#Uni
"သရဲအိမ်ဝင်မယ်...''
"မရဘူး...''
"နင်ကငကြောက်လား..''
ခုတော့ အဲ့ကောင်လေးနဲ့ သရဲအိမ်ဝင်မလို့ကို အင်း...သေချာလေး သူနဲ့စကားပြောကြည့်တော့ သူ့ဘဝကသနားစရာလေး အမေက ငယ်ငယ်နဲ့ဆုံးသွားပြီး
ဘယ်သူမှ အချိန်ပေးပြီး ဂရုမစိုက်ခဲ့ကြဘူးမလား... သူ့မှာအမတစ်ယောက်ရှိတယ်တဲ့ အဲ့အမကလဲ စီးပွားရေးကိုသာလုပ်နေပြီး နွေးနွေးထွေးထွေးမရှိပြန်ဘူး
သူများတွေက အထင်မြင်လွဲနေတာပါ သူကစကားပြောမတတ်ပေမဲ့ စိတ်ထားကောင်းတယ်... နောက်မိန်းမတွေဖျက်ဆီးတယ်ဆိုတာလဲ ရယ်စရာစကားတွေ ခုထိ ငါလေးကို အသားတောင်မထိဘူးလေ... အခွင့်အရေးယူဖို့ဆိုဝေးသါဝေး
"ရားးးး သရဲအိမ်ဝင်မယ်..''
"ဝင်ချင်ရင် တစ်ယောက်ထဲသွား..''
ကြောက်တတ်လိုက်တာ ...ဝင်ရမှာစိုးလို့ သရဲအိမ်ရဲ့အဝေးကို ထွက်ပြေးနေလေရဲ့
"အေး...ပြေးထား ငါမိရင် နင်ငါနဲ့အတူ သရဲအိမ်လိုက်ဝင်ရမယ်...''
"ဟာ...ဘာလို့ လိုက်ဆွဲနေတာလဲ..ဟာဗျာ..''
"ရား..ကြောင်ကြီး လာပြီနော်...မိရင် သရဲစာကျွေးပစ်မယ်..''
"ဟား...မိအောင်သာလုပ်စမ်းပါ...''
ပြေးလိုက်ရတာမောနေတာပဲ... နှစ်ယောက်လုံး ခုံတန်းလေးမှာ ထိုင်ရင်းအမောဖြေနေတုန်း
"သူငယ်ချင်းရှိတာ သိပ်ကောင်းတာပဲ..''
"ဟမ်...''
"မင်း ကိုယ့်သူငယ်ချင်းလုပ်ပေးပါလား..''
ဒီကောင်လေး အလေးအနက်ပြောနေတာပါလား...ကိုယ့်ကိုကြည့်ပြီး လက်ခံဖို့မျှော်လင့်နေပုံပဲ တကယ်သူ့မှာသူငယ်ချင်းမရှိဘူးလား...
သူ့ကိုမြင်တော့ သားတွေကိုတောင်သတိရလာမိတယ်... အဲ့ကောင်လေးက အပြင်ကသာ ဆိုးပေပေပုံစံပေမဲ့ စိတ်ထဲမှာ သူ့အနားတစ်ယောက်မှ မရှိလို့ဝမ်းနည်းပြီး သူ့ကိုဂရုစိုက်အောင် ဆိုးနေတဲ့ကလေးတစ်ယောက်လိုမျိုးဖြစ်နေတာ
ခုကြည့်...အရင်ကတွေ့ခဲ့တဲ့သူတွေက အတုယောင်တွေနေမယ်...ခုကိုယ်ကစိတ်ရင်းနဲ့ ဆက်ဆံပေးတော့ ကိုယ့်ကိုခင်တွယ်လာပြီ...
ငါလေးကမျက်လုံးလေးတွေမှိတ်သွားမတက် ပြုံးပြလိုက်ပြီး
"ဒါပေါ့..''
ငါလေးရယ်ပြတာကိုမျက်တောင်တချက်တောင်မခတ်ဘဲ စိုက်ကြည့်နေပြီးမှ... ချောင်းဟန့်လိုက်ပြီး
"ပြန်တော့မှာလား..''
"ဟုတ်တယ်... အကိုမိုးယံကိုဖုန်းဆက်လိုက်အုံးမယ်..''
ဖုန်းဆက်တော့... အကိုမိုးယံက ဆောက်လုပ်ရေးမှာ အလုပ်သမားတစ်ယောက်ထိခိုက်မိလို့ လာမကြိုနိုင်တော့ဘူး... ကိုယ့်ဘာသာပြန်တဲ့...
"ဘာတဲ့လဲ..''
"ကိုယ့်ဘာသာပြန်ရမှာတဲ့...''
"လမ်းသိလို့လား..''
"ဟင့်အင်း...''
"ဟား... ''
"ဘာရယ်တာလဲ..''
"မင်းက လမ်းမသိဘဲ... ဘယ်လိုပြန်မလဲ..''
"....''
"ဟို ကိုယ်လိုက်ပို့မယ် ဆိုရင်ရော..''
"...''
"ဘာလဲ မယုံလို့လား...အဲတာဆိုလဲ ပြန်တော့မယ်..''
"ရား..နင်ပြောတော့ ငါကသူငယ်ချင်းဆို..''
"ကဲ...လိုက်မယ်မလား..''
"အင်း..''
ငါလေးကို လိုက်ပို့နေရင်း ဆုံးမစကားတွေ ပြောနေမိတယ်...အလုပ်လုပ်သင့်ကြောင်း လူကောင်းတွေရှိကြောင်း နောက်မိဘကမိဘပဲဆိုတဲ့အကြောင်း မနားတမ်းပြောနေတော့
"မင်းစကားအရမ်းများတယ်...မမောဘူးလား..''
"သူငယ်ချင်းကောင်းဆိုတာ လမ်းမှန်ကိုပဲ ပြပေးရတာဟ..''
ငါလေးပြောတာကြားတော့...ရယ်ပြီးကားမောင်းရာကနေရုပ်တည်သွားတယ်
"တကယ်... တကယ်ပဲ ကိုယ့်ကိုခင်တာလား..''
"ငါလေးက စိတ်ရင်းနဲ့မဟုတ်ရင် ဘာမှမလုပ်ဘူး..''
"ကိုယ်အရမ်းပျော်တယ်..''
ငါလေးကဘာမှတောင်မဟုတ်ဘူး...ဒီတိုင်းပြောတာကို သူကတကယ်ကိုပျော်နေတာ အဲ့လောက်တောင် သူ့ကိုဂရုစိုက်ပေးမဲ့သူမရှိဘူးလား...သူအေးစက်စက်ဖြစ်နေတာက ဘယ်သူမှသူ့အနားမရှိလို့ လူတွေနဲ့မဆက်ဆံတတ်တာများလား
"ရောက်ပြီ ဆင်းတော့..''
"လိုက်ပို့တာကျေးဇူးတင်ပေမဲ့ လေသံကြီးကလဲ...နည်းနည်းအသံလေးနူးနူးညံ့ညံ့ပြောပါလား..''
"ဟား...give and takeပဲလေ..''
"ဘာလဲဟ..''
"အပေးရှိရင် အယူရှိတယ်မလား မင်းတောင် ကိုယ့်ကိုနင်နဲ့ငါပြောပြီး..''
"ဟုတ်သားနော်...နင့်နာမည် ဘာလဲ..''
"ဂျက်ဆင်...မြန်မာလိုတော့ သိပ်မခေါ်ကြလို့ မမှတ်မိဘူး...အိမ်မှာဆို သခင်လေးလို့ပဲ ခေါ်နေကြတာလေ...အဖေနဲ့အမကလဲ တစ်နေ့နေရင်တောင် မတွေ့ကြလို့..''
သြော်...ကိုယ့်နာမည်တောင် မမှတ်မိတော့ဘူးတဲ့လား...အဲ့လောက်တောင် ဖြစ်နေမယ်မထင်မိတာအမှန်... ချမ်းသာတာခုလိုကျ မကောင်းဘူးနော်...
"ဘာတွေးနေတာလဲ...မင်းနာမည်ရော..''
"ချီချီ...''
"....''
ဘာဆက်ပြောမလဲဆိုပြီး ငါလေးကိုကြည့်နေရာကနေ
"ဒါပဲလား..''
"အင်းလေ...''
"ဟား... တကယ်ဘဲ မင်းကြောင့်တစ်နေကုန်ရယ်နေရတယ်..''
"ငါနာမည်က အဲ့လောက်ရယ်စရာကောင်းလို့လား...''
"ချစ်စရာကောင်းတာ..''
"ဘယ်လိုဟာလဲ...ပြန်တော့ ငါလေးလဲဆင်းပြီ ''
ကားပေါ်ကဆင်းတော့..
"နောက်နေ့ တွေ့မယ်နော်...ချီ ''
နောက်ကိုပြန်လှည့်ပြီး ပြုံးပြလိုက်ရင်း
"အင်း...တာ့တာ ''
လက်ပြပြီး ကားထွက်သွားတာကိုကြည့်နေမိတယ်...အစစ်ကောင်နဲ့ သူငယ်ချင်းဖြစ်တာရှားတယ်မလား...ပြောလို့မရဘူးလေ သူလဲငါလေးရဲ့သား ဖြစ်နိုင်တာပဲ
"မိချီ...''
အိမ်ထဲဝင်တော့... ချစ်ကဆိုဖာမှာထိုင်နေပြီး ကလေးကတော့ လက်ဖက်ရည်ထိုင်သောက်နေတယ်
"နင်ဘာလို့ ငါ့ကိုဖုန်းမဆက်တာလဲ..''
"ဟို...ချစ်မအားဘူးထင်လို့... ''
"ဟမ့်...လိုက်ပို့ခံချင်လို့မလား...ပျော်နေတာများ တဟီးဟီးတဟားဟားနဲ့...''
"ငါပျော်ရင်တောင် နင့်အပူပါလား..''
"မကို ကျွန်တော်တို့ကခေါ်ထားတာလေ...မတော်လို့ အဆင်မက်ပြီး ဗိုက်တစ်လုံးနဲ့ကျန်နေမှာစိုးလို့..''
"နင်...အေး အဲ့တော့ရော ဘာဖြစ်လဲ...နင်စိတ်ပူစရာမလိုဘူး..''
"ဟမ့်...လမ်းခွဲတာတောင်မကြာသေးဘူး...အပြောင်းလဲမြန်ချက် အဲ့လောက် အဆင်ကြိုက်လား..''
"အင်း...အရမ်းကြိုက်တယ် ဒါပေမဲ့ နင့်လို ဖောက်ပြန်ပြီး သာယာနေတာမဟုတ်ဘူး..''
"မ ...မဟုတ်တာလာပြောမနေနဲ့...''
"ငါ့ကို မ လို့မခေါ်နဲ့...''
"တော်ကြတော့...နင်တို့ခုလိုအော်နေလို့ ဘာထူးလဲ..''
ငါလေးတို့ တစ်ယောက်ကိုတစ်ယောက်မကြည့်ကြတော့သလို တစ်ယောက်ကိုတစ်ယောက်ကျောပေးထါးကြတော့ ချစ်က
"နင်တို့ တကယ် လမ်းခွဲကြပြီလား..''
ပြောရုံရှိသေး နှစ်ယောက်လုံးပြိုင်တူ...
"အင်း.....''
ပြောပြီး ငါလေးက အခန်းဆီကိုတက်သွားသလို ကလေးကလဲ သူ့အခန်းထဲဝင်သွားတယ်...ချစ်ကတော့ ဆိုဖာပေါ်ပြန်ထိုင်ပြီး
စိတ်ပျက်နေသလို သက်ပြင်းတွေသာချရင်း...
💖💖💖💖💖💖💖💖💖💖💖
#Zawgyi
"သရဲအိမ္ဝင္မယ္...''
"မရဘူး...''
"နင္ကငေၾကာက္လား..''
ခုေတာ့ အဲ့ေကာင္ေလးနဲ႕ သရဲအိမ္ဝင္မလို႔ကို အင္း...ေသခ်ာေလး သူနဲ႕စကားေျပာၾကည့္ေတာ့ သူ႕ဘဝကသနားစရာေလး အေမက ငယ္ငယ္နဲ႕ဆုံးသြားၿပီး
ဘယ္သူမွ အခ်ိန္ေပးၿပီး ဂ႐ုမစိုက္ခဲ့ၾကဘူးမလား သူ႕မွာအမတစ္ေယာက္ရွိတယ္တဲ့ အဲ့အမကလဲ စီးပြားေရးကိုသာလုပ္ေနၿပီး ေႏြးေႏြးေထြးေထြးမရွိျပန္ဘူး
သူမ်ားေတြက အထင္ျမင္လြဲေနတာပါ သူကစကားေျပာမတတ္ေပမဲ့ စိတ္ထားေကာင္းတယ္ ေနာက္မိန္းမေတြဖ်က္ဆီးတယ္ဆိုတာလဲ ရယ္စရာစကားေတြ ခုထိ ငါေလးကို အသားေတာင္မထိဘူးေလ အခြင့္အေရးယူဖို႔ဆိုေဝးသါေဝး
"ရားးးး သရဲအိမ္ဝင္မယ္..''
"ဝင္ခ်င္ရင္ တစ္ေယာက္ထဲသြား..''
ေၾကာက္တတ္လိုက္တာ ဝင္ရမွာစိုးလို႔ သရဲအိမ္ရဲ႕အေဝးကို ထြက္ေျပးေနေလရဲ႕
"ေအး...ေျပးထား ငါမိရင္ နင္ငါနဲ႕အတူ သရဲအိမ္လိုက္ဝင္ရမယ္...''
"ဟာ...ဘာလို႔ လိုက္ဆြဲေနတာလဲ..ဟာဗ်ာ..''
"ရား..ေၾကာင္ႀကီး လာၿပီေနာ္...မိရင္ သရဲစာေကြၽးပစ္မယ္..''
"ဟား...မိေအာင္သာလုပ္စမ္းပါ...''
ေျပးလိုက္ရတာေမာေနတာပဲ ႏွစ္ေယာက္လုံး ခုံတန္းေလးမွာ ထိုင္ရင္းအေမာေျဖေနတုန္း
"သူငယ္ခ်င္းရွိတာ သိပ္ေကာင္းတာပဲ..''
"ဟမ္...''
"မင္း ကိုယ့္သူငယ္ခ်င္းလုပ္ေပးပါလား..''
ဒီေကာင္ေလး အေလးအနက္ေျပာေနတာပါလား...ကိုယ့္ကိုၾကည့္ၿပီး လက္ခံဖို႔ေမွ်ာ္လင့္ေနပုံပဲ တကယ္သူ႕မွာသူငယ္ခ်င္းမရွိဘူးလား...
သူ႕ကိုျမင္ေတာ့ သားေတြကိုေတာင္သတိရလာမိတယ္ အဲ့ေကာင္ေလးက အျပင္ကသာ ဆိုးေပေပပုံစံေပမဲ့ စိတ္ထဲမွာ သူ႕အနားတစ္ေယာက္မွ မရွိလို႔ဝမ္းနည္းၿပီး သူ႕ကိုဂ႐ုစိုက္ေအာင္ ဆိုးေနတဲ့ကေလးတစ္ေယာက္လိုမ်ိဳးျဖစ္ေနတာ
ခုၾကည့္...အရင္ကေတြ႕ခဲ့တဲ့သူေတြက အတုေယာင္ေတြေနမယ္...ခုကိုယ္ကစိတ္ရင္းနဲ႕ ဆက္ဆံေပးေတာ့ ကိုယ့္ကိုခင္တြယ္လာၿပီ
ငါေလးကမ်က္လုံးေလးေတြမွိတ္သြားမတက္ ၿပဳံးျပလိုက္ၿပီး
"ဒါေပါ့..''
ငါေလးရယ္ျပတာကိုမ်က္ေတာင္တခ်က္ေတာင္မခတ္ဘဲ စိုက္ၾကည့္ေနၿပီးမွ ေခ်ာင္းဟန့္လိုက္ၿပီး
"ျပန္ေတာ့မွာလား..''
"ဟုတ္တယ္ အကိုမိုးယံကိုဖုန္းဆက္လိုက္အုံးမယ္..''
ဖုန္းဆက္ေတာ့ အကိုမိုးယံက ေဆာက္လုပ္ေရးမွာ အလုပ္သမားတစ္ေယာက္ထိခိုက္မိလို႔ လာမႀကိဳနိုင္ေတာ့ဘူး ကိုယ့္ဘာသာျပန္တဲ့...
"ဘာတဲ့လဲ..''
"ကိုယ့္ဘာသာျပန္ရမွာတဲ့...''
"လမ္းသိလို႔လား..''
"ဟင့္အင္း...''
"ဟား... ''
"ဘာရယ္တာလဲ..''
"မင္းက လမ္းမသိဘဲ ဘယ္လိုျပန္မလဲ..''
"....''
"ဟို ကိုယ္လိုက္ပို႔မယ္ ဆိုရင္ေရာ..''
"...''
"ဘာလဲ မယုံလို႔လား...အဲတာဆိုလဲ ျပန္ေတာ့မယ္..''
"ရား..နင္ေျပာေတာ့ ငါကသူငယ္ခ်င္းဆို..''
"ကဲ...လိုက္မယ္မလား..''
"အင္း..''
ငါေလးကို လိုက္ပို႔ေနရင္း ဆုံးမစကားေတြ ေျပာေနမိတယ္...အလုပ္လုပ္သင့္ေၾကာင္း လူေကာင္းေတြရွိေၾကာင္း ေနာက္မိဘကမိဘပဲဆိုတဲ့အေၾကာင္း မနားတမ္းေျပာေနေတာ့
"မင္းစကားအရမ္းမ်ားတယ္...မေမာဘူးလား..''
"သူငယ္ခ်င္းေကာင္းဆိုတာ လမ္းမွန္ကိုပဲ ျပေပးရတာဟ..''
ငါေလးေျပာတာၾကားေတာ့ ကားေမာင္းရင္း ႐ုပ္တည္သြားတယ္
"တကယ္ တကယ္ပဲ ကိုယ့္ကိုခင္တာလား..''
"ငါေလးက စိတ္ရင္းနဲ႕မဟုတ္ရင္ ဘာမွမလုပ္ဘူး..''
"ကိုယ္အရမ္းေပ်ာ္တယ္..''
ငါေလးကဘာမွေတာင္မဟုတ္ဘူး...ဒီတိုင္းေျပာတာကို သူကတကယ္ကိုေပ်ာ္ေနတာ အဲ့ေလာက္ေတာင္ သူ႕ကိုဂ႐ုစိုက္ေပးမဲ့သူမရွိဘူးလား...သူေအးစက္စက္ျဖစ္ေနတာက ဘယ္သူမွသူ႕အနားမရွိလို႔ လူေတြနဲ႕မဆက္ဆံတတ္တာမ်ားလား
"ေရာက္ၿပီ ဆင္းေတာ့..''
"လိုက္ပို႔တာေက်းဇူးတင္ေပမဲ့ ေလသံႀကီးကလဲ...နည္းနည္းအသံေလးႏူးႏူးညံ့ညံ့ေျပာပါလား..''
"ဟား...give and takeပဲေလ..''
"ဘာလဲဟ..''
"အေပးရွိရင္ အယူရွိတယ္မလား မင္းေတာင္ ကိုယ့္ကိုနင္နဲ႕ငါေျပာၿပီး..''
"ဟုတ္သားေနာ္...နင့္နာမည္ ဘာလဲ..''
"ဂ်က္ဆင္...ျမန္မာလိုေတာ့ သိပ္မေခၚၾကလို႔ မမွတ္မိဘူး...အိမ္မွာဆို သခင္ေလးလို႔ပဲ ေခၚေနၾကတာေလ...အေဖနဲ႕အမကလဲ တစ္ေန႕ေနရင္ေတာင္ မေတြ႕ၾကလို႔..''
ေၾသာ္...ကိုယ့္နာမည္ေတာင္ မမွတ္မိေတာ့ဘူးတဲ့လား...အဲ့ေလာက္ေတာင္ ျဖစ္ေနမယ္မထင္မိတာအမွန္ ခ်မ္းသာတာခုလိုက် မေကာင္းဘူးေနာ္...
"ဘာေတြးေနတာလဲ...မင္းနာမည္ေရာ..''
"ခ်ီခ်ီ...''
"....''
ဘာဆက္ေျပာမလဲဆိုၿပီး ငါေလးကိုၾကည့္ေနရာကေန
"ဒါပဲလား..''
"အင္းေလ...''
"ဟား... တကယ္ဘဲ မင္းေၾကာင့္တစ္ေနကုန္ရယ္ေနရတယ္..''
"ငါနာမည္က အဲ့ေလာက္ရယ္စရာေကာင္းလို႔လား...''
"ခ်စ္စရာေကာင္းတာ..''
"ဘယ္လိုဟာလဲ...ျပန္ေတာ့ ငါေလးလဲဆင္းၿပီ ''
ကားေပၚကဆင္းေတာ့..
"ေနာက္ေန႕ ေတြ႕မယ္ေနာ္...ခ်ီ ''
ေနာက္ကိုျပန္လွည့္ၿပီး ၿပဳံးျပလိုက္ရင္း
"အင္း...တာ့တာ ''
လက္ျပၿပီး ကားထြက္သြားတာကိုၾကည့္ေနမိတယ္...အစစ္ေကာင္နဲ႕ သူငယ္ခ်င္းျဖစ္တာရွားတယ္မလား...ေျပာလို႔မရဘူးေလ သူလဲငါေလးရဲ႕သား ျဖစ္နိုင္တာပဲ
"မိခ်ီ...''
အိမ္ထဲဝင္ေတာ့ ခ်စ္ကဆိုဖာမွာထိုင္ေနၿပီး ကေလးကေတာ့ လက္ဖက္ရည္ထိုင္ေသာက္ေနတယ္
"နင္ဘာလို႔ ငါ့ကိုဖုန္းမဆက္တာလဲ..''
"ဟို...ခ်စ္မအားဘူးထင္လို႔... ''
"ဟမ့္...လိုက္ပို႔ခံခ်င္လို႔မလား...ေပ်ာ္ေနတာမ်ား တဟီးဟီးတဟားဟားနဲ႕...''
"ငါေပ်ာ္ရင္ေတာင္ နင့္အပူပါလား..''
"မကို ကြၽန္ေတာ္တို႔ကေခၚထားတာေလ...မေတာ္လို႔ အဆင္မက္ၿပီး ဗိုက္တစ္လုံးနဲ႕က်န္ေနမွာစိုးလို႔..''
"နင္...ေအး အဲ့ေတာ့ေရာ ဘာျဖစ္လဲ...နင္စိတ္ပူစရာမလိုဘူး..''
"ဟမ့္...လမ္းခြဲတာေတာင္မၾကာေသးဘူး...အေျပာင္းလဲျမန္ခ်က္ အဲ့ေလာက္ အဆင္ႀကိဳက္လား..''
"အင္း...အရမ္းႀကိဳက္တယ္ ဒါေပမဲ့ နင့္လို ေဖာက္ျပန္ၿပီး သာယာေနတာမဟုတ္ဘူး..''
"မ ...မဟုတ္တာလာေျပာမေနနဲ႕...''
"ငါ့ကို မ လို႔မေခၚနဲ႕...''
"ေတာ္ၾကေတာ့...နင္တို႔ခုလိုေအာ္ေနလို႔ ဘာထူးလဲ..''
ငါေလးတို႔ တစ္ေယာက္ကိုတစ္ေယာက္မၾကည့္ၾကေတာ့သလို တစ္ေယာက္ကိုတစ္ေယာက္ေက်ာေပးထါးၾကေတာ့ ခ်စ္က
"နင္တို႔ တကယ္ လမ္းခြဲၾကၿပီလား..''
ေျပာ႐ုံရွိေသး ႏွစ္ေယာက္လုံးၿပိဳင္တူ...
"အင္း.....''
ေျပာၿပီး ငါေလးက အခန္းဆီကိုတက္သြားသလို ကေလးကလဲ သူ႕အခန္းထဲဝင္သြားတယ္...ခ်စ္ကေတာ့ ဆိုဖာေပၚျပန္ထိုင္ၿပီး
စိတ္ပ်က္ေနသလို သက္ျပင္းေတြသာခ်ရင္း...