ဗီလိန်ရဲ့ လမ်းပြကြယ်

By CrystalKyi

780K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... More

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၃)

7.1K 1K 15
By CrystalKyi

Unicode
ကျောင်းအရှေ့မှာ ရပ်နေရင်း ချောင်လန် နည်းနည်း ရူးကြောင်ကြောင်ဖြစ်လာတယ်လို့ ခံစားရတယ်။

အခုအချိန်က ကျောင်းပြီးလို့ အိမ်ပြန်ရမယ့်အချိန်ပဲ။ ဒါပေမဲ့ စာအုပ်ထဲမှာ ချောင်လန်ရဲ့အိမ်က ဘယ်နားမှာလဲဆိုတာ ပြောမထားဘူး။

အကြာကြီးစဥ်းစားနေပြီးတော့မှ ချောင်လန်ရဲ့ မိဘတွေက ကျောင်းအရှေ့မှာ စားသောက်ဆိုင်သေးသေးလေး တစ်ခု ဖွင့်ထားတယ်ဆိုတာ သူမ သတိရလိုက်တယ်။

ချောင်လန်ရဲ့ အိမ်က အခြေအနေ အကောင်းကြီးလို့တော့မဟုတ်ဘူး။ အဲ့တာကြောင့် စားသောက်ဆိုင်ရဲ့ ဆိုင်းဘုတ်ကလဲ အကြီးကြီးမဖြစ်နိုင်ဘူး။ ပြီးတော့ လာစားတဲ့ ဧည့်သည်ကလဲ ပုံမှန်လောက်ပဲ ရှိလောက်တယ်။

ချောင်လန် ကျောင်းရဲ့ မျက်နှာချင်းဆိုင်ဘက်ကို လျှောက်သွားလိုက်ပြီး စရှာတော့တယ်။ ဆိုင်အကြီးကြီးတွေကိုတော့ ပယ်လိုက်တယ်။ ဘာလို့လဲဆိုတော့ အဲ့မှာ လူအရမ်းကျနေတယ်။ မိနစ်အနည်းငယ်လောက် ကြာအောင် ရှာပြီးသွားတဲ့နောက် မှာတော့ ချောင်လန့်မိဘတွေ ပိုင်တဲ့ စားသောက်ဆိုင်သေးသေးလေးကို ရှာတွေ့သွားခဲ့တယ်။

အဲ့တာက တစ်ကယ့်ကို စားသောက်ဆိုင် သေးသေးလေးမှသေးသေးလေးပဲ။ အထဲထဲက နေရာအများစုကို စားပွဲ၄ခုက နေရာယူထားတယ်။ စားသောက်ဆိုင်ထဲမှာလဲ မီးက မှိန်မှိန်လေးပဲ ထွန်းထားတယ်။ ပြီးတော့ အထဲကို ဝင်လိုက်ပြီဆိုတာနဲ့ ဟင်းချိုမှုန့် တွေအများကြီး ထည့်ထားတဲ့ ဟင်းနံ့တွေက ထောင်းနေတာပဲ။

ချောင်လန်က တံခါးပေါက်ဝကို ရောက်ရောက်ချင်းမှာပဲ ဝတုတ်တုတ်နဲ့ ဖြူဖြူဖွေးဖွေး ဖက်တီးလေးက သူမအနောက်ကနေ ပေါ်လာပြီး တုန့်ဆိုင်းမှုမရှိဘဲ သူမကို ဘေးကိုတွန်းချပစ်လိုက်တယ်။ " နင် အပေါက်ဝမှာ ဘာရပ်လုပ်နေတာလဲ။ ဘာလဲ ပြပွဲလုပ်မလို့လား။ " သူကပြောပြီးတာနဲ့ အထဲကိုဝင်သွားတယ်။

ချောင်လန်မျက် မှောင်ကျုံ့လိုက်ပြီး အဲ့ဖက်တီးလေးရဲ့ နောက်ကျောကို ခဏလောက်စိုက်ကြည့်နေပြီးမှ သူ့နောက်ကနေ လိုက်ဝင်သွားခဲ့တယ်။

စားသောက်ဆိုင်က အိမ်ချက် ထမင်းဟင်းတွေ ရောင်းတယ်။ ပြီးတော့ ကျောင်းသားတွေကလဲ များသောအားဖြင့် ထမင်းတစ်ပွဲနဲ့ အရံဟင်းနှစ်မျိုးလောက်ကို မှာကြတယ် ကျောင်းကန်တင်းမှာလိုပေါ့။ ကျောင်းကအခုမှ ဆင်းတာဆိုတော့ ဆိုင်သေးသေးလေးထဲမှာ ကျောင်းသားတွေအများကြီးရှိနေတယ်။

အဖေချောင်က ချက်ပြုတ်တဲ့နေရာမှာတာဝန်ယူပြီးတော့ အမေချောင်ကတော့ စားပွဲထိုးတာဝန်ယူထားတယ်။ ချောင်လန်က ချောင်ယွမ်နောက်ကို လိုက်လာပြီး အနောက်ဘက်မီးဖိုချောင်ထိ လိုက်လာတယ်။ ချက်ပြုတ်နေတဲ့ အဖေချောင်က သူ့သားလေးရဲ့ ဝဖြိုးနေတဲ့ မျက်နှာလေးကို မြင်လိုက်ရတော့ ပါးစပ်နားရွက်ချိတ်လောက်လောက်ကို ပြုံးလာတယ်။ " ယွမ်အာလေးပြန်လာပြီလား "

သူက သူ့သားလေးကို ကျောင်းမှာ ဘယ်လိုလဲ ဆိုတဲ့မေးခွန်းတွေအများကြီး မေးပြီးတဲ့နောက်မှာမှ ချောင်လန်ကို သတိထားမိတယ်။ သူမရဲ့ ဖြူဖျော့နေပြီး အာဟာရမပြည့်ဝတဲ့ မျက်နှာကိုလဲ မြင်လိုက်ရော သူ့အပြုံးတွေက ချက်ချင်းကို ပျောက်ကွယ်သွားတော့တယ်။

" နင်အဲ့မှာ ဘာရပ်လုပ်နေတာလဲ။ ဆိုင်ထဲမှာ ဒီလောက်လူတွေအများကြီးရှိနေတာ မြင်ရဲ့သားနဲ့ သွားမကူညီသေးဘူးလား။ နင့်ရဲ့ မျက်လုံး နှစ်လုံးက ငါ့ကို ပြူးပြဲကြည့်ဖို့ပဲ အသုံးဝင်တာလား။ "

ချောင်လန်က အနောက်ကို တစ်ချက်လှည့်ကြည့်လိုက်တယ်။ အခုအချိန်မှာ ဆိုင်လေးထဲမှာ ကျောင်းသား​တွေ အများကြီး ရှိနေတယ်။ သူမ စက္ကန့်အနည်းငယ်လောက် ငြိမ်သွားပြီးတော့ အပြင်ကိုထွက်လာတယ်။ သူမရဲ့ ကျောင်းလွယ်အိတ်လေးကိုချပြီး ချောင်အမေ ဟင်းပွဲတွေချပေးနေတာကို သွားကူလိုက်တယ်။

ချောင်လန်က ဒီလိုအလုပ်မျိုးကို လုံးဝမမှုပါဘူး။ သူမအရင်ဘဝတုန်းကလဲ ကျောင်းလခ တွေ စုဖို့ရာအတွက် သူမ အလုပ်ပေါင်းစုံ လုပ်ခဲ့ဖူးတယ်။

သူမ ချက်ပြီးတဲ့ ဟင်းပွဲတွေကို အရှေ့ကိုယူလာတယ်။ ပြီးတော့ ဧည့်သည်တွေစားပြီးသွားရင် ပန်းကန်ပြားတွေကို အနောက်ကို ပြန်သယ်လာတယ်။ သူမ မီးဖိုချောင်ထဲကို ပြန်ဝင်လာတော့ အဖေချောင်က ဟင်းသုံးပွဲကို မြန်မြန်ချက်ပြီး ချောင်ယွမ်ရဲ့အရှေ့မှာ ချပေးလိုက်တာကို တွေ့လိုက်တယ်။ အသားဟင်းနှစ်ပွဲနဲ့ အရွက်​ကြော်တစ်ပွဲ ။ ဟင်းပွဲတွေက သန့်ရှင်းနေတာပဲ။ ကျောင်းသားတွေကိုရောင်းတဲ့ ဆီတွေများပြီး ချွဲကျိနေတဲ့ ဟင်းပွဲတွေနဲ့စာရင် ဒီဟာတွေက အရည်အသွေးပိုကောင်းတယ်ဆိုတာ ပြောစရာတောင်မလိုဘူး။

ချောင်လန်က နေ့တိုင်းနေ့ ပိုက်ဆံတွေကို သူမအတန်းဖော်တွေအတွက် ချိုချဥ်ဝယ်တဲ့နေရာမှာ သုံးတယ်။ သူမကိုယ်တိုင်ကကျ သိပ်မစားတော့ အရမ်းကို ပိန်လှီနေတယ်။ ဟင်းပွဲတွေကိုကြည့်လိုက်ပြီး သူမရဲ့ဗိုက်က ဆာလွန်းလို့ တဂွီဂွီတောင် မြည်လာတယ်။ သူမ ပန်းကန်ပြားတွေကိုချလိုက်ပြီး စားဖို့ လက်တွေကို ဆေးလိုက်တယ်။ အဖေချောင်က သူမရဲ့ အပြုအမူတွေကို တွေ့တော့ သူမကို အထူးအဆန်းကြီးလို ကြည့်လာတယ်။ " အလုပ်လုပ်ရမယ့်အချိန်မှာ ဘာလို့ လက်ဆေးနေတာလဲ။ သွား နင့်အမေကို သွားပြီး ကူလိုက်ဦး။ " သူ့သားဘက်ကို လှည့်လိုက်တော့ သူ့မျက်လုံးထဲမှာက ချစ်ခင်ကြင်နာမှုတွေအပြည့်နဲ့ဖြစ်နေတယ်။ " သားလေး ဖြေးဖြေးစားနော်။ အဖေက ဒါတွေကိုသားအတွက် အထူး စပယ်ရှယ် ချက်ပေးထားတာ။ "

အဖေချောင်က ချောင်ယွမ်စားနေတာကို အချစ်တွေအပြည့်နဲ့ ကြည့်နေတာကို ချောင်လန် မြင်လိုက်ရတော့ သူမ မျက်လုံးက အရောင်တွေမှိန်ကုန်တယ်။ ဒီမိသားစုထဲမှာ မူလချောင်လန်ရဲ့ နေရာကို သတိရသွားပြီးတော့ သူမ ပန်းကန်တွေကို ဆေးတဲ့နေရာမှာ ပစ်ထားလိုက်ပြီး လက်ကို ထပ်ဆေးလိုက်တယ်။ ပြီးတော့ ကျောင်းလွယ်အိတ်ကို ကောက်ယူပြီး အနောက်ကို လှည့်မကြည့်ဘဲ အပြင်ကိုထွက်လာခဲ့တယ်။

အဖေချောင်နဲ့ ချောင်ယွမ်တို့က ဒါကို ချက်ချင်း မတုံ့ပြန်နိုင်ဘဲ ထွက်ခွာသွားတဲ့ သူမရဲ့ပုံရိပ်ကိုပဲ စိုက်ကြည့်နေမိတယ်။ အချိန်ခဏကြာတော့မှ အဖေချောင်က ဘာတွေဖြစ်သွားတာလဲဆိုတာကို သတိပြုမိတော့တယ်။ " နင်ဒီကို အခုချက်ချင်း ပြန်လာခဲ့စမ်း။ နင် ငါ့ကို အရှက်ခွဲမလို့လုပ်နေတာပေါ့ ဟုတ်လား။ နင်စိတ်မကြည်ဘူးဆိုတာနဲ့ နင့်အလုပ်နင် မလုပ်တော့ဘူးပေါ့။ နင်က အလုပ်လဲ မလုပ်တက်၊ စာကျတော့လဲ မလိုက်နိုင်နဲ့ တစ်ကယ့်ကို အသုံးမကျတာပဲ။ "

ချောင်လန်ကတော့ အဖေချောင်ရဲ့ အော်ဟစ်နေတာတွေကို လျစ်လျူရှုပြီး ဆက်ပြီး ထွက်သွားတယ်။

သူမ အိတ်ကပ်တွေထဲ လှန်လှောရှာကြည့်တော့ အကြွေလေးအနည်းငယ်ကိုတွေ့လိုက်ရတယ်။ အဲ့တာနဲ့ ဘေးကဆိုင်ကနေ ဈေးအပေါဆုံး ပေါင်မုန့်ကြမ်းကို ဝယ်လိုက်တယ်။ ပြီးတော့ ဟိုတယ်နဲ့ မနီးမဝေးမှာရှိနေတဲ့ ကျောက်တုံးခုံ​ပေါ်မှာ ထိုင်ပြီး chemistry စာအုပ်ကို ထုတ်ပြီး စာဖတ်ရင်း မုန့်စားနေလိုက်တယ်။

အထက်တန်းပထမနှစ် စတာ တစ်လမကျော်သေးတာကို ပြီးတော့ သင်ပြီးသားစာတွေက အများကြီးမရှိသေးတာကို ချောင်လန်က ကံကောင်းတယ်လို့တွေးလိုက်တယ်။ သူမ ပြန်လေ့လာစရာတွေက အများကြီးရှိနေပေမဲ့လို့ သူမ မြန်မြန်လိုက်မှီနိုင်ပါတယ်။

ချောင်လန်က အရင်တုန်းက liberal arts ကျောင်းသူတစ်ယောက်လေ။ သူမ သမိုင်းတို့ ပထဝီတို့ကို သင်ထားတာကြာနေပေမဲ့လို့လဲ အဲ့ဟာတွေကို မှတ်မိနေသေးတယ်။ ဒီဝတ္ထုထဲကို ကူးပြောင်းမလာခင်တုန်းက ချောင်လန်က ကောလိပ် ဒုတိယနှစ်ကျောင်းသူတစ်ယောက်လေ။ သူမက Finance ဘာသာရပ်ကိုယူခဲ့တာ။ ပြီးတော့ သူမကသင်္ချာလဲအရမ်းတော်တယ်။ သူမက ပြီးတော့ မကူးပြောင်းခင်လေးတင်ပဲ Level6 English exam ကို ဖြေလာတာလေ။

အဲ့တော့ သူမပိုပြီး အလေးပေးကြည့်ရမဲ့ အဓိက ဘာသာရပ်တွေက Physic နဲ့ Chemistry ပဲ။

သူမ ပေါင်မုန့်စားရင်း Chemistry textbook ရဲ့ chapter တစ်ခုကို ဖတ်ပြီးသွားတော့ အပြင်မှာ မှောင်တောင်မှောင်နေပြီ။ ပြီးတော့ ချောင်ယွမ်က အဲ့စားသောက်ဆိုင်သေးသေးလေးထဲကနေ နောက်ဆုံးတော့ ထွက်လာတာကို တွေ့လိုက်ရတယ်။

အဖေချောင်နဲ့ အမေချောင်တို့က သူတို့သားရဲ့ဘေးတစ်ဖက်စီကနေ နေပြီး သူ့ကို လုံခြုံရေးကို သတိထားဖို့ အတန်တန်မှာပြီးမှ ဆိုင်ထဲကို ပြန်ဝင်သွားကြတယ်။

ချောင်လန်က သူမရဲ့ ဖတ်စာအုပ်ကို ပြန်ထည့်ပြီး အဲ့ဒီ့ဖက်တီးလေးရဲ့ နောက်ကိုလိုက် ကာ ချောင်မိသားစုရဲ့ အိမ်ကိုပြန်ခဲ့တယ်။

ချောင်မိသားစုရဲ့ အိမ်က ၆ထပ်မှာရှိတဲ့ အိမ်အဟောင်းတစ်ခုဖြစ်တယ်။ အဲ့အိမ်ကို ဟိုးအရင်ကထဲက ချောင်မိသားစုဝယ်ထားတာဖြစ်တယ်။

ချောင်ယွမ်က ကော်ရစ်တာတစ်လျှောက် လမ်းလျှောက်ရင်း သီချင်းညည်းလာတယ်။ သူအနောက်ကို လှည့်ကြည့်လိုက်တော့ သူ့နောက် မှာ အမဲရောင်အရိပ်ကြီးကိုတွေ့လိုက်ရတယ်။ သူ့မျက်နှာက ဖြူစုတ်သွားတာပဲ။
ချောင်လန်ဆိုတာ တွေ့လိုက်တော့ သူ့မျက်လုံးတွေ မှေးကျဥ်းသွားပြီး ချောင်လန်ရဲ့ ခြေထောက်ကို လှမ်းကန်လိုက်တယ်။ " ဘာလို့အနောက်ကနေ ခိုးကြောင်ခိုးဝှက်နဲ့ လိုက်နေတာလဲ။ ငါ့ကို လန့်သေအောင်လုပ်နေတာလား။ "

ချောင်လန်က ချောင်ယွမ်ရဲ့ခြေထောက်ပေါ်ကို တက်နင်းပြီး မျက်တောင်တောင် မခတ်ပဲ သူ့ကို ဖြတ်လျှောက်သွားတယ်။

" နင် မျက်စိကန်းနေလား။ အား!!!! " ချောင်ယွမ်က သူမအနောက်ကနေ အော်နေတယ်။

အိမ်ထဲမှာတော့ အဖွားချောင်က တီဗွီကြည့်နေတယ်။ သူ့မြေးလေးရဲ့ ရင်းနှီးတဲ့ အော်သံကိုလဲ ကြားလိုက်ရော သူက မြန်မြန် တံခါးလာဖွင့်တယ်။ " ဘာလို့ ဒီလောက်ဆူညံနေရတာလဲ။ နင့်မောင်လေးဘာဖြစ်သွားတာလဲ။ "

" သူက သမီးအနောက် မှာ " ချောင်လန်က ဒါပဲပြောလိုက်ပြီး အိမ်ထဲကို ဝင်သွားတယ်။ ပြီးတော့ သူမ ကျောင်းလွယ်အိတ်ကို ချလိုက်ပြီး ရေချိုးခန်းကို သွားလိုက်တယ်။

ချောင်ယွမ်ကတော့ ငိုနေရင်းနဲ့အိမ်ထဲကို ဝင်လာတယ်။ သူ့ခြေထောက်တွေကို ကြည့်ရင်းပေါ့။ တစ်ကယ်တော့ သိပ်လဲမနာပါဘူး။ ဒါပေမဲ့ သူခေါင်းကိုငုံ့ကြည့်လိုက်တဲ့အချိန်မှာ သူ့ရဲ့ အဖြူရောင် sneakerပေါ်က အမည်းရောင် ဖိနပ်ရာကြီးကိုတွေ့လိုက်ရတဲ့အချိန်မှာ သူရုတ်တရက် အသက်ရှူတာတောင် ရပ်သွားတယ်။ ဒီဖိနပ်က အဖေချောင်က ဟိုတစ်နေ့ကမှ သူ့ကို ဝယ်ပေးထားတဲ့ ဖိနပ်အသစ်လေးလေ။ အခုတော့ ညစ်ပတ်ကုန်ပြီ။

ချောင်ယွမ်က ချောင်လန့်အခန်းထဲကို ပြေးဝင်သွားလိုက်တော့ ဘယ်သူ့ကိုမှမတွေ့ဘူး။ ရေချိုးခန်းမီးဖွင့်ထားတာကို တွေ့လိုက်ရတော့ သူကတံခါးအရှေ့မှာ သွားရပ်ပြီး စအော်တော့တယ်။

အဖွားချောင်ကလဲ ချောင်လန်က သူ့မြေးလေးရဲ့ ခြေထောက်ပေါ်ကို တက်နင်းလိုက်တယ်ဆိုတာကိုလဲ ကြားတော့ သူမကလဲ ချက်ချင်းပဲ ချောင်ယွမ်နဲ့ ပေါင်းပြီး တံခါးကို ခေါက်ကာ အော်တော့တယ်။ " ညည်းအသက်က ဒီလောက်တောင်ကြီးနေပြီကို လမ်းကို သေချာကြည့်မလျှောက်တက်ဘူးလား။ "

ချောင်ယွမ် အာရုံစိုက်ထားတာကကျတော့ သူ​့ခြေထောက်နာတာကိုမဟုတ်ဘဲ သူ့ဖိနပ်ကို ဖြစ်တယ်။ သူက ဝမ်းနည်းပက်လက်နဲ့ ငိုနေတယ်။ " သားရဲ့ ဖိနပ်အသစ်လေး.... "

" ဘွားဘွားက အဲ့ဖိနပ်ကို သားအစ်မကို လျှော်ခိုင်းလိုက် မယ်နော် ..... "

" လျှော်ပြီးသွားရင် အသစ်လိုဖြစ်မှာ မဟုတ်တော့ဘူး....... "

မြေးအဘွားနှစ်ယောက်က အပြင်ကနေ အော်နေပြီး သိပ်မကြာခင်မှာပဲ ချောင်လန့်အတွက် အပြစ်ဒဏ်ကို သူတို့ဘာသာသတ်မှတ်လိုက်ကြတယ်။

သူမဒီကို ပြောင်းမလာခင်တုန်းက ချောင်လန့်မှာ အဖေရော အမေရော မရှိခဲ့ဘူး။ အဲ့တာကြောင့် သူမ တက္ကသိုလ်ကို တောင် ကြင်နာတက်တဲ့လူတစ်ချို့ရဲ့ ထောက်ပံ့ပေးမှုကြောင့် တက်ခဲ့ရတာ။ အဲ့အချိန်တုန်းက သူမအမြဲတမ်းတွေးနေခဲ့တာက တစ်နေ့မှာ မိဘတွေနဲ့ မိသားစုဆိုတာ ရှိရင် ဘယ်လောက် များကောင်းမလဲလို့ပေါ့။

အခုတော့ သူမမှာ မိဘတွေရှိတယ်၊ ပြီးတော့ အဘွားရော မောင်လေးတစ်ယောက်ရော ရှိတယ်။ ဒါပေမဲ့ ချောင်လန်ရဲ့စိတ်ထဲမှာတော့ သူမဒီက ထွက်သွားရရင်အကောင်းဆုံးပဲလို့ ခံစားနေရတယ်။

ဒီလို ဆွေမျိုးတွေနဲ့ဆိုရင်တော့ သူမ မိဘမဲ့ဖြစ်တာကတောင် ပိုကောင်းဦးမယ်။

သူမ ဒီအိမ်ကနေ ထွက်သွားဖို့ နည်းလမ်းစဥ်းစားရမယ်။ နောက်ဆုံးမှာ ချောင်မိသားစုကနေ လုံးဝခွဲထွက်သွားနိုင်ဖို့ပေါ့။ ဒါပေမဲ့ သူမကအခုမှ အထက်တန်းကျောင်းသူလေးပဲရှိသေးတာလေ။ သူမ ဘယ်ကို ပြောင်းပြီးနေရမှာလဲ။ သူမရဲ့စားဝတ်နေရေးအတွက်ကရော ဘာကိုသွားသုံးရမှာလဲ။ ဒါတွေကိုသူမ ​ဖြေးဖြေးချင်း အစီအစဥ်ချရမယ်။

ဒါတွေကိုတွေးရင်းပြီးတော့ ချောင်လန်က မှန်ထဲက သူမပုံရိပ်ကို ကြည့်လိုက်တယ်။ အပြင်မှာ ဘာတွေဖြစ်ပျက်နေလဲ ဆိုတာကို ဂရုမစိုက် ဘဲနဲ့ပေါ့။

ပထမအကြည့်မှာတင် သူမရဲ့ မျက်ခုံးတွေတွန့်ချိုးသွားရတယ်။

စာအုပ်အတိုင်းသာဆိုရင် ဗီလိန်မ ချောင်လန်က သူမရဲ့ ပုံပန်းသွင်ပြင်အလှတစ်ခုထဲနဲ့တင် ပြန်ပြီး တိုက်ခိုက်ခဲ့တာလေ။

ဝတ္ထုထဲမှာရေးထားတာက အထက်တန်း ကျောင်းမှာ ချောင်လန်က ကြည့်လို့မကောင်းခဲ့ဘူး။ သူမက ပိန်ခြောက်ကပ်နေတာပဲ။ လှတယ်ဆိုတာနဲ့ လားလားလေးမှတောင်မဆိုင်ဘူး။

နောက်ပိုင်းမှာ သူမ ချန်ယောင်းရန်ကို ကြိုက်မိသွားတယ်။ ဒါပေမဲ့ ချန်ယောင်းရန် မုန်းတာကိုပဲ ရလိုက်တယ်။ အဲ့ဒီ့နောက်မှာ သူမက စုန့်ယောင်ကို မနာလိုတွေဖြစ်လာပြီး စုန့်ယောင်ကို ဒုက္ခပေးခဲ့တယ်။ နောက်ပိုင်းမှာ သူမ ကျောင်းထွက်လိုက်ရတယ်။

အဲ့ဒီ့နောက်မှာ သူမသတင်းနောက်ထပ် လုံးဝမကြားရတော့ဘူး။ ဒါပေမဲ့ နောက်နှစ်အနည်းငယ်ကြာတဲ့အချိန်မှာ သူမက အံ့ဩစရာကောင်းတာတွေနဲ့ ပြန်ပေါ်လာခဲ့တယ်။ သူမက သူမရဲ့ လှပတဲ့ မျက်နှာလေးကို အသုံးပြုပြီး တုံးအပြီး ချမ်းသာတဲ့ လူတွေနဲ့ တွဲခဲ့တယ်။ ပြီးတော့ စုန့်ယောင်အတွက် ပြဿနာတွေ ဖန်တီးတော့တယ်။

ကံမကောင်းစွာနဲ့ပဲ အခုချောင်လန်ကတော့ အခုထိ ဝါနေတဲ့ မျက်နှာနဲ့ လူရွှင်တော်တစ်ယောက်ဖြစ်နေတုန်းပဲ။

အဲ့ဒါတင်မကဘူး။ ချောင်လန်က သူမ မျက်နှာကို အရည်အသွေးမကောင်းတဲ့ အလှကုန်ပစ္စည်းတစ်မျိုးမျိုး လိမ်းတာသိသာတယ်။ ဖြစ်နိုင်တာကတော့ အဲ့ဒါက BBcream မဟုတ်ရင် foundation တစ်ခုခုပဲနေမှာ။ အဲ့ဒါတွေက သူမမျက်နှာကို ဖြူတာတင်မကဘဲ ပြာနှမ်းသွားစေတယ်။ သူမရဲ့ မျက်နှာတစ်ခုလုံးကို မိတ်ကပ်တွေလိမ်းထားပြီး လည်ပင်းကျတော့ လိမ်းမထားဘူး။ ပြီးတော့ အဲဒီ့လိမ်းဖို့ ကျန်နေခဲ့တဲ့ လည်ပင်းတို့ နားရွက်တို့က မျက်နှာထက် အဆပေါင်းများစွာမည်းနေခဲ့တယ်။

ဒါ့အပြင် သူမရဲ့ မျက်လုံးတွေမှာလဲ ကြည့်ရဆိုးတဲ့ eyeliner ကြီးချယ်ထားသေးတယ်။ သူမရဲ့ double eyelids တွေကို လုံးဝကို မျက်လုံးအတွင်း double eyelids အနေနဲ့ တိုက်ရိုက်ကို ပြောင်းပစ်လိုက်တာပဲ။

ချောင်လန်ရဲ့ နှုတ်ခမ်းထောင့်တွေတောင်လှုပ်သွားတယ်။ ပြီးတော့ သူမ မျက်နှာသစ်ဆေး အနည်းငယ်ကို ညှစ်လိုက်တယ်။ နှစ်ခါလောက် မျက်နှာသစ်ပြီးသွားတော့ ချောင်လန်ရဲ့ မျက်နှာအသွင်အပြင်တွေက နောက်ဆုံးမှာ ရုပ်လုံးပေါ်လာခဲ့တယ်။

သူမရဲ့ မျက်နှာက သေးတယ်၊ ချွေးပေါက်လေးတွေကလဲ ကျဥ်းတယ်၊ သူမရဲ့ နှာတံကလဲမြင့်တယ်၊ ပြီးတော့ သူမရဲ့ နှုတ်ခမ်းတွေကလဲ မထူမပါးလေး။ သူမရဲ့ နူးညံ့ပြီး ကြည်လင်နေတဲ့ မျက်လုံးလေးတွေက သွယ်လျပြီးတော့ အပေါ်ကို နည်းနည်းလေးမြင့်တက်သွားတယ်။ လုံးဝကို သူမမျက်နှာရဲ့ နောက်ဆုံးအသက်နေရာပဲ။ ကံမကောင်းစွာနဲ့ သူမက အရမ်းပိန်လွန်းတယ်။ သူမရဲ့ အသွင်အပြင်တွေက ကောင်းပေမဲ့လို့ သူမကို ခြုံကြည့်လိုက်ရင် အလှဆိုတာမရှိဘူး။

စုန့်ယောင်ရဲ့ မက်မွန်သီးလိုမျက်လုံးလေးနဲ့ နှုတ်ခမ်းတွေက ချိုမြိန်ပြီး အန္တရာယ်မရှိသလိုပဲ။ ပြီးတော့ ချောင်လန်ရဲ့ မျက်နှာက စုန့်ယောင်နဲ့ လုံးဝဆန့်ကျင်ဘက်ပဲ။ စုန့်ယောင်နဲ့ယှဥ်ရင် ချောင်လန်ရဲ့ အသွင်အပြင်က လုံးဝကို ဗီလိန်စတိုင်ပေါက်နေတယ်။

ချောင်လန်က အနာဂတ်မှာ လုံးဝကို အံ့ဩစရာကောင်းလောက်အောင် လှပပြီး ပြန်ပေါ်လာနိုင်တာ မဆန်းတော့ပါဘူး။ ဒီလို မျက်နှာအသွင်အပြင်တွေ ပိုင်ဆိုင်ထားမှတော့ သူမက သေချာပေါက်ကို လှပလာမှာပဲ။

ချောင်လန်ရဲ့ အသားအရေက လုံးဝကြီး မဲနေတာမဟုတ်ဘူး။ ဒါပေမဲ့ သူမရဲ့အရေပြားက ခြောက်ကပ်နေပြီး သူမရဲ့ အသားအရေက အဝါရင့်ရောင်ဖြစ်နေတယ်။ သူမရဲ့ဆံပင်ကလဲ ရှည်ပြီး ညှိုးနွမ်းခြောက်ကပ်နေတဲ့ အရွက်တွေလိုပဲ။ ပြီးတော့ သူမနှုတ်ခမ်းတွေက ခြောက်နေတယ်၊ သူမရဲ့ တစ်ကိုယ်လုံးက ပိန်နေတာပဲ။

BBcream ဘယ်လောက်လိမ်းလိမ်း collgen မရှိဘဲနဲ့ သူမရဲ့ မျက်နှာက ဘယ်လိုလုပ်ကြည့်ကောင်းလာမှာလဲ။ စာအုပ်ထဲက ချောင်လန်ရဲ့ ဦးနှောက်က ဘယ်လိုအလုပ်လုပ်နေတာလဲဆိုတာ ချောင်လန်နည်းနည်းတော့ ရှုပ်ထွေးလာပြီ။ ပိုက်ဆံစုမယ်၊ နွားနို့တွေပိုသောက်မယ်၊ ကြက်ဥတွေ ပိုစားမယ်၊ အဲ့တာဆိုရင် သူမက သေချာပေါက်ကို ကြည့်ရတာ သိပ်မဆိုးလောက်တော့ဘူး။

သူမမှာ ဒီလောက်ကောင်းတဲ့ မျက်နှာမျိုးရှိနေတာပဲကို။ အခုကျတော့ကြည့်လိုက်ပါဦး သူမကသရဲမထက်တောင် ကြည့်ရတာ ပိုဆိုးနေသေးတယ်။

သူမ မျက်နှာသစ်ပြီးသွားတော့ ရေချိုးခန်းထဲကနေ ထွက်လာတယ်။ ချောင်မိသားစုအိမ်က တော်တော်တော့ အိုဟောင်းနေပေမဲ့ အတော်လေးကြီးတယ်။ ဘာလို့လဲဆိုတော့ သူမအရှေ့မှာ အစ်မနှစ်ယောက်တောင် ရှိခဲ့သေးတာလေ။ ချောင်လန် ဘေးပတ်လည်ကို လျှောက်ကြည့်လိုက်ပြီး တောင်ဘက်က အသေးဆုံးအခန်းထဲကို ဝင်သွားလိုက်တယ်။

သူမ တစ်မိနစ်လောက်တောင် မထိုင်ရသေးဘူး ချောင်ယွမ်က သူမ တံခါးကို လာကန်ပြီး ဖွင့်တယ်။ သူ့ရဲ့ မေးစေ့က အရမ်းကို မော့ထားပြီး သူက ဖိနပ်တစ်စုံကို သူမနားထိ မြှောက်ပြီး ကိုင်လာတယ်။

" ဒီဟာကို ငါ့ကို သန့်ရှင်းအောင်လုပ်ပေး။ ဒါက လုံးဝအသစ်လေးအတိုင်း အရင်ကပုံစံလေးအတိုင်း ဖြစ်သွားအောင်လျှော်ပေးရမှာနော်။ " ချောင်လန်က တစ်ချက်ကလေးမှ လှုပ်မသွားတာကို မြင်တော့ သူက အမြန်နှိုးဆော်တော့တယ်။ " ဘာလုပ်နေတာလဲ။ အမြန် လျှော်တော့လေ။ ပြီးတော့ တက်နိုင်သမျှအမြန်ဆုံး ​အခြောက်ခံလာခဲ့။ ငါဒါကို ၂ရက်အတွင်းစီးမှာနော်။ "

Zawgyi
ေက်ာင္းအေရွ႕မွာ ရပ္ေနရင္း ေခ်ာင္လန္ နည္းနည္း ႐ူးေၾကာင္ေၾကာင္ျဖစ္လာတယ္လို႔ ခံစားရတယ္။

အခုအခ်ိန္က ေက်ာင္းၿပီးလို႔ အိမ္ျပန္ရမယ့္အခ်ိန္ပဲ။ ဒါေပမဲ့ စာအုပ္ထဲမွာ ေခ်ာင္လန္ရဲ႕အိမ္က ဘယ္နားမွာလဲဆိုတာ ေျပာမထားဘူး။

အၾကာႀကီးစၪ္းစားေနၿပီးေတာ့မွ ေခ်ာင္လန္ရဲ႕ မိဘေတြက ေက်ာင္းအေရွ႕မွာ စားေသာက္ဆိုင္ေသးေသးေလး တစ္ခု ဖြင့္ထားတယ္ဆိုတာ သူမ သတိရလိုက္တယ္။

ေခ်ာင္လန္ရဲ႕ အိမ္က အေျခအေန အေကာင္းႀကီးလို႔ေတာ့မဟုတ္ဘူး။ အဲ့တာေၾကာင့္ စားေသာက္ဆိုင္ရဲ႕ ဆိုင္းဘုတ္ကလဲ အႀကီးႀကီးမျဖစ္ႏိုင္ဘူး။ ၿပီးေတာ့ လာစားတဲ့ ဧည့္သည္ကလဲ ပုံမွန္ေလာက္ပဲ ရွိေလာက္တယ္။

ေခ်ာင္လန္ ေက်ာင္းရဲ႕ မ်က္ႏွာခ်င္းဆိုင္ဘက္ကို ေလွ်ာက္သြားလိုက္ၿပီး စရွာေတာ့တယ္။ ဆိုင္အႀကီးႀကီးေတြကိုေတာ့ ပယ္လိုက္တယ္။ ဘာလို႔လဲဆိုေတာ့ အဲ့မွာ လူအရမ္းက်ေနတယ္။ မိနစ္အနည္းငယ္ေလာက္ ၾကာေအာင္ ရွာၿပီးသြားတဲ့ေနာက္ မွာေတာ့ ေခ်ာင္လန္႔မိဘေတြ ပိုင္တဲ့ စားေသာက္ဆိုင္ေသးေသးေလးကို ရွာေတြသြားခဲ့တယ္။

အဲ့တာက တစ္ကယ့္ကို စားေသာက္ဆိုင္ ေသးေသးေလးမွေသးေသးေလးပဲ။ အထဲထဲက ေနရာအမ်ားစုကို စားပြဲ၄ခုက ေနရာယူထားတယ္။ စားေသာက္ဆိုင္ထဲမွာလဲ မီးက မွိန္မွိန္ေလးပဲ ထြန္းထားတယ္။ ၿပီးေတာ့ အထဲကို ဝင္လိုက္ၿပီဆိုတာနဲ႔ ဟင္းခ်ိဳမႈန္႔ ေတြအမ်ားႀကီး ထည့္ထားတဲ့ ဟင္းနဲ႔ေတြက ေထာင္းေနတာပဲ။

ေခ်ာင္လန္က တံခါးေပါက္ဝကို ေရာက္ေရာက္ခ်င္းမွာပဲ ဝတုတ္တုတ္နဲ႔ ျဖဴျဖဴေဖြးေဖြး ဖက္တီးေလးက သူမအေနာက္ကေန ေပၚလာၿပီး တုန္႔ဆိုင္းမႈမရွိဘဲ သူမကို ေဘးကိုတြန္းခ်ပစ္လိုက္တယ္။ " နင္ အေပါက္ဝမွာ ဘာရပ္လုပ္ေနတာလဲ။ ဘာလဲ ျပပြဲလုပ္မလို႔လား။ " သူကေျပာၿပီးတာနဲ႔ အထဲကိုဝင္သြားတယ္။

ေခ်ာင္လန္မ်က္ ေမွာင္က်ဳံ႕လိုက္ၿပီး အဲ့ဖက္တီးေလးရဲ႕ ေနာက္ေက်ာကို ခဏေလာက္စိုက္ၾကည့္ေနၿပီးမွ သူ႔ေနာက္ကေန လိုက္ဝင္သြားခဲ့တယ္။

စားေသာက္ဆိုင္က အိမ္ခ်က္ ထမင္းဟင္းေတြ ေရာင္းတယ္။ ၿပီးေတာ့ ေက်ာင္းသားေတြကလဲ မ်ားေသာအားျဖင့္ ထမင္းတစ္ပြဲနဲ႔ အရံဟင္းႏွစ္မ်ိဳးေလာက္ကို မွာၾကတယ္ ေက်ာင္းကန္တင္းမွာလိုေပါ့။ ေက်ာင္းကအခုမွ ဆင္းတာဆိုေတာ့ ဆိုင္ေသးေသးေလးထဲမွာ ေက်ာင္းသားေတြအမ်ားႀကီးရွိေနတယ္။

အေဖေခ်ာင္က ခ်က္ျပဳတ္တဲ့ေနရာမွာတာဝန္ယူၿပီးေတာ့ အေမေခ်ာင္ကေတာ့ စားပြဲထိုးတာဝန္ယူထားတယ္။ ေခ်ာင္လန္က ေခ်ာင္ယြမ္ေနာက္ကို လိုက္လာၿပီး အေနာက္ဘက္မီးဖိုေခ်ာင္ထိ လိုက္လာတယ္။ ခ်က္ျပဳတ္ေနတဲ့ အေဖေခ်ာင္က သူ႔သားေလးရဲ႕ ဝၿဖိဳးေနတဲ့ မ်က္ႏွာေလးကို ျမင္လိုက္ရေတာ့ ပါးစပ္နား႐ြက္ခ်ိတ္ေလာက္ေလာက္ကို ၿပဳံးလာတယ္။ " ယြမ္အာေလးျပန္လာၿပီလား "

သူက သူ႔သားေလးကို ေက်ာင္းမွာ ဘယ္လိုလဲ ဆိုတဲ့ေမးခြန္းေတြအမ်ားႀကီး ေမးၿပီးတဲ့ေနာက္ မွာမွ ေခ်ာင္လန္ကို သတိထားမိတယ္။ သူမရဲ႕ ျဖဴေဖ်ာ့ေနၿပီး အာဟာရမျပည့္ဝတဲ့ မ်က္ႏွာကိုလဲ ျမင္လိုက္ေရာ သူ႔အၿပဳံးေတြက ခ်က္ခ်င္းကို ေပ်ာက္ကြယ္သြားေတာ့တယ္။

" နင္အဲ့မွာ ဘာရပ္လုပ္ေနတာလဲ။ ဆိုင္ထဲမွာ ဒီေလာက္လူေတြအမ်ားႀကီးရွိေနတာ ျမင္ရဲ႕သားနဲ႔ သြားမကူညီေသးဘူးလား။ နင့္ရဲ႕ မ်က္လုံး ႏွစ္လုံးက ငါ့ကို ျပဴးၿပဲၾကည့္ဖို႔ပဲ အသုံးဝင္တာလား။ "

ေခ်ာင္လန္က အေနာက္ကို တစ္ခ်က္လွည့္ၾကည့္လိုက္တယ္။ အခုအခ်ိန္မွာ ဆိုင္ေလးထဲမွာ ေက်ာင္းသား​ေတြအမ်ားႀကီး ရွိေနတယ္။ သူမ စကၠန္႔အနည္းငယ္ေလာက္ ၿငိမ္သြားၿပီးေတာ့ အျပင္ကိုထြက္လာတယ္။ သူမရဲ႕ ေက်ာင္းလြယ္အိတ္ေလးကိုခ်ၿပီး ေခ်ာင္အေမ ဟင္းပြဲေတြခ်ေပးေနတာကို သြားကူလိုက္တယ္။

ေခ်ာင္လန္က ဒီလိုအလုပ္မ်ိဳးကို လုံးဝမမႈပါဘူး။ သူမအရင္ဘဝတုန္းကလဲ ေက်ာင္းလခ ေတြ စုဖို႔ရာအတြက္ သူမ အလုပ္ေပါင္းစုံ လုပ္ခဲ့ဖူးတယ္။

သူမ ခ်က္ၿပီးတဲ့ ဟင္းပြဲေတြကို အေရွ႕ကိုယူလာတယ္။ ၿပီးေတာ့ ဧည့္သည္ေတြစားၿပီးသြားရင္ ပန္းကန္ျပားေတြကို အေနာက္ကို ျပန္သယ္လာတယ္။ သူမ မီးဖိုေခ်ာင္ထဲကို ျပန္ဝင္လာေတာ့ အေဖေခ်ာင္က ဟင္းသုံးပြဲကို ျမန္ျမန္ခ်က္ၿပီး ေခ်ာင္ယြမ္ရဲ႕အေရွ႕မွာ ခ်ေပးလိုက္တာကို ေတြ႕လိုက္တယ္။
အသားဟင္းႏွစ္ပြဲနဲ႔ အ႐ြက္​ေက်ာ္တစ္ပြဲ ။ ဟင္းပြဲေတြက သန္႔ရွင္းေနတာပဲ။ ေက်ာင္းသားေတြကိုေရာင္းတဲ့ ဆီေတြမ်ားၿပီး ခြၽဲက်ိေနတဲ့ ဟင္းပြဲေတြနဲ႔စာရင္ ဒီဟာေတြက အရည္အေသြးပိုေကာင္းတယ္ဆိုတာ ေျပာစရာေတာင္မလိုဘူး။

ေခ်ာင္လန္က ေန႔တိုင္းေန႔ ပိုက္ဆံေတြကို သူမအတန္းေဖာ္ေတြအတြက္ ခ်ိဳခ်ၪ္ဝယ္တဲ့ေနရာမွာ သုံးတယ္။ သူမကိုယ္တိုင္ကက် သိပ္မစားေတာ့ အရမ္းကို ပိန္လွီေနတယ္။ ဟင္းပြဲေတြကိုၾကည့္လိုက္ၿပီး သူမရဲ႕ဗိုက္က ဆာလြန္းလို႔ တဂြီဂြီေတာင္ ျမည္လာတယ္။ သူမ ပန္းကန္ျပားေတြကိုခ်လိုက္ၿပီး စားဖို႔ လက္ေတြကို ေဆးလိုက္တယ္။ အေဖေခ်ာင္က သူမရဲ႕ အျပဳအမူေတြကို ေတြ႕ေတာ့ သူမကို အထူးအဆန္းႀကီးလို ၾကည့္လာတယ္။
" အလုပ္လုပ္ရမယ့္အခ်ိန္မွာ ဘာလို႔ လက္ေဆးေနတာလဲ။ သြား နင့္အေမကို သြားၿပီး ကူလိုက္ဦး။ " သူ႔သားဘက္ကို လွည့္လိုက္ေတာ့ သူ႔မ်က္လုံးထဲမွာက ခ်စ္ခင္ၾကင္နာမႈေတြအျပည့္နဲ႔ျဖစ္ေနတယ္။ " သားေလး ေျဖးေျဖးစားေနာ္။ အေဖက ဒါေတြကိုသားအတြက္ အထူး စပယ္ရွယ္ ခ်က္ေပးထားတာ။ "

အေဖေခ်ာင္က ေခ်ာင္ယြမ္စားေနတာကို အခ်စ္ေတြအျပည့္နဲ႔ ၾကည့္ေနတာကို ေခ်ာင္လန္ ျမင္လိုက္ရေတာ့ သူမ မ်က္လုံးက အေရာင္ေတြမွိန္ကုန္တယ္။ ဒီမိသားစုထဲမွာမူလေခ်ာင္လန္ရဲ႕ ေနရာကို သတိရသြားၿပီးေတာ့ သူမ ပန္းကန္ေတြကို ေဆးတဲ့ေနရာမွာ ပစ္ထားလိုက္ၿပီး လက္ကို ထပ္ေဆးလိုက္တယ္။ ၿပီးေတာ့ ေက်ာင္းလြယ္အိတ္ကို ေကာက္ယူၿပီး အေနာက္ကို လွည့္မၾကည့္ဘဲ အျပင္ကိုထြက္လာခဲ့တယ္။

အေဖေခ်ာင္နဲ႔ ေခ်ာင္ယြမ္တို႔က ဒါကို ခ်က္ခ်င္း မတုံ႔ျပန္ႏိုင္ဘဲ ထြက္ခြာသြားတဲ့ သူမရဲ႕ပုံရိပ္ကိုပဲ စိုက္ၾကည့္ေနမိတယ္။ အခ်ိန္ခဏၾကာေတာ့မွ အေဖေခ်ာင္က ဘာေတြျဖစ္သြားတာလဲဆိုတာကို သတိျပဳမိေတာ့တယ္။ " နင္ဒီကို အခုခ်က္ခ်င္း ျပန္လာခဲ့စမ္း။ နင္ ငါ့ကို အရွက္ခြဲမလို႔လုပ္ေနတာေပါ့ ဟုတ္လား။ နင္စိတ္မၾကည္ဘူးဆိုတာနဲ႔ နင့္အလုပ္နင္ မလုပ္ေတာ့ဘူးေပါ့။ နင္က အလုပ္လဲ မလုပ္တက္၊ စာက်ေတာ့လဲ မလိုက္ႏိုင္နဲ႔ တစ္ကယ့္ကို အသုံးမက်တာပဲ။ "

ေခ်ာင္လန္ကေတာ့ အေဖေခ်ာင္ရဲ႕ ေအာ္ဟစ္ေနတာေတြကို လ်စ္လ်ဴရႈၿပီး ဆက္ၿပီး ထြက္သြားတယ္။

သူမ အိတ္ကပ္ေတြထဲ လွန္ေလွာရွာၾကည့္ေတာ့ အေႂကြေလးအနည္းငယ္ကိုေတြ႕လိုက္ရတယ္။ အဲ့တာနဲ႔ ေဘးကဆိုင္ကေန ေဈးအေပါဆုံး ေပါင္မုန္႔ၾကမ္းကို ဝယ္လိုက္တယ္။ ၿပီးေတာ့ ဟိုတယ္နဲ႔ မနီးမေဝးမွာရွိေနတဲ့ ေက်ာက္တုံးခုံ​ေေပၚမွာ ထိုင္ၿပီး chemistry စာအုပ္ကို ထုတ္ၿပီး စာဖတ္ရင္း မုန္႔စားေနလိုက္တယ္။

အထက္တန္းပထမႏွစ္ စတာ တစ္လမေက်ာ္ေသးတာကို ၿပီးေတာ့ သင္ၿပီးသားစာေတြက အမ်ားႀကီးမရွိေသးတာကို ေခ်ာင္လန္က ကံေကာင္းတယ္လို႔ေတြးလိုက္တယ္။ သူမ ျပန္ေလ့လာစရာေတြက အမ်ားႀကီးရွိေနေပမဲ့လို႔ သူမ ျမန္ျမန္လိုက္ မွီႏိုင္ပါတယ္။

ေခ်ာင္လန္က အရင္တုန္းက liberal arts ေက်ာင္းသူတစ္ေယာက္ေလ။ သူမ သမိုင္းတို႔ ပထဝီတို႔ကို သင္ထားတာၾကာေနေပမဲ့လို႔လဲ အဲ့ဟာေတြကို မွတ္မိေနေသးတယ္။ ဒီဝတၳဳထဲကို ကူးေျပာင္းမလာခင္တုန္းက ေခ်ာင္လန္က ေကာလိပ္ ဒုတိယႏွစ္ေက်ာင္းသူတစ္ေယာက္ေလ။ သူမက Finance ဘာသာရပ္ကိုယူခဲ့တာ။ ၿပီးေတာ့ သူမကသခ်ၤာလဲအရမ္းေတာ္တယ္။ သူမက ၿပီးေတာ့ မကူးေျပာင္းခင္ေလးတင္ပဲ Level6 English exam ကို ေျဖလာတာေလ။

အဲ့ေတာ့ သူမပိုၿပီး အေလးေပးၾကည့္ရမဲ့ အဓိက ဘာသာရပ္ေတြက Physic နဲ႔ Chemistry ပဲ။

သူမ ေပါင္မုန္႔စားရင္း Chemistry textbook ရဲ႕ chapter တစ္ခုကို ဖတ္ၿပီးသြားေတာ့ အျပင္မွာ ေမွာင္ေတာင္ေမွာင္ေနၿပီ။ ၿပီးေတာ့ ေခ်ာင္ယြမ္က အဲ့စားေသာက္ဆိုင္ေသးေသးေလးထဲကေန ေနာက္ဆုံးေတာ့ ထြက္လာတာကို ေတြ႕လိုက္ရတယ္။

အေဖေခ်ာင္နဲ႔ အေမေခ်ာင္တို႔က သူတို႔သားရဲ႕ေဘးတစ္ဖက္စီကေန ေနၿပီး သူ႔ကို လုံၿခဳံေရးကို သတိထားဖို႔ အတန္တန္မွာၿပီးမွ ဆိုင္ထဲကို ျပန္ဝင္သြားၾကတယ္။

ေခ်ာင္လန္က သူမရဲ႕ ဖတ္စာအုပ္ကို ျပန္ထည့္ၿပီး အဲ့ဒီ့ဖက္တီးေလးရဲ႕ ေနာက္ကိုလိုက္ ကာ ေခ်ာင္မိသားစုရဲ႕ အိမ္ကိုျပန္ခဲ့တယ္။
ေခ်ာင္မိသားစုရဲ႕ အိမ္က ၆ထပ္မွာရွိတဲ့ အိမ္အေဟာင္းတစ္ခုျဖစ္တယ္။ အဲ့အိမ္ကို ဟိုးအရင္ကထဲက ေခ်ာင္မိသားစုဝယ္ထားတာျဖစ္တယ္။

ေခ်ာင္ယြမ္က ေကာ္ရစ္တာတစ္ေလွ်ာက္ လမ္းေလွ်ာက္ရင္း သီခ်င္းညည္းလာတယ္။ သူအေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ သူ႔ေနာက္ မွာ အမဲေရာင္အရိပ္ႀကီးကိုေတြ႕လိုက္ရတယ္။ သူ႔မ်က္ႏွာက ျဖဴစုတ္သြားတာပဲ။
ေခ်ာင္လန္ဆိုတာ ေတြ႕လိုက္ေတာ့ သူ႔မ်က္လုံးေတြ ေမွးက်ၪ္းသြားၿပီး ေခ်ာင္လန္ရဲ႕ ေျခေထာက္ကို လွမ္းကန္လိုက္တယ္။ " ဘာလို႔အေနာက္ကေန ခိုးေၾကာင္ခိုးဝွက္နဲ႔ လိုက္ေနတာလဲ။ ငါ့ကို လန္႔ေသေအာင္လုပ္ေနတာလား။ "

ေခ်ာင္လန္က ေခ်ာင္ယြမ္ရဲ႕ေျခေထာက္ေပၚကို တက္နင္းၿပီး မ်က္ေတာင္ေတာင္ မခတ္ပဲ သူ႔ကို ျဖတ္ေလွ်ာက္သြားတယ္။

" နင္ မ်က္စိကန္းေနလား။ အား!!!! " ေခ်ာင္ယြမ္က သူမအေနာက္ကေန ေအာ္ေနတယ္။

အိမ္ထဲမွာေတာ့ အဖြားေခ်ာင္က တီဗြီၾကည့္ေနတယ္။ သူ႔ေျမးေလးရဲ႕ ရင္းႏွီးတဲ့ ေအာ္သံကိုလဲ ၾကားလိုက္ေရာ သူက ျမန္ျမန္ တံခါးလာဖြင့္တယ္။ " ဘာလို႔ ဒီေလာက္ဆူညံေနရတာလဲ။ နင့္ေမာင္ေလးဘာျဖစ္သြားတာလဲ။ "

" သူက သမီးအေနာက္ မွာ " ေခ်ာင္လန္က ဒါပဲေျပာလိုက္ၿပီး အိမ္ထဲကို ဝင္သြားတယ္။ ၿပီးေတာ့ သူမ ေက်ာင္းလြယ္အိတ္ကို ခ်လိုက္ၿပီး ေရခ်ိဳးခန္းကို သြားလိုက္တယ္။

ေခ်ာင္ယြမ္ကေတာ့ ငိုေနရင္းနဲ႔အိမ္ထဲကို ဝင္လာတယ္။ သူ႔ေျခေထာက္ေတြကို ၾကည့္ရင္းေပါ့။ တစ္ကယ္ေတာ့ သိပ္လဲမနာပါဘူး။ ဒါေပမဲ့ သူေခါင္းကိုငုံ႔ၾကည့္လိုက္တဲ့အခ်ိန္မွာ သူ႔ရဲ႕ အျဖဴေရာင္ sneakerေပၚက အမည္းေရာင္ ဖိနပ္ရာႀကီးကိုေတြ႕လိုက္ရတဲ့အခ်ိန္မွာ သူ႐ုတ္တရက္ အသက္ရႉတာေတာင္ ရပ္သြားတယ္။ ဒီဖိနပ္က အေဖေခ်ာင္က ဟိုတစ္ေန႔ကမွ သူ႔ကို ဝယ္ေပးထားတဲ့ ဖိနပ္အသစ္ေလးေလ။ အခုေတာ့ ညစ္ပတ္ကုန္ၿပီ။

ေခ်ာင္ယြမ္က ေခ်ာင္လန္႔အခန္းထဲကို ေျပးဝင္သြားလိုက္ေတာ့ ဘယ္သူ႔ကိုမွမေတြ႕ဘူး။ ေရခ်ိဳးခန္းမီးဖြင့္ထားတာကို ေတြ႕လိုက္ရေတာ့ သူကတံခါးအေရွ႕မွာ သြားရပ္ၿပီး စေအာ္ေတာ့တယ္။

အဖြားေခ်ာင္ကလဲ ေခ်ာင္လန္က သူ႔ေျမးေလးရဲ႕ ေျခေထာက္ေပၚကို တက္နင္းလိုက္တယ္ဆိုတာကိုလဲ ၾကားေတာ့ သူမကလဲ ခ်က္ခ်င္းပဲ ေခ်ာင္ယြမ္နဲ႔ ေပါင္းၿပီး တံခါးကို ေခါက္ကာ ေအာ္ေတာ့တယ္။ " ညည္းအသက္က ဒီေလာက္ေတာင္ႀကီးေနၿပီကို လမ္းကို ေသခ်ာၾကည့္မေလွ်ာက္တက္ဘူးလား။ "

ေခ်ာင္ယြမ္ အာ႐ုံစိုက္ထားတာကက်ေတာ့ သူ​့ေျခေထာက္နာတာကိုမဟုတ္ဘဲ သူ႔ဖိနပ္ကို ျဖစ္တယ္။ သူက ဝမ္းနည္းပက္လက္နဲ႔ ငိုေနတယ္။ " သားရဲ႕ ဖိနပ္အသစ္ေလး.... "

" ဘြားဘြားက အဲ့ဖိနပ္ကို သားအစ္မကို ေလွ်ာ္ခိုင္းလိုက္ မယ္ေနာ္ ..... "

" ေလွ်ာ္ၿပီးသြားရင္ အသစ္လိုျဖစ္မွာ မဟုတ္ေတာ့ဘူး....... "

ေျမးအဘြားႏွစ္ေယာက္က အျပင္ကေန ေအာ္ေနၿပီး သိပ္မၾကာခင္မွာပဲ ေခ်ာင္လန္႔အတြက္ အျပစ္ဒဏ္ကို သူတို႔ဘာသာသတ္မွတ္လိုက္ၾကတယ္။

သူမဒီကို ေျပာင္းမလာခင္တုန္းက ေခ်ာင္လန္႔မွာ အေဖေရာ အေမေရာ မရွိခဲ့ဘူး။ အဲ့တာေၾကာင့္ သူမ တကၠသိုလ္ကို ေတာင္ ၾကင္နာတက္တဲ့လူတစ္ခ်ိဳ႕ရဲ႕ ေထာက္ပံ့ေပးမႈေၾကာင့္ တက္ခဲ့ရတာ။ အဲ့အခ်ိန္တုန္းက သူမအၿမဲတမ္းေတြးေနခဲ့တာက တစ္ေန႔မွာ မိဘေတြနဲ႔ မိသားစုဆိုတာ ရွိရင္ ဘယ္ေလာက္ မ်ားေကာင္းမလဲလို႔ေပါ့။

အခုေတာ့ သူမမွာ မိဘေတြရွိတယ္၊ ၿပီးေတာ့ အဘြားေရာ ေမာင္ေလးတစ္ေယာက္ေရာ ရွိတယ္။ ဒါေပမဲ့ ေခ်ာင္လန္ရဲ႕စိတ္ထဲမွာေတာ့ သူမဒီက ထြက္သြားရရင္အေကာင္းဆုံးပဲလို႔ ခံစားေနရတယ္။

ဒီလို ေဆြမ်ိဳးေတြနဲ႔ဆိုရင္ေတာ့ သူမ မိဘမဲ့ျဖစ္တာကေတာင္ ပိုေကာင္းဦးမယ္။

သူမ ဒီအိမ္ကေန ထြက္သြားဖို႔ နည္းလမ္းစၪ္းစားရမယ္။ ေနာက္ဆုံးမွာ ေခ်ာင္မိသားစုကေန လုံးဝခြဲထြက္သြားႏိုင္ဖို႔ေပါ့။ ဒါေပမဲ့ သူမကအခုမွ အထက္တန္းေက်ာင္းသူေလးပဲရွိေသးတာေလ။ သူမ ဘယ္ကို ေျပာင္းၿပီးေနရမွာလဲ။ သူမရဲ႕စားဝတ္ေနေရးအတြက္ကေရာ ဘာကိုသြားသုံးရမွာလဲ။ ဒါေတြကိုသူမ ​ေျဖးေျဖးခ်င္း အစီအစၪၡ်ရမယ္။

ဒါေတြကိုေတြးရင္းၿပီးေတာ့ ေခ်ာင္လန္က မွန္ထဲက သူမပုံရိပ္ကို ၾကည့္လိုက္တယ္။ အျပင္မွာ ဘာေတြျဖစ္ပ်က္ေနလဲ ဆိုတာကို ဂ႐ုမစိုက္ ဘဲနဲ႔ေပါ့။

ပထမအၾကည့္မွာတင္ သူမရဲ႕ မ်က္ခုံးေတြတြန္႔ခ်ိဳးသြားရတယ္။

စာအုပ္အတိုင္းသာဆိုရင္ ဗီလိန္မ ေခ်ာင္လန္က သူမရဲ႕ ပုံပန္းသြင္ျပင္အလွတစ္ခုထဲနဲ႔တင္ ျပန္ၿပီး တိုက္ခိုက္ခဲ့တာေလ။

ဝတၳဳထဲမွာေရးထားတာက အထက္တန္း ေက်ာင္းမွာ ေခ်ာင္လန္က ၾကည့္လို႔မေကာင္းခဲ့ဘူး။ သူမက ပိန္ေျခာက္ကပ္ေနတာပဲ။ လွတယ္ဆိုတာနဲ႔ လားလားေလးမွေတာင္မဆိုင္ဘူး။

ေနာက္ပိုင္းမွာ သူမ ခ်န္ေယာင္းရန္ကို ႀကိဳက္မိသြားတယ္။ ဒါေပမဲ့ ခ်န္ေယာင္းရန္ မုန္းတာကိုပဲ ရလိုက္တယ္။ အဲ့ဒီ့ေနာက္ မွာ သူမက စုန္႔ေယာင္ကို မနာလိုေတြျဖစ္လာၿပီး စုန္႔ေယာင္ကို ဒုကၡေပးခဲ့တယ္။ ေနာက္ပိုင္းမွာ သူမ ေက်ာင္းထြက္လိုက္ရတယ္။

အဲ့ဒီ့ေနာက္ မွာ သူမသတင္းေနာက္ထပ္ လုံးဝမၾကားရေတာ့ဘူး။ ဒါေပမဲ့ ေနာက္ႏွစ္အနည္းငယ္ၾကာတဲ့အခ်ိန္မွာ သူမက အံ့ဩစရာေကာင္းတာေတြနဲ႔ ျပန္ေပၚလာခဲ့တယ္။ သူမက သူမရဲ႕ လွပတဲ့ မ်က္ႏွာေလးကို အသုံးျပဳၿပီး တုံးအၿပီး ခ်မ္းသာတဲ့ လူေတြနဲ႔ တြဲခဲ့တယ္။ ၿပီးေတာ့ စုန္႔ေယာင္အတြက္ ျပႆနာေတြ ဖန္တီးေတာ့တယ္။

ကံမေကာင္းစြာနဲ႔ပဲ အခုေခ်ာင္လန္ကေတာ့ အခုထိ ဝါေနတဲ့ မ်က္ႏွာနဲ႔ လူ႐ႊင္ေတာ္တစ္ေယာက္ျဖစ္ေနတုန္းပဲ။

အဲ့ဒါတင္မကဘူး။ ေခ်ာင္လန္က သူမ မ်က္ႏွာကို အရည္အေသြးမေကာင္းတဲ့ အလွကုန္ပစၥည္းတစ္မ်ိဳးမ်ိဳး လိမ္းတာသိသာတယ္။ ျဖစ္ႏိုင္တာကေတာ့ အဲ့ဒါက BBcream မဟုတ္ရင္ foundation တစ္ခုခုပဲေနမွာ။ အဲ့ဒါေတြက သူမမ်က္ႏွာကို ျဖဴတာတင္မကဘဲ ျပာႏွမ္းသြားေစတယ္။ သူမရဲ႕ မ်က္ႏွာတစ္ခုလုံးကို မိတ္ကပ္ေတြလိမ္းထားၿပီး လည္ပင္းက်ေတာ့ လိမ္းမထားဘူး။ ၿပီးေတာ့ အဲဒီ့လိမ္းဖို႔ က်န္ေနခဲ့တဲ့ လည္ပင္းတို႔ နား႐ြက္တို႔က မ်က္ႏွာထက္ အဆေပါင္းမ်ားစြာမည္းေနခဲ့တယ္။

ဒါ့အျပင္ သူမရဲ႕ မ်က္လုံးေတြမွာလဲ ၾကည့္ရဆိုးတဲ့ eyeliner ႀကီးခ်ယ္ထားေသးတယ္။ သူမရဲ႕ double eyelids ေတြကို လုံးဝကို မ်က္လုံးအတြင္း double eyelids အေနနဲ႔ တိုက္႐ိုက္ကို ေျပာင္းပစ္လိုက္တာပဲ။

ေခ်ာင္လန္ရဲ႕ ႏႈတ္ခမ္းေထာင့္ေတြေတာင္လႈပ္သြားတယ္။ ၿပီးေတာ့ သူမ မ်က္ႏွာသစ္ေဆး အနည္းငယ္ကို ညႇစ္လိုက္တယ္။ ႏွစ္ခါေလာက္ မ်က္ႏွာသစ္ၿပီးသြားေတာ့ ေခ်ာင္လန္ရဲ႕ မ်က္ႏွာအသြင္အျပင္ေတြက ေနာက္ဆုံးမွာ ႐ုပ္လုံးေပၚလာခဲ့တယ္။

သူမရဲ႕ မ်က္ႏွာက ေသးတယ္၊ ေခြၽးေပါက္ေလးေတြကလဲ က်ၪ္းတယ္၊ သူမရဲ႕ ႏွာတံကလဲျမင့္တယ္၊ ၿပီးေတာ့ သူမရဲ႕ ႏႈတ္ခမ္းေတြကလဲ မထူမပါးေလး။ သူမရဲ႕ ႏူးညံ့ၿပီး ၾကည္လင္ေနတဲ့ မ်က္လုံးေလးေတြက သြယ္လ်ၿပီးေတာ့ အေပၚကို နည္းနည္းေလးျမင့္တက္သြားတယ္။ လုံးဝကို သူမမ်က္ႏွာရဲ႕ ေနာက္ဆုံးအသက္ေနရာပဲ။ ကံမေကာင္းစြာနဲ႔ သူမက အရမ္းပိန္လြန္းတယ္။ သူမရဲ႕ အသြင္အျပင္ေတြက ေကာင္းေပမဲ့လို႔ သူမကို ၿခဳံၾကည့္လိုက္ရင္ အလွဆိုတာမရွိဘူး။

စုန္႔ေယာင္ရဲ႕ မက္မြန္သီးလိုမ်က္လုံးေလးနဲ႔ ႏႈတ္ခမ္းေတြက ခ်ိဳၿမိန္ၿပီး အႏၲရာယ္မရွိသလိုပဲ။ ၿပီးေတာ့ ေခ်ာင္လန္ရဲ႕ မ်က္ႏွာက စုန္႔ေယာင္နဲ႔ လုံးဝဆန္႔က်င္ဘက္ပဲ။ စုန္႔ေယာင္နဲ႔ယွၪ္ရင္ ေခ်ာင္လန္ရဲ႕ အသြင္အျပင္က လုံးဝကို ဗီလိန္စတိုင္ေပါက္ေနတယ္။

ေခ်ာင္လန္က အနာဂတ္မွာ လုံးဝကို အံ့ဩစရာေကာင္းေလာက္ေအာင္ လွပၿပီး ျပန္ေပၚလာႏိုင္တာ မဆန္းေတာ့ပါဘူး။ ဒီလို မ်က္ႏွာအသြင္အျပင္ေတြ ပိုင္ဆိုင္ထားမွေတာ့ သူမက ေသခ်ာေပါက္ကို လွပလာမွာပဲ။

ေခ်ာင္လန္ရဲ႕ အသားအေရက လုံးဝႀကီး မဲေနတာမဟုတ္ဘူး။ ဒါေပမဲ့ သူမရဲ႕အေရျပားက ေျခာက္ကပ္ေနၿပီး သူမရဲ႕ အသားအေရက အဝါရင့္ေရာင္ျဖစ္ေနတယ္။ သူမရဲ႕ဆံပင္ကလဲ ရွည္ၿပီး ညိႈးႏြမ္းေျခာက္ကပ္ေနတဲ့ အ႐ြက္ေတြလိုပဲ။ ၿပီးေတာ့ သူမႏႈတ္ခမ္းေတြက ေျခာက္ေနတယ္၊ သူမရဲ႕ တစ္ကိုယ္လုံးက ပိန္ေနတာပဲ။

BBcream ဘယ္ေလာက္လိမ္းလိမ္း collgen မရွိဘဲနဲ႔ သူမရဲ႕ မ်က္ႏွာက ဘယ္လိုလုပ္ၾကည့္ေကာင္းလာမွာလဲ။ စာအုပ္ထဲက ေခ်ာင္လန္ရဲ႕ ဦးေႏွာက္က ဘယ္လိုအလုပ္လုပ္ေနတာလဲဆိုတာ ေခ်ာင္လန္နည္းနည္းေတာ့ ရႈပ္ေထြးလာၿပီ။ ပိုက္ဆံစုမယ္၊ ႏြားႏို႔ေတြပိုေသာက္ မယ္၊ ၾကက္ဥေတြ ပိုစားမယ္၊ အဲ့တာဆိုရင္ သူမက ေသခ်ာေပါက္ကို ၾကည့္ရတာ သိပ္မဆိုးေလာက္ေတာ့ဘူး။

သူမမွာ ဒီေလာက္ေကာင္းတဲ့ မ်က္ႏွာမ်ိဳးရွိေနတာပဲကို။ အခုက်ေတာ့ၾကည့္လိုက္ပါဦး သူမကသရဲမထက္ေတာင္ ၾကည့္ရတာ ပိုဆိုးေနေသးတယ္။

သူမ မ်က္ႏွာသစ္ၿပီးသြားေတာ့ ေရခ်ိဳးခန္းထဲကေန ထြက္လာတယ္။ ေခ်ာင္မိသားစုအိမ္က ေတာ္ေတာ္ေတာ့ အိုေဟာင္းေနေပမဲ့ အေတာ္ေလးႀကီးတယ္။ ဘာလို႔လဲဆိုေတာ့ သူမအေရွ႕မွာ အစ္မႏွစ္ေယာက္ေတာင္ ရွိခဲ့ေသးတာေလ။ ေခ်ာင္လန္ ေဘးပတ္လည္ကို
ေလွ်ာက္ၾကည့္လိုက္ၿပီး ေတာင္ဘက္က အေသးဆုံးအခန္းထဲကို ဝင္သြားလိုက္တယ္။

သူမ တစ္မိနစ္ေလာက္ေတာင္ မထိုင္ရေသးဘူး ေခ်ာင္ယြမ္က သူမ တံခါးကို လာကန္ၿပီး ဖြင့္တယ္။ သူ႔ရဲ႕ ေမးေစ့က အရမ္းကို ေမာ့ထားၿပီး သူက ဖိနပ္တစ္စုံကို သူမနားထိ ေျမႇာက္ၿပီး ကိုင္လာတယ္။

" ဒီဟာကို ငါ့ကို သန္႔ရွင္းေအာင္လုပ္ေပး။ ဒါက လုံးဝအသစ္ေလးအတိုင္း အရင္ကပုံစံေလးအတိုင္း ျဖစ္သြားေအာင္ေလွ်ာ္ေပးရမွာေနာ္။ " ေခ်ာင္လန္က တစ္ခ်က္ကေလးမွ လႈပ္မသြားတာကို ျမင္ေတာ့ သူက အျမန္ႏႈိးေဆာ္ေတာ့တယ္။ " ဘာလုပ္ေနတာလဲ။ အျမန္ ေလွ်ာ္ေတာ့ေလ။ ၿပီးေတာ့ တက္ႏိုင္သမွ်အျမန္ဆုံး ​အေျခာက္ခံလာခဲ့။ ငါဒါကို ၂ရက္အတြင္းစီးမွာေနာ္။ "

Continue Reading

You'll Also Like

336K 38.5K 26
"𝒚𝒐𝒖 𝒄𝒐𝒖𝒍𝒅 𝒃𝒓𝒆𝒂𝒌 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒊𝒏 𝒕𝒘𝒐 𝒃𝒖𝒕 𝒘𝒉𝒆𝒏 𝒊𝒕 𝒉𝒆𝒂𝒍𝒔, 𝒊𝒕 𝒃𝒆𝒂𝒕𝒔 𝒇𝒐𝒓 𝒚𝒐𝒖" ...
1M 50.7K 40
𝐓𝐡𝐞 𝐔𝐧𝐞𝐱𝐩𝐞𝐜𝐭𝐞𝐝 𝐬𝐞𝐫𝐢𝐞𝐬 ~ 𝐁𝐨𝐨𝐤 𝟏 In a world where love knows no boundaries, Aleena Noor a Bangladeshi girl with an elated heart...
376K 1.1K 10
Fun wlw sex. Different kinks and stuff, all about trying things. May even include potential plot lines and will definitely include some form after ca...
2.8M 36.1K 12
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...