SECRET ( Completed)

By Tulip_loon

255K 20.2K 340

yizhanโค Wang Yibo & Xiao Zhan ๐Ÿ€๐ŸŒทโค Unicode/ Zawgyi More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
New Year
Part 12
Part 13
Part 14
part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
part 31
part 32
Part 33
Part 34
Ending
แ€€แ€ปแ€ฑแ€ธแ€‡แ€ฐแ€ธแ€แ€„แ€บแ€œแ€ฝแ€พแ€ฌ
Season-2
โ‰๏ธ

Part 15

5.9K 542 8
By Tulip_loon

Unicode

"ရိပေါ် မင်းဘယ်လိုလုပ်ဖို့စဥ်းစားထားလဲ''

"ကျွန်တော်စဥ်းစားထားတာက ကျောင်းသားတွေအားလုံးကို အဲ့အဆောင်မှာမနေခိုင်းဖို့ဘဲ"

"အဲ့လိုလုပ်လို့မရဘူးလေရိပေါ် မင်းပါး ငါ့ဦးလေးက ကျောင်းသားကျောင်းသူတွေအတွက် ဘယ်လောက်တောင် ကုန်ကျစရိတ်များစွာပြင်ဆင်ထားလည်း။ နောက်ပြီး ဦးလေးကဒီအဆောင်ကိုသေချာ သူကိုယ်တိုင်ဒီဇိုင်းဆွဲပြီး ပြင်ဆင်ထားတာလေ"

"အဲ့ဆို ကလေးတွေကို အဲ့အဆောင်မှာနေခိုင်းရမှာလား"

Hai kuan ဒေါသထွက်နေတဲ့ရိပေါ်ကိုချော့ပြောဖို့ဆုံးဖြတ်လိုက်သည်။
ဒီကလေးဒေါသထွက်ရင် ဘယ်လောက်ကြောက်စရာကောင်းလည်းဆိုတာသူကိုယ်တိုင်အသိဆုံးမလို့ ချော့ပြောတဲ့နည်းလမ်းကိုသာ hai kuanရွေးချယ်လိုက်သည်။

"ရိပေါ် ဒေါသမထွက်ရဘူး အရင်ဆုံးစိတ်ကိုလျှော့ချလိုက် ကောစဥ်းစားထားတဲ့ နည်းလမ်းကိုနားထောင်ပေး။ကောပြောပြတဲ့အစီအစဥ်ကိုမှမကြိုက်ဘူးဆိုရင် ရိပေါ်ဖြစ်စေချင်တဲ့အတိုင်းလုပ်ပေးမယ် ဟုတ်ပြီလား"

"အင်း"

ငယ်ငယ်ကတည်းက ညီအစ်ကိုနှစ်ယောက်တည်းရှိကြတာမလို့ တစ်ယောက်နှင့်တစ်ယောက်ခင်တွယ်ကြသလို hai kuanကအသက်ပိုကြီးပေမယ့်လည်း သူငယ်ချင်းပေါင်းပေါင်းတာကြောင့် တစ်ခါတစ်လေမှသာကောလို့ခေါ်ပြီး ကျန်တဲ့အချိန်ဆို သူငယ်ချင်းတွေလို နာမည်သာခေါ်ကြသည်။
ဘယ်လောက်ဘဲဝမ်းကွဲအကိုဖြစ်နေပါစေ ရိပေါ်အတွက်ကတော့ haikuanက သူ့ကိုနားလည်စောင့်ရှောက်ပေးတဲ့အကိုတစ်ယောက်ဖြစ်တာကြောင့် စကားနားထောင်ဖို့ဆုံးဖြတ်လိုက်သည်။

"ကော လူတစ်ချို့ကိုအကူအညီတောင်းပြီးစုံစမ်းထားတယ် ဟုန်စဲ့မြို့မှာ နာမည်ကြီးတဲ့နတ်ဆရာမတစ်ယောက်ရှိတယ် သူကသရဲ၊တစ္ဆေတွေကိုနှင်ထုတ်နိုင်တဲ့အထိအစွမ်းရှိတယ်လို့ပြောကြတယ်။ကောက သူ့ကိုဒီခေါ်ပြီး အဆောင်ကကိစ္စကိုဖြေရှင်းခိုင်းမလို့။"

"ကော တကယ်ကြီးလား မဖြစ်နိုင်တာဗျာ"

"ကောကနတ်ဆရာမတွေကိုမယုံပေမယ့် အခုကိစ္စကကောတို့ကိုယ်တိုင်မဖြေရှင်းနိုင်ဘူးရိပေါ်။ သူကတကယ်လုပ်နိုင်လား မလုပ်နိုင်လားမသိပေမယ့် ကောတို့ကြိုးစားကြည့်ရမှာဘဲ"

"တကယ်ဆို ဒီကိစ္စတွေက ကျွန်တော်တို့နှင့်မဆိုင်ဘူး ဒီကျောင်းကိုပိုင်တဲ့ကျွန်တော့်ပါးကသာ ဒီကိစ္စတွေကိုရှေ့ထွက်ဖြေရှင်းရမှာ အခုတော့ဗျာ"

ရိပေါ် ပါးကိုတကယ်စိတ်တိုတယ် ကျောင်းကလည်းရိပေါ်တစ်ဝက်ပိုင်တယ်ဆိုပြီး ရိပေါ်ကို ဖြေရှင်းခိုင်းကာ နိုင်ငံခြားထွက်သွားတဲ့ပါးကို ရိပေါ်ဘယ်လိုနားလည်ရမလဲ။

"ရိပေါ် ဦးလေးကအလုပ်ကိစ္စအရေးကြီးလို့ နိုင်ငံခြားကိုအမြန်သွားရတာလေ။ဦးလေးတင်မဟုတ်ဘူး ကောရဲ့ပါးပါးကပါ ဦးလေးနှင့်အတူနိုင်ငံခြားလိုက်သွားရတာ။
ဒီမှာ ဖြေရှင်းနိုင်တဲ့သူဘယ်သူမှမရှိဘူးရိပေါ် အဲ့တော့ ဦးလေးအပေါ်အရင်ဆုံးဒေါသထွက်နေတာကိုလျှော့လိုက်ပြီး ကောပြောတဲ့ကိစ္စကိုပဲစဥ်းစား"

"အင်း ကျွန်တော်သိပါတယ် ကောအဆင်ပြေမယ်ထင်တာကိုပဲ ကောလုပ်လိုက်ပါ"

"အဲ့ဆိုရပြီ ကောစီစဥ်လိုက်မယ် သုံးလေးရက်လောက်ကျောင်းတက်ဖြစ်မှာမဟုတ်ဘူး အဲ့ဒီရက်တွေအတွင်း အဆောင်ကအငယ်တန်းလေးတွေကိုသေချာဂရုစိုက်ပေးရိပေါ်"

"ဟုတ်"

ရိပေါ် hai kuanနှင့်တိုင်ပင်စရာရှိတာတွေတိုင်ပင်၊စီစဥ်စရာရှိတာတွေစီစဥ်ပြီး အတန်းထဲလာခဲ့သည်။
အတန်းရောက်တော့ ရှောင်းကျန့်က ကွမ်းရှမ်းနှင့်ပြုံးရွှင်စွာ စကားပြောနေတာကြောင့် ရိပေါ်ရဲ့နဂိုကတည်းကဒေါသထွက်နေတဲ့စိတ်တွေပြေပျောက်ခါစက မီးတောင်ပေါက်ကွဲသလိုအရှိန်အဟုန်ပြင်းစွာနှင့် ဒေါသထွက်လာပြန်သည်။

ရိပေါ်ရဲ့အေးဆက်ခက်ထန်နေတဲ့မျက်နှာနှင့် ဒေါသထွက်နေတဲ့အရိပ်အငွေ့တွေ တွေ့လိုက်ရတဲ့ အတန်းထဲရှိလူများ၏စကားပြောသံတွေကလည်း တဖြည်းဖြည်းတိုးလာကာ နောက်ဆုံးလုံးဝတိတ်ဆိတ်သွားသည်။
အားလုံးတိတ်ဆိတ်သွားပြီဆိုမှ ရိပေါ်လည်းအရှေ့မှာရပ်ကာ ပြောစရာရှိတာပြောလိုက်သည်။

" ကျောင်းသားအားလုံး ဒီနေ့ကစပြီးရက်တချို့အထိ မနေ့ညကနေခဲ့တဲ့ hotelမှာဘဲနေရမယ်။ ကျောင်းဆင်းတာနဲ့အပြင်မှာ လာကြိုတဲ့ကားတွေစောင့်နေလိမ့်မယ်။
ဘယ်သူမှအပြင်လျှောက်မသွားရဘူး။ အပြင်လျှောက်သွားနဲ့ ကျောင်းထုတ်မယ်။ စည်းကမ်းချက်အချို့လည်း ချထားတယ် သေချာလိုက်နာပါ။ မင်းတို့အတွက်ပြောနေတာမလို့ မလိုက်နာရင် မင်းတို့အပြစ်မင်းတို့ခံရမယ်။"

ရိပေါ်ပြောပြီးတာနှင့် ကိုယ့်နေရာမှာပြန်ထိုင်လိုက်သည်။
ရိပေါ်စကားပြောပြီးလို့ ကိုယ့်နေရာမှာထိုင်တာ အတော်ကြာတဲ့အထိအောင် ရှောင်းကျန့်နှင့်ကွမ်းရှန်းကစကားပြောလို့မပြီးသေးပေ။
ရီမောပြီးအတော်ကြာတဲ့အထိဘာတွေပြောနေကြမှန်းမသိ ဆရာအတန်းထဲဝင်လာမှ ရှောင်းကျန့်ကကိုယ့်နေရာကိုယ်ပြန်လာထိုင်သည်။

-------------

"ရိပေါ် ငါနဲ့အတူတူနေ့လည်စာလာစားပါလား"

စာသင်ချိန်ပြီးသွားလို့ နေ့လည်နားချိန်ကြ စကားလာပြောတဲ့ရှောင်းကျန့်ကို ရိပေါ်မသိချင်ယောင်ဆောင်ကာ အတန်းပြင်ကိုအရင်ဆုံးထွက်သွားလိုက်သည်။

"ကျန့်ကျန့် ဘာတွေဆူပုတ်နေတာလဲ"

ချူလင်း ဆူပုတ်နေတဲ့ရှောင်းကျန့်မျက်နှာလေးမြင်တော့ စပ်စုချင်စိတ်ကမနေနိုင်တာကြောင့် သွားမေးလိုက်သည်။

"ရိပေါ်လေ ငါစကားပြောနေတာကို ဘာမှမပြောဘဲထထွက်သွားတယ်"

ရှောင်းကျန့် စကားအဆုံး ချူလင်းရဲ့မျက်နှာက တဖြေးဖြေးပြုံးလာကာ နောက်ဆုံးသွားကြီးစိကာ တဟီးဟီးထရီတော့သည်။

"ဟီးဟီး ငါထင်တာတော့မှန်ပြီ ကျန့်ကျန့်လေး စိတ်ချမ်းသာအောင် ဟောဒီကမမချူလင်းက အမြန်ဆုံးအကောင်အထည်ဖော်ပေးမယ်နော်။ မကြာခင်ငါ့အကျိုးဆောင်မှုနဲ့ အဆင်ပြေတော့မယ် အတွဲလေးကိုတွေ့ရတော့မှာပေါ့"

နားမလည်နိုင်တဲ့စကားတွေပြောပြီး တဟီးဟီးရီနေတာက ရပ်မယ့်ပုံမရှိသည့်အတွက် ရှောင်းကျန့်က မုချင်နှင့်ကွမ်းရှန်းကိုခေါ်ကာ အပြင်ထွက်လာခဲ့သည်။
စားသောက်ဆိုင်ရောက်တော့ ရှောင်းကျန့် ရိပေါ်ကိုလိုက်ရှာပေမယ့် မတွေ့။
ကျောင်းတက်ခါနီးလောက်မှ အတန်းထဲဝင်လာတဲ့ရိပေါ်ကို ဘယ်သွားနေတာလဲမေးမလို့ရှိသေး နားကြပ်ကောက်တပ်ကာ မျက်စိမှိတ်လိုက်တဲ့ရိပေါ်ကြောင့် ရှောင်းကျန့် ခံစားချက်ကြီးမကောင်းတော့ပါ။

"ရိပေါ် အတူတူပြန်မှာမလား"

"လာကြိုတဲ့ကားနဲ့လိုက်သွား"

လျစ်လျူရှုခံရတဲ့ခံစားချက်ကြီးက လုံးဝမကောင်းတာကြောင့် ရိပေါ်ကိုအရဲစွန့်ကာစကားပြောလိုက်ပေမယ့် မနေ့တုန်းက ဖော်ရွေခဲ့တဲ့သူက ရိပေါ်မဟုတ်တော့သလို။
ပြောင်းလဲသွားတဲ့ပုံစံကို ကြည့်ပြီး ဘာလို့ငါ့ကိုလျစ်လျူရှုနေတာလည်းလို့ ရိပေါ်ကိုမေးလိုက်ချင်ပေမယ့် ကိုယ်နှင့်သူကမနေ့တုန်းကမှစခင်တဲ့ မိတ်ဆွေလား၊သူငယ်ချင်းလားမှမသိတာ။
ဒါမှမဟုတ်မှ သူကရိပေါ်အတွက် တစ်ရက်တာသူငယ်ချင်းများလား။

🍀         🍀           🍀

5.1.2021

🌷Loon

ဖတ်ပေးတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်😘😘😘

Zawgyi

"ရိေပၚ မင္းဘယ္လိုလုပ္ဖို႔စဥ္းစားထားလဲ''

"ကြၽန္ေတာ္စဥ္းစားထားတာက ေက်ာင္းသားေတြအားလုံးကို အဲ့အေဆာင္မွာမေနခိုင္းဖို႔ဘဲ"

"အဲ့လိုလုပ္လို႔မရဘူးေလရိေပၚ မင္းပါး ငါ့ဦးေလးက ေက်ာင္းသားေက်ာင္းသူေတြအတြက္ ဘယ္ေလာက္ေတာင္ ကုန္က်စရိတ္မ်ားစြာျပင္ဆင္ထားလည္း။ ေနာက္ၿပီး ဦးေလးကဒီအေဆာင္ကိုေသခ်ာ သူကိုယ္တိုင္ဒီဇိုင္းဆြဲၿပီး ျပင္ဆင္ထားတာေလ"

"အဲ့ဆို ကေလးေတြကို အဲ့အေဆာင္မွာေနခိုင္းရမွာလား"

Hai kuan ေဒါသထြက္ေနတဲ့ရိေပၚကိုေခ်ာ့ေျပာဖို႔ဆုံးျဖတ္လိုက္သည္။
ဒီကေလးေဒါသထြက္ရင္ ဘယ္ေလာက္ေၾကာက္စရာေကာင္းလည္းဆိုတာသူကိုယ္တိုင္အသိဆုံးမလို႔ ေခ်ာ့ေျပာတဲ့နည္းလမ္းကိုသာ hai kuanေ႐ြးခ်ယ္လိုက္သည္။

"ရိေပၚ ေဒါသမထြက္ရဘူး အရင္ဆုံးစိတ္ကိုေလွ်ာ့ခ်လိဳက္ ေကာစဥ္းစားထားတဲ့ နည္းလမ္းကိုနားေထာင္ေပး။ေကာေျပာျပတဲ့အစီအစဥ္ကိုမွမႀကိဳက္ဘူးဆိုရင္ ရိေပၚျဖစ္ေစခ်င္တဲ့အတိုင္းလုပ္ေပးမယ္ ဟုတ္ၿပီလား"

"အင္း"

ငယ္ငယ္ကတည္းက ညီအစ္ကိုႏွစ္ေယာက္တည္းရွိၾကတာမလို႔ တစ္ေယာက္ႏွင့္တစ္ေယာက္ခင္တြယ္ၾကသလို hai kuanကအသက္ပိုႀကီးေပမယ့္လည္း သူငယ္ခ်င္းေပါင္းေပါင္းတာေၾကာင့္ တစ္ခါတစ္ေလမွသာေကာလို႔ေခၚၿပီး က်န္တဲ့အခ်ိန္ဆို သူငယ္ခ်င္းေတြလို နာမည္သာေခၚၾကသည္။
ဘယ္ေလာက္ဘဲဝမ္းကြဲအကိုျဖစ္ေနပါေစ ရိေပၚအတြက္ကေတာ့ haikuanက သူ႕ကိုနားလည္ေစာင့္ေရွာက္ေပးတဲ့အကိုတစ္ေယာက္ျဖစ္တာေၾကာင့္ စကားနားေထာင္ဖို႔ဆုံးျဖတ္လိုက္သည္။

"ေကာ လူတစ္ခ်ိဳ႕ကိုအကူအညီေတာင္းၿပီးစုံစမ္းထားတယ္ ဟုန္စဲ့ၿမိဳ႕မွာ နာမည္ႀကီးတဲ့နတ္ဆရာမတစ္ေယာက္ရွိတယ္ သူကသရဲ၊တေစၦေတြကိုႏွင္ထုတ္နိုင္တဲ့အထိအစြမ္းရွိတယ္လို႔ေျပာၾကတယ္။ေကာက သူ႕ကိုဒီေခၚၿပီး အေဆာင္ကကိစၥကိုေျဖရွင္းခိုင္းမလို႔။"

"ေကာ တကယ္ႀကီးလား မျဖစ္နိုင္တာဗ်ာ"

"ေကာကနတ္ဆရာမေတြကိုမယုံေပမယ့္ အခုကိစၥကေကာတို႔ကိုယ္တိုင္မေျဖရွင္းနိုင္ဘူးရိေပၚ။ သူကတကယ္လုပ္နိုင္လား မလုပ္နိုင္လားမသိေပမယ့္ ေကာတို႔ႀကိဳးစားၾကည့္ရမွာဘဲ"

"တကယ္ဆို ဒီကိစၥေတြက ကြၽန္ေတာ္တို႔ႏွင့္မဆိုင္ဘူး ဒီေက်ာင္းကိုပိုင္တဲ့ကြၽန္ေတာ့္ပါးကသာ ဒီကိစၥေတြကိုေရွ႕ထြက္ေျဖရွင္းရမွာ အခုေတာ့ဗ်ာ"

ရိေပၚ ပါးကိုတကယ္စိတ္တိုတယ္ ေက်ာင္းကလည္းရိေပၚတစ္ဝက္ပိုင္တယ္ဆိုၿပီး ရိေပၚကို ေျဖရွင္းခိုင္းကာ နိုင္ငံျခားထြက္သြားတဲ့ပါးကို ရိေပၚဘယ္လိုနားလည္ရမလဲ။

"ရိေပၚ ဦးေလးကအလုပ္ကိစၥအေရးႀကီးလို႔ နိုင္ငံျခားကိုအျမန္သြားရတာေလ။ဦးေလးတင္မဟုတ္ဘူး ေကာရဲ႕ပါးပါးကပါ ဦးေလးႏွင့္အတူနိုင္ငံျခားလိုက္သြားရတာ။
ဒီမွာ ေျဖရွင္းနိုင္တဲ့သူဘယ္သူမွမရွိဘူးရိေပၚ အဲ့ေတာ့ ဦးေလးအေပၚအရင္ဆုံးေဒါသထြက္ေနတာကိုေလွ်ာ့လိုက္ၿပီး ေကာေျပာတဲ့ကိစၥကိုပဲစဥ္းစား"

"အင္း ကြၽန္ေတာ္သိပါတယ္ ေကာအဆင္ေျပမယ္ထင္တာကိုပဲ ေကာလုပ္လိုက္ပါ"

"အဲ့ဆိုရၿပီ ေကာစီစဥ္လိုက္မယ္ သုံးေလးရက္ေလာက္ေက်ာင္းတက္ျဖစ္မွာမဟုတ္ဘူး အဲ့ဒီရက္ေတြအတြင္း အေဆာင္ကအငယ္တန္းေလးေတြကိုေသခ်ာဂ႐ုစိုက္ေပးရိေပၚ"

"ဟုတ္"

ရိေပၚ hai kuanႏွင့္တိုင္ပင္စရာရွိတာေတြတိုင္ပင္၊စီစဥ္စရာရွိတာေတြစီစဥ္ၿပီး အတန္းထဲလာခဲ့သည္။
အတန္းေရာက္ေတာ့ ေရွာင္းက်န့္က ကြမ္းရွမ္းႏွင့္ၿပဳံး႐ႊင္စြာ စကားေျပာေနတာေၾကာင့္ ရိေပၚရဲ႕နဂိုကတည္းကေဒါသထြက္ေနတဲ့စိတ္ေတြေျပေပ်ာက္ခါစက မီးေတာင္ေပါက္ကြဲသလိုအရွိန္အဟုန္ျပင္းစြာႏွင့္ ေဒါသထြက္လာျပန္သည္။

ရိေပၚရဲ႕ေအးဆက္ခက္ထန္ေနတဲ့မ်က္ႏွာႏွင့္ ေဒါသထြက္ေနတဲ့အရိပ္အေငြ႕ေတြ ေတြ႕လိုက္ရတဲ့ အတန္းထဲရွိလူမ်ား၏စကားေျပာသံေတြကလည္း တျဖည္းျဖည္းတိုးလာကာ ေနာက္ဆုံးလုံးဝတိတ္ဆိတ္သြားသည္။
အားလုံးတိတ္ဆိတ္သြားၿပီဆိုမွ ရိေပၚလည္းအေရွ႕မွာရပ္ကာ ေျပာစရာရွိတာေျပာလိုက္သည္။

" ေက်ာင္းသားအားလုံး ဒီေန႕ကစၿပီးရက္တခ်ိဳ႕အထိ မေန႕ညကေနခဲ့တဲ့ hotelမွာဘဲေနရမယ္။ ေက်ာင္းဆင္းတာနဲ႕အျပင္မွာ လာႀကိဳတဲ့ကားေတြေစာင့္ေနလိမ့္မယ္။
ဘယ္သူမွအျပင္ေလွ်ာက္မသြားရဘူး။ အျပင္ေလွ်ာက္သြားနဲ႕ ေက်ာင္းထုတ္မယ္။ စည္းကမ္းခ်က္အခ်ိဳ႕လည္း ခ်ထားတယ္ ေသခ်ာလိုက္နာပါ။ မင္းတို႔အတြက္ေျပာေနတာမလို႔ မလိုက္နာရင္ မင္းတို႔အျပစ္မင္းတို႔ခံရမယ္။"

ရိေပၚေျပာၿပီးတာႏွင့္ ကိုယ့္ေနရာမွာျပန္ထိုင္လိုက္သည္။
ရိေပၚစကားေျပာၿပီးလို႔ ကိုယ့္ေနရာမွာထိုင္တာ အေတာ္ၾကာတဲ့အထိေအာင္ ေရွာင္းက်န့္ႏွင့္ကြမ္းရွန္းကစကားေျပာလို႔မၿပီးေသးေပ။
ရီေမာၿပီးအေတာ္ၾကာတဲ့အထိဘာေတြေျပာေနၾကမွန္းမသိ ဆရာအတန္းထဲဝင္လာမွ ေရွာင္းက်န့္ကကိုယ့္ေနရာကိုယ္ျပန္လာထိုင္သည္။

-------------

"ရိေပၚ ငါနဲ႕အတူတူေန႕လည္စာလာစားပါလား"

စာသင္ခ်ိန္ၿပီးသြားလို႔ ေန႕လည္နားခ်ိန္ၾက စကားလာေျပာတဲ့ေရွာင္းက်န့္ကို ရိေပၚမသိခ်င္ေယာင္ေဆာင္ကာ အတန္းျပင္ကိုအရင္ဆုံးထြက္သြားလိုက္သည္။

"က်န့္က်န့္ ဘာေတြဆူပုတ္ေနတာလဲ"

ခ်ဴလင္း ဆူပုတ္ေနတဲ့ေရွာင္းက်န့္မ်က္ႏွာေလးျမင္ေတာ့ စပ္စုခ်င္စိတ္ကမေနနိုင္တာေၾကာင့္ သြားေမးလိုက္သည္။

"ရိေပၚေလ ငါစကားေျပာေနတာကို ဘာမွမေျပာဘဲထထြက္သြားတယ္"

ေရွာင္းက်န့္ စကားအဆုံး ခ်ဴလင္းရဲ႕မ်က္ႏွာက တေျဖးေျဖးၿပဳံးလာကာ ေနာက္ဆုံးသြားႀကီးစိကာ တဟီးဟီးထရီေတာ့သည္။

"ဟီးဟီး ငါထင္တာေတာ့မွန္ၿပီ က်န့္က်န့္ေလး စိတ္ခ်မ္းသာေအာင္ ေဟာဒီကမမခ်ဴလင္းက အျမန္ဆုံးအေကာင္အထည္ေဖာ္ေပးမယ္ေနာ္။ မၾကာခင္ငါ့အက်ိဳးေဆာင္မႈနဲ႕ အဆင္ေျပေတာ့မယ္ အတြဲေလးကိုေတြ႕ရေတာ့မွာေပါ့"

နားမလည္နိုင္တဲ့စကားေတြေျပာၿပီး တဟီးဟီးရီေနတာက ရပ္မယ့္ပုံမရွိသည့္အတြက္ ေရွာင္းက်န့္က မုခ်င္ႏွင့္ကြမ္းရွန္းကိုေခၚကာ အျပင္ထြက္လာခဲ့သည္။
စားေသာက္ဆိုင္ေရာက္ေတာ့ ေရွာင္းက်န့္ ရိေပၚကိုလိုက္ရွာေပမယ့္ မေတြ႕။
ေက်ာင္းတက္ခါနီးေလာက္မွ အတန္းထဲဝင္လာတဲ့ရိေပၚကို ဘယ္သြားေနတာလဲေမးမလို႔ရွိေသး နားၾကပ္ေကာက္တပ္ကာ မ်က္စိမွိတ္လိုက္တဲ့ရိေပၚေၾကာင့္ ေရွာင္းက်န့္ ခံစားခ်က္ႀကီးမေကာင္းေတာ့ပါ။

"ရိေပၚ အတူတူျပန္မွာမလား"

"လာႀကိဳတဲ့ကားနဲ႕လိုက္သြား"

လ်စ္လ်ဴရႈခံရတဲ့ခံစားခ်က္ႀကီးက လုံးဝမေကာင္းတာေၾကာင့္ ရိေပၚကိုအရဲစြန့္ကာစကားေျပာလိုက္ေပမယ့္ မေန႕တုန္းက ေဖာ္ေ႐ြခဲ့တဲ့သူက ရိေပၚမဟုတ္ေတာ့သလို။
ေျပာင္းလဲသြားတဲ့ပုံစံကို ၾကည့္ၿပီး ဘာလို႔ငါ့ကိုလ်စ္လ်ဴရႈေနတာလည္းလို႔ ရိေပၚကိုေမးလိုက္ခ်င္ေပမယ့္ ကိုယ္ႏွင့္သူကမေန႕တုန္းကမွစခင္တဲ့ မိတ္ေဆြလား၊သူငယ္ခ်င္းလားမွမသိတာ။
ဒါမွမဟုတ္မွ သူကရိေပၚအတြက္ တစ္ရက္တာသူငယ္ခ်င္းမ်ားလား။

🍀         🍀           🍀

5.1.2021

🌷Loon

ဖတ္ေပးတဲ့သူေတြအားလုံးကိုေက်းဇူးတင္ပါတယ္😘😘😘

Continue Reading

You'll Also Like

4.2K 391 9
- ๐™ž ๐™ฌ๐™–๐™ฃ๐™ฉ ๐™ฎ๐™ค๐™ช ๐™ฉ๐™ค ๐™ก๐™ค๐™ซ๐™š ๐™ข๐™š ๐™ฉ๐™๐™š ๐™ฌ๐™–๐™ฎ ๐™ž ๐™ก๐™ค๐™ซ๐™š ๐™ฎ๐™ค๐™ช.
129K 6.8K 17
YiZhan แ€กแ€แ€ฝแ€ฒแ€œแ€ฑแ€ธแ€€แ€ญแ€ฏ แ€กแ€›แ€™แ€บแ€ธแ€แ€ปแ€…แ€บแ€œแ€ญแ€ฏแ€ท Fan Fictionแ€œแ€ฑแ€ธ แ€›แ€ฑแ€ธแ€แ€ปแ€„แ€บแ€œแ€ฌแ€œแ€ญแ€ฏแ€ทแ€•แ€ซ
1.1M 45.3K 52
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
598K 13.4K 40
In wich a one night stand turns out to be a lot more than that.