မင်းရဲ့အလိုတော်အတိုင်း (As Yo...
By synr_daisukina_hito
456K 42.2K 5.9K
မာလ်ဘိုရို။ ဖြူတယ်။ နီကိုတင်း ပြင်းတယ်။ ပြီးတော့ လောင်ကျွမ်းတာလည်း မြန်တယ်။ ဒါပေမယ့် ကောင်လေးနှစ်ယောက်ကတော့ စ... More
Credit
Chapter 1 (Unicode)
Chapter 1 (ZawGyi)
Chapter 2 (Unicode)
Chapter 2 (ZawGyi)
Chapter 3 (Unicode)
Chapter 3 (ZawGyi)
Chapter 4 (Unicode)
Chapter 4 (ZawGyi)
Chapter 5 (Unicode)
Chapter 5 (ZawGyi)
Chapter 6 (Unicode)
Chapter 6 (ZawGyi)
Chapter 7 (Unicode)
Chapter 7 (ZawGyi)
Chapter 8 (Unicode)
Chapter 8 (ZawGyi)
Chapter 9 (Unicode)
Chapter 9 (ZawGyi)
Chapter 10 (Unicode)
Chapter 10 (ZawGyi)
Chapter 11 (Unicode)
Chapter 11 (ZawGyi)
Chapter 12 (Unicode)
Chapter 12 (ZawGyi)
Chapter 13 (Unicode)
Chapter 13 (ZawGyi)
Chapter 14 (Unicode)
Chapter 14 (ZawGyi)
Chapter 15 (ZawGyi)
Chapter 16 (Unicode)
Chapter 16 (ZawGyi)
Chapter 17 (Unicode)
Chapter 17 (ZawGyi)
Final - Chapter 18 (Unicode)
Final - Chapter 18 (ZawGyi)
Extra 1 - "Anonymous Baby" (Unicode)
Extra 1 - "Anonymous Baby" (ZawGyi)
Extra 2 - Moving (Unicode)
Extra 2 - Moving (ZawGyi)
Extra 3 - A Happy Birthday Inside of St. Patrick's Cathedral (Unicode)
Extra 3 - A Happy Birthday Inside of St. Patrick's Cathedral (ZawGyi)
Final Extra - "Soulmate" (Unicode)
Final Extra - "Soulmate" (ZawGyi)
Lunar New Year Special Extra 1 - "Time Difference" (Unicode)
Lunar New Year Special Extra 1 - "Time Difference" (ZawGyi)
Lunar New Year Special Extra 2 - "A Love of Ten Thousand Years" (Unicode)
Lunar New Year Special Extra 2 - "A Love of Ten Thousand Years" (ZawGyi)
Chapter 15 (Unicode)
10.5K 1.2K 221
By synr_daisukina_hito
ရှောင်းကျန့်တစ်ယောက် ဒီတိုက်ခန်းကို ငှားတုန်းက ကပြာကသီ လုပ်ခဲ့ရတာဖြစ်တယ်။ အရင်အိမ်အဟောင်းမှာ အငှားစာချုပ်ပြည့်သွားတဲ့အခါ အိမ်ပိုင်ရှင်က ရောင်းတော့မယ်ဆိုလို့ စာချုပ်အသစ် ထပ်မချုပ်လိုက်ရဘူး။
အဲ့တိုက်ခန်းက တော်တော်ကောင်းတယ်လို့ ပြောရမယ်။ ပတ်ဝန်းကျင်အနေအထားကလည်း အခု ဒီတိုက်ခန်းထက် အများကြီး ပိုကောင်းတယ်။ အိမ်ခြံမြေကုမ္ပဏီကြီးတစ်ခုရဲ့ ကြော်ငြာမှုကြောင့် အဲ့တုန်းက မြစ်ဘက်ကို မျက်နှာမူတဲ့ တိုက်ခန်းကို ငှားခဲ့တယ်။
အခု သူနေတဲ့ ဒီတိုက်ခန်းကတော့ နည်းနည်းအိုဟောင်းနေပြီဖြစ်သလို တစ်ထပ်မှာ တိုက်ခန်း ၄ ခန်းစီပါတယ်။ ပြီးတော့ မြို့ဟောင်းနဲ့လည်း နီးတယ်။ စာသင်ကျောင်းရှိတယ်။ စူပါမားကတ်ရှိတယ်။ တခြား တိုက်ခန်းအဆောက်အဦးတွေနဲ့စာရင် လူအနေအထိုင် ပိုများတယ်လို့ ပြောရမှာပေါ့။
သူတို့နှစ်ယောက် ဓါတ်လှေကားရှေ့မှာ ရပ်စောင့်နေကြတယ်။ ဓါတ်လှေကားက ၂ ခုရှိပေမယ့် တစ်ခုက ပျက်နေတာမို့ အရှေ့မှာ ပြင်ဆင်လက်စ ဆိုင်းဘုတ်ထောင်ထားတယ်။ ရှောင်းကျန့်က ဓါတ်လှေကား ၂ ခုရဲ့ကြား နေရာမှာ ရပ်နေတာဖြစ်တယ်။ ဝမ်ရိပေါ်က သူ့ဘေးမှာ ခရီးဆောင်အိတ်ကို ဆွဲလျက်သား ရပ်နေတယ်။ ခရီးဆောင်အိတ်အပေါ်မှာတော့ မိုးရေတွေ စိုစွတ်နေတယ်။ မဖြုတ်ရသေးတဲ့ လေကြောင်းလိုင်း tag ဟာ ဘေးမှာ တွဲလောင်းကျနေလျက်ရှိတယ်။
နှစ်ယောက်သား ဘာစကားမှ မပြောဖြစ်ဘူး။ ရှောင်းကျန့်လည်း ဘာပြောရမှန်း မသိဘူး။ စောစောက ကားထဲမှာ ဝမ်ရိပေါ်က အဲ့မေးခွန်းကို မေးလာတဲ့အခါ သူ မသိလိုက်ခင်မှာပဲ သူ့ပါးစပ်က အဲ့စကား ထွက်သွားခဲ့တာဖြစ်တယ်။
“မင်း ငါနဲ့ နေလို့ရတယ်လေ”
ဒီစကားက နည်းနည်း ပြဿနာရှိတယ်။ အရွယ်ရောက်ပြီးသားလူတစ်ယောက်ပါးစပ်ကနေ ဒီလိုစကားမျိုးပြောခြင်းဟာ တဖက်လူအတွက် တခြားအဓိပ္ပါယ်ကောက်လို့ရသွားနိုင်တယ်။
ရှောင်းကျန့်လည်း သူ့သိက္ခာကို ထိန်းချင်တာပါပဲ။ အစက သူ တခြားဟာတွေ ဘာမှမပြောချင်ခဲ့ဘူး။ ဒါပေမယ့် အဲ့စကားပြောပြီးတဲ့နောက်မှာတော့ နောက်ထပ်စကားတစ်ခွန်းကိုပါ ထပ်ပြောဖြစ်လိုက်တယ်။
“အရင်တခေါက် ငါ့အိမ်မှာ ရေပိုက်ပေါက်တုန်းက မင်းလည်း ငါ့ကို ခေါ်ထားခဲ့တာပဲလေ”
တကယ့်ကိုမှ အခြေအမြစ်ရှိတဲ့ လေသံပါပဲ။ ကူညီခဲ့ဖူးတာအတွက် ယဉ်ယဉ်ကျေးကျေး ပြန်လုပ်ပေးတဲ့သဘောမျိုးပဲ။ ဘာအခွင့်အရေးယူခြင်းမှ ရှိမနေဘူး။
ဝမ်ရိပေါ်ကလည်း ဘာမှမပြောပါဘူး။ “အိုခေ”ဆိုတဲ့စကားတစ်ခွန်းနဲ့အတူ ကားစက်ကိုရပ်လို့ ကားထဲက ထွက်ပြီးတာနဲ့ သူ့ ခရီးဆောင်အိတ်ကို ထုတ်လေတယ်။ ပြီးတာနဲ့ ရှောင်းကျန့်နောက်လိုက်လို့ အဆောက်အဦးထဲကို အတူဝင်လိုက်ကြတယ်။
ဓါတ်လှေကား ရောက်လာတာနဲ့ ဝမ်ရိပေါ်က အရင်ဝင်တယ်။ ရှောင်းကျန့်က အနောက်က လိုက်တယ်။ ၁၀ လွှာကို ရောက်တဲ့အခါမှာ ဓါတ်လှေကား ရပ်သွားတယ်။ တံခါးပွင့်လာတဲ့နောက် လူတစ်ယောက် ဝင်လာတယ်။
“အယ်? ကျန့်ကျန့်?”
ရှောင်းကျန့်ရဲ့ အိမ်နီးချင်း လီကျဲဖြစ်တယ်။ သူမရင်ခွင်ထဲမှာတော့ အိပ်ပျော်နေတဲ့ ကလေးလေး ရှိနေပြီး သူမက ရှောင်းကျန့်ကို မြင်တာနဲ့ နာမည်ကို ခေါ်လိုက်ပြီးတဲ့နောက် သူ့ဘေးက ဝမ်ရိပေါ်ကို တချက်ကြည့်တယ်။
“Ai, လီကျဲ”
ရှောင်းကျန့်က သူမရဲ့ နှုတ်ဆက်မှုကို တုံ့ပြန်လိုက်တယ်။ ပြီးတာနဲ့ ဓါတ်လှေကားထဲ အနောက်ကို ခြေလှမ်း ၂ လှမ်းဆုတ်လို့ နေရာရွှေ့ပေးလိုက်တယ်။ ဝမ်ရိပေါ်ကတော့ တိတ်တိတ်လေးပဲ ခရီးဆောင်အိတ်ကို ဘယ်ဘက်ကနေ ညာဘက်ကို ရွှေ့လို့ ရှောင်းကျန့်အတွက် နေရာဖယ်ပေးလိုက်တယ်။
“မင်း သူငယ်ချင်းလား? မြင်ဖူးသလိုပဲ ငါတို့အရင်က တွေ့ဖူးကြလား?”
လီကျဲက ပြုံးရင်း မေးလိုက်တာဖြစ်တယ်။
“အင်း ဟုတ်တယ်”
ရှောင်းကျန့်က ခေါင်းညိတ်ပြလိုက်တယ်။ ဒီဘက်မှာလည်း ဝမ်ရိပေါ်က လီကျဲကို ပြုံးပြလိုက်တယ်။ ရှောင်းကျန့်က ထပ်မေးလိုက်တယ်။
“ဘယ်က ပြန်လာတာလဲ?”
“အိုး ငါ့ညီမဝမ်းကွဲ တိုက်ခန်းအသစ်ဝယ်ပြီး ပြောင်းလာလို့လေ အောက်ထပ်ဆင်းပြီး သူနဲ့ စကားသွားပြောတာ”
လီကျဲက ကလေးကို ပင့်ချီလိုက်ရင်း ပြန်ဖြေလိုက်တာဖြစ်တယ်။ သူမပုံစံက တခုခုကို စဉ်းစားနေသလိုပဲ။ ပြီးတာနဲ့ မေးလာတယ်။
“အရင်တခေါက်က အိတ်လေ မင်း ရတယ်ဟုတ်?”
ရှောင်းကျန့် ခန္ဓာကိုယ်က ခဏတော့ တန့်သွားတယ်။ မျက်လုံးလေး ထောင့်ကပ်ပြီး ဘေးကို တချက်ကြည့်လိုက်တယ်။ ပြီးတာနဲ့ ပြန်ဖြေလိုက်တယ်။
“ဟုတ် ရပါတယ် ကျေးဇူးပါ လီကျဲ”
“ကောင်းပါတယ် ရတယ်ဆို ပြီးတာပဲ အဲ့အိတ်က ဈေးကြီးမယ့်ပုံပဲနော် ဇိမ်ခံပစ္စည်းတံဆိပ် ဟုတ်?”
စကားကို အဆုံးသတ်ချင်လေ ပြောနေတဲ့စကားတွေက ဖြတ်လို့မရလေပဲ။
“အင်း”
ရှောင်းကျန့်စိတ်ထဲ ရှိုးတို့ရှန်းတမ်းနိုင်မှုတွေကြောင့် အသက်ရှူရတာတောင် ခက်ခဲလာသလိုပဲ။ လေကို ပြင်းပြင်း ရှိုက်သွင်းလိုက်တယ်။ ခေါင်းညိတ်လိုက်ပြီးတာနဲ့ ဓါတ်လှေကားထဲက နံပါတ်ခလုတ်တွေကို လိုက်ကြည့်နေလိုက်တယ်။ စိတ်ထဲမှာတော့ ဒီဓါတ်လှေကား ဘာလို့ အဲ့လောက်တောင် နှေးရတာလဲလို့ တွေးနေမိတယ်။
“ကောင်းလိုက်တာ အဲ့လို ဈေးကြီးလက်ဆောင်တွေပေးမယ့် သူငယ်ချင်းမျိုးရှိတာ ခုခေတ်လူငယ်တွေကတော့ တကယ်ကို ချမ်းသာကြတာပဲ”
လီကျဲက ပြုံးရင်းနဲ့ ပြောလိုက်တာဖြစ်တယ်။ သူမလေသံမှာ ကဲ့ရဲ့တာမျိုးမပါဘူး။ ဒီအတိုင်းပဲ မှတ်ချက်ပေးလိုက်တဲ့သဘောမျိုးဖြစ်တယ်။
သူမရဲ့စကား နောက်ဆုံးကြောင်းမရောက်ခင်မှာပဲ ဓါတ်လှေကားက သွားရမယ့် အထပ်ကို ရောက်သွားတယ်။
လီကျဲကအရင် ထွက်သွားပြီးတဲ့နောက် သူမအိမ်ထဲကို ဝင်သွားတယ်။
ရှောင်းကျန့်က ဓါတ်လှေကားဖွင့်တဲ့ခလုတ်ကို နှိပ်ထားပြီး ဝမ်ရိပေါ်ကို အရင်ထွက်စေလိုက်တယ်။ တိုက်ခန်းတံခါးရှေ့ရောက်တဲ့အခါ သူ့အိမ်ရဲ့ Password ကို ရိုက်ထည့်လိုက်တယ်။ ဘယ်လိုပဲလုပ်လုပ် သူ့မှာ မှန်အောင် မနှိပ်နိုင်ဘူးဖြစ်နေတယ်။ Passcode lock ရဲ့ အဖုံးကို လှန်လိုက်ပြီး ခါးကို ကိုင်းလိုက်တယ်။ သူ့မျက်လုံးဟာဆိုရင် Keypad နဲ့ ထိတော့မတတ်ပဲ။
ဒီနေ့ ကားထဲမှာ သူ့မျက်လုံး မတရားခြောက်လာလို့ မျက်ကပ်မှန်ကို ဖယ်ထားခဲ့တာကြောင့် ခု သူ့မှာ တော်တော့်ကို မမြင်မစမ်းဖြစ်နေတယ်။
“ဘာဖြစ်လို့လဲ”
သူ့အနောက်မှာရပ်နေတဲ့ ဝမ်ရိပေါ်က မေးလာခြင်းဖြစ်တယ်။
“သေချာမမြင်ရဘူး စောစောက Password မှားနှိပ်မိလို့”
ရှောင်းကျန့်က နောက်လှည့်ပြောတာမဟုတ်ဘူး။ ဒီအတိုင်းပဲ keypad ကို မျက်လုံးနဲ့ ထိလုမတတ် ကိုင်းကြည့်နေရင်း လက်ကလည်း Passcode ကို နှိပ်နေရင်း ဖြေလိုက်တာဖြစ်တယ်။ သူ့ passcode lock က တုံ့ပြန်တာ နည်းနည်းနှေးတယ်။ နံပါတ်တစ်ခု နှိပ်ပြီးရင် နည်းနည်းစောင့်ရတယ်။
“ငါ လုပ်ပေးမယ်”
ဝမ်ရိပေါ်က ရှောင်းကျန့်ပခုံးကို အသာပုတ်လို့ သူ့ ခရီးဆောင်အိတ်ကို လက်ကဖြုတ်လိုက်တယ်။
“Password က ဘာလဲ?”
“098765”
ရှောင်းကျန့်က ဘေးဖယ်ပေးလိုက်ပြီးနောက် နံပါတ်တွေ ရွတ်ပြလိုက်တာဖြစ်တယ်။
ဝမ်ရိပေါ် ခဏတော့ တန့်သွားတယ်။ အဲ့ဒီ့နောက် Keypad ထဲ ဂဏန်းတွေ ရိုက်ထည့်နေရင်း ပြောလိုက်တယ်။
“ရိုးရိုးလေးပဲ”
ခပ်မြန်မြန်ပဲ။ တံခါးက သော့ပွင့်သွားတယ်။ ရှောင်းကျန့်က အရင်ဝင်လိုက်ပြီးတဲ့နောက် ဖိနပ်ချွတ်နားက မီးတွေ ဖွင့်လိုက်တယ်။ အဝါရောင် ခပ်မှိန်မှိန် မီးရောင်ဟာ ဖိနပ်စင် ထောင့်စွန်းပေါ်ကနေ ဖြန့်ကျက်ကျနေတယ်။ ဖိနပ်ပါး ပြောင်းစီးပြီးတဲ့နောက် နောက်ထပ်ဖိနပ်တစ်ရံ ထုတ်ပြီး ဘေးမှာ ချလိုက်တယ်။ သူ ဒီဖိနပ်ပါးတွေကို အွန်လိုင်းကနေ ဝယ်ခဲ့တာဖြစ်ပြီး တစ်ခါဝယ် နှစ်ရံပါလာတာဖြစ်တယ်။ တစ်ရံကိုတော့ တစ်ခါမှ ထုတ်မစီးရသေးဘူး။
“မင်း ဒီဖိနပ်စီးလိုက်”
ဝမ်ရိပေါ်ကို ပြောပြီးတာနဲ့ အိမ်ထဲ ဝင်လျှောက်လိုက်တယ်။
ဝမ်ရိပေါ်က သူ့ခရီးဆောင်အိတ်ကို တံခါးဘက် ကပ်လိုက်ပြီးတဲ့နောက် သူ့ခြေထောက်နားက ယောက်ျားစီးဖိနပ်ပါးကို တချက်ကြည့်လိုက်တယ်။ အဲ့ဒီ့နောက် သူ့ခေါင်းကို မော့လိုက်တဲ့အခါ ဖိနပ်စင်အပေါ် ပန်းအိုးနောက်က ဂူချီအိတ်ကို တွေ့သွားတယ်။ အိတ်က ဖွင့်လျက်သား ရှိနေတယ်။
“ဘာလို့ ခြေပြောင်ကြီးလဲ?”
ရှောင်းကျန့်က ခရီးဆောင်အိတ်ကို ဧည့်ခန်းထောင့်မှာ ထားရင်း ဝမ်ရိပေါ်တစ်ယောက် ဖိနပ်မစီးပဲ ခြေအိတ်နဲ့ပဲ လမ်းလျှောက်ဝင်လာတာကို လှည့်ကြည့်လို့ မေးလိုက်ခြင်းဖြစ်တယ်။ ဒီတိုက်ခန်းရဲ့ ကြမ်းပြင်က သစ်သားကြမ်းပြင်ဖြစ်ပြီး အပတ်တိုင်း သန့်ရှင်းရေးလုပ်တဲ့အဒေါ်ကြီး လာသန့်ရှင်းပေးပေမယ့် ရှောင်းကျန့်ဟာ အိမ်ထဲမှာ ဘယ်တော့မှ ခြေပြောင်နဲ့ မနေဖူးဘူး။
“ဖိနပ်စီးရမှာ ပျင်းလို့”
ဝမ်ရိပေါ်ဟာ ဖြေပြီးတာနဲ့ ဆိုဖာရှိရာ တည့်တည့်လျှောက်သွားရင်း ထိုင်ချလိုက်လေတယ်။
သူ့ရဲ့ ဒီဘက်ဘေးမှာတော့ မီးခိုးရောင် ဟူဒီအင်္ကျီရှိနေတယ်။ လျှော်ထားပြီးသားဆိုပေမယ့် အဲ့အနားမှာပဲ ထားထားတာကြောင့် နည်းနည်းလေး တွန့်ကြေနေတယ်။
ရှောင်းကျန့်တစ်ယောက် ဒီဘက်မှာ ရပ်နေရင်းနဲ့ စိတ်ထဲ နည်းနည်း ကြောင်အမ်းအမ်းဖြစ်သလို ခံစားနေရတယ်။ သူက အမြဲအဲလိုပဲ။ ရှိုးတို့ရှန်းတမ်းဖြစ်မှုတွေ၊ ကြောင်အမ်းအမ်းဖြစ်မှုတွေကို မကြိုက်တဲ့သူဖြစ်တယ်။
“ရေချိုးဦးမလား? လေယာဉ်စီးလာရတာ အရမ်းပင်ပန်းနေမှာပဲ ဟုတ်?”
ဝမ်ရိပေါ်က ဆိုဖာခုံပေါ်မှာ ဖုန်းကြည့်နေရင်း ခြေထောက်ကို အပေါ်တင်လို့ ထိုင်ရုံရှိသေးတယ်။
“အိုခေ”
ခေါင်းကို မော့ပြီး ရှောင်းကျန့်ကို ကြည့်လိုက်တယ်။ အဲ့ဒီ့နောက် မတ်တပ်ရပ်ပြီး မေးလိုက်တယ်။
“ငါ ဘယ်မှာအိပ်ရမှာလဲ?”
တကယ်ဆို ဝမ်ရိပေါ်ရဲ့ ဒီမေးခွန်းဟာ ပုံမှန်ပဲ။ ကိုယ့်အိမ် ဧည့်သည်လာတာကို လက်ခံတဲ့လူတိုင်း ကြုံရလေ့ရှိတဲ့ မေးခွန်းတစ်ခုပဲ။ ဒါပေမယ့် ရှောင်းကျန့်က အရက်သောက်ထားလို့ထင်တယ်။ သူ့မျက်နှာဟာ ပူနွေးပြီး ပါးလေးတွေ ပန်းရောင်သမ်းသွားတယ်။
“စာကြည့်ခန်းထဲမှာ ခေါက်ကုတင်ရှိတယ် ကိစ္စမရှိဘူးဆိုရင် အဲ့မှာ အိပ်လို့ရတယ်”
ဒီစကားကို ပြောပြီးတာနဲ့ သူ့မှာ ဆက်ပြောလိုက်ရသေးတယ်။
“တော်တော်ကြီးတယ် ဟိုလိုမျိုး နှစ်ယောက်အိပ် ကုတင်ပုံစံမဟုတ်ဘူး”
ပြောပြီးတာနဲ့ နောက်ကဆက်ပြောလိုက်တဲ့စကားအတွက် နည်းနည်းနောင်တရချင်သွားတယ်။ မလိုအပ်တဲ့စကားဖြစ်သလို မထင်ရင် မဟုတ်တာအတွက် အထာပေးလိုက်သလိုမျိုးပဲ။ တကယ်ဆို သူဆိုလိုချင်တာက အဲ့အိပ်ယာဟာ အိပ်လို့ မကောင်းတာမျိုး မဖြစ်ဘူးလို့ ပြောချင်တာဖြစ်တယ်။
ရှောင်းကျန့်တစ်ယောက် အရက်မူးနေလို့ထင်တယ်။ ခါတိုင်းထက် ပိုပြီးတော့ကို အတွေးလွန်နေတယ်။
“ကောင်းပြီ ငါ ရေချိုးလိုက်ဦးမယ် ရေချိုးခန်းက ဘယ်မှာလဲ?”
ဝမ်ရိပေါ်ရော အတွေးတွေ များနေလားဆိုတာ မသေချာဘူး။ ကြည့်ရတာ ဘာမှ သိပ်မတွေးဘူးထင်ပါတယ်။
ခရီးဆောင်အိတ်ရှိရာ သွားပြီးနောက် အဝတ်တစ်စုံထုတ်လိုက်ပြီး ပြန်ပိတ်လိုက်တယ်။ ရှောင်းကျန့်က သူ့ကို ရေချိုးခန်းရှိရာ ညွှန်ပြလိုက်တယ်။
ရှောင်းကျန့်အိမ်မှာ အခန်း ၂ ခန်းနဲ့ ဧည့်ခန်းတစ်ခုရှိတယ်။ ပိုကြီးတဲ့အခန်းက အိပ်ခန်းဖြစ်ပြီး အိမ်ပိုင်ရှင်က နည်းနည်းသေးတဲ့အခန်းကို စာကြည့်ခန်းအဖြစ် ပြောင်းထားတာဖြစ်တယ်။ အထဲမှာ အရမ်းကြီးတဲ့ စာအုပ်စင်ကြီးရှိတယ်။
နောက်ပိုင်းမှာ ရှောင်းကျန့်က သူ့ဟာသူ ခေါက်ကုတင် ဝယ်လိုက်တာဖြစ်တယ်။ အကယ်၍များ သူ့မိဘတွေ သူ့ဆီလာလည်ခဲ့လို့ ဟိုတယ်မှာ မနေချင်ခဲ့ရင် မိဘတွေကို သူ့အိပ်ခန်းမှာ အိပ်ခိုင်းပြီး သူက ဒီမှာ လာအိပ်ဖို့ ရည်ရွယ်ထားခဲ့တာဖြစ်တယ်။
ဒါပေမယ့် သူ့မိဘတွေက ၂ ခေါက်ပဲ လာလည်ခဲ့တယ်။ လာလည်တဲ့ ၂ ခေါက်လုံး ဟိုတယ်မှာပဲ နေတာမို့ ပြောရမယ်ဆိုရင် ရှောင်းကျန့် အဲ့အခန်းထဲမှာ တစ်ခါမှ မအိပ်ဖူးသေးဘူး။
ဝမ်ရိပေါ်တစ်ယောက် ရေချိုးခန်းထဲ ဝင်သွားလို့ ရေကျသံတွေ ကြားလိုက်ရတဲ့နောက် သူ့အခန်းကို ဝင်လိုက်တယ်။ ဂွမ်းကပ်ကို ဆွဲယူလိုက်ပြီးတဲ့နောက် အိပ်ယာခင်းအသစ်ကိုပါ ထုတ်လိုက်တယ်။ ခဏလောက် စဉ်းစားလိုက်ပြီးတာနဲ့ သူ့ ဗီရို ဟိုးအောက်ဆုံးရှိ လေစုပ်ထားတဲ့အိတ်ထဲက မွေ့ယာကိုပါ ဆွဲထုတ်လိုက်တယ်။
အဲ့ဒီ့နောက် စာကြည့်ခန်းထဲရှိ ခေါက်ကုတင်ပေါ်က နည်းနည်းမှိုင်းနေတဲ့ အိပ်ယာခင်းကို ဆွဲခွါလိုက်တယ်။ နည်းနည်းတော့ အားစိုက်လုပ်ရတယ်။ သူ အဲ့ခေါက်ကုတင်ပေါ်ကို အိပ်ယာခင်း တပ်ခဲ့တုန်းက အတိုင်း အားထည့်ပြီး လုပ်လိုက်ရတယ်။
အခုလို လုပ်နေရရင်းကိုတောင်မှ သူဟာ အဲ့လိုမျိုး တပ်ရ ဖြုတ်ရ လုပ်ရတာတွေကို တော်တော် မုန်းနေတုန်းပဲ။
သူ အိပ်ယာသေချာခင်းပြီးသွားတဲ့နောက်မှာတော့ ဝမ်ရိပေါ်ဟာ ရေချိုးပြီးသွားပြီဖြစ်တယ်။ အပေါ်က တီရှပ်အင်္ကျီအဖြူနဲ့ အောက်က sweatpants ကို ဝတ်ထားပြီး ရေချိုးခန်းထဲကနေ ဖိနပ်မစီးပဲ ခြေပြောင်ထွက်လာတယ်။ သူ့ဆံပင်က ရေတွေစိုနေတုန်းဖြစ်ပြီး ဆံစချောင်းလေးတွေက နဖူးရှေ့ကို ကျနေတယ်။ သူ့ကိုယ်လုံးမှာတော့ ရှောင်းကျန့်ရဲ့ ရေချိုးဆပ်ပြာနံ့နဲ့ ခေါင်းလျှော်ရည်နံ့ကို သင်းသင်းလေး ရနေတယ်။
“ခေါင်းကို လေမှုတ်ဦးမလား?”
ရှောင်းကျန့်က လျှောက်လာပြီးတဲ့နောက် ဝမ်ရိပေါ်ခြေထောက် ဖိနပ်မစီးတာကိုကြည့်ပြီး အေးသလို ခံစားလိုက်ရတယ်။ ဖိနပ်စင်ရှိရာဘက် လျှောက်ပြီးတဲ့နောက် ဖိနပ်ပါးကို ကောက်ယူလိုက်ပြီး ဝမ်ရိပေါ်ရှေ့ ကြမ်းပြင်ကို ချပေးလိုက်တယ်။
“ဖိနပ်စီးလေ မအေးဘူးလား?”
ဝမ်ရိပေါ်ရဲ့‌ခေါင်းပေါ်မှာ တဘက်ရှိနေတုန်းပဲ။ ဖိနပ်ကို တချက်လှမ်းကြည့်တယ်။ ဖိနပ်မစီးချင်သေးဘူး။ ဆိုဖာရှိရာ တည့်တည့်သွားလို့ ထိုင်ချလိုက်တယ်။
“မအေးပါဘူး မစီးလည်း ရတယ်”
ရှောင်းကျန့်စိတ်ထဲမှာ ဝမ်ရိပေါ်ရဲ့ အပြုအမူတွေကို နားမလည်နိုင်ဖြစ်နေတယ်။ ဒါပေမယ့် ဒီ့ထက်လည်း ထပ်မတွေးတော့ဘူး။ သူ့ကိုယ်လုံးပေါ်က အရက်နံ့ကြောင့် သက်တောင့်သက်သာမရှိဖြစ်နေတာမို့ ရေချိုးဖို့ ပြင်တယ်။ ဝမ်ရိပေါ်အတွက် ရေတခွက် ထည့်ပေးပြီးတာနဲ့ တီဗွီကို ဖွင့်လိုက်တယ်။ အဲ့ဒီ့နောက် ရေချိုးခန်းထဲကို ဝင်လိုက်တယ်။
ရေချိုးခန်းထဲမှာ ရေငွေ့တွေ ပျံနေသလို မှန်ပေါ်မှာ ရေငွေ့တွေ ရိုက်နေတယ်။ အပူချိန်နဲ့ စိုထိုင်းမှုတွေ မြင့်တက်နေတယ်။ ရှောင်းကျန့်က မျက်မှန်တပ်မထားတာမို့ သေချာ ရှင်းရှင်းလင်းလင်းမမြင်ရဘူး။ ရေချိုးဇလုံ bathtub ဘေးထောင့် အပေါ်မှာ အနက်ရောင်တစ်ခုကို တွေ့လိုက်ရတယ်။ ပုံစံက သန့်ရှင်းရေးလုပ်တဲ့ အဝတ်စနဲ့တူသလိုလို မတူသလိုလို။
အဲ့နားသွားပြီး ကောက်ယူလိုက်တယ်။ အနားကပ်ပြီး ကြည့်မယ်လုပ်တဲ့အချိန်မှာပဲ ရုတ်တရက် အနောက်ကနေ ဝမ်ရိပေါ်အသံကို ကြားလိုက်ရတယ်။
“ဘာလို့ ငါ့အတွင်းခံကို ကိုင်ထားတာလဲ?”
ရုတ်တရက်မို့ ရှောင်းကျန့်က လန့်သွားသလို သူ့တကိုယ်လုံးလည်း ပူရှိန်းတက်သွားတယ်။ လက်ထဲကဟာ ဘာဆိုတာ သေချာ မကြည့်ရသေးဘူး။ လွှင့်ပစ်လို့လည်း မရသလို ဆက်ကိုင်ထားဖို့လည်း မဖြစ်တဲ့အနေအထားမှာ ရှိနေတယ်။
ဝမ်ရိပေါ်ကပဲ အရင် စ, စကားပြောလာတယ်။
“ငါ့ကိုပေး အိမ်ပြန်ရောက်မှ လျှော်မလို့”
စာကြည့်ခန်းထဲမှာ ဖုန်းအားသွင်းမလို့ အသွား ရေချိုးခန်းရှေ့ အဖြတ်မှာ ရှောင်းကျန့်တစ်ယောက် သူ့အတွင်းခံကို ကိုင်ထားပြီး အနီးကပ် သေချာမျက်မှောင်ကြုတ်ကြည့်နေတာမို့ လှမ်းပြောလိုက်တာဖြစ်တယ်။
“Oh”
ရှောင်းကျန့်က လက်လှမ်းလို့ အပေးမှာ သူတို့လက်ချောင်းထိပ်ဖျားလေးတွေ ထိမိသွားသလို ခံစားလိုက်ရတယ်။
ဝမ်ရိပေါ် ပြန်ထွက်သွားတဲ့နောက် ရေချိုးခန်းတံခါးကို ပိတ်လိုက်တယ်။ အင်္ကျီချွတ်လိုက်ပြီးတဲ့နောက် ရေပန်းကို ဖွင့်လိုက်တယ်။ အခုလေးတင် ဝမ်ရိပေါ် ရေချိုးထားပြီးတာမို့ ရေပန်းဟာ ခပ်မြန်မြန်ပဲ ရေတွေ ကျလာတယ်။
ရှောင်းကျန့်က ရေချိုးတဲ့အချိန် ရေမြှုပ်သုံးရတာ မကြိုက်ဘူး။ အလုပ်ရှုပ်တယ်ထင်လို့။ သူ့လက်နဲ့ပဲ ဆပ်ပြာသုံးပြီး ချေးတွန်းလေ့ရှိတယ်။ အမြဲတမ်းပဲ။ နှစ်တွေ အများကြီး အများကြီး အဲ့လိုပဲ ချိုးလာတာဖြစ်တယ်။
ဒါပေမယ့် အခု သူ့လက်နဲ့ သူ့ကိုယ်လုံးကို ထိလိုက်တဲ့အချိန်မှာ ရှောင်းကျန့်စိတ်တွေဟာ ထိန်းချုပ်လို့ မရနိုင်အောင် စောစောက အဖြစ်ကို တွေးနေမိတယ်။ သူ့ရဲ့ လက်ဟာ ဝမ်ရိပေါ်ရဲ့ အတွင်းခံကို ကိုင်ထားခဲ့တယ်။ အဲ့အတွင်းခံပေါ်မှာ ဝမ်ရိပေါ်ရဲ့ ခန္ဓာကိုယ်အနွေးဓါတ်ဟာ ရှိနေဆဲ။ ပြီးတော့ အဲ့ဒီ့အတွင်းခံဟာ ခန္ဓာကိုယ်ရဲ့ နေရာတစ်ခုကို နီးနီးကပ်ကပ်ဖိထားတဲ့ဟာ။ အဲ့ဒီ့နေရာကို တင်းတင်းကြပ်ကြပ် အုပ်ထားတဲ့ဟာ။
ဒီအရာကို တွေးမိလိုက်တာနဲ့ သူ့တကိုယ်လုံးမှာ ကြက်သီးတွေ ထလာတယ်။ သူ့အရေပြားပေါ် ဖြတ်သန်းပြေးလွှားနေတဲ့ လက်ချောင်းလေးတွေရဲ့ အထိအတွေ့တွေ ထုံကျင်နေပုံက တခြားလူတစ်ယောက်ရဲ့ လက်ချောင်းတွေဖြစ်သွားသလိုပဲ။ အဲ့လက်ချောင်းလေးတွေဟာ သူ့ကို ဖိနှိပ်ပေးနေတယ်။
အရက်ဟာ မကောင်းဘူး။ တကယ်ကို မကောင်းတာ။
နောက်ကို အဲ့ဂျပန်အရက် ဘယ်တော့မှ မသောက်တော့ဘူးလို့ ကျိန်ဆိုလိုက်တယ်။ ဘယ်လောက်ပဲ ကောင်းပါတယ်ပြောပြော လုံးဝမသောက်တော့ဘူး။
ရှောင်းကျန့်ဟာ ဆွဲဆောင်မှု ရှိတဲ့သူဖြစ်တယ်။ ငယ်ရာကနေ ကြီးလာတဲ့အထိ သူ့ရဲ့ စိတ်နေစိတ်ထားကို ထည့်မပြောပဲ အများဆုံးရတဲ့ ချီးကျူးမှု တော်တော်များများဟာ သူ့ရဲ့ ဆွဲဆောင်မှုနဲ့ ချောမောမှုကြောင့်ဖြစ်တယ်။
ဝမ်ရိပေါ်ဟာ သူ့ကို လှတယ်လို့ အမြဲပြောလေ့ရှိတယ်။
အရင်တုန်းကဆိုရင် လောင်ရှီက မျက်မှောင်ကြီး ကြုတ်ပြီး ပြန်ပြောတတ်တယ်။
“ဘာလို့ ယောက်ျားတစ်ယောက်ကို လှတယ်လို့ပြောရတာလဲ?”
ဘေးမှာထိုင်နေတဲ့ စီစီက သဘောမတူတဲ့လေသံနဲ့ ဝင်ပြောတယ်။
“ချင်မင်းဆက် ပြိုလဲသွားတာ ဘယ်လောက်တောင် ကြာပြီလဲ? ရှင်က အခုထိ ဒီမှာ အာဏာရှင်ဆန်တဲ့အတွေးအမြင်တွေ ရှိနေတုန်း ကျန့်ကောက တကယ်လှတာ ယောက်ျားမိန်းမ ခွဲခြားချက်နဲ့ ဘာမှ မဆိုင်ဘူး လှတယ်ဆိုတဲ့စကားက ချောတယ်ဆိုတဲ့စကားထက် ပိုညင်သာတယ် ကျန့်ကောနဲ့လည်း လိုက်တယ်”
အဲ့လိုမျိုး ရှောင်းကျန့်ဟာ ဘယ်တုန်းကမှ အချစ်နဲ့ပတ်သက်လို့ လိုအပ်မှု ရှိနေခဲ့တာမဟုတ်ဘူး။ sex နဲ့ ပတ်သက်လို့ကတော့ ပိုတောင်ရသေးတာပေါ့။ သူ လက်တစ်ချက် ပြလိုက်တာနဲ့ သူ့ဆီကို ပြေးလာမယ့် လူတွေမှ မရေမတွက်နိုင်အောင်ပဲ။
ဒီလိုတွေးမိတဲ့အခါ အခုလို သူ့ကိုယ်ပိုင် ရေချိုးခန်းထဲက ရေပန်းအောက်မှာ မတ်တပ်ရပ်လို့ သူ့ကိုယ်သူ ထိတွေ့နေစရာ တကယ်ကို မလိုအပ်ဘူးလို့ထင်တယ်။
အရမ်းကို သိက္ခာကျရလွန်းတယ်။ သိပ်ကို မလိုအပ်တဲ့အရာဖြစ်တယ်။
ဒါပေမယ့် ရှောင်းကျန့် ဘာကိုမှ ဂရုမစိုက်တော့ဘူး။ အနောက်က ရေချိုးခန်း နံရံကို မှီလို့ လက်တစ်ဖက်က သူ့ခန္ဓာကိုယ်အောက်ပိုင်းအရာကိုထိကိုင်ထားရင်း ခေါင်းကို အနည်းငယ်မော့ပြီး နှုတ်ခမ်းကို ဟ ထားမိတယ်။ သူ့ရဲ့ မှုန်ဝါးနေတဲ့ အမြင်အာရုံဟာ ရေချိုးခန်းထဲက မှုန်ဝါးနေတဲ့မှန်လိုပဲ။ စိတ်ဆန္ဓတွေ ဖုံးလွှမ်းနေတယ်။ သွေးကြောထဲက သွေးတွေဟာ အရက်ရှိန်ကြောင့် ခန္ဓာကိုယ်အောက်ပိုင်းဆီကို အရှိန်အဟုန်နဲ့ စီးဆင်းသွားတယ်။
သူဟာ ဒီရေချိုးခန်း ကျဉ်းကျဉ်းလေးထဲ ပူလောင်မှုနဲ့ စိုထိုင်းမှုတွေကြား နစ်မြုပ်သွားသလို ခံစားနေရတယ်။ မျက်လုံးကို မှိတ်လိုက်တယ်။ သူ့ခေါင်းထဲမှာ မဟုတ်တာတွေပဲ တွေးနေမိတယ်။ အရက်အများကြီး သောက်ထားပြီးတဲ့နောက် တိတိကျကျ ပုံရိပ်တစ်ခုကို စိတ်ကူးယဉ် မြင်ယောင်နေမိတယ်။
သာယာမှုကို တိုက်ရိုက်ရစေတဲ့ ယောက်ျားလေးတိုင်း သိတဲ့ လှုပ်ရှားမှုမျိုးကို အသုံးပြုပြီး သူ့လက်ကို အထက်အောက် လှုပ်ရှားနေမိတယ်။
“အ...”
နောက်ဆုံးမှာတော့ သူ့ လက်ဖဝါးထဲမှာပဲ ပြီးဆုံးသွားလေတယ်။ ကြည့်ခွင့်တောင် မရှိလိုက်တဲ့ အဖြူရောင်ညစ်ညစ် အရည်တွေဟာ ရေပန်းက ကျနေတဲ့ရေတွေနဲ့အတူ မြောင်းပေါက်ထဲကို ခပ်မြန်မြန် စီးဆင်းသွားတယ်။
ကိုယ့်ကိုကိုယ် သတိပြန်ထားမိတဲ့အခါမှာတော့ ရှောင်းကျန့်တစ်ယောက် နည်းနည်း ခေါင်းကြည်သွားပြီဖြစ်တယ်။ အရက်ကြောင့် မူးဝေနေတာတွေဟာ စောစောက သူ ထုတ်လွှတ်လိုက်တဲ့အရာတွေအောက်မှာ ပါသွားပုံရတယ်။ ရေတွေစီးဆင်းကျနေတဲ့ မြောင်းပေါက်ကို ကြောင်တောင်တောင် ကြည့်နေမိတယ်။ လူဟာ မောဟိုက်နေပြီး စိတ်ထဲမှာလည်း ရူးသွပ်သွားသလို၊ စိတ်ပျက်မိသလို ခံစားနေရတယ်။
“ရေချိုးတာ အဲ့လောက်ကြာတယ်လား?”
ရှောင်းကျန့် ရေချိုးခန်းထဲက ထွက်လာပြီးနောက် ဝမ်ရိပေါ်က ဆိုဖာခုံပေါ်မှာ ထိုင်နေတုန်းပဲ။ တီဗွီကြည့်နေရင်းကနေ ရှောင်းကျန့်ကို တချက်ကြည့်လို့ မေးလာခြင်းဖြစ်တယ်။
“အင်း”
ရှောင်းကျန့်တကိုယ်လုံး လုံးဝ အားမရှိသလိုမျိုး ခံစားနေရတယ်။ နည်းနည်းလည်း ရှက်နေမိတာကြောင့် သူ့မျက်နှာဟာ ပန်းရောင်သမ်းနေတယ်။ ရေချိုးခန်းထဲ အကြာကြီးနေမိလို့ အပူလွန်သွားတာလို့ ဝမ်ရိပေါ်က တွေးတယ်။
ရေတခွက် သောက်လိုက်ပြီးတဲ့နောက်မှာတော့ သူ လုံးဝ ခေါင်းကြည်သွားပြီဖြစ်တယ်။ အခုချိန်က မနက် ၁ နာရီ ထိုးခါနီးနေပြီ။ ဒါပေမယ့် ရှောင်းကျန့်က အရင်အပတ်မှာ အချိန်ပိုလုပ်ထားတာဖြစ်တဲ့အတွက် ပိတ်ရက်ကို သောကြာနေ့ ရွှေ့လိုက်တာမို့ နောက်နေ့မနက်ကို စောစော ထစရာမလိုဘူး။
“ဘာတွေ ကြည့်နေတာလဲ?”
ဆိုဖာရှိရာ လျှောက်သွားလိုက်ပြီးတဲ့နောက် တဖက်မှာ ထိုင်လိုက်တယ်။ သူ ဝယ်ထားတဲ့ ဒီဆိုဖာဟာ အရမ်းအကြီးကြီး မဟုတ်တော့ သူတို့နှစ်ယောက်ကြားမှာ ကွက်လပ်လေး အနည်းငယ်သာ ခြားနေတယ်။
“ဘာမှ သိပ်မဟုတ်ပါဘူး မင်း ဖွင့်ထားခဲ့တဲ့ဟာပဲ အသံအရတော့ အင်္ဂလိပ်ဒရာမာတစ်ခုပဲ”
ဝမ်ရိပေါ်က တီဗွီကို ညွှန်ပြရင်း ပြောလိုက်တာဖြစ်တယ်။ သူ တကယ်လည်း သေချာကြည့်နေတာ မဟုတ်ဘူး။
“အိုး ဒါ ငါကြည့်လို့ မပြီးသေးတဲ့ ဒရာမာပဲ မင်း တခြားဟာ ပြောင်းချင်လား?”
“ရပါတယ်”
ဝမ်ရိပေါ်က ပြောပြီးတာနဲ့ သူ့ဘောင်းဘီဘေးအိတ်ထဲက စီးကရက်ဘူးကို ထုတ်လိုက်တယ်။ ခဏလောက် စဉ်းစားပြီးတာနဲ့ မေးလာတယ်။
“ငါ ဆေးလိပ်သောက်လို့ရလား?”
“အင်း ငါလည်း သောက်တာပဲဟာ”
ပြောရင်းနဲ့ပဲ ရှောင်းကျန့်လည်း ဆေးလိပ်ဘူးကို ထုတ်လိုက်တယ်။
နှစ်ယောက်လုံး လက်ထဲမှာ ရှိနေတာ မာလ်ဘိုရို ဆေးလိပ်ဘူးနှစ်ဘူး။ ဖြူတယ်။ နီကိုတင်းပါဝင်မှု ပြင်းတယ်။
တီဗွီအသံက တော်တော်တိုးသွားတာမို့ မီးခြစ်နှစ်ခု ခြစ်လိုက်သံ သေသေချာချာ ကြားလိုက်ရတယ်။ ဧည့်ခန်းရဲ့ ပြတင်းပေါက်က အကုန် ပိတ်ထားတာ မဟုတ်ဘူး။ အပြင်မှာ မိုးသည်းသည်းမည်းမည်း ရွာနေတာမို့ အေးစက်စက် လေကြမ်းတွေဟာ ပြတင်းက တဆင့် အထဲကို ဝင်လာတယ်။
ဝမ်ရိပေါ်တစ်ယောက် ဆေးလိပ်သောက်ဖို့ အတော်ကို ထိန်းထားရပုံပါပဲ။ ပါးစပ်အပြည့် မီးခိုးတွေ ရှိုက်ယူလိုက်ပြီးတဲ့နောက် လုံးဝ ကျေနပ်သွားတဲ့ မျက်နှာပေးကို တွေ့ရတယ်။ ခေါင်းကို အသာစောင်းငဲ့လိုက်ပြီးတဲ့နောက် သူ့တကိုယ်လုံးကို ဖြေလျှော့ချလိုက်တယ်။
ရှောင်းကျန့်ကလည်း ဒီဘက်မှာ ဆေးလိပ်သောက်နေတယ်။ ဘာစကားမှ မပြောဖြစ်ဘူး။
သူနဲ့ ဝမ်ရိပေါ် အခုလို တိတ်တိတ်ဆိတ်ဆိတ် အတူတူထိုင်ပြီး ဆေးလိပ်မသောက်ဖြစ်တာ အတော်ကို ကြာခဲ့ပြီဖြစ်တယ်။ နောက်ဆုံးအကြိမ် အတူတူ ဆေးလိပ်သောက်ခဲ့တာဟာ လွန်ခဲ့တဲ့ နှစ်များစွာ New York မှာ နေခဲ့တုန်းက ဖြစ်မယ်ထင်တယ်။
တီဗွီမှာကလည်း British English အသံထွက်တဲ့ ကားတွေလာနေတယ်။ အရင်တုန်းကဆို ဝမ်ရိပေါ်ဟာ British အသံထွက်ကို သဘောမကျဘူး။ ပြောသေးတယ်။ အရမ်း ဟန်လုပ်ပြောတဲ့အသံမျိုး ဖြစ်နေတယ်တဲ့။ အမေရိကန်အသံထွက်က ပိုနားထောင်ကောင်းတယ်လို့ ပြောဖူးတယ်။
အဲ့အချိန်တုန်းက ရှောင်းကျန့်ဟာ ဝမ်ရိပေါ်အိမ်ကို ရောက်နေတာဖြစ်ပြီး British drama ကြည့်ရင်း အဲ့အသံထွက်အတိုင်း လိုက်ပြောကြည့်တယ်။ ရှောင်းကျန့်ရဲ့ British အသံထွက်က ၄၀ ရာခိုင်နှုန်းလောက်ပဲ တူတယ်လို့ ပြောရမယ်။ ကျန်တဲ့အသံထွက်တွေမှာတော့ နည်းနည်း တမျိုးကြီးဖြစ်နေတတ်တယ်။ ဘာပဲပြောပြော သူကိုယ်တိုင်ကလည်း အမေရိကန်အသံထွက်အတိုင်း ပြောနေကျဖြစ်နေတာကိုး။
ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ရဲ့ ကလေးဆန်တဲ့အပြုအမူ အပြောအဆိုတွေကို ရပ်သွားအောင် လုပ်တဲ့အနေနဲ့ သူ့ကိုယ်ကိုလှည့်လို့ ရှောင်းကျန့်နှုတ်ခမ်းကို သူ့နှုတ်ခမ်းနဲ့ ပိတ်ပစ်လိုက်လေ့ရှိတယ်။
“အင်္ဂလိပ်လူမျိုးတွေ စကားပြောတာ ဘာလို့ အမြင်ကပ်စရာကောင်းနေတာလဲ?”
ဝမ်ရိပေါ်က ရုတ်တရက်ကြီး ပြောလာခြင်းဖြစ်တယ်။ သူ့ခေါင်းဟာ ဆိုဖာနောက်မှီကို မှီထားတယ်။ သူ့လက်ကတော့ တီဗွီကို ညွှန်ပြလို့ ခပ်ဖြည်းဖြည်း ပြောလာခြင်းဖြစ်တယ်။
ရှောင်းကျန့်မှာ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘူး။ မျက်လုံးထောင့်လေးတွေ ကွေးတက်သွားပြီး ရှေ့သွားလေးနှစ်ချောင်း ပေါ်တဲ့အထိ ရယ်ချလိုက်တယ်။ အဲ့ဒီ့ သိပ်ကို ချစ်ဖို့ကောင်းတဲ့ ရှောင်းကျန့်ရဲ့ ယုန်သွားလေးနှစ်ချောင်းဟာ သူရယ်လိုက်တဲ့အချိန်မှာ ကလေးဆန်ဆန်လေး ပေါ်နေတယ်။
“မင်းက ဘာကိုရယ်တာလဲ?”
ဝမ်ရိပေါ်က သူ့ကို မေးလာခြင်းဖြစ်တယ်။
“ဘာမှမဟုတ်ပါဘူး”
ရှောင်းကျန့် ခေါင်းခါပြလိုက်တယ်။ သူ့နှုတ်ခမ်းထောင့်လေးဟာ ရယ်ထားမှုကြောင့် အပေါ်ကို အနည်းငယ် တွန့်ကွေးနေတုန်းပဲ။ ဆေးလိပ်ကို ခပ်မြန်မြန်ပဲ နောက်တစ်ရှိုက် ရှိုက်ယူလိုက်တယ်။
ဝမ်ရိပေါ်ဟာ သူ့ကို ကြည့်နေပြီးတဲ့နောက် ဘာစကားမှ မပြောတော့ပဲ ခေါင်းကို လှည့်လို့ ဆေးလိပ်နောက်တရှိုက် ဖွာလိုက်တယ်။
တကယ်ဆို သူလည်း ဘာကို ရယ်မိလို့ ရယ်မိမှန်း မသိဘူး။ သူ့စိတ်ထဲမှာ ဒီလိုပဲ ဝမ်ရိပေါ်တစ်ယောက် အင်္ဂလိပ်လူမျိုးတွေရဲ့ စကားအသံထွက်အပေါ် အထွန့်တက်တဲ့ပုံဟာ အရမ်းရယ်ရတယ်လို့ ခံစားမိလို့ဖြစ်တယ်။ ဒါပေမယ့် ဘာက ရယ်ဖို့ ကောင်းတာလဲဆိုတာကိုတော့ သူ တကယ်ကို မသိဘူး။
ကိစ္စတော်တော်များများမှာ ရယ်ခြင်းနဲ့ ငိုခြင်းရဲ့နောက်ကွယ် အဓိပ္ပါယ်တွေ သိပ်ရှိနေတာမျိုးမှ မဟုတ်တာ။
ရှောင်းကျန့်ရဲ့ ဒီတိုက်ခန်းမှာ ကန့်လန့်ကာကောင်းကောင်းမရှိဘူး။ ဒီအတိုင်း ရိုးရိုးဟာတွေပဲ ရှိတယ်။ အပြင်မှာ မိုးတွေ တအားသည်းနေတယ်။ ခဏလောက် စဉ်းစားပြီးတာနဲ့ လက်ထဲက ဆေးလိပ်ကို ထိုးခြေလိုက်ပြီးနောက် မတ်တပ်ရပ်လို့ ပြတင်းတံခါးရှိရာသွားလိုက်တယ်။ အထဲကို မိုးပက်မှာ စိုးတာကြောင့် ပြတင်းတံခါးကို ပိတ်ဖို့ပြင်တယ်။
ပြတင်းပေါက်နားအရောက်မှာပဲ ဆိုဖာပေါ်က ကောင်လေးရဲ့ ရုတ်တရက် မေးလိုက်တဲ့စကားသံကို ကြားလိုက်ရတယ်။
“ဒီနေ့ကော ဟိုအဒေါ်ကြီး ပဲစိမ်းတွေ နေလှန်းသေးလား?”
အရင်းမရှိ အဖျားမရှိ ထမေးလိုက်တဲ့မေးခွန်းမို့ ရှောင်းကျန့်မှာ စဉ်းစားနေချိန်မရဘူး။
ပြတင်းတံခါးကို အတင်းဆွဲပိတ်လိုက်ပြီးတာနဲ့ ကန့်လန့်ကာကို ဆွဲကာလိုက်တယ်။ ပြီးတော့ အသက်ကို ပြင်းပြင်းရှူလိုက်တယ်။ ပြတင်းတံခါးနားရပ်နေရင်း ပြန်ဖြေလိုက်တယ်။
“လှန်းထားတယ်”
ဝမ်ရိပေါ်စိတ်ထဲ အကျိုးအကြောင်း မဆီလျော်ဘူးလို့ တွေးမိလို့ထင်တယ်။ အပြင်မှာ ဒီလောက် မိုးသည်းနေတာ Transformer တောင်မှ မိုးမိပြီး ပျက်စီးသွားနိုင်တဲ့ဟာ ပဲစိမ်းဆို ပိုဆိုးရောပေါ့။
“အခုလို ရာသီဥတုကြီးမှာ နေလှန်းထားတယ်? Amazing ပဲ”
တအံ့တဩပုံစံပြောပြီးတာနဲ့ သိပ်မယုံသလို ခံစားလိုက်ရတယ်။ လက်ထဲက ဆေးလိပ်ကို ထိုးခြေလိုက်ပြီးတာနဲ့ ပြတင်းပေါက်ရှိရာ လျှောက်လာတယ်။
“ငါကိုယ်တိုင် ကြည့်ကြည့်ချင်လို့”
ရှောင်းကျန့်စိတ်ထဲ နည်းနည်းလေး စိုးထိတ်သွားတယ်။ ပြတင်းပေါက်ကို ကျောပေးလျက်သားနေပြီး သူ့အနောက်မှာတော့ ကန့်လန့်ကာကို သေသေချာချာ ဆွဲပိတ်ထားတယ်။ နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း ဝမ်ရိပေါ် သူ့ဆီလျှောက်လာတာကို ကြည့်နေမိတယ်။
ဆိုဖာနဲ့ ပြတင်းပေါက်က သိပ်မဝေးဘူး။ ဝမ်ရိပေါ်ရဲ့ ခြေတံရှည်ရှည်တွေကြောင့် ၅ လှမ်းအတွင်း ရောက်လာတယ်။ ရှောင်းကျန့်အနားကို လျှောက်လာပြီးတဲ့နောက် ပြောလိုက်တယ်။
“ငါ ကြည့်ကြည့်မယ် တကယ်ထူးဆန်းလို့ပါ အခုလို မိုးသည်းနေတဲ့အချိန်ကြီး ပဲစိမ်းတွေ နေလှန်းထားတယ်ဆိုတော့လေ”
ရှောင်းကျန့်က နေရာမရွေ့ဘူး။ ဝမ်ရိပေါ်ကို ဒီအတိုင်းပဲကြည့်နေတယ်။ သူ့ရဲ့ ကြီးမားတဲ့ မျက်ဝန်းအိမ်ဟာ တချက် နှစ်ချက်လောက် ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်တယ်။ သူ့ရဲ့ မျက်ဝန်းအိမ်တွေဟာ လေပြေလေး ဖြတ်တိုက်သွားလို့ နူးညံ့တဲ့ လှိုင်းငယ်လေးတွေ ထသွားတဲ့ ကန်ရေမျက်နှာပြင်လိုပဲ။ နီစွေးပြီး စိုအိနေတဲ့ နှုတ်ခမ်းလေးကို တင်းတင်းစေ့ထားတယ်။ သူ့ရဲ့ မျက်ခုံးတွေကတော့ အနည်းငယ် တွန့်ချိုးနေတယ်။
နှစ်ယောက်သားဟာ ခြေတစ်လှမ်းတောင် မခြားလောက်အောင် တကယ်ကို နီးနီးကပ်ကပ် ရပ်နေတာဖြစ်တယ်။ ဝမ်ရိပေါ်ထင်တာက ရှောင်းကျန့်ဟာ သူ ရောက်လာရင် ဘေးကို ဖယ်ပေးလိမ့်မယ်လို့ပေါ့။ ဒါပေမယ့် ရှောင်းကျန့်ဟာ ဒီအတိုင်းပဲ ကန့်လန့်ကာကို နောက်ကျောပေးလို့ မှီရပ်နေတာဖြစ်တယ်။
ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ထက် ငယ်တယ်။ ဒါပေမယ့် နှစ်ယောက်လုံးရဲ့ စိတ်နေသဘောထားက မတူကွဲပြားကြတဲ့အခါ အခုလို သူနဲ့ နီးကပ်နေခြင်းဖြင့် ရှင်းပြလို့မရတဲ့ ခံစားမှုတမျိုးကို ပြင်းထန်စေတယ်။ အထူးသဖြင့် အခုလို စကားမပြောပဲ နေတဲ့အခါမျိုးမှာပေါ့။ သူဟာ လူတစ်ယောက်ကို ကြည့်ရင် မျက်လုံးကို အနည်းငယ် လှန်ကြည့်တတ်တာမို့ စိန်ခေါ်တဲ့ပုံစံမျိုး ဖြစ်နေတတ်တယ်။
ဥပမာအနေနဲ့ပြောရရင် အခု လက်ရှိ အခိုက်အတန့်မှာပေါ့။ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ကို အဲ့လိုမျိုး ကြည့်နေတယ်။
ရှောင်းကျန့်တစ်ယောက် စောစောက ရေချိုးခန်းထဲမှာ ဖြစ်ခဲ့တာကို စဉ်းစားမိသွားတယ်။ ဝမ်ရိပေါ်ရဲ့ အတွင်းခံကို ကိုင်မိတဲ့လက်ကိုသုံးပြီး သူ့ကိုယ်သူ ပြန်ထိတွေ့နေခဲ့တာ။ အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်အတွက် တကိုယ်ရေအာသာဖြေခြင်းဟာ ပြောနေစရာ အကြောင်းကို မရှိဘူး။ အဲ့ကိစ္စကို သူ မေ့တောင် မေ့ခါနီးနေပြီ။ ဒါပေမယ့် အခု ဝမ်ရိပေါ်နဲ့ နီးနီးကပ်ကပ် ရပ်နေမိတဲ့အခါ အဲ့အကြောင်းကို ပြန်သတိပေးလိုက်သလိုပဲ။
အသက်ရှူနှုန်းတွေ မတည်မငြိမ်ဖြစ်လာတယ်။ သူ့အကြည့်ကလည်း မတည်မငြိမ် ဖြစ်လာတယ်။ ဒီလောက် နီးကပ်နေတာ ဝမ်ရိပေါ်ရဲ့ သူ့ဆီ အသက်ရှူထုတ်လိုက်တဲ့ လေနွေးနွေးကိုပါ ခံစားရမိနေတယ်။
“မိုး အရမ်းသည်းနေတာမို့ ပြတင်းတံခါး မဖွင့်တော့ပဲနေရအောင်”
အနည်းငယ် စိတ်လှုပ်ရှားနေတဲ့အသံနဲ့ ပြောလိုက်ခြင်းဖြစ်တယ်။
သူ့ရှေ့မှာ ရှိနေတဲ့ ဝမ်ရိပေါ်ဟာ ဒီအတိုင်း ရပ်နေရင်း ဘာအမူအရာမှ မရှိတဲ့ မျက်နှာပေးနဲ့ သူ့ကို ကြည့်နေတယ်။ သူပြောလိုက်တဲ့စကားကို ဘာမှ တုန့်ပြန်လာခြင်း မရှိဘူး။
ခဏလောက်အကြာမှာ ရုတ်တရက် လက်ကို မြှောက်လိုက်ပြီး ရှောင်းကျန့်မျက်နှာရှိရာ လက်လှမ်းလို့ မျက်လုံးအောက်ကို ဖွဖွလေး ကုတ်ခြစ်လိုက်လေတယ်။
ဖွဖွလေးဆိုမှ တကယ့်ကို ဖွဖွလေး။
“မျက်တောင်ကျွတ်နေတယ်”
ဝမ်ရိပေါ်အပြောကြောင့် ရှောင်းကျန့် သူ့ခေါင်းကိုငုံ့ပြီး ဝမ်ရိပေါ်ရဲ့လက်ချောင်းတွေကို ကြည့်လိုက်တယ်။ တကယ်ကိုပဲ မျက်တောင်တစ်ခု ကပ်နေတယ်။ ဝမ်ရိပေါ်ဟာ ပြောပြီးတာနဲ့ ပြတင်းပေါက်ကနေ ပြန်လှည့်ထွက်သွားတယ်။
“အိပ်တော့မယ်”
စာကြည့်ခန်းထဲကို တည့်တည့်လျှောက်လို့ ရှောင်းကျန့်ကို နေရာမှာ ထားရစ်ခဲ့လေတယ်။
ဘယ်သူမှ မရှိတဲ့ ဧည့်ခန်းထဲမှာ ဝင်ပေါက်နားက မီးအလင်းရောင်သာ ကျန်ရစ်တယ်။ ရှောင်းကျန့်ဟာ ပြတင်းပေါက်နားမှာ ရပ်နေတယ်။ ဝမ်ရိပေါ် ထိတွေ့သွားတဲ့ သူ့ပါးပေါ်က အသားနေရာလေးဟာ အနည်းငယ် ပူနွေးနေတယ်။
သူတို့နှစ်ယောက် တွဲခဲ့ကြစဉ် ကာလတွေတုန်းကဆို ဝမ်ရိပေါ်ဟာ သူ့မျက်နှာကို အဲ့လို ဖွဖွလေး ကုတ်ခြစ်ရတာ သဘောကျတဲ့သူဖြစ်တယ်။ ကုတ်ဖဲ့တာလည်း မဟုတ်၊ ဆိတ်ဆွဲတာလည်း မဟုတ်။ ဒီအတိုင်း သူ့လက်ချောင်းရဲ့ နောက်ပိုင်းလေးနဲ့ ဖွဖွလေး ကုတ်ခြစ်တာဖြစ်တယ်။
အကယ်၍ ဝမ်ရိပေါ်ဟာ ရှောင်းကျန့် ဒီအတိုင်း အပြင်မှာတွေ့လို့ အိမ်ခေါ်လာတဲ့သူသာဆိုရင် ဒီလိုတွေ လုပ်နေစရာ အကြောင်း မရှိဘူး။ ဆေးလိပ်အတူသောက်တာ၊ အင်္ဂလိပ်ဒရာမာ အတူတူကြည့်တာ၊ ပြီးရင် ဟိုအဒေါ်ကြီး ပဲစိမ်းတွေ နေလှန်းလား မလှန်းလားပြောကြတာ။ ဒီအဆင့်တွေကို ဖြတ်နေစရာ အကြောင်းကို မရှိဘူး။
အရွယ်ရောက်ပြီးသားလူတွေဖြစ်တဲ့အတိုင်း ကိစ္စတွေ ရှည်ရှည်ဝေးဝေး အချိန်ဆွဲမနေတော့ပဲ အဓိကကို သွားမယ်။ ဝင်ပေါက်နားမှာကတည်းက အဝတ်တွေချွတ်မယ်။ ခေါင်းတွေ မူးဝေသွားတဲ့အထိ နမ်းမယ်။ ပြီးရင် ရေချိုးခန်းထဲ အတူတူဝင်မယ်။ ရေချိုးခန်းထဲမှာ ဖြစ်မယ်။ ရေချိုးပြီး အိပ်ယာဝင်ရင် နောက်တစ်ခေါက် ထပ်ဖြစ်မယ်။
ဒါတွေအားလုံးပြီးကာမှ ဆေးလိပ်အတူတူသောက်ရင်း အဓိပ္ပါယ်မရှိတဲ့ကိစ္စတွေအကြောင်း ပြောမယ်။ ပြီးလို့ ဗိုက်ဆာလာတဲ့အခါကျရင် Shin Ramyun ကို အတူတူ ပြုတ်စားမယ်။
ဒါပေမယ့် နောင်တရစရာကောင်းတာက ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ရဲ့ ရည်းစားဟောင်းဖြစ်နေတယ်။ လွန်ခဲ့တဲ့ ၅ နှစ်က လမ်းခွဲခဲ့တဲ့ ရည်းစားဟောင်းကိုမှ လမ်းခွဲခဲ့တုန်းက အခြေအနေဟာလည်း ကောင်းခဲ့တာမျိုး မဟုတ်ဘူး။
ရှောင်းကျန့်မှာ သတ္တိမရှိဘူး။ ဝမ်ရိပေါ်ရဲ့ လည်တိုင်ကို သိုင်းဖက်ပြီး နမ်းပစ်လိုက်ဖို့ သတ္တိမရှိတာဖြစ်တယ်။ သူဟာ တချို့ကိစ္စတွေကို ဝန်ခံရမှာ သိပ်ကို မုန်းတဲ့သူဖြစ်တယ်။ ဥပမာပြောရရင် စောစောက သူ့ရဲ့ ရုတ်တရက် ထိတ်လန့်မှုနဲ့ ကြောက်ရွံ့မှုတွေကိုပေါ့။
ရည်းစားဟောင်းနဲ့ အတူတူအိပ်ခြင်းကို ကန့်သတ်ထားတာမျိုးမှ မဟုတ်တာ။ များစွာသော လမ်းခွဲပြတ်စဲပြီးတဲ့ ချစ်သူဟောင်းတွေဟာ လမ်းခွဲပြီးလို့ တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်မရှိတော့တာတောင်မှ တစ်ယောက်အကြိုက် တစ်ယောက်သိနေသေးရင် အတူတူ အိပ်ဖြစ်ကြတာတွေ ရှိတာပဲ။ ကိစ္စပြီးရင် အရင်တုန်းကအကြောင်းတွေတောင် ပြန်ပြောဖြစ်ကြသေးတာမလား။
ဒါပေမယ့် တကယ်ကို နောင်တရစရာပါပဲ။ ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ကို အဲ့လိုစိတ်မျိုးနဲ့ မပြုမူနိုင်ခဲ့ဘူး။ နှစ်ယောက်လုံးဟာ ချစ်သူဟောင်းတွေလိုတောင် ဆက်ဆံနိုင်ခြင်း မရှိတော့တဲ့အတိုင်းပါပဲ။ ဘယ်လိုပဲ သူပဲဖြစ်ဖြစ်၊ ဝမ်ရိပေါ်ပဲဖြစ်ဖြစ်။ သူတို့နှစ်ယောက်လုံးဟာ ခံစားချက်တွေ၊ ကိစ္စတွေကို ပေါ့ပေါ့ပါးပါးပဲ ဘေးထုတ်ပစ်ခဲ့ကြတယ်။
ရှောင်းကျန့်ဟာ သာတူညီမျှဖြစ်စေမယ့် အလယ်မှတ်တစ်ခုကို အများကြီး ကြိုးစား ရှာဖွေထားခဲ့တယ်။ ဝမ်ရိပေါ်နဲ့ သူ့ကြား လက်ရှိဆက်ဆံရေးကို သာတူညီမျှဖြစ်စေမယ့်အလယ်မှတ်။ သူ့ကို သိမ်ငယ်သလို ခံစားရတာမျိုး မဖြစ်စေနိုင်မယ့် ရှိုးတို့ရှန်းတမ်းဖြစ်မှုနဲ့ ခြေတင် လက်တင် ရင်းနှီးမှုရဲ့ကြားက အလယ်မှတ်ကို ရှာဖို့ သူအများကြီး ကြိုးစားခဲ့တယ်။
ဒီအကြောင်းကို တွေးမိတော့ စိတ်တိုလာရပြန်တယ်။ မီးပိတ်ဖို့အတွက် ဝင်ပေါက်နားကို လျှောက်သွားလိုက်တယ်။ ယောက်ျားစီး ဖိနပ်ပါးဟာ ကြမ်းပေါ်မှာ ဒီအတိုင်း ရှိနေတုန်းပဲ။ ဂူချီအိတ်ဟာလည်း ဖိနပ်စင်ပေါ်မှာ ပွင့်လျက်သား။ ခဏလောက် စဉ်းစားလိုက်တယ်။ ဖိနပ်ကို ကောက်လိုက်ပြီးတာနဲ့ ဂူချီအိတ်ကို ယူပြီး နှစ်ခုလုံးကို ဖိနပ်စင်ထဲ ထိုးထည့်လိုက်တယ်။ ပြီးတာနဲ့ ပြန်လှည့်လို့ အခန်းထဲ ဝင်လိုက်တော့တယ်။
ရှောင်းကျန့် သူ့ အိပ်ယာပေါ် လှဲလိုက်တယ်။ ရှုပ်ထွေးနေတဲ့ သူ့ခေါင်းထဲမှာ ချာလည်လည်နေပြီး နောက်ဆုံးမှာတော့ မျက်လုံးကို မှိတ်လို့ အိပ်လိုက်တော့တယ်။ အပြင်မှာ မိုးဟာ ဆူညံစွာ ရွာသွန်းနေတယ်။ မိုးရေစက်တွေ ပြတင်းပေါက်မှန်တံခါးကို တဝုန်းဝုန်း လာရိုက်ခတ်နေပုံက ညအိပ်ယာဝင် တေးတစ်ပုဒ်လိုပါပဲ။ စိတ်ထဲမှာရှိနေတဲ့ မတင်မကျမှုတွေကို ဖြေလျှော့ပေးသလို ခံစားလိုက်ရတယ်။
အိပ်ပျော်တဝက် မပျော်တဝက်မှာ သူ့နားထဲ အသံအကျယ်ကြီးတစ်ခု ကြားလိုက်ရတယ်။ ရှောင်းကျန့်စိတ်ထဲ အိပ်မက်ဆိုး မက်တယ်အထင်နဲ့ ခန္ဓာကိုယ်ကို တဖက်လှည့်လိုက်တယ်။ နောက်ထပ် အသံအကျယ်ကြီး ကြားလိုက်ရပြန်တယ်။ လန့်သွားတာမို့ အိပ်ယာပေါ် ငုတ်တုတ် ထထိုင်လိုက်တယ်။ လူက အိပ်ချင်မူးတူး ဖြစ်နေတုန်းပဲ။
အသံဟာ စာကြည့်ခန်းဘက်က လာတာဖြစ်တယ်။ အိပ်ယာက အမြန်ထလို့ တံခါးဖွင့်ပြီး ထွက်သွားလိုက်တယ်။
စာကြည့်ခန်းရဲ့ တံခါးက အကုန်ပိတ်ထားတာ မဟုတ်ဘူး။ အဝါရောင် မီးမှိန်မှိန်ကို မြင်နေရတယ်။ အသံဟာ အထဲက လာတာဖြစ်တယ်။ ရှောင်းကျန့် တံခါးကို တွန်းဖွင့်ပြီး ဝင်သွားလိုက်တဲ့နောက် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် လူတကိုယ်လုံး တောင့်တင်းသွားလေတယ်။
ဝမ်ရိပေါ်ဟာ ခေါက်ကုတင်ဘေးမှာ ခါးလေးကုန်းပြီး မျက်မှောင်ကြုတ်နေတယ်။ မျက်နှာအခြေအနေက သိပ်မကောင်းဘူး။ အလယ်က မွေ့ယာကတော့ အထဲကို ကျွံဝင်နေတယ်။ ကုတင်ကျိုးကြတာဖြစ်တယ်။
“အယ်?”
ရှောင်းကျန့်ဟာ အာမေဋိတ်သံပြုပြီးတာနဲ့ လျှောက်သွားလိုက်တယ်။
“ဘယ်လိုဖြစ်လို့ မူလီနှစ်ခုပဲ တပ်ထားတာလဲ?”
ဝမ်ရိပေါ်က ခေါင်းမော့လို့ ရှောင်းကျန့်ကို တချက်ကြည့်တယ်။ ရှောင်းကျန့်လည်း အနားကို လျှောက်သွားလိုက်ပြီး ခါးလေးကုန်းလို့ ငုံ့ကြည့်လိုက်တယ်။ ခေါက်ကုတင်အောက်မှာ မူလီနှစ်ခုက ပြုတ်ကျနေတယ်။
ကြောင်အမ်းအမ်းနိုင်မှုတွေဟာ ရှောင်းကျန့်မျက်နှာပေါ် ဖြတ်ပြေးသွားတယ်။ ရှောင်းကျန့် ဘာမှမပြောနိုင်ဘူး။ မျက်နှာဟာ ဖြူလိုက် ရဲလိုက် ဖြစ်နေတယ်။
မှတ်မိသေးတယ်။ သူ ဒီအိပ်ယာကို ရုတ်တရက်ကြီး ကောက်ဝယ်လိုက်တာ။ အိမ်ကို လာပို့တဲ့နေ့ ကုတင်တပ်ဆင်လုပ်တုန်းက လတ်တလော လာမယ့် ဧည့်သည်မရှိဘူးဆိုပြီး ဒီအတိုင်း စိတ်မပါ လက်မပါ ဆင်ထားခဲ့တာဖြစ်တယ်။ မူလီကို နှစ်လုံးပဲ တပ်ပြီး ကျန်တာတွေကို တပ်ရမှာ ပျင်းတာကြောင့် ဒီအတိုင်းပဲ ထားထားတာဖြစ်တယ်။
“တောင်းပန်ပါတယ်”
ရှောင်းကျန့်က အားနာတဲ့ လေသံလေးနဲ့ တောင်းပန်လိုက်တာဖြစ်တယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်နေပါစေ။ အိမ်ကိုလာတဲ့ ဧည့်သည်အတွက် ပြင်ပေးထားတဲ့အိပ်ယာ ကျိုးကျတယ်ဆိုတာ တကယ့်ကိုမှ မဖြစ်သင့်တဲ့ကိစ္စကြီးမလား။
“ငါ တဖက်စောင်းရုံရှိသေးတယ် ကျိုးကျတာပဲ”
ဝမ်ရိပေါ်က ပြောရင်း လက်ထဲမှာလည်း မူလီ ၂ခုကို ကိုင်ထားသေးတယ်။
“ရပါတယ် ငါပဲ လုပ်လိုက်မယ် မင်း သွားအိပ်တော့”
“ငါ လုပ်မယ် ငါ လုပ်မယ်”
ရှောင်းကျန့်က ခပ်သွက်သွက်ပဲ ပြောလိုက်တာဖြစ်တယ်။
ဝမ်ရိပေါ်က သူ့ကို ကြည့်တယ်။ အိပ်ပျော်နေတုန်း ကုတင်ကျိုးကျတာဆိုတော့ သူလည်း နည်းနည်းတော့ စိတ်ရှုပ်နေပုံရတယ်။ တွန့်ချိုးနေတဲ့မျက်ခုံးကို ဖြေလျှော့ပြီး မေးတယ်။
“မင်း သေချာလို့လား?”
“သေချာတယ်”
ရှောင်းကျန့်လေသံက လုံးဝကို ဆုံးဖြတ်ချက် ချထားပုံပဲ။ သစ္စာတောင် ဆိုပေးမယ့်ပုံစံမျိုး ပေါက်နေတယ်။
ဝမ်ရိပေါ် ဆက်မငြင်းတော့ဘူး။ မူလီနှစ်လုံးကို ရှောင်းကျန့်ကို ပေးလိုက်တယ်။ အဲ့ဒီ့နောက် ရှောင်းကျန့်တစ်ယောက် အထောက်အကူပစ္စည်းတွေ ထုတ်တာ စောင့်နေလိုက်တယ်။ ပြီးတာနဲ့ အနားမှာ ငုတ်တုတ်လေးထိုင်ပြီး ရှောင်းကျန့် မူလီတပ်နေတာကို ကြည့်နေလိုက်တယ်။ Ikea က ဝယ်ထားတဲ့ ဒီခေါက်ကုတင်အိပ်ယာဟာ လွယ်လွယ်တပ်လို့ ရတာမျိုး မဟုတ်ဘူး။ ရှောင်းကျန့်ဟာ ကြမ်းပြင်ပေါ် ထိုင်ချလိုက်ပြီးတဲ့နောက် ခန္ဓာကိုယ်ကို ပုံစံတမျိုးနဲ့ လိမ်ပြီး ကုတင်ဘေးကို မူလီတပ်နေတယ်။
သူ့လှုပ်ရှားမှုက တကယ့်ကိုမှ ကပေါက်တိကပေါက်ချာနဲ့ စိတ်တိုနေမှန်းလည်း သိသာနေတယ်။
ခဏလောက် ကြည့်ပြီးတာနဲ့ ဝမ်ရိပေါ် ဘယ်လိုမှ မနေနိုင်တော့ဘူး။ ရှောင်းကျန့်အနားကို တိုးလို့ လက်ထဲက ဝက်အူလှည့်နဲ့ မူလီတွေကို ဆွဲယူရင်း ပြောလိုက်တယ်။
“ပေးပါ ငါ လုပ်လိုက်မယ်”
ရှောင်းကျန့်လက်ထဲက ဝက်အူလှည့်နဲ့ မူလီကို ဆွဲယူပေမယ့် ရှောင်းကျန့်က မပေးဘူး။ အဲ့ဒါနဲ့ပဲ ဝမ်ရိပေါ်မှာ ရှောင်းကျန့်လက်ကို ဆုပ်ကိုင်လိုက်ရတော့တယ်။
ဝမ်ရိပေါ်ရဲ့ လက်က အကြီးကြီးပဲ။ ရှောင်းကျန့်ရဲ့ လက်တစ်ခုလုံးကို အပေါ်ကနေ အုပ်ကိုင်ထားနိုင်တယ်။ အဲ့ဒီအချိန်မှာ နှစ်ယောက်လုံးရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ အတူတူရှိနေတယ်။ ဒါပေမယ့် ဝမ်ရိပေါ်ဟာ ရှောင်းကျန့်လက်ကို ခပ်မြန်မြန်ပဲ လွှတ်လိုက်တယ်။
“စားပွဲကို မူလီ ၄ လုံးပဲ တပ်ပြီး ခေါက်ကုတင်ကို မူလီ ၂ လုံးပဲ တပ်တယ်ဆိုတာ တကယ် လုံးဝ မင်းစတိုင်ပဲ”
စောစောက အဖြစ်အပျက်ကို ဖောက်ထွက်နိုင်စေဖို့အတွက် ဝမ်ရိပေါ်က ရယ်စရာလိုမျိုး ပြောလာတယ်။ သူ့ပုံစံ မဟုတ်တဲ့အတိုင်းပဲ။
ရှောင်းကျန့် ဘာမှ မပြောဘူး။ ခေါင်းပေါ်မှာ ထွန်းလင်းနေတဲ့ အဝါရောင် မီးမှိန်မှိန်အောက်မှာ ဒီအတိုင်းပဲ ထိုင်နေမိတယ်။ စာကြည့်ခန်းလေးက ကျဉ်းပါတယ်။ ပြတင်းပေါက်ကလည်း သေးသေးလေး။ ပြီးတော့ အပြင်မှာ ရွာနေတဲ့ မိုးသံတွေကိုလည်း ဆက်တိုက်ကြားနေရတယ်။ ခပ်ပြင်းပြင်းနဲ့ ခပ်စိုစိုလေး။
အခုလက်ရှိ ရှောင်းကျန့်ရဲ့ နှလုံးသားအတိုင်းပဲ။
“ငါ တစ်ခုမေးဦးမယ်”
ရှောင်းကျန့်က ရုတ်တရက်ကြီး ပြောလာတယ်။ သူအသံဟာ နည်းနည်းမာနေသလို မသေချာမှုတွေနဲ့ စိတ်လှုပ်ရှားနေမှန်းလည်း သိသာတယ်။
ဒါပေမယ့် သူသိချင်နေတာဖြစ်တဲ့အတွက် ဘာကိုမှ ဂရုစိုက်မနေနိုင်တော့ဘူး။
“ဘာလဲ?”
ဝမ်ရိပေါ်ဟာ တင်ပျဉ်ခွေထိုင်ထားရင်း သူနဲ့ မီတာဝက်တောင် မခြားတဲ့ အနေအထားမှာ ရှိနေတယ်။ အိပ်ယာကို ပြင်ဖို့ လုပ်နေတာမို့ ရှောင်းကျန့်ကို ကြည့်မနေဘူး။
ခဏလောက် တိတ်ဆိတ်သွားပြီးမှ ရှောင်းကျန့်က ပြောလိုက်တယ်။
“မင်း ငါ့ကို အပြစ်တင်ခဲ့ဖူးလား?”
အပြင်မှာ မိုးက သည်းသည်းမည်းမည်း ရွာနေတယ်။ ကျယ်ကျယ်လောင်လောင်နဲ့ ပြင်းပြင်းထန်ထန်ကို ရွာနေတာဖြစ်တယ်။ ဝမ်ရိပေါ် ဆော့နေကျ သေနတ်ပစ်ဂိမ်းထဲက ကျည်ဆံတွေ ပေါက်ကွဲသွားသလိုမျိုး။
မူလီတပ်ဖို့ပြင်နေတဲ့ ကောင်လေးရဲ့ လက်က ရပ်တန့်သွားသလို လူကလည်း နည်းနည်းတောင့်သွားတယ်။ ဒီမေးခွန်းဟာ တကယ်ကို ရုတ်တရက်ဆန်တယ်။ မနက် ၂ နာရီထိုးနေတဲ့အချိန်ကြီး ကျိုးကျနေတဲ့ ကုတင်ရှေ့မှာ ထိုင်ရင်း ဖြေရမှာ အရမ်းကို ရုတ်တရက်ဆန်တယ်။ ပြီးတော့ အဓိပ္ပါယ်လည်း မရှိသလိုပဲ။
ဒါပေမယ့် ရှောင်းကျန့် တကယ် ဘာကိုမှ ဂရုစိုက်မနေတော့ဘူး။
“တင်ခဲ့ဖူးတယ်”
အကြာကြီး ကြာပြီးမှ ဝမ်ရိပေါ်ဟာ အမှန်တိုင်း ဝန်ခံလာခဲ့တယ်။
ရှောင်းကျန့်ရဲ့ နှလုံးသားလေး ပြုတ်ကျသွားသလိုပဲ။ နောက်ထပ်မေးခွန်းတွေကို ဘယ်လိုမေးရမှန်းမသိတော့ဘူး။ အပြင်ကရွာနေတဲ့ မိုးရေစက်တွေရဲ့အသံဟာ သူ့ဆီကို ဦးတည်လို့ သေနတ်နဲ့ တရစပ်ပစ်နေသလို ခံစားနေရတယ်။
“ဒါပေမယ့် အပြစ်အားလုံးက မင်း အပေါ်ကိုချည်း ပုံချနေရမှာ မဟုတ်ပါဘူး အဲ့တုန်းက ငါလည်း မင်းနဲ့အတူ တရုတ်ကို ပြန်လိုက်ခဲ့တာမှ မဟုတ်တာ”
ဝမ်ရိပေါ်က ထပ်ပြောလာခြင်းဖြစ်တယ်။ ဒီလိုစကားမျိုးကို ရည်းစားဟောင်းနဲ့ ပြောဆိုရာမှာ သူ့လေသံကို အတတ်နိုင်ဆုံး ကြိုးစားပြီး အေးအေးဆေးဆေးဖြစ်အောင် ပြောလိုက်ခြင်းဖြစ်တယ်။ ဒါပေမယ့် လက်တွေ့မှာတော့ သူ့ရင်ထဲမှာ စိုးထိတ်နေခဲ့တယ်။
ရှောင်းကျန့်က ပိုပြီးတော့တောင် ဘာပြောရမှန်းမသိတော့ဘူး။ အစပိုင်း သူတွေးထားတာက အရင်တုန်းကအကြောင်းတွေကို ဝမ်ရိပေါ်နဲ့အတူ အပြန်အလှန် ပြောချင်ခဲ့တယ်။ သူ့ရဲ့ နောင်တတွေအကြောင်းကိုပေါ့။ ဝမ်ရိပေါ်ဘက်ကလည်း သူ ခံစားခဲ့ရသမျှကို ပြန်ပြောနိုင်လိမ့်မယ်လို့ပေါ့။
ညဘက်ကြီး မိုးသည်းမုန်တိုင်းတိုက်နေတာကို အခွင့်ကောင်းယူပြီး နှစ်ယောက်လုံး ခံစားခဲ့ရသမျှတွေ၊ နှစ်ပေါင်းများစွာ သူတို့ရင်ထဲမှာ မြိုသိပ်ထားခဲ့ရတဲ့ အမှိုက်လို ခံစားချက်တွေကို တစ်ချက်တည်းနဲ့ လွှင့်ပစ်နိုင်မယ်။
သူ့စိတ်ထဲမှာ ဝမ်ရိပေါ်လည်း ဒီအကြောင်းတွေကို ထုတ်ပြောဖို့ လိုအပ်တယ်လို့ ထင်ခဲ့လို့ဖြစ်တယ်။
သူ့ရှေ့မှာ ထိုင်နေတဲ့ ဝမ်ရိပေါ်တစ်ယောက် ခဏလောက် ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်။ ဒါပေမယ့် သူ့ကိုယ်သူ အကောင်းဆုံး အနေအထားဖြစ်အောင် စိတ်ပြန်ထိန်းနိုင်အောင် ကြိုးစားတယ်။ အနည်းဆုံးတော့ ရှောင်းကျန့်ထက် ပို စိတ်အေးနေတဲ့ပုံပေါက်အောင်ပေါ့။
နှစ်ယောက်သား စကားပြောနေရင်း မျက်ရည်ကျတယ်ဆိုတာ တကယ်ကို ထိတ်လန့်စရာကောင်းတယ်မလား။ သူ့စိတ်ထဲမှာ အဲ့လို ဒရာမာဆန်နေစရာမလိုဘူးလို့ ထင်တယ်။
ရှောင်းကျန့်နဲ့ သူ။ နှစ်ယောက်လုံး ကြီးပြင်းလာခဲ့ကြပြီဖြစ်တယ်။ နှစ်ယောက်လုံးဟာ အပြစ်အနာအဆာ ကင်းတဲ့သူတွေ မဟုတ်ဘူး။ မပြည့်စုံတာတွေ ရှိတယ်။ နှစ်ယောက်လုံး တကိုယ်ကောင်းလည်း ဆန်ကြတယ်။ ဒါတွေအားလုံးကို ဖြည်းဖြည်းချင်းပဲ လက်ခံလာနိုင်အောင် လုပ်ရမှာမလား။
သူ့ရှေ့မှာ ရှိနေတဲ့ ရှောင်းကျန့်ကတော့ အခုမှ နိုးလာလို့ထင်တယ်။ နည်းနည်း ငူငူငိုင်ငိုင် ဖြစ်နေတယ်။ ပြီးတော့ စိတ်လှုပ်ရှားနေတယ်ထင်ပါရဲ့။ သူ့ရဲ့ မျက်ဝန်းလှလှလေးတွေဟာ ပုတ်ခတ် ပုတ်ခတ်နဲ့။ ဒါပေမယ့် သူဟာ အမြဲတမ်း ဆွဲဆောင်မှု ရှိနေတာပါပဲ။ အခက်တွေ့နေတဲ့ပုံပေါက်ရင်တောင် လှလှပပလေး အခက်တွေ့နေတာဖြစ်တယ်။
ဒီနေ့မှာ ဝမ်ရိပေါ်အနေနဲ့ စိတ်ကို မတရားချုပ်တည်းလိုက်ရတဲ့အချိန် နှစ်ချိန်ရှိတယ်။
ပထမအကြိမ်က သူတို့နှစ်ယောက် အင်္ဂလိပ်ဒရာမာ အတူတူ ကြည့်တုန်းကဖြစ်တယ်။ အင်္ဂလိပ်လူမျိုးတွေရဲ့ အသံထွက်နဲ့ ပတ်သက်ပြီး သူ ပြောလိုက်တုန်းက ရှောင်းကျန့်တစ်ယောက် ရုတ်တရက်ကြီး ထရယ်လိုက်တဲ့အချိန်။ နောက်တစ်ကြိမ်က အဒေါ်ကြီး ပဲစိမ်းတွေ နေလှန်းမလှန်း သိရအောင် ပြတင်းပေါက်နားကို သူသွားတုန်းက နှစ်ယောက်သား အရမ်းနီးကပ်နေခဲ့တဲ့အချိန်။
ပထမအကြိမ်မှာ ဆေးလိပ်ကို ဖိသောက်ပြီး သူ့စိတ်ကို လျှော့ချခဲ့တယ်။ ဒုတိယအကြိမ်မှာတော့ ကံကောင်းစွာနဲ့ပဲ ရှောင်းကျန့်ရဲ့ မျက်တောင် ကျွတ်နေတာကို ဖယ်ပေးရင်း စိတ်ကို ဖြေခဲ့တယ်။
အဆုံးမှာတော့ ဝမ်ရိပေါ်လည်း လိုချင်ခဲ့တာပါပဲ။ ရှောင်းကျန့်ကို ပွေ့ဖက်ချင်ခဲ့တယ်။ နမ်းချင်ခဲ့တယ်။ ဒီ့ထက်ပို ကြမ်းရမယ်ဆိုရင် ရှောင်းကျန့်ရဲ့ ဘောင်းဘီကို ဆွဲချွတ်ပြီး အဲ့ပြတင်းပေါက် ဘောင်ပေါ်မှာတင်ပဲ ဖိချလို့ ရှောင်းကျန့်တစ်ယောက် အသနားခံလာတဲ့အထိကို လုပ်ပစ်ချင်ခဲ့တယ်။
ဒါပေမယ့် သူ မလုပ်ခဲ့ဘူး။ ဝမ်ရိပေါ်ဟာ ကြီးပြင်းလာခဲ့ပြီ။ ရှောင်းကျန့်အပေါ်ကို Old lover with benefits လို ဆက်ဆံတာမျိုး မလုပ်နိုင်ခဲ့ဘူး။ Friends with benefits လို တွေ့တာနဲ့ အဝတ်တွေဆွဲချွတ် လုပ်စရာရှိတာလုပ်ပြီးရင် ကိုယ့်အဝတ်ကိုယ် ပြန်ဝတ်လို့ ကိုယ့်လမ်းကိုယ်လျှောက်ကြတဲ့ပုံစံမျိုးလည်း မဆက်ဆံနိုင်ဘူး။
ခန္ဓာကိုယ်အောက်ပိုင်းကို ကျေနပ်စေအောင် တစ်ခါလောက် ချစ်တင်းနှောလိုက်မယ်ဆိုရင် အဲ့ဒါရဲ့ နောက်ပိုင်းကိစ္စတွေဟာ ပိုပြီးတော့တောင် မျှော်လင့်ချက်မဲ့စွာနဲ့ ရှုပ်ထွေးလာနိုင်တာမျိုးမလား။
အခုလို အခိုက်အတန့်မှာ ဝမ်ရိပေါ် နည်းနည်းလေး နားလည်လာသလို ခံစားရတယ်။ အရင်တုန်းက ရှောင်းကျန့် ဘာကြောင့် သူနဲ့ လမ်းခွဲခဲ့ရတာလဲဆိုတာကိုပေါ့။
ရှောင်းကျန့်နဲ့ တွဲခဲ့တဲ့ New York က ၂ နှစ်တာကာလဟာ သိပ်ကို ပြည့်စုံလွန်းခဲ့တယ်။ အခုလို အချိန်မှာတောင် ကိုက်ညီမှုမရှိတဲ့ကိစ္စတွေကို သူတို့နှစ်ယောက်ရဲ့ အဲ့ကာလတုန်းက ပတ်သက်မှုထဲ ဆွဲမထည့်သင့်ဘူးလို့ ခံစားရတဲ့ထိပဲ။ ပြောရခက်ပါတယ်။ ဘာကိုပြောရခက်တာလဲဆိုရင် အခုချိန်မှာ အတူတူအိပ်လိုက်ခြင်းဟာ လှပခဲ့ပြီးသား အတိတ်တစ်ခုကို ပြန်အရောင်တင်သလိုဖြစ်မလား ဒါမှမဟုတ် တန်ဖိုးကြီးဖန်တီးမှုတစ်ခုရဲ့ ထိုက်တန်ခြင်းမရှိတဲ့ နောက်ဆက်တွဲတစ်ခု ဖြစ်လာမလားဆိုတာကိုပေါ့။
သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုဟာ ဘယ်လိုမျိုးပဲဖြစ်နေပါစေ။ သူကိုယ်တိုင် အချိန်တစ်ခု လိုအပ်ခဲ့သလို ရှောင်းကျန့်အတွက်လည်း အချိန်လိုအပ်ခဲ့တာပါပဲ။
“သွားအိပ်တော့ ငါလုပ်လိုက်မယ် သိပ်ကြာမှာ မဟုတ်ဘူး”
“အိုခေ”
ရှောင်းကျန့်အနေနဲ့ တခြားဘာမှ ပြောစရာမလိုတော့ဘူးလို့ ထင်တယ်။ သူ့အနေနဲ့ ဘေးနားထိုင်ပြီး သိမ်ငယ်နေရတာ၊ စိတ်ဓါတ်ကျနေရတာ၊ ပြဿနာကို ပိုရှုပ်အောင် လုပ်နေတာမျိုး မဖြစ်ချင်တော့ဘူး။ ဒီနားထိုင်နေလို့လည်း သူဟာ ဝက်အူလှည့်တစ်ခုလောက်တောင် အသုံးကျလာမှာ မဟုတ်ဘူး။
“ငါ မနက်ဖြန် အလုပ်မရှိဘူး”
“မင်း ကြာကြာအိပ်လို့ ရတာပေါ့”
နှစ်ယောက်သားပြောတဲ့စကားတွေဟာ စောစောကထက်တော့ ပိုပြီး အေးအေးဆေးဆေး ရှိသွားပြီဖြစ်သလို ဝမ်ရိပေါ်ဟာလည်း လက်တစ်ဖက်က မူလီကို ခပ်မြန်မြန်တပ်ရင်း ပြန်ပြောလိုက်ခြင်းဖြစ်တယ်။
“မနက်ဖြန်ကျရင် စီစီ့အတွက် မွေးနေ့လက်ဆောင် သွားဝယ်ကြမယ်”
ရှောင်းကျန့်က ဖိတ်ခေါ်တဲ့လေသံလေးနဲ့ ပြောလိုက်ခြင်းဖြစ်တယ်။
“ကောင်းပြီ သူ့အိမ်သစ်အတွက် နံရံကပ် နွယ်ပန်းအလှပင် ဝယ်ပေးဖို့ တိုင်ပင်ထားသလားလို့?”
“အင်း အဲ့ဒါက ပိုသင့်တော်မယ်ထင်တယ် ဒါပေမယ့် ခဏလောက် လိုက်ရှာကြည့်ဦးမယ်လေ”
ရှောင်းကျန့်က ပြောလိုက်ခြင်းဖြစ်တယ်။ သူ့ရင်ဟာ စောစောကလို အခုန်မြန်နေတာမျိုး မဖြစ်တော့ဘူး။ အသက်ရှူနှုန်းလည်း ပုံမှန် ဖြစ်သွားပြီ။ အပြင်က ရွာနေတဲ့မိုးဟာလည်း နည်းနည်းဖျော့သွားပြီဖြစ်တယ်။
“ဘာဖြစ်ဖြစ်ရပါတယ် မနက်ဖြန် လျှောက်ကြည့်ကြတာပေါ့ သွားအိပ်တော့”
ဝမ်ရိပေါ်ဟာ အိပ်ယာကို ပြန်ပြင်လို့ ပြီးသွားပြီဖြစ်တယ်။ သူ့ရဲ့အသက်ရှူနှုန်းက နည်းနည်းပြင်းနေတယ်။
“အိုခေ ဂွတ်နိုက်”
ရှောင်းကျန့်က မွေ့ယာကို ကူညီဖြန့်ပေးပြီးတာနဲ့ ထွက်လာခဲ့တယ်။
“ဂွတ်နိုက်”
🍀🍀🍀
၅ နှစ်ကြာသွားခဲ့ပြီဖြစ်သလို လူတွေဟာလည်း ပြောင်းလဲသွားခဲ့ကြပြီဖြစ်တယ်။
ရှောင်းကျန့် အနေနဲ့ အရင်တုန်းကလို ပြုမူတာမျိုး မလုပ်နိုင်တော့ဘူး။ ဆန္ဒကို ရှေ့တန်းတင်ပြီး စတီယာရင်ပေါ် မှီချလို့ ဖိတ်ခေါ်ခြင်းမျိုး မလုပ်နိုင်တော့ဘူး။ တချို့ကိစ္စတွေကို ဝန်ခံရတာ မုန်းပေမယ့် သူ ဒီတစ်ခုကိုတော့ ဝန်ခံရမှာပဲ။
လုပ်ဖူးခဲ့ပြီးသား အရင်တုန်းက ဇာတ်ကွက်မျိုးနဲ့ အရာအားလုံးကို ပြန်လုပ်ဖို့ မလိုအပ်တော့ဘူး။
ရှောင်းကျန့်အနေနဲ့ ကွဲကြေခဲ့ပြီးသားအရာတွေအပေါ် အာရုံစိုက်နေဖို့ အစီအစဉ်မရှိတော့ဘူး။ သူ ယို့ရီကို ပြောခဲ့ဖူးသလိုပေါ့။
“တစစီကွဲကြေသွားတဲ့မှန်ကို ပြန်ဆက်ခြင်းဟာ အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်ဖြစ်တယ်”ဆိုတဲ့စကား။
တကယ်ကို အဓိပ္ပါယ်မရှိတာဖြစ်တယ်။ လုံးဝတကယ်ကိုပဲ။
ဒါပေမယ့် အဲ့ဒါက ပြဿနာမဟုတ်ပါဘူး။ နှစ်ယောက်ကြားက ဆက်ဆံရေး တိုးတက်အောင်လုပ်ဖို့ နည်းလမ်းတွေ အများကြီးရှိတယ်။ ရုတ်တရက်ပဲ သူ့ရင်ထဲ စိုးထိတ်ရတာတွေ၊ လောနေတာမျိုးတွေ မရှိတော့ဘူး။
လွန်ခဲ့တဲ့ ၇ နှစ်, New York မှာ နေခဲ့တုန်းက ကြုံခဲ့ရတဲ့ ကောင်းကင်ဘုံလေးဟာ ချစ်တင်းနှောခြင်းနဲ့ အစပြုခဲ့တယ်ဆိုရင် အခု ဒီအချိန်မှာ တခြားနည်းကို အသုံးပြုပြီး ချဉ်းကပ်လို့ ရနိုင်တာပဲ။
ရှောင်းကျန့်က သိပြီးသားဖြစ်တယ်။ အကယ်၍များ သူဟာ သော့ပေါက်ထဲကို သော့ထိုးပေးတဲ့သူ အမြဲတမ်းဖြစ်နေမယ်ဆိုရင် ဝမ်ရိပေါ်ဟာလည်း နောက်တခေါက် မတွေးပဲ သော့ကို လှည့်လို့ သော့ဖွင့်မယ့်သူ အမြဲတမ်းဖြစ်တယ်။
သော့အဟောင်းကို စွန့်ပစ်လိုက်ဖို့ အဆင်ပြေပါတယ်။ သော့အသစ်ဟာလည်း ကွက်တိကျနေနိုင်တာပဲ။
~မင်းသိမှာပါ ငါ့ရဲ့အချစ်တွေဟာ
နောက်ဆုံးအချိန်ထိ မင်းနဲ့ဝေးဝေးမသွား~
🍀🍀🍀🍀🍀
Continue Reading
You'll Also Like
5.6K 849 5
Collaboration Fanfiction with @Blue_Cloud_88 - System Fic - 2 Main Couples ^Yizhan^ & ^Feiyunxi^
291K 50K 62
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
90.8K 12.1K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
414K 54K 45