Unicode
စစ်သင်တန်းပြီးသွားပြီးတော့ တစ်လလောက်သိလာကြပြီးတဲ့အချိန်မှာ အထက်တန်း ကျောင်းသားအသစ်လေးတွေက သူတို့ရဲ့ အတန်းဖော်တွေနဲ့ ရင်းနှီးလာကြတယ်။ အဲ့အချိန်အတွင်းမှာ အဖွဲ့လေးတွေဖြစ်လာကြတယ်။ ပြီးတော့ သူတို့က ၃ယောက်တစ်ဖွဲ့ ၅ယောက်တစ်ဖွဲ့ ဝိုင်းဖွဲ့ပြီး စကားပြောနေကြတယ်။
အခုအချိန်က မနက်ခင်း ကာယချိန်ပြီးလို့နောက်တစ်ချိန်မစခင် ကြားအချိန်လေးဖြစ်တယ်။ ဆရာတွေထိန်းမရတဲ့ စည်းမဲ့ကမ်းမဲ့ ကျောင်းသားတွေကတော့ ဆူညံအောင်လုပ်နေကြတယ်။ စားပွဲပေါ်မှာ အိပ်နေတဲ့ ချောင်လန့်ကို နိုးအောင်လို့ သူတို့က ဆက်ဆော့နေကြတယ်။
သူမရဲ့ ဘေးပတ်ဝန်းကျင်က ရှုပ်ရှတ်ခတ်နေတာပဲ။ ပြီးတော့ စကားများနေတာတွေက ဆူညံလွန်းလို့ နားစည်တောင် ပေါက်တော့မလိုဘဲ။ ချောင်လန် ဘာတွေဖြစ်ပျက်နေတာမှန်းမသိတော့ဘူး။ သူမ မျက်လုံးတွေကို ဖွင့်လိုက်လိုက်ချင်း သူမဘေးမှာ ဆော့နေတဲ့ကောင်လေးတစ်ယောက်က သူမကို ဆောင့်တွန်းဖို့ ပြင်နေတာကို တွေ့လိုက်ရတယ်။
ချောင်လန် အလိုအလျောက် မတ်တပ်ရပ်လိုက်ပြီး ဘေးကို ခုန်လိုက်တယ်။ အဲ့ကောင်လေးက ထိုင်ခုံကို ဝင်တိုက် မိပြီး ကြမ်းပြင်ပေါ်လဲကျသွားတယ်။ သူ ပြန်လှည့်လာတော့ သူ့ရဲ့ နာသွားတဲ့ လက်မောင်းကို ပွတ်ပြီး ဆဲလိုက်တယ်။ သူက ချောင်လန့်ကို စိတ်တိုနေတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ " ချီးပဲ။ မင်းဘာလို့ နေရာ ရွှေ့လိုက်တာလဲ။ "
ချောင်လန် : ? ? ?
ချောင်လန် ကောင်လေးကို ကြည့်လိုက်တယ်။
သူ့မှာ ပန်းကန်ပြားလို မျက်နှာအကြီးကြီးရှိတယ်။ ပြီးတော့ မျက်နှာမှာ ဝက်ခြံ ၂ခု ၃ခုလောက်ရှိနေတော့ လုံးဝကို ကြမ်းတမ်းတဲ့ပုံပေါ်နေတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကလဲ အတော်တောင့်တယ်။ ပြီးတော့ အရပ်ကလဲ 1.9 မီတာလောက်ရှည်တယ်။
သူက ဒီလောက်လူကောင်ကြီးတာကို တောင်းပန်မယ် မရှိဘူး။ အခုဘာတဲ့။ သူမကို ဘာလို့ ရွေ့လိုက်တာလဲလို့ လာမေးနေတယ်။ သူ့ကိုယ်သူ စာရွက်လူသားများထင်နေတာလား။
" မင်းဘာလို့ မစောင့်ဘဲနဲ့ နေရာကနေ ရွေ့လိုက်ရတာလဲ။ "
နောက်ဆုံးမှာတော့ ချောင်လန်အရှေ့မှာ ထိုင်နေတဲ့ ကောင်မလေးက အနောက်လှည့်ပြီး အဲ့ကောင်လေးကို ပြောလိုက်တယ်။ " ချင်းယန်ရယ် ကျေးဇူးပြုပြီး တော်ပါတော့ဟာ။ "
အဲ့ကောင်မလေးရဲ့အသံက ချိုပြီး သာယာနေတာပဲ။ ပြီးတော့ ချောင်လန်ကလဲ နဲနဲ စိတ်ရှုပ်သွားတယ်။ ချောင်လန် သူမကို မသိလိုက် မသိဘာသာဘဲ ချောင်းကြည့်နေတာ အခုတော့ ဘာမှဂရုမစိုက်ဘဲ ဒီအတိုင်းကြည့်လိုက်တယ်။
ကောင်မလေးမှာ ဖြူဝင်းတဲ့အသားအရေရှိပြီး နူးညံ့တဲ့သွင်ပြင်ရှိတယ်။ ကျောင်းယူနီဖောင်းလေးဝတ်ထားပြီး ဆံပင်ကို ခပ်မြင့်မြင့် ponytail လေးစည်းထားတာတောင် အရမ်းလှနေတာပဲ။ အထူးသဖြင့် သူမရဲ့ မျက်လုံးအကြီးကြီးတွေက အရမ်းကို ထင်းနေတာပဲ။ သူမက အရုပ်လေးလိုပဲ။
ချောင်လန့်အရှေ့မှာတုန်းက စိတ်မရှည်ဖြစ်နေတဲ့ ကောင်လေးက အခုတော့ ချက်ချင်းကို နေမင်းကြီးလို တောက်ပသွားတယ်။ " ဟုတ်ပါပြီ " သူကပြောပြီး ချောင်လန်ဘက်ကို ပြန်လှည့်လာပြီး ဂရုမစိုက်တဲ့အပြုံးပြုံးပြလိုက်တယ်။ " ငါတို့က ခုနက ကစားနေကြတာပါဟ။ ဟုတ်တယ်မလား။ ဒါနဲ့ ချောင်လန် ဒီနေ့အတွက် ချိုချဥ်တွေကဘယ်မလဲ။ "
ချိုချဥ်?
" ဘာချိုချဥ်လဲ "
" ချိုချဥ်ပါဆို နင်အခုထိ အိပ်နေတုန်းလား "
ချင်းယန်က စကားပြောရင်း ချောင်လန့်နားကို ကပ်လာတယ်။ ပြီးတော့ ချောင်လန့်စားပွဲခုံအောက်က အကန့်ထဲကို လက်နှိုက်လိုက်တယ်။
ဘယ်လိုပဲ သူငယ်ချင်းအရင်းကြီးတွေဆိုရင်တောင် သူမရဲ့ စားပွဲခုံထဲကို ဒီလိုမျိုးကြီးလာနှိုက်တာကတော့ အဓိပ္ပာယ်မရှိဘူးလေ။ ပိုဆိုးတာက သူမက ဒီကောင်လေးကို သိတောင်မသိဘူး။ ချောင်လန်က သူ့ရဲ့ လက်ကို ဆွဲလိုက်ပြီး စိတ်မရှည်စွာမေးလိုက်တယ်။ " နင်ဒါဘာလုပ်တာလဲ "
ချင်းယန်က သူ့လက် အတားခံရတော့ ခဏလောက်ကြောင်သွားတယ်။
အားလုံးက ချောင်လန့်ကို အထင်သေးကြတယ်။ ပြီးတော့ ဘယ်သူကမှလဲ သူမကို အဖတ်မလုပ်ကြဘူး။ စုန့်ယောင်ယောင်က ချောင်လန်ကို သူမနဲ့တူတူအမြဲခေါ်လာတယ်။ ပြီးတော့ ချောင်လန်က သူတို့အတွက် ချိုချဥ်နဲ့ရေ အချိန်တိုင်းလိုလိုဝယ်ပေးရတယ်။
သူတို့က ဒီလို ကပ်ဖားတဲ့အပြုအမူကို ကျေနပ်တဲ့ပုံတော့မပြကြပေမဲ့ ဘယ်သူက အလကားရတဲ့အစားအသောက်ကို မယူဘူးငြင်းမှာလဲ။ သူတို့က ဒီဓလေ့ကို အရမ်းကို အကျွမ်းတဝင်ဖြစ်လာကြပြီး တစ်ခါတစ်လေ ချောင်လန်က ဘာမှဝယ်မလာဘူးဆိုရင်တောင် သူမဆီ တိုက်ရိုက်သွားတောင်းကြတယ်။ ဒါက ကိစ္စတော့မဟုတ်ပါဘူး။ ဘာလို့ဆို ချောင်လန်က တစ်ခါမှမငြင်းခဲ့ဖူးဘူးလေ။
ဒီနေ့လိုမျိုး ချောင်လန်ရဲ့စားပွဲခုံအောက်ကို တိုက်ရိုက်သွားပြီး နှိုက်တာမျိုးက သဘာဝအကျဆုံး ဖြစ်ရပ်ပဲလေ။
မမျှော်လင့်စွာပဲ ဒီနေ့တော့ ချောင်လန်က သူ့ကို ရုတ်တရက်ကြီး တားတယ်။
ဒါပေမဲ့ ချင်းယန်က ခဏလောက်ပဲ ရပ်သွားပြီး ချောင်လန်ရဲ့ သဘောထားကို အရေးလဲ မလုပ်သလို ဂရုလဲမစိုက်ဘူး။
" တစ်ကယ်လို့ နင်ဒီနေ့ မဝယ်ခဲ့ရသေးဘူးဆိုရင် နေ့လည်ကျရင် ဝယ်ဖို့ မမေ့နဲ့နော်။ ငါက original flavour တစ်ခု။ ပြီးတော့ နဲနဲလောက်ပိုပြီးဝယ်ဖို့လဲ သတိရဦး။ " ချင်းယန်က လွယ်လွယ်ကူကူပဲ ပြောလိုက်တယ်။
သူက သူ့လက်ကို ပြန်ရုတ်လိုက်ပြီး သူ့ရဲ့ထိုင်ခုံဆီသွားကာ အင်္ဂလိပ်စာရွက်ကို ယူလာပြီး ချောင်လန်ရဲ့ စားပွဲခုံပေါ်ပစ်ပေးလိုက်တယ်။ " ငါ့ကို ဒီစာရွက်ကူးပေးဦး။ အဘိုးကြီးလျှိုက ထပ်ပြီး အက်ဆေး အပြည့် ရေးခိုင်းပြန်ပြီ။ ချီးဘဲ။ အဲ့အဘိုးကြီးလျှိုကတော့ ငါတို့ကို အမြဲတမ်း နေ့တိုင်းနေ့အများကြီး လုပ်ခိုင်းနေတာပဲ။ အရမ်းစိတ်ညစ်စရာကောင်းတာပဲ...... "
ချောင်လန့်ဆီ စာရွက်ကိုပစ်ပေးပြီးတော့ သူက သူ့ထိုင်ခုံကို ပြန်သွားပြီး လွယ်အိတ်ကို ပိတ်လိုက်တယ်။ ပြီးတော့မှ စာသင်ခန်းအပြင်ကို အမြန်ပြန်ထွက်သွားပြီး ကော်ရစ်တာမှာ တစ်ခြား ကောင်လေးအုပ်စုနဲ့ ရန်ဆက်ဖြစ်နေလိုက်တယ်။
ချောင်လန် : .......
ချောင်လန်က စာသင်ခန်းထဲက တစ်ခြားကျောင်းသူကျောင်းသားတွေကို ကြည့်လိုက်တော့ ဘယ်သူကမှ ဒါကမှားနေတယ်လို့ မခံစားရဘူးဆိုတာကို သူမတွေ့လိုက်ရတယ်။ သူတို့က ဘာမှ မဖြစ်ခဲ့သလိုမျိုး စကားတွေဆက်ပြောနေကြပြီး ဆက်ရယ်နေကြတယ်။
" စုန့်ယောင် နင်ရေသောက်ဦးမလား "
သူမအရှေ့မှာ ထိုင်တဲ့ လှပတဲ့ကောင်မလေးကို စကားပြောနေတဲ့ ကောင်မလေးက စားပွဲပေါ်ကို ရေတစ်ခွက်ချပေးလိုက်တယ်။ " အင်း ကျေးဇူးပဲနော်။ "
" ချန်ယောင်းရန် က ဘယ်သွားတာလဲ။ သူကအခုထိ ဘာလို့ပြန်မလာသေးတာလဲ။ "
" သူခုနက ဟဲဖန်နဲ့ တစ်ခုခုသွားဝယ်ဖို့ အပြင်ထွက်သွားတာ ငါတွေ့လိုက်တယ်။ "
သူတို့ပြောနေတာတွေ အကုန်လုံးက အရေးမပါတဲ့ အလကားစကားတွေပဲ။ ဒါပေမဲ့ အဲ့စကားတွေက ချောင်လန့်ခေါင်းကို ချာချာလည်အောင်မူးနောက်စေတယ်။
စုန့်ယောင်နဲ့တင် မလုံလောက်သေးလို့ ချန်ယောင်းရန် ပါရှိနေတာလား။ ချောင်လန်က အခုတစ်လောကမှ ဝတ္ထုတစ်ပုဒ်ဖတ်မိထားတယ်။ ဝတ္ထုထဲက ကာရိုက်တာတစ်ခုက သူမနဲ့ နာမည်အတူတူဖြစ်နေလို့ သူမ အဲ့စာအုပ်ကို အကြမ်းဖျင်း လှန်လှောဖတ်ထားမိတယ်။ အဲ့စာအုပ်ထဲမှာ စုန့်ယောင်နဲ့ ချန်ယောင်းရန်က ဇာတ်လိုက်နဲ့ ဇာတ်လိုက်မ တွေလေ။
စားပွဲပေါ်ကို ခုနကကောင်လေးချသွားတဲ့ စာရွက်ကို ဘေးကိုဖယ်လိုက်ပြီး စားပွဲပေါ်က ပုံနှိပ်စာအုပ်ကို ဖွင့်လိုက်တယ်။ အထဲမှာရေးထားတာက သပ်ရပ်နေတဲ့ လက်ရေးနဲ့ရေးထားတဲ့ စာလုံး လှလှလေးနှစ်လုံး.... ချောင်လန်...တဲ့။
အခုအချိန်မှာ ချောင်လန်ရဲ့ စိတ်ထဲမှာ စကားလုံးတစ်လုံးပဲ ပေါ်လာတော့တယ်။
Fuck...
ဝတ္ထုစာအုပ်ထဲကို ဝိဉာဥ်ကူးပြောင်းလာရတယ်ဆိုတဲ့ ဒီလိုမျိုး တွေးလို့တောင်မရတဲ့ ဖြစ်ရပ်ကြီးကို သူမက ဘာလို့ ကြုံတွေ့ရတာလဲ။ ပြောင်းချင်းပြောင်း လှတပတလေးဝတ်စားထားတဲ့ ချမ်းသာပြီး ပြီးပြည့်စုံတဲ့ ဇာတ်လိုက်မအဖြစ်ပြောင်းလာပါတော့လား။ ဒါပေမဲ့ အခုတော့ ချောင်လန်အဖြစ်နဲ့တဲ့လား။
ဘာလဲ။ သူမ နာမည်ကလဲ ချောင်လန်ဖြစ်နေလို့လား။
စာအုပ်ထဲက ချောင်လန်က ဗီလိန်ကြီးလေ။ သူမထက်ပိုပြီး ဆိုးဝါးစရာမရှိတော့တဲ့ ဗီလိန်ကြီး အရံကြီးလေ။
အိမ်မှာ သူမမိဘတွေဆီကနေ စက်ဆုပ်အထင်အမြင်သေးခံရပြီး ကျောင်းရောက်တော့လဲ အတန်းဖော်တွေဆီကနေ အနိုင်ကျင့်ခံရတယ်။ သူမက ဆင်းရဲတယ်၊ ရုပ်ဆိုးတယ်၊ ပြီးတော့ အဆင့်တွေကလဲ မကောင်းဘူး။ နောက်ပိုင်းမှာ လှပပြီး ကြင်နာတက်တဲ့ ဇာတ်လိုက် မဖြစ်တဲ့ စုန့်ယောင်က မနေနိုင်တော့ဘဲ သူမကို အရင်စပြီး သူငယ်ချင်းလုပ်ခဲ့တယ်။ ဒါ့ကြောင့် ချောင်လန်က စုန့်ယောင်ရဲ့ ညီအစ်မအဖွဲ့ထဲမှာ အဖွဲ့ဝင်ဖြစ်ခဲ့တယ်။
အကူအညီရဖို့ စုန့်ယောင်နဲ့သိရတာက တစ်ချက်၊ ဒါပေမဲ့ စုန့်ယောင်နဲ့ ဆက်ဆံရေးကောင်းကြတဲ့ ကောင်လေးတွေ ကောင်မလေးတွေက သူမကို အထင်သေးကြတာက တစ်ချက်ပဲ။ ဒီလူတွေကို ဖားဖို့ရာအတွက် ချောင်လန်က သူတို့အတွက် ပစ္စည်းတွေဝယ်ပေးတာတို့၊ သူတို့ရဲ့ အိမ်စာတွေလုပ်ပေးတာတို့၊ သူတို့အစားသန့်ရှင်းရေးလုပ်ပေးတာမျိုးတို့ကို အရင်လက်ဦးမှုယူပြီးလုပ်ပေးခဲ့တယ်။ သူတို့တွေ သူမကို ကြိုက်လာအောင်လို့ပေါ့။
ချောင်လန်ဆို ဒီစာအုပ်ဖတ်နေတုန်းက အရမ်းစိတ်တိုပြီး ဆဲတောင်ဆဲချင်မိတယ်။ စာအုပ်ထဲမှာပြောထားတာက ချောင်လန်ကအရမ်းပိန်တယ်တဲ့။ သူမကဒီလောက်ပိန်နေတာကိုတောင် သူမပိုစားဖို့ ပိုက်ဆံမစုဘဲနဲ့ အဲ့အစား ဒီလိုလူတွေကို ကျွေးမွေးဖို့ရာအတွက်လုပ်ခဲ့တယ်တဲ့လား။
ငါ့ခေါင်းမှာ အပေါက် များရှိနေပြီလား သိချင်မိတယ်။
ချောင်လန်က မတ်တပ်ရပ်လိုက်ပြီး ဘာမှ
စဥ်းစားမနေဘဲ စာရွက်ကို ချင်းယန်ရဲ့ စားပွဲပေါ် ပြန်ပစ်တင်လိုက်တယ်။
ပြီးတော့ပြန်ထိုင်လိုက်ပြီး ချောင်လန်ရဲ့ လွယ်အိတ်ထဲကနေ သူမရဲ့ စာရွက်ကို ရှာလိုက်တယ်။
multiple - choice question အကုန်လုံးကတော့ ဖြေပြီးပြီ။ ဒါပေမဲ့ အမှားပြင်တာနဲ့ အက်ဆေးတွေက အကုန်ဗလာတွေချည်းပဲ။
ခုနက ချင်းယန်ပြောတဲ့ စာရွက်ထဲက အမှားပြင်တာကို မှတ်မိလိုက်ပြီး ချောင်လန်က ဘောပင်ကို ထုတ်ပြီး အမှားတွေကို မြန်မြန်ပြင်လိုက်တယ်။ ပြီးတော့ သူမ အက်ဆေးကို စရေးတော့တယ်။
စာသင်ဆောင်ရဲ့ အပြင်ဘက်မှာ မသန်စွမ်းတဲ့သူတွေအတွက် လုပ်ထားတဲ့ ကုန်းလျှောလေးက သွားဖို့ အရမ်းလွယ်ကူတယ်။
ဒါပေမဲ့ ထန်းမော့ကတော့ သူ့ရဲ့ wheelchair က ဘီးတွေကို တွန်းဖို့ရာအတွက် ရုန်းကန်နေရတုန်းပဲ။ သူ့ရဲ့လက်တွေက သာမန်လူတွေလို မသန်မာဘူး။ မိန်းကလေးတော်တော်များများထက်တောင် ပိုဆိုးသေးတယ်။
ဖြတ်သွားဖြတ်လာကျောင်းသားတွေက သူ့ကို မြင်တာနဲ့ automatic ကို ရှောင်ထွက်သွားကြတယ်။ ဘေးကကျောင်းသားတွေရဲ့တိုးတိုးတိတ်တိတ် ပြောနေတဲ့ မှတ်ချက်တွေကို ထန်းမော့ကြားနေရတယ်။ သူတို့ရဲ့ မရေတွက်နိုင်တဲ့ မျက်လုံးတွေက အပြစ်သားတွေကို ကွပ်မျက်တဲ့ နေရာနဲ့တောင် ယှဉ်လို့ရတယ်။
ထန်းမော့က ခေါင်းကို ငုံ့ထားတယ်။ သူ့ရဲ့ဖြူဖျော့နေတဲ့ မျက်နှာကို သူ့ရဲ့ ဆံပင်ရှည်တွေနဲ့ ဖုံးအုပ်ထားတယ်။ သူ့ရဲ့ ပိန်ပါးပြီး ဖြူနေတဲ့ လက်ချောင်းလေးတွေနဲ့ wheelchair ဘီးကို တစ်လှိမ့်ချင်းခက်ခက်ခဲခဲ တွန်းနေတယ်။
နောက်ဆုံးတော့ ကော်ရစ်တာ အပေါက်ဝကို wheelchair လေးက ရောက်လာခဲ့ပြီ။ အဲ့အချိန်မှာ စာသင်ဆောင်ထဲကနေ လူတစ်ယောက်က အမြန်ပြေးထွက်လာတယ်။ သူပြေးတာအရမ်းမြန်လွန်းတော့ အရှိန်မထိန်းနိုင်တော့ဘဲ ထန်းမော့ကို တိုက်ရိုက်ကြီးဝင်တိုက်ချသလိုဖြစ်သွားတယ်။
wheelchair က လုံးဝကို အနောက်ကို ပြန်လိမ့်သွားတယ်။ ပြီးတော့ အခုအချိန်ကျမှ သူ့ရဲ့ လက်ချောင်းတွေကို အနောက်ပြန်ဆုတ်ဖို့ရာကျတော့လဲ အရမ်းနောက်ကျသွားပြီလေ။ အဲ့တာကြောင့် မလုပ်နိုင်ဘဲ လက်ချောင်းတွေက ညပ်နေခဲ့တယ်။ ခဏကြာတော့ ထန်းမော့လဲ မထိန်းနိုင်တော့ဘဲ လက်ချောင်းတွေကို လွှတ်လိုက်ရတယ်။ ဒါပေမဲ့ wheelchair က မထိန်းနိုင်လောက်အောင်ကို အနောက်ကို ပြန်လှိမ့်ကျသွားတယ်။
သူ့ရဲ့အနောက်က ကောင်မလေးတစ်ယောက်ကဆိုရင် အကျယ်ကြီးအော်လိုက်တယ်။ wheelchair လေးက သူတက်လာတဲ့ လျှောလေးကနေ နောက်ကို မြန်မြန် ပြန်ဆင်းသွားတယ်။ ဒါပေမဲ့ အဲ့တာကိုဘယ်သူကမှ မတားပေးကြဘူး။ wheelchair လေးက မြေကြီးပေါ်ကျသွားပြီး လှေကားရဲ့ဘေးမှာတင်မှောက်သွားတယ်။ ထန်းမော့ကလဲ မြေကြီးပေါ်ကို ပြင်းပြင်းထန်ထန် လဲကျသွားခဲ့တယ်။ သူ့ရဲ့ လက်ဖဝါးတွေမှာလဲ သွေးတွေနဲ့ ကွန်ကရစ်ကြမ်းပြင်ပေါ်ကို ကုတ်ခြစ်သလိုဖြစ်နေတယ်။
သူ့ကို တိုက်သွားတဲ့ ကောင်လေးက လဲကျသွားတဲ့ wheelchairbကို ပြန်မ ပေးလိုက်ပြီး ထန်းမော့ရဲ့ဘေးကိုထားပေးပြီး ပြေးထွက်သွားတယ်။ ထန်းမော့ကို မသန့်ရှင်းတဲ့ အကောင်တစ်ကောင်လိုလို ကြည့်သွားသေးတယ်။
ထန်းမော့ရဲ့ သွေးထွက်နေတဲ့လက်တွေက ထိန်းချုပ်လို့ မရအောင်ကို တုန်လာတယ်။ ပြီးတော့ wheelchair ကို သူ့ဘက်ကို ဆွဲပြီး သူ့လက်နှစ်ဖက်စလုံးကို ထောက်လို့ရအောင် wheelchair ပေါ်ကို တင်လိုက်တယ်။ ပြီးတော့မှ သူ့ရဲ့ တုန်ရီနေတဲ့ လက် မောင်းတွေကို အားပြုပြီး တစ်ကိုယ်လုံးကို wheelchair ပေါ်ကို မတင်နေတယ်။ wheelchair ပေါ် ပြန်ထိုင်နိုင်ဖို့ကို ရုန်းကန်နေရတယ်။
သူ့ရဲ့လက်တွေက လှုပ်နေတော့ မြေကြီးပေါ် ပြန်ကျသွားပြန်တယ်။ ဖြတ်သွားတဲ့ကျောင်းသားတွေအကုန်လုံးက ဒီအတိုင်းဘဲရပ်ကြည့်နေကြတယ်။ သူ့ကို ဘယ်သူကမှ ကူညီမပေးကြဘူး။ တစ်ချို့လူတွေကတော့ ရှေ့ထွက်လာပြီး ကူညီပေးချင်ကြပေမဲ့ ဒါပေမဲ့ တစ်ခုခုကို တွေးမိပြီး နောက်ပြန်ဆုတ်သွားကြတယ်။
သူ တစ်ခါ ၊ နှစ်ခါ ၊ သုံးခါ လောက်ပြန်လဲကျပြီးမှ နောက်ဆုံးမှာ wheelchair ပေါ်ကို ပြန်ရောက်သွားတယ်။ သူ့ရဲ့ အဖြူရောင်ကျောင်းအင်္ကျီလေးက အခုတော့ ဖုန်တွေ သဲတွေ သွေးစက်တွေ စွန်းထင်းနေတယ်။ သူ့မျက်နှာမှာ ဘာအမူအရာမှမရှိဘဲ ခေါင်းကိုငုံ့ထားတယ်။ သူ့ရဲ့ မျက်နှာ ကြွက်သားတွေက တအားကို တောင့်တင်းနေတယ်။ တိတ်ဆိတ်စွာပဲ သူက wheelchair လေးကို လျှောလေးဆီပြန်တွန်းသွားနေတယ်။
စာသင်ခန်းထဲမှာတော့ ချောင်လန် အက်ဆေး ရေးတာ တစ်ဝက်ရောက်သွားတဲ့အချိန်မှာ အတန်းအပြင်က ကောင်လေးတစ်စု ဝင်လာကြတယ်။ ရှေ့ဆုံးကနေလျှောက်လာတဲ့ကောင်လေးက စုန့်ယောင်ရဲ့ စားပွဲပေါ်ကို ရေတစ်ခွက်တင်ပေးလိုက်တယ်။ အတန်းက ချက်ချင်းပဲ တီးတိုးပြောဆိုတာတွေနဲ့ ဆူညံသွားတယ်။ စုန့်ယောင်က ရေခွက်ကို ယူလိုက်ပြီး ကျေးဇူးပဲ လို့ပြောလိုက်တယ်။
အဲ့ဒီ့ကျေးဇူးပဲလို့ ပြောတဲ့အချိန်မှာ ရှက်သွားတာလေးက အရမ်းကိုသိသာတယ်။ ချောင်လန်လဲ မနေနိုင်တော့ဘဲ တစ်ချက်ခိုးကြည့်မိလိုက်တော့ စုန့်ယောင်ရဲ့ စားပွဲခုံရှေ့မှာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက် မတ်တပ်ရပ်နေတာကို တွေ့လိုက်တယ်။
သူက အရပ်အရမ်းရှည်ပြီး ကျောင်းယူနီဖောင်းလေးဝတ်ထားတာတောင် အရမ်းချောနေတယ်။ သူ့အနီးနားက တစ်ယောက်ယောက်က သူ့ကို ယောင်းရန် လို့ ခေါ်လိုက်တဲ့အချိန်မှာ ချောင်လန် လုံးဝကို သဘောပေါက်သွားတယ်။
မထူးဆန်းတော့ပါဘူး။ သူက ဒီလောက်ရုပ်ချောနေတာက သူက ဇာတ်လိုက် မင်းသားပဲ ဟာကို။
ချန်ယောင်းရန်က သူ့လက်ထဲကရေခွက်ကို စုန့်ယောင်ဆီ ပေးလိုက်ပြီး သူမနဲ့ အချိန်အတော်ကြာ စကားတွေပြောနေခဲ့တယ်။ ပြီးတော့ သူခေါင်းကို လှည့်လိုက်တော့ ချောင်လန်နဲ့ အကြည့်ချင်းဆုံသွားတယ်။
သူက သူ့ရဲ့စိတ်ခံစားချက်တွေကို သေချာထိန်းချုပ်ထားပေမဲ့လဲ သူ့ရဲ့အကြည့်ထဲမှာ ရွံရှာသလိုဖြစ်နေတာကိုတော့ ချောင်လန်က တစ်ချက်ထဲ ဖမ်းမိလိုက်တယ်။
ချောင်လန် : .....
Fuck
ချောင်လန်က ဒီ အမျိုးသားဇာတ်လိုက်ကို လုံးဝသဘောမကျပါဘူးနော်။ ဒီလို မာနထောင်လွှားနေတဲ့ ဇာတ်လိုက် မင်းသားထက်စာရင် သူမက ထန်းမော့လို့ခေါ်တဲ့ အရံမင်းသားလေးကိုပဲ ကြိုက်ပါတယ်နော်။
ကံမကောင်းစွာနဲ့ပဲ သူသေသွားတာ အရမ်းစောလွန်းတယ်။
သူမ ဝတ္ထုကို ဖတ်တုန်းကဆိုရင် ထန်းမော့သေသွားတယ်ဆိုတာကိုလဲ မြင်ရော သူမ အဲ့ဝတ္ထုကို အဆုံးထိပြီးအောင်တောင် မဖတ်ချင်တော့ဘူး။
အဲ့တာကို တွေးမိပြီး ချောင်လန်က နောက်ဆုံးတန်းကို လှည့်ကြည့်လိုက်တယ်။
ထန်းမော့က ဇာတ်လိုက်တွေနဲ့ တစ်ခန်းထဲမှာပဲ ဆိုတာကို ချောင်လန်သတိရလိုက်တယ်။ ထန်းမော့က wheelchair ပေါ်မှာ ပဲနေရတယ်။ ပြီးတော့ သူက သူ့ရဲ့ရောဂါကြောင့် အလင်းရောင်နဲ့ လေတိုက်တာကို ကြောက်တော့ သူကအမြဲတမ်းအတန်းရဲ့နောက်ဆုံးထောင့်နားလေးမှာပဲ ထိုင်တယ်။
စာသင်ခန်းရဲ့ နောက်ဆုံးတန်းက ထောင့်လေးမှာ စားပွဲခုံလေးတစ်ခုံပဲရှိတယ်။ သူ့အရှေ့က ခုံနှစ်ခုံကလဲ အဝေးကြီးမှာ ထားထားတယ်။ နံရံကအလင်းရောင်တစ်ချို့ကို ကာထားပေးတော့ အဲ့နေရာလေးက ပိုပြီး ခြောက်ကပ်နေတယ်။ ဒီစာသင်ခန်းနဲ့ မသက်ဆိုင်တဲ့ အပြင်လောက က နေရာတစ်ခုလိုပေါ့။
ထန်းမော့က အခုထိ မရောက်သေးဘူး။
ချောင်လန်အရှေ့ကို ပြန်လှည့်လာတယ်။ သူမ ဘာတွေတွေးနေလဲဆိုတာ မပေါ်စေရဘဲ သူမ ဘောပင်ကိုကိုင်ပြီး စာဆက်ရေးနေတယ်။ သူမ ချန်ယောင်းရန်ရဲ့ အံ့အားသင့်သလိုဖြစ်သွားတဲ့အကြည့်ကိုလဲ မတွေ့လိုက်ဘူး။ စာသင်ခန်းထဲကို ပိန်ပိန်ပါးပါးကောင်လေးတစ်ယောက်ဝင်လာပြီး ချောင်းဟန့်ကာအော်ပြောတယ်။ " ငါခုနက အတန်းအပြင်မှာရှိနေတာ။ ထန်းမော့ကို တစ်ယောက်ယောက်က ဝင်တိုက်သွားတာကို တွေ့လိုက်ရတယ်။ "
ချောင်လန် လက်တွေ တန့်သွားတယ်။
" ဝင်တိုက်ခံရတယ်။ သူကလဲ ဝင်တိုက်ခံရတယ်ဆိုတာ ရှိသေးတာပေါ့။ ဘယ်သူကများသူ့ကို ဝင်တိုက်ရဲ တာလဲ။ အဲ့တာကမသန်စွမ်းကို အနိုင်ကျင့်သလိုဖြစ်မနေဘူးလား။ "
သူပြောပြီးတဲ့အချိန်မှာ လူတွေအုပ်စုလိုက်ကြီးရယ်ကြတာတွေ့တော့ အဲ့ကောင်လေးကလဲ ပျော်သွားတယ်။ " ထန်းမော့က ကုန်းလျှောလေးကနေ တက်လာရုံပဲရှိသေးတယ် လူတစ်ယောက်က အရှိန်နဲ့ ပြေးထွက်လာတာ။ အဲ့ဒီ့လူကလဲ သတိမထားမိတော့ သူ့ကို ဝင်တိုက် မိတာ။ wheelchair ဆို ပက်လက်တောင်လန်သွားတာပဲ။ မင်းတို့မမြင်လိုက်ရလို့နော်။ အဲ့ဒါက အရမ်းနာလောက်တယ်။ "
သူ့ဘေးက ကောင်မလေးက ခဏခဏရယ်နေပြီးတော့ " အတန်းဖော်တို့ကလဲ ငါတို့က တစ်ယောက်နဲ့တစ်ယောက်ကူညီရမယ်။ ပြီးတော့ မသန်စွမ်းလေးကိုလဲ စောင့်ရှောက်ရမယ်လေ။ "
" ဟုတ်သားပဲ မင်းကလဲ ကူညီပေးခဲ့လိုက်တာတော့မဟုတ်ဘူး။ "
" ငါဘယ်လိုနည်းနဲ့မှ မကူညီပေးနိုင်ပါဘူးနော် " အဲ့ကောင်လေးက ရယ်ပြီး လက်ကိုခါလိုက်တယ်။ " သူ့ကိုဘယ်သူက ကူညီရဲမှာလဲ။ ငါ့ကို ရောဂါပိုးတွေကူးကုန်ရင်ဘယ်လိုလုပ်မှာလဲ။ ငါက ကြောက်တက်တယ်ကွ။ "
" အာရုံကြောရောဂါက ကူးစက်တက်လို့လား"
" ငါကဘယ်လိုလုပ်သိမလဲကွ "
" မင်းသိချင်နေရင် သူ့ကို သွားထိကြည့်ပြီး စမ်းကြည့်ပါ့လား "
Fuck ပဲ။ အခုခေတ်က လူတွေက ရူးများရူးနေကြတာလား။ ထန်းမော့ရဲ့ အာရုံကြောရောဂါက ကူးစက်တက်လားလို့တောင် မေးရဲကြသေးတယ်။ နင်တို့ပြောနေသလိုမျိုးသာ အာရုံကြောရောဂါက ကူးတက်တယ်ဆိုလို့ကတော့ နင်တို့ပဲ အရင်ကူးမှာ။ ပြောနေဖို့တောင်မလိုဘူး။
" ငါကရူးနေလို့လား "
လူတိုင်းနီးပါးရယ်လိုက်ကြပြီး စာသင်ခန်းတစ်ခုလုံး ရယ်သံတွေနဲ့ ပြည့်နှက်သွားတယ်။ ထန်းမော့ ရုတ်တရက်ကြီးပေါ်မလာခင်အထိပေါ့။ ထန်းမော့လဲ ရောက်လာရော စာသင်ခန်းထဲက ရယ်သံတွေအကုန်တိတ်သွားတယ်။
ဖြူဖျော့နေပြီး ပိန်ကပ်နေတဲ့ ဆယ်ကျော်သက်လေးက သူ့ရဲ့ wheelchair လေးကို တွန်းပြီး စာသင်ခန်းထဲကို တိတ်ဆိတ်စွာဝင်လာတယ်။ စကားတစ်လုံးမှမပြောဘဲ သူ့ရဲ့ နေရာကို သွားတယ်။ နံရံအထူကြီးက သူ့ရဲ့ စားပွဲခုံနေရာလေးကို ကာပေးထားပြီး သူ့နေရာမှာ အရိပ်လေးလိုဖြစ်နေတယ်။
ဘယ်သူကမှ သူ့ကို အရေးမစိုက်ကြဘူး။ သးဘယ်သူကမှလဲ သူ့ကို စကားသွားမပြောကြဘူး။
စာသင်ခန်းတစ်ခုလုံးက အရမ်းကို အသက်ဝင်လှုပ်ရှားတက်ကြွနေတယ်။ ဒါပေမဲ့ အဲ့ဒီ့ အသက်ဝင်မှုက သူနဲ့တော့ ဘာမှမသက်ဆိုင်သလိုပါပဲ။
Zawgyi
စစ္သင္တန္းၿပီးသြားၿပီးေတာ့ တစ္လေလာက္သိလာၾကၿပီးတဲ့အခ်ိန္မွာ အထက္တန္း ေက်ာင္းသားအသစ္ေလးေတြက သူတို႔ရဲ႕ အတန္းေဖာ္ေတြနဲ႔ ရင္းႏွီးလာၾကတယ္။ အဲ့အခ်ိန္အတြင္းမွာ အဖြဲ႕ေလးေတြျဖစ္လာၾကတယ္။ ၿပီးေတာ့ သူတို႔က ၃ေယာက္တစ္ဖြဲ႕ ၅ေယာက္တစ္ဖြဲ႕ ဝိုင္းဖြဲ႕ၿပီး စကားေျပာေနၾကတယ္။
အခုအခ်ိန္က မနက္ခင္း ကာယခ်ိန္ၿပီးလို႔ေနာက္တစ္ခ်ိန္မစခင္ ၾကားအခ်ိန္ေလးျဖစ္တယ္။ ဆရာေတြထိန္းမရတဲ့ စည္းမဲ့ကမ္းမဲ့ ေက်ာင္းသားေတြကေတာ့ ဆူညံေအာင္လုပ္ေနၾကတယ္။ စားပြဲေပၚမွာ အိပ္ေနတဲ့ ေခ်ာငိလန္႔ကို ႏိုးေအာင္လို႔ သူတို႔က ဆက္ေဆာ့ေနၾကတယ္။
သူမရဲ႕ ေဘးပတ္ဝန္းက်င္က ရႈပ္ရွတ္ခတ္ေနတာပဲ။ ၿပီးေတာ့ စကားမ်ားေနတာေတြက ဆူညံလြန္းလို႔ နားစည္ေတာင္ ေပါက္ေတာ့မလိုဘဲ။ ေခ်ာင္လန္ ဘာေတြျဖစ္ပ်က္ေနတာမွန္းမသိေတာ့ဘူး။ သူမ မ်က္လုံးေတြကို ဖြင့္လိုက္လိုက္ခ်င္း သူမေဘးမွာ
ေဆာ့ေနတဲ့ေကာင္ေလးတစ္ေယာက္က သူမကို ေဆာင့္တြန္းဖို႔ ျပင္ေနတာကို ေတြ႕လိုက္ရတယ္။
ေခ်ာင္လန္ အလိုအေလ်ာက္ မတ္တပ္ရပ္လိုက္ၿပီး ေဘးကို ခုန္လိုက္တယ္။ အဲ့ေကာင္ေလးက ထိုင္ခုံကို ဝင္တိုက္ မိၿပီး ၾကမ္းျပင္ေပၚလဲက်သြားတယ္။ သူ ျပန္လွည့္လာေတာ့ သူ႔ရဲ႕ နာသြားတဲ့ လက္ ေမာင္းကို ပြတ္ၿပီး ဆဲလိုက္တယ္။ သူက ေခ်ာင္လန္႔ကို စိတ္တိုေနတဲ့ အၾကည့္နဲ႔ ၾကည့္လိုက္တယ္။ " ခ်ီးပဲ။ မင္းဘာလို႔ ေနရာ ေ႐ႊ႕လိုက္တာလဲ။ "
ေခ်ာင္လန္ : ? ? ?
ေခ်ာင္လန္ ေကာင္ေလးကို ၾကည့္လိုက္တယ္။
သူ႔မွာ ပန္းကန္ျပားလို မ်က္ႏွာအႀကီးႀကီးရွိတယ္။ ၿပီးေတာ့ မ်က္ႏွာမွာ ဝက္ၿခံ ၂ခု ၃ခုေလာက္ရွိေနေတာ့ လုံးဝကို ၾကမ္းတမ္းတဲ့ပုံေပၚေနတယ္။ သူ႔ရဲ႕ ခႏၶာကိုယ္ကလဲ အေတာ္ေတာင့္တယ္။ ၿပီးေတာ့ အရပ္ကလဲ 1.9 မီတာေလာက္ရွည္တယ္။
သူက ဒီေလာက္လူေကာင္ႀကီးတာကို ေတာင္းပန္မယ္ မရွိဘူး။ အခုဘာတဲ့။ သူမကို ဘာလို႔ ေ႐ြ႕လိုက္တာလဲလို႔ လာေမးေနတယ္။ သူ႔ကိုယ္သူ စာ႐ြက္လူသားမ်ားထင္ေနတာလား။
" မင္းဘာလို႔ မေစာင့္ဘဲနဲ႔ ေနရာကေန ေ႐ြ႕လိုက္ရတာလဲ။ "
ေနာက္ဆုံးမွာေတာ့ ေခ်ာင္လန္အေရွ႕မွာ ထိုင္ေနတဲ့ ေကာင္မေလးက အေနာက္လွည့္ၿပီး အဲ့ေကာင္ေလးကို ေျပာလိုက္တယ္။ " ခ်င္းယန္ ရယ္ ေက်းဇူးျပဳၿပီး ေတာ္ပါေတာ့ဟာ။ "
အဲ့ေကာင္မေလးရဲ႕အသံက ခ်ိဳၿပီး သာယာေနတာပဲ။ ၿပီးေတာ့ ေခ်ာင္လန္ကလဲ နဲနဲ စိတ္ရႈပ္သြားတယ္။ ေခ်ာင္လန္ သူမကို မသိလိုက္ မသိဘာသာဘဲ ေခ်ာင္းၾကည့္ေနတာ အခုေတာ့ ဘာမွဂ႐ုမစိုက္ဘဲ ဒီအတိုင္းၾကည့္လိုက္တယ္။
ေကာင္မေလးမွာ ျဖဴဝင္းတဲ့အသားအေရရွိၿပီး ႏူးညံ့တဲ့သြင္ျပင္ရွိတယ္။ ေက်ာင္းယူနီေဖာင္းေလးဝတ္ထားၿပီး ဆံပင္ကို ခပ္ျမင့္ျမင့္ ponytail ေလးစည္းထားတာေတာင္ အရမ္းလွေနတာပဲ။ အထူးသျဖင့္ သူမရဲ႕ မ်က္လုံးအႀကီးႀကီးေတြက အရမ္းကို ထင္းေနတာပဲ။ သူမက အ႐ုပ္ေလးလိုပဲ။
ေခ်ာင္လန္႔အေရွ႕မွာတုန္းက စိတ္မရွည္ျဖစ္ေနတဲ့ ေကာင္ေလးက အခုေတာ့ ခ်က္ခ်င္းကို ေနမင္းႀကီးလို ေတာက္ပသြားတယ္။ " ဟုတ္ပါၿပီ " သူကေျပာၿပီး ေခ်ာင္လန္ဘက္ကို ျပန္လွည့္လာၿပီး ဂ႐ုမစိုက္တဲ့အၿပဳံးၿပဳံးျပလိုက္တယ္။ " ငါတို႔က ခုနက ကစားေနၾကတာပါဟ။ ဟုတ္တယ္မလား။ ဒါနဲ႔ ေခ်ာင္လန္ ဒီေန႔အတြက္ ခ်ိဳခ်ၪ္ ေတြကဘယ္မလဲ။ "
ခ်ိဳခ်ၪ္?
" ဘာခ်ိဳခ်ၪႅဲ "
" ခ်ိဳခ်ၪၸါဆို နင္အခုထိ အိပ္ေနတုန္းလား "
ခ်င္းယန္က စကားေျပာရင္း ေခ်ာင္လန္႔နားကို ကပ္လာတယ္။ ၿပီးေတာ့ ေခ်ာင္လန္႔စားပြဲခုံေအာက္က အကန္႔ထဲကို လက္ႏႈိက္လိုက္တယ္။
ဘယ္လိုပဲ သူငယ္ခ်င္းအရင္းႀကီးေတြဆိုရင္ေတာင္ သူမရဲ႕ စားပြဲခုံထဲကို ဒီလိုမ်ိဳးႀကီးလာႏႈိက္တာကေတာ့ အဓိပၸာယ္မရွိဘူးေလ။ ပိုဆိုးတာက သူမက ဒီေကာင္ေလးကို သိေတာင္မသိဘူး။ ေခ်ာင္လန္က သူ႔ရဲ႕ လက္ကို ဆြဲလိုက္ၿပီး စိတ္မရွည္စြာေမးလိုက္တယ္။ " နင္ဒါဘာလုပ္တာလဲ "
ခ်င္းယန္က သူ႔လက္ အတားခံရေတာ့ ခဏေလာက္ေၾကာင္သြားတယ္။
အားလုံးက ေခ်ာင္လန္႔ကို အထင္ေသးၾကတယ္။ ၿပီးေတာ့ ဘယ္သူကမွလဲ သူမကို အဖတ္မလုပ္ၾကဘူး။ စုန္႔ေယာင္ေယာင္က ေခ်ာင္လန္ကို သူမနဲ႔တူတူအၿမဲေခၚလာတယ္။ ၿပီးေတာ့ ေခ်ာင္လန္က သူတို႔အတြက္ ခ်ိဳခ်ၪ္ နဲ႔ေရ အခ်ိန္တိုင္းလိုလိုဝယ္ေပးရတယ္။
သူတို႔က ဒီလို ကပ္ဖားတဲ့အျပဳအမူကို ေက်နပ္တဲ့ပုံေတာ့မျပၾကေပမဲ့ ဘယ္သူက အလကားရတဲ့အစားအေသာက္ကို မယူဘူးျငင္းမွာလဲ။ သူတို႔က ဒီဓေလ့ကို အရမ္းကို အကြၽမ္းတဝင္ျဖစ္လာၾကၿပီး တစ္ခါတစ္ေလ ေခ်ာင္လန္က ဘာမွဝယ္မလာဘူးဆိုရင္ေတာင္ သူမဆီ တိုက္႐ိုက္သြားေတာင္းၾကတယ္။ ဒါက ကိစၥေတာ့မဟုတ္ပါဘူး။ ဘာလို႔ဆို ေခ်ာင္လန္က တစ္ခါမွမျငင္းခဲ့ဖူးဘူးေလ။
ဒီေန႔လိုမ်ိဳး ေခ်ာင္လန္ရဲ႕စားပြဲခုံေအာက္ကို တိုက္႐ိုက္သြားၿပီး ႏႈိက္တာမ်ိဳးက သဘာဝအက်ဆုံး ျဖစ္ရပ္ပဲေလ။
မေမွ်ာ္လင့္စြာပဲ ဒီေန႔ေတာ့ ေခ်ာင္လန္က သူ႔ကို ႐ုတ္တရက္ႀကီး တားတယ္။
ဒါေပမဲ့ ခ်င္းယန္က ခဏေလာက္ပဲ ရပ္သြားၿပီး ေခ်ာင္လန္ရဲ႕ သေဘာထားကို အေရးလဲ မလုပ္သလို ဂ႐ုလဲမစိုက္ဘူး။
" တစ္ကယ္လို႔ နင္ဒီေန႔ မဝယ္ခဲ့ရေသးဘူးဆိုရင္ ေန႔လည္က်ရင္ ဝယ္ဖို႔ မေမ့နဲ႔ေနာ္။ ငါက original flavour တစ္ခု။ ၿပီးေတာ့ နဲနဲေလာက္ပိုၿပီးဝယ္ဖို႔လဲ သတိရဦး။ " ခ်င္းယန္က လြယ္လြယ္ကူကူပဲ ေျပာလိုက္တယ္။
သူက သူ႔လက္ကို ျပန္႐ုတ္လိုက္ၿပီး သူ႔ရဲ႕ထိုင္ခုံဆီသြားကာ အဂၤလိပ္စာ႐ြက္ကို ယူလာၿပီး ေခ်ာင္လန္ရဲ႕ စားပြဲခုံေပၚပစ္ေပးလိုက္တယ္။ " ငါ့ကို ဒီစာ႐ြက္ကူးေပးဦး။ အဘိုးႀကီးလွ်ိဳက ထပ္ၿပီး အက္ေဆး အျပည့္ ေရးခိုင္းျပန္ၿပီ။ ခ်ီးဘဲ။ အဲ့အဘိုးႀကီးလွ်ိဳကေတာ့ ငါတို႔ကို အၿမဲတမ္း ေန႔တိုင္းေန႔အမ်ားႀကီး လုပ္ခိုင္းေနတာပဲ။ အရမ္းစိတ္ညစ္စရာေကာင္းတာပဲ...... "
ေခ်ာင္လန္႔ဆီ စာ႐ြက္ကိုပစ္ေပးၿပီးေတာ့ သူက သူ႔ထိုင္ခုံကို ျပန္သြားၿပီး လြယ္အိတ္ကို ပိတ္လိုက္တယ္။ ၿပီးေတာ့မွ စာသင္ခန္းအျပင္ကို အျမန္ျပန္ထြက္သြားၿပီး ေကာ္ရစ္တာမွာ တစ္ျခား ေကာင္ေလးအုပ္စုနဲ႔ ရန္ဆက္ျဖစ္ေနလိုက္တယ္။
ေခ်ာင္လန္ : .......
ေခ်ာင္လန္က စာသင္ခန္းထဲက တစ္ျခားေက်ာင္းသူေက်ာင္းသားေတြကို ၾကည့္လိုက္ေတာ့ ဘယ္သူကမွ ဒါကမွားေနတယ္လို႔ မခံစားရဘူးဆိုတာကို သူမေတြ႕လိုက္ရတယ္။ သူတို႔က ဘာမွ မျဖစ္ခဲ့သလိုမ်ိဳး စကားေတြဆက္ေျပာေနၾကၿပီး ဆက္ရယ္ေနၾကတယ္။
" စုန္႔ေယာင္ နင္ေရေသာက္ဦးမလား "
သူမအေရွ႕မွာ ထိုင္တဲ့ လွပတဲ့ေကာင္မေလးကို စကားေျပာေနတဲ့ ေကာင္မေလးက စားပြဲေပၚကို ေရတစ္ခြက္ခ်ေပးလိုက္တယ္။ " အင္း ေက်းဇူးပဲေနာ္။ "
" ခ်န္ေယာင္းရန္ က ဘယ္သြားတာလဲ။ သူကအခုထိ ဘာလို႔ျပန္မလာေသးတာလဲ။ "
" သူခုနက ဟဲဖန္နဲ႔ တစ္ခုခုသြားဝယ္ဖို႔ အျပင္ထြက္သြားတာ ငါေတြ႕လိုက္တယ္။ "
သူတို႔ေျပာေနတာေတြ အကုန္လုံးက အေရးမ
ပါတဲ့ အလကားစကားေတြပဲ။ ဒါေပမဲ့ အဲ့စကားေတြက ေခ်ာင္လန္႔ေခါင္းကို ခ်ာခ်ာလည္ေအာင္မူးေနာက္ေစတယ္။
စုန္႔ေယာင္နဲ႔တင္ မလုံေလာက္ေသးလို႔ ခ်န္ေယာင္းရန္ ပါရွိေနတာလား။ ေခ်ာင္လန္က အခုတစ္ေလာကမွ ဝတၳဳတစ္ပုဒ္ဖတ္မိထားတယ္။ ဝတၳဳထဲက ကာ႐ိုက္တာတစ္ခုက သူမနဲ႔ နာမည္အတူတူျဖစ္ေနလို႔ သူမ အဲ့စာအုပ္ကို အၾကမ္းဖ်င္း လွန္ေလွာဖတ္ထားမိတယ္။
အဲ့စာအုပ္ထဲမွာ စုန္႔ေယာင္နဲ႔ ခ်န္ေယာင္းရန္က ဇာတ္လိုက္နဲ႔ ဇာတ္လိုက္ မ ေတြေလ။
စားပြဲေပၚကို ခုနကေကာင္ေလးခ်သြားတဲ့ စာ႐ြက္ကို ေဘးကိုဖယ္လိုက္ၿပီး စားပြဲေပၚက ပုံႏွိပ္စာအုပ္ကို ဖြင့္လိုက္တယ္။ အထဲမွာေရးထားတာက သပ္ရပ္ေနတဲ့ လက္ေရးနဲ႔ေရးထားတဲ့ စာလုံး လွလွေလးႏွစ္လုံး.... ေခ်ာင္လန္...တဲ့။
အခုအခ်ိန္မွာ ေခ်ာင္လန္ရဲ႕ စိတ္ထဲမွာ စကားလုံးတစ္လုံးပဲ ေပၚလာေတာ့တယ္။
Fuck...
ဝတၳဳစာအုပ္ထဲကို ဝိဉာၪၠဴးေျပာင္းလာရတယ္ဆိုတဲ့ ဒီလိုမ်ိဳး ေတြးလို႔ေတာင္မရတဲ့ ျဖစ္ရပ္ႀကီးကို သူမက ဘာလို႔ ႀကဳံေတြ႕ရတာလဲ။ ေျပာင္းခ်င္းေျပာင္း လွတပတေလးဝတ္စားထားတဲ့ ခ်မ္းသာၿပီး ၿပီးျပည့္စုံတဲ့ ဇာတ္လိုက္ မအျဖစ္ေျပာင္းလာပါေတာ့လား။ ဒါေပမဲ့ အခုေတာ့ ေခ်ာင္လန္အျဖစ္နဲ႔တဲ့လား။
ဘာလဲ။ သူမ နာမည္ကလဲ ေခ်ာင္လန္ျဖစ္ေနလို႔လား။
စာအုပ္ထဲက ေခ်ာင္လန္က ဗီလိန္ႀကီးေလ။ သူမထက္ပိုၿပီး ဆိုးဝါးစရာမရွိေတာ့တဲ့ ဗီလိန္ႀကီး အရံႀကီးေလ။
အိမ္မွာ သူမမိဘေတြဆီကေန စက္ဆုပ္အထင္အျမင္ေသးခံရၿပီး ေက်ာင္းေရာက္ေတာ့လဲ အတန္းေဖာ္ေတြဆီကေန အႏိုင္က်င့္ခံရတယ္။ သူမက ဆင္းရဲတယ္၊ ႐ုပ္ဆိုးတယ္၊ ၿပီးေတာ့ အဆင့္ေတြကလဲ မေကာင္းဘူး။ ေနာက္ပိုင္းမွာ လွပၿပီး ၾကင္နာတက္တဲ့ ဇာတ္လိုက္ မျဖစ္တဲ့ စုန္႔ေယာင္က မေနႏိုင္ေတာ့ဘဲ သူမကို အရင္စၿပီး သူငယ္ခ်င္းလုပ္ခဲ့တယ္။ ဒါ့ေၾကာင့္ ေခ်ာင္လန္က စုန္႔ေယာင္ရဲ႕ ညီအစ္မအဖြဲ႕ထဲမွာ အဖြဲ႕ဝင္ျဖစ္ခဲ့တယ္။
အကူအညီရဖို႔ စုန္႔ေယာင္နဲ႔သိရတာက တစ္ခ်က္၊ ဒါေပမဲ့ စုန္႔ေယာင္နဲ႔ ဆက္ဆံေရးေကာင္းၾကတဲ့ ေကာင္ေလးေတြ ေကာင္မေလးေတြက သူမကို အထင္ေသးၾကတာက တစ္ခ်က္ပဲ။ ဒီလူေတြကို ဖားဖို႔ရာအတြက္ ေခ်ာင္လန္က သူတို႔အတြက္ ပစၥည္းေတြဝယ္ေပးတာတို႔၊ သူတို႔ရဲ႕ အိမ္စာေတြလုပ္ေပးတာတို႔ ၊ သူတို႔အစားသန္႔ရွင္းေရးလုပ္ေပးတာမ်ိဳးတို႔ကို အရင္လက္ဦးမႈယူၿပီးလုပ္ေပးခဲ့တယ္။ သူတို႔ေတြ သူမကို ႀကိဳက္လာေအာင္လို႔ေပါ့။
ေခ်ာင္လန္ဆို ဒီစာအုပ္ဖတ္ေနတုန္းက အရမ္းစိတ္တိုၿပီး ဆဲေတာင္ဆဲခ်င္မိတယ္။ စာအုပ္ထဲမွာေျပာထားတာက ေခ်ာင္လန္ကအရမ္းပိန္တယ္တဲ့။ သူမကဒီေလာက္ပိန္ေနတာကိုေတာင္ သူမပိုစားဖို႔ ပိုက္ဆံမစုဘဲနဲ႔ အဲ့အစား ဒီလိုလူေတြကို ေကြၽးေမြးဖို႔ရာအတြက္လုပ္ခဲ့တယ္တဲ့လား။
ငါ့ေခါင္းမွာ အေပါက္ မ်ားရွိေနၿပီလား သိခ်င္မိတယ္။
ေခ်ာင္လန္က မတ္တပ္ရပ္လိုက္ၿပီး ဘာမွ
စၪ္းစားမေနဘဲ စာ႐ြက္ကို ခ်င္းယန္ရဲ႕ စားပြဲေပၚ ျပန္ပစ္တင္လိုက္တယ္။
ၿပီးေတာ့ျပန္ထိုင္လိုက္ၿပီး ေခ်ာင္လန္ရဲ႕ လြယ္အိတ္ထဲကေန သူမရဲ႕ စာ႐ြက္ကို ရွာလိုက္တယ္။
multiple - choice queation အကုန္လုံးကေတာ့ ေျဖၿပီးၿပီ။ ဒါေပမဲ့ အမွားျပင္တာနဲ႔ အက္ေဆးေတြက အကုန္ဗလာေတြခ်ည္းပဲ။
ခုနက ခ်င္းယန္ေျပာတဲ့ စာ႐ြက္ထဲက အမွားျပင္တာကို မွတ္မိလိုက္ၿပီး ေခ်ာင္လန္က ေဘာပင္ကို ထုတ္ၿပီး အမွားေတြကို ျမန္ျမန္ျပင္လိုက္တယ္။ ၿပီးေတာ့ သူမ အက္ေဆးကို စေရးေတာ့တယ္။
စာသင္ေဆာင္ရဲ႕ အျပင္ဘက္ မွာ မသန္စြမ္းတဲ့သူေတြအတြက္ လုပ္ထားတဲ့ ကုန္းေလွ်ာေလးက သြားဖို႔ အရမ္းလြယ္ကူတယ္။
ဒါေပမဲ့ ထန္းေမာ့ကေတာ့ သူ႔ရဲ႕ wheelchair က ဘီးေတြကို တြန္းဖို႔ရာအတြက္ ႐ုန္းကန္ေနရတုန္းပဲ။ သူ႔ရဲ႕လက္ေတြက သာမန္လူေတြလို မသန္မာဘူး။ မိန္းကေလးေတာ္ေတာ္မ်ားမ်ားထက္ေတာင္ ပိုဆိုးေသးတယ္။
ျဖတ္သြားျဖတ္လာေက်ာင္းသားေတြက သူ႔ကို ျမင္တာနဲ႔ automatic ကို ေရွာင္ထြက္သြားၾကတယ္။ ေဘးကေက်ာင္းသားေတြရဲ႕တိုးတိုးတိတ္တိတ္ ေျပာေနတဲ့ မွတ္ခ်က္ေတြကို ထန္းေမာ့ၾကားေနရတယ္။ သူတို႔ရဲ႕ မေရတြက္ႏိုင္တဲ့ မ်က္လုံးေတြက အျပစ္သား
ေတြကို ကြပ္မ်က္တဲ့ ေနရာနဲ႔ေတာင္ ယွၪႅိဳ့ရတယ္။
ထန္းေမာ့က ေခါင္းကို ငုံ႔ထားတယ္။ သူ႔ရဲ႕ဟျဖဴေဖ်ာ့ေနတဲ့ မ်က္ႏွာကို သူ႔ရဲ႕ ဆံပင္ရွည္ေတြနဲ႔ ဖုံးအုပ္ထားတယ္။ သူ႔ရဲ႕ ပိန္ပါးၿပီး ျဖဴေနတဲ့ လက္ေခ်ာင္းေလးေတြနဲ႔ wheelchair ဘီးကို တစ္လွိမ့္ခ်င္းခက္ခက္ခဲခဲ တြန္းေနတယ္။
ေနာက္ဆုံးေတာ့ ေကာ္ရစ္တာ အေပါက္ဝကို wheelchair ေလးက ေရာက္လာခဲ့ၿပီ။ အဲ့အခ်ိန္မွာ စာသင္ေဆာင္ထဲကေန လူတစ္ေယာက္က အျမန္ေျပးထြက္လာတယ္။ သူေျပးတာအရမ္းျမန္လြန္းေတာ့ အရွိန္မထိန္းႏိုင္ေတာ့ဘဲ ထန္းေမာ့ကို တိုက္႐ိုက္ႀကီးဝင္တိုက္ခ်သလိုျဖစ္သြားတယ္။
wheelchair က လုံးဝကို အေနာက္ကို ျပန္
လိမ့္သြားတယ္။ ၿပီးေတာ့ အခုအခ်ိန္က်မွ သူ႔ရဲ႕ လက္ေခ်ာင္းေတြကို အေနာက္ျပန္ဆုတ္ဖို႔ရာက်ေတာ့လဲ အရမ္းေနာက္က်သြားၿပီေလ။ အဲ့တာေၾကာင့္ မလုပ္ႏိုင္ဘဲ လက္ေခ်ာင္းေတြက ညပ္ေနခဲ့တယ္။ ခဏၾကာေတာ့ ထန္းေမာ့လဲ မထိန္းႏိုင္ေတာ့ဘဲ လက္ေခ်ာင္းေတြကို လႊတ္လိုက္ရတယ္။ ဒါေပမဲ့ wheelchair က
မထိန္းႏိုင္ေလာက္ေအာင္ကို အေနာက္ကို ျပန္လွိမ့္က်သြားတယ္။
သူ႔ရဲ႕အေနာက္က ေကာင္မေလးတစ္ေယာက္ကဆိုရင္ အက်ယ္ႀကီးေအာ္လိုက္တယ္။ wheelchair ေလးက သူတက္လာတဲ့ ေလွ်ာေလးကေန ေနာက္ကို ျမန္ျမန္ ျပန္ဆင္းသြားတယ္။ ဒါေပမဲ့ အဲ့တာကိုဘယ္သူကမွ မတားေပးၾကဘူး။ wheelchair ေလးက ေျမႀကီးေပၚက်သြားၿပီး ေလွကားရဲ႕ေဘးမွာတင္ေမွာက္သြားတယ္။ ထန္းေမာ့ကလဲ ေျမႀကီးေပၚကို ျပင္းျပင္းထန္ထန္ လဲက်သြားခဲ့တယ္။ သူ႔ရဲ႕ လက္ဖဝါးေတြမွာလဲ ေသြးေတြနဲ႔ ကြန္ကရစ္ၾကမ္းျပင္ေပၚကို ကုတ္ျခစ္သလိုျဖစ္ေနတယ္။
သူ႔ကို တိုက္သြားတဲ့ ေကာင္ေလးက လဲက်သြားတဲ့ wheelchairbကို ျပန္မ ေပးလိုက္ၿပီး ထန္းေမာ့ရဲ႕ေဘးကိုထားေပးၿပီး ေျပးထြက္သြားတယ္။ ထန္းေမာ့က မသန္႔ရွင္းတဲ့ အေကာင္တစ္ေကာင္လိုလို ၾကည့္သြားေသးတယ္။
ထန္းေမာ့ရဲ႕ ေသြးထြက္ေနတဲ့လက္ေတြက ထိန္းခ်ဳပ္လို႔ မရေအာင္ကို တုန္လာတယ္။ ၿပီးေတာ့ wheelchair ကို သူ႔ဘက္ကို ဆြဲၿပီး သူ႔လက္ႏွစ္ဖက္စလုံးကို ေထာက္လို႔ရေအာင္ wheelchair ေပၚကို တင္လိုက္တယ္။ ၿပီးေတာ့မွ သူ႔ရဲ႕ တုန္ရီေနတဲ့ လက္ ေမာင္းေတြကို အားျပဳၿပီး တစ္ကိုယ္လုံးကို wheelchair ေပၚကို မတင္ေနတယ္။ wheelchair ေပၚ ျပန္ထိုင္ႏိုင္ဖို႔ကို ႐ုန္းကန္ေနရတယ္။
သူ႔ရဲ႕လက္ေတြက လႈပ္ေနေတာ့ ေျမႀကီးေပၚ ျပန္က်သြားျပန္တယ္။ ျဖတ္သြားတဲ့ေက်ာင္းသားေတြအကုန္လုံးက ဒီအတိုင္းဘဲရပ္ၾကည့္ေနၾကတယ္။ သူ႔ကို ဘယ္သူကမွ ကူညီမေပးၾကဘူး။ တစ္ခ်ိဳ႕လူေတြကေတာ့ ေရွ႕ထြက္လာၿပီး ကူညီေပးခ်င္ၾကေပမဲ့ ဒါေပမဲ့ တစ္ခုခုကို ေတြးမိၿပီး ေနာက္ျပန္ဆုတ္သြားၾကတယ္။
သူ တစ္ခါ ၊ ႏွစ္ခါ ၊ သုံးခါ ေလာက္ျပန္လဲက်ၿပီးမွ ေနာက္ဆုံးမွာ wheelchair ေပၚကို ျပန္ေရာက္သြားတယ္။ သူ႔ရဲ႕ အျဖဴေရာင္ေက်ာင္းအက်ႌေလးက အခုေတာ့ ဖုန္ေတြ သဲေတြ ေသြးစက္ေတြ စြန္းထင္းေနတယ္။ သူ႔မ်က္ႏွာမွာ ဘာအမူအရာမွမရွိဘဲ ေခါင္းကိုငုံ႔ထားတယ္။ သူ႔ရဲ႕ မ်က္ႏွာ ႂကြက္သားေတြက တအားကို ေတာင့္တင္းေနတယ္။ တိတ္ဆိတ္ စြာပဲ သူက wheelchair ေလးကို ေလွ်ာေလးဆီျပန္တြန္းသြားေနတယ္။
စာသင္ခန္းထဲမွာေတာ့ ေခ်ာင္လန္ အက္ေဆး ေရးတာ တစ္ဝက္ေရာက္သြားတဲ့အခ်ိန္မွာ အတန္းအျပင္က ေကာင္ေလးတစ္စု ဝင္လာၾကတယ္။ ေရွ႕ဆုံးကေနေလွ်ာက္လာတဲ့ေကာင္ေလးက စုန္႔ေယာင္ရဲ႕ စားပြဲေပၚကို ေရတစ္ခြက္တင္ေပးလိုက္တယ္။ အတန္းက ခ်က္ခ်င္းပဲ တီးတိုးေျပာဆိုတာေတြနဲ႔ ဆူညံသြားတယ္။ စုန္႔ေယာင္က ေရခြက္ကို ယူလိုက္ၿပီး ေက်းဇူးပဲ လို႔ေျပာလိုက္တယ္။
အဲ့ဒီ့ေက်းဇူးပဲလို႔ ေျပာတဲ့အခ်ိန္မွာ ရွက္သြားတာေလးက အရမ္းကိုသိသာတယ္။ ေခ်ာင္လန္လဲ မေနႏိုင္ေတာ့ဘဲ တစ္ခ်က္ခိုးၾကည့္မိလိုက္ေတာ့ စုန္႔ေယာင္ရဲ႕ စားပြဲခုံေရွ႕မွာ အရပ္ရွည္ရွည္ ပိန္ပိန္ပါးပါး ေကာင္ေလးတစ္ေယာက္ မတ္တပ္ရပ္ေနတာကို ေတြ႕လိုက္တယ္။
သူက အရပ္အရမ္းရွည္ၿပီး ေက်ာင္းယူနီေဖာင္းေလးဝတ္ထားတာေတာင္ အရမ္းေခ်ာေနတယ္။ သူ႔အနီးနားက တစ္ေယာက္ေယာက္က သူ႔ကို ေယာင္းရန္ လို႔ ေခၚလိုက္တဲ့အခ်ိန္မွာ ေခ်ာင္လန္ လုံးဝကို သေဘာေပါက္သြားတယ္။
မထူးဆန္းေတာ့ပါဘူး။ သူက ဒီေလာက္႐ုပ္ေခ်ာေနတာက သူက ဇာတ္လိုက္ မင္းသားပဲ ဟာကို။
ခ်န္ေယာင္းရန္က သူ႔လက္ထဲကေရခြက္ကို
စုန္႔ေယာင္ဆီ ေပးလိုက္ၿပီး သူမနဲ႔ အခ်ိန္အေတာ္ၾကာ စကားေတြေျပာေနခဲ့တယ္။ ၿပီးေတာ့ သူေခါင္းကို လွည့္လိုက္ေတာ့ ေခ်ာင္လန္နဲ႔ အၾကည့္ခ်င္းဆုံသြားတယ္။
သူက သူ႔ရဲ႕စိတ္ခံစားခ်က္ေတြကို ေသခ်ာထိန္းခ်ဳပ္ထားေပမဲ့လဲ သူ႔ရဲ႕အၾကည့္ထဲမွာ ႐ြံရွာသလိုျဖစ္ေနတာကိုေတာ့ ေခ်ာင္လန္က တစ္ခ်က္ထဲ ဖမ္းမိလိုက္တယ္။
ေခ်ာင္လန္ : .....
Fuck
ေခ်ာင္လန္က ဒီ အမ်ိဳးသားဇာတ္လိုက္ကို လုံးဝသေဘာမက်ပါဘူးေနာ္။ ဒီလို မာနေထာင္လႊားေနတဲ့ ဇာတ္လိုက္ မင္းသားထက္စာရင္ သူမက ထန္းေမာ့လို႔ေခၚတဲ့ အရံမင္းသားေလးကိုပဲ ႀကိဳက္ပါတယ္ေနာ္။
ကံမေကာင္းစြာနဲ႔ပဲ သူေသသြားတာ အရမ္းေစာလြန္းတယ္။
သူမ ဝတၳဳကို ဖတ္တုန္းကဆိုရင္ ထန္းေမာ့ေသသြားတယ္ဆိုတာကိုလဲ ျမင္ေရာ သူမ အဲ့ဝတၳဳကို အဆုံးထိၿပီးေအာင္ေတာင္ မဖတ္ခ်င္ေတာ့ဘူး။
အဲ့တာကို ေတြးမိၿပီး ေခ်ာင္လန္က ေနာက္ဆုံးတန္းကို လွည့္ၾကည့္လိုက္တယ္။
ထန္းေမာ့က ဇာတ္လိုက္ေတြနဲ႔ တစ္ခန္းထဲမွာပဲ ဆိုတာကို ေခ်ာင္လန္သတိရလိုက္တယ္။ ထန္းေမာ့က wheelchair ေပၚမွာ ပဲေနရတယ္။ ၿပီးေတာ့ သူက သူ႔ရဲ႕ေရာဂါေၾကာင့္ အလင္းေရာင္နဲ႔ ေလတိုက္တာကို ေၾကာက္ေတာ့ သူကအၿမဲတမ္းအတန္းရဲ႕ေနာက္ဆုံးေထာင့္နားေလးမွာပဲ ထိုင္တယ္။
စာသင္ခန္းရဲ႕ ေနာက္ဆုံးတန္းက ေထာင့္ေလးမွာ စားပြဲခုံေလးတစ္ခုံပဲရွိတယ္။ သူ႔အေရွ႕က ခုံႏွစ္ခုံကလဲ အေဝးႀကီးမွာ ထားထားတယ္။ နံရံကအလင္းေရာင္တစ္ခ်ိဳ႕ကို ကာထားေပးေတာ့ အဲ့ေနရာေလးက ပိုၿပီး ေျခာက္ကပ္ေနတယ္။ ဒီစာသင္ခန္းနဲ႔ မသက္ဆိုင္တဲ့ အျပင္ေလာက က ေနရာတစ္ခုလိုေပါ့။
ထန္းေမာ့က အခုထိ မေရာက္ေသးဘူး။
ေခ်ာင္လန္အေရွ႕ကို ျပန္လွည့္လာတယ္။ သူမ ဘာေတြေတြးေနလဲဆိုတာ မေပၚေစရဘဲ သူမ ေဘာပင္ကိုကိုင္ၿပီး စာဆက္ေရးေနတယ္။ သူမ ခ်န္ေယာင္းရန္ရဲ႕ အံ့အားသင့္သလိုျဖစ္သြားတဲ့အၾကည့္ကိုလဲ မေတြ႕လိုက္ဘူး။ စာသင္ခန္းထဲကို ပိန္ပိန္ပါးပါးေကာင္ေလးတစ္ေယာက္ဝင္လာၿပီး ေခ်ာင္းဟန္႔ကာေအာ္ေျပာတယ္။ " ငါခုနက အတန္းအျပင္မွာရွိေနတာ။ ထန္းေမာ့ကို တစ္ေယာက္ေယာက္က ဝင္တိုက္သြားတာကို ေတြ႕လိုက္ရတယ္။ "
ေခ်ာင္လန္ လက္ေတြ တန္႔သြားတယ္။
" ဝင္တိုက္ခံရတယ္။ သူကလဲ ဝင္တိုက္ခံရတယ္ဆိုတာ ရွိေသးတာေပါ့။ ဘယ္သူကမ်ားသူ႔ကို ဝင္တိုက္ရဲ တာလဲ။ အဲ့တာကမသန္စြမ္းကို အႏိုင္က်င့္သလိုျဖစ္မေနဘူးလား။ "
သူေျပာၿပီးတဲ့အခ်ိန္မွာ လူေတြအုပ္စုလိုက္ႀကီးရယ္ၾကတာေတြ႕ေတာ့ အဲ့ေကာင္ေလးကလဲ ေပ်ာ္သြားတယ္။ " ထန္းေမာ့က ကုန္းေလွ်ာေလးကေန တက္လာ႐ုံပဲရွိေသးတယ္ လူတစ္ေယာက္က အရွိန္နဲ႔ ေျပးထြက္လာတာ။ အဲ့ဒီ့လူကလဲ သတိမထားမိေတာ့ သူ႔ကို ဝင္တိုက္ မိတာ။ wheelchair ဆို ပက္လက္ေတာင္လန္သြားတာပဲ။ မင္းတို႔မျမင္လိုက္ရလို႔ေနာ္။ အဲ့ဒါက အရမ္းနာေလာက္တယ္။ "
သူ႔ေဘးက ေကာင္မေလးက ခဏခဏရယ္ေနၿပီးေတာ့ " အတန္းေဖာ္တို႔ကလဲ ငါတို႔က တစ္ေယာက္နဲ႔တစ္ေယာက္ကူညီရမယ္။ ၿပီးေတာ့ မသန္စြမ္းေလးကိုလဲ ေစာင့္ေရွာက္ရမယ္ေလ။ "
" ဟုတ္သားပဲ မင္းကလဲ ကူညီေပးခဲ့လိုက္တာေတာ့မဟုတ္ဘူး။ "
" ငါဘယ္လိုနည္းနဲ႔မွ မကူညီေပးႏိုင္ပါဘူးေနာ္ " အဲ့ေကာင္ေလးက ရယ္ၿပီး လက္ကိုခါလိုက္တယ္။ " သူ႔ကိုဘယ္သူက ကူညီရဲမွာလဲ။ ငါ့ကို ေရာဂါပိုးေတြကူးကုန္ရင္ဘယ္လိုလုပ္မွာလဲ။ ငါက ေၾကာက္တက္တယ္ကြ။ "
" အာ႐ုံေၾကာေရာဂါက ကူးစက္တက္လို႔လား"
" ငါကဘယ္လိုလုပ္သိမလဲကြ "
" မင္းသိခ်င္ေနရင္ သူ႔ကို သြားထိၾကည့္ၿပီး စမ္းၾကည့္ပါ့လား "
Fuck ပဲ။ အခုေခတ္က လူေတြက ႐ူးမ်ား႐ူးေနၾကတာလား။ ထန္းေမာ့ရဲ႕ အာ႐ုံေၾကာေရာဂါက ကူးစက္တက္လားလို႔ေတာင္ ေမးရဲၾကေသးတယ္။ နင္တို႔ေျပာေနသလိုမ်ိဳးသာ အာ႐ုံေၾကာေရာဂါက ကူးတက္တယ္ဆိုလို႔ကေတာ့ နင္တို႔ပဲ အရင္ကူးမွာ။ ေျပာေနဖို႔ေတာင္မလိုဘူး။
" ငါက႐ူးေနလို႔လား "
လူတိုင္းနီးပါးရယ္လိုက္ၾကၿပီး စာသင္ခန္းတစ္ခုလုံး ရယ္သံေတြနဲ႔ ျပည့္ႏွက္သြားတယ္။ ထန္းေမာ့ ႐ုတ္တရက္ႀကီးေပၚမလာခင္အထိေပါ့။ ထန္းေမာ့လဲ ေရာက္လာေရာ စာသင္ခန္းထဲက ရယ္သံေတြအကုန္တိတ္သြားတယ္။
ျဖဴေဖ်ာ့ေနၿပီး ပိန္ကပ္ေနတဲ့ ဆယ္ေက်ာ္သက္ေလးက သူ႔ရဲ႕ wheelchair ေလးကို တြန္းၿပီး စာသင္ခန္းထဲကို တိတ္ဆိတ္စြာဝင္လာတယ္။ စကားတစ္လုံးမွမေျပာဘဲ သူ႔ရဲ႕ ေနရာကို သြားတယ္။ နံရံအထူႀကီးက သူ႔ရဲ႕ စားပြဲခုံေနရာေလးကို ကာေပးထားၿပီး သူ႔ေနရာမွာ အရိပ္ေလးလိုျဖစ္ေနတယ္။
ဘယ္သူကမွ သူ႔ကို အေရးမစိုက္ၾကဘူး။ သးဘယ္သူကမွလဲ သူ႔ကို စကားသြားမေျပာၾကဘူး။
စာသင္ခန္းတစ္ခုလုံးက အရမ္းကို အသက္ဝင္လႈပ္ရွားတက္ႂကြေနတယ္။ ဒါေပမဲ့ အဲ့ဒီ့ အသက္ဝင္မႈက သူနဲ႔ေတာ့ ဘာမွမသက္ဆိုင္သလိုပါပဲ။