SECRET ( Completed)

Door Tulip_loon

255K 20.2K 340

yizhan❤ Wang Yibo & Xiao Zhan 🍀🌷❤ Unicode/ Zawgyi Meer

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
New Year
Part 13
Part 14
Part 15
part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
part 31
part 32
Part 33
Part 34
Ending
ကျေးဇူးတင်လွှာ
Season-2
⁉️

Part 12

6.1K 596 6
Door Tulip_loon

Unicode

"ရိပေါ် Jian guoလေးကို ခေါ်လာတာအဆင်ပြေပါ့မလား။"

"ကိစ္စမရှိဘူး။"

" သေချာရဲ့လားရိပေါ်ရာ"

"ဒီကျောင်းကိုငါပိုင်တာ ငါလုပ်ချင်သလိုလုပ်လို့ရတယ်။နောက်ပြီး အခုငါတို့လုပ်နေတာကလည်း မကောင်းတဲ့ဟာမှမဟုတ်တာ။ကြောင်လေးတစ်ကောင် အခန်းထဲခေါ်လာတာပဲကို ဘာမှမဖြစ်ဘူး။"

"အေးပါ"

နှစ်​ယောက်လုံးတစ်နေကုန်လျှောက်လည်ပြီး ည၈နာရီလောက်ကြမှ အဆောင်ကိုပြန်လာကြသည်။ရိပေါ်က ဝမ်မျိုးရိုးရဲ့ဆက်ခံသူမလို့ ဘယ်သူမှသူအပြင်ထွက်လည်တာကိုမပြောရဲကြပေ။တခြားကျောင်းသားတွေကတော့ ကျောင်းပိတ်ရက်လည်း အပြင်ထွက်လည်ခွင့်မရှိ ၂ပတ်ကိုတစ်ခါလောက်ပဲ အပြင်ထွက်ခွင့်ရကြသည်။
ဘယ်သူမှအပြင်မထွက်ရလို့ ပုံမှန်ဆို ဆူညံနေရမယ့်အဆောင်ကတိတ်ဆိတ်နေသည်။
ယောက်ျားလေးအဆောင်ဖြစ်တာမလို့ ခါတိုင်းလိုအော်ဟစ်သံတွေမကြားရ တိတ်ဆိတ်မှုကသာကြီးစိုးနေသည်။

"ရိပေါ် အဆောင်ကတိတ်ဆိတ်နေသလိုဘဲ"

"အကုန်လုံးအခန်းထဲမှာနေမှာပေါ့ "

"အင်း"

ရှောင်းကျန့် ရိပေါ်ကိုဘာမှထပ်မမေးတော့ဘဲ အပေါ်ထပ်ကိုဓာတ်လှေကားနဲ့တက်လာခဲ့သည်။
အပေါ်ထပ်ရောက်တော့ ရိပေါ်ကအရှေ့ကသွားပြီး ရှောင်းကျန့်ကအနောက်ကလိုက်လာခဲ့သည်။
တိတ်ဆိတ်နေတဲ့အခြေအနေကြီးကို ရှောင်းကျန့်သဘောမကျပေ။
အရမ်းကိုတိတ်ဆိတ်လွန်းအားကြီးနေပေမယ့် အရှေ့ကနေပေါ့ပေါ့ပါးပါး သွားနေတဲ့ရိပေါ်ကြောင့် ရှောင်းကျန့် သူအတွေးလွန်နေတာနေမှာပါလေဆိုပြီး တွေးလိုက်မိသည်။
အခန်းရှေ့ရောက်တော့ ရိပေါ်ကတံခါးအရင်ဖွင့်ပြီးဝင်သွားသည်။
ရှောင်းကျန့် တံခါးကိုသေချာပိတ်ပြီး ကုတင်နားလာကာ jian guoလေးကို သူ့ကုတင်ပေါ်မှာချမလို့လုပ်တုန်း ရိပေါ်က jian guoလေးကိုယူပြီးအောက်မှာချထားလိုက်တာကြောင့် ရှောင်းကျန့်မျက်နှာအနည်းငယ်ဆူပုတ်သလိုဖြစ်သွားသည်။

"မျက်နှာဆူပုတ်မနေနဲ့ ကြောင်ကိုအရင်ရေချိူးပေးအုန်း ကြောင်ကဖြင့်အရောင်ကအမဲဖြစ်နေပြီ"

"ညကြီးကို jian guoလေးအအေးပတ်သွားရင်ဘယ်လိုလုပ်မလည်း"

"ရေနွေးနဲ့ချိုးပြီး ရေပြောင်အောင်လို့ လေမှုတ်ပေးလိုက် အဲ့ဒါကိုမှအအေးပတ်မှာစိတ်ပူရင် ညမှစောင်ခြုံပေးလိုက်"

"မင်းမအေးတိုင်း ငါ့သမီးကို"

"တော်ပြီ!!! ငါအခုမျက်နှာသစ်၊ခြေလက်ဆေးမလို့ ကြောင်ကိုမင်းအိပ်ယာပေါ်လုံးဝမတင်နဲ့နော် ငါ့စကားနားထောင်စမ်းပါ ယုန်ပေါက်ရာ"

"ပြီးရော...ပြီးရော။"

ရိပေါ် ပြောမရဆိုမရဖြစ်နေတဲ့ ယုန်ပေါက်ကိုကြည့်ပြီးခေါင်းခါမိလိုက်သည်။
တခြားသူတွေကသူ့ကိုစကားမပြောရဲသလောက် ယုန်ပေါက်ကတော့အဲ့လိုမဟုတ်ပေ။ကိုယ်တစ်ခွန်းပြောသလောက်၊သူကဆယ်ခွန်းလောက်ပြန်ပြောမှစိတ်ကျေနပ်တဲ့သူမျိုး ရိပေါ်ကိုမကြောက်တာ ရှောင်းကျန့်တစ်ယောက်ထဲရှိမည်ထင်သည်။
ရှောင်းကျန့်အကြောင်းအတွေးဖျက်ကာ သွားအမြန်တိုက်ပြီး မျက်နှာသစ်နေတုန်းအခန်းထဲကရှောင်းကျန့်အော်သံကြားလိုက်တာကြောင့် ရိပေါ်ရေချိုးခန်းထဲကအမြန်ပြေးထွက်လိုက်သည်။

"ရိ...ရိပေါ်!!!"

ရေချိုးခန်းထဲကထွက်လာတော့ ရိပေါ်လို့အော်ခေါ်ပြီးပြေးလာတဲ့ရှောင်းကျန့်က ရိပေါ်အပေါ်ခုန်တက်လိုက်တာကြောင့် ရိပေါ် ရှောင်းကျန့်ကိုပြုတ်မကျအောင် သေချာထိန်းလိုက်ရသည်။

"ရိ...ရိပေါ်... "

တစ်ကိုယ်လုံးတုန်ယင်ပြီး ရှိုက်သံတစ်ဝက်နှင့်ရိပေါ်နာမည်ကို ထပ်ကာထပ်ကာခေါ်နေတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်စိုးရိမ်စိတ်ဝင်လာသည်။
ရိပေါ်သူ့ကုတင်ဘက်ကိုသွားပြီး ကုတင်ပေါ်ထိုင်လိုက်တော့လည်း ရှောင်းကျန့်ကသူ့ကိုယ်ပေါ်ကမဆင်း မျက်လုံးမှိတ်ကာငိုဘဲငိုနေတာကြောင့် ရိပေါ် သူ့ပခုံးပေါ်မှာခေါင်းလေးတင်ကာငိုနေတဲ့ ရှောင်းကျန့်ကိုမနည်းဆွဲဖယ်ပြီး မျက်ရည်တွေကိုသေချာသုတ်ပေးလိုက်သည်။

" ရှောင်းကျန့်...ရှောင်းကျန့် ငါ့ကိုကြည့်ငါ့ကိုမျက်လုံးဖွင့်ကြည့်"

ရိပေါ်ပြောတော့ မျက်လုံးလေးဖွင့်ကာ မျက်ရည်တွေစီးကျလာပြန်တာကြောင့် ရိပေါ်မျက်ရည်တွေထပ်သုတ်ပေးလိုက်သည်။

"ဘာလို့လဲ ဘာလို့ငိုတာလည်း "

"ရိ...ရိပေါ်...အပြင်သွားရအောင်...အပြင်သွားရအောင်လို့"

"မိုးချုပ်နေပြီလေ ရှောင်းကျန့်ကလည်း''

"အပြင်သွားမှာ...အပြင်သွားချင်တယ်လို့"

ရှိုက်ကာရှိုက်ကာ ပြောတဲ့ရှောင်းကျန့်ပုံစံကချစ်စရာကောင်းပေမယ့် ဘာဖြစ်နေမှန်းမသိတဲ့အချိန်မှာ ရိပေါ်မစချင်တာကြောင့် ထိန်းထားလိုက်သည်။အပြင်သွားချင်တယ်လို့ဘဲ ပြောနေတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်လည်း ရှောင်းကျန့်ကိုဖိနပ်စီးခိုင်းကာ သူက​တော့ jian guoကိုကြောင်လေးတွေထည့်တဲ့လွယ်အိတ်ထဲထည့်လိုက်ပြီး အခန်းအပြင်ကိုထွက်လာခဲ့သည်။
အခန်းအပြင်ရောက်တော့ ရှောင်းကျန့်ကသူ့လက်ကိုကိုင်ပြီး အမြန်သွားနေတာကြောင့် ရိပေါ်စိတ်ထဲတစ်ခုခုထူးဆန်းတယ်လို့ခံစားမိလာသည်။

ဓာတ်လှေကားခလုတ်ကိုလည်း တုန်တုန်ယဥ်ယဥ်နှင့်နှိပ်နေတာကြောင့် ရိပေါ် ရှောင်းကျန့်လက်ကိုတင်းကြပ်နေအောင်ဆုပ်ကိုင်လိုက်သည်။
အောက်ထပ်ကိုရောက်တော့ ဓာတ်လှေကားထဲကထွက်လာတာနှင့် မီးတွေကမှိတ်တုတ်တုတ်ဖြစ်လာကာ တချို့မီးချောင်းတွေဆိုဖျောက်ခနဲ​ပေါက်ပြီး မီးချောင်းတွေပါကျွမ်းကုန်သည်။
အဆောင်ရှေ့ကိုနှစ်ယောက်သားပြေးထွက်တော့ ခြံဝန်းတစ်ခုလုံးနှင့်အဆောင်တစ်တိုက်လုံး မီးမှောင်ကျသွားသည်။
ကံဆိုးချင်တော့ နှစ်ယောက်လုံးရဲ့ဖုန်းကအခန်းထဲကျန်ခဲ့တာကြောင့် တစ်ယောက်နှင့်တစ်ယောက်ပူးကပ်ပြီး စမ်းတဝါးဝါးလျှောက်နေတုန်း သူတို့ဆီပြေးလာနေတဲ့ခြေသံကြောင့် ရိပေါ် ရှောင်းကျန့်ပခုံးကိုဖက်ပြီးရင်ခွင်ထဲဆွဲသွင်းလိုက်သည်။
ရှောင်းကျန့်ကအရပ်ပိုရှည်နေတော့ ရင်ခွင်ထဲဆွဲသွင်းလည်း ဘာမှမထူးမှန်းသိပေမယ့် သူ့အပေါ်ကာကွယ်ပေးချင်သည့်စိတ်ကသာကြီးစိုးနေသည်။

"ရိပေါ်"

"Hai kuan"

ခုဏပြေးလာနေတဲ့ ခြေသံက သူတို့နားရောက်မှ hai kuanနှင့်zhuo cheng ဖြစ်နေသည်။

"ရိပေါ်နဲ့ရှောင်းကျန့် ငါတို့အမြန်ဒီခြံဝန်းထဲက ထွက်ရအောင်"

"အင်း"

သူတို့လေးယောက်လည်း အမြန်ပြေးကာခြံဝန်းထဲကထွက်လာကြသည်။

🍀         🍀           🍀

ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်😘😘😘

Zawgyi

"ရိေပၚ Jian guoေလးကို ေခၚလာတာအဆင္ေျပပါ့မလား။"

"ကိစၥမရွိဘူး။"

" ေသခ်ာရဲ႕လားရိေပၚရာ"

"ဒီေက်ာင္းကိုငါပိုင္တာ ငါလုပ္ခ်င္သလိုလုပ္လို႔ရတယ္။ေနာက္ၿပီး အခုငါတို႔လုပ္ေနတာကလည္း မေကာင္းတဲ့ဟာမွမဟုတ္တာ။ေၾကာင္ေလးတစ္ေကာင္ အခန္းထဲေခၚလာတာပဲကို ဘာမွမျဖစ္ဘူး။"

"ေအးပါ"

ႏွစ္​ေယာက္လုံးတစ္ေနကုန္ေလွ်ာက္လည္ၿပီး ည၈နာရီေလာက္ၾကမွ အေဆာင္ကိုျပန္လာၾကသည္။ရိေပၚက ဝမ္မ်ိဳးရိုးရဲ႕ဆက္ခံသူမလို႔ ဘယ္သူမွသူအျပင္ထြက္လည္တာကိုမေျပာရဲၾကေပ။တျခားေက်ာင္းသားေတြကေတာ့ ေက်ာင္းပိတ္ရက္လည္း အျပင္ထြက္လည္ခြင့္မရွိ ၂ပတ္ကိုတစ္ခါေလာက္ပဲ အျပင္ထြက္ခြင့္ရၾကသည္။
ဘယ္သူမွအျပင္မထြက္ရလို႔ ပုံမွန္ဆို ဆူညံေနရမယ့္အေဆာင္ကတိတ္ဆိတ္ေနသည္။
ေယာက္်ားေလးအေဆာင္ျဖစ္တာမလို႔ ခါတိုင္းလိုေအာ္ဟစ္သံေတြမၾကားရ တိတ္ဆိတ္မႈကသာႀကီးစိုးေနသည္။

"ရိေပၚ အေဆာင္ကတိတ္ဆိတ္ေနသလိုဘဲ"

"အကုန္လုံးအခန္းထဲမွာေနမွာေပါ့ "

"အင္း"

ေရွာင္းက်န့္ ရိေပၚကိုဘာမွထပ္မေမးေတာ့ဘဲ အေပၚထပ္ကိုဓာတ္ေလွကားနဲ႕တက္လာခဲ့သည္။
အေပၚထပ္ေရာက္ေတာ့ ရိေပၚကအေရွ႕ကသြားၿပီး ေရွာင္းက်န့္ကအေနာက္ကလိုက္လာခဲ့သည္။
တိတ္ဆိတ္ေနတဲ့အေျခအေနႀကီးကို ေရွာင္းက်န့္သေဘာမက်ေပ။
အရမ္းကိုတိတ္ဆိတ္လြန္းအားႀကီးေနေပမယ့္ အေရွ႕ကေနေပါ့ေပါ့ပါးပါး သြားေနတဲ့ရိေပၚေၾကာင့္ ေရွာင္းက်န့္ သူအေတြးလြန္ေနတာေနမွာပါေလဆိုၿပီး ေတြးလိုက္မိသည္။
အခန္းေရွ႕ေရာက္ေတာ့ ရိေပၚကတံခါးအရင္ဖြင့္ၿပီးဝင္သြားသည္။
ေရွာင္းက်န့္ တံခါးကိုေသခ်ာပိတ္ၿပီး ကုတင္နားလာကာ jian guoေလးကို သူ႕ကုတင္ေပၚမွာခ်မလို႔လုပ္တုန္း ရိေပၚက jian guoေလးကိုယူၿပီးေအာက္မွာခ်ထားလိုက္တာေၾကာင့္ ေရွာင္းက်န့္မ်က္ႏွာအနည္းငယ္ဆူပုတ္သလိုျဖစ္သြားသည္။

"မ်က္ႏွာဆူပုတ္မေနနဲ႕ ေၾကာင္ကိုအရင္ေရခ်ိဴးေပးအုန္း ေၾကာင္ကျဖင့္အေရာင္ကအမဲျဖစ္ေနၿပီ"

"ညႀကီးကို jian guoေလးအေအးပတ္သြားရင္ဘယ္လိုလုပ္မလည္း"

"ေရေႏြးနဲ႕ခ်ိဳးၿပီး ေရေျပာင္ေအာင္လို႔ ေလမႈတ္ေပးလိုက္ အဲ့ဒါကိုမွအေအးပတ္မွာစိတ္ပူရင္ ညမွေစာင္ၿခဳံေပးလိုက္"

"မင္းမေအးတိုင္း ငါ့သမီးကို"

"ေတာ္ၿပီ!!! ငါအခုမ်က္ႏွာသစ္၊ေျခလက္ေဆးမလို႔ ေၾကာင္ကိုမင္းအိပ္ယာေပၚလုံးဝမတင္နဲ႕ေနာ္ ငါ့စကားနားေထာင္စမ္းပါ ယုန္ေပါက္ရာ"

"ၿပီးေရာ...ၿပီးေရာ။"

ရိေပၚ ေျပာမရဆိုမရျဖစ္ေနတဲ့ ယုန္ေပါက္ကိုၾကည့္ၿပီးေခါင္းခါမိလိုက္သည္။
တျခားသူေတြကသူ႕ကိုစကားမေျပာရဲသေလာက္ ယုန္ေပါက္ကေတာ့အဲ့လိုမဟုတ္ေပ။ကိုယ္တစ္ခြန္းေျပာသေလာက္၊သူကဆယ္ခြန္းေလာက္ျပန္ေျပာမွစိတ္ေက်နပ္တဲ့သူမ်ိဳး ရိေပၚကိုမေၾကာက္တာ ေရွာင္းက်န့္တစ္ေယာက္ထဲရွိမည္ထင္သည္။
ေရွာင္းက်န့္အေၾကာင္းအေတြးဖ်က္ကာ သြားအျမန္တိုက္ၿပီး မ်က္ႏွာသစ္ေနတုန္းအခန္းထဲကေရွာင္းက်န့္ေအာ္သံၾကားလိုက္တာေၾကာင့္ ရိေပၚေရခ်ိဳးခန္းထဲကအျမန္ေျပးထြက္လိုက္သည္။

"ရိ...ရိေပၚ!!!"

ေရခ်ိဳးခန္းထဲကထြက္လာေတာ့ ရိေပၚလို႔ေအာ္ေခၚၿပီးေျပးလာတဲ့ေရွာင္းက်န့္က ရိေပၚအေပၚခုန္တက္လိုက္တာေၾကာင့္ ရိေပၚ ေရွာင္းက်န့္ကိုျပဳတ္မက်ေအာင္ ေသခ်ာထိန္းလိုက္ရသည္။

"ရိ...ရိေပၚ... "

တစ္ကိုယ္လုံးတုန္ယင္ၿပီး ရွိုက္သံတစ္ဝက္ႏွင့္ရိေပၚနာမည္ကို ထပ္ကာထပ္ကာေခၚေနတဲ့ေရွာင္းက်န့္ေၾကာင့္ ရိေပၚစိုးရိမ္စိတ္ဝင္လာသည္။
ရိေပၚသူ႕ကုတင္ဘက္ကိုသြားၿပီး ကုတင္ေပၚထိုင္လိုက္ေတာ့လည္း ေရွာင္းက်န့္ကသူ႕ကိုယ္ေပၚကမဆင္း မ်က္လုံးမွိတ္ကာငိုဘဲငိုေနတာေၾကာင့္ ရိေပၚ သူ႕ပခုံးေပၚမွာေခါင္းေလးတင္ကာငိုေနတဲ့ ေရွာင္းက်န့္ကိုမနည္းဆြဲဖယ္ၿပီး မ်က္ရည္ေတြကိုေသခ်ာသုတ္ေပးလိုက္သည္။

" ေရွာင္းက်န့္...ေရွာင္းက်န့္ ငါ့ကိုၾကည့္ငါ့ကိုမ်က္လုံးဖြင့္ၾကည့္"

ရိေပၚေျပာေတာ့ မ်က္လုံးေလးဖြင့္ကာ မ်က္ရည္ေတြစီးက်လာျပန္တာေၾကာင့္ ရိေပၚမ်က္ရည္ေတြထပ္သုတ္ေပးလိုက္သည္။

"ဘာလို႔လဲ ဘာလို႔ငိုတာလည္း "

"ရိ...ရိေပၚ...အျပင္သြားရေအာင္...အျပင္သြားရေအာင္လို႔"

"မိုးခ်ဳပ္ေနၿပီေလ ေရွာင္းက်န့္ကလည္း''

"အျပင္သြားမွာ...အျပင္သြားခ်င္တယ္လို႔"

ရွိုက္ကာရွိုက္ကာ ေျပာတဲ့ေရွာင္းက်န့္ပုံစံကခ်စ္စရာေကာင္းေပမယ့္ ဘာျဖစ္ေနမွန္းမသိတဲ့အခ်ိန္မွာ ရိေပၚမစခ်င္တာေၾကာင့္ ထိန္းထားလိုက္သည္။အျပင္သြားခ်င္တယ္လို႔ဘဲ ေျပာေနတဲ့ေရွာင္းက်န့္ေၾကာင့္ ရိေပၚလည္း ေရွာင္းက်န့္ကိုဖိနပ္စီးခိုင္းကာ သူက​ေတာ့ jian guoကိုေၾကာင္ေလးေတြထည့္တဲ့လြယ္အိတ္ထဲထည့္လိုက္ၿပီး အခန္းအျပင္ကိုထြက္လာခဲ့သည္။
အခန္းအျပင္ေရာက္ေတာ့ ေရွာင္းက်န့္ကသူ႕လက္ကိုကိုင္ၿပီး အျမန္သြားေနတာေၾကာင့္ ရိေပၚစိတ္ထဲတစ္ခုခုထူးဆန္းတယ္လို႔ခံစားမိလာသည္။

ဓာတ္ေလွကားခလုတ္ကိုလည္း တုန္တုန္ယဥ္ယဥ္ႏွင့္ႏွိပ္ေနတာေၾကာင့္ ရိေပၚ ေရွာင္းက်န့္လက္ကိုတင္းၾကပ္ေနေအာင္ဆုပ္ကိုင္လိုက္သည္။
ေအာက္ထပ္ကိုေရာက္ေတာ့ ဓာတ္ေလွကားထဲကထြက္လာတာႏွင့္ မီးေတြကမွိတ္တုတ္တုတ္ျဖစ္လာကာ တခ်ိဳ႕မီးေခ်ာင္းေတြဆိုေဖ်ာက္ခနဲ​ေပါက္ၿပီး မီးေခ်ာင္းေတြပါကြၽမ္းကုန္သည္။
အေဆာင္ေရွ႕ကိုႏွစ္ေယာက္သားေျပးထြက္ေတာ့ ၿခံဝန္းတစ္ခုလုံးႏွင့္အေဆာင္တစ္တိုက္လုံး မီးေမွာင္က်သြားသည္။
ကံဆိုးခ်င္ေတာ့ ႏွစ္ေယာက္လုံးရဲ႕ဖုန္းကအခန္းထဲက်န္ခဲ့တာေၾကာင့္ တစ္ေယာက္ႏွင့္တစ္ေယာက္ပူးကပ္ၿပီး စမ္းတဝါးဝါးေလွ်ာက္ေနတုန္း သူတို႔ဆီေျပးလာေနတဲ့ေျခသံေၾကာင့္ ရိေပၚ ေရွာင္းက်န့္ပခုံးကိုဖက္ၿပီးရင္ခြင္ထဲဆြဲသြင္းလိုက္သည္။
ေရွာင္းက်န့္ကအရပ္ပိုရွည္ေနေတာ့ ရင္ခြင္ထဲဆြဲသြင္းလည္း ဘာမွမထူးမွန္းသိေပမယ့္ သူ႕အေပၚကာကြယ္ေပးခ်င္သည့္စိတ္ကသာႀကီးစိုးေနသည္။

"ရိေပၚ"

"Hai kuan"

ခုဏေျပးလာေနတဲ့ ေျခသံက သူတို႔နားေရာက္မွ hai kuanႏွင့္zhuo cheng ျဖစ္ေနသည္။

"ရိေပၚနဲ႕ေရွာင္းက်န့္ ငါတို႔အျမန္ဒီၿခံဝန္းထဲက ထြက္ရေအာင္"

"အင္း"

သူတို႔ေလးေယာက္လည္း အျမန္ေျပးကာၿခံဝန္းထဲကထြက္လာၾကသည္။

🍀         🍀           🍀

ဖတ္ေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္😘😘😘

Ga verder met lezen

Dit interesseert je vast

666K 40.7K 105
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
129K 6.8K 17
YiZhan အတွဲလေးကို အရမ်းချစ်လို့ Fan Fictionလေး ရေးချင်လာလို့ပါ
251K 6.1K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...