13

8.4K 743 45
                                    

[Zawgyi]

ပတ်ဝန်းကျင်မှာ မြူခိုးတွေဝေ့သီနေသည့် ဆောင်းရာသီက ချမ်းအေးလှသည်။ Rey ကိုယ်လေးကို ကျုံ့နိုင်သမျှ ကျုံ့ထားလိုက်ရင်း ပခုံးပေါ်ကခြုံထည်လေးကို ဆွဲစေ့လိုက်သည်။

လျှောက်လမ်းမကျယ်ကနေ တရွေ့ရွေ့လျှောက်လာတော့ တဖြည်းဖြည်း စစ် ရှိနေမည့်နေရာကို လှမ်းမြင်နေရပြီမလို့ Rey ပြုံးလိုက်မိသည်။

" စစ် ~ "

" ဟာ အသက် ... လာပြီလား "

Rey ကိုမြင်သည်နှင့် လေးဘက်လေးနံကာရံထားသည့် အကန့်ကျဉ်းလေးထဲက ပြေးထွက်လာသည့် စစ်က အနားရောက်လာသည်နှင့် Rey ကိုယ်လေးကို တင်းကြပ်နေအောင် ထွေးပွေ့တော့သည်။

" မျှော်လိုက်ရတာ မောင့်အသက်ရယ် ... ဟမ် ... ကြည့်ပါဦး . ကိုယ်လုံးလေးက အေးစက်နေတာပဲ ... ကိုယ့်ဆီလာတိုင်း နွေးနွေးထွေးထွေးဝတ်ခဲ့ဖို့ ကိုယ်မမှာထားဘူးလား အသက် "

" စစ်ကလည်း ~ "

ဆူပူသလိုလေးပြောသည့် စစ်ကြောင့် Rey က ဝမ်းနည်းသလိုလေးပြောလိုက်တော့ စစ်က ခေါင်းမော့ကာ သဘောတကျရယ်တော့သည်။ မြူနှင်းမှုန်တွေကြားက စစ်ရဲ့ ဝိုးတဝါးပုံရိပ်ကတောင် Rey အတွက် အခန့်ညားဆုံးဖြစ်သည်။

" လာခဲ့ Rey ... အထဲသွားရအောင် ... နွေးသွားအာင် ကိုယ်ဖက်ထားပေးမယ် "

Rey ရဲ့ အေးစက်စက်လက်တစ်ဖက်ကိုဆွဲလို့ စစ်က ခုနကထွက်လာခဲ့သည့် အကာအရံသေးသေးလေးထဲ ဆွဲခေါ်သည်။ မီးလုံးဝါလေးသာထွန်းထားသည့် လုံခြုံလေးကင်းတဲလေးထဲမှာ အနွေးဓာတ်ရယ်လို့ မီးသွေးဖိုအသေးလေးတစ်ခုရှိနေတာကို Rey တွေ့လိုက်ရသည်။

" မျက်နှာလေးကြည့်ပါရစေဦး အသက်ရယ် "

အထဲကိုရောက်တော့ နောက်ကျောဆီကနေ ထွေးပွေ့ခံလိုက်ရမှုကြောင့် Rey အနွေးဓာတ်ကို ခံစားလိုက်ရသည်။ Rey ခေါင်းပေါ်မှာဆောင်းထားသည့် ခေါင်းဆောင်းလေးကိုဆွဲဖယ်ရင်း Rey ရဲ့ ရွှေညိုရောင်ဆံပင်လေးတွေကိုလည်း စစ်က တဖွဖွနမ်းရှိုက်သည်။

" စစ် "

" ဒီဘက်လှည့်ဦး အသက်ရယ် ... ကိုယ်လွမ်းလို့ "

𝑴𝒚 𝑹𝒆𝒚 [Completed]Where stories live. Discover now