07

9.2K 834 72
                                    

[Zawgyi]

ဖက်ထုပ်ဆိုင်မှာထိုင်ရင်း စကားလည်းမပြောဖြစ်ကြပဲ စားစရာရှိတာ အေးဆေးစားကြပြီးနောက် အပြင်ဘက်မှာ လမ်းမီးတွေကလွဲလို့ အလင်းရောင်က ပျောက်ကွယ်နေပြီဖြစ်သည်။

လူသေးသလောက် အစားသောင်းကျန်းသည့် Rey က ရှင်းမှာထားသည့် ဖက်ထုပ်ပေါင်းသုံးပေါင်းထဲက နှစ်ပေါင်းကို တစ်ယောက်တည်းစားပစ်သည်။ စားပြီးလို့ဗိုက်တင်းသွားသည့် Rey က ထိုင်ခုံနောက်မှီကို မှီထိုင်ရင်း ဗိုက်ကလေးကို ပွတ်နေသေးသည်။

" တော်ပြီလား ... ဘာစားဦးမလဲ ထပ်မှာလေ "

" ဟင့်အင်း မောင် ... တော်ပြီ ဗိုက်တအားတင်းသွားပြီ "

" အဟက် ! "

ရွဲ့မေးလို့မေးမှန်းလည်းမသိ ထပ်မစားနိုင်တော့တာကို ဗိုက်ကလေးပွတ်ပြရင်း ရှင်းကိုကြည့်ကာ ငြင်းလာသည့်လူကြောင့် ရှင်းတစ်ချက်ရယ်လိုက်သည်။ 

" အင်း စားပြီးပြီဆိုလည်း ထ ... ပြန်မယ် "

" ဟုတ် မောင် ... ပိုက်ဆံရှင်းရဦးမယ်လေ "

" ကျွန်တော်ရှင်းပြီးပြီ "

" ဟင်~~ ဘယ်တုန်းက ?? "

" ခုနက အပြင်ထွက်သွားတုန်းက "

ရှင်းက တစ်ပွဲပဲစားတာမလို့ Rey ဒုတိယတစ်ပေါင်းစားနေသည့်အချိန်မှာ အပြင်ထွက်သွားတာကို toilet သွားတာလို့ထင်ခဲ့သည်။

" အော် ... ကိုယ်က toilet သွားတာထင်လို့ "

" ခင်ဗျားကို toilet သွားမယ်လို့ ကျွန်တော်ပြောခဲ့လို့လား "

မျက်ခုံးတန်းနှစ်ခုကိုတွန့်ချိုးကာ ပြန်မေးလာတာကြောင့် Rey မှာ စိတ်ပိစိကလေးကောက်ချင်သွားသည်။ မောင်ဟာ Rey ကိုဆို အချိန်မရွေးနေရာမရွေး ပြောချင်သလိုပြောလွန်းသည်။

" မောင် ပိုက်ဆံသွားရှင်းမယ်လို့လည်း မပြောခဲ့ပဲနဲ့ ~~ "

" ဘာပြောလိုက်တာ!! "

Rey ဆီက အသံတိုးတိုးထွက်လာတာမို့ ရှင်း ပြန်မေးလိုက်တော့ ရှင်းကိုမျက်လုံတစ်ချက်လှန်ကြည့်ပြီး ရှေ့ကထွက်သွားသည်။ ခေါင်းကိုအောက်ငိုက်စိုက်ပြီး လျှောက်နေတာမလို့ နောက်ကနေခေါင်းလုံးလုံးလေးကကို သိသိသာသာ ထင်ထင်ရှားရှားမြင်နေရသည်။

𝑴𝒚 𝑹𝒆𝒚 [Completed]Where stories live. Discover now