พ แ€•แ€ผแ€”แ€บแ€šแ€ฐแ€œแ€ญแ€ฏแ€ท แ€™แ€›แ€แ€ฑแ€ฌแ€ทแ€˜แ€ฐแ€ธแ‹ #Wangyibo๐Ÿ’š ๐Ÿ๐Ÿ............?? #XiaoZh...
619K 14K 41
In wich a one night stand turns out to be a lot more than that.
12.8K 1.5K 28
แ€กแ€ฌแ€ธแ€œแ€ฏแ€ถแ€ธแ€•แ€ฒ Repunzal movie (Barbie version)แ€œแ€ฑแ€ธแ€€แ€ญแ€ฏ แ€žแ€ญแ€€แ€ผแ€™แ€šแ€บแ€‘แ€„แ€บแ€•แ€ซแ€แ€šแ€บแ‹Repunzal แ€Ÿแ€ฌ แ€žแ€ฐแ€™แ€†แ€ฝแ€ฒแ€œแ€ญแ€ฏแ€€แ€บแ€แ€ฒแ€ท แ€™แ€พแ€ฑแ€ฌแ€บแ€แ€„แ€บแ€•แ€”แ€บแ€ธแ€แ€ปแ€ฎแ€€แ€ฌแ€ธแ€œแ€ฑแ€ธแ€€แ€ผแ€ฑแ€ฌแ€„แ€ทแ€บ แ€•แ€ญแ€แ€บแ€œแ€พแ€ฑแ€ฌแ€„แ€บแ€แ€ถแ€‘แ€ฌแ€ธแ€›แ€แ€ฒแ€ทแ€žแ€ฐแ€™แ€›แ€ฒแ€ทแ€˜แ€แ€€แ€”...
684K 33.8K 24
โ†ณ โ [ ILLUSION ] โž โ” yandere hazbin hotel x fem! reader โ” yandere helluva boss x fem! reader โ”• ๐ˆ๐ง ๐ฐ๐ก๐ข๐œ๐ก, a powerful d...