01

46.5K 1.6K 72
                                    

[Zawgyi]

ပန်းရောင်စုံတို့နှင့် အလှဆင်ထားသည့် မင်္ဂလာခန်းမကြီးတွင် နေရောင်ခံအမိုးမှ ဖြာဆင်းကျလာသည့် သဘာဝနေအလင်းရောင်က ခန်းမတွင်းကို ကောင်းစွာဖြန့်ကျက်လျက်ရှိသည်။ ဖြာကျလျက်ရှိနေသည့် နေရောင်အောက်တွင် မင်္ဂလာဝတ်စုံ ဆင်တူလေးနှင့် သတို့သားနှစ်ဦး မတ်တပ်ရပ်နေကြသည်။ သတို့သားနှစ်ဦး၏ မျက်နှာချင်းဆိုင်တွင် ကျမ်းစာအုပ်ငယ်ကိုကိုင်ထားသည့် ဖာသာတစ်ဦးရှိနေသည်။

" သတို့သားရှင်းသော်ခက သတို့သားReyဆက်လျှံကို ကျန်းမာသည်ဖြစ်စေ၊ နာမကျန်းသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ချစ်မြတ်နိုးပြီး တစ်သက်တာလုံး ရိုးမြေကျပေါင်းသင်းသွားပါမည်လို့ ကတိသစ္စာပြုပါသလား "

ဖာသာရဲ့စကားအဆုံးမှာ မျက်နှာချင်းဆိုင်မှာရှိနေသည့် သတို့သားနှစ်ယောက်ထဲမှ ညာဘက်ကသတို့သား၏ နှုတ်ခမ်းပါးလျလျက တင်းတင်းစေ့ကာ ခေါင်းငုံ့သွားသည်။ တွန့်ဆုတ်နေသည့်သဏ္ဌာန်နှင့် သတို့သား၏မျက်ဝန်းတွေက နွမ်းလျနေပြီး နှုတ်ဖျားကနေ စကားလုံးတစ်ချို့ကို ဖွင့်ဟဝန်ခံရန် တွန့်ဆုတ်နေပုံရသည်။

" သတို့သား ရှင်းသော်ခ ~ "

" ဗျ ... ဗျာ "

ဖာသာက လေသံခပ်အေးအေးနှင့် နောက်တစ်ကြိမ်ခေါ်လိုက်မှသာ ငုံ့နေသည့်ခေါင်းက ပြန်မော့လာပြီး ဖာသာကိုကြည့်လာသည်။ ပြီးသည်နှင့် ဘေးကရှေ့တူရုကိုသာ ကြည့်နေသည့်သတို့သားကို တစ်လှည့်ကြည့်ပြီး ဖာသာကိုပြန်ကြည့်လိုက်သည်။

" ဟုတ်ကဲ့ ... ကျွန်တော်သဘောတူပါတယ် "

တိုးလျလျအသံဖြစ်ပေမယ့် ဖာသာနှင့် ဘေးကသတို့သားအပါအဝင် ခန်းမတစ်ခုလုံးမှာ ငြိမ်သက်ပြီး ထိုင်နေကြသည့် ဧည့်ပရိသတ်တွေ ကြားဖို့အတွက်တော့ လုံလောက်သည်။ လိုချင်သည့်အဖြေကိုကြားတော့မှ ဖာသာကလည်းဆက်ကာ တစ်ဖက်ကသတို့သားဆီ အကြည့်ရောက်သွားသည်။

" သတို့သားReyဆက်လျှံက သတို့သားရှင်းသော်ခကို ကျန်းမာသည်ဖြစ်စေ၊ နာမကျန်းသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ သစ္စာရှိရှိနဲ့ တစ်သက်တာလုံး ရိုးမြေကျ ပေါင်းသင်းသွားပါမည်လို့ ကတိပြုပါသလား "

𝑴𝒚 𝑹𝒆𝒚 [Completed]Dove le storie prendono vita. Scoprilo ora