Unicode
flashback
ရိပေါ် ရေချိုးခန်းထဲဝင်နေတုန်း ရှောင်းကျန့် jian guoလေးကို ပွတ်သပ်ပေးပြီး အမွှေးတွေကိုဘီးလေးနှင့်ဖြီးပေးနေလိုက်သည်။
ရှောင်းကျန့် ခေါင်းငုံကာ jian guoလေးကို ဘီးလေးနှင့်ဖြီးပေးနေတုန်း ပတ်ဝန်းကျင်ကအရမ်းအရမ်းကိုတိတ်ဆိတ်နေတာကြောင့် ရှောင်းကျန့်မူမမှန်တော့မှန်းခံစားမိလာသည်။
လက်ကjian guoလေးကိုပွတ်သပ်ပေးနေတုန်း သူ့အရှေ့တည့်တည့်ကအရိပ်တစ်ခုမြင်လိုက်တာကြောင့် ရှောင်းကျန့်ခေါင်းမော့ကြည့်လိုက်တော့ သွေးစွန်းပြီးညစ်ပတ်ကာ ဘာအရောင်မှန်းမသိတော့တဲ့ ဂါဝန်ကြီးနှင့်မိန်းမတစ်ယောက်က သူနှင့် တစ်တောင်ကျော်ကျော်လောက်မှာထိုင်ကာ jian guoလေးကိုပြုံးပြုံးကြီးစိုက်ကြည့်ပြီး သူကြည့်နေတာမှန်းသိတော့ ထိုအရာကသူ့ကိုကြည့်ကာအေးစက်စက်ကြီးရီပြလာသည်။
အဲ့မိန်းမမျက်နှာက မဲပုတ်နေပြီး ဆံပင်တွေကလည်းဖွလန်ကြဲနေကာ လည်ပင်းမှာလည်း
သံဆူးကြိုးကြီးတစ်ချောင်းက အဲ့မိန်းမရဲ့မဲပုတ်နေတဲ့အသားထဲစိုက်ဝင်နေသည်။
ရှောင်းကျန့် ကျောက်ရုပ်ကြီးလိုအသံမထွက်ဘဲ မျက်တောင်တောင်ခတ်မိရဲ့လားမသိ ထိုမိန်းမကြီးကိုစိုက်ကြည့်နေသည်။ ထိုမိန်းမကြီးကဆောင့်ကြောင့်ထိုင်နေရာက အဲ့ဒီပုံစံအတိုင်း ပြုံးပြုံးကြီး သူ့အနားကိုတဖြည်းဖြည်းတိုးလာတော့မှ ရှောင်းကျန့် မျက်လုံးမှိတ်ပြီး အသားကုန်အော်လိုက်မိသည်။
Flashback end
------------------------
ခြေဖျားလက်ဖျားတွေအေးစက်ကာ ကြုံခဲ့ရတာကိုပြန်ပြောနေတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်သနားကာ ပခုံးလေးကိုဖွဖွပွတ်ပေးလိုက်သည်။
သူသာရှောင်းကျန့်ကိုတစ်ယောက်တည်းမထားခဲ့ရင် ရှောင်းကျန့်ရဲ့အခုလိုပုံစံကိုမြင်ရမှာမဟုတ်။
ရှောင်းကျန့်မျက်နှာက ပြုံးနေတာကိုမြင်နေရတဲ့သူ့အဖို့ ဒီငိုနေတဲ့မျက်နှာက သူ့အတွက်စိမ်းသက်သက်ပင်။
"ကော ကျွန်တော်အဲ့မှာမနေရဲတော့ဘူး"
"မကြောက်ပါနဲ့ zhuo chengရာ ကိုယ်ရှိပါတယ်"
ရှောင်းကျန့်ပြောတာကိုကြားပြီး zhuo cheng ကြောက်လာရသည်။ နဂိုကတည်းကမှ အဲ့အဆောင်ကိုရောက်ကတည်းက တစ်မျိုးကြီးခံစားနေရပါတယ်ဆို အခုရှောင်းကျန့်ကခြောက်ခံလိုက်ရတော့ သူဘယ်လိုဆက်နေရမှာလည်း။
" ရှောင်းကျန့်မကြောက်နဲ့တော့နော် ငါရှိတယ်။"
"အင်း"
ရိပေါ် ပြောပေမယ့် ရှောင်းကျန့်အကြောက်မပြေသေးပါ။ ဟိုတစ်ခါသူ့တိုက်ခန်းမှာခြောက်ခံရတုန်းက ဒီထက်ဆာရင်တော်သေးသည်လို့ပြောလို့ရသည်။
ယခုဟာကအနီးကပ်ကြီးကိုမှ ဆိုးရွားလွန်းတဲ့ပုံစံကြီးကိုမြင်ခဲ့ရတာ။
"Zhuo chengကောတို့က ဘယ်လိုလုပ်အဆောင်အပြင်ရောက်နေတာလည်း"
" အင်း ငါတို့လည်းသရဲခြောက်ခံရတာ၊ တစ်ဆောင်လုံးဘယ်သူမှမနေရဲတော့တာကြောင့် ညနေလောက်ကတည်း အဆောင်မှာရှိသမျှကျောင်းသားအားလုံးကို လိုအပ်မယ့််ပစ္စည်းတွေမြန်မြန်ထည့်ခိုင်းပြီး ငါ့ပါးပါးပိုင်တဲ့hotelမှာ ပြောင်းရွှေ့ပေးထားတယ်"
"ညနေလောက်ကတည်းက ပြောင်းသွားတာဆိုတော့ ဘယ်သူသရဲခြောက်ခံရတာလဲ၊ ဘယ်ချိန်ကလဲ''
" အင်း ညနေ၃နာရီလောက်ဖြစ်မယ် ငါနဲ့zhuo chengရယ်၊ ကျောင်းသားတချို့ရယ်ကတော့မခြောက်ခံရပါဘူး။ ဖြစ်ပုံက အလယ်တန်းကျောင်းသားတစ်ယောက်က အခန်းထဲသူတစ်ယောက်တည်းရှိတဲ့အချိန်၊ အိမ်သာတက်နေတုန်း အိမ်သာတံခါးကို တဘုန်းဘုန်းနဲ့လာထုတာ။ အဲ့ကလေးက ခါတိုင်းလည်း သူ့ သူငယ်ချင်းတွေက အဲ့လိုစနေကြဆိုတော့ သရဲခြောက်မှန်းမသိသေးဘူး။
အိမ်သာတက်ပြီး ကိစ္စတွေဘာတွေ၊ရှင်းပြီး အပြင်ထွက်လာတော့ သူ့ကုတင်ပေါ်မှာ ငုပ်တုတ်ကြီးထိုင်ပြီး သူ့ကိုလက်ယပ်ခေါ်နေတာ။
အဲ့မှာတင်အဲ့ကလေးကကြောက်ပြီး အသားကုန်အော်ပြီး အခန်းထဲကပြေးထွက်လာတာ။
အခြားသူတွေကသူ့ကိုဘာဖြစ်လာတာလဲ ဝိုင်းမေးတော့လည်း မပြောဘူးတအားကိုငိုနေတာ အကုန်လုံးသူ့ကို ဝိုင်းချော့ပြီးမေးနေတုန်း ၉ထပ်မြှောက်ကလူအကုန်လုံး လှေကားကနေပြေးဆင်းလာကြတယ်။
ငါလည်း အဲ့တုန်းက အောက်ထပ်မှာရှိနေတော့ ဘာဖြစ်တာလည်းဆိုပြီးမေးတော့ ၉ထပ်မြှောက်မှာရှိတဲ့ ကျောင်းသားအားလုံးက ထုံးစံအတိုင်း အဖွဲ့လိုက်လျှောက်လမ်းတစ်လျှောက်ဆော့နေကြတာ အဲ့အချိန်မီးက မှိတ်တုတ်တုတ်ဖြစ်လာပြီး ရီသံကြီးကြားလာရတယ်။
သူတို့ပြောတာတော့ ရီတာမှပီပီသသကြီးကိုရီပြီး ခဏလောက်ကြာတော့ မီးမှိတ်တုတ်တုတ်ဖြစ်နေရာကငြိမ်သွားပြီး ဓာတ်လှေကားတံခါးဖွင့်လာတော့ အားလုံးရဲ့အကြည့်ကဓာတ်လှေကားဘက်ရောက်သွားချိန် ဓာတ်လှေကားထဲမှာတွေ့လိုက်ရတာက မိန်းမကြီးတစ်ယောက်က သံဆူးကြိုးကြီးကိုလည်ပင်းမှာပတ်ပြီး တွဲလောင်းကြီးကျနေတာ။
အဲ့ဒါကိုမြင်တော့ ကိုးထပ်ကလူအားလုံး သရဲသရဲဆိုပြီး လှေကားကနေပြေးဆင်းလာကြတာဘဲ။ ငါလည်း အဲ့တော့မှကလေးတွေအားလုံးကို အင်္ကျီတွေ၊လိုအပ်တဲ့ပစ္စည်းတွေအကုန်မြန်မြန်ထုပ်ခိုင်းပြီး hotelမှာဘဲပြောင်းနေခိုင်းလိုက်တယ်။"
" ကော အဲ့အကြောင်းတွေဘာလို့ကျွန်တော့ကိုမပြောတာဘဲ"
"Zhuo chengကြောက်မှာဆိုးလို့ပေါ့ အခုတောင်ကြောက်နေပြီမလား''
"Hai kuanကောက ညနေလောက်ကတည်းက အဆောင်ကနေ ထွက်သွယးကြတာကို ဘာလို့ ကျွန်တော့်ကိုမပြောတာလည်း''
ရိပေါ်ကမျက်စောင်းထိုးကာ hai kuanကိုပြောတော့ haikuanကစိတ်လေလိုက်တာဆိုတဲ့ပုံစံမျိုးနှင့် သူ့ကိုပြန်ကြည့်ပြီးပြောလာသည်။
"မင်းကို ညနေငါတို့ပြောင်းပါပြီဆိုကတည်းက ဖုန်းတောက်လျှောက်ဆက်တာ မကိုင်ဘူးလေ။အခါရာကျော်လောက်တောင်ရှိတယ် မင်းကိုဖုန်းခေါ်ထားတာ မင်းဘာသာမင်းမိုးမမြင်လေမမြင်ဖြစ်ပြီး ဖုန်းသံရောကြားရဲ့လားမှမသိတာ"
"ဖုန်းခေါ်ထားတယ်ပေါ့ ကျွန်တော်ဖုန်းသံပိတ်ထားမိလို့ထင်တယ် မကြားမိဘူး"
"ဝမ်ရိပေါ်!!!"
ရှောင်းကျန့် အရမ်းကိုစိတ်တိုသွားတာကြောင့် ရိပေါ်ကိုအော်လိုက်သည်။သူသာဖုန်းကိုင်ရင် အဲ့ဒီကြောက်စရာမြင်ကွင်းကိုမြင်ရမှာမဟုတ်။
"ဗျာ"
"မင်း...မင်းကြောင့် ဝမ်ရိပေါ် အင့်.....ဘုန်း...ဘုန်း မင်းကြောင့်"
ရှောင်းကျန့် ရိပေါ်ကျောကို လက်သီးဆုပ်ကလေးနှင့်တဘုန်းဘုန်းထုကာ ပါးစပ်ကလည်း မျိုးစုံပြောဆိုနေသည်။ ရိပေါ်လည်း သူ့အမှားမှန်းသိတော့ အသာလေးဘာမှပြန်မလုပ်ဘဲ ငြိမ်ခံကာ ရှောင်းကျန့် စိတ်ကျေနပ်တဲ့အထိ ကျောကိုထုခိုင်းလိုက်သည်။
🍀 🍀 🍀
🌷loon
3.1.2021
ဖတ်ပေးတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်😘😘😘
ကိုယ်ရေးတာကို ဖတ်ရတာအဆင်မပြေရင် အဆင်မပြေတဲ့နေရာဘယ်နေရာလည်းဆိုတာလာပြောလို့ရပါတယ်နော်။
အမှားများပါခဲ့ပါက ခွင့်လွှတ်ပေးပါ။
Zawgyi
flashback
ရိေပၚ ေရခ်ိဳးခန္းထဲဝင္ေနတုန္း ေရွာင္းက်န့္ jian guoေလးကို ပြတ္သပ္ေပးၿပီး အေမႊးေတြကိုဘီးေလးႏွင့္ၿဖီးေပးေနလိုက္သည္။
ေရွာင္းက်န့္ ေခါင္းငုံကာ jian guoေလးကို ဘီးေလးႏွင့္ၿဖီးေပးေနတုန္း ပတ္ဝန္းက်င္ကအရမ္းအရမ္းကိုတိတ္ဆိတ္ေနတာေၾကာင့္ ေရွာင္းက်န့္မူမမွန္ေတာ့မွန္းခံစားမိလာသည္။
လက္ကjian guoေလးကိုပြတ္သပ္ေပးေနတုန္း သူ႕အေရွ႕တည့္တည့္ကအရိပ္တစ္ခုျမင္လိုက္တာေၾကာင့္ ေရွာင္းက်န့္ေခါင္းေမာ့ၾကည့္လိုက္ေတာ့ ေသြးစြန္းၿပီးညစ္ပတ္ကာ ဘာအေရာင္မွန္းမသိေတာ့တဲ့ ဂါဝန္ႀကီးႏွင့္မိန္းမတစ္ေယာက္က သူႏွင့္ တစ္ေတာင္ေက်ာ္ေက်ာ္ေလာက္မွာထိုင္ကာ jian guoေလးကိုၿပဳံးၿပဳံးႀကီးစိုက္ၾကည့္ၿပီး သူၾကည့္ေနတာမွန္းသိေတာ့ ထိုအရာကသူ႕ကိုၾကည့္ကာေအးစက္စက္ႀကီးရီျပလာသည္။
အဲ့မိန္းမမ်က္ႏွာက မဲပုတ္ေနၿပီး ဆံပင္ေတြကလည္းဖြလန္ႀကဲေနကာ လည္ပင္းမွာလည္း
သံဆူးႀကိဳးႀကီးတစ္ေခ်ာင္းက အဲ့မိန္းမရဲ႕မဲပုတ္ေနတဲ့အသားထဲစိုက္ဝင္ေနသည္။
ေရွာင္းက်န့္ ေက်ာက္႐ုပ္ႀကီးလိုအသံမထြက္ဘဲ မ်က္ေတာင္ေတာင္ခတ္မိရဲ႕လားမသိ ထိုမိန္းမႀကီးကိုစိုက္ၾကည့္ေနသည္။ ထိုမိန္းမႀကီးကေဆာင့္ေၾကာင့္ထိုင္ေနရာက အဲ့ဒီပုံစံအတိုင္း ၿပဳံးၿပဳံးႀကီး သူ႕အနားကိုတျဖည္းျဖည္းတိုးလာေတာ့မွ ေရွာင္းက်န့္ မ်က္လုံးမွိတ္ၿပီး အသားကုန္ေအာ္လိုက္မိသည္။
Flashback end
------------------------
ေျခဖ်ားလက္ဖ်ားေတြေအးစက္ကာ ႀကဳံခဲ့ရတာကိုျပန္ေျပာေနတဲ့ေရွာင္းက်န့္ေၾကာင့္ ရိေပၚသနားကာ ပခုံးေလးကိုဖြဖြပြတ္ေပးလိုက္သည္။
သူသာေရွာင္းက်န့္ကိုတစ္ေယာက္တည္းမထားခဲ့ရင္ ေရွာင္းက်န့္ရဲ႕အခုလိုပုံစံကိုျမင္ရမွာမဟုတ္။
ေရွာင္းက်န့္မ်က္ႏွာက ၿပဳံးေနတာကိုျမင္ေနရတဲ့သူ႕အဖို႔ ဒီငိုေနတဲ့မ်က္ႏွာက သူ႕အတြက္စိမ္းသက္သက္ပင္။
"ေကာ ကြၽန္ေတာ္အဲ့မွာမေနရဲေတာ့ဘူး"
"မေၾကာက္ပါနဲ႕ zhuo chengရာ ကိုယ္ရွိပါတယ္"
ေရွာင္းက်န့္ေျပာတာကိုၾကားၿပီး zhuo cheng ေၾကာက္လာရသည္။ နဂိုကတည္းကမွ အဲ့အေဆာင္ကိုေရာက္ကတည္းက တစ္မ်ိဳးႀကီးခံစားေနရပါတယ္ဆို အခုေရွာင္းက်န့္ကေျခာက္ခံလိုက္ရေတာ့ သူဘယ္လိုဆက္ေနရမွာလည္း။
" ေရွာင္းက်န့္မေၾကာက္နဲ႕ေတာ့ေနာ္ ငါရွိတယ္။"
"အင္း"
ရိေပၚ ေျပာေပမယ့္ ေရွာင္းက်န့္အေၾကာက္မေျပေသးပါ။ ဟိုတစ္ခါသူ႕တိုက္ခန္းမွာေျခာက္ခံရတုန္းက ဒီထက္ဆာရင္ေတာ္ေသးသည္လို႔ေျပာလို႔ရသည္။
ယခုဟာကအနီးကပ္ႀကီးကိုမွ ဆိုး႐ြားလြန္းတဲ့ပုံစံႀကီးကိုျမင္ခဲ့ရတာ။
"Zhuo chengေကာတို႔က ဘယ္လိုလုပ္အေဆာင္အျပင္ေရာက္ေနတာလည္း"
" အင္း ငါတို႔လည္းသရဲေျခာက္ခံရတာ၊ တစ္ေဆာင္လုံးဘယ္သူမွမေနရဲေတာ့တာေၾကာင့္ ညေနေလာက္ကတည္း အေဆာင္မွာရွိသမွ်ေက်ာင္းသားအားလုံးကို လိုအပ္မယ့္္ပစၥည္းေတြျမန္ျမန္ထည့္ခိုင္းၿပီး ငါ့ပါးပါးပိုင္တဲ့hotelမွာ ေျပာင္းေ႐ႊ႕ေပးထားတယ္"
"ညေနေလာက္ကတည္းက ေျပာင္းသြားတာဆိုေတာ့ ဘယ္သူသရဲေျခာက္ခံရတာလဲ၊ ဘယ္ခ်ိန္ကလဲ''
" အင္း ညေန၃နာရီေလာက္ျဖစ္မယ္ ငါနဲ႕zhuo chengရယ္၊ ေက်ာင္းသားတခ်ိဳ႕ရယ္ကေတာ့မေျခာက္ခံရပါဘူး။ ျဖစ္ပုံက အလယ္တန္းေက်ာင္းသားတစ္ေယာက္က အခန္းထဲသူတစ္ေယာက္တည္းရွိတဲ့အခ်ိန္၊ အိမ္သာတက္ေနတုန္း အိမ္သာတံခါးကို တဘုန္းဘုန္းနဲ႕လာထုတာ။ အဲ့ကေလးက ခါတိုင္းလည္း သူ႕ သူငယ္ခ်င္းေတြက အဲ့လိုစေနၾကဆိုေတာ့ သရဲေျခာက္မွန္းမသိေသးဘူး။
အိမ္သာတက္ၿပီး ကိစၥေတြဘာေတြ၊ရွင္းၿပီး အျပင္ထြက္လာေတာ့ သူ႕ကုတင္ေပၚမွာ ငုပ္တုတ္ႀကီးထိုင္ၿပီး သူ႕ကိုလက္ယပ္ေခၚေနတာ။
အဲ့မွာတင္အဲ့ကေလးကေၾကာက္ၿပီး အသားကုန္ေအာ္ၿပီး အခန္းထဲကေျပးထြက္လာတာ။
အျခားသူေတြကသူ႕ကိုဘာျဖစ္လာတာလဲ ဝိုင္းေမးေတာ့လည္း မေျပာဘူးတအားကိုငိုေနတာ အကုန္လုံးသူ႕ကို ဝိုင္းေခ်ာ့ၿပီးေမးေနတုန္း ၉ထပ္ျမႇောက္ကလူအကုန္လုံး ေလွကားကေနေျပးဆင္းလာၾကတယ္။
ငါလည္း အဲ့တုန္းက ေအာက္ထပ္မွာရွိေနေတာ့ ဘာျဖစ္တာလည္းဆိုၿပီးေမးေတာ့ ၉ထပ္ျမႇောက္မွာရွိတဲ့ ေက်ာင္းသားအားလုံးက ထုံးစံအတိုင္း အဖြဲ႕လိုက္ေလွ်ာက္လမ္းတစ္ေလွ်ာက္ေဆာ့ေနၾကတာ အဲ့အခ်ိန္မီးက မွိတ္တုတ္တုတ္ျဖစ္လာၿပီး ရီသံႀကီးၾကားလာရတယ္။
သူတို႔ေျပာတာေတာ့ ရီတာမွပီပီသသႀကီးကိုရီၿပီး ခဏေလာက္ၾကာေတာ့ မီးမွိတ္တုတ္တုတ္ျဖစ္ေနရာကၿငိမ္သြားၿပီး ဓာတ္ေလွကားတံခါးဖြင့္လာေတာ့ အားလုံးရဲ႕အၾကည့္ကဓာတ္ေလွကားဘက္ေရာက္သြားခ်ိန္ ဓာတ္ေလွကားထဲမွာေတြ႕လိုက္ရတာက မိန္းမႀကီးတစ္ေယာက္က သံဆူးႀကိဳးႀကီးကိုလည္ပင္းမွာပတ္ၿပီး တြဲေလာင္းႀကီးက်ေနတာ။
အဲ့ဒါကိုျမင္ေတာ့ ကိုးထပ္ကလူအားလုံး သရဲသရဲဆိုၿပီး ေလွကားကေနေျပးဆင္းလာၾကတာဘဲ။ ငါလည္း အဲ့ေတာ့မွကေလးေတြအားလုံးကို အကၤ်ီေတြ၊လိုအပ္တဲ့ပစၥည္းေတြအကုန္ျမန္ျမန္ထုပ္ခိုင္းၿပီး hotelမွာဘဲေျပာင္းေနခိုင္းလိုက္တယ္။"
" ေကာ အဲ့အေၾကာင္းေတြဘာလို႔ကြၽန္ေတာ့ကိုမေျပာတာဘဲ"
"Zhuo chengေၾကာက္မွာဆိုးလို႔ေပါ့ အခုေတာင္ေၾကာက္ေနၿပီမလား''
"Hai kuanေကာက ညေနေလာက္ကတည္းက အေဆာင္ကေန ထြက္သြယးၾကတာကို ဘာလို႔ ကြၽန္ေတာ့္ကိုမေျပာတာလည္း''
ရိေပၚကမ်က္ေစာင္းထိုးကာ hai kuanကိုေျပာေတာ့ haikuanကစိတ္ေလလိုက္တာဆိုတဲ့ပုံစံမ်ိဳးႏွင့္ သူ႕ကိုျပန္ၾကည့္ၿပီးေျပာလာသည္။
"မင္းကို ညေနငါတို႔ေျပာင္းပါၿပီဆိုကတည္းက ဖုန္းေတာက္ေလွ်ာက္ဆက္တာ မကိုင္ဘူးေလ။အခါရာေက်ာ္ေလာက္ေတာင္ရွိတယ္ မင္းကိုဖုန္းေခၚထားတာ မင္းဘာသာမင္းမိုးမျမင္ေလမျမင္ျဖစ္ၿပီး ဖုန္းသံေရာၾကားရဲ႕လားမွမသိတာ"
"ဖုန္းေခၚထားတယ္ေပါ့ ကြၽန္ေတာ္ဖုန္းသံပိတ္ထားမိလို႔ထင္တယ္ မၾကားမိဘူး"
"ဝမ္ရိေပၚ!!!"
ေရွာင္းက်န့္ အရမ္းကိုစိတ္တိုသြားတာေၾကာင့္ ရိေပၚကိုေအာ္လိုက္သည္။သူသာဖုန္းကိုင္ရင္ အဲ့ဒီေၾကာက္စရာျမင္ကြင္းကိုျမင္ရမွာမဟုတ္။
"ဗ်ာ"
"မင္း...မင္းေၾကာင့္ ဝမ္ရိေပၚ အင့္.....ဘုန္း...ဘုန္း မင္းေၾကာင့္"
ေရွာင္းက်န့္ ရိေပၚေက်ာကို လက္သီးဆုပ္ကေလးႏွင့္တဘုန္းဘုန္းထုကာ ပါးစပ္ကလည္း မ်ိဳးစုံေျပာဆိုေနသည္။ ရိေပၚလည္း သူ႕အမွားမွန္းသိေတာ့ အသာေလးဘာမွျပန္မလုပ္ဘဲ ၿငိမ္ခံကာ ေရွာင္းက်န့္ စိတ္ေက်နပ္တဲ့အထိ ေက်ာကိုထုခိုင္းလိုက္သည္။
🍀 🍀 🍀
🌷loon
3.1.2021
ဖတ္ေပးတဲ့သူေတြအားလုံးကိုေက်းဇူးတင္ပါတယ္😘😘😘
ကိုယ္ေရးတာကို ဖတ္ရတာအဆင္မေျပရင္ အဆင္မေျပတဲ့ေနရာဘယ္ေနရာလည္းဆိုတာလာေျပာလို႔ရပါတယ္ေနာ္။
အမွားမ်ားပါခဲ့ပါက ခြင့္လႊတ္ေပးပါ။